Saturday, April 15, 2017

'ရွှေလက်ညှိုး 'သံချပ်

ဒီလိုပုံဖျက် 'ရွှေလက်ညှိုး 'သံချပ်စာသားအတုတွေ တက်နေလို့
ဝယ်ယူထားတဲ့ သံချပ်စာအုပ်ပါ စာသားတချို့ကို တင်ပေးလိုက်ပါတယ်။
#ကိုစံငြိမ်းဦး
(ပညာတတ်တွေကဘယ်တော့မှမရိုင်းဘူး)

No automatic alt text available.No automatic alt text available.Image may contain: textNo automatic alt text available.No automatic alt text available.No automatic alt text available.Image may contain: textImage may contain: textImage may contain: textImage may contain: textNo automatic alt text available.

Tuesday, April 11, 2017

လွတ်လပ်စွာ ထွက်ခွာခွင့်ပေးလိုက်ပါ


==================================
ယောင်္ကျားတစ်ယောက်ရဲ့ အောင်မြင်မှုဟာ ပါရမီဖြည့်ဖက် အမျိုးသမီးပေါ်မှာ အများကြီး မူတည်နေတယ်လို့ဆိုကြတယ်။ အဲဒီလိုပဲ မမေ့သင့်တာကတော့ အဲဒီယောင်္ကျားဟာ ပါရမီဖြည့်ဘက် ဇနီးသည်ကို အချိန်မရွေး ပစ်သွားနိုင်တယ်ဆိုတာပါပဲ။
လူတစ်ယောက်ဟာ အခြားလူတစ်ယောက်ကို ဘယ်လောက်ထိ စွဲဆောင်ထားနိုင်သလဲ ကျွန်မသိပါဘူး။
သေချာတာကတော့ ဘယ်လောက်ပဲချစ်ခင်နှစ်သက်နေတဲ့ သူပဲဖြစ်ပါစေ တစ်ချိန်ချိန်မှာတော့ တစ်ယောက်ယောက်က ခွဲခွာပြီး ထားခဲ့ကြတာပါပဲ။
သေကွဲဖြစ်မလား၊ ရှင်ကွဲလား …။ သေခြင်းတရားကြောင့် ခွဲခွာရတယ်ဆိုတာ ထက် ရှင်ကွဲ ခွဲကြရတာ။ ပြီးတော့ ထားခဲ့ရက်တာ အဲဒီလိုအခြေအနေမျိုးကို တည်ငြိမ်စွာ လက်ခံနိုင်ဖို့လူတိုင်း ခက်ခဲတတ်ကြပါတယ်။
လောကမှာ ပြီးပြည့်စုံတဲ့ အမျိုးသား၊ အမျိုးသမီးဆိုတာ မရှိပါဘူး။ ဒီတော့ ဂရုဏာနှလုံးသားနဲ့သည်းခံ ခွင့်လွှတ်နိုင်တဲ့စိတ် ရှိမှ ဘ၀ကို အေးချမ်းသာယာစွာနဲ့ဖြတ်သန်းနိုင်ကြပါတယ်။
များသောအားဖြင့် ပါရမီဖြည့်ဖက်တွေက အတူတူရုန်းကန်ကြတယ်။ အေးတူပူအမျှ ဝေမျှရှင်သန်ကြတယ်။ တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ကူညီအားပေးကြပါတယ်။ တစ်ယောက်အတွက် အကူအညီလိုနေတဲ့အချိန်မှာ နောက်တစ်ယောက်က ဖြည့်ဆည်းပေးတာ ပါရမီဖြည့်ဖက်ပါ။ ပါရမီဖြည့်ဖက်ကောင်းဖြစ်တဲ့အမျိုးသမီးတွေ အများကြီး ရှိပါတယ်။
ခင်ပွန်းအတွက် ခက်ခဲနေချိန်၊ သူအကူအညီလိုနေတဲ့အချိန်မှာ ဒုက္ခဒဏ်မခံနိုင်လို့၊ ဆင်းရဲနိမ့်ပါးရမှာ ကြောက်လို့ ဒုက္ခရောက်နေတဲ့ ခင်ပွန်းကို ပစ်ထားခဲ့ပြီး နောက်တစ်ယောက်နောက် ကောက်ကောက်ပါအောင် လိုက်သွားတတ်တဲ့ မိန်းမတွေလည်း ရှိပါတယ်။
ယောင်္ကျားမို့ မိန်းမမို့ ဆိုတာထက် လူတစ်ဦးချင်းဆီရဲ့စိတ်နေစိတ်ထား အဆင့်အတန်းက မတူညီကြပါဘူး။ ဒါကြောင့် ကိုယ်အခက်အခဲတွေ့နေချိန်မှာ ကိုယ်ဒုက္ခရောက်နေချိန်မှာ ထားပစ်ခဲ့တဲ့ သူ ဆိုရင် သူဟာ မက်လောက်စရာမရှိပါဘူး။
အဲဒီလိုပါပဲ ကိုယ်က သူနဲ့အတူတူ ရုန်းကန်ခဲ့ကြတယ်။ ဆင်းရဲဒုက္ခတွေကို အတူတူ မျှဝေ ခံစားခဲ့ကြတယ်။ ဒါပေမဲ့ သူ အဆင်ပြေလာတဲ့အချိန်မှာ ကိုယ့်ထက်ပိုပြီး ချစ်တဲ့သူ တွေ့သွားတတ်တဲ့သူတွေကလည်း မက်လောက်စရာမရှိပါဘူး။
အဲဒီလို မက်လောက်စရာမရှိတဲ့သူတွေ ကိုယ့်နားကနေ ထွက်သွားဖို့ကြိုးစားတယ်ဆိုရင် အေးအေးဆေးဆေးသာ လက်လွတ်ပေးလိုက်ပါ။ သူဟာ ကိုယ့်ကို စိတ်ဒုက္ခပေးတဲ့သူပါ။ သူဟာ ကိုယ့်ကို မအေးချမ်းစေတဲ့သူ။ သူဟာ ကိုယ့်ကို လူ့ငရဲထဲဆွဲချခဲ့တဲ့ သူပါ။
သူ့ကို ကိုယ်ထားခဲ့တဲ့ တန်ဖိုးမှာ သူ မနေနိုင်တော့တဲ့အခါ သူက သူနဲ့တန်းတူတဲ့ခပ်နိမ့်နိမ့်လူတွေဆီကို အာရုံရောက်သွားတတ်ပါတယ်။
အဲဒီလိုနဲ့သူတို့နဲ့ထိုက်တန်တဲ့တစ်ဆင့်နိမ့်တဲ့ သူတွေဆီကို သွားတတ်ကြပါတယ်။ ဒီသဘောတရားကို လက်ခံနားလည်လိုက်တယ်ဆိုရင် သူတို့ကို လွှတ်ချလိုက်ရတဲ့ အတွက် ကိုယ့်ဆီက အပူထုတ်ကြီး ကျသွားတယ်လို့သာ မှတ်လိုက်ပါ။
တကယ်လည်း ကိုယ်က သူ့ကို အကြောင်းအမျိုးမျိုးကြောင့် လွှတ်မချမခြင်း သူ့ရဲ့ စိတ်ထဲမှာ နာကျင်ပူလောင်နေရတာပါပဲ၊ သူက အပူတွေ ပေးနေတာကိုး။
ကိုယ့်နားမှာ မနေချင်လို့ ထွက်သွားတဲ့သူတစ်ဦးကို အပန်းတကြီး လှမ်းဆွဲကြတဲ့ သူတွေကို တွေ့မြင်ရတိုင်း ကျွန်မ စိတ်ထဲ သူတို့ကိုယ်စား မသက်မသာ ခံစားရပါတယ်။
အချို့က သားသမီးတွေကြောင့် သူတို့ကို မလွှတ်တာလို့ ဆိုပါတယ်။ အက်ကွဲနေတဲ့ အိမ်ထောင်ရေးမှာ သားသမီးဆိုတာ မြေဇာပင်ပါ။
ဖောက်ပြန်နေတဲ့မိဘနဲ့စိတ်ဆင်းရဲပြီး ပူလောင်နေတဲ့စိတ်သောကတွေ ဝေနေတဲ့ မိဘ ကြားမှာ နေထိုင်ရရှာတဲ့ကလေးဘ၀ဟာ ဘယ်လိုမှ မအေးချမ်း ရှာပါဘူး။ အဖေ ရှိနေတယ်လို့ပြောနိုင်ပေမဲ့ ဒီအဖေက ကြည်ညိုစရားကောင်းတဲ့သူမျိုး မဟုတ်ဘူးလေ၊ အကျင့်သီလမကောင်းတဲ့ ကိုယ်ကျင့်တရားမကောင်းလို့ ဖောက်ပြန်တတ်တဲ့အဖေကို အဖေလို့ခေါ်ရမှာတောင် ရှက်တဲ့သားသမီးတွေရှိကြပါတယ်။
“ဒီလို မကောင်းတဲ့ အဖေ ရှိနေတာထက်စာရင် အဖေမရှိတာကမှပိုကောင်းပါသေးတယ် အမေရယ်“လို့ ငိုကြွေးတတ်တဲ့ ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက်ကို ငိုသံကိုလည်း မထင်မှတ်ဘဲ ကြားခဲ့ရဖူးတယ်။
“ ကွာပေးလိုက်ပါ အမေ၊ သူ့ကို သမီးတို့အိမ်တောင် မလာခိုင်းတာ ပိုကောင်းပါတယ်။ သူလာတိုင်း အမေနဲ့ရန်ဖြစ်နေတာ သမီးတို့လည်း မကြားချင်တော့ဘူး၊ သူ့ ရုပ်လည်း မကြည့်ချင်တော့ဘူး“ လို့ စိတ်နာနာနဲ့ ပြောတတ်တဲ့ မိန်းကလေးတွေလည်း တွေ့ဖူးတယ်။
အချို့ကလည်း လောလောဆယ်တော့ နှစ်ယောက်ပေါင်းမယ်၊ နောက်တော့သူလည်း ပြောင်းချင်ပြောင်းသွားမှာပါလို့လည်း စဉ်းစားတဲ့သူ ရှိတယ်။ အချို့ကလည်း သူ့ကို လွှတ်လိုက်တာနဲ့ဟိုတစ်ယောက်က အပိုင်ရသွားမှာပေါ့ မရစေဘူး ဆိုတဲ့မာနနဲ့တင်းခံနေတာလည်း ရှိတယ်။
ဘာကြောင့်ပဲ ဖြစ်ဖြစ်ပါ။ သေချာတာက ဖောက်ပြန်တဲ့အိမ်ထောင်ဖက်၊ မကောင်းတဲ့ အိမ်ထောင်ဘက် ဆိုတာ လွှတ်မချနိုင်လေ မိသားစုလိုက် ဆင်းရဲဒုက္ခရောက်ရလေပါပဲ။
ကိုယ့်အနေနဲ့ရော မိသားစုဝင်တွေကိုပါ အေးချမ်းချင်တယ်ဆိုရင် ကိုယ့်နားမှာ မနေချင်တဲ့ ခင်ပွန်း၊ဇနီး သာမက အခြား မိသားစုဝင်တွေဆွေမျိုးသားချင်းအဆုံး နောက်ဆုံး ကိုယ့်ဝန်ထမ်းကစ ထွက်ခွာခွင့် ပေးလိုက်ပါ။
ကိုယ့်အပေါ် မကောင်းတဲ့သူတစ်ယောက် ထွက်သွားတာ ဆုံးရှုံးသွားတာ မဟုတ်ပါဘူး။ ၀မ်းမနည်းပါနဲ့၊ ကိုယ့်ရဲ့စိတ်အေးချမ်းလွတ်လပ်သွားတယ်လို့သာ မှတ်ယူပါ။ သူတို့ကို အပြီးအပိုင်သာ လွတ်လွတ်ကျွတ်ကျွတ် ထွက်ခွင့်ပေးလိုက်ပါ။
သူတို့ထွက်သွားတာနဲ့ ဒုက္ခနဲ့ပူလောင်မှုတွေကင်းဝေး သွားပါလိမ့်မယ်။ ထွက်သွားတဲ့သူတို့ အစား ပိုကောင်းတဲ့သူတွေ ၀င်ရောက်လာနိုင်တယ်ဆိုတာကိုလည်း မမေ့ပါနဲ့နော်။
နောက်တစ်ချက်ကတော့ ကိုယ့်ကို အမြဲ ဒုက္ခပေးတတ်တဲ့သူဟာ မိသားစုဝင်ပဲ ဖြစ်ဖြစ် ဆွေမျိုးသားချင်းပဲ ဖြစ်ဖြစ်၊ သူငယ်ချင်း မိတ်ဆွေပဲဖြစ်ပါစေ ကိုယ့်စိတ်ထဲကနေ သူ့ကို မောင်းထုတ်လိုက်ပါ။
ကိုယ့်အပေါ်ကို မကောင်းတဲ့သူတစ်ယောက်ကို ကိုယ့်စိတ်ထဲကနေ ထုတ်လိုက်ခြင်း အားဖြင့် ကိုယ်ဟာ လွတ်လပ်ပြီး အေးချမ်းသွားပါပါလိမ့်မယ်။
မတူတဲ့အမြင်များရှိရင်လည်း ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်။
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေရှင်။
မေသင်္ကြန်ဟိန်(မြစ်မခ)

Monday, April 10, 2017

ဒေါ်အောင်ဆန်းစုကြည်ထံ သတင်းအချက်အလက်မှန်တွေ ရောက်ပါရဲ့လား


(ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
မြန်မာတစ်နိုင်ငံလုံး ၀မ်းသာရမလို ၀မ်း နည်းရမလို ဖြစ်ခဲ့ရ သော အခိုက်အတန့်များအနက်မတ်လ ၃၀ ရက်ညကလည်းတစ်ခု အပါအ၀င်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏အစိုးရသက်တမ်း တစ်နှစ်ပြည့် မိန့်ခွန်းပြောပြီးပြီး ချင်းမှာပင် ထူးထူးခြားခြား ဆက်တိုက်ထုတ်လွှင့်ခဲ့သော ဖြည့်စွက်သတင်းစကား ကြေညာချက်ကြောင့်ဖြစ်၏။ တစ်နိုင်ငံလုံးအ ပစ်အခတ်ရပ်စဲရေးစာချုပ်ကို UNFC ငါးဖွဲ့က လက်မှတ်ရေးထိုး တော့မည်ဖြစ်ကြောင်း၊ တစ်နှစ် ပြည့်ချိန်တွင် တိုက်တိုက်ဆိုင်ဆိုင် ထွက်ပေါ်လာသော ကြေညာချက် မှာ သတင်းကောင်းတစ်ခုဖြစ် ကြောင်း၊ UNFC ငါးဖွဲ့လက်မှတ် ရေးထိုးတော့မည့် သတင်းကြား ရ၍ အလွန်ဝမ်းမြောက်ကြောင်း တို့ကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကြေညာချက်၌ ဖော်ပြခဲ့သည်။ ထိုကြေညာချက်ထုတ်လွှင့် ပြီးပြီးချင်းမှာပင် မြန်မာ့အသံက ‘နေ့ သစ်ကိုရောက်ခဲ့ပြီ...’ အစချီသော သီချင်းထုတ်လွှင့်ခဲ့သေးသည်။
သို့သော် ထိုဝမ်းသာပျော်ရွှင် မှုက ၁၅ မိနစ်ပင်မခံ။ ငါးဖွဲ့လက်မှတ်ရေးထိုးမည့် သတင်းမှာ မဟုတ်ကြောင်း UNFC ခေါင်းဆောင်များက တုံ့ပြန်ပြောကြား မှု ထွက်ပေါ်သောကြောင့်ဖြစ် သည်။ ထိုအဖြစ်အပျက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် NCA လက်မှတ်မရေးထိုးသေးသော တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့များနှင့် လက်မှတ်ရေးထိုးနိုင် ရေးကို အင်မတန် လိုလားလိုအပ်နေကြောင်း ပေါ်လွင်ခဲ့သလို တစ်
ချိန်တည်းမှာပင် ဒေါ်အောင်ဆန်းစုကြည်ထံ သတင်းအချက်အ လက် မှန်မှန်ကန်ကန် ရောက်ရှိပါရဲ့လားဆိုသည့် မေးခွန်းလည်းထွက်ပေါ်လာသည်။
‘‘ကျွန်တော်တို့အနေနဲ့ ဆုံး ဖြတ်ချက်ချထားတာ မရှိသေးဘူး။ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဘယ် က ဘယ်လိုသတင်းရသလဲတော့ မသိဘူး’’ဟု ညီညွတ်သော တိုင်း ရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ဒုဥက္ကဋ္ဌနိုင်ဟံ သာက ပြောကြားသည်။
လက်ရှိအချိန်တွင် နိုင်ငံ တော်အကြီးအကဲ နှစ်ဦးထံသို့ သတင်းအများစု တင်သွင်းနေခြင်းသည် သမ္မတရုံးအဖွဲ့သာဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင်မှ အတွင်း သတင်းရင်းမြစ်များက ပြောပြ သည်။ အရပ်သားအစိုးရနှင့် ငြိမ်း ချမ်းရေးကော်မရှင်၏ သတင်းအ ချက်အလက်များ ရရှိသည့်အနေ အထားကို ငြိမ်းချမ်းရေးကော်မ ရှင်ဥက္ကဋ္ဌဒေါက်တာတင်မျိုးဝင်း ထံ ဆက်သွယ်မေးမြန်းရာတွင် ဖြေကြားရန်တာဝန်ကို ကော်မရှင် အတွင်းရေးမှူးများအား လွှဲပေး ထားကြောင်းသာ ပြောသည်။ အ တွင်းရေးမှူးသုံးဦးအနက် အချို့ ကို ဆက်သွယ်မေးမြန်းရာ ၎င်းတို့ အနေဖြင့် ကော်မရှင်ဥက္ကဋ္ဌထံသို့ သတင်းတင်ပြခွင့်သာရှိပြီး ယင်းမှအထက်သို့ တင်ပြခွင့်မရှိကြောင်း၊ ကော်မရှင်ဥက္ကဋ္ဌမှတစ်ဆင့် နိုင်ငံတော်အကြီးအကဲများထံ သတင်း စီးဆင်းမှု အတိုင်းအတာကို ၎င်းတို့မသိရှိကြောင်းပြောသည်။ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေဘက်တွင်လည်း သတင်းစီးဆင်းမှု မရှိသလောက် နည်းသည်ဟု အမည်မဖော်လို သော ငြိမ်းချမ်းရေးအကျိုးဆောင် တစ်ဦးကပြောသည်။ လက်ရှိဖွဲ့ စည်းထားသော အပစ်အခတ်ရပ် စဲရေး ပူးတွဲစောင့်ကြည့်ယန္တရား တွင်လည်း အရပ်သားအစိုးရပါဝင်မှုမရှိဘဲ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များသာ ပါဝင် သည်။
မတ်လ ၃၁ ရက်တွင် သမ္မ တရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော် ဌေးက UNFC ငါးဖွဲ့ကိစ္စကို ဖြေရှင်းခဲ့ပြီး အစိုးရအနေဖြင့် ခိုင်မာသော သတင်းအချက်အလက်ရှိ သော်လည်း ဆန္ဒစောသွားခဲ့သည် ဟု ဆိုသည်။ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်နှင့်ပတ်သက်၍ အားမလို အားမရဖြစ်နေချိန်တွင် အလား အလာ ကောင်းကြောင်း သတင်း ကောင်းပါးသည့်သဘော  ပြော ခြင်းဖြစ်သည်ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်၏ သတင်း အချက်အလက်ရရှိမှု အခြေအ နေနှင့်အတူ နိုင်ငံတော်၏ အတိုင် ပင်ခံ ပုဂ္ဂိုလ်နှင့် သမ္မတတို့၏ ထုတ်ပြန်ချက်များနှင့် ကြေညာချက်များ ကို ၎င်းတို့ကိုယ်တိုင် ရေးသား သည်လား၊ တာဝန်ပေးထားသူ တစ်ဦးဦး ရေးသားသည်ဆိုလျှင် ယင်းတို့ကို ပြည်သူလူထုထံ မ ထုတ်ပြန်မီ ဒေါ်အောင်ဆန်းစု ကြည်နှင့် ဦးထင်ကျော်တို့ ဖတ်ရှု သလား၊ ရေးသားထားသော စာတို့ကို ပြင်ဆင်စရာရှိပါက နိုင်ငံ့ခေါင်းဆောင်နှစ်ဦး ပြင်ဆင်နိုင်မှု ရှိသလား စသည်တို့ကိုလည်း မေးခွန်းထုတ်လာသည်။
‘‘အဲဒါတွေက ပြောလို့မရ ဘူး။ ရုံးလုပ်ငန်းတွေ’’ ဟု သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောသည်။
ယခင်စစ်အစိုးရများလက် ထက်တွင် နိုင်ငံ၏သတင်းနှင့် ထောက်လှမ်းရေးအားလုံးကို ကိုင်ထားသော တပ်မတော်နှင့်အစိုးရ သည် တစ်ဖွဲ့တည်းဖြစ်၍သတင်း ရရှိမှုကြားခံ အဟန့်အတားမရှိခဲ့ ကြောင်း နိုင်ငံရေးလေ့လာသူများ က ထောက်ပြသည်။ လက်ရှိတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအ ရ အာဏာကြီးသော ၀န်ကြီးဌာန များဖြစ်သည့် ကာကွယ်ရေး၊ပြည် ထဲရေးနှင့်နယ်စပ်ရေးတို့ကို တပ်မ တော်ကကိုင်ထား၍ သတင်းအချက်အလက် အများစုသည် တပ်မတော်မှတစ်ဆင့် အရပ်သားအစိုးရခေါင်းဆောင်များထံ ရောက်ရှိနေကြောင်း ၎င်းတို့က သုံးသပ်ပြောကြားသည်။ ယခင်အစိုးရ လက်ထက်မှနေ၍  ယခုအစိုးရ လက်ထက်အထိ ဆက်လက်ပါ ၀င်နေသူတစ်ဦးဖြစ်သည့် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက လက်ရှိအစိုးရအနေဖြင့် တိုင်းပြည်တစ်ဝန်းမှ သတင်းအားလုံး ငြိမ်းချမ်းရေး ကော်မရှင်၊ ပြည်ထဲရေးနှင့် လုံခြုံရေးအဖွဲ့အစည်းများ စသည့် လမ်းကြောင်းပေါင်းစုံမှ  နေ့စဉ်ရရှိသည်ဟု ဆိုသည်။
‘‘သူတို့ သတင်းအချက်အ လက်က ပြည်ထဲရေး SB နဲ့ စရဖ ကရတာဖြစ်တော့ တပ်ကတစ် ဆင့်ပဲ ရတာပေါ့။ တပ်ကပေးသ လောက်ပဲ ရမှာပေါ့။ တခြား Network မရှိဘူးလေ။ အောက် ခြေပါတီဝင်တွေရှိပေမယ့် သတင်းNetwork တည်ဆောက်ထားတာ မတွေ့ဘူး’’ဟု ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားရေး သုတေသီ ဦးမောင်မောင်စိုးက ပြောသည်။
အမေရိကန်ပြည်ထောင်စု တွင် သမ္မတ၏ နေ့စဉ်သတင်း လွှာအမည်ရှိ ထိပ်တန်းလျှို့ဝှက် မှတ်တမ်းတစ်စောင်ကို သမ္မတထံသို့ မနက်ခင်းတိုင်း တင်ပြရသည်။ထိုအကျဉ်းချုပ် သတင်းလွှာမှတ်တမ်းကို ပြုစုအစီရင်ခံတင်ပြမှုကို အမျိုးသားထောက်လှမ်းရေးညွှန်  ကြားရေးမှူးက တာဝန်ယူဆောင် ရွက်ရသည်။ အမျိုးသားထောက် လှမ်းရေးညွှန်မှူးရုံးသည် ဗဟို ထောက်လှမ်းရေးအေဂျင်စီ (CIA)၊ကာကွယ်ရေးထောက်လှမ်းရေးအေဂျင်စီ (DIA)၊ အမျိုးသားလုံ ခြုံရေးအေဂျင်စီ (NSA)၊ ဖက်ဒ ရယ် စုံစမ်းစစ်ဆေးရေးဗျူရို (FBI)၊ အမေရိကန်ထောက်လှမ်း ရေး အသိုက်အ၀န်းမှ အခြားအဖွဲ့ ၀င်များစသည်တို့၏ ပေါင်းစပ် ထောက်လှမ်းသော အလုပ်ကို လုပ်သည်။ ထိုသမ္မတ၏ နေ့စဉ် သတင်းလွှာမှတ်တမ်းကို အများ ပြည်သူထံထုတ်ပြန်မှု မပြရသော လျှို့ဝှက်အဆင့်ဟု သတ်မှတ် ထားသော်လည်း ၉/၁၁ ဖြစ်စဉ် တွင် သတင်းလွှာမှတ်တမ်းတစ် စောင် ထုတ်ပြန်ခဲ့ရသည်။ ထို မနက်ခင်းသတင်းမှတ်တမ်းအ ပြင် အခြားအရပ်ဘက်သတင်း ရင်းမြစ်များစွာလည်း လည်ပတ် နေသည်။ မည်သို့ပင်ဖြစ်စေ သမ္မတထံသို့ သတင်းစီးဆင်း သည့် လမ်းကြောင်းနှင့် လုပ်ထုံး များကို အများပြည်သူအနေဖြင့် သိရှိသည်။
မြန်မာနိုင်ငံတွင် ယင်း သ တင်းစီးဆင်းမှုလမ်းကြောင်း မည်သို့ရှိသနည်းနှင့် ဒေါ်အောင်ဆန်းစု ကြည် သတင်းအားလုံးရနေသ လားဆိုသည်တို့ကို မည်သူမျှ ရေ ရေရာရာမပြောနိုင်ပေ။ မြောက် ပိုင်းပဋိပက္ခနှင့် ရခိုင်ပြည်နယ်အ ရေးတွင် နိုင်ငံတော်အတိုင်ပင်ခံ ရုံးထုတ်ပြန်ချက်များသည် တပ်မတော်နှင့် အတူတူပင်ဖြစ်သည်။ တိုက်ပွဲများ၊ မြေပြင်အနေအထား များနှင့် ပတ်သက်၍ အစိုးရသစ် ၏ သတင်းရ၊ သိရှိနားလည်မှု အား နည်းနေသေးကြောင်း အစိုးရထိပ်ပိုင်း ခေါင်းဆောင်များနှင့်တိုက်ရိုက် တွေ့ဆုံဆွေးနွေးနေရ သော နိုင်ငံတကာသံတမန် အ သိုင်းအ၀ိုင်းက သုံးသပ်မှုများရှိ သည်။ ယင်းနှင့်ပတ်သက်၍ ဒေါ် အောင်ဆန်းစုကြည် အနေဖြင့် ရွေးချယ် နားထောင်နေသည်လား (သို့မဟုတ်) သတင်းပေးများက စိစစ်ဖြတ်တောက်နေသည်လား (သို့မဟုတ်) နှစ်ခုစလုံးဖြစ်နေ သည်လားဆိုသည်မှာ မေးခွန်း ထုတ်စရာ ဖြစ်လာသည်။
ငြိမ်းချမ်းရေးတွင် အရေး ကြီးသည့် အခြားလမ်းကြောင်း တစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည် နှင့် တိုင်းရင်းသားခေါင်းဆောင် များအကြား တိုက်ရိုက်ဆွေးနွေး နိုင်သော ဆက်သွယ်မှုဖြစ်သည်။ ပြီးခဲ့သည့် သမ္မတဦးသိန်းစိန် သည် တိုင်းရင်းသားလက်နက် ကိုင်ခေါင်းဆောင်များနှင့် တိုက် ရိုက် ဖုန်းဆက်သွယ်ပြောဆိုမှု၊ ၎င်း၏ စေ့စပ်ညှိနှိုင်းရေးအကြီး အကဲ ၀န်ကြီးဦးအောင်မင်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ အကြား တိုက်ရိုက်ဖုန်းဆက်သွယ် ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ ယခု ဒီချုပ်အစိုးရလက်ထက်တွင်မူ ထိုဆက်သွယ်ရေးလမ်းကြောင်း ပျောက်ဆုံးနေသည်ဟု တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့ခေါင်း ဆောင်အချို့က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဖုန်းမှတစ်ဆင့်ဖြစ်စေ၊ ဆက်သွယ် ရေးလမ်းကြောင်းတစ်ခုခုဖြင့်  ဖြစ်စေ တိုက်ရိုက်ဆက်သွယ်ပြောကြား နိုင်မှု မရှိပါဘူးဟု ကချင်လွတ် မြောက်ရေးအဖွဲ့ (KIO) ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွန်မော်က ပြောသည်။
ထို့အပြင် အစိုးရငြိမ်းချမ်း ရေးကော်မရှင်အဖွဲ့ဝင်များနှင့် အကျိုးဆောင်များကို မီဒီယာနှင့် မပြောရဟူသော ညွှန်ကြားချက် လည်း ၂၀၁၇ နှစ်ဆန်းတွင် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။ ဒီမိုကရက်တစ် အရပ်သားအစိုးရလက်ထက်တွင် ပိုမိုပွင့်လင်းမြင်သာ လွတ်လပ်မှုရရှိမည်ဟု မျှော်လင့် ထားသော်လည်း လက်တွေ့တွင် အကန့်အသတ်များ ရင်ဆိုင်နေရ ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ၌ ပါဝင်နေသူအချို့က ဆိုသည်။
အခြားသတင်းအချက်အ လက် စီးဆင်းမှုလမ်းကြောင်းမှာ သတင်းထောက်များနှင့် တွေ့ဆုံမှုဖြစ်သည်။ ဒီမိုကရေစီ၏ မဟာမိတ်များဟုသတ်မှတ်သည့် စတုတ္ထ မဏ္ဍိုင်မှ သတင်းထောက်များနှင့် တွေ့ဆုံခြင်းအားဖြင့် လက်တွေ့ မြေပြင်တွင် ဖြစ်ပျက်နေသော အ ခြေအနေများ၊ ပြည်သူလူထုက သိလိုနေသော မေးခွန်းများကို နိုင်ငံ့အကြီးအကဲအနေဖြင့် ကြား သိထည့်သွင်းစဉ်းစားနိုင်မည် ဖြစ် သည်။ တစ်ချိန်တည်းမှာပင် ပြည်သူကိုပြောပြချင်သော အကြောင်းအရာများ၊ ပြည်သူသိလိုသော ဖြေရှင်းမှုများ၊ အစိုးရ၏လုပ်ဆောင် မှုများ၊ ရင်ဆိုင်နေရသော အနေအထားများ စသည်တို့ကို မီဒီယာမှတစ်ဆင့် ပြည်သူထံအသိပေးနိုင် မည်ဖြစ်သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ရွေးကောက်ပွဲ အနိုင်ရချိန်ကစ၍ ပြည်တွင်း သတင်းထောက်များ နှင့် သီးသန့် တစ်ကြိမ်တစ်ခါမျှ တွေ့ဆုံမှုမရှိသေးပေ။
သာမန်ပြည်သူတစ်ဦးကစ၍ နိုင်ငံ့ခေါင်းဆောင်အထိ သက်ရှိ လူသားတိုင်း၏ နေ့စဉ်ဘ၀ဆုံး ဖြတ်ချက်များကို ၎င်းတို့ရရှိထား သော သတင်းအချက်အလက်အ ပေါ် အခြေခံ၍ ချမှတ်သည်။ အစိုးရတစ်ရပ် အုပ်ချုပ်ရန်မှာ သတင်းအချက်အလက်က အ သက်သွေးကြောပင်ဖြစ်ပြီး သတင်းအချက်အလက် မသိလျှင် အစိုးရ တစ်ရပ်အနေဖြင့် အခြေခံလုပ်ငန်း ဆောင်တာ လုပ်ဆောင်ရန်ပင် အခက်ကြုံမည်ဖြစ်သည်။‘‘သတင်းအချက်အလက်မရှိဘဲ တိုင်းပြည်တစ်ပြည်ကို အုပ်ချုပ်နေရင် စကောလွင့်လာတာကို ဆန်ကောတပ်ကြီးချီလာပြီလို့ ကြောက်ကြပြီး ပြည်ပျက်တာမျိုး ဖြစ်လိမ့်မယ်။ ကျွန်တော့်အမြင်ကတော့ လက်ရှိအစိုးရတစ်ရပ်လည်ပတ်ဖို့အတွက်ရှိရမယ့် သတင်းအချက်အလက်ယန္တရားတစ်ခုလုံးကို မဆုပ်ကိုင်မိသေးဘူး။ အစိုးရအုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ အသက်သွေးကြောဖြစ်တဲ့ သတင်းစီးဆင်းရာ ယန္တရားကြီးတစ်ခုလုံးကို မဆုပ်ကိုင်မိသေးဘူး’’ဟု တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့ ဒါရိုက်တာဦးရဲမျိုးဟိန်းကပြောသည်။
ရှေးယခင်က နိုင်ငံ့အကြီးအ ကဲ ဘုရင်တို့သည်ရုပ်ဖျက်၍တိုင်း ခန်းလှည့်လည်ကာ ပြည်သူနှင့် နိုင်ငံ့အခြေအနေမှန်ကို စနည်းနာ လေ့ရှိခဲ့ဖူးသည်။ ယခုခေတ်တွင်  ထိုကဲ့သို့ လုပ်ဆောင်ရန် မလို သော်လည်း ဒီမိုကရက်တစ်အစိုး ရများသည် ပြည်သူနှင့် အစိုးရ ကြားရှိ ကြားခံပေါင်းကူးတံတား များဖြစ်သော အရပ်ဘက်အဖွဲ့အ စည်းများ၊ အမှီအခိုကင်းလွတ် လပ်သော ပညာရှင်များနှင့် မီဒီ ယာများမှတစ်ဆင့် ဆက်သွယ် လေ့ရှိသည်။ မြန်မာနိုင်ငံတွင် ထိုကြားခံတံတားများကဏ္ဍ နောက်ပို့ခံထားရခြင်းက သတင်းအချက် အလက်အားကောင်းမှုကို လျော့ ကျနေစေကြောင်း လေ့လာမှုများ က သုံးသပ်သည်။
‘‘အခု တစ်နှစ်ပြည့်ပြီးချိန်မှာ တော့ တာဝန်ရှိတဲ့ခေါင်းဆောင် တွေအနေနဲ့ ပိုကောင်းတဲ့ ချဉ်း ကပ်မှုမျိုးနဲ့ ဆောင်ရွက်မယ်လို့ ယုံကြည်တယ်’’ဟု ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဦးလှ မောင်ရွှေက ပြောသည်။ သင်္ကြန် အပြီးတွင် ပြန်လည်သုံးသပ်ပြင်ဆင်မှုများ လုပ်ဆောင်ရန် မျှော်လင့်သည်ဟု ၎င်းကဆိုသည်။
အစိုးရတစ်နှစ်ပြည့် မိန့်ခွန်း တွင် ဒေါ်အောင်ဆန်းစုကြည်က ၀န်ကြီးများကို လူစားလဲသင့်က လဲမည်ဖြစ်ကြောင်း အရိပ်အမြွက် ပြောခဲ့သည်။ အစိုးရအဖွဲ့ဝန်ကြီး အချို့၊ ဒုဝန်ကြီးအချို့၊ အတွင်းဝန် အချို့နှင့် ညွှန်မှူးအချို့တို့ကို ပြောင်းလဲမှုလုပ်လျှင် သိသိသာ သာ တိုးတက်ကောင်းမွန်လိမ့် မည်ဟု အများစုကထောက်ပြနေ သည်။ တစ်ချိန်တည်းမှာပင် လူတွင်သာမက အာဏာခွဲဝေကျင့်သုံးမှု၊ လုပ်ပိုင်ခွင့်၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ မူဝါဒစသည်တို့ကို ပါ ပြုပြင်ပြောင်းလဲသင့်ကြောင်း အကြံပြုမှုများ ထွက်ပေါ်နေသည်။ ငြိမ်းချမ်းရေး၊ စီးပွားရေး အပါအ၀င် ကဏ္ဍအသီးသီးတွင် နိုင်ငံတော်အကြီးအကဲများထံ သတင်းအချက်အလက်စီးဆင်းခြင်းနှင့် ဆုံးဖြတ်ချက်များ ချမှတ်အကောင်အထည်ဖော်မှု အောင်မြင်ခြင်းသည် ယခင်ဗျူရိုကရက်ယန္တရားအတိုင်း အရိုးစွဲအကျင့်ပါနေသော အလယ်အလတ်အဆင့် နိုင်ငံ့ဝန်ထမ်းများအပေါ်တွင် အခရာကျကြောင်း လေ့လာသူများက ထောက်ပြသည်။ ထို့ကြောင့် ဗျူရို ကရေစီစနစ်ကို ပြုပြင်ပြောင်းလဲလိုသူများနှင့် အရပ်ဘက်သတင်းအချက်အလက်လမ်းကြောင်းများကို ထူထောင်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သတင်းအချက်အလက်ရရှိရေး ပိုလွယ်ကူလာနိုင်မည်ဟု အကြံပြုချက်များလည်း ရှိနေသည်။
ရှင်တေဇောသာရ၏ ရွှေဟင်္သာမင်းပျို့က ဤသို့ဆိုထားပါ သည်။ ‘မင်းဟူကလျင်၊ နိစ္စဓလေ့၊ ကြပတေ့ဖြင့်၊ မမေ့ကျန်ရာ၊ အခါမရှိ၊ မသိသိအောင်၊ လုံ့လဆောင်၍၊ တောင်တောင်မြောက်မြောက်၊ နောက်နောက် ရှေ့ရှေ့၊ စေ့စေ့မျက်နှာ၊အဖြာဖြာသား၊ ပြည်ရွာနဂိုရ်၊ ရပ်ထိုထို၌၊ သူလျှိုမျက်စိ၊ ရှိတို့အပ်စွ၊ ရှိတုံမှတည့်၊ ကိစ္စပြုမူ၊ ဟူဟူရာရာ၊ သူမှာကောင်းကျင့်၊ မကောင်းကျင့်ကို၊ သိလင့်တုံရ၊ သိပြီးမှလျှင်၊ ဖြဖြလုပ်ဆောင်၊ နေကာအောင်၏’

Sunday, April 9, 2017

ဦးထင်ကျော် မလွဲမသွေ ရင်ဆိုင်ရမည့် ခေါင်းစဉ်များ

တရုတ်နိုင်ငံသို့ သွားရောက်သည့် ပထမဆုံး ခရီးစဉ် အတွင်းတွင် မြန်မာ သမ္မတ ဦးထင်ကျော် အနေဖြင့် တရုတ်သမ္မတ ရှီကျင်ဖျင့် အပါအဝင် တရုတ်ခေါင်းဆောင်များ နှင့် အရေးပါသော ကိစ္စ အတော်များများကို ဆွေးနွေးလိမ့်မည် ဖြစ်သည်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျောထောက်နောက်ခံဖြင့် သမ္မတ ဦးထင်ကျော်က ၂ နိုင်ငံ ကြားတွင် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို မြှင့်တင်ရာ၌ အရေးပါသောနေရာတခုမှ ပါဝင်ရတော့မည် ဖြစ်သည်။
ဦးထင်ကျော် မလွဲမသွေ ရင်ဆိုင်ရမည့် ခေါင်းစဉ်များထဲမှ တခုမှာ ကချင်ပြည်နယ်မှ အငြင်းပွားဖွယ်ရာ မြစ်ဆုံဆည် ကိစ္စ ဖြစ်လာပါလိမ့်မည်။ မြန်မာနိုင်ငံအတွင်းမှ အခြားသော ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း များကို ဆွဲဆောင်သည့် အနေဖြင့် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံတန်ဖိုး ရှိသော မြစ်ဆုံစီမံကိန်းကို စွန့်လွှတ်ရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့ သည်ဟု ဧပြီလ ၆ ရက်နေ့တွင် Reuters သတင်းတပုဒ်က ဆိုသည်။ သို့သော်လည်း တရုတ်နိုင်ငံက အဆိုပါစီမံကိန်း အတွက် အမေရိကန် ဒေါ်လာ သန်းနှင့်ချီ၍ သုံးစွဲခဲ့ပြီး ဖြစ်သည့်အတွက် စီမံကိန်းကို ရပ်ဆိုင်းလိုက်ခြင်းကြောင့် မြန်မာ နိုင်ငံက တရုတ်နိုင်ငံကို နစ်နာကြေးပေးရမည့် အနေအထားတခုသို့ ရောက်သွားနိုင်ခြင်းအပေါ် စိုးရိမ်မှုများ ရှိနေဆဲ ဖြစ် ပါသည်။
တနိုင်ငံလုံးက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ခဲ့ကြပြီးနောက် လျှပ်စစ်ဓာတ်အား မီဂါဝပ် ၆၀၀၀ ထုတ်လုပ်ပေးနိုင် မည့် စီမံကိန်းကို ယခင်သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ဆိုင်းငံ့ထားခဲ့သော်လည်း လုံးလုံးလျားလျား ပယ်ဖျက်ခြင်း မပြုခဲ့ပါ။ ဒေါ်အောင်ဆန်စုကြည်၏ ၂၀၁၆ ခုနှစ် သြဂုတ်လက တရုတ်နိုင်ငံ ခရီးစဉ် မတိုင်မီအချိန်တွင် သမ္မတ ဦးထင် ကျော်က မြစ်ဆုံအပါအဝင် ဧရာဝတီမြစ်ပေါ်တွင် တည်ဆောက်ရန် အဆိုပြုထားသော ရေအားလျှပ်စစ် စီမံကိန်းများကို သုံးသပ်စစ်ဆေးရန် ကော်မရှင် အသစ်တခုကို ဖွဲ့စည်းခဲ့သည်။ ထိုသို့ ကော်မရှင်တခု ဖွဲ့စည်းလိုက်ခြင်းက မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ လောင်းရိပ်အောက်မှ ထွက်ခွာနေကြောင်း အနောက်နိုင်ငံများကို အချက်ပေးလိုက်ခြင်း ဖြစ်သည်ဟု လေ့ လာသုံးသပ်သူ အချို့က ရှုမြင်ခဲ့ကြသည်။
ကော်မရှင်က ၎င်းတို့၏ ပထမဆုံး လေ့လာသုံးသပ်ချက် အစီရင်ခံစာကို သမ္မတထံ နိုဝင်ဘာလ ၁၁ ရက်နေ့ နောက်ဆုံး ထား၍ တင်ပြရမည် ဖြစ်သော်လည်း စီမံကိန်းနှင့် ပတ်သက်သော ဗျူဟာမြောက်ဆုံးဖြတ်ချက်က ခက်ခဲမည့်အသွင် ရှိနေပါသည်။
၂၀၁၃ခုနှစ်တွင် မြန်မာနိုင်ငံအလယ်ပိုင်းမှ တရုတ်နိုင်ငံ၏ နောက်ထပ် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတခု ဖြစ်သော လက်ပံတောင်း ကြေးနီသတ္တုတွင်းကို ဆက်လက်လုပ်ဆောင်ခွင့်ပြုလိုက်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည် အပေါ် ပြင်းထန်စွာဝေဖန် မှုများ ရှိခဲ့သည်။
ကြေးနီတွင်း စီမံကိန်းကို ဒေသခံများက ဆန့်ကျင်ကန့်ကွက်ခဲ့ကြပြီး မတည်ငြိမ်မှုများကို ထိန်းသိမ်း ရန် အတွက် ယခင်အစိုးရက ရဲတပ်ဖွဲ့ကို စေလွှတ်ခဲ့သည်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းက ဆန္ဒပြသူများ၏ သပိတ်စခန်းကို ရဲတပ်ဖွဲ့ အရုဏ်တက်ချိန် မတိုင်မီ ဝင်ရောက်စီးနင်းခဲ့ရာ လူ ၁၀၀ ကျော် ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။ အဖြစ်အပျက်ကို စုံစမ်း စစ် ဆေးရန်နှင့် ဆန့်ကျင်ကန့်ကွက်မှုများ များပြားလာနေသည့် စီမံကိန်းကို ဆက်လုပ်ရန် သင့်မသင့် လေ့လာဆန်း စစ်ရန် (ထိုစဉ်) လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ကော်မရှင်တခုကို ယခင် အစိုးရက ဖွဲ့စည်းခဲ့သည်။
ကော်မရှင်၏ အစီရင်ခံစာက စီမံကိန်းကို ဆက်လက်ဆောင်ရွက်ရန် အကြံပြုခဲ့သော်လည်း သဘာဝ ပတ်ဝန်းကျင် ဘေးကင်း လုံခြုံရေးဆောင်ရွက်ရန်၊ ဒေသခံ အသိုင်းအဝိုင်း စီးပွားဖြစ်ထွန်းစေရေး အတွက် ဖန်တီးပေးရန်နှင့် မြေသိမ်း ယူခြင်းခံရသော ကျေးလက်ပြည်သူများကို လျော်ကြေးပေးရန် လည်း အကြံပေးခဲ့သည်။ ယခုအချိန်အထိ သဘောထားကွဲ လွဲမှုများဖြင့် ဆူပွက်နေဆဲဖြစ်သလို သတ္တုတွင်းနှင့် ပတ်သက်၍ အုပ်ချုပ်သူများက မျက်နှာသာပေးသည်ကို အကြောင်းပြု ၍ ဆန္ဒပြပွဲများ ရုန်းရင်းဆန်ခတ်မှုများ အခါအားလျှော်စွာ ရှိနေဆဲဖြစ်သည်။
စိတ်ဝင်စရာ ကောင်းသည်မှာ ရခိုင်ပြည်နယ်တွင် တရုတ်နိုင်ငံက ဆောင်ရွက်နေသည့် အရေးပါသော ဗျူဟာမြောက် စီမံကိန်းများမှာမူ လက်ပံတောင်းနှင့် မြစ်ဆုံတို့ နှင့် စာလျှင် မီဒီယာများ၏ အာရုံစိုက်မှု နှင့် တက်ကြွလှုပ်ရှားသူတို့၏ တောင်းဆိုမှုများ နည်းပါးနေခြင်း ဖြစ်သည်။ အဆိုပါ စီမံကိန်းများထဲတွင် ကျောက်ဖြူက ရေနက်ဆိပ်ကမ်းတခုလည်း ပါဝင်သည်။ တရုတ်နိုင်ငံက ကြီးမားစွာ ရင်းနှီးမြှုပ်နှံထားသော ကျောက်ဖြူ-ယူနန် ရေနံပိုက်လိုင်းနှင့် အထူး စီးပွားရေး ဇုန် တခုလည်း ထိုနေရာတွင် ရှိနေသည်။ ထိုအချိန်တွင် အဆိုပြုထားသည့် ကျောက်ဖြူ-ယူနန် ရထားလမ်း စီမံကိန်းကလည်း ဆန့်ကျင်ကန့်ကွက်မှုများ နှင့် ရင်ဆိုင်နေရပြီး ပယ်ဖျက်ခဲ့သည်ဟု သိရသည်။
ကျောက်ဖြူဒေသမှ စီမံကိန်းများက တရုတ်နိုင်ငံ အတွက် မဟာဗျူဟာကျသော ဘင်္ဂလား ပင်လယ်အော်သို့ ရောက်ရှိနိုင် သည့် အခွင့်အရေးပေးနိုင်ပြီး အိန္ဒိယသမုဒ္ဒရာအထိ သြဇာတိုးချဲ့နိုင်မည် ဖြစ်သည်။ ထို့ပြင် ကုန်သွယ်ရေးလမ်းကြောင်း များကို ချိတ်ဆက်၍ သြဇာလွှမ်းမိုးမှုကို မြှင့်တင်ပေး နိုင်မည့် တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမ မူဝါဒကိုလည်း အထောက် အကူပေးနိုင်မည် ဖြစ်သည်။ ထိုရည်ရွယ်ချက် အတွက် တရုတ်နိုင်ငံက ပါကစ္စတန်၊ သီရိလင်္ကာနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် ဆိပ်ကမ်း စီမံကိန်းအများအပြား အကောင်အထည်ဖော်ခဲ့သည်။ တရုတ်အစိုးရက စီးပွားရေးနှင့် နိုင်ငံရေး သြဇာကို ဖြန့်ကျက်ရာတွင် ကျောက်ဖြူက သော့ချက်နေရာ တခုဖြစ်လာသည်။
မြန်မာနိုင်ငံကလည်း အပယ်ခံ အထီးကျန် နိုင်ငံ တခု မဟုတ်တော့ပါ။ ယခုအခါတွင် အာရှမှ မဟာမိတ်များနှင့် ဆက်ဆံ ရေးများ ပျိုးထောင်နေသလို အနောက်နိုင်ငံများနှင့်လည်း အလားတူပင် ဖြစ်သည်။ ထိုကဲ့သို့သော အခြေအနေတွင် မြန်မာ သမ္မတ ဦးထင်ကျော်နှင့် သူ၏ ဝန်ကြီးများက ယခင်သဘောတူညီချက် စာချုပ်များနှင့် ပတ်သက်၍ ပြန်လည် ညှိနှိုင်း ဆွေးနွေးရာတွင် အရေးပါသော နေရာတွင် ရှိနေသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့အတွက် စိန်ခေါ်မှုမှာ မြန်မာနိုင်ငံ၏ အမျိုးသား အကျိုးစီးပွားနှင့် အညီဆောင်ရွက်ရေးနှင့် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုမှ ရှောင်ရှားနိုင်ရေးတို့ ဖြစ်ပါလိမ့်မည်။
---------------------------------------------
Irrawaddy Editorial

" ရဟန်းနှင့် ပရဟိတ "




အသိကောင်မလေးတစ်ယောက်ကပြောလာတယ်။ ရဟန်းတွေ ပရဟိတလုပ်စရာလိုအပ်ပါဘူး။ ရဟန်း ဆိုတာ တရားပဲအားထုတ်နေရမှာ။ ပရဟိတ ဆိုတာ လူတွေလုပ်လိမ့်မပေါ့ ။သူအထင်မကြီးဘူးတဲ့။
ဒီစကားပြောလာတဲ့ ကလေးမလေးက မဟာဘွဲ့တောင်ရထားတဲ့ ကျောင်းဆရာမလေးပါ။ သူ့စကား ကြားရတော့ အံသြသွားတာတော့အမှန်ပါပဲ။ ခေတ်အခြေနေအရ ရဟန်းတွေနဲ့ပတ်သတ်ပြီး အမြင်မကြည်မှု တစ်ခုခု အခံများရှိနေလို့လားတော့မသိပါဘူး။
သူ့ကိုပြန်မပြောဖြစ်လိုက်ပေမယ့် စိတ်ထဲကတော့ " သမီးရေ၊ ရဟန်းတွေ တရားအားမထုတ်နိုင်ဘဲ ပရဟိတ ဝင်လုပ်နေရတဲ့အဖြစ်ကို ရှက်တတ်မယ်ဆိုရင် သမီးတို့လူတွေ ရှက်ဖို့သင့်တယ်ကွယ် " လို့ ပြောမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူလူချင်း ငဲ့ညှာထောက်ထားမှုတွေ၊ ကိုယ်ချင်းစာတရားတွေ နည်းပါးလာ၊ အနိုင်ကျင့်ဗိုလ်ကျမှုတွေ များလာတဲ့အတွက် လောကကြီးဟာ တိမ်စောင်းပြီး မညီမျှမှုတွေ ဖြစ်နေကြရတာ။ ရဟန်းတွေကြောင့် ငတ်မှုတွေ၊ စစ်ပွဲတွေ ၊ မိဘမဲ့တွေ ဖြစ်သွားတာ မကြားဖူးပါဘူး။
ဒီလိုဘေးအန္တရယ်ကြုံတွေ့နေရတဲ့ သူတွေကို ကိုယ်ချင်းစာတရားရှိတဲ့ လူတွေက တစ်ပိုင်တစ်နိုင် ပြန်ကူညီနေကြပေမယ့် လုံလောက်မှုမရှိဘူး။ ဒီတော့ မျက်နှင်လွဲခဲပစ် မလုပ်နိုင်တဲ့ ရဟန်းတော်တွေဟာ လူမှု ကိစ္စတွေမှာ ဝင်ပါနေကြရတာပေါ့။
ပရဟိတကိုလူတွေလုပ်လိမ့်မယ်ဆိုတဲ့ ကျောင်းဆရာမဖြစ်တဲ့သူက ကျူရှင်ပြပါတယ်။ ပြတာတောင် ရိုးရိုး၊ ရှယ်ဝိုင်း သီးသန့် ရှိသေးတယ်ထင်တယ်။ သင်ပြကြေးက မတူသေးဘူး။ သင်ရိုးညွှန်းတမ်းတစ်ခုတည်းကို သင်ပြတာချင်းအတူတူ ဘာတွေကကွဲပြားသွားစေသလဲဆိုတာတော့ သူတို့ပဲအသိဆုံးဖြစ်မှာပါ။
ကျူရှင်နဲ့ပတ်သတ်ပြီး ဝေဖန်တော့ " ကျူရှင်မှမပြရရင် ဒီခေတ်ရဲ့အဆင်းရဲဆုံးလူတန်းစားထဲ ကျောင်း ဆရာတွေ ရောက်သွားမှာပေါ့လို့ " ဆင်ခြေပေးလေရဲ့။
ကျူရှင်ပြတဲ့ ကျောင်းဆရာမက မိမိစရိတ်မိမိစိုက်ပြီး ပရဟိတလုပ်နေတဲ့ ရဟန်းကိုဝေဖန်တာတော့ "အတော်ဂွကျလှသကွာ "လို့ပဲ ငြီးရတော့မယ်သမီးရေ။
သမီး အဆိုးမြင်သိပ်များနေပြီထင်တယ် လို့ပြောတော့ " ဟုတ်မယ်ထင်တာပဲ " ဆိုပြီး ရယ်ကျဲကျဲ လုပ်သွားလုပ်ရဲ့။
အဆိုးမြင်များနေတယ်ဆိုရင် ဒီအမြင်ကို ဖျောက်ရပါလိမ့်မယ်။
ဆရာတော် ဓမ္မဘေရီ အရှင်ဝိရိယ(တောင်စွန်း) ရဲ့ စကားတစ်ခွန်း ဖတ်ဖူးတယ်။ " အတ္တနယ်က အနတ္တနယ်ကို ကူးတော့မယ်ဆိုရင် ပရဆိုတာ ကြားခံပေးရတယ်တဲ့ "။
လူတွေဟာ အပြောကတော့အတော်လွယ်ကြတာကလား။ ငါတော့သူဋ္ဌေးကြီးဖြစ်ရင် ဘယ်လိုလှုလိုက် မယ်၊ ရဟန်းဝတ်ပြီးရင်တော့ တရားဘယ်လိုအားထုတ်ပစ်လိုက်မယ် ၊တရားစခန်းဝင်မှ ကြိုးစားအား ထုတ်လိုက်မယ်" ဆိုပြီး ပစ္စုပ္ပန်အခြေနေကောင်းကို မေ့ထားကာ မဖြစ်လာသေးတဲ့ အနာဂါတ်အတွက် စိတ်ကူးနဲ့အားရပါးရအပြောကြီးတတ်ကြတယ်။
သူဋ္ဌေးကြီးဖြစ်မှ လှုကြတော့မှာလား။ အခုတစ်ကျပ်တတ်နိုင် တစ်ကျပ်လှုလိုက်တာက ပိုပြီးလက်တွေ့ မဆန်ဘူးလား။ ရဟန်းဝတ်ပြီးတရားထုတ်ပစ်မယ်လို့ကြိမ်းနေမယ့်အစား အခုပဲတစ်ရက်တစ်နာရီလောက် တရား အရင်ထိုင်ကြည့်ပါလား၊ တရားစခန်းဝင်မှလို့ စိတ်ကူးနေတာထက် အခုလက်တွေ့အခြေနေလေးမှာ သတိထားလိုက်တာဟာ ပိုမထိရောက်ဘူးလား။
လက်တွေ့က အပြောလောက်မလွယ်ဘူး မဟုတ်ပါလား။
ရဟန်းတွေမှာ သူတို့အခက်ခဲနဲ့ သူတို့ရှိပါတယ်။ အချိန်ပြည့် တရားမှတ်နေနိုင်ဖို့မလွယ်လှဘူး။ အမြဲတမ်းမှတ်နေနိုင်ရင်တော့ အကောင်းဆုံးပေါ့။
မြတ်စွာဘုရားရှင်ပွင့်တော်မူလာတာဟာ သတ္တဝါတွေကို သံသရာဝဲသြဃကလွတ်အောင် သစ္စာတရား ဟောပြဖို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် လူတိုင်းကို မြတ်စွာဘုရားက သစ္စာတရားဟောပြခဲ့သလား။
မဟောပါဘူး။ ဒါန နဲ့တန်တဲ့သူကို ဒါန ကထာ၊ သီလနဲ့ တန်တဲ့လူကို သ်ီသကထာ၊ နတ်ရွာသုဂတိနဲ့ လောက်နဲ့ လမ်းဆုံးမယ့်လူကို နတ်ရွာသုဂတ်အကြောင်း ပဲဟောပါတယ်။ နိဗ္ဗာန်နဲ့ တန်တဲ့သူကိုမှ သစ္စာတရား အကြောင်းဟောတယ်။
ဘဝရခြင်းဟာ ဒုက္ခရခြင်းပဲ။ ဒါဆိုဘုရားရှင်က နတ်ရွာသုဂတိတွေ ဘာလို့ထည့်ဟောနေသေးလဲ။ နိဗ္ဗာန်ရောက်ကြောင်းကြီးပဲဟောပါလား။
မဖြစ်နိုင်လို့မဟောတာပေါ့။ လူတွေမှာ ပါရမီ ၊ အနုအရင့်ဆိုတာရှိတယ်။ ဒါကိုဘုရားက သိမြင်တော် မူတယ်။ ဒါကြောင့် အားလုံးကို သစ္စာတရား ကြီးမဟောခဲ့တာ။
ဟုတ်ပါတယ်။ လူတွေမှာ ကံတွေကအမျိုးမျိုးဖြစ်လို့ စရိုက်၊ ဝါသနာ၊ ပါရမီတွေ ဟာ တစ်ယောက်နဲ့ တစ်ယောက်မတူနိုင်ပါဘူး။ ကွန်မြူနစ်တွေလို လူတန်းစားအားလုံးတန်းတူရမယ်ဆိုတာမျိုး လုပ်လို့မရဘူး။ လုပ်လဲ အောင်မြင်မှာမဟုတ်ဘူး။
ဗုဒ္ဓဘာသာဝင်တွေရဲ့ နောက်ဆုံးပန်းတိုင်ဟာ နိဗ္ဗာန်ပါပဲ။ ဒါပေမယ့် လူတိုင်းနိဗ္ဗာန်ရောက်အောင် အားထုတ်နေကြသလား။ မထုတ်ကြပါဘူး။ တရားအားမထုတ်လို့လဲ ကဲ့ရဲ့ပစ်တင်နေစရာမလိုပါ။ သူအားမ ထုတ်ရင် သူမလွတ်မြောက်ရုံပဲရှိမှာပေါ့။
တရားအားထုတ်ခြင်း မထုတ်ခြင်းက တစ်ဦးတစ်ယောက်ခြင်းစ်ီရဲ့ ရွေးချယ်ပိုင်ခွင့် သာဖြစ်ပါတယ်။
လောကီကိုလုံးလုံးစွန့်ပြီး ဘဝလွတ်မြောက်ရေးအတွက် ကြိုးကုတ်အားထုတ်နေတဲ့ သူတော်ကောင်း ကြီးတွေဟာ အလွန်ကြည်ညိုစရာလေးစားစရာ ကောင်းပါတယ်။ မိမိကိုယ်ကို ကောင်းအောင်စောင့် ရှောက်ခြင်းသည် သူတပါးကိုလည်း စောင့်ရှောက်ပြီးသားဖြစ်နေပါတယ်။
ဝါသနာမပါသေးလို့၊ ပါရမီနှိုးဆော်မှုမရှိသေးလို့ တရားအားမထုတ်ဖြစ်ကြသေးတဲ့သူတွေကတော့ ပါရမီဖြစ်ကြောင်း ကုသိုလ်အထောက်အပံ့ တွေလုပ်နေကြပါတယ်။ ဒါဟာ အနတ္တနယ်ကို ကူးဖို့အားယူ တဲ့အနေနဲ့ ကြားခံပရဟိတအလုပ်ကို လုပ်နေ ကြတာဖြစ်ပါတယ်။
တရားလည်းအမြဲမှတ်မနေနိုင်တဲ့အတွက် အချိန်တွေကို အကျိုးရှိမယ့်အရာအတွက် အသုံးချရတော့ တယ်။ မြတ်စွာဘုရားရှင်က အပြစ်ကင်းတဲ့အလုပ်၊ ကောင်းကျိုးပေးမယ့်အလုပ်ကို လူ၊ရှင်ရဟန်း အားလုံးကို လုပ်ဖို့ ညွှန်ပြထားပြီးသားဖြစ်တယ်။
အပြစ်ကင်းတဲ့အလုပ်မှာ ပရဟိတလဲ ပါတာပေါ့။လောကအကျိုးကို တစ်ထောင့်တစ်နေရာက သယ်ပိုးနေတာမဟုတ်ပါလား။ သာဓုခေါ်စရာ လုပ်ငန်းတွေပါ။ပရဟိတလည်းလုပ် မိမိလွတ်မြောက်ရေး တရားလည်းအားထုတ်ဆိုရင်တော့  အကောင်းဆုံး လို့ပဲဆိုရမှာပေါ့။
"ကုလဇာတော ကုလပုတ္တော ကုလ ဝံသာနုရက္ခတော -အမျိုးကောင်းသားမှ မွေးဖွားလာသော အမျိုး ကောင်းသည် အမျိုးနွယ်စဉ်ဆက် ဓလေ့စရိုက်ကို စောင့်ရှောက်ရာ၏ " လို့ မှတ်သားဖူးပါတယ်။
မိမိနေထိုင်ရာပတ်ဝန်းကျင်၊ မိမိယဉ်ကျေးမှု၊ မိမိတို့ ဘာသာတရားကို ကာကွယ်စောင့်ရှောက်တာမှာ ရဟန်းရယ်လူရယ်လို့ ခွဲခြားနေလို့မရပါဘူး။ အသိ၊ သတိရှိတဲ့လူတိုင်း ဆောင်ရွက်ရွက်မယ့်ကိစ္စသာ ဖြစ်ပါ တယ်။ ရဟန်းနဲ့လူ စောင့်ရှောက်ပုံ စောင့်ရှောက်နည်းတော့ ကွာကောင်းကွာနိုင်ပါတယ်။
လောကကြီးဟာ ခွေးသွားစိတ်ပုံစံ တည်ဆောက်ထားတယ်တဲ့လို့ ဆရာကြီးဦးရွှေအောင် စာအုပ်တစ်ခု ကဖတ်ဖူးပါတယ်။
ခွေးသွားစိတ်တွေ အကုန်လုံး မိမိကျရာတာဝန်ထမ်းဆောင်မှ စက်ဆိုတဲ့ဘီးကြီး လည်နိုင်မှာ ဖြစ်ပါ တယ်။ ခွေးသွားစိတ် တစ်ခုလောက်သာ ကျိုးပဲ့နေပြီဆိုရင် ဒီစက်ကြီးဟာ လည်ပတ်မှုမရှိတော့ပါဘူး။ လည်တယ် ဆိုရင်တောင် ကမောက်ကမ နဲ့ အန္တရာယ်များတဲ့ အနေအထားဖြစ်သွားပါတယ်။
မိမိတို့နိုင်ငံက ခွေးသွားစိတ်တွေ အတော်ကျိုးပဲ့နေတဲ့ အခြေနေဖြစ်ပါတယ်။ ပညာသင်ချိန်အရွယ်မှာ မသင်နိုင်ဘဲ လမ်းဘေးရောက်နေတဲ့ ကလေးငယ်တွေ၊ ခိုကိုးရာမရှိတဲ့ ဘိုးဘွားတွေ၊ ယဉ်ကျေးမှု အချိုးဖဲ့ခံနေရတဲ့ အခြေနေတွေ ၊ ခေါင်းစဉ်က တော့ အတော်များပါတယ်။
နိုင်ငံအတွက် အားဖြစ်လာမယ့် ကလေးတွေဟာ လမ်ဘေးကိုရောက်နေရင် အနာဂတ်နိုင်ငံ ယန္တရား အတွက် အန္တရယ်ရှိပါတယ်။ ခိုကိုးရာမဲ့နေတဲ့ ဘိုးဘွာတွေ ရှိနေတာဟာ နိုင်ငံပုံရိပ်၊ ဘာသာတရား ပုံရိပ်ကို ထိခိုက်ပါတယ်။ ယဉ်ကျေးမှု အချိုးဖဲ့ခံရပြီဆိုရင် ဒ်ီနိုင်ငံဟာ မကြာခင် စိတ်ဓာတ်သေတဲ့ နိုင်ငံ ဖြစ်သွားပါလိမ့် မယ်။
ဒါတွေကို သိမြင်နေကြတဲ့ ရဟန်းတွေက ဘကကျောင်းတွေထောင်၊ ဘိုးဘွားတွေအတွက် နားခိုရာတွေ ဖန်တီး၊ ဘာသာ၊ယဉ်ကျေးမှု မြင့်မားစေဖို့ ကလေးသူကယ်ကစလို့ ယဉ်ကျေးမှု သင်တန်းတွေဖွင့်နဲ့ လောကီ နယ်ထဲမှာ ခွေးသွားစိတ်တာဝန်ကို တစ်နိုင်ဝင်ထမ်းပေး နေကြခြင်း ဖြစ်ပါတယ်။
ပရဟိတ ရဲ့နယ်ပယ်က ကျယ်ပြန့်မှာပါ။
ပရဟိတဆို သူတစ်ပါးတို့၏ အကျိုးစီးပွားကို ဆောင်ရွက်ခြင်းလို့ ဆိုတဲ့အတွက် ပရဟိတ စစ်စစ်ဖြစ် ဖို့တော့ လိုတာပေါ့လေ။ ပရဟိတ အကြောင်းပြပြီး မိမိတွင်ကျယ်ဖို့ လုပ်တာတာမျိုးတော့ မဖြစ်သင့် ဘူးပေါ့။ ပရဟိတ လိုလိုနဲ့ အတ္တဟိတတွေလည်း ဖြစ်မှန်းမသိဖြစ်သွားတတ်ပါတယ်။ လောကလူသားပီသစွာ အတ္တဟိတ လေးတွေ မကင်းနိုင်ကြသေးရင် မျှတမှု ရှိရအောင် လုပ်ဆောင်ကြရပါမယ်။
နိုင်ငံရေး ဆိုတာလည်း ပရဟိတ လုပ်ငန်းတစ်ခုပါပဲ။ ဒါပေမယ့် ရဟန်းတော်တွေကတော့ နိုင်ငံရေးထဲ ထဲထဲဝင်ဝင် မပတ်သက်သင့်ဘူးထင်ပါတယ်။ နိုင်ငံရေးနယ် ပယ်ထဲမှာက အာဏာတွေ၊ လုပ်ပိုင်ခွင့်တွေ ပါလာပြီ ဖြစ်တဲ့အတွက် ဘက်မျှအောင် ရပ်တည်ဖို့ဆိုတာ အတော် ခက်ခဲတတ်မှာပါ။
သူ့ဘက်ကိုယ့်ဘက် ဆိုတာတွေ ပါလာပြီဖြစ်တဲ့အတွက် ရဟန်းတော်တွေအနေနဲ့ တစ်ဘက်ဘက်ကို ပါမိရင် ကျန်တစ်ဘက်ရဲ့ တိုက်ခိုက်ခြင်းကို ခံရပါတော့မယ်။ နှစ်ဘက်စလုံးက ဗုဒ္ဓဘာသာဝင်တွေဖြစ်နေလေ တော့ သာသနာအတွက်ပါ ပုံရိပ်ထိခိုက်နိုင်ပါတယ်။ လူတွေလည်း အကုသိုလ်များပါတယ်။
ဆရာတော်ဉာဏိဿရ မိန့်ကြားသလို နယ်မကျွံ့မိဖို့လိုပါတယ်။
လောကီလူမှုရေး ပရဟိတသက်သက်သာ လုပ်ဆောင်ကြမယ်ဆိုရင် အများအမြင်မှာ ကြည်လင်မယ် ထင်ပါတယ်။
လုပ်ငန်းတစ်ခုကို လုပ်တော့မယ်ဆိုရင်တော့ တစ်ဦးတစ်ယောက်ချင်းလုပ်ဆောင်တာထက် စုဖွဲ့မှု အားနဲ့လုပ်ဆောင်တာက ပိုပြီးမြန်ဆန်ထိရောက်တယ်ဆိုတာ အားလုံးသိကြပါတယ်။ စုဖွဲ့မှု အသင်းအဖွဲ့တွေ လုပ်ပြီ ဆိုရင် ငွေကြေး၊ နေရာ ၊ ပါဝါ ဆိုတာတွေ မရှိမရှိမဖြစ် ပါလာပြီဖြစ်ပါတယ်။
ငွေကြေး၊ လုပ်ပိုင်ခွင့်နေရာတွေ ပါလာပြီဆိုရင် လူ့ရဲ့စိတ်က ဖောက်ပြန်တတ်ပါတယ်။ မူလဦးတည် ချက်က ကိုယ်ကျိုးစွန့်ခြင်း ဆိုပေမယ့် ကြာလာတဲ့အခါ ကိုယ်ကျိုးကြည့်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ပရထက် အတ္တ ကအကဲပိုလာပါတယ်။
အတ္တဟိတတွေ များလာပြီဆိုရင် အသင်းအဖွဲ့တွေ ပျက်စီးတတ်တယ်။
အသင်းအဖွဲ့များ ကွဲပြားရခြင်းအကြောင်း ဟာ
(၁) ဗဟုနေတ္တာရ - ခေါင်းဆောင်လုပ်လိုသူများခြင်း၊
( ၂) အဝိစက္ခဏ - စူးစမ်းဆင်ခြင် ဉာဏ်အမြှော်အမြင်ကင်းခြင်း၊
(၃) သဗ္ဗပဏ္ဏိတမာနီ - မာန်မာနများခြင်း ၊
( ၄) ဗဟုမဟိစ္ဆ - ရာထူးလိုချင်သူများခြင်း တို့ကြောင့် ဖြစ်တယ်။
မြန်မာနိုင်ငံမှာ မကွဲဘူးတဲ့အသင်းရယ်ဆိုလို့ မလွန်ဆန်လှုအသင်းတစ်ခုသာကျန်ကြောင်း ဆရာကျော် ဝင်းရဲ့ ဟောပြောခွေလေးမှာ နားထောင် လိုက်ရဖူးတယ်။
ပရဟိတ ဆောင်ရွက်နေတဲ့ ရဟန်းတော်များအနေနဲ့ အတော်သတိထားရပါမယ်။ မိမိတို့က ဘုရား သားတော်တွေဖြစ်တဲ့အတွက် မိမိလုပ်ရပ်ဟာ ပါရမီအထောက်ပံ့အတွက် သာဖြစ်သင့်ပါတယ်။ ဖြစ်နိုင်ရင် ပရိယတ်၊ ပဋိပတ်ကိုသာ လုပ်ဆောင်ကြရမှာပါ။ ကိုယ်ကလည်းတရားအားမထုတ်နိုင်သေး၊ မိမိမျက် စိရှေ့မှောက်မှာလည်း ဒုက္ခိတသတ္တဝါတွေကရှိနေ၊ ဒီလို အခြေနေတွေကြောင့် အများအကျိုးအတွက် ဝင်ပါတာ ဖြစ်လေတော့ အတတ်နိုင်ဆုံး အတ္တဟိတ ကို ဘေးဖယ်ထားရပါမယ်။
ဒါမှသာ အများအမြင်ကြည်ပြီး သာဓုခေါ်နိုင်မှာ ဖြစ်ပါတယ်။
မိမိတို့ ရဟန်းတော်တွေဘက်က ဒီလိုစိတ်သန့်သန့်နဲ့ လုပ်နိုင်ဖို့လိုပါတယ်။ မိမိဘက်က မှန်အောင်လုပ် နေပေမယ့် လောကမှာအကဲ့ရဲ့လွတ်တဲ့လူလည်း မရှိလေတော့ ဝေဖန်ကဲ့ရဲ့တဲ့လူလည်းရှိမှာပါပဲ။
နိုင်ငံဆင်းရဲနေသရွေ့ကတော့ လူမှုအခြေပြု ပရဟိတ ဆိုတာဟာ လိုအပ်နေအုံးမှာပါ။ ရဟန်းတော် တွေလည်း ဝင်ပါနေရအုံးမှာပါပဲလေ။

အရှင်ပညာသီရိ ( ရမ္မာကျွန်း)

News Watch Journal - အတွဲ ၁၀ ၊ အမှတ် ၄၈။

ကော့သောင်းတွင် အန်အယ်လ်ဒီ ရပ်ကျေး ရုံးခန်းဖွင့်ပွဲ တားမြစ်ခံရ

ကော့သောင်းတွင် အန်အယ်လ်ဒီ ရပ်ကျေး ရုံးခန်းဖွင့်ပွဲ တားမြစ်ခံရ
///////////////////////////////////////////////////////////////////////
ကော့သောင်းမြို့၊ ဇာဒက်ကြီးကျွန်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရပ်/ကျေး ရုံးခန်းဖွင့်ပွဲကို တပ်မတော် ဒုဗိုလ်မှူးကြီး တဦးက လာရောက် တားမြစ်ခဲ့တယ်လို့ ပြန်ကြားရေး တာဝန်ခံ ကိုစိန်နိုင်က ပြောပါတယ်။
ဧပြီ ၇ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ကော့သောင်းမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ဇော်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်မောင်ဝင်းနဲ့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ ကော့သောင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ဇာဒက်ကြီး ကျေးရွာ နေ ဒေါ်တင်တင်ရီ နေအိမ်မှာ ရပ်/ကျေးရုံးခန်း ဖွင့်လှစ်စဉ် တားမြစ်ခံခဲ့ရတာလို့ ဆိုပါတယ်။
ပါတီ ရပ်/ကျေးရုံးခန်း ဖွင့်လှစ်ဖို့ အလံ တင်နေစဉ် ဇာဒက်ကြီးကျွန်း ရေတပ် စခန်းစခန်းမှူး ဒုဗိုလ်မှူးကြီး ကျော်စိုးလွင်က လာရောက် တားမြစ်တာလို့ ကိုစိန်နိုင်က ပြောပါတယ်။
ဒုဗိုလ်မှူးကြီး ကျော်စိုးလွင်က စစ်တပ်နယ်မြေ ဖြစ်တာကြောင့် ဘယ်ပါတီမှ ရုံးခန်းဖွင့်လှစ်ခွင့် မရှိဘူး ဆိုပြီး လာရောက် တားမြစ်ခဲ့ကြောင်း ပြောပါတယ်။
ကော့သောင်းမြို့နယ် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးသက်နိုင်က မဲဆန္ဒနယ် ဖြစ်လို့ ပါတီတစ်ရပ် အနေနဲ့ ရုံးခန်းဖွင့်ခွင့် ရှိကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်ကို စာတင်ပြီး လာဖွင့်တာ ဖြစ်ကြောင်း ပြောကြားရာမှာ ဒုဗိုလ်မှူးကြီး ကျော်စိုးလွင်က ဒီရွာက စစ်တပ်မြေထဲမှာ ရှိတာကြောင့် ကော်မရှင်ကို စာတင်လည်း တပ်က ခွင့်မပြုရင် ဖွင့်မရကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
လတ်ကိုကိုဦး
DVB
By ဒီဗွီဘီ
9 April 2017


 





Image may contain: one or more people and outdoorImage may contain: one or more people, people standing and outdoor

၂၀၂၀ အတွက်အချက်ပေးခေါင်းလောင်းထိုးသံ


သရ၀ဏ်(ပြည်)
၂၀၁၇ ဧပြီ ၁ ရက်နေ့ ကကျင်းပသော ၁၉ နေရာလစ်လပ်သည်ကိုယှဉ်ပြိုင်ရသည့် ကြားဖြတ်ရွေးကောက်ပွဲသည် NLD အတွက်ရော ဒီမိုကရေစီအတွက်ရောကြီးစွာသော သတိပေးခေါင်းလောင်းသံဖြစ်ခဲ့သည် ။ ထိုခေါင်းလောင်းသံကိုနားမထောင်ပါက ၂၀၂၀ တွင် နစ်နာဆုံးရှုံးမှုများရှိလာကြဦးမည်ဖြစ်သည် ။ ယခုကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် အားလုံးသိကြသည့်အတိုင်း မဲဆန္ဒနယ် ၁၉ နေရာအတွက် NLD သည် ၁၈ နေရာဝင်ပြိုင်ပြီး ၉ နေရာအနိုင်ရခဲ့ပါသည် ။ ဘဲဥမကွဲသော အချို့ပါတီများ၏စံချိန်စံညွှန်းနှင့်ကြည့်လျှင် ၁၈ နေရာတွင် ၉ နေရာအနိုင်ရခြင်းမှာ ထက်ဝက်အောင်မြင်ခြင်းဖြစ်ပေသည် ။ သို့ သော် ပြီးခဲ့သော ၁၉၉၀ ရွေးကောက်ပွဲ ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ စံချိန်များနှင့်ကြည့်လျှင်မူ NLD ၏ရွေးကောက်ပွဲ အောင်မြင်မှုရလာဒ်မှာ ပါတီသက်တမ်း ၂၈ နှစ်အတွင်း အနိမ့်ဆုံး ရလာဒ်သို့ ကျဆင်းသွားခြင်းဖြစ်သည် ။ အနီးကပ်အကြောင်းပြချက်များအနေဖြင့် မဲလာပေးသူရာခိုင်နှုံးလျော့နည်းသဖြင့် တို့  ၊ ချောင်းဆုံတွင် တံတားအမည်ကိစ္စကြောင့်တို့  ၊ တိုင်းရင်းသားဘာသာစကားမတတ်၍တို့  စသည်ဖြင့် ပြော၍ရနိုင်သော်လည်း NLD ယခုရွေးကောက်ပွဲ တွင် မျှော်လင့်သလောက် အနိုင်မရခဲ့ခြင်းနောက်ကွယ်တွင်အကြောင်းများစွာရှိပေသည် ။ မျှော်လင့်သလောက်အနိုင်မရဟုပြောရခြင်းမှာ ၀င်ရောက်ယှဉ်ပြိုင်သောနေရာအားလုံးအနိုင်ရရန်မျှော်မှန်ထားသည်ဟုNLD နာယကကြီး သူရဦးတင်ဦးက ပြောကြားခဲ့ဖူးခြင်းကြောင့်ဖြစ်သည် ။ ၁၈ နေရာတွင် NLD သည် အနိုင်ဘက်မှကြည့်လျှင် ၉ နေရာနိုင်ခဲ့ပြီး အရှုံးဘက်မှကြည့်လျှင် ၉ နေရာရှုံးခဲ့ရပေ၏ ။ ထိုမျှသာမက ကယားပြည်နယတွင် ပြည်နယ်လွှတ်တော်အတွက် ဖရူဆိုမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) နေရာအတွက် NLD မပြိုင်ရခင်မှာပင်အရှုံးပေးခဲ့ရ၏ ။ထိုမဲဆန္ဒနယ်အတွက်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းရာတွင် NLD ကိုယ်စားလှယ်လောင်းသည် သတ်မှတ်နေ့ ရက်ထက် နောက်ကျပြီးမှ ကိုယ်စားလှယ်လောင်းစာရင်းတင်သွင်းခဲ့သဖြင့် ရွေးကောက်ပွဲကော်မရှင်ကလက်မခံပါယ်ချခံခဲ့ရလေသည် ။ ဤဖြစ်ရပ်သည် အတော်ကို စီမံခန့် ခွဲမှုညံ့ဖျင်းသော လုပ်ရပ်တစ်ခုဖြစ်ပြီး အာဏာရပါတီကြီးတစ်ရပ်အနေဖြင့် ထိုသို့ ဖြစ်နေသည်မှာရှက်ဖွယ်လိလိဖြစ်သည် ။ မိမိပါတီကအစိုးရအဖွဲ့ ဖွဲ့နိုင်ပြီးကတည်းက မည်သည့်နေရာတွင်မည်သူများလစ်လပ်သည် ၊ကြားဖြတ်ရွေးကောက်ပွဲကျင်းပပါက မည်သူ့ ကို ၀င်ပြိုင်ရန်ရာထားသည် ၊မည်သူ့ ကိုအရန်အဖြစ်ရာထားသည် ၊ မည်သည့်နေ့တွင် လူစာရင်းဖြတ်မည် ၊မည်သည့်နေ့ တွင်ပါတီမှတာဝန်ယူကာ ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းမည် စသည်ဖြင့် တိကျပြတ်သားသော မူဝါဒနှင့် လုပ်ငန်းလမ်းစဉ် တစ်ခု NLD ဗဟိုတွင်ရော ၊ ကယားပြည်နယ် NLD တွင်လည်းကောင်း ၊ ၀င်ရောက်ယှဉ်ပြိုင်မည့်ဖရူဆိုမြို့နယ် NLD တို့မှာတာဝန်အသီးသီးရှိကြလေသည် ။ သွားရလာရခက်ခဲသော ဒေသဖြစ်သဖြင့် ဗဟို၏ညွှန်ကြားချက်ကို အချိန်မီအကောင်အထည်ဖော်ဖို ခက်ခဲသည်ဆိုလျှင် ကြိုတင်ပြင်ဆင်မှုများစွာန ဂိုထဲကလုပ်ထားရမည်ဖြစ်သည် ။ ယခုသော်ကား ပြိုင်ပင် မပြိုင်ရသေး တစ်နေရာရှုံးခဲ့သည်ဆိုခြင်းမှာ ဒေသခံပြည်သူလူထုကို မလေးစားခြင်း ၊ စောကားခြင်းနှင့်အတူတူပင်ဖြစ်ပေသည် ။ ယခုလိုရွေးကောက်ပွဲရလာဒ်များ ထင်သလိုမဖြစ်ကာမှ (ဧပြီ ၂ ရက်ကျကာမှ) ကယားပြည်နယ် NLD ဥက္ကဌ ဒေါက်တာခင်စည်သူနှင့် ဖရူဆိုမြို့နယ် NLD ဥက္ကဌ ဦးပဲ့ဒူ တို့ကို ပါတီတာဝန်မှရပ်ဆိုင်းလိုက်ခြင်းသည် မိုးလွန်မှထွန်ချသည့်သဖွယ်ဖြစ်နေပါသည် ။ နဂိုတည်းကဖြစ်ကိုမဖြစ်သင့်သောအမှားဖြစ်သည် ။ ထားတော့ပြီးခဲ့တာကပြီးခဲ့ပြီ ။
NLD ပါတီဘာကြောင့်ကြားဖြတ်ရွေးကောက်ပွဲတွင် ၅၀ ရာခိုင်နှုန်းရှုံးနိမ်းရသလဲဆိုတာသိလျှင်လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးအတွက် ပြင်ဆင်သင့်တာပြင်ဆင်နိုင်ပေလိမ့်မည် ။ အဓိကကတော့ စေတနာဖြင့်ဝေဖန်ထောက်ပြမှုများကိုအလေးထားနားထောင်ဖို့ဖြစ်သည် ။ လူဆိုသည်မှာ အာဏာရလာသောအခါ တို့ လုပ်တာအမှန် ကျန်တဲ့သူတွေကမှားနေတာ ငါတို့ကိုလာမဝေဖန်နဲ့ဟူသောတဖက်ပိတ်အမြင်များကိန်းအောင်းလာလေ့ရှိသည် ။ အားနည်းချက်များကိုဝေဖန်ထောက်ပြမှုအစား အားလုံးကောင်းပါသည်ခင်ဗျားဟူသော အပြာမျိုးကိုသာနားဝင်ချိုကြပေလိမ့်မည် ။ မှန်ကန်သောဝေဖန်ထောက်ပြမှုသည် ဆေးခါးကြီးနှင့်တူပေလိမ့်မည် ။ အ၀င်ဆိုးသော်လည်းရောဂါပျောက်စေတတ်သဖြင့်မျိုချကြစေလိုပါ၏ ။ NLD ကိုထောက်ခံသူများထဲတွင် စာရေးသူလည်းပါဝင်၏ ။ ၁၉၈၈ ကပင်စတင်ထောက်ခံခဲ့သည် ။ ၁၉၉၀ တွင်ရော ၂၀၁၅ တွင်ရော NLD ကိုသာ မဲပေးခဲ့ပါသည် ။ ၂၀၂၀ တွင် NLD ကိုမဲပေးဖို့ များပါသည် ။ စောင့်တော့ကြည့်ရဦးမည် ။ ကျွန်တော်တို့  NLD ကိုထောက်ခံသော်လည်း သူတို့ ၏လုပ်ငန်းဆောင်တာဆောင်ရွက်ချက်များကိုအားရသလားဆိုမူ အားမရပါ ဟုဆိုချင်သည် ။ နှစ် ၅၀ ပျက်ခဲ့တဲ့နိုင်ငံကို တနှစ်အတွင်း ပြင်ဆင်၍ မရနိုင်ဆိုသော သုံးချက်တွက်နည်းကို ဘေးဖယ်ထား၍ လုပ်နိုင်လျက် မလုပ်ခဲ့နိုင်တာများကိုစပြောချင်သည် ။ အစပထမသည် ရွေးကောက်ပွဲ ၀င်ကာနီးကာလနှင့်ဆိုင်သည် ။ မိမိပါတီကို တဘ၀လုံး ၀န်းရံလာခဲ့ကြသည့် လူထုကြည်ညိုလေးစားသည့် ၈၈မျိုးဆက်အဖွဲ့ထဲမှကျောင်းသားခေါင်းဆောင်များ NLD ပါတီမှ ၀င်ရောက်ရွေးချယ်ခံရန် စာရင်းလာပေးကြစဉ်က ပြည်သူလူထုသည် ၀မ်းအသာကြီးသာခဲ့ကြသည် ။အားအရကြီးရခဲ့ကြသည် ။ ၈၈ မျိုးဆက်များနှင့် NLD ပေါင်းလိုက်လျှင် စစ်အာဏာရှင်စနစ်အကြွင်းအကျန်များကိုကျူပင်ခုတ်ကျူငုတ်မကျန်နှိမ်နှင်းအနိုင်ယူနိုင်တော့မည်ဟု ၀မ်းမြောက်ခဲ့ကြပါသည် ။သို့ သော် NLD သည် ကိုကိုကြီးအပါအ၀င် ၈၈ မျိုးဆက်နိုင်ငံရေးသမားအများစုကို သူတို့ပါတီမှ ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ပြိုင်ခွင့်ပြုရန် ငြင်းပါယ်လိုက်သည်ကိုအံ့အားသင့်ဖွယ် တွေ့ လိုက်ရပါသည် ( ၈၈မျိုးဆက်ကိုငြင်းပယ်ခဲ့ခြင်းရလာဒ်အဖြစ် မကြာမီ ပါတီသစ်တခုပေါ်ပေါက်လာပေလိမ့်မည် ထိုပါတီထံသို့ NLD ၏ထောက်ခံမဲအချို့ပဲ့ပါသွားလိမ့်မည်) ။ လူသစ်တွေ ရွေးကောက်ပွဲနီးမှဝင်လာသူတွေကို လက်မခံဘူးထင်တယ်ဟုထင်မြင်ခဲ့သေးသော်လည်း အချို့သော ခရိုနီအသေးစားများ ၊ အာဏာရှင်စနစ်လက်အောက်တွင်အသားကျခဲ့သူအချို့ကို ပါတီမှအနီးကပ်လက်ခံပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်လက်ခံရွေးချယ်စေခဲ့တာကတော့နားလည်ရခက်ပြန်ပါသည် ။ ထိုအခါနားလည်ရသည်မှာ NLD သည် မူတခုအပေါ်တွင်ခိုင်ခိုင်မာမာရပ်တည်၍သွားနေခြင်းမဟုတ်ပဲ မူအမျိုးမျိုးပြောင်းလဲနေကြောင်းသိရပေ၏ ။ ထို့ အပြင် ၂၀၁၅ ရွေးကောက်ပွဲ နီးလာသောကာလတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးရာ၌ အောက်ခြေပါတီဝင်များလေးစားလက်ခံရွေးချယ်လိုက်သော ကိုယ်စားလှယ်များကို ပါတီဗဟိုမှပါယ်ချကာ သူတို့နှစ်သက်သဘောကျသူများဖြင့်အစားထိုးပေးခဲ့ခြင်းကလည်းအထက်နှင့်အောက် စိတ်ပျက်သွားစေသည် ။ ထိုသို့ စိတ်ပျက်ပြီး ပါတီမှနှုတ်ထွက်သွားသူများကို စည်းရုံးရှင်းလင်းသိမ်းသွင်းရမည့်အစား အမှိုက်တွေရှင်းသွားသည် ဟု ဦးဝင်းထိန်မှပြောကြားခဲ့ခြင်းကလည်း ခေါင်းဆောင်ကောင်းမပီသသော အပြုအမူဖြစ်သည် ။NLD ပါတီ ကို ဒေါ်အောင်ဆန်းစုကြည်တရားဝင်ခေါင်းဆောင်အဖြစ်မဆောင်ရွက်နိုင်မီ ၊ ပါတီလုပ်ငန်းများနှင့်ကင်းကွာနေချိန် ၊ အားလုံးကလေးစားရသော သတင်းစာဆရာကြီးဦးဝင်းတင် ကွယ်လွန်ချိန် ၊ ဘဘဦးတင်ဦးလည်းအသက်အရွယ်အရ နာယအဖြစ်သာ အခမ်းအနားများ တက်နေရချိန်တွင် ပါတီတွင်း၌ ဦးဝင်းထိန်တန်ခိုးထွားလာခြင်းကလည်း NLD ပါတီအတွက် ထိုးနှက်ချက်တရပ်ဖြစ်သည် ။ ဦးဝင်းတင်သည် စစ်တပ်မှထွက်လာသူဗိုလ်မှူးဟောင်းတယောက်ဖြစ်သည်နှင့်အညီ သံတမန်မဆန်သော ၊ ယဉ်ကျေးဖွယ်ရာမရှိသော အချို့သောအတုံးလိုက်အတစ်လိုက်ပြောဆိုမှုများကိုလူအများကမနှစ်မြို့ကြချေ ။ ဥပမာ NLD အစိုးရရာထူးအပြောင်းအလဲများရှိမရှိမေးခွန်းကိုမေးမြန်းခဲ့သောသတင်းထောက် အားစောက်ရူးဟုအကြိမ်ကြိမ်ပြောဆိုခြင်းသည် ယဉ်ကျေးသော နိုင်ငံရေးလောက ၊မီဒီယာလောက၌ မရှိသင့်သော ကိစ္စများဖြစ်သည် ။ ထို့အပြင် ဦးဝင်းထိန်သည် ပါတီအတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်သည်မှန်သော်လည်း အစိုးရကိစ္စများကိုဝင်ရောက်စွက်ဖက်ခြင်း ၊လမ်းညွှန်ခြင်း ၊ ဒုဝန်ကြီးတဦးကိုနုတ်ထွက်ရန်ညွှန်ကြားခြင်းများသည် အမှန်စင်စစ် ပါတီ Side နှင့် အုပ်ချုပ်ရေး(အစိုးရ) Side ကို မှားယွင်းစွာရောထွေးခေါင်းဆောင်နေခြင်းဖြစ်သည် ။ ထိုကိစ္စများကို NLD သည်ပါတီတွင်းအရေးယူမှု ဝေဖန်ထောက်ပြမှုမရှိခဲ့ပေ ။ဦးဝင်းထိန်ကို ပါတီခေါင်းဆောင်ပိုင်းတဦးအနေထက် ဒေါ်အောင်ဆန်းစုကြည်၏လူယုံတော်အဖြစ်အားလုံးကကြောက်နေရခြင်းဖြစ်သည် ။ ဤသည်လည်း NLD ပါတီကို နိုင်ငံရေးဝေဖန်စဉ်းစားတတ်သူအချို့ သဘောမကျသောအကြောင်းတခုဖြစ်သည် ။
၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ အပြတ်အသတ်အနိုင်ရ၍အစိုးရဖွဲ့သောအခါ ပြည်သူလူထုတွင် ချင်ခြင်းနှစ်ခုရှိသည် ။ ပါသင့်ပါထိုက်သူများ အစိုးရအဖွဲ့ များထဲတွင်ပါဝင်လာစေချင်ခြင်း နှင့် မပါသင့်မပါထိုက်သော လူများပါမလာစေချင်ခြင်းဖြစ်သည် ။ ပြည်သူလူထုသည် ပြည်ထောင်စုကြံ့ခိုင်ရေးပါတီကိုမလိုလား သဖြင့် NLD ကိုပုံအောမဲထည့်ခဲ့ကြသည် ။ စစ်ဗိုလ်ချုပ်ဟောင်းများကိုမမြင်လိုမတွေ့ လိုတော့ပေ ။ သို့ သော် အသစ်ဖွဲ့စည်းလိုက်သော အစိုးရအဖွဲ့ တွင် NLD ကိုတခါမှကောင်းကျိုးမပေးခဲ့ဖူးသော ပါတီမှ လူဟောင်းများကို ၀န်ကြီးရာထူးများနှင့်အခြားရာထူးကြီးများ ပြန်ပေးခဲ့သည် မှာအံ့သြစရာကောင်းလှသည် ။ လူထုကမလိုချင်တော့သဖြင့် မဲမပေးပဲဖြုတ်ချခဲ့သူများကို NLD ကဖုန်သုတ်ပွဲထုတ်လာတာသည် အပြောင်းအလဲကို အလွန်လိုလားနေသောမဲဆန္ဒရှင်ပြည်သူလူထု ဆန္ဒကိုပစ်ပယ်လိုက်ခြင်းဖြစ်သည် ။ လူထုသည် စစ်အာဏာရှင်စနစ်ကိုအလိုမရှိ ။ နှစ်ပေါင်းငါးဆယ်လောက် နည်းအမျိုးမျိုးဖြင့်အာဏာရယူထားသောစစ်ဗိုလ်ချုပ်များကို တတ်နိုင်သမျှမမြင်တွေ့ လိုတော့ ။ စစ်ဗိုလ်ချုပ်များနှင့်ပေါင်းကာ မတရားချမ်းသာလာကြသောခရိုနီများ၊စားဖားများကို အစိုးရအဖွဲ့သစ်တွင်မမြင်ချင်ကြတော့ပေ ။ယခင်အစိုးရလက်ထက်က ကြံ့ခိုင်ရေးအစိုးရကိုသစ္စာတော်ခံခဲ့သူများ အစိုးရသစ်တွင်ပါဝင်လာခြင်းကလည်းပြည်သူလူထု၏မကြေနပ်မှုကိုကြီးထွားစေသည် ။ သပိတ်မှောက်တက္ကသိုလ်ကျောင်းသားများနှင့်ဆက်ဆံရေးမကောင်းခဲ့သူ ကပညာရေးဝန်ကြီးဖြစ်ခြင်း ၊ ယခင်အစိုးရလက်ထက်တွင် အဘတို့ရှေ့မှကာကွယ်ပေးမှု၌အသားကျနေခဲ့သူကို ပြောရေးဆိုခွင့်ရှိသူခန့်ထားခဲ့ခြင်း၊ ကြံ့ခိုင်ရေးပါတီမှအမတ်အချို့ ၀န်ကြီးဖြစ်လာခြင်းတို့သည် NLD ကိုနှစ်ပေါင်းများစွာထောက်ခံလာသူများကိုဒေါသဖြစ်စေပါသည် ။တဖက်တွင် NLD ကို မိုးထဲရေထဲတွင် အမြဲတမ်းသစ္စာရှိခဲ့ ပူးပေါင်းခဲ့ကြသော SNLD အဖွဲ့ လို ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်မှခေါင်းဆောင်များကို အစိုးရအဖွဲ့ထဲတွင် အရေးကြီးသော ထိပ်တန်းရာထူးများခွဲဝေပေးစေချင်သည် ။သို့ သော် NLD သည် မပေးခဲ့ချေ ။ ဦးခွန်ထွန်းဦးလိုလူသည် ဘယ်နေရာမှာမှ ပါမလာခဲ့ပေ ။ ဒါတွသည် ကိုယ်လုပ်ချင်ရာလုပ်လိုက်သော်လည်း တိုင်းရင်းသားများ (ရှမ်းတိုင်းရင်းသားများ)ရင်ထဲမှာ အနာတခုဖြစ်လာနိုင်သည် ။ ထိုရလာဒ်အဖြစ် ယခုအခါ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် SNLD ကို NLD သည် ရှမ်းပြည်နယ်မဲဆန္ဒနယ် ၆ နေရာတွင် ရှုံးခဲ့ခြင်းဖြစ်သည် ။ မိမိအနိုင်ရနေချိန်တွင် မိတ်ဟောင်းများကိုလက်တွဲခေါ်ခြင်းထက် မိမိနှင့်အနေဝေးခဲ့သော မျက်နှာစိမ်းများကိုမျက်နှာသာပေးခဲ့မှု ရလာဒ်ဖြစ်သည်ဟုကျွန်တောကတော့ထင်မြင်ယူဆသည် ။
နောက်တချက်မှာ ၂၀၁၅ ရွေးကောက်ပွဲတွင် လူကိုမကြည့်ပဲ ပါတီကိုကြည့်ပါဟူသော တိုက်တွန်းချက်၏ဘေးထွက်ဆိုးကျိုးဖြစ်သည် ။ NLD လွှတ်တော်ကိုယ်စားလှယ်များထဲတွင် စွမ်းဆောင်ရည်နိမ့်သော လွှတ်တော်အမတ်များစွာပါသည် ။ ရိုးသားကောင်းရိုးသားမည် ၊ ပါတီကိုသစ္စာရှိကောင်းရှိမည် ။သို့ သော် လူတော်များတော့မဟုတ် ။ထို့ ကြောင့် ပြည်သူလူထုသည် NLD အမတ်အချို့ကိုစိတ်ပျက်လာကြတာလည်းရှိသည် ။ ဤကိစ္စသည် ရှည်လျား၏ ။ NLD တဖွဲ့ တည်း၏အပြစ်တော့မဟုတ် ။ ပြည်ထောင်စုလွှတ်တော်ဝယ် ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားကိုယ်စားလှယ် မူသေ ကိုယ်စားလှယ် ၁၆၆ ယောက်ရှိ၏ ။ ရွေးကောက်ပွဲမှတဆင့် ရွေးချယ်ခံရမည့် ပြည်သူ့ ကိုယ်စားလှယ်မှာ ၄၉၈ ယောက်ရှိ၏ ။ စုစုပေါင်း တပ်မတော်သားနှင့် ရွေးကောက်ခံအမတ်ပေါင်းလိုက်လျှင် ၆၆၄ ယောက်ရှိ၏ ။ ထိုအချိန်တွင၂၀၁၅ရွေးကောက်ပွဲနီးချိန်တွင် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှလွှတ်တော်အမတ် ဘူးလက်လှဆွေ (ခေါ်)ဦးလှဆွေက သူတို့ကြံ့ခိုင်ရေးပါတီသည် ၂၆ ရာခိုင်နှုန်း (၁၇၂ယောက် ) ရွေးကောက်ပွဲမှာ နိုင်ခဲ့လျှင်ပင် လွှတ်တော်တွင်း၌ရှိပြီးဖြစ်သော တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း(၁၆၆ ယောက် )နှင့်ပေါင်းလိုက်လျှင် ပြည်ထောင်စုလွှတ်တော်၏ ၅၁ ရာခိုင်နှုန်း (ထက်ဝက်ကျော်) ထောက်ခံမှုဖြင့် အစိုးရဖွဲ့ကာ ဆက်လက်အုပ်ချုပ်နိုင်မည်ဖြစ်ကြောင်းပြောခဲ့ပါသည် ။ ထိုအချက်မှာအင်မတန်မသင့်လျော်သောပြောကြားချက်ဖြစ်သည် ။ ဥပဒေဘောင်ကျော်သောပြောကြားမှုဟုပင်ခေါ်၍ရသည် ။အဘယ့်ကြောင့်ဆိုသော် နိုင်ငံတော်နှင့် နိုင်ငံသားများကိုကာကွယ်စောင့်ရှောက်ပြီး တို့ တာဝန်အရေးသုံးပါးကို ကာကွယ်မည်ဆိုသောတပ်မတော်ကိုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ ပုလင်းတူဗူးဆို့ သဖွယ် အပိုင်တွက်ပြီးရောထွေးပြောခဲ့ခြင်းကြောင့်ဖြစ်သည် ။ အမှန်မှန်မှာ တပ်မတော်သည် နိုင်ငံသားအားလုံးနှင့်သက်ဆိုင်သောအဖွဲ့ကြီးဖြစ်ပြီး ကြံခိုင်ရေးပါတီမှာ သူ့ ပါတီဝင်များနှင့်သာဆိုင်သောအဖွဲ့ဖြစ်သည် ။ ထိုနှစ်ဖွဲ့ ကိုတဖွဲ့တည်းလိုလို လုံးချသောကိစ္စတွင် တပ်မတော်သည် ထိုစကားပြောခဲ့သူ ဦးလှဆွေကိုထိုသို့ မသင့်မလျော်မပြောကြားရန်တရားဝင်သတိပေးတားမြစ်ရမည်ဖြစ်သည် ။ သို့ သော် ကျွန်တော်သိသလောက် ထိုသို့ သတိပေးတားမြစ်မှုမျိုးမရှိခဲ့သဖြင့် ပြည်သူလူထုသည် တပ်မတော်နှင့်ကြံခိုင်ရေးပါတီသည် တဖွဲ့ တည်းအတူတူပင်ဖြစ်သလိုလိုထင်ကုန်ကြပါသည် ။
ထိုသို့ ဆိုလျှင် ပြည်သူလူထုကလုပ်နိုင်သည်မှာ ပြည်ခိုင်ဖြိုးအစိုးရပြန်တက်မလာစေလိုလျှင် NLD ပါတီအစိုးရဖွဲ့နိုင်သည့် ၅၁ ရာခိုင်နှုန်းဖြစ်သော ၃၃၃ ဦး ပြည်ထောင်စုလွှတ်တော်ထဲသို့ အရောက်ပို့ ဖို့ ပဲ ရှိတော့သည် ။ အကယ်၍သာထိုစဉ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ပြည်ခိုင်ဖြိုးပါတီနှင့်တပ်မတော်အတူတူမဟုတ်ကြောင်း တဖွဲ့တည်းလိုလို ထင်ယောင်ထင်မှားဖြစ်အောင်မပြောဆိုသင့်ကြောင်း တားမြစ်ထုတ်ပြန်ခဲ့မည်ဆိုလျှင် ပြည်သူလူထုသည် NLD ၃၃၃ ဦး လွှတ်တော်ထဲသို့ ပို့ နိုင်ရန် လူကိုမကြည့်ပဲ ပါတီကိုသာကြည့်၍ မဲပေးကြဖို့ သိပ်ပြီးအသည်းအသန်ကြိုးစားကြမည်မဟုတ်ပေ ။ ထို့ ကြောင့် လူကိုမကြည့်ပဲပါတီကိုပဲကြည့်၍ရွေးချယ်ခဲ့ကြခြင်းတွင် ဘေးထွက်ဆိုးကျိုးအနည်းငယ် ယခုအခါပေါ်ပေါက်လာသော်လည်း ထိုသိုဖြစ်ရခြင်းတွင် NLD တခုတည်း၏အမှားမဟုတ်ချေ ။ပြည်သူလူထု၏အမှားလည်းမဟုတ် ။ထိုသို့ ဖြစ်အောင် အင်အားစုအားလုံး တွန်းပို့ ခဲ့ကြခြင်းသာဖြစ်ပေသည် ။ လိုရင်းကိုပြန်ချုပ်ရလျှင် ထိုစဉ်က နိုင်ငံရေးလိုအပ်ချက်အရ အစိုးရအပြောင်းအလဲဖြစ်ရန် လူကိုမကြည့်ပဲ NLD ပါတီကိုသာ မဲပေးရွေးချယ်ခဲ့ကြသော်လည်း ယခုအခါ အေးအေးဆေးဆေး လူကိုကြည့်၍ စွမ်းဆောင်ရည်မြင့်သူကိုရွေးချယ်ခွင့်ရလာသည့်အချိန်တွင် မိမိဒေသနှင့် အလိုက်ဖက်ဆုံးလူကိုသာစေ့စေ့စပ်စပ်ရွေးချယ်ခဲ့ခြင်းက NLD ယခင်လိုနေရာအားလုံးအနိုင်မရခဲ့ခြင်း၏အဓိကအကြောင်းဖြစ်သည် ။ ဘာပဲဖြစ်ဖြစ် NLD သည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲကို ၂၀၁၇ လိုမဖြစ်ချင်ဘူးဆိုလျှင် ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် အောက်ခြေပြည်သူလူထု၏ဆန္ဒနှင့်ကိုက်ညီသော သူကိုသာ အသင့်တော်ဆုံးရွေးချယ်ကြရပေလိမ့်မည် ။ ထိုသို့မဟုတ်ပဲ ကိုယ်စားလှယ်လောင်းစိစစ်ရွေးချယ်ရေးအဖွဲ့ ဟူသော ဗဟိုမှလူနည်းစုလေးတစုတဖွဲ့ကသာ နေရာတိုင်းကိုလိုက်ဆုံးဖြတ်နေပါလျှင် ကျရှုံးခန်းကိုရင်ဆိုင်ရလိမ့်ဦးမည်ဖြစ်သည် ။ အမတ်လောင်းရွေးရာတွင် ဒေသခံဖြစ်သူ၊ ဒေသခံပြည်သူလူထုကကြည်ငြိုလေးစားထောက်ခံသူ ၊ အမှန်တကယ်အရည်အချင်းရှိသူ ဆိုသောအချက်သုံးချက်ကိုသာအဓိကထားရွေးချယ်ရမည်ဖြစ်သည် ။ ဗဟိုမှဝင်ေ၇ာက်စွက်ဖက်မှု နည်းနိုင်သမျှနည်းရမည်ဖြစ်သည် ။ ဒေသခံတို့၏အသံကိုနားစွင့်ရပေမည် ။
ဤသည်တို့မှာ ဘာကြောင့် ၂၀၁၇ တွင် NLD ပါတီဘာကြောင့် မဲဆန္ဒနယ် ၁၉ နေရာတွင် ၉ နေရာပဲနိုင်ခဲ့သလဲဆိုသော အဖြေများဖြစ်သည် ။ ကျန်တာတွေကတော့အကြောင်းအများကြီးရှိနိုင်သည် ။ မဲပေးနိုင်သော လူဦးရေထက်တကယ်တန်းမဲလာပေးသောလူဦးရေမှာ အလွန်နည်းနေခြင်း (ပြည်သူများ မဲလာမပေးသူများနေခြင်း)သည်လည်း NLD ရှုံးရခြင်းအကြောင်းတရပ်ဟု ဦးဝင်းထိန်ကသုံးသပ်သည် ။ မှန်ပေ၏ ။ သို့ သော် လူတွေဘာကြောင့်မဲလာမပေးကြသလဲဆိုတာတော့ကိုယ့်ဘာသာစဉ်းစားအဖြေထုတ်ကြဖို့လိုမည်ဖြစ်သည် ။ ပြည်သူလူထုကိုအပြစ်ပုံချသောအဖြေထက် လူတွေမလာချင်လောက်အောင်ဘာတွေကိုစိတ်ပျက်သွားကြတာလဲ ။ဘာတွေကိုမကြေနပ်တာလဲ ။ ငါတို့ဘာတွေလိုအပ်နေသလဲဟုသာ ကိုယ့်ကိုယ်ကို သတ္တုချ၍ ဝေဖန်ဆန်းစစ်ကြရမည်ဖြစ်သည် ။ လူတွေကအသိဥာဏ်နုံနဲ့လို့ မဲလာမပေးကြလို့ဟု တော့ အလွယ်ပြော၍ရမည်မဟုတ် ။ မြန်မာနိုင်ငံသားများသည်တိုင်းပြည်အတွက် တကယ်တန်းလိုအပ်လာသည့်အခါတိုင်း အသက်ပေးကာရှေ့ တန်းမှထွက်ခဲ့ကြတာ ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင်တကြိမ် ၊ ၁၉၈၈ အရေးအခင်းတွင်တကြိမ် ၊ ၁၉၉၀ ရွေးကောက်ပွဲတွင်တကြိမ် ၊ ၂၀၁၅ တွင်တကြိမ် အကြိမ်ကြိမ်သက်သေပြခဲ့ပြီဖြစ်သည် ။
NLD အာဏာရလာသောအခါ ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုသောကိစ္စများကိုသာ ဦးစားပေးလုပ်ကိုင်စေချင်ပါသည် ။ ပြည်သူလူထုအများစုကိုထိမည့်ကိစ္စများရှောင်နိုင်သလောက်ရှောင်စေချင်သည် ။ သမ္မတရုံးတွင် သင်္ကြန်ပိတ်ရက် ၅ ရက် ၊၁၀ ရက် ကိစ္စကိုမှဖြောင့်ဖြောင့်တန်းတန်း ရှင်းရှင်းလင်းလင်းမရေးသားတတ်မကြေညာတတ်သည့်လူမျိုးကို နေရာပေးစေခိုင်းမှုမျိုးတွေ ပြင်စေချင်သည် ။ အရင်အစိုးရလက်ထက်ကအကျင့်တွေအတိုင်း လိုက်နေဆဲဖြစ်သည့် အချို့သောအရာရှိဆိုးများနှင့်ပြတ်ပြတ်သားသားလမ်းခွဲစေချင်သည် ။ NLD အစိုးရအဖွဲ့ ဝင်များနှင့်လွှတ်တော်အမတ်များသည် ဒေါ်အောင်ဆန်းစုကြည်ထံမတင်ပြရလျှင်ဘာမှ ကိုယ့်ဘာသာမလုပ်ဝံ့ကြသော ကျောင်းထိုင်ဆရာတော်ကြီးမသိပဲဘာမှမလုပ်ဝံ့သောကိုရင်လေးတွေလိုပြုမူနေကြတာတွေပြင်စေချင်သည် ။ ပါတီနှင့်အစိုးရမသဲကွဲပဲ ပါတီခေါင်းဆောင်ဆိုသူက အစိုးရအဖွဲ့ကို ၀င်ရောက်စွက်ဖက်အမိန့် ပေးညွှန်ကြားနေတာတွေ ပြင်စေလိုသည် ။ တကယ်တော်သောဝန်ကြီးတွေကိုခန့်စေလိုသည် ။တကယ်တော်သော အမတ်လောင်းတွေကိုရွေးစေလိုသည် ။ ငါတို့တော်လို့ တတ်လို့ ဒီနေရာရောက်လာခြင်းထက် ဒေါ်အောင်ဆန်းစုကြည်မျက်နှာနှင့် ဒီနေရာရောက်လာကြတာပါလားဟု အမှန်အတိုင်းမြင်ကြစေလိုသည် ။ဒါဆိုလျှင် ၂၀၂၀ တွင် အခြေအနေကောင်းနိုင်မည်ဖြစ်သည် ။ ၂၀၁၇ မုန့် စာကျောင်းဆင်းချိန်ခေါင်းလောင်းကြီးကတော့ ခေါက်ပြီးသွားပြီ ။ အပြီးသတ်ခေါင်းလောင်းကြီးနောက်သုံးနှစ်တွင်လာပါလိမ့်မည် ။နိုင်ချင်လျှင်ပြင်စေသတည်း။
သရ၀ဏ်(ပြည်)
စောင့်ကြည့်ဂျာနယ်
၇.၄.၂၀၁၇

Saturday, April 8, 2017

သင်္ကြန်ပွဲ (၁)

#သင်္ကြန်ပွဲ (၁)
ရေးသူ - ဒေါ်အောင်ဆန်းစုကြည်
မြန်မာပြည်က ဧပြီလရဲ့ရက်စက်မှုကတော့ နေရဲ့ ချစ်ချစ်တောက်အပူရှိန်နဲ့ ၀င်းဝင်းတောက်ထိန်နေတဲ့ အလင်းရောင်နဲ့ဆိုင်ပါတယ်။ လူတွေရဲ့ အင်အားတွေ၊ စွမ်းအားတွေကို ယုတ်လျော့အားနည်းစေတဲ့အတွက် ကွဲအက်နေတဲ့မြေကြီးပမာ တစ်ကိုယ်လုံးပူချစ်နေပြီး ပင်ပန်းနွမ်းနယ်စေ ပါတယ်။ ဒီလိုပူပြင်းခြောက်သွေ့တဲ့လမှာပဲ ကျွန်မတို့မြန်မာလူမျိုးတွေ ရဲ့ နှစ်သစ်အချိန်ကျရောက်ပါတယ်။ ပူပြင်းခြောက်သွေ့မှုနဲ့ လိုက်ဖက်ညီစွာပဲ နှစ်သစ်ကူးအခါသမယကို ရေသဘင်ပွဲခင်းပြီး ဆင်ယင်ကျင်းပကြပါတယ်။
ဒီပွဲတော်ရဲ့ နာမည်ကတော့ “သင်္ကြန်ပွဲတော်”ပါပဲ။ သင်္ကြန်ဆိုတာ ကူးပြောင်းခြင်းကို ဆိုလိုပါတယ်။ သင်္ကြန်မှာ မဟာ (ကြီးမြတ်သော) ဆိုတဲ့စကားလုံးကို တစ်ခါတစ်ရံ တွဲဖက်သုံးလေ့ရှိပါတယ်။ နှစ်ဟောင်း ကုန်လို့ နှစ်သစ်ကို ကူးပြောင်းတာဟာ ကြီးကျယ်တဲ့ပြောင်းလဲမှုဖြစ် တဲ့အတွက် ပွဲလမ်းသဘင်တွေ ဆင်ယင်ကျင်းပကြလို့ မဟာဆိုတဲ့ စကားလုံးကို သုံးတာ ဖြစ်ပါတယ်။ ဒါတင်မကပါဘူး။ ကျွန်မတို့တစ်တွေ “အတာ”(ပြီးဆုံးခြင်း)ဆိုတဲ့ စကားလုံးကိုလည်း သုံးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီပွဲတော်ဟာ နှစ်ဟောင်းရဲ့နောက်ဆုံးလေးရက် မှာကျင်းပပြီး အဲဒီမှာ အတာရေကို တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ပက်ကြလောင်းကြပါတယ်။ ဒီလို အပြန်အလှန်ရေ ပက်လောင်းကြတာဟာ ငြိမ်းချမ်းတဲ့အထိမ်းအမှတ်၊ သာယာဝပြော တဲ့ အထိမ်းအမှတ်၊ အညစ်အကြေးတွေကို ဖယ်ရှားပစ်တဲ့ အထိမ်းအမှတ်ပါပဲ။
သင်္ကြန်ပွဲတော်ရဲ့ပုံသဏ္ဍာန်ဟာ လွန်ခဲ့သောနှစ်ပေါင်း(၂၀၀)ကျော်လောက် ကစပြီး သိသိသာသာပြောင်းလဲလာပါတယ်။ ၁၇၉၅ခုနှစ်မှာ အိန္ဒိယဘုရင်ခံ ကစေလွှတ်လို့ အင်းဝမှာ သံတမန်အဖြစ်ဆိုက်ရောက်ခဲ့တဲ့ အင်္ဂလိပ်လူမျိုး Captain Symes က သူဝင်ရောက်ဆင်နွှဲခဲ့ဖူးတဲ့ သင်္ကြန်ပွဲ ကို ရေးသားဖော်ပြဖူးပါတယ်။
နှစ်ဟောင်းက အညစ်အနွမ်းတွေကို သန့်စင်ဖယ်ရှားဖို့၊ နှစ်သစ်မှာ မကောင်းမှုတွေက ကင်းဝေးစေဖို့ အမျိုးသမီးတွေဟာ အဲဒီနေ့မှာ တွေ့သမျှ အမျိုးသားတွေကို ရေပက်ကြပါတယ်။ အမျိုးသားတွေကလည်း အပြန်အလှန်အနေနဲ့ သူတို့ကို ရေပက်ခွင့်ရပါတယ်။ ဒီလိုခွင့်ပြုတာဟာ တစ်ဖက်သားကို မထိခိုက်စေဘဲ ပျော်ရွှင်မှုကို များစွာဖြစ်ပေါ်စေပါတယ်။ အထူးသဖြင့် ရေဖလားတွေနဲ့ လမ်းတစ်လျှောက် တွေ့သမျှ အမျိုးသားတွေ ကို ရေပက်ကြတဲ့ အမျိုးသမီးငယ်လေးတွေဟာ သူတို့ကိုယ်တိုင်ပြန်ပြီး စိတ်နှလုံးထားကောင်းနဲ့ ရေပက်တာကို ခံရတဲ့အခါမှာ ပျော်ရွှင်ကြ ပါတယ်။
ဒီလိုရေပက်ကစားကြတဲ့အခါမှာရော၊ တခြားပျော်ရွှင်မှုတွေမှာရော၊ မယဉ်ကျေးတဲ့အမူအရာကို နည်းနည်းလေးမှ ထုတ်ဖော်မပြကြပါဘူး။ ညစ်ပတ်တဲ့ရေနဲ့ ဘယ်တော့မှ မပက်ကြပါဘူး။ အမျိုးသားအနေနဲ့ အမျိုးသမီးကို ကိုယ်ထိလက်ရောက် ကိုင်တွယ်ခွင့်မရှိပါဘူး။ ဒါပေမဲ့ သူစိတ်ကျေနပ်သလောက် ရေလောင်းခွင့်ရှိပါတယ်။ ဒါတောင် အမျိုးသမီးကစပြီး ရေလောင်းမှသာ ဖြစ်ပါတယ်။ အမျိုးသမီးတွေကို ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံတဲ့ခေတ်တုန်းက အမျိုးသမီးတွေက သာ စပြီး ရေလောင်းခွင့်ရှိတယ်ဆိုတာ ယခုအခါမှာတော့ ပျောက်ကွယ်သွားတာ ကြာပါပြီ။
ဒီကနေ့မှာတော့ ရေအားပြင်းပြင်းထွက်ဖို့ ရေပိုက်တွေမှာ
ခေါင်းသေးသေးလေးတွေတပ်ပြီး ပက်ကစားကြတာတွေ ဟာ ရေပြွတ်တွေ၊ ရေဖလားတွေနဲ့ ပက်ကစားကြတဲ့နေရာတွေမှာ အများကြီးအစားထိုးဝင်ရောက်နေပါပြီ။ သက်ကြီးရွယ်အို မြန်မာလူကြီးများက သင်္ကြန်ပွဲတော်ကာလမှာ မယဉ်ကျေးတဲ့အမူအရာကို နည်းနည်းလေးမှ ထုတ်ဖော်မပြရဘူးဆိုတဲ့စကားဟာ လုံးဝမရှိတော့ဘူးဆိုတာကို ၀မ်းနည်းစွာနဲ့ ပြောဆိုနေကြပါပြီ။ အထူးသဖြင့် အလွန်အကျွံ အရက်သောက်သုံးခြင်းဟာ သင်္ကြန်ပွဲနဲ့အတူ တွဲဖက်ပါလာကတည်းကပါပဲ။ ယခုခေတ်မှာတော့ လမ်းထောင့်တွေမှာ ယာယီမဏ္ဍပ်တွေ ထိုးပြီး ရေပက်ကစားကြ၊ အဆိုအကတွေနဲ့ ဖျော်ဖြေတင်ဆက်လာကြပါပြီ။ ကားတစ်စီးအပြည့်နဲ့ အပျော်ရေပက်ခံထွက်ကြတဲ့သူတွေကလည်း တစ်လမ်းဝင်တစ်လမ်းထွက်နဲ့ ရေစိုရွှဲပြီးရင်း စိုရွှဲလာကြသလို၊ တချို့ကျတော့ မူးပြီးရင်း ပိုမူးလာကြပါတော့တယ်။
သင်္ကြန်ပွဲအတွင်း ရေပက်ခံထွက်တဲ့သူ အများအပြားဟာ ပျော်ရွှင်ဖို့အတွက် ကားနဲ့လျှောက်လည်ရင်း လွတ်လွတ်လပ်လပ်ကြီး အရက်သောက်ခဲ့ကြတာ ထင်ရှားပါတယ်။ ဒီလို အရက်မူးပြီး အပျော်ထွက်လည်တဲ့သူတွေဟာ တစ်ခါတလေ ဒေါသထွက်အောင် ပြောဆိုတာတွေ၊ ရိုင်းစိုင်းကြမ်းတမ်းတဲ့ အပြုအမူတွေ ပြုလုပ်လာတဲ့အခါ ရန်ဖြစ်ကြပါတယ်။ နှစ်သစ်အခါသမယ မှာ စောင့်ထိန်းရမယ့် ရိုးရာအစဉ်အလာစိတ်ဓာတ်ဖြစ် တဲ့ ဒေါသမထွက်ရဘူးဆိုတဲ့ စိတ်ဓာတ်ကို မထိန်းသိမ်းနိုင်ကြတော့ပါဘူး။
အပျော်လွန်တဲ့အခါ ရှောင်လွှဲလို့မရတဲ့ ရန်ပွဲတွေဖြစ်ရုံမက မတော်တဆ ယာဉ်တိုက်မှုတွေ ဖြစ်ပွားပြီး အသက်ဆုံးရှုံး၊ ခြေလက်တွေကျိုးပဲ့၊ ထိခိုက်ဒဏ်ရာ ရတဲ့အထိ ဖြစ်တာတွေဟာ နှစ်တိုင်းပါပဲ။
ဒေါ်အောင်ဆန်းစုကြည်
Eternal Light Magazine

တနင်္သာရီတိုင်းအတွင်းရှိ ပုဂ္ဂလိကပိုင်ကျွန်းများ ပုံစံ ၇ ရှိလျှင် ရောင်းလိုက ရောင်းနိုင်ကြောင်း တိုင်းသယံဇာတဝန်ကြီးပြော


==================
==================
တနင်္သာရီတိုင်းဒေသ ကြီးရှိ ကျပ်သိန်းပေါင်း သောင်း နှင့်ချီတန်ဖိုးရှိသော ကျွန်းအများစု အနက် တစ်ဦးတစ်ယောက်တည်းကပိုင်သော ကျွန်းများကို ပုံစံ ၇ ရှိပါက ရောင်းချလိုပါက ရောင်းနိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီး ဦးမြင့်မောင်က ပြော သည်။
တနင်္သာရီတိုင်းဘက်ရှိ ကျွန်းအများစုတွင် ဥယျာဉ်ခြံမြေ ပုံစံ (၇)ရရှိထားသော ဘိုးဘွားပိုင် ကျွန်းများရှိပြီး ရောင်းချခွင့်၊ ပေါင်နှံခွင့် ပေးသော်လည်း နိုင်ငံခြား သားများအား ရောင်းချခွင့်မပြု ထားကြောင်း ၎င်းက ပြောသည်။
ထို့ကြောင့် တနင်္သာရီတိုင်း ဒေသကြီးရှိ ကျွန်းများ အရောင်း အဝယ်ပြုလုပ်ခြင်းကို နောက်ပိုင်း တွင် စိစစ်နိုင်ရန် ကျွန်းတစ်ကျွန်း ချင်းစီ၏ ရာဇဝင်ကို သေချာစွာ လေ့လာစုံစမ်းမည်ဖြစ်ကြောင်း ဦးမြင့်မောင်က ပြောသည်။
ယခုရက်ပိုင်းတွင်း တနင်္သာ ရီတိုင်းမှ ကျွန်းတစ်ကျွန်းဖြစ်သော ဥယျာဉ်တောင်ကျွန်းကို ငွေကျပ် သိန်းနှစ်သောင်းဖြင့် ရောင်းချရန် အေးချမ်းမြေ အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းက စတင်ကြော်ငြာ ခဲ့ရာမှ စိတ်ဝင်စားသူအမြောက် အမြားရှိခဲ့သည်။
‘‘အဲဒီကျွန်းရဲ့ ပိုင်ရှင်က ကျွန်မတို့ကုမ္ပဏီကို လာအပ်ထား လို့ အခုလို ကြော်ငြာတင်ပေး လိုက်တာပါ။ ရောင်းမယ့်သူဘက်မှာ သူတို့ပိုင်ဆိုင်ကြောင်း ပြည့် ပြည့်စုံစုံ စာရွက်စာတမ်းတွေရှိပါ တယ်။ အဘိုးအဘွားလက်ထက် ကတည်းက ပိုင်လာတဲ့ကျွန်းလို့ ပြောပါတယ်။ အဲဒီနားက ကျွန်း တွေလည်း မကြာခဏအရောင်း အဝယ်ဖြစ်နေတယ်လို့ ရောင်း မယ့်သူက ကျွန်မတို့ကို ပြောပြပါ တယ်’’ဟု အေးချမ်းမြေအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း မန်နေ ဂျင်းဒါရိုက်တာ မသက်ထားက ပြောသည်။ အဆိုပါကျွန်းကို ရောင်းချ ရန် ကြော်ငြာတင်ပြီး နောက်ပိုင်း တွင် စိတ်ဝင်စားသဖြင့် ဝယ်ယူ ရန် လာရောက်မေးမြန်းသူ လေး ဦးခန့်ရှိပြီး အရောင်းအဝယ်ကိစ္စ အတွက် ပိုင်ရှင်နှင့် ရက်ပိုင်းအ တွင်း တွေ့ဆုံပေးရန် စီစဉ်နေ ကြောင်း ၎င်းက 7Day Daily အားပြောကြားသည်။
၂၀၁၆ ကလည်း တနင်္သာရီ တိုင်း ဘုတ်ပြင်းမြို့နယ်အနီးရှီ (ဗ)ကျွန်း အမည်ရှိသော ကျွန်းကို ဒေါ်လာနှစ်သန်းဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ဖူးကြောင်း ၎င်းက ပြောသည်။
ကျွန်းအများစုသည် လေ ယာဉ် ကွင်းတည်ဆောက်ခွင့်မရှိ သော်လည်း ရဟတ်ယာဉ်ကွင်း တည်ဆောက်နိုင်ပြီး အပန်းဖြေ လုပ်ငန်းများဖြစ်သည့် ဟိုတယ်လုပ်ငန်းနှင့် အခြားစီးပွားရေးလုပ်ငန်းများကို ကောင်းမွန်စွာ လုပ်ကိုင်နေသောကြောင့် ယင်းကျွန်း များကို ဝယ်ယူရန် စိတ်ဝင်စားသူ အမြောက်အမြားရှိကြောင်း မသက်ထားက ဆိုသည်။
===========
7Day News Journal
ကူးယူဖော်ပြပါသည်
အားမာန်သစ် အားမာန်သစ်သစ်

"သူတောင်းစား နဲ့ ဘုန်းကြီး "


ဆရာတော်အစဉ်အဆက်က ပြောပြခဲ့တဲ့ ဓမ္မပုံ ဝတ္တုလေးတစ်ပုဒ်ကို အရင်ပြောရအောင်ပါ ။
တစ်ခါတုန်းက ဘုန်းကြီးကျောင်းတစ်ကျောင်းကို သူတောင်းစားတစ်ယောက် ရောက်လာပါတယ် ။
ကျောင်းပေါ်ရောက်တော့ ကျောင်းထိုင်ဘုန်းကြီးကို အသင့်တွေ့တာနဲ့ . .

"ဘုန်းကြီးဘုရား , ဆွမ်းကျန်လေးများရှိရင် စွန့်ပါ ဘုရား"
ဒီတော့ ကျောင်းထိုင်ဘုန်းကြီးက. . .
"မင်းမှာ ခြေ,လက် အကောင်းကြီး ,ကိုယ့်ဟာကိုယ် လုပ်စားပါလား ? ဘာဖြစ်လို့ တောင်းစားနေရတာလဲ ? သွား မပေးနိုင်ဘူး , အခု ဆင်းသွား " လို့ ခပ်ငေါက်ငေါက်လေး ပြောလိုက်ပါတယ် ။
သူတောင်းစားက ချက်ချင်းမဆင်းသေးဘဲ လက်အုပ်ကလေး ချီပြီး. .
"ဘုန်းကြီးဘုရား , တပည့်တော် အခုပဲ ဆင်းပါ့မယ် ဘုရား ၊ မဆင်းခင် လင်္ကာလေးနဲ့ ကန်တော့ပြီး ဆင်းပါရစေဘုရား"
ဘုန်းကြီးကလည်း ဆွမ်းစားခါနီးနေပြီဆိုတော့ " မင်းကန်တော့မှာဖြင့် မြန်မြန်ကန်တော့ , ကန်တော့ပြီးရင် ဆင်းတော့" လို့ ခပ်မာမာလေး ထပ်ပြောလိုက်တယ် ။
သူတောင်းစားလည်း စောင့်ကြောင့်ကလေးထိုင် ၊ လက်အုပ်ကလေး ချီပြီး . . .
-ရှေးကကောင်းလို့ ခုကောင်းပါသည် ၊
-ခုကောင်းရင် နောင်ကောင်းပါလိမ့်မည် ၊
-ရှေးကမကောင်းလို့ ခုမကောင်းပါသည် ၊
-ခုမကောင်းရင် နောင်မကောင်းပါလိမ့်မည်။"
လို့ ဆိုပြီး ကန်တော့လိုက်ပါတယ် ။ ကန်တော့ပြီး ပြန်ဆင်းမယ်လည်း လုပ်ရော ဘုန်းကြီးက. .
" ဟဲ့ . . ကိုရင် လာစမ်း ၊ ဟိုပြင်ထားတဲ့ ဆွမ်းအုပ် ထဲက တစ်ယောက်စာ လုံလုံလောက်လောက် ထည့်ပေးလိုက်" လို့ ပြောလိုက်ပါတော့တယ် ။
သူတောင်းစားလည်း ဆွမ်းထုပ်ရသွားတော့ ပြုံးပြုံးနဲ့ ကျောင်းပေါ်က ဆင်းသွားပါတယ် ။
------------------------------------------------
သူတောင်းစား ဆိုသွားတဲ့ လင်္ကာလေးက သိပ်ကို တာသွားတာပါ ။ ဒီလင်္ကာလေးကို အခြေခံပြီး အတွေးလေးချက် တွေးလို့ ရပါတယ် ။
ရှေးက ကုသိုလ်ကောင်းမှုတွေ ပြုခဲ့လို့ အခုဘဝ ကောင်းနေတယ် ။ ခုဘဝ ကုသိုလ်ကောင်းမှုတွေ ဆက်ပြုနေရင် နောင်ဘဝလည်း ဆက်ကောင်း နေဦးမယ် ။
ရှေးက ကုသိုလ်ကောင်းမှု မပြုခဲ့လို့ အခုဘဝ မကောင်းဘူး ။ ခုဘဝ ကုသိုလ်ကောင်းမှု ဆင့်ကာဆင့်ကာ ပြုနေရင် နောင်ဘဝ ကောင်းမှာပဲ ။
စိတ်နေစိတ်ထားဘက် လှည့်တွေးမယ် ဆိုရင်လည်း ရှေးဘဝ စိတ်ထားကောင်းလို့ ခုဘဝ ကောင်းနေတယ် ။ ခုဘဝ စိတ်ထား မကောင်းရင် နောင်ဘဝ မကောင်းဦးမှာပဲ ။
အတွေးလေးချက်က ဆင့်ပွား ထွက်လာတာပါ ။
---------------------------------------------
လူဆိုတာ သူ့ကံနဲ့သူ ၊ ကိုယ့်ကံနဲ့ကိုယ်ပါ ။
ဥပမာ . . .ဌာန ၊ ရုံး ၊ ကုမ္ပဏီတစ်ခုမှာ ကိုယ့်ထက် သာနေတဲ့လူ ဆိုတာ ရှိနေတတ်ပါတယ် ။
တကယ်တော့ ကိုယ့်ထက် သာနေတဲ့ သူတပါးရဲ့ ကံကို အားကျရမှာပါ ။ မနာလိုရမှာ မဟုတ်ပါဘူး ။ မနာလိုတဲ့စိတ် ဖြစ်နေတာဟာ ကိုယ့်ရဲ့ အတွေးအခေါ် မှားနေတာပါ ။
ကိုယ့်ထက်သာတဲ့လူနဲ့တွေ့တဲ့အခါ နှလုံးသွင်း မှန်ဖို့ သိပ်အရေးကြီးပါတယ် ။ နှလုံးသွင်းမှားရင် နစ်သထက် နစ်သွားပါလိမ့်မယ် ။
နှလုံးသွင်းမှန်ဖို့ကတော့ သိပ်မခက်လှပါဘူး ။ အထက်က လင်္ကာလေးကို ပြန်အာရုံပြု လိုက်ရုံပါပဲ ။
----------------------------------------------
"သြော်. . . သူက ရှေးကကောင်းလို့ ခုကောင်းနေတာ ၊ ငါက ရှေးက မကောင်းလို့ ခု မကောင်းနေရတာ ။ သူ့လို ကောင်းအောင် ခုဘဝမှာတော့ ကောင်းအောင်ပဲနေမယ် ။ " လို့ နှလုံးသွင်းပြီး ကုသိုလ်ကောင်းမှုတွေ ဆင့်ကာ ဆင့်ကာ ပြုနေဖို့ပါပဲ ။
ကုသိုလ်ဆိုလို့ ကျောင်းကြီးတွေ ဆောက်လှူမှ ကုသိုလ်ရတာ မဟုတ်ပါဘူး ။
မနက်အိပ်ယာထတာနဲ့ ဂုဏ်တော်လေးပွား ၊ မေတ္တာလေးပွား ၊ ဝိပဿနာလေး ပွားနေလိုက် ရင်လည်း ပိုက်ဆံမကုန်ဘဲ ကုသိုလ် ဖြစ်နေတာပါ ။
နောက်ငါးပါးသီလကို နေ့စဉ်အထူး စောင့်ထိန်းပြီး ရှစ်ရက် , ဆယ့်ငါးရက် ဥပုသ်နေ့ တွေမှာလည်း ရှစ်ပါးသီလ , ကိုးပါးသီလတွေကို ဝတ်တစ်ခုလို စောင့်ထိန်းသွားမယ် ၊ ကိုယ့်ရဲ့ စိတ်ဓါတ်ကိုလည်း မြင့်မြတ်အောင် တည်ဆောက် သွားမယ်ဆိုရင် မကြာခင်အချိန်မှာ ကိုယ်မျှော်လင့်တဲ့ ကောင်းကျိုးတွေ ရလာမှာပါ ။
-------------------------------------------
နောက်တစ်ခု သတိရတာ ပြောရရင် စာထဲမှာ အဆင့်လေးဆင့် ပြထားတယ် ။
ပထမအဆင့်က ဗဟုသုတဖြစ်အောင် တရားနာပါ ။
ဒုတိယအဆင့်က ဖတ်ထားတဲ့ တရားထဲ စာထဲက ဆောင်သင့်ဆောင်ထိုက်တာကို ဆောင်ထားပါတဲ့ ။
တတိယအဆင့်က ဆောင်ထားတဲ့တရားထဲက ကြံစည်စဉ်းစားပါတဲ့ ။
စတုတ္ထအဆင့်က ကြံစည်စဉ်းစားရုံတင် ရပ်မထားဘဲ လက်တွေ့အသုံးချပါတဲ့ ။
လူဆိုတာ တစ်ဦးတစ်ယောက်ထဲ ရပ်တည်လို့ မရတာ ဆိုတော့ ပတ်ဝန်းကျင်ဆိုတာ သေသည်အထိ ရှိနေမှာပါပဲ ။ ပတ်ဝန်းကျင်ကို အမှီပြုပြီး ခံစားချက် မျိုးစုံ ဝင်လာမှာပါပဲ ။
ပတ်ဝန်းကျင်ကို မှီပြီး ခံစားချက် ဝင်လာရင် နှလုံးသွင်း မှန်ဖို့ သိပ်အရေးကြီးပါတယ် ။
ဘာပဲပြောပြော ကိုယ့်ထက်သာတဲ့ တစ်ယောက်နဲ့ ကြုံပြီး မနာလိုစိတ် ဝင်ခဲ့ရင်တော့ အောက်ပါလင်္ကာလေးကို တိုးတိုးလေးသာ ရွတ်ကြည့်လိုက်ပါတော့. . .။
ရှေးကကောင်းလို့ ခုကောင်းပါသည်
ခုကောင်းရင် နောင်ကောင်းပါလိမ့်မည်
ရှေးကမကောင်းလို့ ခုမကောင်းပါသည်
ခုမကောင်းရင် နောင်မကောင်းပါလိမ့်မည်
------------------------
ကျမ်းကိုး
သဗ္ဗမင်္ဂလဓမ္မဒေသနာ ( အရှင်ဝါသဝါဘိဝံသ)
ရဝေနွယ်-အင်းမ (အတွေးများနှင့် မိတ်ဖွဲ့ခြင်း )
( စာ-၂၃-၂၈ )
Credit - ဓမ္မ နှစ်သက်သူ

သန်းစိုး(ခ)ရဲရင့် ၏ ပြန်ပြောင်းပြောပြချက်


ဒီအ​ကြောင်းအရာဟာ မြန်​မာမာ့ဒီမိုက​ရေစီ အ​ရေးမှာ ၈၈ အ​ရေးအခင်​ ​နောက်​ပိုင်း RIT ​ကျောင်းသား တစ်​​ယောက်​ ပါဝင်းလုပ်​ရှားခဲ့တဲ့ ကမ္ဘာ​ကျော်​ အဖြစ်​အပျက်​တစ်​ခုပါ ။ သူ့ရဲ့ လုပ်​​ဆောင်​ချက်​​ကြောင့်​ မြန်​မာ့ဒီမိုက​ရေစီအ​ရေးကို ကမ္ဘာက ဂရုပြုမိလာတယ်​ ဆိုရင်​ မှားမယ်​ မထင်​ပါဘူး...

သမိုင်းကိုသိ​စေချင်​လို့ မျှ​ဝေ​ပေးပရ​စေ..

၁၉၈၉ ခုနှစ် မြန်မာ့လေကြောင်းပိုင် လေယာဉ်တစ်စီးအား ဆပ်ပြာတုံးတစ်တုံးကို ဗုံးပုံစံအတုပြုလုပ်​၍ ထိုင်းနိုင်ငံသို့ လမ်းကြောင်းပြောင်း ဆင်းသက်စေကာ မြန်မာ့ဒီမိုကရေစီအရေးကို နိုင်ငံတကာက အာရုံပြုစေခဲ့သူတစ်ဦးဖြစ်သော

သန်းစိုး(ခ)ရဲရင့် ၏ ပြန်ပြောင်းပြောပြချက်


အပိုင်း(၁)
ကျွန်တော့်အမည် သန်းစိုး ပါ။ ကျွန်တော့်ကို မြန်မာ အသိုင်းအဝိုင်း မှာ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုများနှင့် ပတ်သက်၍ ရဲရင့် လို့လည်း သိကြပါ တယ်။
၁၉၈၈ တွင် မြန်မာနိုင်ငံမှ လူထုဟာ  အထွေထွေ မကျေနပ်ချက်များကြောင့် မဆလ အစိုးရကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပြီး မြန်မာတစ်နိုင်ငံလုံးတွင် ဒီမိုကရေစီအရေးကို တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ ထိုအချိန်က ကျွန်တော်ဟာ နိုင်ငံရေး အတွေ့အကြုံ မရှိသေးသော ကျောင်းသားလူငယ်တစ်ဦးသာ ဖြစ်ပြီး ဤသမိုင်းဝင် ၈ လေးလုံး ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပါတယ်။ လူထုကြီးနှင့်အတူ နေ့စဉ် ငြိမ်းချမ်းစွာ လှည့်လည် ဆန္ဒပြမှုများတွင် လည်း ပါဝင်ခဲ့ ပါတယ်။
၁၉၈၈ စက်တင်ဘာ ၁၈ ရက်၌ သွေးထွက်သံယိုမှုများနှင့် စစ်အာဏာသိမ်းမှုအပြီး မှာ တော့ ကျွန်တော်ဟာ  ထိုင်း၊ မြန်မာ နယ်စပ် ဘက် သို့ တိမ်းရှောင်ကာ တောတွင်းမှ အစိုးရအား ဆန့်ကျင်လျက် ဒီမိုကရေစီအရေး ကို ဆက်လက် လှုပ်ရှားခဲ့ပါတယ်။ ထိုင်း ၊ မြန်မာ နယ်စပ်တွင် နေထိုင်စဉ် မှာ ကျွန်တော် ဟာ  တောတွင်းရောက် ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် အတူ အာဏာရှင်စစ်အစိုးရ ဆန့်ကျင်ရေး ၊ နိုင်ငံရေး လှုပ်ရှားမှုများကို ဆက်လက် ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံတွင် ဒီမိုကရေအပြောင်းအလဲများ ဖြစ်ပေါ်လာစေရေးအတွက် ကိုယ် တတ် စွမ်းနိုင်သမျှ အားထုတ်ခဲ့ပါတယ်။
စစ်အစိုးရကို ဆန့်ကျင်လိုသည့် မြန်မာလူထုတို့၏ ပြင်းပြသည့်စိတ်ဓာတ်နှင့် အင်အားကို မျက်မြင်ကိုယ်တွေ့ ကြုံဆုံခဲ့ရသဖြင့် မြန်မာ့ဒီမိုကရေစီအရေးအတွက် အကောင်းမြင်ပြီး  ( အလွန်ဆုံး) တစ်နှစ်လောက်ဖြင့် အိမ်ပြန်ကာ မိဘ ဆွေမျိုး သူငယ်ချင်းများနှင့် ပြန်လည်ကာ ပေါင်းဆုံနိုင် လိမ့် မည်ဟု ယုံကြည်ခဲ့ပါတယ်။ သို့သော် နိုင်ငံရေး အခြေအနေများဟာ မြန်မာပြည်တွင်း မှာ ရော ထိုင်းမြန်မာ နယ်စပ်ဧရိယာတွင်ပါ ကျွန်တော် မျှော်လင့်သည်ထက် များစွာ ဆိုးရွားခဲ့ပါတယ်။
၁၉၈၉ ခုနှစ် ဇူလိုင်တွင် မြန်မာ့ ဒီမိုကရေစီရေးလှုပ်ရှားမှုများ၏ ဦးဆောင်မှု ပုံရိပ်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ထိန်းသိမ်းလိုက်ပါသည်။ (ထိုအချိန်က အင်တာနက် မရှိသေးသဖြင့် ယနေ့ခေတ်ကဲ့သို့ သတင်းအချက်အလက်ကို လျှင်မြန် ကျယ်ပြန့်စွာ မရရှိနိုင်ချေ။) မြန်မာ နိုင်ငံတွင်း  တွင် ဖြစ် ပေါ် နေခဲ့ သော  အလွန်ဆိုးရွားသော ဖိနှိပ်ချုပ်ချယ်မှုများဖြစ်သည့် နိုင်ငံရေး အခြေအနေများအား နိုင်ငံတကာ လူ့အသိုက်အဝန်းမှ အာရုံစိုက်မှု များ လိုအပ်လာ ခဲ့ပါ တယ်။

ကျွန်တော်တို့ ဟာ  စစ်အာဏာရှင်ဆန့်ကျင်ရေးကို အရှိန်ဟုန်မြှင့်နိုင်ရန် အတွက်၊ မြန်မာ နိုင်ငံတော်တွင် နိုင်ငံရေးအရပြုပြင် ပြောင်းလဲမှု များ အဖြစ် ပေါ်ပေါက်လာစေရန် ၊  နိုင်ငံတကာဖိအား များ ကို စောင့်မျှော်ခဲ့ကြ ပါတယ်။ သို့သော်မြန်မာ နိုင်ငံတွင်း နိုင်ငံရေး အခြေအနေများ ဟာ ပိုမို၍သာ ဆိုးရွားလာ ခဲ့ ရပါ တယ်။ စစ်အာဏာရှင်များ ဟာ ဒီမိုကရေစီရေး လှုပ်ရှားမှုများကို ပို၍ပင်ရက်စက် ကြမ်းကြုတ်စွာ နှိပ်ကွပ်ပြီး ၊ စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်နိုင် ရေး အတွက် ကို ပိုမိုခိုင်မာကျစ် လစ် စွာ ဖွဲ့စည်း လုပ့် ဆောင် လာ ခဲ့ကြ ပါတယ်။ ထို့ပြင် ထင်ရှားသော မြန်မာ့ ဒီမိုကရေစီအရေး ဦးဆောင်ကြ သူများကို ဖမ်းဆီးခြင်း (သို့) တိုင်းပြည်မှ ထွက်ခွါ သွားရန် တွန်းအားပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြပါတယ်။

နိုင်ငံတကာ လူ့အသိုက်အဝန်းမှလည်း မြန်မာနိုင်ငံမှ ဖိနှိပ်မှုများကို အာရုံစိုက်မှုနည်းပါးခြင်း (သို့) လုံးဝနီးပါး အာရုံစိုက်မှု မရှိ တော့ခြင်း၊ မေ့ လျှော့  ထား ခံရခြင်း တို့ဖြင့်သာ ကြုံတွေ့ကြရပါတယ်။ မျှော်လင့်ချက်များ လျှော့ပါး ပျောက်ဆုံးလာခဲ့ကြရ ပါ တယ်။  အာဏာသိမ်း၊ စစ်ဘက်အရာရှိများ ဟာ  အကြွင်းမဲ့အာဏာကို ခိုင်မာစွာ တည် ဆောက် ခွင့် ကို ရရှိ လာခဲ့ ကြပါ တော့ တယ်။။
မြန်မာနိုင်ငံတွင်း မှ ဒီမိုကရေစီရေးလှုပ်ရှားမှုများကို လူမဆန်စွာ နှိပ်ကွပ် သတ်ဖြတ် နေ မှုများ ဟာ  တရုတ် နိုင် ငံ ရဲ့  Tiananmen Square မှ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံ ရ မှု၏ လွှမ်းမိုးမှု အောက်တွင် မှေးမှိန်သွား ရကာမြန်မာ့ ဒီမို ကရေစီ အရေးဟာ နိုင်ငံတကာ မီဒီယာများက  နေမေ့ပျောက်သွားခဲ့ကြရ ပါတယ်။  ဒါ့  ကြောင့် ကျွန်တော်တို့၏ တောတွင်း ယာယီစခန်းများ မှာ  ကျွန်တော်တို့ အချင်းချင်းအကြား မှာ နိုင်ငံတကာ မီဒီယာ ရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင် ရန် အတွက် ကို တစ်ဦးချင်းအနေဖြင့် မည် သို့  ငါ တို့ ဆောင်ရွက်နိုင်မည်ကို ဆွေးနွေးခဲ့ကြ ပါတယ်။ ထိုအချိန်မှာ  ကျွန်တော်ဟာ နယ်စပ်ရှိ တောတွင်း ယာယီစခန်းများ မှာ  တစ်နှစ်နီးပါး နေထိုင်နေခဲ့ပြီး ဖြစ် ပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအတွက် ကျွန်တော်တို့ အားလုံး၏ မျှော်လင့်ချက်များမှာ ဆုံးရှုံးတော့ မလိုဖြစ်လာ နေ တာ ကြောင့်၊  ကျွန်တော်နှင့် ရဲဘော်ရဲဘက်တဦး ဖြစ်သူ (ရဲသီဟ) တို့ဟာ မြန်မာနိုင်ငံ "ပြင်ပ" တွင် တစ် စုံ တခု့  ကို ထိုးဖေါက်  ဆောင်ရွက်ကြဖို့  ကို ဆုံးဖြတ်ခဲ့ကြပါတယ်။

 စစ်အာဏာရှင်များက မြန်မာပြည်တွင်းရှိ  မီဒီယာများ ကို သူတို့ စိတ် တိုင်းကျ ထိန်းချုပ်ထား တာ ကြောင့် မြန်မာပြည်တွင်း မှ ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို နိုင်ငံတကာ၏ အာရုံစိုက်မှုကို ပြည်တွင်းမှ ရ ယူ နိုင် ရန် မှာ မလွယ်ကူပေ။ ကျွန်တော်တို့ ၏ ဒီမိုကရေစီအရေး လှုပ်ရှားမှုများနှင့် စစ်အာဏာရှင်တို့၏ ရက်စက်ကြမ်းကြုတ်မှုများကို နိုင်ငံတကာက သိရှိပြီး ဖိအားပေးလာနိုင်ရန် လိုအပ်နေသည်ဟု ယူဆ လာပါတယ်။   ထို့ကြောင့် ကျွန်တော်တို့ ဟာ  နိုင်ငံတကာ၏ အာရုံစိုက်မှု များ ရရှိ နိုင် ရန်အတွက် မြန်မာမှ ထိုင်းသို့ သွားသည့် ပြည်တွင်း လေယာဉ်တစ်စီးအား ချောဆွဲရန် ဆုံးဖြတ်ခဲ့ကြ ပါတယ်။
 ကျနော် တို့ အနေဖြစ် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ နိုင် မှု အတွက်  ကျနော် တို့ ၏ နောက်ဆုံး ကြိုးစားအားထုတ်မှုအနေဖြင့် ကူညီခဲ့ ကြ ရန် ဆုံးဖြတ် ခဲ့ ကြပါတယ်။
ကျွန်တော်တို့ တွင် ယ္ခု့  လို အတွေ့အကြုံ၊ ငွေကြေး အထောက်အပံ့နှင့်  စံနှစ် တကျ လေ့ကျင့်သင်ကြားပေးမှု များ တစ်စုံတစ်ရာ မရှိခဲ့ သော်လည်း ကျွန်တော်တို့ ဟာ တောတွင်းစခန်းမှ ကျွန်တော်တို့၏ ဆောင်ရွက်ရန် အစီအစဉ်ကို ကြံမိကြံရာ ကြိုးပမ်းမှု တစ်ရပ်အနေဖြင့် ကျနော် တို့  ဘာ သာ ကျနော် တို့  မနား မနေ ကို  နည်းလမ်းရှာကြံခဲ့ကြ ရပါတယ်။

ထိုသို့ဆောင်ရွက်ရန် အစီအစဉ်ချခြင်းနှင့် ခရီးလမ်းကြောင်းရှာခြင်းများတွင် များစွာသော အခက်အခဲများကို ကျော်လွှားပြီးနောက် ကျွန်တော်တို့ မြန်မာနိုင်ငံတွင်းသို့ ကော့သောင်းမှတစ်ဆင့် ၁၉၈၉ အောက်တိုဘာ ၁ ရက်တွင် လျှို့ဝှက်စွာ ဝင်ရောက်နိုင်ခဲ့သည်။

အမှန်ဆိုလျှင် ကျွန်တော်တို့ ဟာ စစ် ထှောက်လှမ်း ရေး များ မှ ဖမ်းမိ သွား မည်ကို အလွန်ကြောက်ရွံ့နေမိ ပါတယ်။ သို့သော် ကျွန်တော်တို့ ရောက်ရှိနေသော အခြေအနေများက ကျွန်တော်တို့ ရဲ့ ဒီ အစီအစဉ်ကို မဖြစ်မနေ ဆောင်ရွက်ရန် တွန်းပို့ နေခဲ့ တယ် လို့  လည်း  ခံစားခဲ့ရ မိပါတယ်။  ကျွန်တော်တို့၏  လျှို့  ဝှက်  ဝင်ရောက်လာမှုကို စစ်ထောက်လှမ်းရေးများက နောက်ယောင်ခံ လိုက်နေ ကြ သည်ဟု လည်း ခံစားကြရ ပါတယ်။
မည်သို့ ပင် ဖြစ် စေကားမူ  ကျွန်တော်တို့ ဟာ  ၁၉၈၉ အောက်တိုဘာ ၆ရက် ညနေတွင် မြန်မာ ပြည်တွင်း လေယာဉ်တစ်စီးကို ထိုင်းနိုင်ငံသို့ ဆပ်ပြာဗူးတစ်ဗူးကို ဗုံးဟု လိမ်ညာလျက် အောင်မြင်စွာ လမ်းကြောင်းလွှဲနိုင်ခဲ့ ကြပါတယ်။
အစပိုင်းတွင် ခရီးသည်များမှာ အလွန်ကြောက်ရွံ့နေခဲ့ကြ ပါတယ်။  ရဲသီဟက ကျွန်တော်တို့ ဟာ တိုင်းပြည် လွတ်လပ်ရေးအတွက် ဆောင်ရွက်နေပြီး နယ်စပ်တောတွင်းစခန်းများတွင် နေထိုင် ခဲ့ ကြ သူ၊ ဒီမိုကရေစီရရှိရေး တက်ကြွလှုပ်ရှား နေကြ သူ၊  ကျောင်းသားများ ဖြစ်ကြောင်း ချက်ချင်း ရှင်းပြခဲ့ပါတယ်။

လေယာဉ် ခရီး သည် တွေ ဟာ ကျွန်တော်တို့၏ လုပ်ဆောင်မှု ရည်ရွယ်ချက်၊ နိုင်ငံရေးဆိုင်ရာ တောင်းဆိုမှု (၇) ချက်နှင့် လေယာဉ် ဟာ ယိုးဒယားနိုင်ငံ ဘန်ကောက် မြို့  သို့ ဦးတည်နေကြောင်း စသည် တို့ကို ကြားသိရပြီးနောက် မှာ တော့  စိုးရိမ်ပူပန်မှုများမှ သက်သာရာ ရပုံပေါ် လာ ပြီး ခရီးသည်များ ကလည်း ကျနော့် တို့ အပေါ်  စိတ်ချသွားကာ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြ ပါတယ်။

ထိုအချိန်တွင် ကျွန်တော်တို့ ဟာ အသက် အားဖြစ် ငယ်ရွယ်ပြီး၊  နိုင်ငံရေးအရ အတွေ့အကြုံနုနယ်လွန်း ပါသေးတယ်။ အင်္ဂလိပ် စကားပြော စွမ်းရည်မှာလည်း အလွန်အားနည်းပါသေးတယ်။ ကျွန်တော်တို့ လုပ်ဆောင်မှု၏ နိုင်ငံရေးဆိုင်ရာ ထုတ်ပြန်ချက်နှင့် အဆိုပြုမှုများကို အင်္ဂလိပ်ဘာသာဖြင့် ကျွန်တော်နှင့် ရဲသီဟတို့၏ သွေးလက်ဗွေများဖြင့် (၃) မျက်နှာရှည်လျှား အောင် ရေးသားထားသော်လည်း ထိုင်းအစိုးရ၏ ဖြန်ဖြေရေးအဖွဲ့နှင့် ဆက်သွယ်ရန် အင်္ဂလိပ် စကား မတတ်တတတ်ဖြင့် ပြောဆိုခဲ့ကြရ ပါတယ်။
ကျွန်တော်တို့၏ လုပ်ဆောင်မှုအတွင်း ခရီးသည်များနှင့် လေယာဉ် အမှု ထမ်း များ၏ ဘေးကင်းလုံခြုံမှုမှာ အရေးကြီးဆုံးဟု အစကတည်း က ခံယူ ထား ခဲ့ကြ ပါတယ်။ ထို့ကြောင့် ကျွန်တော်တို့ ဟာ လေယာဉ်မှူး၊ တွဲဖက် လေယာဉ်မှူးနှင့် လေယာဉ်မောင် (၂)ဦးဖြစ်သည့် လေယာဉ် အမှု ထမ်း များကို ထိန်းချုပ်ရန် မကြိုးစားခဲ့ ကြပါ။ ကျွန်တော်တို့က လေယာဉ် အမှု ထမ်း များနှင့် ခရီးသည်များကို ကျွန်တော်တို့ မည်သူဖြစ်သည်၊ လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်နှင့် ကျွန်တော်တို့ မည်သည့် နေရာသို့ သွားနေသည်ကို နား လည် အောင် ရှင်းပြခဲ့ ကြပါတယ်။  လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးတို့ အား လေယာဉ်မှူးအခန်းကို အပြည့်အဝထိန်းချုပ်မှုနှင့် လွတ်လပ်မှုတို့  ကို ပေး ထား ခဲ့ပြီး အကယ်၍ ကျွန်တော်တို့အား လှည့်စားကာ (ထိုင်းနိုင်ငံအစား) ရန်ကုန်သို့ ပျံသန်းခဲ့လျှင်ပင် ကျွန်တော်တို့ သိရှိခဲ့မည် မဟုတ်ချေ။
(ဆက်လက်ဖော်ပြပါမည်။)


သန်းစိုး(ခ)ရဲရင့် ၏ ပြန်ပြောင်းပြောပြချက်
အပိုင်း(၂)
လေယာဉ်မှူး၏ အဆိုအရ မြိတ်မှ ရန်ကုန် ပျံသန်းသည့် ခရီးစဉ်၏ ကုဒ် အမည်မှာ XYADW-Whisky ဖြစ်သည်။ လေယာဉ်အမည်မှာ F28 Fokker ဖြစ်သည်။ လေယာဉ် တွင် ခရီးသည် စုစုပေါင်း ၈၅ ဦး ပါရှိခဲ့သည်။ ၎င်းတို့ထဲမှ ကြည်းတပ်နှင့် ရေတပ်မှ ၂၅ ဦးနီးပါး ပါခဲ့သည်။
လေယာဉ်မှူးက ထိုင်း လေကြောင်းလိုင်း ထိန်းချုပ်ရေးနှင့် ဆက်သွယ်မှုများအားလုံးကို ဆောင်ရွက်ပေးခဲ့ပြီး ထိုင်း အစိုးရနှင့် ကျွန်တော်တို့အကြား ဘာသာပြန်အဖြစ် ကူညီခဲ့သည်။ သူ၏ ကူညီမှုနှင့် လမ်းညွှန်မှုသည် တန်ဖိုးမဖြတ်နိုင်လောက်အောင် ကြီးမားလေသည်။
ထိုင်းအာဏာပိုင်များ၏ တောင်းဆိုချက်အရ ကျွန်တော်တို့သည် လေယာဉ်ကို ဘန်ကောက်မြို့အစား U-Tapao ထိုင်းရေတပ် စခန်းတွင် ဆင်းသက်ရန် သဘောတူခဲ့သည်။ ထိုင်းအစိုးရ၏ တောင်းဆိုမှုမှန်သမျှကို ကျွန်တော် တို့ ကန့်ကွက်မှု မပြုခဲ့ချေ။ ထိုင်းရေတပ်စခန်းကို ည​နေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် လေယာဉ်ကို ဆင်းသက်ခဲ့သည်။
လေယာဉ် ဆင်းသက်ပြီး ထိုင်းမှ ဖြန်ဖြေသူများနှင့် ဆက်ဆံရေး တည်ဆောက်ပြီးနောက် ထိုင်းအစိုးရ ကိုယ်စားလှယ်တစ်ဦး လေယာဉ်ပေါ်သို့ ရောက်ရှိလာခဲ့သည်။ ကျွန်တော်တို့သည် မြန်မာ စစ်အစိုးရ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးနှင့် လုံခြုံရေးကောင်စီ (SLORC) ထံသို့ အချက် ၇ ချက်ပါသော နိုင်ငံရေး တောင်းဆိုမှု တစ်ခု ပြုခဲ့သည်။
(၁) ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်
(၂) နိုင်ငံရေး အကျဉ်းသားများကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်
(၃) စစ်ဘက်ဆိုင်ရာ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်ကို ပြန်လည် ရုတ်သိမ်းပေးရန်
(၄) စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များအားလုံး စစ်တန်းလျားပြန်ရန်
(၅) မြန်မာနိုင်ငံတွင် နိုင်ငံတော် ပြန်လည်ပေါင်းစည်းရေးကြိုးပမ်းမှုများကို တည်ဆောက်ရာ၌ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ အကောင်အထည်ဖော်မှုများကို ခွင့်ပြုရန်။ နိုင်ငံတော်၏ ဆယ်စုနှစ်များတိုင် ရှည်ကြာခဲ့သည့် တိုင်းရင်းသား ပြည်တွင်းစစ်များကို ဟန့်တားရပ်စဲရန်နှင့် တစ်နိုင်ငံလုံးအတွက် ရေရှည်ခံသော ငြိမ်းချမ်းရေးရရှိစေရန်၊
(၆) SLORC နှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူ အုပ်စုများအကြား နိုင်ငံရေးအရ ကျေအေးမှုကို ကမ္ဘာ့ကုလသမဂ္ဂ မှ စောင့်ကြည့်ကြီးကြပ်ခွင့်ပြုရန်
(၇) လူထုအတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် နှင့် လွတ်လပ်စွာ ထင်မြင်ယူဆခွင့် ပြုရေး အာမခံ ကတိပြုရန် တို့ဖြစ်သည်။
ကျွန်တော်တို့က ထိုသူကို ကျွန်တော်တို့၏ အချက် (၇) ချက်ပါ နိုင်ငံရေးတောင်းဆိုချက်များ ရေးသားထားသော စာရင်းကို SLORC ထံ လက်ဆင့်ကမ်းပေးရန် ပြောဆိုခဲ့ပြီး ကျွန်တော်တို့၏ လုပ်ဆောင်ချက်ကို ရှင်းပြခဲ့သည်။ ကျွန်တော်နှင့် ထိုင်းအစိုးရ အကြား ဆက်ဆံရေးဖြစ်မြောက်ရန် လေယာဉ်မှူးကို ကူညီ​ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။
ဗိုလ်ချုပ် Thienchai Sirisanpham (နောင်တွင် တော်ဝင်ထိုင်းအစိုးရ၏ ဒုတိယဝန်ကြီးချုပ်ဖြစ်လာသူ) သည် ကျွန်တော်တို့၏ ပထမဆုံး အဆက်အသွယ်ဖြစ်ခဲ့သည်။ လေယာဉ်အနီးဘေးတွင် ထိုသူနှင့် တွေ့ဆုံပြီးနောက် ကျွန်တော်တို့သည် ကလေးများ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အို ခရီးသည်များအားလုံးကို လေယာဉ်မှ ထွက်ခွာပြီး လေဆိပ်ထွက်ပေါက်သို့ သွားခွင့်ပြုရန် စီစဉ်ခဲ့ကြသည်။
ညဘက် ၁၀း၀၀ နာရီခန့်တွင် ဗိုလ်ချုပ် Thienchai Sirisanpham က SLORC မှ ကျွန်တော်တို့၏ အချက် (၇) ချက်ပါ နိုင်ငံရေး တောင်းဆိုချက်ကို လုံးဝပယ်ချလိုက်ကြောင်း ပြောခဲ့သည်။ SLORC မှ ပယ်ချမှုသည် ကျွန်တော်တို့အတွက် အဆန်းမဟုတ်ချေ။ ကျွန်တော်တို့ ဤလုပ်ရပ်အတွက် တောတွင်းစခန်းတွင် စီစဉ် စဉ်ကပင် ကျွန်တော်တို့၏ တောင်းဆိုမှုကို SLORC မှ သဘောတူမည် မဟုတ်ဟု ခန့်မှန်းထားပြီးဖြစ်သည်။ ကျွန်တော်တို့၏ ဤလုပ်ရပ်မှ အဓိက ရည်ရွယ်ချက်မှာ နိုင်ငံတကာ လူ့ အသိုက်အဝန်း၏ အာရုံစိုက်မှုကို နိုင်ငံတကာ မီဒီယာမှတစ်ဆင့် တတ်နိုင်သလောက် ဆွဲဆောင်ရန်ဖြစ်သည်။ မြန်မာပြည်တွင်း ဆိုးရွားသော ဖိနှိပ်ချုပ်ချယ်သည့် နိုင်ငံရေး အခြေအနေကို သိရှိစေရန်ဖြစ်သည်။
ကျွန်တော်တို့က ခရီးသွားများကို ကျွန်တော်တို့၏ နိုင်ငံရေး တောင်းဆိုမှုများကို SLORC မှ ပယ်ချကြောင်း ရှင်းပြပြီး ကျန်ရှိနေသေးသော ခရီးသွားများကို လေဆိပ်အ​ဆောက်​အဦးစီသို့ တစ်ဦးလျှင် (၇) မိနစ်ခြားစီ သွားခွင့်ပြု ခဲ့ကြသည်။ ခရီးသွားများ၊ လေယာဉ်ဝန်ထမ်းများနှင့် ဗိုလ်ချုပ် Thienchai Sirisanpham ကို ဤသို့ တစ်ယောက် (၇) မိနစ်ကြား လွှတ်ရသည့် နည်းလမ်းမှာ BBC(Burmese) နှင့် VOA(Burmese) တို့၏ မနက်ခင်း သတင်းထုတ်လွှင့်မှုကို စောင့်ဆိုင်းရန်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ဤလေယာဉ်၏ ဖြစ်ရပ်ကို ပြသပြီး နိုင်ငံတကာအသိုက်အဝန်းမှ အာရုံစိုက်မှု လိုအပ်နေသော တိုင်းပြည်၏ ကြောက်မက်ဖွယ်နိုင်ငံရေး အခြေအနေ အကြောင်း ကမ္ဘာကို အသားပေးဖော်ပြနိုင်ရန်အတွက် ဖြစ်သည်။
ဗိုလ်ချုပ် Thienchai Sirisanpham က အကြိမ်ကြိမ် ကြိုးစားသော်လည်း မြန်မာ သံအမတ်နှင့် သံရုံးဝန်ထမ်းများသည် ကျွန်တော်တို့နှင့် တွေ့ဆုံရန် ငြင်းဆန်ခဲ့ကြသည်။ ဗိုလ်ချုပ် Thienchai Sirisanpham က မြန်မာ သံအမတ်နှင့် သံရုံး ဝန်ထမ်းများကို ယင်းငြင်းဆိုမှုအတွက် စိတ်ပျက်ခဲ့သည်။ ဗိုလ်ချုပ် Thienchai Sirisanpham က သူသည် ကျွန်တော်တို့၏ ထိုင်းအစိုးရ ဖြန်ဖြေရေးအဖွဲ့နှင့် ပူးပေါင်းမှုကို အလွန်လေးစား ကြောင်း ပြောဆိုခဲ့သည်။
ဗိုလ်ချုပ် Thienchai Sirisanpham သည် သူဆန္ဒရှိသလို လေဆိပ်ထွက်ပေါက်နှင့် လေယာဉ် အကြား အသွားအပြန်ပြုနိုင်​​အောင်​ ခွင့်​ပြု​ပေးခဲ့ပါသည်​။ ကျွန်တော်တို့ တားမြစ်မှု မပြုခဲ့ချေ။ ကျွန်တော်တို့က သူနှင့် လေယာဉ်မှူးကိုပင် ကျွန်တော်တို့ ပါဝင်နားထောင်ခြင်းမရှိဘဲ သီးခြားစကားပြောဆိုရန် ခွင့်ပြုခဲ့သည်။
အောက်တိုဘာ (၇) ရက် မနက် (၂း၀၀) ခန့် အစောပိုင်းတွင် ဗိုလ်ချုပ် Thienchai Sirisanpham ကျွန်တော်တို့ကို The Nation သတင်းစာနှင့် Bangkok Post သတင်းစာတို့၏ မနက်ပိုင်းထုတ်ဝေမှုတွင် လေယာဉ် ဖြစ်ရပ်အကြောင်း ရှေ့မျက်နှာဖုံး ဇာတ်လမ်း၏ စာရွက်မိတ္တူကို ပြခဲ့သည်။ ထို့နောက်တွင် ကျွန်တော်တို့ လုပ်ဆောင်ချက် အဓိက ပန်းတိုင်ရောက်ရှိသွားသောကြောင့် လေဆိပ်ထွက်ပေါက်သို့ အနည်းငယ်သာ ကျန်ရှိသော ခရီးသည်များကို သွားခွင့်ပြုရန် သဘောတူခဲ့သည်။
ခရီးသည်များ လေယာဉ်မှ လေဆိပ်သို့ ထွက်ခွာသည့် အချိန်တိုင်းတွင် ကျွန်တော်တို့သည် ကျွန်တော်တို့၏ လုပ်ဆောင်ချက်များကြောင့် အဆင်မပြေဖြစ်ခဲ့ရခြင်းများအတွက် ခရီးသည် တစ်ဦးချင်းစီအား အနူးအညွတ် တောင်းပန်ခဲ့ကြသည်။
ယခုအခါ ဘဝအတွေ့အကြုံနှင့် ရင့်ကျက်မှု ပိုမိုရှိလာသော အရွယ်ရောက်သူတစ်ယောက်အနေဖြင့် ကျွန်တော်တို့သည် ခရီးသည် တစ်စုံတစ်ယောက်ကိုမျှ အန္တရာယ်ပြုရန် ရည်ရွယ်ခြင်းမရှိခဲ့သော်လည်း သူတို့၏ အသက်ဘေးအတွက် ခရီးစဉ်အတွင်းတွင် သေချာပေါက် ကြောက်ရွံ့ထိတ်လန့်စွာ နေရမည်ကို တွေးတိုင်း စိတ်မကောင်း ဖြစ်ရသည်။ ခရီးသည်များကလဲ ကျွန်​​တော်​တို့ နှင့်​ မြန်မာ့ ဒီမိုကရေစီရေးလှုပ်ရှားမှုအတွက် ဤခရီးစဉ် တစ်လျောက်တွင် အထောက်အကူ ဝိုင်းဝန်း​ပေးခဲ့ကြသည်။ သို့သော် ကျွန်တော်တို့၏ လုပ်ရပ်မှာ လေယာဉ်စီး ခရီးသည်များအတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်ခဲ့ရသည်ဟု တွေးမိတိုင်းမှာ ၀မ်းနည်း ခံစားရပါသည်။
ခရီးသည်များအားလုံး ​လေဆိပ်​အ​ဆောက်​အဦးသို့ ​ရောက်​သွားပြီး​နောက်​ လေယာဉ်မှူး၊ တွဲဖက်လေယာဉ်မှူး၊ ဗိုလ်ချုပ် Thienchai နှင့် ကျွန်တော်တို့ သည် လေယာဉ် ပြင်ပတွင် ရပ်လျက်ကျန်ရစ်ခဲ့ကြသည်။ ကျွန်တော်တို့သည် မည်သို့ ဆက်လက် ရမည်ကို မသိရှိဘဲ ကျွန်တော်တို့သည် နိုင်ငံရေး ခိုလှုံခွင့် (သို့) တစ်စုံတစ်ရာနှင့်ပတ်သက်သည့် အကြောင်းအရာများ အကြောင်း ကြံစည်ထားမှု မရှိခဲ့ချေ။ ကျွန်တော်တို့ ခံစားရသည်မှာ ကျွန်တော်တို့ နိုင်ငံအတွက် ကျွန်တော်တို့ လုပ်နိုင်သည်ကို လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ကျွန်တော်တို့၏ အပေါင်းပါ လုပ်ဖော်ကိုင်ဖက်များနှင့် မြန်မာ ပြည်သူများလည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအတွက် မပြီးဆုံးသေးသော တာဝန်ကို ဆက်လက် ထမ်းဆောင်မည်ဟူ၍ ယုံကြည်သည်။
ကျွန်တော်တို့၏ ဤ လုပ်ရပ်အတွက် နဂို အဆုံးသတ်အစီအစဉ်မှာ လုပ်ငန်းဆောင်တာများ အားလုံးပြီးစီးပါက လက်ကောက်ဝတ်ကို ခဲတံချွန်သည့် ဓားဖြင့် လှီးပြီး သေကြောင်းကြံရန်ဖြစ်သည်။ သို့မှသာ များစွာသော မြန်မာလူမျိုးများက မြန်မာနိုင်ငံကို ငြိမ်းချမ်းသည့် ဒီမိုကရေစီ ရရှိနိုင်ရန် ဆောင်ရွက်ခဲ့သည့် စွန့်လွှတ်မှုကို ဖော်ပြနိုင်မည်ဟု ယုံကြည်ခဲ့ကြသည်။ ထိုသို့ မလုပ်ဆောင်မီ ကျွန်တော်တို့သည် ထိုင်းအစိုးရကို ဗိုလ်ချုပ် Thienchai မှတစ်ဆင့် စာဖြင့် ရေးသားပြီး အချက် (၃)ချက် တောင်းဆိုခဲ့သည်။
ဆက်လက်ဖော်ပြပါမည်။



သန်းစိုး(ခ)ရဲရင့် ၏ ပြန်ပြောင်းပြောပြချက်
အပိုင်း(၃)
၁) ထိုင်းနိုင်ငံအစိုးရသည် မြန်မာလေယာဉ်ကို ထိုင်းနိုင်ငံတွင် သိမ်းဆည်းထားပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အစိုးရ ရရှိသည်ထိ ထိန်းသိမ်းထားရန်။
၂) မြန်မာခရီးသည်များ ထိုင်းနိုင်ငံတွင်ရှိနေစဉ် ထိုင်းအစိုးရက ကူညီ ထောက်ပံ့ပေးရန်။
၃) မြန်မာနိုင်ငံသို့ ခရီးသည်များ ပြန်သွားသောအခါ မြန်မာ စစ်ထောက်လှမ်းရေးတို့၏ စိတ် အနှောင့်အယှက်ပေးမှု မရှိစေရန် ထိုင်းအစိုးရက ခရီးသည်များ၏ ဘေးကင်း လုံခြုံမှုကို အာမခံရန် တို့ဖြစ်သည်။
ကျွန်တော်တို့သည် ထိုင်းအစိုးရက တောင်းဆိုချက် (၃) ခုလုံး (အထူးသဖြင့် ပထမဆုံး တောင်းဆိုချက်ဖြစ်သည့် လေယာဉ်ကို ထိုင်းနိုင်ငံတွင် ထိန်းသိမ်းထားရန်) ကို သဘောတူမည်ဟု မမျှော်လင့်ခဲ့ ကြပေ။ သို့သော် ဗိုလ်ချုပ် Thienchai က ကျွန်တော်တို့၏ တောင်းဆိုချက် (၃) ချက်ကို ချက်ချင်း သဘောတူညီခဲ့သည်။ သို့သော် ကျွန်တော်တို့ကို အသက်ဆုံးရှုံးရန် ကြံစည်ခွင့်ပြုမည်မဟုတ်ဘဲ ကျွန်တော်တို့သည် မိမိတို့ကိုယ်ကို သတ်သေမှု မပြုလုပ်မှသာလျှင် တောင်းဆိုချက် (၃) ချက်ကို သဘောတူမည်ဟု အပေးအယူပြုသည်။ လေယာဉ်မှူးကလည်း ဗိုလ်ချုပ် Thienchai နှင့် သဘောထား တူသည်။ မိမိကိုယ်ကို သတ်သေခြင်းကဲ့သို့သော အသုံးမဝင်သည့် လုပ်ဆောင်မှုမျိုး မပြုလုပ်ရန် ဖြောင်းဖျသည်။ ရဲသီဟနှင့် ဆွေးနွေးပြီးနောက် ကျွန်တော်တို့ သေကြောင်းကြံရန် အကြံအစည်ကို လက်လျော့ခဲ့ကြသည်။
လေယာဉ်မှူးနှင့် သူ၏ တွဲဖက်လေယာဉ်မှူးတို့အား ဤခရီးစဉ်အတွက် ခွင့်လွှတ်ပါရန် တောင်းပန်စကားဆိုကာ နှုတ်ဆက်ပြီးနောက်တွင် ကျွန်တော်တို့သည် ဗိုလ်ချုပ် Thienchai နှင့် လိုက်ပါခဲ့သည်။ သူက ကျွန်တော်တို့ကို လေဆိပ်​မှ မနက် (၄) နာရီခန့်တွင် ခေါ်ဆောင်သွားသည်။ ကျွန်တော်တို့သည် နိုင်ငံရေး ခိုလှုံခွင့် ကဲ့သို့ ထိုင်းအစိုးရ ထံမှ တစ်စုံတစ်ရာ တောင်းဆိုမှု မပြုခဲ့ချေ။ ကျွန်တော်တို့သည် ထိုင်း အာဏာပိုင်များထံ တောင်းဆိုခြင်း၊ မေးမြန်းခြင်း တစ်စုံတစ်ရာ မပြုဘဲ အလွယ်တကူ အဖမ်းခံခဲ့သည်။
(ဗိုလ်ချုပ် Thienchai က သူ၏ သ​ဘောတူညီမှုကို ချိုးဖျက်ကာ မြန်မာလေယာဉ်ကို မြန်မာနိုင်ငံသို့ အောက်တိုဘာ (၇) ရက်နေ့တွင် ပြန်လည်ပေးအပ်ခဲ့သည်။ သို့သော် နောင်အခါ ကျွန်တော်တို့ ပြန်ဆုံတွေ့ဖြစ်ချိန်တွင် သူ့ကို စောဒက မတက်ခဲ့ပါ။)
ဤသည်မှာ လွန်ခဲ့သော (၂၉) နှစ်က အဖြစ်အပျက်ဖြစ်သည်။
ကျွန်တော်တို့၏ လုပ်ဆောင်ချက်သည် ကျော်ကြားရန်မဟုတ်။ မြန်မာတမျိုးသားလုံးကိုယ်စား အာဏာသိမ်း စစ်အစိုးရကို ဆန့်ကျင်ခြင်းဟု ခံယူသည်။ စစ်အာဏာရှင်များကြောင့် ဖြစ်ပေါ်လာသည့် မြန်မာနိုင်ငံ၏ ဒုက္ခများကို နိုင်ငံတကာက သတိပြုမိစေရန် ဆောင်ရွက်ခြင်းဖြစ်သည်။ ဤသည်မှာ ငြိမ်းချမ်းပြီး အကြမ်းမဖက်သော နိုင်ငံရေး ကြိုးပမ်းမှု တစ်ခုဟု ယနေ့တိုင် ယုံကြည်ပါသည်။
လေယာဉ် အပိုင်စီးချိန်တွင် ကျွန်တော်သည် အသက် (၂၀) သာရှိသေးသည်။ မဆလ အစိုးရ၏ တံခါးပိတ်ဝါဒအောက် တစ်ဘဝလုံး ရှင်သန်ခဲ့ရ သောကြောင့် ပြင်ပကမ္ဘာမှ အသိပညာ ဗဟုသုတများနှင့် ကင်းကွာခဲ့သည်။ ကျွန်တော်၏ လုပ်ဆောင်ချက်ကြောင့် မည်သည့် အကျိုးဆက်များ ပေါ်ပေါက်လာမည်ကို မှန်ကန်စွာ ခန့်မှန်းနိုင်စွမ်း မရှိခဲ့ကြောင်း ၀န်ခံပါသည်။
ကျွန်တော်နှင့် ရဲသီဟ သည် တော်ဝင်ထိုင်းတရားရုံးမှ မတ်လ (၂၁) ရက် (၁၉၉၀) ခုနှစ်တွင် ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံခဲ့ရသည်။ သို့သော် ဤဖြစ်စဉ်တွင် နိုင်ငံရေးနှင့် အကြမ်းမဖက်သော သဘောသဘာဝ တို့ကြောင့် ကျွန်တော်တို့၏ အပြစ်ဒဏ်ကို တစ်ဝက်လျော့ချပေးခဲ့သည်။ ကျွန်တော်တို့ကို ထိုင်း တရားရုံးမှ နိုင်ငံရေး အရ ထိန်းသိမ်းခံရသူအနေဖြင့် (၃) နှစ်သာ နေထိုင်စေရန် ဆုံးဖြတ်ခဲ့ကြသည်။ ကျွန်တော်တို့ကို တော်ဝင်ထိုင်း ရဲတပ်ဖွဲ့ ကိုယ်ပိုင် လေ့ကျင့်သင်ကြားရေးကျောင်း၏ အထူး ထိန်းသိမ်းစောင့်ရှောက်ရေး စင်တာ (SDC) တွင် ထိန်းသိမ်း ထားရှိခဲ့ပြီး ပုံမှန် ထောင်သားများနှင့် ခွဲခြားထားခဲ့သည်။ ထိုင်းမိဘုရား၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် သြဂုတ် (၁၉၉၂) တွင် ကျွန်တော်တို့ လွတ်မြောက်ခဲ့သည်။
ကျွန်တော့်ကို ဤဖြစ်စဉ်တွင် ရဲရင့်ဟု သိရှိခဲ့ကြသည်။ သို့သော် ကျွန်တော်သည် မိမိဘာသာ သိုသိုသိပ်သိပ် သာ နေထိုင်ခဲ့ပြီး ကျွန်တော့်အမည်ကို ရဲရင့်ဟု အလွန် သုံးခဲသည်။ ကျွန်တော်သည် ပုံမှန် ၈၈ ဒီမိုကရေစီ အရေး လှုပ်ရှားသူ ပြည်နှင်ဒဏ်ခံရသူတစ်ဦး အနေဖြင့်သာ နေထိုင်လိုသည်။ ၈၈ ဒီမိုကရေစီအရေး လှုပ်ရှားသူ ပြည်နှင်ဒဏ်ခံရသူများနှင့် လုပ်ဖော်ကိုင်ဖက်များ အပေါင်းပါများနည်းတူသာ ဖြစ်လိုသည်။
UNHCR (ထိုင်းနိုင်ငံ ရုံးခွဲ) က ဘန်ကောက်တွင် ၁၉၉၅ ဒီဇင်ဘာ ၁၉၉၅ ၌ ကျွန်တော့်ကို Person of Concern အဖြစ် သတ်မှတ်ပေးခဲ့သည်။ ကျွန်တော်၏ UNHCR ဒုက္ခသည် အမှတ်မှာ NI-8000 ဖြစ်သည်။
ကျွန်တော့်ကို ထိုင်းအစိုးရမှ တာဝန်ယူ ဖွင့် လင့် ထားပြီး UNHCR မှ ထောက်ပံ့ ထား သည့် မြန်မာကျောင်းသားများစခန်းလုံခြုံသော ဧရိယာဟု ခေါ် သော (Burmese Student Safe Area) ဒုက္ခ သည် စခန်း သို့  ဝင် ရောက် စေခဲ့ ပြီး အမေရိကန်ပြည်ထောင်စု သို့  ပညာ တော် သင်စေလွတ်ခြင်း၊   အရွေး ခံ ခဲ့ ရပါသည်။ အမေရိကန် ပြည်ထောင်စု ၏ (USIA) မှ တာဝန်ယူကာ ၁၉၉၆ သြဂုတ် ၁၆ ရက်တွင် USA သို့ တရာဝင် ပညာတော် သင် ပို့ဆောင်ခံခဲ့ရသည်။
USIA မှ အာမခံပေး ပြီး နိုင်ငံရေး ခိုလှုံခွင့်လျှောက်ထားခဲ့သော်လည်း အမေရိကန်ပြည်ထောင်စုတွင် နေထိုင်ခွင့်ကို ပယ်ချခံရ သည်။ ၎င်းနောက် လူဝင်မှု ကြီးကြပ်ရေးနှင့် နိုင်ငံရေး ခိုလှုံခွင့် ဝန်ဆောင်မှုများ (INS) ၏ (၁၉၉၇) တစ်လခန့် ထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။
အမေရိကန်ပြည်ထောင်စု INS မှ လွတ်ပေး လိုက် သောအခါ ကျွန်တော်ကို အမေရိကန်ပြည်ထောင်စုတွင် ဆက်လက် နေထိုင်ရန် ခွင့်ပြုခဲ့ပါသည်။ ကျွန်တော်သည် US တက္ကသိုလ် တွင် ကျွန်တော်၏ တက္ကသိုလ်ပညာရေးကို ဆက်လက်သင်ယူခွင့် ရခဲ့ သော်လည်း အမေရိကားတွင် တိကျ  ရေရာသော တရားဝင် နေထိုင်ခွင့်မျိုး မရ ရှိခဲ့ပါ။
ကျွန်တော့်ကို US  INS အဖွဲ့  မှ ၂၀၀၂ ဇူလိုင် ၁၂ တွင်  နောက် ထပ့် တခါ  ပြန်လည်ဖမ်းဆီးခဲ့သည်။ ထိုအချိန်တွင် ကျွန်တော် သည် ဒုတိယဘွဲ့ အတွက် ပညာသင်ကြားရင်း အလုပ်လုပ်ကိုင်နေချိန်ဖြစ်သည်။ ကျွန်တော်သည် လူဝင်မှု ကြီးကြပ်ရေးမှ တစ်နှစ်ကျော် အကျဉ်းချခံရပြီး USA ရှိ ထောင်အတော်များများ သို့  ပို့ ဆောင် ချုပ့်နောင်ခြင်း ခံ ခဲ့ရ ပါသည်။ ကျွန်တော် သည် US ၌ နေထိုင် စဉ် ကာလ များ တွင် အမေရိကန် ဥပဒေ များ ကို တစ်စုံတစ်ရာ ချိုး ဖေါက်ခဲ့ ခြင်း ရာဇဝတ်မှု မှတ်တမ်းမရှိချေ။ ကျွန်တော့်ကို နာခံလိုက်နာရန် အလွန်တင်းကျပ်သော အခြေအနေများ စဉ်းကမ်း ချက်များ သတ်မှတ်ပေးပြီး အကျဉ်းချထားရာမှ လွှတ်ပေးခဲ့သည်။ ထိုသို့  သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့ စည်း များ မှ လိုက်နာရန် သတ်မှတ်ပေးသော စဉ်းကမ်း ချက်များ၊  အခြေအနေများအတွင်း တွင် လိုက်နာ  နေထိုင် ပါသော် လည်း  US အာဏာပိုင်များကလည်း ကျွန်တော့်ကို တစ်နည်းနည်းဖြင့် မူလတိုင်းပြည်သို့  ပြန်ပို့  ရန် နှင့် တခြားသူများကဲ့သို့   တရားဝင် လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ဘောင် တွင်းမှ ရရှိနိုင်သော အခြေခံ အခွင့် ရေးများ အနေဖြင့် တောင် လွတ်လပ့် အေးချမ်းစွာသွားလာ လှုပ့်ရှား  နေထိုင် ခွင့်မပြုခဲ့ ပါ။ 
ထို့ကြောင့်
၁) ကျွန်တော့်တွင် US ၌ တစ်စုံတစ်ရာ လေးနက်သော တရားဝင် လူဝင်မှု ကြီးကြပ်ရေး အဆင့် လုံးဝမရှိ။
၂) ကျွန်တော့်တွင် US ၌ ပြည်တွင်း( ခွင့် ပြု ကန့် သတ် နယ် မြေများ မှ အပ)၊  ပြည်ပခရီးသွားခွင့် လုံးဝ မရှိ။
၃) ကျွန်တော့်တွင် US ၌ ရွှေ့ပြောင်းဒုက္ခသည်အ ဖြစ်ခံယူ ခွင့် အခွင့်အရေး လုံးဝမရှိ။
၎) ကျွန်တော့်တွင် US ၌ တိကျ ခိုင်မာသည့် ဘဝ ရပ့် တည်မူ့  အခြေ အနေတခု့ (သို့ ) အဖြေ တစ်ခုရရန် ကျိုးကြောင်းဆီလျော်သော မျှော်လင့်ချက် လုံးဝ မရှိချေ။
US လူဝင်မှု ကြီးကြပ်ရေးမှ ချမှတ်သော  ပြစ်ဒဏ်မှ နောက် ဆုံး အကြိမ် လွှတ်ပေးပြီးနောက်တွင်၊  ကျွန်တော်သည် လွှတ်ပေးလိုက် ပြန်ဖမ်းလိုက် စိတ်ပျက် စရာ သံသရာကို အဆုံးသတ် နိုင် ရန် အတွက် ကနေဒါသို့ သူငယ်ချင်းအချို့၏ ကူညီ ထောက်ပံ့မှုဖြင့် ကနေဒါ နယ်စပ့် ကို တရားမဝင် ဖြတ် ကျော် ဝင်ရောက် ခဲ့သည်။ ဒုက္ခသည် ကာကွယ်ရေးခေါင်းစဉ် အောက်တွင် ကျွန်တော်သည် ကနေဒါ၌ ၂၀၀၃ နိုဝင်ဘာ ၂၈ မှစ၍ ခိုလှုံနေခွင့် ရခဲ့၏။
( US သို့ တက္ကသိုလ်​ တတ်​ခွင့်​ရရန်​ USIA မှ စီစဉ် ပေးလာ သော သူတို့ ၏ စီစဉ်တခု့ ​ သာဖြစ်​ပြီး မိမိမှ ​လျှောက်​ထားခဲ့ခြင်း မရှိခဲ့ပါ ။ တက္ကသိုလ်​ တတ်​​နေစဉ်​ ၂၀၀၁ စက်​တင်​ဘာ ၁၁ ရက်​တွင်​ အ​မေရိကန်​နိုင်​ငံက World Trade Center ကို ​လေယာဉ်​ ပြန်​​ပေးသမားများက ပြန်ပေးဆွဲ ကာ အကြမ်းဖက် တိုက်​ခိုက်​လိုက်​တဲ့ အကျိုးဆက်​​ကြောင့်​ US INS က ကျွန်​​တော်​ကို US တွင်​ ​နေထိုင်​ခွင့်​​ပေးရန်​ ဥပ​ဒေ​ကြောင်း ​အရ လုပ်​​ဆောင်​​ပေးရန်မည်သို့ မှ ​ မဖြစ်​နိုင်​​တော့ပါ။ )
ကနေဒါနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး အာဏာပိုင်များထံ ဒုက္ခသည်ကာကွယ်ရေး လျှောက်လွှာကို ၂၀၀၃ ဒီဇင်ဘာ (၄) ရက်တွင် ကျွန်တော် တရားဝင်တင်ခဲ့ ပါ သည်။ တရား မဝင် နယ်စပ့် ဖြတ် ကျော် ဝင်ရောက် လာမူ့ နှင့် ကျွန်တော့်ကို ကနေဒါ နိုင်ငံတွင် လူဝင်မှု ကြီးကြပ်ရေးက (၂) လ ထိန်းသိမ်းထားခဲ့ပါ သည်။ ကံ မကောင်း အကြောင်းမလှစွာဖြင့် ကျွန်တော်၏ ဒုက္ခသည် ကာကွယ်ရေး လျှောက်လွှာတင်မှုကို ( ဒုက္ခသည် အဖြစ် လျှောက် ထား မှု ကို ) ကနေဒါနိုင်ငံ၏ လူဝင်မှု ကြီးကြပ်ရေးနှင့် ဒုက္ခသည်များ ဘုတ်အဖွဲ့ (IRB) မှ ပယ်ချခြင်း ခံခဲ့ရ ပါသည်။ ကျွန်တော့်ကို သူတို့  လိုက် နာ စေလို သော အချို့အခြေအနေများအား နာခံလိုက်နာရန် သတ်မှတ်ပေး ပြီး အကျဉ်း ချ ထား ရာ မှ လွှတ်ပေးခဲ့ပါ သည်။ ကျနော့် ကို သူတို့  လိုက် နာ လုပ့် ဆောင် စေလို သော တချို့  ကန့် သန့်  ချက်များမှာ ၊  ဥပမာ- လစဉ် လူဝင်မှု ကြီးကြပ်ရေးရုံးမှ လူပုဂ္ဂိုလ်တစ်ဦးဦး ထံ သို့  တလတကြိမ် သတ်မှတ် ရက် တွင် မပျက် မကွက် အစီရင်ခံရပြီး ပညာ သင်ကြားခြင်း (သို့) လေ့ကျင့်သင်ကြားမှုများ ရယူခြင်း (ကျောင်း တက်ခွင့် ) ကို ခွင့်မပြု ပါ။ ဤ ပြဋ္ဌာန်းထားသော အခြေအနေများ ဟာ  ယခုထက်တိုင် ကျွန်တော်၏ လူဝင်မှု ကြီးကြပ်ရေး ကိစ္စရပ်နှင့် ဆက်စပ်နေသေး ပြီး ယနေ့  တိုင် ဆက်လက် ဆောင် ရွက် ပေး နေ ရပါ သည်။ ကျွန်တော်သည် သူတို့ တောင်း ဆို ထား သည့် ဤအစီအစဉ်များကို မချိုးဖောက်ခဲ့ပါ။
ကနေဒါ လူဝင်မှု ကြီးကြပ်ရေး မှ အန္တရာယ် ဖြစ်နိုင်ခြေ လေ့လာဆန်းစစ်ချက် (PRRA) အရာရှိက (အရင် စစ် တပ့် ဘက်က အစိုး ရ လက်ထက် တွေ မှာ ) ကျွန်တော့်ကို မြန်မာနိုင်ငံသို့ ပြန်လည်လွှတ်ပါက နှိပ်စက်ညှင်းပန်းမှု ခံရနိုင်ဖွယ်ရှိသော လူပုဂ္ဂိုလ်တစ်ဦးအဖြစ် အသိအမှတ် ပြု ကာ လက်ခံ ထား ခဲ့ပါသည်။ ထို့ကြောင့် ကျွန်တော်၏ ဒုက္ခသည်ကာကွယ်ရေး လျှောက်လွှာအတွက် နောက်ဆုံး ဆုံး ဖြတ်ချက်ကို နိုင်ငံသားဖြစ်မှုနှင့် လူဝင်မှု ကြီးကြပ်ရေး၊ ကနေဒါ (CIC) အဆင့်မြင့် အကြီးတန်း၊ ကနေဒါ လူဝင်မှု ကြီးကြပ်ရေး အရာရှိများက ဆိုင်းငံ့ထားခဲ့သည်။
ထို့ ကြောင့် ကျွန်တော့်တွင် ကနေဒါနိုင်ငံ၌ ကြီး လေး သော လူဝင်မှုကြီးကြပ်ရေး ပြစ်မှု အနေထား  မရှိသော ကြောင့်  CIC  အဖွဲ့ က ယာယီအလုပ်လုပ်ပိုင်ခွင့်အတွက် လျှောက် ထားသော ကျွန်တော့် လျှောက်လွှာကို ၂၀၀၇ ခု့ နှစ် တွင် စတင်ပြီး အတည်ပြု ပေးခဲ့ပါသည်။ ထိုအချိန်မှ စ၍ တစ်နှစ်တစ်ကြိမ် ယာယီ အလုပ်လုပ်ခွင့်လျှောက်လွှာကို အသစ် တဖန် ပြန်လည်လျှောက် လွှာ တင်ခဲ့ ရပါသည်။ မည်သို့ပင် ခက်ခဲသည်ဖြစ်စေ ကျွန်တော်သည် အကောင်းမြင်ရန် ကြိုးစားခဲ့ပါသည်​။
ယ္ခု့  အချိန်တွင် မြန်မာပြည် တွင် လူထု က ရွေး ကောက် တင် မြောက် ထားသော NLD အစိုး ရ တက် နေပြီ ဖြစ် သောကြောင့် ကျနော့်  ကို ပြန် ပို့ ပါကအန္တရာယ် ကင်းစွာ ဖြစ်  ပြန် ပို့ လို့ ရ နိုင် ပြီဟု ယူဆလာကာ  ပြန် ပို့ ရန် ကျိုး စားနေ ကြပြီဖြစ် သည်။
--------------------------------------------------------------------------------------------

သူ့အနေနဲ့ကတော့ ၁၉၈၈ ခုနှစ် ထိုင်နယ်စပ်ကို တောခိုသွားခဲ့ကတည်းက နှစ်ပေါင်း ၃၀ နီးပါး ဘယ်နိုင်ငံမှာမှ တရားဝင် နေထိုင်ခွင့်မရခဲ့တဲ့ အတွက် လူသားတယောက်အနေနဲ့ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် တရားဝင် နေထိုင်ခွင့် ရချင်တယ်လို့ ပြောပါတယ်။
“ကျနော့်အနေနဲ့ကလည်း ၁၉၈၈ကစပြီးတော့ ဘယ်တိုင်းပြည်မှာမှ တရားဝင် နေထိုင်ခွင့်မရှိခဲ့ဘူး ဆိုတော့ မှတ်ပုံတင်ကတ်လေးတော့ ကျနော်လည်း တကယ်လိုချင်ပါတယ်။ထိုင်းနိုင်ငံပဲပေးပေး၊ မြန်မာပဲ ပေးပေး၊ အမေရိကန်ပြည်ထောင်စုပဲ ပေးပေး ၊ ကနေဒါက ပဲ ပေးပေး။ လက်ရှိကတော့ ကျနော်က ကနေဒါရောက်နေတာ့ ကနေဒါအစိုးရအနေနဲ့တော့ တရားဝင် နေထိုင်ခွင့်ပေးနိုင်တယ်ဆိုရင်တော့ ကိုယ့်ကိုလူသားတယောက်အဖြစ်နဲ့ ကျနော်တော်တော်ဝမ်းသာမိမှာပါ။”
ကိုသန်းစိုး (ခ) ရဲ ရင့်

Friday, April 7, 2017

သူခိုးကြီးနေဝင်းရဲ့အကြောင်း

ဇေ လင်း added 5 new photos — with Ko Zay Lin and 2 others.




























သူခိုးကြီးနေဝင်းရဲ့အကြောင်း
သူ့မြေး အေးနေဝင်းကို ပြောပြလိုက်
ဗိုလ်ချုပ်နေဝင်း ဖြစ်လာမယ့် သခင်ရူမောင်
ဦးနေဝင်း ဗိုလ်ချုပ်နေဝင်း ဖြစ်လာမယ့် သခင်ရူမောင်ကနဂိုက ရွှေဂုံတိုင်စာတိုက်မှာစာတိုက် စာရေး ဗျ။မနက်ပိုင်းစာဝေ စာပို့ကိစ္စတွေပြီး ရင်နေ့လယ်လောက်ဆိုအခု ခုံး ကျော်တံတားဆောက် နေတဲ့ ရွှေဂုံတိုင်မီးပွိုင့်ရဲ့ အနောက် မြောက်ထောင့်က စာတိုက်ရှေ့က ပလက်ဖောင်းပေါ်မှာ ကျားပဲထိုးထိုး နေတာ။ အချိန်ရှိသရွေ့ကျားထိုးနေ တာပဲ။ သူက ကျားထိုးတာကို ထမင်းမေ့ ဟင်းမေ့ ထိုးတတ်တယ်။ သားနဲ့မယားနဲ့ရှိပေမယ့် စာတိုက်စာ ရေးလခနဲ့ ဘာနဲ့်ဆိုတော့ ထမင်း တော့ ဝအောင်စားနိုင်တာပေါ့ဗျာ။ ကျားသမားဆိုတော့ အကွက်က မြင်တတ်တယ်။ ကွက်ကျော်မြင် တတ်တယ်။ ဒို့ဗမာအစည်းအရုံးထဲ ဝင်ထားပေမယ့်သူ့ကိုဘယ်သခင်က မှ သိပ်ဖက်လှဲတကင်း မရှိလှပါ ဘူး။ သခင်အောင်ဆန်းတို့ သခင် လှဖေတို့၊ သခင်စိုး၊ သခင်သန်းထွန်း တို့ကို ဘယ်ခြေဖျားမီမလဲ။
ဒါပေမဲ့ သူ့အစ်ကိုအရင်းနဲ့ ပတ်သက်ပြီး သခင်ဗစိန်ရဲ့ဇနီး မိသားစုကိုတော့ အပိုင်ပေါင်းထား နိုင်တယ်။ အထူးသဖြင့်သခင်ဗစိန်ရဲ့ မိန်းမကြီးက သူ့ကို အတော်ခင် မင်တယ်ဗျာ။ ဒါလေးကလည်း မြန်မာ့သမိုင်း ချောက်ထဲကျဖို့ ဖြစ် လာစေခဲ့တာပဲဗျာ။
ကျုပ်တို့ မြန်မာပြည်ကလည်း ကံဆိုးပါတယ်။ ဂျပန်ဗိုလ်မှူးကြီး ဆူဇူကီး၊ (ဗိုလ်မိုးကြိုး)နဲ့ ဗိုလ်ချုပ် အောင်ဆန်း၊ သခင်လှမြိုင်တို့တရုတ် ပြည် အမွိုင်မြို့မှာ တွေကြပြီး ဗိုလ်ချုပ်ကို ဂျပန်ခေါ်သွား၊ မြန်မာ့ လွတ်လပ်ရေးစီမံချက်ကို ဗိုလ်ချုပ် အောင်ဆန်းကရေးဆွဲပြီး ဗိုလ်မိုးကြိုး က တစ်ဆင့် ဂျပန်စစ်ဦးစီးအဖွဲ့ကို တင်ပြသဘောတူတော့ ရဲဘော်သုံး ကျိပ်ကိုအသုတ်လိုက်ဖော်မိုဆာကျွန်း မှာ စစ်ပညာသင်ဖို့ ခေါ်တော့တာ ပေါ့။ သခင်အောင်ဆန်းက ဗိုလ် တေဇအဖြစ်၊ သခင်လှဖေက ဗိုလ် လက်ျာအဖြစ်၊သခင်အောင်သန်းက ဗိုလ်စင်္ကြာအဖြစ်၊ကိုရွှေကဗိုလ်ကျော်ဇော အဖြစ်၊ဗိုလ်ဇေယျ စတာတွေဖြစ်ကြ ပြီး။ စစ်ဖြစ်ခါနီးဆိုတော့ လူက လည်း လိုနေတော့ သခင်ဗစိန်ဘက် အခြမ်းကလူလိုနေတာနဲ့ တစ်နေ့ လယ်ခင်းမှာ သခင်ဗစိန်ဇနီးက သခင်ရူမောင်ကိုသတိရပြီးသူကိုယ်တိုင် လူလွှတ်ပြီး ရွှေဂုံတိုင်လမ်းဆုံက စာတိုက်စာရေး သခင်ရူမောင်ကို ခေါ်ခိုင်းလိုက်တယ်။
သခင်ဘစိန်ဘက်ကအခြမ်းက ဂျပန်ပို့ဖို့ လူလိုနေတဲ့အချိန်မှာ သခင်ထွန်းအုပ်က အင်္ဂလိပ် ပုလိပ် လိုက်လို့ အိမ်တစ်အိမ်ရဲ့ ထပ်ခိုးမှာ ပုန်းနေရတုန်း အိမ်ရှေ့လမ်းထဲက သခင်ရူမောင် (ဗိုလ်နေဝင်း)ဖြတ် သွားတာ မြင်လိုက်တယ်။ ဒါနဲ့ သခင်ထွန်းအုပ်လည်း အဲ့ဒီအိမ်က ကလေးတစ်ယောက်ကို လိုက်ခေါ် ခိုင်းပြီး ဂျပန်ကို ရဲဘော်သုံးကျိပ် အဖြစ်နဲ့ ထည့်လိုက်တာ ဖြစ်တယ် လို့(သခင်ထွန်းအုပ်ကိုယ်တိုင်က ပြန်ပြောတာကို ကျုပ်မိတ်ဆွေ ကိုယ်တိုင် နားထောင်ခဲ့ရတယ်)
အဲ့ဒါကစပြီး သခင်ဗစိန် ဘက်အုပ်စုကနေ ရဲဘော်သုံးကျိပ် အဖွဲ့ဝင်အဖြစ်သခင် ရူမောင်ဂျပန် ပြည်ကိုပါသွားပြီး ဗိုလ်နေဝင်း ဖြစ်လာတော့တာပါပဲ။ ဗမာပြည် ကံဆိုးပုံက,
သခင်အောင်ဆန်းနဲ့ သခင် လှမြိုင်က ဂျပန်ပြည်ရောက်နေပြီ ဖြစ်တော့ မြန်မာပြည်တွင်းက ၂၈ ယောက်ခေါ်ရတာပေါ့ဗျာ။ သခင် ကိုယ်တော်မှိုင်းနဲ့ သခင်မြဘက် အခြမ်းကတစ်ဝက်ခေါ်တာပေါ့ဗျာ။ သခင်လှဖေ(ဗိုလ်လက်ျာ)တို့ဗိုလ်ဇေယျ တို့ကိုရွှေ(ဗိုလ်ကျော်ဇော)တို့ဗိုလ်ရဲထွဋ် တို့ပေါ့ဗျာ။ သခင်ဗစိန်၊ သခင်ထွန်း အုပ်ဘက်အခြမ်းကလည်း သခင်အောင်သန်း(ဗိုလ်စင်္ကြာ) နဲ့ သင့်တော်မယ့်သူတွေ ရွေးပို့ကြတာ ပေါ့ဗျာ။ များသောအားဖြင့် လူပျိုလူလွတ်တွေ မှီခိုမဲ့သူမရှိသူ တွေပဲ ရွေးတာပါ။ ဗမာပြည်များ ကံဆိုးချင်တော့ သခင်ဗစိန် ဇနီးကြီးက သခင်ရူမောင်ကို ခင်မင် မှုရှိနေတော့ သွားသတိရပြီး စဉ်းစား မိတယ်။ သခင်ဗစိန် ကိုယ်တိုင် ကတော့ သတိရတာ မဟုတ်ပါဘူး။ သူ့ဇနီးကပြောတော့ သခင်ရူမောင် မှာက သားနဲ့မယားနဲ့မို့ သိပ်သဘော မတွေ့ဘူး။ သခင် ဗစိန်ဇနီးကပဲ ထပ်ထပ်ပြောနေတာနဲ့ သခင် ရူမောင်လည်း သခင်ဗစိန် ကတော်ရဲ့ တန်ခိုးနဲ့ ရဲဘော်သုံးကျိပ် ထဲပါသွားတာ။ ကျုပ်တို့ ဗမာပြည် ရာဇဝင်က အဲ့ဒီလို မိန်းမတွေဝင်ဝင် ပြီး နိုင်ငံရေး၊ စစ်ရေးတွေမှာ ဝင်ဝင်ပြီးပါတာကနေ ဒီကနေ့ တိုင်းပြည်ပျက်ရတဲ့ အခြေအနေကို ရောက်ရတာပဲ။ သခင်ဗစိန်က တော်က လူလွှတ်ပြီးအချိန်မရှိတော့ ဘူး ရန်ကုန်ဆိပ်ကမ်းက ဂျပန်ကုန် သင်္ဘောကလည်း တစ်ရက်နှစ်ရက် အတွင်း ထွက်မှာမို့ရွှေဂုံတိုင်စာတိုက် ရှေ့ပလက်ဖောင်းမှာကျားကစားနေ တဲ့ သခင်ရှုမောင်ကို အမြန်အခေါ် လွှတ်လိုက်ပြီး ဂျပန်ပြည်ကို ပါသွား တော့တာပါပဲဗျာ။ နောက်မြန်မာ ပြည်ကို အာဏာရှင်စံနစ်စတင် မျိုးစေ့ချမယ့်လုပ်ပေါက်ကို ပွတ်ကာ သီကာ လူလိုနေတဲ့ အကြောင်း တရားတွေကြောင့် သေသေချာချာ မရွေးကြဘဲ လက်သင့်ရာ လက်တို့ ပြီး ခေါ်ခဲ့တဲ့ ရွေးကြတဲ့ ကျုပ်တို့ မြန်မာရာဇဝင်ရဲ့ ဓလေ့စနစ်ဆိုး ကြောင့် ရဲဘော်သုံးကျိပ်ထဲကို အာ ဏာရှင်ကြီးဖြစ်လာမယ့်ဗိုလ်နေဝင်း ကိုရွေးထုတ်မိခဲ့ကြတာပါပဲဗျာ။ (အဆိပ်ပင်ရေလောင်းကြတာပါပဲ)
သမိုင်းကြောင်းရိုင်းသွားစေတဲ့မုန့်ဟင်းခါး
သိုက်ဆရာကို လှေပေါ် တင်ခဲ့မိတဲ့ ဇာတ်လမ်းကဒီလိုဗျာ။ (ဖဆပလ)ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ(ထားဝယ်)သူ့ဇနီးတို့ပါပဲ ဖြစ်ပုံက ဒီလိုဗျ။ ဗိုလ်ချုပ်နေဝင်း က ဒေါ်ခင်မေသန်းနဲ့ ခဏခဏ တွေ့ပါများတော့ နီးစပ်ရာက ကြိုက် သွားကြပြီ။ ဗိုလ်ချုပ်နေဝင်းက ဒေါ်ခင်မေသန်းကို လက်ထပ်ယူ လိုက်တယ်ဗျာ။ တကယ်တော့ ဒေါ်ခင်မေသန်းကလက်ရှိယောက်ျား ကြီးငုတ်တုတ်နဲ့ဗျာ။ သူ့ယောက်ျား ကြီးက အင်္ဂလန်မှာရောက်နေတဲ့ ဒေါက်တာတောင်ကြီး။သူ့ယောက်ျားကြီးနဲ့ကလေး ပါရှိတယ်။ သီတာဝင်း၊ လဲ့လဲ့ဝင်း၊ သော်တာဝင်းတို့ဖြစ်တယ်။
ဝန်ကြီးချုပ်ဦးနုက ယောက်ျား လက်ရှိကာမပိုင်ရှိ့ သူ့တစ်ပါး မယားကို ဗြောင်ယူတဲ့အတွက် ဗိုလ်ချုပ်နေဝင်းကို လုံးဝ စိတ်ဆိုး တယ်။ ခွင့်မလွှတ်ဘူး။ တပ်မတော် ခေါင်းဆောင်တစ်ဦး၊ နိုင်ငံခေါင်း ဆောင်တစ်ဦးက ပြည်သူ ပြည်သား များရှေ့မှာစံပြကောင်းအကျင့် စာရိတ္ထမဏ္ဍိုင် ကြံ့ခိုင်ပြသင့်လျှက် သားနဲ့ အခုလို သူများမယား ကြာခို တာမျိုးကို ဝန်ကြီးချုပ် ဦးနုက လက်မခံဘူး။ ဗိုလ်ချုပ်နေဝင်းကို တပ်မတော်မှ ထုတ်ပယ်တဲ့စာကို ရေးပြီး တပ်မတော်မှ နုတ်ထွက်ရန် အမိန့်ကို အဲ့ဒီအချိန်က ကာကွယ် ရေးဝန်ကြီးဦးဗဆွေ(ကျားကြီးဗဆွေ) ကို ညွှန်ကြားလိုက်တယ်။ ဦးဗဆွေ ကလည်း ဗိုလ်ချုပ်နေဝင်းကို တပ်မ တော်မှ နုတ်ထွက်ခိုင်းတဲ့စာကို ရိုက် ပြီးပြီ။ လက်မှတ်ထိုးဖို့နဲ့ တရားဝင် ကြေညာဖို့ပဲ ကျန်တော့တာ။ဒီကြားထဲ ကာကွယ်ရေးဝန်ကြီး ဦးဗဆွေက ရုတ်တရက် နိုင်ငံခြား ခရီးစဉ်တစ်ခု ကောက်ကနဲ ထသွား လိုက်ရတယ်။ ပြန်လာမှ ထုတ်ပြန် ကြေညာမယ်ပေါ့ဗျာ။ ဗမာပြည် လည်း ကံ ဆိုးကိုဆိုးပါတယ်။ ဒီကြားလေးထဲမှာ ရွှေဂုံတိုင် ပလက် ဖောင်းမှာကျားရွှေ့နေတဲ့ဗိုလ်နေဝင်း က သိပ်လျင်တယ်။ ဦးဗဆွေနေတဲ့ ရန်ကုန်အလုံလမ်းက အိမ်ကြီးရဲ့ အပေါ်ထပ် ဧည့်ခန်းဆောင်ကို မနက်မနက် ဦးဗဆွေနဲ့ ဇနီးတို့ဆီကို မုန့်ဟင်းခါး ချိုင့်ကြီး၊ ချိုင့်ငယ် အကြော်အစုံအလင်နဲ့ မနက်မနက်ယူယူလာပြီး ငုတ်တုတ်လာလာ ထိုင်နေတယ်။ နံနက်ငါးနာရီခွဲခြောက်နာရီလောက်ဆို ဗိုလ်ချုပ်နေဝင်းကမုန့်ဟင်းခါးချိုင့်ကြီး နဲ့ ကာကွယ်ရေးဝန်ကြီးဦးဗဆွေ အိမ်ဧည့်ခန်းထဲမှာ ငုတ်တုတ်ကြီး ထိုင်ပြီး အသနားခံနေတယ်။ မနက် အိပ်ယာကထလာတဲ့ ဦးဗဆွေ ဇနီးက ဧည့်ခန်းထဲရောက် ပြီး မုန့်ဟင်းခါးချိုင့်နဲ့ဗိုလ်နေဝင်း ကို တွေ့ပါများတော့ အားနာလာတယ်။ ပထမတော့ ဦးဗဆွေကထွက်မတွေ့ ဘူး။ နေ့စဉ်ရက်ဆက်ဆိုတော့ ဦးဗဆွေဇနီးကလည်း သနားလာ တယ်။ ဦးဗဆွေကို ထွက်တွေ့ဖို့ ဖျောင်းဖျလာတယ်။ ဒါနဲ့ပဲဦးဗဆွေ လည်း စိတ်တွေအရည်ပျော်ပြီး ဗိုလ်နေဝင်းကို တပ်မတော်ကနေ ထုတ်မပစ်ဖို့ ဝန်ကြီးချုပ်ဦးနုကို နည်းလမ်းပေါင်းစုံနဲ့ နားချပါတော့ တယ်။ ဘယ်၍ဘယ်ပုံအနစ်နာခံ ခဲ့တော့ ဒီတစ်ခါတော့ ခွင့်လွှတ်သင့် ပါတယ် ဘာညာပေါ့ဗျာ။
ဒါနဲ့ ဦးနုလည်း နားယောင် သွားပြီး မြန်မာပြည်ကို ပြောင်းပြန် လှန်တော့မယ့်အာဏာရှင်ကြီးကို ဦးနု၊ ဦးဗဆွေနဲ့ဇနီးတို့က အဆိပ်ပင် ရေလောင်းခဲ့မိကြပြန်ပါပေါ့ဗျာ။ ၁၉၆၂ ဗိုလ်ချုပ်နေဝင်း အာဏာ သိမ်းတော့ ဦးနုရော၊ ဦးဗဆွေရော ထောင်တွေထဲ နှစ်လရှည်ရောက် သွားကြတာပါပဲ။ ဦးနုဆို ၁၉၆၂ မတ် ၂ ရက် အာဏာသိမ်းတော့ အဖမ်းခံရတဲ့အချိန်မှာတောင်ဗိုလ်ချုပ် နေဝင်းရော အခြေအနေကောင်း ရဲ့လားလို့ မေးတော့မေးခဲ့တယ် ပြောတယ်။
ကျုပ်တို့ မြန်မာပြည်နိုင်ငံရေး ခေါင်းဆောင်တွေအားလုံးနဲ့ ပြည်သူ အားလုံးဟာ လူလည်လူပါးလူနပ် တစ်ဦးတစ်လေ လက်စွမ်းပြတာနဲ့ ဗြောင်လိမ့်ခံကြရတော့ တာပါပဲ။ တစ်နိုင်ငံလုံး တမျိုးသားလုံးကို တစ်ဦးတစ်ယောက်တည်းကနေပိပိရိရိ ဗြောင်လိမ်သွားတဲ့ ဇာတ်လမ်းတွေ ပေါ့ဗျာ။ နောက်တာ့ ရွှေဂုံတိုင် စာတိုက်ရှေ့မှာ ကျားကစားနေတဲ့ (သခင်ရူမောင်) ဗိုလ်နေဝင်းက ဗိုလ်ချုပ်ကြီးနေဝင်း ဖြစ်လာပြိး သခင်ဗစိန်၊ ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်း စတဲ့အားလုံး သောဆရာသမားတွေကိုထောင်ထဲ ထည့်ထားလိုက်တယ်။ဗိုလ်လက်ျာ လည်း ထိုင်း-မြန်မာနယ်စပ်မှာ တောခိုရင်ြးု့ သတ်လို့သေ။ ဗိုလ်ဇေယျ၊ သခင်လှမြိုင် တို့ အားလုံးလည်း ''ပဲခူးရိုးမ''ထဲမှာ တောခိုရင်း ဗ.က.ပ ဖြုတ်၊ထုတ်၊သတ်နဲ့ အသတ်ခံကြရ။ ဗိုလ်ကျော်ဇောလည်း တရုတ်ပြည် နယ်စပ်တောခိုရင်း မနှစ်ကပဲ တရုတ်ပြည်မှာ ကွယ်လွန်သွား တယ်။ ဗိုလ်စင်္ကြာက ဘန်ကောက် မှာဆုံးသွားတယ်။ အားလုံးသော နိုင်ငံရေးခေါင်း ဆောင်တွေနဲ့ ရဲဘော်သုံးကျိပ်တွေ တစ်ယောက် မကျန် အဖြစ်ဆိုးနဲ့ ဇာတ်သိမ်းသွား ရတာပါပဲ။
ဒါက မြန်မာ့နိုင်ငံရေး မြန်မာ့ သမိုင်းနဲ့ တပ်မတော်သမိုင်းရဲ့ အဖြစ်ဆိုးတွေပါ ရင်နင့်စရာတွေပါ။
ရဲဘော်သုံးကျိပ်တွေအားလုံး နီးပါးလည်းဒုက္ခတွေ ပင်လယ်ဝေခဲ့ တာပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းပြီး ရင် ဒုတိယခေါင်းဆောင်အဆင့်ရှိတဲ့ သခင်လှဖေ(ဗိုလ်လက်ျာ)ဆို ဗိုလ်ချုပ်အောင်ဆန်းတပ်မတော်က ထွက်ပြီး ဖဆပလဥက္ကဋ္ဌ ဦးအောင် ဆန်းဖြစ်သွားတယ်။ ဗိုလ်လက်ျာက ဗမာ့တပ်မတော်ခေါင်းဆောင် ဖြစ်လာခဲ့တယ်။ နောက်ဆုံး တစ်နေ့မှာ ဗိုလ်ချုပ်နေဝင်း နဲ့ အဆင်မပြေတာနဲ့ နောက်ဆုံး ၁၉၆၂ နောက်ပိုင်း ထိုင်း မြန်မာနယ်စပ်ကို ပြေးရတာပဲ။ ဝန်ကြီးချုပ် ဦးနု၊ ဦးသွင်တို့နဲ့ ပြည် ချစ်တပ်မတော်တွေ ဘာတွေ လုပ်နေရင်းနဲြု့ သတ်လို့ နယ် စပ်မှာ ကျဆုံးခဲ့ရတယ်။ ဗိုလ်လက်ျာ လည်း အသက်ခံလိုက်ရတာပဲ။ ဗိုလ်ဇေယျ၊ သခင်လှမြိုင်(ဗိုလ်ရန် အောင်)တို့လည်း ဗကပရှိတဲ့ ပဲခူး ရိုးမထဲသွားပေါင်းပြီး တောခိုတော့ သခင်သန်းထွန်းတို့ ဗကပဖြုတ်၊ ထုတ်၊သတ်ထဲပါသွားပြီးကျဆုံးသွား ရရှာတယ်။ ဗိုလ်ကျော်ဇောလည်း တရုတ်နယ်စပ်ပြေးရတာပါပဲ။(တလောကတော့ ဆုံးသွားပါပြီ) ဗိုလ်ရန်နိုင်ကတော့ ရှစ်လေးလုံး အထိ ပါသေးတယ်။ ရှစ်လေးလုံး ပြီးမှ ဆုံးတာ။ ခုဆို ဗိုလ်ရဲထွဋ် တစ်ယောက်ပဲ နောက်ဆုံးကျန် တော့တယ်။
ဗိုလ်ချုပ်နေဝင်းဟာ ဆရာသ မားတွေအားလုံးလည်းထောင်ထဲထည့်။ လက်တွဲခဲ့တဲ့ တိုက်ဖော်တိုက်ဖက် ရဲဘော်သုံးကျိပ်တွေကိုလည်းတော ထဲမောင်းထုတ်။ အကုန်ရှင်းခဲ့ တာပါပဲ။ နောက်ဆုံးတော့ သူ လည်းပြန်အရှင်းခံသွားရတာပါပဲ။ သူ့ကြောင့် မြန်မာပြည်ဟာ အရှေ့တောင်အာရှမှာ အချမ်း သာဆုံးနိုင်ငံတစ်ခုကနေ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငူီံဃ နိုင်ငံ စာရင်းထဲ ပါသွားရတော့တာပါပဲ။
နိုင်ငံတစ်နိုင်ငံရဲ့ သမိုင်းကို ပြောင်းသွားစေခဲ့တဲ့ ဗိုလ်နေဝင်းတို့ လို စုန်းပြူးတွေ အထွတ်အထိပ် ရောက်လာဖို့ အဆိပ်ပင်ရေလောင်း မိတဲ့သူတွေတချို့ကြောင့် မြန်မာ့ သမိုင်း မြန်မာပြည်ဒီဘဝဆိုးကျ ရောက်ခဲ့ရတာ။
ဂဠုန်ဦးစော
သူ့နာမည်က ဦးစောပါ။ အင်္ဂလိပ်ခေတ် ခြောက်တန်းအထိ ပဲ ကျောင်းတက်ဖူးတယ်။ သိပ်ပြီး ကြိုးစားတော့ အင်္ဂလိပ်ဘုရင်ခံနဲ့ ငြင်းနိုင်ခုန်နိုင်တဲ့အထိ အင်္ဂလိပ် စကားပြောက ကောင်းတယ်။ ပညာရေးကလည်း နိမ့်၊ ဘဝကလည်း အောက်ခြေက တက်လာတော့ သိပ်ကြိုးစားလို့ဖြစ် မြောက်လာပေမယ့် ပညာပါရမီ နည်းတာကြောင့် ပညာတတ်တစ် ယောက်ရဲ့အတွေးအခေါ်အယူအဆ တွေ မရှိဘူး။ ဒါကြောင့် သဘော ထားမကြီးနိုင်ဘူး။ တရားမရှိဘူး။ ဦးစောက နန်းရင်းဝန် (ဝန်ကြီးချုပ်) ဦးပုကို အယုံအကြည်မရှိ (သြည ဃသည်ငိနညအ ဠသအန) လွှတ်တော်ထဲ မှာ တင်သွင်းတော့ ဦးပုအစိုးရ ရှုံးနိမ့်ပြီး နုတ်ထွက်ပေးလိုက် ရတယ်။ အဆိုတင် တဲ့ကိစ္စက ၁၃ဝဝ ပြည့် အရေး တော်ပုံ ရေနံမြေသပိတ် တပ်နဲ့ ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရတဲ့ ဂယက်တွေကြောင့် ဦးစောဆိုတဲ့ သမိုင်းဖျက်မယ့်စုန်းပြူး တစ်ယောက် ပေါ်ထွက်လာဖို့ အကြောင်းဖန်ခဲ့ပြန်တာပေါ့ဗျာ။ ဦးစောက သူ့ဆရာ သူ့ကျေးဇူးရှင် အရင်းဖြစ်တဲ့ ဘကြီးဘဖေကိုလည်း ကျေးဇူးကန်ပြီး တန်ပြန်ခဲ့တာပဲ။
ဒါနဲ့ ဒုတိယကမ္ဘာစစ်မဖြစ်မီ မြန်မာပြည်ရဲ့ နောက်ဆုံးအစိုးရ နန်းရင်းဝန်အဖြစ် ဦးစောဖြစ်လာ ခဲ့တယ်။ ရာဇပလ္လင် ခွေးတက်အိပ် သလိုဖြစ်နေလို့ ထင်ပါတယ်။ ကြာ ကြာမခံပါဘူး။ စစ်ကြီးဖြစ်လာတော့ ဦးစောလည်း ဖေပုရှိန်လို သူရဲ ကောင်းဖြစ်ချင်တာနဲ့ ဘိလပ်သွား ပြီး ဗြိတိသျှဝန်ကြီးချုပ် ဝင်စတန်ချာ ချီဆီသွားပြီး လွတ်လပ်ရေးတောင်း ဆိုတယ်။ ဦးစော ဝင်စတန်ချာချီနဲ့ တွေ့တဲ့အချိန်က ဥရောပတိုက်မှာ နာဇီဂျာမဏီက ပိုလန်ကို သိမ်း ပိုက်လိုက်ပြီး ကျန်အနောက်ဥရောပ နိုင်ငံတွေကို ဆက်တိုက်သိမ်းလာ နေပြီ အင်္ဂလန်တောင် နေ့ကျ မလား၊ ညကျမလား ကျီးလန့်စာ စားနေရတဲ့ အချိန်ကြီးဗျာ။ ဒါနဲ့ ချာချီက ဦးစောကို ဟောက်ပစ် လိုက်တယ်။ ဒီအချိန်က လွတ်လပ် ရေးတောင်းရမယ့်အချိန်မဟုတ်ဘူး။ အင်္ဂလိပ်ကို အိန္ဒိယနဲ့ မြန်မာပြည်က လက်တွဲအကူအညီပေးပြီး စစ်ကို အနိုင်တိုက်ရမယ့်အချိန်ဆိုပြီး အဟောက်ခံလိုက်ရတယ်။ ဒါနဲ့ ဦးစောလည်း အမေရိကန်ပြည် ရောက်သွားတယ်။ သမ္မတ ရုစဗက်နဲ့ တွေ့လိုက်သေးတယ်။ အမေရိကန်မှာ ဂျပန်ထောက် လှမ်းရေးနဲ့ ဆက်သွယ် စပိန်မှာ ဂျပန်သံရုံးသွား ဝင်တွေ့ပြီး ဦးစော က ဂျပန်ဆီက လက်နက် အကူအ ညီ တောင်းပြီး အင်္ဂလိပ်ကို ပြန်ချဖို့ လုပ်တဲ့အထောက်အထား တွေ တွေ့လို့ ဦးစောလေယာဉ် ပါလက် စတိုင်း ခဏဆင်းတော့ ဦးစောနဲ့ ဦးတင်ထွဋ်တို့ကိုအင်္ဂလိပ် ထောက်လှမ်းရေးက ဖမ်းလိုက် တယ်။ ဦးတင်ထွဋ်ကို ပြန်လွှတ်ပေး လိုက်ပြီး ဦးစောကို ယူဂန္ဓာမှာ ထောင်ထဲထည့်ထားလိုက်တယ်။
ဒုတိယကမ္ဘာစစ်ကြီးပြီးလို့ ဦးစောဗမာပြည်ပြန်ရောက်လာတော့ ဗမာပြည်က ပြောင်းလဲနေပြီ မြန်မာတစ်ပြည်လုံးက ဗိုလ်ချုပ် အောင်ဆန်းဦးခေါင်းဆောင်တဲ့ ဖဆပလအဖွဲ့ချုပ်ရဲ့ ဦးဆောင်မှုနဲ့ လွတ်လပ်ရေးပန်းတိုင်ဆီကို ချီတက် နေကြပြီ။ ဦးစော စိတ်ထဲ မုဒိတာ မထားနိုင်ဘူး။
ဦးစော မြန်မာပြည် ပြန်ရောက်တယ်ကြားတော့ ဗိုလ်ချုပ်အောင်ဆန်းက ဦးစောအိမ်မှာသွားနှုတ်ဆက်တယ်။ ဗိုလ်ချုပ်အောင်ဆန်းကို ဧည့်ခန်း ထဲမှာ အရေးမပါသလို အကြာကြီး ထိုင်စောင့်ခိုင်းထားတယ်။ ဦးစော နဲ့ အင်္ဂလိပ်အရာရှိကြီးတစ်ယောက်နဲ့ ထမင်း စားခန်းထဲမှာ စားလိုက် သောက်လိုက် ရီလိုက် မောလိုက် လုပ်နေပြီး ဗိုလ်ချုပ်ကို ဧည့်ခန်း ထဲအကြာကြီး ထိုင်စောင့်ခိုင်းထား တယ်။တမင်ချိုးတာပေါ့ဗျာ။ ဦးစောက ဗိုလ်ချုပ် အောင်ဆန်းကို အဲဒီလိုလုပ်တာတွေ တော်တော် များလာတယ်။ အဆိုးဆုံးက ၁၉၄၇ ဇန်နဝါရီ ဗိုလ်ချုပ် အောင်ဆန်း ဘိလပ်သွားတော့ အင်္ဂလိပ် အစိုးရဒေါ်မန်စမစ်ဘက်အခြမ်း က ဦးစောလည်းဘိလပ်မှာ မြန်မာကိုယ် စားလှယ်အဖွဲ့မှာ ပါတယ်။ အောင် ဆန်းအက်တလီစာချုပ် ချုပ်ကြ တော့ ဦးစောနဲ့ သခင်ဗစိန်က လက်မှတ်မထိုးဘူး။မြန်မာ့လွတ်လပ် ရေးနောက်ဆုံးအဆင့် ရောက်ခါနီး မှာ ဦးစောက ကပျက်ယပျက် လုပ် ပစ်တာ။ ဒါကြောင့် အောင်ဆန်း -အက်တလီစာချုပ်မှာ ဦးစောနဲ့ ဝန်ကြီးသခင်ဗစိန်တို့ လက်မှတ် မထိုးကြောင်း မှတ်ချက်နဲ့စာချုပ် ချုပ်ခဲ့ရတယ်။
ဒါကြောင့် ဆိုရှယ်လစ်ပါတီ က အငယ်တန်း ဒုတိယတန်း ရဲဘော်တချို့က ဦးစောကို အပြတ် ရှင်းဖို့ ကြံစည်ကြတယ်။ ရန်ကုန် ဘဆွေကဆိုရှယ်လစ်ပါတီကဗိုလ်မြ ဟန်ဆီမှာတော်မီဂန်းသေနတ်သွား ငှားတယ်။ ဗိုလ်မြဟန်က သန်လျင် က ဘုန်းကြီးကျောင်းတစ်ကျောင်း မှာ ဆီစိမ်စက္ကူနဲ့ သေသေချာချာ ပတ်ပြီးဝှက်ထားတဲ့ သူ့ရဲ့ တော်မီဂန်းသေနတ်ကို ရန်ကုန်ဘဆွေကို ပေးလိုက်တယ်။
ရန်ကုန်ဘဆွေရယ် တခြားဆို ရှယ်လစ်ပါတီကရဲဘော်နှစ်ယောက် ရယ် သူရိယသတင်းစာတိုက်ကဦးစော ထွက်အလာကို စောင့်နေကြတယ်။ ဦးစောထွက်လာတော့ ဦးစောကားနောက်ကို သူတို့ ဂျစ်ကားက ယှဉ်တက်ပြီး သေနတ် နဲ့ ကပ်ပစ်တယ်။ ရန်ကုန်ဘဆွေ ပစ်တဲ့ သေနတ်က ကျည်မထွက်ဘူး ဖြစ်သွားတယ်။ (နှစ်ရှည်လများ ဆီ နဲ့သုတ်ပြီးမှ သိမ်းထားတဲ့ သေနတ် မို့ ရုတ်တရက် ဂျမ်းဖြစ်သွားတယ်) ဒါကို ဦးစောကားကတွေ့တော့ အရှိန်တင်ပြီးမောင်းပြေးတယ်။ နောက်တစ်ယောက်က သူ့ရဲ့ သေနတ်နဲ့ ထပ်ပစ်တော့ ဦးစောကို မထိဘဲ ကားမှန်ကို ထိပြီး ဦးစော မျက်စိထဲ မှန်စတွေ ဝင်သွားတယ်။ ဦးစောကို ရန်ကုန်ဘဆွေတို့ လုပ်ကြံတာ မအောင်မြင်ခဲ့ဘူး။ ဦးစောလည်း အင်္ဂလန်အထိ တောင်သွားပြီး သူ့ မျက်လုံးထဲက မှန်စတွေ သွားထုတ်တယ်။ အကုန်ထုတ်လို့မရဘူး။ ကျန် နေတယ်။
ဒီကစပြီး ဦးစောက သူ့ကို လုပ်ကြံတဲ့သူတွေဟာ ဗိုလ်ချုပ် အောင်ဆန်းတပည့်တွေဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံဖို့ လက်နက်တွေစုဆောင်းတော့တာပဲ နောက်ဆုံးကောင်းတဲ့ဘက်က အကြမ်းဖက်ဖြစ်တဲ့ ရန်ကုန်ဘဆွေ တို့ရဲ့လုပ်ကြံမှုကမအောင်မြင်ပေမယ့် မကောင်းတဲ့ဘက်က လုပ်ကြံမှုဖြစ် တဲ့ ဦးစောရဲ့လူတွေက ဗိုလ်ချုပ် အောင်ဆန်းတို့ကို လုပ်ကြံတာ အောင်မြင်သွားတယ်။မြန်မာ့သမိုင်း ဟာ ရိုင်းတယ်ဗျာ။
ကျုပ်ဘယ်အကြမ်းဖက် လုပ် ကြံတာမျိုးကိုမှ လက်မခံပါဘူး။ မထောက်ခံပါဘူး။ အပြင်းအထန်ကို ကန့်ကွက်ပါတယ်။ ဂဠုန်ဦးစောကို ရန်ကုန်ဘဆွေတို့က လုပ်ကြံတာ ရော မထောက်ခံသလို ဗိုလ်ချုပ် အောင်ဆန်းတို့ကို ဂဠုန်ဦးစော လုပ်ကြံတာကိုရော လုံးဝရှုပ်ချကန့် ကွက်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့ မြန်မာသမိုင်းရဲ့ ကံဆိုးပုံကို ယူကျုံး မရဖြစ်တာပါ။ ဦးစောကို ပစ်ခဲ့တဲ့ ရန်ကုန်ဘဆွေဟာ ဗိုလ်ချုပ်ကို ကြည်ညိုထောက်ခံတဲ့ ဂျပန်တော် လှန်ရေး၊ အင်္ဂလိပ်တော်လှန်ရေးမှာ ရှေ့တန်းကပါဝင်ခဲ့တဲ့ ပျောက်ကျား ခေါင်းဆောင်တစ်ဦးသာ ဖြစ်တယ် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဘယ်လိုမှ ပတ်သက်မှုမရှိဘူး။ ဗိုလ်ချုပ်က လည်း ဘာတာဝန်မှ မပေးခဲ့ဘူး။ သူ့ဘာသာ မခံနိုင်လွန်းလို့ စိတ် မထိန်းနိုင်ပဲ သူ့ရှင်းတတ်တဲ့ နည်း လမ်းနဲ့ သွားရှင်းတာပဲ။ ဒါပေမဲ့ ဦးစော မသေတော့ ပျားအုံကို တုတ် နဲ့ထိုးမိသလို ဖြစ်သွားခဲ့တာပဲ။ ရန် ကုန်ဘဆွေတို့ ဦးစောကို သေနတ် နဲ့မပစ်လည်း တစ်နေ့မှာတာ့ ဦးစော က ဗိုလ်ချုပ်အောင်ဆန်းကို တစ် နည်းမဟုတ် တစ်နည်းတော့ လုပ်ကြံမှာ သေချာပါတယ်။ ဦးစော ဟာ တရားမဲ့သူ မုဒိတာ မထားနိုင် သူ။ ကိုယ်ကျိုးရှာ နိုင်ငံရေးသမား အညံ့စားဖြစ်တယ်ဗျ။ ကြိုးစင်ပေါ် တက်တာတောင် ခပ်တည်တည်နဲ့ ပြုံးပြီးတက်သွားခဲ့တယ်လို့ ပြော တယ်။ သူ့ကိုယ်သူ သူ့လုပ်ရပ်ကို မမှားဘူး မှန်တယ်လို့ ယူဆပြီး တရားမဲ့စွာ သေဆုံးသွားတဲ့ လူ တစ်ယောက်ဖြစ်တယ်။ အဲဒီလို ဦးစောလို လူမျိုးတွေ ကျုပ်တို့ မြန်မာပြည်မှာ အတိတ်က ခေါင်း ဆောင်တွေ နန်းရင်းဝန်တွေ ဖြစ် ခဲ့ကြသလို ပစ္စုပ္ပန်နဲ့ အနာဂတ်မှာ ဖြစ်မလာဖို့ အရေးကြီးတယ်။ နိုင်ငံ ရေး ပြိုင်ဘက်ကို မနိုင်တော့လို့ လုပ်ကြံဖို့ ကြိုးစားမှု မှန်သမျှဟာ ဂဠုန်ဦးစော ဝါဒသာ ဖြစ်တယ်။ ဒီပဲယင်းလုပ်ကြံမှုဟာ ဂဠုန်ဦးစော လက်သစ်တွေရဲ့ ဂဠုန်ဦးစောဝါဒ လမ်းစဉ်သာ ဖြစ်တယ်ဗျ။
ဝဋ်ဆိုတာ ဒီဘဝချက်ချင်း လည်တတ်တယ်
၁၉၈၇ ခုနှစ် စက်တင်ဘာလ မှာ ငွေစက္ကူတွေ တရားမဝင်တော့ ကြောင်း ဖျက်သိမ်းကြောင်း ကြေ ညာတာ ခင်ဗျာတို့ မှတ်မိကြမှာပါ။ မြန်မာတစ်ပြည်လုံး မွဲသွားတဲ့ နေ့ပေါ့ဗျာ။ြ<ွကက်တစ်ကောင် မဖမ်းနိုင်တာနဲ့ စပါးကျီကို မီးရှို့တာ ပေါ့ဗျာ။ မဆလ ဦးနေဝင်း အစိုးရ က ပြည်သူတစ်ရပ်လုံးကို ဂရုမစိုက် တဲ့ လုပ်ရပ်ပေါ့။ ငါတို့လုပ်ချင်တာ လုပ်ရင်ရတယ်။ မင်းတို့အားလုံး ခံရ မှာပဲပေါ့။ ၇၅ ကျပ်တန်၊ ၃၅ ကျပ် တန် စတဲ့ ငွေစက္ကူတွေ ဖျက်သိမ်း ကြောင်းကို ပုံ/စိန်လွင်ဆိုပြီး ကြေ ညာခဲ့တာ ကြေညာတုန်းက ဦးစိန်လွင်ဟာ မဆလပါတီရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်တယ်။
သံသရာတကွေ့မှာ ပြန်ဆုံကြ တော့ ၁၉၉၅ ခုနှစ်လောက်ပေါ့။ ကျုပ်မိတ်ဆွေတစ်ယောက်နဲ့ဦးစိန်လွင် အိမ် လိုက်သွားခဲ့ဖူးတယ်။ ကျုပ် မိတ်ဆွေက ဦးစိန်လွင်ကို ငွေအတိုး သွားပေးတာ ဦးစိန်လွင် ဧည့်ခန်း ထဲထွက်လာပြီး သူချေးပေးထားတဲ့ ငွေလေးပေါ်က ရတဲ့ အတိုးငွေကို ရေတွက်နေတာ ကျုပ်မျက်စိနဲ့ မြင် လိုက်ရဖူးတယ်။ အသက်ကလည်း ကြီး မျက်စိကလည်း မှုန်တော့ အတိုးရတဲ့ငွေ တစ်သောင်းနှစ် သောင်းကို နှစ်ခါ သုံးခါ ပြန်ပြန်ပြီး ပြည့်မပြည့် ရေတွက်နေလိုက်တာ တော်တော်ကို အလုပ်ရှုပ်နေတာ တွေ့ရတယ်။
တစ်ရံရောအခါကလွန်ခဲ့သော ရှစ်နှစ်ခန့်က ငွေစက္ကူတွေ တရား မဝင်တော့ကြောင်း ရာဇသံနဲ့ ခြင်္သေ့ ဟိန်းတဲ့အသံနဲ့ တစ်ပြည်လုံးကို ကြေညာခဲ့တဲ့ဦးစိန်လွင်တစ်ယောက် အခုတော့ ငွေတစ်ရာသုံးကျပ်တိုးနဲ့ အတိုးပေးစားတဲ့ ဘဝကို ရောက်ခဲ့ ရပြီး လစဉ်အတိုးလာပေးတာကို မျှော်ပြီး စောင့်နေရတဲ့ အလုပ်မရှိ အကိုင်မရှိ ၁ဝ၉/၁၁ဝ ဘဝကို ရောက်သွားခဲ့ရတဲ့ ဇာတ်လမ်းပါပဲ ဗျာ။ ဦးစိန်လွင်က ပြောသေးတယ် ကျေးဇူးတင်တယ် သားရယ်။ နောက်ထပ် အဘဆီမှာရှိတဲ့ ပိုက်ဆံ လေးကို စိတ်ချရတဲ့လူရှိရင် ချေးပေး ပါအုံးတဲ့ ငါအတိုးလေးနဲ့ပဲ စားနေ ရတာတဲ့။ ကျုပ်လည်း တော်တော် တရားကျသွားတယ်။ ကျုပ်တို့ကို တစ်သက်လုံး ဖိနှိပ်လာခဲ့တဲ့ ခြင်္သေ့ ကြီးတစ်ကောင်ဟာ ကျုပ်ရှေ့မှာ ဝံပုလွေပေါက်ကလေးတွေ နေချင်း ညချင်း ဖြစ်သွားကြပါရောဗျာ။ ကျုပ်အာဃာတမထားပါဘူး။ တစ်ကယ်တော့ ကျုပ်ကိုယ်တိုင် ဦးစိန်လွင်အမိန့်ပေးလို့လုံထိန်းတွေ အရိုက်အနှက်ခံခဲ့ရတဲ့ ဦးစိန်လွင်ရဲ့ သားကောင်ဖြစ်ခဲ့ဖူးပါတယ်။ ဝဋ်ဆို တာ ဒီဘဝတွင်ပဲ လည်တယ်ဆိုတာ တွေ့ရပါတယ်။နောက်တစ်နှစ် နှစ်နှစ်လောက် လည်းကြာရော ဦးနေဝင်းကို အကျယ်ချုပ်ထား လိုက်သလို ဦးစိန်လွင်လည်း သူ့အိမ်ထဲမှာ အကျယ်ချုပ်ဘဝနဲ့ နေသွားခဲ့ရတာပါပဲ။
ြုီဥ ခေါင်းဆောင်စောဘ ဦးကြီးကို သထုံခရိုင်ထဲက စစ်ဆင် ရေးမှာ အသေဖမ်းဆီးမိခဲ့တဲ့ (တကယ်က စောဘဦးကြီးကို ဒဏ်ရာရပြီး မပြေးနိုင်တော့လို့ ဖမ်း မိလိုက်တာကို သူ့အမိန့်နဲ့ ရှင်းပစ် လိုက်တယ်လို့ ဆိုတယ်။ ဘယ်ဟာ မှန်တယ် မှားတယ်ဆိုတာတော့ တစ်နေ့ကျရင် သမိုင်းမှာပေါ်လာမှာ ပါ။ ဘယ်စစ်သုံ့ပန်း ဏဥျွှ ကို ဂျီနီဗာကွန်းဗင်းရှင်းအရ အရှင်မိရင် အရှင်ပဲ ဖမ်းရမှာပါ။ ဒါတွေက နောက်ကျမှ ရှင်းကြတာပေါ့ဗျာ။)ြုီဥ ခေါင်းဆောင် စောဘဦးကို မိသွားလို့ တစ်ဟုန်ထိုး နာမည်ကြီး ပြီး ဦးနေဝင်း မြှောက်စားခဲ့တာက စလို့ ၁၉၈၇-၈၈ ခုနှစ်မှာ အထွတ် အထိပ် ရောက်လာခဲ့တဲ့သူပါ။ ဦးစိန်လွင်လည်း ဇာတ်သိမ်းမလှပါ။ ဒေါသနဲ့ သေခဲ့ရတာပါပဲ။ ဒီကနေ့ ဦးစိန်လွင်ဆိုတာ သမိုင်းမှာ ပျောက် ကွယ်ပြီး မျိုးဆက်သစ်တွေ ဘယ်သူ မှ မသိကြတော့ဘူး။ မြူမှုန်ကလေး တစ်မှုန်သာ ဖြစ်ခဲ့ရပါတယ်။
ကျုပ်နောက်ဆုံးပြောချင်တဲ့ ခြင်္သေ့ယောင်ဆောင်နေတဲ့ ဝံပုလွေ တွေကတော့ ခရိုနီတွေပဲဗျ။ ဒီကနေ ဗမာပြည်မှာ ကျိကျိတက်ချမ်းသာ နေတဲ့ လူစင်စစ်ကနေ နတ်ဖြစ်နေ တဲ့ ခရိုနီတွေက လွန်ခဲ့တဲ့ ၁၅ နှစ် အနှစ် ၂ဝ လောက်က တစ်ချို့ဆို ပါးစပ်နှစ်ဖက် အနားမှာ ကျီးကန်း ပါးစပ်နဲ့တောင် ကျုပ်တွေ့ခဲ့ဖူးတယ်။ တစ်ချိန်က ကျီးကန်းပါးစပ်နဲ့ ဖြစ်ခဲ့ ရတာကကောင်းကောင်းမစားနိုင်လို့ အာဟာရဗီတာမင်အပြည့်ဝတဲ့ ရုပ် လက္ခဏာပေါ့ဗျာ။ ပါးမှာ ခွက်နေ ကြတယ်။ ပိန်ချုံးလို့အသားအရောင် ကလည်း ရေနံချေးအရောင် ထနေ ရတဲ့ လူတွေပါ။ တချို့ခရိုနီတွေဆို ကျုပ်တို့နဲ့အတူ ဘတ်စကားတိုးစီး ခဲ့ရဖူးပါတယ်။ ရန်ကုန်တက္ကသိုလ် က အပြန် ကားကြပ်ကြပ်မှာ အတူ တူ ကားခိုစီးရတာ။ ကားခိုစီးရတာ မှာ ခြေထောက်တစ်ဖက်နဲ့ လက် တစ်ဖက်ပဲ နေရတာ။ ကားခ ၃၅ ပြား မတတ်နိုင်လို့ ကားခိုးစီးရတဲ့ ခရိုနီတွေတောင် ရှိတယ်။ စပယ်ယာ က ရှေ့ပေါက်က လာရင် နောက် ပေါက်ပြောင်းစီး၊ နောက်ပေါက်က လာရင် ရှေ့ပေါက်ကို ပြောင်းစီး စပယ်ယာအဟောက်ခံပြီး ကားခိုး စီးခဲ့ရတဲ့ ကောင်တွေက ဒီကနေ့ မြန်မာတစ်ပြည်လုံးကိုနေချင်းညချင်း သူတို့အိတ်ထဲ ထည့်လိုက်ပြီ။
အဲ့ဒီတုန်းကရန်ကုန်တက္ကသိုလ် ကျောင်းဆင်းချိန်မှာ ကားခိုးစီးတဲ့ ကောင်တွေကို ဟောက်နေတဲ့ စပယ်ယာကို ကျုပ်မျက်စိထဲ မြင် ယောင်နေသေးတယ်။ ခင်ဗျာ ဟောက်ခဲ့တဲ့ ကောင်တွေက ခင်ဗျာ နေတဲ့ တိုင်းပြည်ကို အိတ်ကပ်ထဲ ထည့်ထားလိုက်ပြီဗျို့။ ကျုပ်ဆိုလို ချင်တာက ဒီကနေ့ နေချင်းညချင်း ပြီးခဲ့တဲ့ စစ်အစိုးရအဆက်ဆက် အာဏာပိုင်တချို့နဲ့ပေါင်းပြီးစားရင် ချမ်းသာသွားခဲ့ကြတဲ့ ခရိုနီတွေဟာ မိရိုးဖလာ ချမ်းသာခဲ့ကြတဲ့ သူတွေ မဟုတ်ဘူး။ ဦးနေဝင်း မဆလခေတ် အောက်မှာဘတ်စကားခိုးစီးခဲ့ရတဲ့ သူတွေ၊ လက်ဖက်ရည်ဆိုင် ဖွင့်နေရ တဲ့သူတွေ၊ အိုက်တိုးပဂေးဆံ လုပ် နေကြတဲ့သူတွေ၊ ဦးချစ်လက်ဖက် ရည်ဆိုင်မှာ စားထားတဲ့ ပေါက်စီ နဲ့ လက်ဖက်ရည်ဖိုး မရှင်းနိုင်လို့ ပေါက်စီပန်းကန်ပြားကို ကျောင်း လွယ်အိတ်ထဲ ထည့်သွားရတဲ့ ပေါက်စီခိုးစားကြတဲ့ လူတွေ အများ ကြီးပါနေတယ်။ တရုတ်တစ်ရာအုပ် စု ဥက္ကဋ္ဌကြီးဆိုလည်း သူနေတဲ့ အိမ်နဲ့ခြံကို ပေါင်ပြီးမှ ဘဏ်ထောင် တာ။ အဲဒီဘဏ်က ဘိန်းငွေမည်း တွေကို ငွေဖြူလုပ်ပေးလိုက်မှ ဒီဘဝ ဒီခရိုနီဖြစ်သွားတာ။
ဒါကြောင့် ဒီကနေ့ မြန်မာ နိုင်ငံရေး၊ စီးပွားရေးမှာ တောဘုရင် ခြင်္သေ့ယောင် ဆောင်နေကြတဲ့ လူပုဂ္ဂိုလ်တချို့နဲ့ ခရိုနီတွေကြီးတွေ ဟာ တကယ်တော့ ဝံပုလွေတွေပါ။ သန်း ၆ဝ သော ပြည်သူတွေရဲ့ရှေ့ မှာ တောဘုရင်ယောင်ဆောင်ပြီး ဟန်ရေးပြနေတဲ့ ဝံပုလွေတွေသာ ဖြစ်တယ်ဆိုတာ မြန်မာပြည်သူ သန်း ၆ဝ သိဖို့ ကျုပ်သတိပေးလိုက် တာပဲ။ ဝံပုလွေဆိုတာ တောထဲမှာ ကြာကြာဘုရင် ဘယ်လုပ်နိုင်ပါ့မလဲ။ ဘာကြောင့် လဲဆိုတော့ တောဘုရင်ဆိုတာ ကေသရာဇာခြင်္သေ့နဲ့မှ ထိုက်တန် တာ။ ဝံပုလွေဆို တာ ခွေးအမျိုးအနွယ်တွေပဲ၊ တော ခွေး၊ မြေခွေး၊ ခွေးအတွေနဲ့ မျိုးနွယ် တစ်အုပ်စုတည်းပဲလေ။
ကျုပ်တို့ ခေတ်သစ် မြန်မာ ပြည်သမိုင်းက ကံဆိုးခဲ့ပါတယ်။ သိုက်တူးဖို့လိုက်ရှာနေတဲ့သိုက်ဆရာ ကိုမှ လှေပေါ်ကိုတင်ခဲ့မိတဲ့ မမြစိမ်းရဲ့ ယောက်ျားကိုဖုန်ြး<ွကယ် ရဲ့ဇာတ်လမ်းအတိုင်းဖြစ်ခဲ့တယ်။ ခြင်္သေ့ယောင်ဆောင်တဲ့ ဝံပုလွေ လို ခေါင်းဆောင်တွေနဲ့ ပြည့်နှက် နေတဲ့ သမိုင်းပဲဗျာ။ လာမယ့် အနာဂတ်မှာ ခေါင်းဆောင်ကောင်း တွေပေါ်ပေါက်တဲ့ မြန်မာပြည် ဖြစ် ပါစေ....

စစ်သူရဲဗလမင်းထင်
Tags: The Sunlight Weekly News