Wednesday, October 31, 2012

အလုပ်အကိုင် အခွင့်အလမ်းနှင့် ခြေလွတ်လက်လွတ် အိပ်မက်များ


Aung Khaing Myint 2:24pm Oct 31
ကြာသာပတေးနေ့၊ နိုဝင်ဘာလ ၁၊ ၂၀၁၂
အလုပ်အကိုင် အခွင့်အလမ်းနှင့် ခြေလွတ်လက်လွတ် အိပ်မက်များ
”ကျွန်မဘဏ်မှာ အလုပ်ရဖို့ လုံးဝ မမျှော်လင့်တော့ပါဘူး။ ကျွန်မအခုချိန်မှာ သင့်တင့်တဲ့ လစာနဲ့ အလုပ်တစ်ခုခုရဖို့ပဲ စိတ် ကူးရှိတော့တယ်”

ထိုကဲ့သို့ ပြောသူမှာ ရန်ကုန် မြို့ ဒဂုံမြောက်ပိုင်းမြို့နယ်တွင် နေ ထိုင်သူ မသဇင်။ မသဇင်တစ် ယောက် စီးပွားရေးပညာအဓိကဖြင့် ကျောင်းပြီး ထားသည်မှာ နှစ်နှစ်ရှိ ပြီ။ ကျောင်းပြီးပြီးချင်း ပညာသင် ထောက်ပံ့မှုပေးခဲ့သည့် မိဘနှစ်ပါး ကို တစ်ဖန်လုပ်ကျွေးမှုပြုရန် စိတ် ကူးခဲ့သည်။ သင်ထားသော ပညာ ဖြင့် ဘဏ်တစ်ခုခုမှာ အလုပ် လုပ် ချင်သည်ဟုလည်း စိတ်ကူးယဉ်ခဲ့ သည်။ ထိုအချိန်တွင် အစိုးရက ပုဂ္ဂလိက ဘဏ်များအပြိုင်အဆိုင် ဖွင့်လှစ်ခွင့်ပေးခဲ့သဖြင့် ပိုမိုမျှော် လင့်ခဲ့သည်။ သို့သော် ….


”စီးပွားရေးနဲ့ ကျောင်းပြီးတဲ့ အတွက် ဘဏ်မှာ လုပ်ချင်တယ်။ အဲ့ဒါကြောင့် ကျောင်းပြီးကတည်း က ဘဏ်မှာ CV Form တွေတင် တာ။ ဘဏ်နှစ်ခုမှာ အင်တာဗျူး ဝင်ခွင့်ရခဲ့တယ်။ အလုပ်မရခဲ့ဘူး။ CB ဘဏ်မှာ အင်တာဗျူးဝင်တုန်း က ခေါ်မယ့်ဝန်ထမ်းက လေးဆယ် ကျော်တဲ့။ အင်တာဗျူးလာဖြေတာ က လေးရာကျော်ရှိတယ်။ ဘဏ် တွေက ဝင်ဝင်ချင်း လစာတစ်သိန်း ခွဲပေးတဲ့အပြင်ဖုန်းဆိုလည်း အရစ် ကျနဲ့ဝယ်ပေးတယ်။ Facilities ကလည်း ကောင်းတယ်ဆိုတော့ မိန်းကလေးတော်တော်များများက ဘဏ်မှာလုပ်ချင်ကြတယ်။ အင်တာ ဗျူးတော့ငွေကြေးပိုင်းဆိုင်ရာေ
တွ မေးတယ်။ မေးတဲ့အထဲက တစ်ခုကို မဖြေနိုင်ခဲ့ဘူး။ နောက်ဘဏ်တွေမှာ အင်တာဗျူး ဖြေရင်းသိရတာက အသိရှိမှအကပ်ရှိမှ အလုပ်ရတာလို့ လည်း ပြောကြတယ်။ ကျွန်မက တော့အဲဒီမေးခွန်း မဖြေနိုင်လို့လား အကပ် မရှိလို့လား မသိဘူး။ အလုပ်မရ ဘူး။ ကျွန်မနဲ့ အင်တာဗျူး အတူတူဝင်တဲ့ သူငယ်ချင်းတစ် ယောက်က အလုပ်ရသွားတယ်။ သူကတော့ အဲဒီဘဏ်မှာ အသိရှိ တယ်လေ”ဟု ဘဏ်ဝန်ထမ်းဘဝ ကို စိတ် ကူးယဉ်ခဲ့သော မသဇင်ကအလုပ်ရရှိရေး အင်တာဗျူးဝင်ခဲ့ပုံ များကို ပြန်ပြောင်းပြောပြသည်။

ယခု မသဇင်တစ်ယောက် အလုပ်အင်တာဗျူးပေါင်းများစွာ ဖြေခဲ့ပြီးပြီ။ သို့သော် အလုပ်တစ်ခု မျှ မရသေးပေ။ တစ်နေ့ အလုပ် တစ်ခုရမည်ဟု ယုံကြည်လျက်ပင်။ ”ဒီလ ထဲမှာပဲ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီနှစ်ခုမှာ CV Form တင် ထားတယ်။Office Staff အနေနဲ့ပဲ တင်ထားတာ။ အင်တာဗျူး တစ်ခါဝင်ပြီးပြီ။ ခန့်မှန်းလစာမေးလို့ ရှစ်သောင်းခွဲ လို့ပြောလိုက်တယ်။ အဲဒီအလုပ် လည်း မရပါဘူး”ဟု စိတ်ပျက်အား လျော့သော လေသံ ဖြင့် အသက် ၂ဝ ဝန်းကျင်ခန့်ရှိသေးသူ မသဇင် က ပြောသည်။


အလုပ်လက်မဲ့ ၆ သန်း


မြန်မာနိုင်ငံတွင် လူဦးရေသန်း ၆ဝ ရှိသည့်အနက် အလုပ်လုပ်နိုင် သော ဦးရေမှာ ၃၆ ဒသမ ၈၄ သန်းရှိကြောင်း အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ထိုအလုပ်လုပ်နိုင်သူဦးရေထဲမှ ၃ဝ ဒသမ ၄၉ သန်းသော လူဦးရေသာအလုပ်အကိုင်ရရှိနေပြီး ကျန် ၆ ဒသမ ၃၅ သန်းသော လူဦးရေမှာ အလုပ်လက်မဲ့များ ဖြစ်ကြောင်း သိရသည်။”မြန်မာနိုင်ငံမှာ နှစ်စဉ် လူဦး ရေ ၁ ဒသမ ၁ ရာခိုင်နှုန်း တိုးလာ တာနဲ့အမျှ အလုပ်လက်မဲ့ ဦးရေက လည်း နှစ်စဉ်တစ်သန်းလောက်တိုး ပွားနေတယ်” ဟု အ လုပ်သမား ဝန်ကြီးဌာန ဒုဝန်ကြီးဦးမြင့်သိန်းက ပြောသည်။အထက်ပါ အလုပ်သမားဝန် ကြီးဌာန၏ စာရင်းဇယားသည် အ လုပ်သမားမှတ်ပုံတင်စာရင်းနှင့် အ လုပ်အ ကိုင်ရရှိမှု စာရင်းများကို သာအခြေခံ တွက်ချက်ထားခြင်း ဖြစ်ရာ ရာနှုန်းပြည့် မှန်ကန်မှုရှိသည် ဟုတော့ မဆိုနိုင်ချေ။ မြန်မာနိုင်ငံတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုရှိရာ တော ရော၊ မြို့ပါမကျန် အလုပ်လက်မဲ့ဦး ရေ များပြားစွာရှိနေသည်။ အလုပ် အကိုင်အခွင့်အလမ်း များပြားစွာ ရှိနေသော ရန်ကုန်မြို့ကြီးတွင် မသဇင်ကဲ့သို့ အလုပ်လုပ်ချင်စိတ်ရှိ ပြီးအလုပ်အကိုင်မရှိသူ များစွာရှိ နေသလို ရန်ကုန်မြို့ရှိ လူငယ် ယောက်ျားလေး အတော်များများမှာ နေ့စဉ် လက်ဖက်ရည်ဆိုင်၊ ဂိမ်း ဆိုင်နှင့် အင် တာနက်ဆိုင်များတွင် ဒုနှင့် ဒေးရှိနေသည်။


တက်စရာသင်တန်းတွေက များ


”B.Com နဲ့ကျောင်းပြီးဖို့ ၄ နှစ်တက်ခဲ့ရတယ်။ ကျောင်းပြီးတော့ တစ်နှစ်လောက် အလုပ်မဝင်သေး ဘဲနဲ့LCCI၊ Computer သင်တန်း၊ အင်္ဂလိပ်စာသင်တန်းတွေ လျှောက် တက်ခဲ့တယ်။LCCI ဆို Level 2 အထိ တက်ခဲ့တယ်။ ကွန်ပျူတာ ဆိုအခြေခံလိုအပ်တာအကုန်ပဲ။ ဒီသင်တန်းတွေအတွက် သင်တန်း ကြေးက အနည်းဆုံး မကုန်ဘူးဆို ကျပ် သုံးသိန်းလောက်ရှိမယ်။ အခု စာရင်းကိုင်အလုပ်နဲ့ မီဒီယာတစ်ခု မှာ အလုပ်ဝင်လုပ်နေတယ်။ အင် တာဗျူးခေါ်တုန်းကလည်း ဘွဲ့တွေ ကိုကြည့် ပြီး ခေါ်ခဲ့တာပဲ။တကယ့် တကယ်အလုပ်ထဲကျတော့ ကိုယ် သင်ခဲ့ရတာနဲ့ လုပ်ရတာ တခြား စီဖြစ်နေတယ်။ ဒါကြောင့် အလုပ် ကထွက်လိုက်တာတစ်နှစ်လောက် ရှိပြီ”ဟု အသက် ၂၅ နှစ်အရွယ် မသဲစုမိုး ကပြောသည်။ မသဲစုမိုး နည်းတူ ရန်ကုန်မြို့ရှိ ငွေကြေး အတန်အသင့်တတ်နိုင်သူ လူငယ် အတော်များများသည် ကျောင်းပြီး ပါက လုပ်ငန်းခွင် ချက်ခြင်းဝင် ရောက်မှုမရှိဘဲ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိရန် ရည်ရွယ် ၍ ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ စာရင်းအင်းသင်တန်း စသည့် သင်တန်းပေါင်းစုံ ကို ငွေကြေးများစွာအကုန်အကျခံ၍ ဆက်လက် တက်ရောက်ကြသည်။


ထို့ပြင် နယ်မှလာ၍ အလုပ်တစ်ခု လုပ်ရင်း သင်တန်းလာရောက် တက်သူများ လည်းရှိ သည်။ ထို့အတွက် ရန်ကုန် မြို့အပါအဝင်မြန်မာနိုင်ငံရှိ မြို့တိုင်း တွင်ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊စာရင်းအင်းသင်
တန်း များ တစ်ခေတ်ဖြစ်လာခဲ့သည်။ ”ကျွန်ေ တာ် ကွန်ပျူတာသင် တန်းတက်ခဲ့တယ်။ LCCI တက်ခဲ့ တယ်။ ကွန်ပျူတာနဲ့ ပတ်သက်လို့ တစ်နှစ်လောက် Service Centre မှာ လုပ်ခဲ့တယ်။ ကျွန်တော် သင်ခဲ့ တာနဲ့ ပတ်သက်လို့ ဒါပဲ လုပ်ခဲ့ရ တယ်။ ကုမ္ပဏီက အကြောင်း ကြောင်းကြောင့် နားသွားတော့ ကျွန်တော် အလုပ်လက်မဲ့ဖြစ်တယ်။ အကြာ ကြီးနေလို့ အလုပ်ပြန်ရတော့ သင် ထားတာတွေနဲ့ ဘာမှ မဆိုင် ဘူး။ ဦးလေးရဲ့ ထောက်ခံချက်နဲ့ အလုပ်တစ်ခု ရတယ်ဆိုတာပဲ အဖတ်တင်တယ်။ ဒါဆို ဘာလို့ ကျွန်တော်ပညာသင်မလဲ။ အလုပ် ရှာတဲ့ကုမ္ပဏီတွေကရော လူတစ် ယောက်ရဲ့ အရည်အချင်း ထက် ဓာတ်သိရဲ့ ထောက်ခံချက်ကို ပို အလေးထားသလိုပဲ။ နောက်ဆုံး စာရင်းချုပ်လိုက်တော့ ဘာသင် တန်း၊ ညာသင်တန်းဆိုတာတွေကို လူတွေက ပိုက်ဆံပေးလုပ်ကျွေးနေ ကြတာ”ဟု ကိုသက်ထွန်းနိုင်ဆိုသူလူငယ်တစ်ဦးက ပြောသည်။”LCCI Level 3 လက်မှတ် ရှိမှဆိုပြီးေ ခ်ါတယ်။ အင်တာဗျူး တော့ သူတို့ပေးတဲ့ လစာနဲ့ ကိုယ် သင်ထားရတာနဲ့ မတန်ဘူး။ ကိုယ် က ပညာလိုချင်ရင်တော့ တန်ပါ တယ်”ဟု အလုပ်ရှင်နှင့် အလုပ်သ မားကြား လိုအပ်ချက် ကွာခြားမှုကို ရှင်းပြသည်။

တိုင်းပြည်အတွင်း၌ အထက်ပါ ကဲ့သို့ လုပ်ငန်းရှင် လိုအပ်ချက် နှင့် လုပ်သားများ၏ လုပ်နိုင်စွမ်းကို ရေရှည်တွင် ထည့် သွင်းစဉ်းစားရ မည်ဖြစ်သည်။ထုထည်ကြီးကြီးမား မား မဟုတ်သော်လည်း နည်းပညာ အသားပေး နိုင်ငံတကာမှ လာမည့်ရင်းနှီးမြှုပ်နှံသူများက ထိုအချက်ကို ဦးစွာထည့် သွင်းစဉ်းစားမည်ဖြစ် သည်။ ထို့အတွက် တကယ် အလုပ် လုပ်လိုသူများ ကြိုတင်ပြင်ဆင်ထား ရန်လို အပ်သလို နိုင်ငံတော်ကလည်း တက္ကသိုလ်များမှ တစ်ဆင့် ဘာသာ ရပ်အလိုက် ကျွမ်းကျင်သူများ မွေးထုတ်ပေးရေးနှ င့် သက်မွေး ပညာ ရပ်များ သင်ကြားနိုင်ရန် စီစဉ်ပေးဖို့ လိုအပ်ကြောင်း အငြိမ်းစား အစိုးရ ဝန်ထမ်းတစ်ဦးက သူ၏ အမြင်ကို ပြောသည်။နည်းပါးသော အလုပ်အကိုင် အခွင့်အလမ်းနှင့် အလုပ်က လိုအပ် လာမည်ဖြစ်သော လူသား ရင်းမြစ် ဆတူအဆင်သင့်ဖြစ်ရန် မြန်မာလူ ငယ်ထုပေါ်တွင်များစွာမူတည်သည်။ ထိုအချက်က ယခုနှစ်အ တွင်း ရန်ကုန်မြို့၌ မြန်မာနိုင်ငံ လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအဖွဲ့ က နှစ်ကြိမ်တိတိပြုလုပ်ခဲ့သော အလုပ်အကိုင် အခွင့်အလမ်းပြပွဲက သက်သေတည်နေသည်။


”အဲဒီပွဲတွေမှာ အလုပ်လာ လျှောက်တဲ့ သူတွေအများစုဟာ ငါဘယ်လို အလုပ်ကို လျှောက်မယ် ဆိုပြီး ပြင်ဆင်လာတာနည်းတယ်။ ဒီအတွက် အလုပ်ရရှိမှုနည်းတယ်” ဟု မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီ ထွင်လုပ်ငန်းရှင်များအဖွဲ့ အလုပ်အကိုင်အခွင့်အလမ်းပြပွဲ ကျင်းပရေး တာဝန်ခံနှင့် အခွင့်အလမ်းဂျာနယ် တာဝန်ခံအယ်ဒီတာဖြစ်သူ ဦးသန်း စိုးက ပြောသည်။


ယင်းအပြင် အလုပ်အကိုင် ရရှိလိုသူများအနေဖြင့် လုပ်လိုသော အလုပ်နှင့် ကိုယ့်အရည်အချင်းကို သေချာစွာ စစ်ဆေးသင့်သည်။ ထို့ အပြင် အလုပ်လက်မဲ့ များရခြင်း၏ အကြောင်းအရင်းမှာ အလုပ်အ ကိုင်အခွင့်အလမ်းနေရာ နည်းပါး နေခြင်းကြောင့် ဖြစ်ကြောင်း၊ ပြပွဲ ၌ လာရောက်ပြသသော ကုမ္ပဏီ နှင့် အလုပ်အကိုင်ရှာဖွေသည့် လူဦးရေမျှတမှုမရှိကြောင်း ၄င်းက ထပ်လောင်းပြောပြသည်။”ဒီမှာက ကုမ္ပဏီတွေနဲ့ လုပ် ငန်းတွေကတော့ အစုံပါပဲ။ အလုပ် လာလျှောက်တဲ့ သူတွေလည်း အစုံပါပဲ။ အလုပ်အကိုင် အခွင့် အလမ်းရှားပါးတယ်ဆိုတာ က တော့ လုပ်ငန်းအတွေ့အကြုံ ရှိဖို့ ထက် လုပ်ချင်စိတ်ရှိဖို့ပဲ လိုပါ တယ်”ဟု ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး
လုပ် ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အေဂျင်စီကို ယုံမိလို့


”ဆိုင်မှာ ဗီနိုင်းလေးဘာလေး လာအပ်ရင် Photoshop ကျွမ်း ကျင်ဝန်ထမ်း လိုတဲ့အကြောင်း အခွင့်အလမ်းဂျာနယ်ကနေ ကြေ ညာခဲ့တယ်။ အဲဒီမှာ အလုပ်ရှာတဲ့ အေဂျင်စီတစ်ခုက ဖုန်းလှမ်းဆက် ပါတယ်။ အရည်အချင်း စစ်ဆေး ပြီးသား၊ကျွမ်းကျင်တဲ့လျှောက် လွှာရှင် တစ်ယောက် ရထားပါ တယ်ပေါ့။ လာပို့ရမလားဆိုပြီး မေးပါတယ်။ ဟုတ်ပါပြီ။ အကျိုး ဆောင်ခ ဘယ်လိုပေးရမလဲပေါ့။ တစ်ယောက်ကနေ ဆယ်ယောက် အထိ အင်တာဗျူးပို့ပေးရင် ၅ဝဝဝ ယူပါတယ်။ တစ်ယောက်တည်း ဆိုရင်လည်း၅ဝဝဝ ပါလို့ပြော တော့၊ ဟုတ်ပါပြီ၊ ခေါ်လာခဲ့ပါ၊ တကယ်ကျွမ်းကျင်ရင် ခန့်မှာပါလို့ ပြောလိုက်တယ်။ အေဂျင်စီက ဝန်ထမ်းလုပ် ချင်တဲ့ ကလေးတစ်ယောက် လာပို့ ပါတယ်။ စိတ်ချပါ အစ်မ။ ကျွန်မ တို့ အသေအချာစစ်ဆေးပြီးမှ လာ ပို့တာဆိုလို့ လက်ခံလိုက်ပါတယ်။ ကလေးက ဓာတ်ပုံတွေဖြတ်တာ၊ နောက်ခံချိန်း တာ၊ ပြောင်း တာ တွေအဟုတ်ပါပဲ။ ဆိုးတာက အဲ ဒါတစ်ခုကလွဲပြီး တခြားဘာမှ မလုပ်တတ်ဘူး ဖြစ်နေတယ်။ ဓာတ်ပုံအောက်မှာ ပုံစာလည်း ရိုက်ခိုင်းရော ဘာမှ မရိုက်တတ် ဘူး ဖြစ်နေတယ်။ ကျောင်းပညာ က ဆယ်တန်းအောင်တဲ့။ အောင် လက်မှတ်က အတုဖြစ်နေတယ်။ အဲဒါနဲ့ သနားလို့ ၁၅ ရက်စာ လုပ်ခပေးပြီး ပြန်လွှတ်မယ်ဆို တော့ သူ့မှာ လည်း အစ်မတို့က ပေး မယ်လို့ သဘောတူထားတဲ့ တစ်လ စာကို အေဂျင်စီမှာ ပေးခဲ့ရတယ် လို့ပြောတော့ သနားတာနဲ့တစ်လ စာပေးလိုက်ရတယ်။ ဒီလိုအေဂျင် စီတွေ ဆီကနေပို့တဲ့အလုပ်သမား ကို ကျွန်မတို့ ဘယ်လိုယုံကြည်ရ မလဲဟု ကွန်ပျူတာစာစီနှင့် ဓာတ် ပုံဆိုင်ရှင်တစ်ဦးက ပြောပါသည်။


ဥပဓိရုပ်ရှိဖို့လို


လက်ရှိ ပြည်တွင်း အလုပ်အ ကိုင်နေရာအများစုသည် ၄င်းတို့ ဝန်ထမ်းဖြစ်လာမည့် သူကို အင်တာဗျူးစဉ်၌ပင် တစ်ကိုယ် ရည်သန့်ရှင်းမှုကို ဆန်းစစ်လေ့ရှိ ကြောင်း ၊ ခေတ်လူငယ်များ၏ နေထိုင်မှု ပုံစံများ ဖြစ်သည့် နားကပ်တပ်ခြင်းနှင့် ဆံပင်ပုံစံထူးထူးခြားခြားများကိ
ု သဘောမတွေ့ ကြောင်း၊ အထူးသဖြင့် ကွမ်းစား သော အမျိုး သားများကို အလုပ်ရှင် အတော်များများက ငြင်းပယ်လေ့ ရှိကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ သို့သော် လုပ်ငန်းရှင်များနှင့် တိုက်ရိုက်ဆက်ဆံရသော အလုပ် အကိုင်ရရှိလိုသူ လူငယ်အတော် များများက အလုပ်အကိုင် တစ်ခု ရရန်အတွက် ၄င်းတို့၏ လက်ထဲ တွင် ဘွဲ့လက်မှတ်နှင့် သင်တန်း ဆင်းလက်မှတ် တစ်ထပ်ကြီး လို အပ်နေသည်ဟုသာ တွေးနေ သည်။ မိမိ လုပ်ကိုင်လိုသည့် အလုပ် အကိုင်အတွက် ကျွမ်းကျင်မှု(Skill) ကို ထည့်တွက်သူမှာ အနည်းအကျဉ်းသာရှိသည်။ လုပ် ငန်းရှင် အချို့ကလည်း မိမိ၏ လုပ်ငန်းခွင် လိုအပ်ချက်ထက် မလိုအပ်သော သင်တန်းဆင်းလက် မှတ်များကို တစ်ပွေ့တစ်ပိုက် တောင်းတော့သည်။

ဘွဲ့လက်မှတ်ထက် အတွေ့အကြုံက အရေးပါ


”အခုခေတ်မှာက ဘာအောင် လက်မှတ်၊ ညာအောင်လက်မှတ်ဆို ပိုက်ဆံအနည်းအကျဉ်းပေးရုံနဲ့ ရနေပြီ။ ဘွဲ့မရတဲ့ သူတစ်ယောက် ကလည်း လိုချင်တဲ့ ဘွဲ့ကို အတု လုပ်လို့ရတယ်။ ဒီတော့ လုပ်ငန်း ရှင်တွေက ကိုယ့်အလုပ်နဲ့ တကယ်အကျွမ်းတဝင်ဖြစ်နိုင်တဲ့သူ
ကို ရွေး ချယ်ခန့်နိုင်ဖို့ လိုတယ်”ဟု မည် သည့်ဘွဲ့လက်မှတ်နှင့် သင်တန်း ဆင်းလက်မှတ်မှ မရှိဘဲ လက်ရှိ တွင် အချိုရည်နှင့် စား သောက်ကုန် ဖြန့်ဖြူးရေးလုပ်ငန်း တစ်ခု၌ မန် နေဂျာအဖြစ် လုပ်ကိုင်နေသူတစ်ဦး က ပြောသည်။သို့သော် ကွန် ပျူတာဘာသာ ရပ်ဖြင့် ကျောင်းပြီးထားသူ တာမွေ မြို့နယ်မှ မပြည့်ပြည့်ဟိန်းက အမြင်တစ်မျိုးဖြစ်သည်။ ၄င်းအမြင် သည် အထက်က ဆိုခဲ့သလို မလို လားအပ်သော သင်တန်းဆင်း လက်မှတ် လိုချင်သည့် လုပ်ငန်း ရှင်များနှင့်အတူတူပင်ဖြစ်သည်။”ကိုယ်လိုချင်တဲ့ လုပ်ခလစာနဲ့ နေရာကောင်းကောင်းလိုချင်ရင်တော့ Certificate တွေ အများကြီးလိုမှာ ပါ။ တခြားသူတွေကိုလည်း အကြံ ပေးချင်တာက ကိုယ့်မှာ ကျောင်း ပြီးလို့ ဘွဲ့ရထားရုံနဲ့ အလုပ်လွယ် လွယ်ကူကူမရဘူးဆိုတာပဲ”ဟု မပြည့်ပြည့်ဟိန်း က သူ၏ အမြင်ကို ပြောသည်။

ကျောင်းပြီးလို့ ဘွဲ့တစ်ခုရထား ရုံနဲ့ အလုပ်တစ်ခု ရဖို့ မလွယ်သလို သင်တန်းဆင်းလက်မှတ် တစ်ပွေ့ တစ်ပိုက်နှင့် ရထားသည့် အလုပ် သည်လည်း အလုပ်သမားရော အလုပ်ရှင်အတွက်ပါ ထိခိုက်ပြီး နှစ်ဖက်စလုံးအတွက် ရေရှည်အကျိုး မရှိနိုင်ပါ။ထို့အတွက် မြန်မာပြည် တွင်းက သင်တန်းဆင်းလက်မှတ် တစ်ထပ်ကြီးနှင့် ဘွဲ့ရလူငယ်များ အတွက် ဘာသာစကား (အထူး သဖြင့် အင်္ဂလိပ်စာ) တစ်ရပ်နှင့် မိမိလုပ်ကိုင်လိုသည့် အလုပ်အကိုင် အတွက် တတ်မြောက်ထားမှု၊ ထိုအထဲတွင်ဝါသနာပါ ပေါင်းထည့် ပါကယင်းလုပ်ငန်းထဲက လိုချင် သောရာထူးကို တစ်နေ့ရမည်မှာ သေချာသည်။


မြန်မာနိုင်ငံတွင် လက်ရှိ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအပြီး မသတ်သေး၍ သိသာသော နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု ဝင်မလာသေးသ ဖြင့် ပြောရန် စောနေသေးသည်။ ယခု ရင်းနှီးမြှုပ်နှံရန် နိုင်ငံတကာ က စိတ်ဝင်စားနေ သည်မှာ သဘာ ဝသယံဇာတ ထုတ်ယူရေးလုပ်ငန်း များသာဖြစ်သည်။ လူအင်အား (တစ်နည်း အလုပ်သမားအင်အား) အများအပြားသုံးရသည့် ကုန် ထုတ်လုပ်မှု လုပ် ငန်းများ ရင်းနှီး မြှုပ်နှံရန် စိတ်ဝင်စားမှု နည်းနေသည်ဟု ထင်သည်။ဆင်းရဲမွဲတေမှု ပပျောက်ရေး ကို တရစပ် ပြောနေသည့် သမ္မတ ကြီးအပါအဝင် အစိုးရတာဝန်ရှိသူ များအနေဖြင့် အမှန်တကယ် ဆင်း ရဲနွမ်းပါးမှုလျှော့ချရန်မှာ အထက်က ပြောခဲ့သလို လူသားအရင်းအမြစ် များစွာသုံးနိုင်၊အလုပ်အကိုင် အခွင့်အလမ်းပိုမိုရနိုင်သော ကုန်ထုတ် လုပ်မှု လုပ်ငန်းကို နိုင်ငံတကာနှင့် ပြည်တွင်းလုပ်ငန်းရှင်များ အပြန် အလှန် ရင်းနှီးမြှုပ်နှံနိုင်ရန် မက်လုံး ပေးခြင်း သို့မဟုတ် တိုင်းပြည်၏ အလုပ်အကိုင် အခွင့်အလမ်း အတွက် ပိုမိုလုပ်သာကိုင်သာရှိသည့် အခွင့်အရေးများကိုဥပဒေပြုရာ၌ ထည့်သွင်းရေးဆွဲဖို့ လိုနေခြင်းပင် ဖြစ်သည်။


ယင်းသည်တိုင်းပြည်၌ အလုပ် အကိုင် အခွင့်အလမ်း ရှားပါးမှု ကြောင့် ဝေလေလေဖြစ်နေသော လူငယ်များအတွက်၊ အစိုးရအတွက် အကောင်းဆုံးသော ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအစီအစဉ်တစ်ခုဖြစ်လာ နိုင်သည်။ ထို့ပြင် အသက်မွေးသင်တန်းကျောင်းများလည်း ကြို တင်စီစဉ်ထားသင့်သည်။ သို့မှသာ အလုပ်ရှင်၏ လိုအပ်ချက်နှင့် လုပ် သား၏ လုပ်ငန်းခွင် စွမ်းဆော င်နိုင် မှုအတွက် လိုအပ်ချက်များ တစ် ထပ်တည်းကျနိုင်မည်ဖြစ်သည်။အချို
့က ပြောသည်။ ပြည် တွင်း ၌ အရည်အချင်းပြည့်ဝသော ကျွမ်းကျင်လုပ်သား ရှားပါးမှု ပြဿ နာကြုံရနိုင်သည်ဟု ထင်ကြေးပေး နေကြသည်။

ယင်းထင်ကြေးသည် အနည်းစုသာဝင်လာနိုင်သော နည်း ပညာဆိုင်ရာ လုပ်ငန်းများအတွက် ဖြစ်လိမ့်မည်။ကုန်ထုတ် လုပ်ငန်း၌လုပ်ငန်း တစ်ခု ကျွမ်းကျင်ရေးသည် အဓိက ဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံ တကာမှကုန်တိုက်ကြီးများ ဟိုတယ် ကြီးများ လာရောက်ရင်းနှီးလုပ်ကိုင် ပါကများစွာသော လုပ်ငန်းလိုအပ် ချက်များ ပေါ်လာမည်။ အခြားဝန်ဆောင်မှုလုပ်ငန်းများစွာ
လည်း ရှိ နေသေးသည်။ ဘာသာစကားနှင့် မိမိလုပ်လိုသော လုပ်ငန်းအေ ကြာင်း သိလျှင် ထိုအလုပ်သမားအတွက် အလုပ်မရ နိုင်စရာမရှိ။

မိုးမြင့်မြတ်ရေးဖွဲ့သည်။(
Popular Myanmar News Journal )

သတင်းအချက်အလက် – ဝေယံမိုးမြင့်၊ မေဇင်ဝင်း၊ ထက်ထက်မိုးမြင့်၊ အိမ်စည်စိုးစံ

http://www.dawnmanhon.com/
New Generations: အလုပ်အကိုင် အခွင့်အလမ်းနှင့် ခြေလွတ်လက်လွတ် အိပ်မက်များ
8888newgenerations.blogspot.com

တော်ဝင် သစ်အချောထည် လုပ်သားများ အစာအငတ်ခံ ဆန္ဒပြမည်



ရန်ကုန်၊ အောက်တိုဘာ ၃၁


ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာ မြို့နယ် ဝါးတစ်ရာ စက်မှုဇုန်ရှိ တော်ဝင် မိသားစု သစ် အချောထည် စက်ရုံတွင် အလုပ်သမား ၂ဝဝကျော် က အလုပ် လုပ်ခွင့် ပြန်လည် ရရှိရေး အတွက် ခြောက်ည နှင့် ခုနှစ်ရက် ဆက်တိုက် ဆန္ဒပြ တောင်း ဆို နေသော်လည်း ပြေလည်မှု မရရှိ သေးသဖြင့် နိုဝင်ဘာ လ ၁၇က် နေ့မှ စတင်ကာ အစာအငတ်ခံ ဆန္ဒပြမည် ဖြစ်ကြောင်း အဆိုပါ အလုပ်သမား များနှင့် Action Labour Right မှ ရွှေပြည်သာ တာဝန်ခံ ဦးကျော်မင်းက ပြောကြားသည်။


အောက်တိုဘာ ၂၅ရက် တွင် အလုပ်သမား ၂ဝဝ ကျော်၏ သဘော ဆန္ဒ မပါပဲ အပြင် ဆောက်လုပ် ရေး လုပ်ငန်း များတွင် လုပ်ကိုင် ခိုင်း၍ စက်ရုံတွင် ပြန်လည် ဝင်ရောက် လုပ်ကိုင်ရန် ယင်းနေ့ နံနက် ၇နာရီမှ စတင်ကာ တောင်းဆို ကြခြင်းပြီး အောက်တိုဘာ ၃၁ ရက်နေ့ အထိ တောင်းဆိုမှု များ တစ်စုံတစ်ရာ မရရှိ သေးကြောင်း ၄င်းတို့က ဆိုသည်။


အလုပ်သမား များနှင့် ယနေ့ နံနက် ၁ဝနာရီတွင် ညှိနှိုင်းရန် အလုပ်ရှင် က စတင် ချိန်းဆို ခဲ့သော်လည်း အလုပ်ရှင် ဖက် မစောင့်ဆိုင်း ခဲ့သဖြင့် ညှိနှိုင်းခွင့် မရရှိ ခဲ့ကြောင်း၊ ယင်း အလုပ်သမား ပြဿနာ ကို ခုံသမာဓိ အဆင့်တွင် ဖြေရှင်းမည် ဖြစ်ကြောင်း ဦးကျော်မင်းက ရှင်းပြသည်။


အဆိုပါ အလုပ်သမား များက မိမိတို့ သဘော မတူပဲ အခြား အပြင် အလုပ်သို့ မပြောင်းရွှေ့ ရန်၊ အလုပ်ရှင် အလုပ်သမား သဘော တူစာချုပ် (EC) စာချုပ် ကို ချုပ်ဆို ပေးရန်၊ လူမှု ဖူလုံရေး ကတ်ပေးရန်၊ စက်ရုံတွင် စည်းကမ်း ချက်များ ထုတ်ပြန် ရာတွင် အလုပ်သမား များ သဘောတူခြင်း မရှိပဲ တစ်ဖက်သတ် မလုပ်ရန် နှင့် ဆန္ဒပြ ကာလကို On Duty သတ်မှတ်၍ လုပ်ခ ပေးရန် စသည့် အချက် များကို တောင်းဆို နေကြခြင်း ဖြစ်ကြောင်း အလုပ်သမား များ ထံမှ သိရှိ ရသည်။


အဆိုပါ ကိစ္စရပ်နှင့် ပက်သတ်၍ တောင်ဝင် မိသားစု သစ်အချောထည် စက်ရုံမှ စက်ရုံမှူး ဦးညွှန့်သိန်း ကမှု အလုပ်သမား များ တောင်းဆိုမှု များ ကို အလုပ်ရှင် နှင့် အလုပ်သမား များ အောက်တိုဘာ လ ၈ရက်နေ့ က ညှိနှိုင်းပြီး အလုပ်သမား တောင်းဆိုချက် များကို လိုက်လျော ထားပြီး ဖြစ်သဖြင့် ထပ်မံ တိုးပေးရန် အစီစဉ် မရှိကြောင်း အောက်တိုဘာလ ၂၆ရက်နေ့ တွင် ပြောကြားသည်။


အဆိုပါ အလုပ်သမား များသည် မုဒိတာ (၂) ဆောက်လုပ်ရေး လုပ်ငန်းတို့ လာသူများ ဖြစ်ပြီး အလုပ် ယာယီ ရပ်နား ထားသဖြင့် စက်ရုံတွင် အလုပ် လုပ်ကိုင်ခွင့် ပေးထားခြင်း ဖြစ်ကာ အလုပ် သက်တမ်း မှာလည်း ၄လ ခန့်သာ ရှိပြီး ယခု ဆောက်လုပ်ရေး လုပ်ငန်းတွင် ပြန်လုပ်ခိုင်း သည်ကို ငြင်းဆို၍ ဆန္ဒ ပြနေ ကြခြင်း ဖြစ်ကြောင်း ဦးညွန့်သိန်း က ဆိုသော်လည်း လက်ရှိ တောင်းဆို နေသောအ လုပ်သမား များမှာ အနည်ဆုံး လုပ်သက် တစ်နှစ်မှ ၁ဝ အထက် ရှိသူများ ဖြစ်ကြောင်း အလုပ်သမား များက ဆိုသည်။
တော်ဝင် သစ်အချောထည် လုပ်သားများ အစာအငတ်ခံ ဆန္ဒပြမည်

ရန်ကုန်၊ အောက်တိုဘာ ၃၁


ရန်ကုန်တိုင်း ဒေသကြီး ရေ...

ကိုယ့်အိမ်ကို မီးရှို့သူနှင့် အကြမ်းဖက်သမားများကို လက်ခံမည်မဟုတ်ဟု ဘင်္ဂလာ လက်ရှိအာဏာရပါတီမှဆို


Written by သဇင်ဥ Wednesday, 31 October 2012 11:22
Bangalardish Party 30-10-12ဘင်္ဂလာဒေ့ခ်ျနိုင်ငံရှိ မိမိနေအိမ်သို့ ရခိုင်ပြည်မှ ပြန်လည်လာရောက်နေထိုင်မည့် ဘင်္ဂလီများအား လက်ရှိအာဏာရပါတီမှ အထွေထွေအတွင်းရေးမှူးက ကိုယ့်အိမ်ကို မီးရှို့သူနှင့် အကြမ်းဖက်သမားများကို လက်ခံလိမ့်မည်မဟုတ်ကြောင်း ထုတ်ဖေါ်ပြောဆို လိုက်ပြီး နယ်စပ်တစ်လျှောက် လုံခြုံရေးတပ်ဖွဲ့များကို တင်းကျပ်စွာ ချထားလျှက်ရှိကြောင်း သိရှိရသည်။
ရခိုင်ပြည်မှ စက်လှေများဖြင့် ထွက်ခွာသွားပြီး ဘင်္ဂလာသို့ ၀င်ရောက်ရန် ကြိုးပမ်းနေကြသော ဘင်္ဂလီမူဆလင်များနှင့်ပတ်သက်၍ ဘင်္ဂလာဒေ့ခ်ျနိုင်ငံသားများအား Arakantimes မှမေးမြန်းရာ " ဘင်္ဂလာက အထွေထွေအတွင်းရေးမှူးချုပ် မိုဟာဘုအာလောင်ဟာနို့ က " ကိုယ့်အိမ်ကို မီရှို့သူတွေနဲ့ အကြမ်းဖက်သူတွေကို ဘင်္ဂလာက လက်ခံဖို့ လုံးဝနေရာမရှိဘူးလို့ ဆိုပါတယ်၊" ပြီးတော့ နိုင်ငံခြားရေးဝန်ကြီး ဒီပူမိုနီက " ရခိုင်ပြည်-ဘင်္ဂလာတို့မှာ ဗုဒ္ဓဘာသာဝင် အဆောက်အအုံတွေကို မီးရှို့မှုဟာ အကြမ်းဖက် သမားတွေဘဲဖြစ်တယ်၊" ကျွန်တော်မြင်တာက " သူတို့က ကိုယ့်အိမ်ကို လာကြတဲ့သူတွေပါ၊ ဒီကလက်မခံတဲ့ အဓိကအကြောင်းရင်းက ရိုဟင်ဂျာလူမျိုးနဲ့ မြန်မာတိုင်းရင်းသားခံယူနေမှုအတွ

က် ဖြစ်ပါတယ်။"ဟု ဘင်္ဂလီ Mr. Mona ကွန်မြူနစ် ကျောင်းသား လူငယ်တစ်ဦးကလည်း သူ၏အမြင်ကို ယခုကဲ့သို့ ရှင်းပြသွားခြင်းဖြစ်သည်။
ထို့အပြင် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၊ ကော့စ်ဘဇားခရိုင်အတွင်းတွင် ယခုအပတ်အတွင်း ကျူးကျော်ဝင်ရောက်လာသူများဟုဆို
ကာ ဘင်္ဂလီ (၂၀၀)ခန့်အား ဖမ်းဆီးပြီး ရခိုင်ပြည်နယ်စပ်ဖက်သို့ ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်းနှင့် အဆိုပါ စက်လှေများဖြင့် ထွက်ခွာသွား သူများအနက် တစ်ချို့မှာ မောင်တောမြို့နယ်သို့ ဆိုက်ရောက်သွားပြီး ဒေသအာဏာပိုင်များက ယာယီဒုက္ခသည်စခန်းများ တည်ဆောက်ပြီး ကူညီပေးနေကြောင်း ဒေသသတင်းများအရ သိရသည်။
ရခိုင်ပြည်တွင် ကျူးကျော်နေထိုင်ခဲ့သော ဘင်္ဂလီအများအပြားမှာ ကော့စ်ဘဇားခရိုင်အတွင်းသို့ ရောက်ရှိလာပြီး ခိုလုံလျှက်ရှိနေကြောင်း ဒေသခံများက ပြောသည်။
"သူတို့ကို ကြည့်တာနဲ့ ဘယ်ကဆိုတာ သိပါတယ်၊ ပုဆိုးဝတ်တာနဲ့ အသွားအလာကို ကြည့်ကတည်းက သိပါတယ်၊ ဒါပေမယ့် သူတို့ ကိုင်ထားတာက ဘင်္ဂလာက နိုင်ငံသားကဒ်တွေပါ၊ တစ်ချို့ဆိုရင် မြန်မာနိုင်ငံသားကဒ်နှစ်ခု ပူးတွဲကိုင်ထားကြတယ်လို့ သိရပါတယ်။"
ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် နေထိုင်နေကြသော အလယ်လတ်တန်းမှ အမြင်ဆုံးဘင်္ဂလီများမှာ မြန်မာ-ဘင်္ဂလာ နိုင်ငံသား ကဒ်နှစ်ခုကို အများအပြား ကိုင်ဆောင်လျှက်ရှိကြောင်း သိရှိရသည်။
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားမြို့ရဲဌာနက Rohigar Solidraty Organization (RSO)မှ ခေါင်းဆောင် အာဟာမတ်ဒ်အား ဖမ်းဆီးပြီး ရခိုင်ပြည်-ဘင်္ဂလာတို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း ရဲမင်းကြီး ဇော်ဆီမ် အူဒ္ဒိန် က ထုတ်ဖေါ်ပြောဆိုထားသည်။
ရခိုင်ပြည်တွင် အောက်တိုဘာလ(၂၁)ရက်နေ့က ပြန်လည်စတင်ဖြစ်ပွားခဲ့သော ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းအတွင်း မိမိနေအိမ်များကို မီးရှို့ပြီး စက်လှေ အစီး(၄၀)ကျော်ဖြင့် ထွက်ခွာလာသူများမှာ ယခုအခါ ဘင်္ဂလာသို့ဝင်ရောက်ရန် ကြိုးပမ်းနေ၍ နယ်စပ် တလျှောက် တပ်လှန့်မှုများရှိနေသည့်အတွက် မောင်တောမြို့နယ် နစကဘက်မှလည်း နယ်စပ်အတွင်း တပ်လှန့်မှုများ ပြုလုပ်ထားကြောင်း စုံစမ်း သိရှိရသည်။

http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/620-2012-10-31-112250

ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် တပ်မတော်ခေါင်းဆောင်များ၌လည်း အဓိကတာဝန်ရှိဟု UNA ပြော



ရဲမွန် – ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရာ၌ တပ်မတော် အကြီးအကဲများသည်လည်း အဓိက တာဝန်ရှိသူများ ဖြစ်သည်ဟုဆိုပြီး လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်ရာတွင် ပူးပေါင်း ပါဝင်သွားရန် လိုကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) က အောက်တိုဘာ ၂၈ ရက် တနင်္ဂနွေနေ့တွင် ကြေညာချက်ထုတ်ပြန်လိုက်သည်။
UNA ထုတ်ပြန်ချက်
UNA ထုတ်ပြန်ချက်

“သမ္မတကြီး ဦးဆောင်သော အစိုးရအဖွဲ့နှင့် တပ်မတော် ခေါင်းဆောင်ကြီးများသည် တိုင်းပြည်၏ စစ်မှန်သော ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် အဓိက တာဝန်ရှိသူများ ဖြစ်သည့်အတွက် လက်ရှိ ကချင်ပြည်နယ် စစ်ပွဲများ အပါအဝင် လက်နက်ကိုင် ပဋိပက္ခများကို အမြန်ဆုံး ရပ်စဲရန်နှင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမြန်ဆုံး ထုတ်ပြန်ကြေညာပေးရန် လိုအပ်နေပါသည်” ဟု အဖွဲ့ဝင် ၅ ဖွဲ့ ပါဝင်သည့် UNA ၏ သဘောထား ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိတွင် နိုင်ငံတော် သမတ ဦးဆောင်သည့် ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အနေနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်နေသည်ဟု ဆိုသော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပြည့်အဝ မအောင်မြင်ခြင်း၏ အကြောင်းမှာ တပ်မတော်ခေါင်းဆောင်များ ပါဝင်မှု အားနည်းခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

“အခုသမ္မတကြီးရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်ဟာ လုပ်လိုက် သေနတ်သံတွေ ထွက်လိုက် ဖြစ်နေတယ်၊ တကယ်လို့ တပ်မတော်ကလည်း ပါလာမယ် ဆိုရင် ဒီငြိမ်းချမ်းရေးဟာ ပိုပြီးတော့ ခိုင်မြဲလာနိုင်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်တယ်၊ ဒါ့ကြောင့် တပ်မတော်ကနေ တတပ်တအား ပါဝင်ဖို့ ကျနော်တို့ တိုက်တွန်းလိုတယ်” ဟု UNA အဖွဲ့ဝင် ဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့် ရှိသူ စိုင်းလိတ် က ပြောသည်။

ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် နှစ်ဦးနှစ်ဘက်ကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရန်နှင့် ငြိမ်းချမ်းရေး သဘောတူညီချက်များအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝ ရှိရန်လည်း လိုအပ်ကြောင်းကို UNA က အကြံပြုထားသည်။

စိုင်းလိတ်က “ဘယ်တပ် အဖွဲ့အစည်းမဆို ငြိမ်းချမ်းရေး လိုချင်ကြတာပဲ၊ ဒါပေမဲ့ သူတို့အတွက် အာမခံချက် ပေးနိုင်မယ့် နိုင်ငံရေး ပလက်ဖောင်းတခု၊ နိုင်ငံရေး စကားဝိုင်းတခုကို ဖန်တီးပေးပြီး၊ နှစ်ဦးနှစ်ဖက် တရားမျှတစွာ ဖြေရှင်းမှသာလျှင် အောင်မြင်နိုင်မယ်လို့ ကျနော်တို့ ရှုမြင်တယ်” ဟု ဆက်ပြောသည်။

ထိုထုတ်ပြန်ကြေညာချက်ကို သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများသို့ အီးမေးလ်မှတဆင့် ပို့ထားသည်ဟု သိရသည်။

၎င်းပြင် ပြည်တွင်း ငြိမ်းချမ်းရေး ပြဿနာသည် နိုင်ငံတော် ဖွဲ့စည်းပုံ ဥပဒေ၏ မပြည့်စုံချက်ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်ဟု ဆိုပြီး ပြည်တွင်း ငြိမ်းချမ်းရေးမှတဆင့် တိုင်းရင်းသား ပေါင်းစုံ ပါဝင်သည့် ညီလာခံတရပ် ကျင်းပသင့်သည်ဟုလည်း ဆိုသည်။

“တိုင်းရင်းသားတွေ ခေတ်အဆက်ဆက် တောင်းဆိုလာတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူညီမျှခွင့်နဲ့ သူတို့ရဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုတဲ့ အချက်တွေ အားလုံးဟာ အဓိက အရင်းအမြစ်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ ပုံစံ မကျမှုကြောင့်ပဲ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသာလျှင် တိုင်းရင်းသားအားလုံးရဲ့ လိုအပ်ချက် တိုင်းရင်းသား အားလုံးရဲ့ ဆန္ဒကို အာမခံ ပေးနိုင်တယ်၊ ကိုယ်စားပြုနိုင်တယ် ဆိုရင် ဒီတိုင်းရင်းသား ပြဿနာဟာ အလိုလို ပြေလည်သွားမှာပဲ” ဟု စိုင်းလိတ်က ပြောသည်။

၎င်းပြင် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် သမ္မတ ဦးဆောင်သည့် အစိုးရအဖွဲ့၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ ဒီမိုကရေစီ အင်အားစုများ အားလုံး အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်စဉ်တွင် ပါဝင်ရန်နှင့် အမြန်ဆုံး အကောင်အထည်ဖော်ရန်လည်း UNA က တောင်းဆိုထားသည်။

UNA မဟာမိတ်အဖွဲ့ကို ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်းတွင် ရွေးကောက်ပွဲဝင် တိုင်းရင်းသား နိုင်ငံရေးပါတီ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့သည်။ လက်ရှိတွင် ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီပါတီ၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီ ၅ ဖွဲ့သာ ကျန်ရှိပြီး လေ့လာဆဲ မဟာမိတ်ပါတီ ၃ ခု ရှိကြောင်း သိရသည်။
 
 http://burmese.bnionline.net/index.php/news/imna/11955-----una-.html

ဒုလ္လဘ၀တ်ဦးမှာမို့

ကုလားကမီးနဲ့မြှိုက်
တရုတ်အချောင်နှိုက်

ပြည်သူမျက်ဖြူဆိုက်တော့
အာဏာရူးတွေကြိုက်


မပျော်ပိုက်တော့လူ့ဘောင်မှာ
တွတ်ပီအမိုက်မဲ။ဒုလ္လဘ၀တ်ဦးမှာမို့
ခေတ္တတော့နှုတ်ဆက်ကြေကွဲ။

ရင်ကိုထိတဲ့ ကဗျာလေးပါ

 
ရင်ကိုထိတဲ့ ကဗျာလေးပါ

( ပုဂံပြည် မှ သူရဲကောင်း ထံမှ ကူးယူပါသည် )

သွေးချင်းနှောတဲ့မောင်နှမအရင်းပါ

×××××××××××××××××××

ငါ....ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ငိုသံတောင်ပါတယ်မှတ်..
အဖြစ်ပျက်က ဆိုးလွန်းလို့
ငါ့ရင်တွေဆို့ အောင် ခံစားရတယ်.....။

ငါ...ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ဝေးကွာနေရပေမယ့်
အတွေးကမ္ဘာမှာ မောင်နှမ ညီကို
သီတာထွေးလို အဖြစ်ဆိုးက
ငါ့ခေါင်းကို မိုးကြိုးပစ်သလိုခံစားရတယ်..။

ငါ..ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ကိုယ်ချင်းစာ သနားစိတ်နဲ့
နှလုံးသွေးက ပြောတဲ့ စကား
ငါကိုယ်တိုင်ပြန်ကြားရဲ့
နင်တို့တွေရဲ့ ဒုက္ခ ငါလည်း ထပ်တူခံစားရတယ်...။

ငါ...ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ကမ္ဘာဆိုတာရှိနေသ၍
မေ့မထားဘူးဆိုတာမှတ်ထား
အသွေးအသားထဲက သံယောဇဉ်
မြင်ချင်စမ်းပါဘိ
ငါခုထိခံစားဆဲ
ရခိုင်လည်း ဗမာ ..ဗမာလည်းရခိုင်မို့
ငါ့သွေးထိ ငါမခံနိုင်..
လက်သဲဆိတ်တော့ လက်ထိပ်နာသလိုခံစားရတယ်...။

ငါ....ရခိုင်မဟုတ်ဘူးနော်..ဗမာ....
နေသာသလို မနေချင်ပါဘူး
မြင်နေတာတွေက တို့သွေးမို့
တို့အရေးလို့ အခိုင်မာဆို
နင်တို့ စိတ်မာလို့ မငိုကြလည်း
ငါ့နှသားထဲမှာတော့ မျက်ရည်စက်လက်
ငါ့အသက်တစ်မျှ ခံစားရတယ်...။

ငါ..ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ကမ္ဘာတည်သရွေ့ ရခိုင်တည်
မြန်မာပြည်ထဲက မောင်နှမအရင်း
မြန်မာပြည်ထဲက ညီကိုအရင်း
သွေးချင်း မရောပေမယ့်
သွေးနှောတဲ့ နှမ ညီနောင်
္ဒဓားသွားထက်က ပျားရည်စက်တောင်
ခေါင်းမရှောင် အတူလျှက်မယ် လို့ငါခံစားရတယ်...။ ။

ကိုလေး(ထီလာမြေ)

Toronto Star report on Rakhaine



Toronto Star reported fairer this time may be due to our protest and letter.

Please go to below link for a full report. 


SITTWE, MYANMAR—Burmese authorities on Friday revised downward the death toll from this week’s ethnic violence in the country’s west after warning that the strife risks harming the country’s reputation as it seeks to shift to democratic rule.
State television reported Friday night that 67 people had died, 95 were injured and 2,818 houses burned down from Sunday through Thursday in seven townships of Rakhine state.
Rakhine state spokesman Win Myaing told reporters shortly before the broadcast that the previous count he had given of 112 dead in violence involving the Buddhist Rakhine and the Muslim Rohingya communities was based on a mistaken tally of figures received by his office. His revised figures of 64 dead and 68 wounded was slightly lower than that given by state television.
“Many of those who were killed as a result of clashes between the two sides, and at least two died of gunshot injuries,” Win Myaing said. There has been no breakdown by ethnic group of the casualties. Some Rakhine residents in affected areas have told The Associated Press they were shot at by government soldiers trying to keep order.
The mob violence in Burma, also known as Myanmar, has seen entire villages torched and has drawn calls worldwide for government intervention.
 
 

အသက် ၁၂ နှစ်အရွယ် မြေးဖြစ်သူကို ပြည့်တန်ဆာ အဖြစ်ပြုလုပ်ရန်ခိုင်းစေ သည့် အဖွားနှင့် အပေါင်းအပါ နှစ်ဦးကို မိခင်ဖြစ်သူက ရဲစခန်းသို့တိုင်ကြား



Wednesday, 31 October 2012 15:38

အသက် ၁၂ နှစ်အရွယ် မြေးဖြစ်သူကို အဖွားနှင့် အပေါင်းအပါနှစ်ဦးတို့မှ ငွေကြေးရယူကာ ပြည့်တန်ဆာအဖြစ် ပြုလုပ်စေခိုင်းမှုကြောင့် မိခင်ဖြစ်သူမှ ရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း သိရှိရသည်။

အဖွားဖြစ်သူက သုနန္ဒာလမ်း သွယ် ဇ/ ရပ်ကွက်မြောက်ဥက္ကလာပမြို့နယ်တွင်နေထိုင်သူ အမျိုးသမီးတစ်ဦး၏ ဆက်သွယ်ပေးမှုဖြင့် တာမွေမြို့နယ်တွင် ဖွင့်လှစ်ထားသော အလှပြင်ဆိုင်မှ အမျိုးသမီးတစ်ဦးထံမှ ငွေကျပ် ၂၇၅,၀၀၀ ကို ရယူခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ ညနေပိုင်းတွင် အဖွားဖြစ်သူက အလှပြင်ဆိုင်ပိုင်ရှင်ဖြစ်သူ ဒေါ်နန်းဦးနှင့် မြေးဖြစ်သူကိုအတူထည့်ပေးလိုက်ရာ တာမွေမြို့နယ် နတ်မောက်ရပ်ကွက် ဖိုးစိန်လမ်းရှိ ..... ဟိုတယ် အခန်းအမှတ် ၄၀၈ တွင် တည်းခိုနေသူ အမျိုးသားတစ်ဦးထံမှ ငွေကျပ် ၅၀၀,၀၀၀ ဖြင့် ပြည့်တန်ဆာလုပ်ကိုင်ရန် အပ်နှံခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ငွေကြေးရယူပြီး အရွယ်မရောက်သေးသူအား ပြည့်တန်ဆာအဖြစ်ခိုင်းစေခဲ့သည့်အတွက် အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီတွင် အသက် ၁၂ နှစ်အရွယ် မိန်းကလေး၏မိခင်ဖြစ်သူက တာမွေမြို့နယ် ရဲစခန်းသို့ ဖုန်းဆက်တိုင်ကြားသဖြင့် သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ အရွယ်မရောက်သေးသူကလေးသူငယ်အား ပြည့်တန်ဆာကိစ္စအလို့ငှာ ငွေကြေးရယူပြီး စေခိုင်းသူများအား တာမွေမြို့နယ်ရဲစခန်း (ပ)၁၂၆၉/ ၂၀၁၂ ပုဒ်မ ၃၇၂ ဖြင့် အမှုဖွင့်ပြီးကျူးလွန်သူများကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးလျက် ရှိရာတွင် ယခင်က ပြစ်မှုကျူးလွန်ဖူးခြင်းရှိ၊ မရှိကိုလည်း စစ်ဆေးလျက်ရှိကြောင်း တာမွေမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

အေးချမ်းမွန်မှEleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Eleven Media Group

ဘယ်အသိုင်းအ၀န်းလဲဆိုတာသဘောပေါက်ကြမှာပါ။

ဝါ၀ါဝင်း ကုမ္ပဏီရုံးရှေ့တွင် လယ်မြေအသိမ်းခံလယ်သမားများဆန္ဒထုတ်ဖော်



ရန်ကုန်တိုင်းဒေသကြီး၊လသာမြို့နယ် အနော်ရထာလမ်းနှင့် စဥ့်အိုးတန်းလမ်းထောင့်ရှိ ၀ါဝါ၀င်း ကုမ္ပဏီရုံးရှေ့တွင် လှိုင်သာယာမြို့နယ်၊အတွင်းပဒန်ကျေးရွာမှ လယ်မြေအသိမ်းခံရသူလယ်သမား ၅၀ဦးခန့်က ၎င်းတို့၏နစ်နာမှုများ အားမြို့ရွာနှင့်အိုးအိမ်ဦးစီးဌာန(သို့မဟုတ်)၀ါဝါ၀င်းကုမ္ပဏီဘက်မှ လာရောက်ဖြေရှင်းပေးရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ဆန္ဒထုတ်ဖော်မှုကို အောက်တိုဘာလ ၃၁ရက်နေ့နံနက် ၁၀နာရီ ၃၀မိနစ်မှ ၁၂နာရီ ၃၀မိနစ်အထိ လသာမြို့နယ်ရဲတပ်ဖွဲ့စခန်း၏ခွင့်ပြုမိန့်နှင့် တရားဝင်ပြုလုပ်ခြင်းဖြစ်ကြောင်း သို့ရာတွင် ၎င်းတို့အား သက်ဆိုင်ရာ အိုးအိမ်ဦးစီးဌာနနှင့် ၀ါဝါ၀င်းကုမ္ပဏီတို့ဘက်မှ လာရောက်ဖြေရှင်းပေးခြင်းမရှိသောကြောင့် ခွင့်ပြုချိန် ကုန်ဆုံးသော်လည်း နိုဝင်ဘာလ ၁ရက်နေ့ နံနက် ၁နာရီအချိန်ခန့်အထိ ဆက်လက်ဆန္ဒထုတ်ဖော်မှုပြုလုပ်လျက်ရှိပြီး သက်ဆိုင်ရာနှင့်ကုမ္ပဏီဘက်မှ လာရောက်ဖြေရှင်းမှုမပေးမချင်း ဆန္ဒထုတ်ဖော်မှုပြုလုပ်သွားမည်ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်မှုပြုလုပ်လျက်ရှိသည့် ကိုပေါက်ကပြောပြခဲ့သည်။ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သည့် ဒေါ်မြင့်မြင့်သိန်းက''အဒေါ် ကလယ်လေးဧကအသိမ်းခံခဲ့ရတာပါ။အိုးအိမ်က လာရောက်ဖြေရှင်းမပေးမချင်း မပြန်ပါဘူး။ဖမ်း မယ်ဆိုရင်လည်း အကုန်လုံးလိုက်သွားပြီး သက်ဆိုင်ရာကို ကျွန်မတို့နစ်နာတာတွေပြောပြချင်ပါတယ်။အခုအချိန်မှာတော့ သူတို့ဆီက လျော်ကြေးလည်း မလိုချင်တော့ပါဘူး။သူတို့တွေဆီကို လျော်ကြေးတောင်းရတာ ရှက်ဖို့တောင်ကောင်းပါတယ်။ကိုယ့်လယ်ကိုပဲ ပြန်လိုချင်ပါတယ်''ဟု ပြောပြခဲ့ပါသည်။ အောက်တိုဘာလ ၂၂ရက်နေ့နဲ့ ၂၃သုံးရက်နေ့များတွင်လည်း လယ်သမားစုစုပေါင်း ၇၀ဦးဝန်းကျင်မှ ၀ါဝါ၀င်းကုမ္ပဏီရှေ့တွင် ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်း ကုမ္ပဏီမှ အနော်ရထာစက်မှုဇုန်(၂)ရှိ လယ်သမားများနှင့် ညှိနှိုင်းမှုများပြုလုပ်ခဲ့သော်လည်း အနော်ရထာစက်မှုဇုန် (၁)ရှိလယ်သမားများအားညှိနှိုင်းမှု မပြုလုပ်ခဲ့ခြင်းကြောင့် တရားဝင် ဆန္ဒထုတ်ဖော်ခွင့်လျောက်ထားပြီး ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်းသိရသည်။ ၀ါဝါ၀င်းကုမ္ပဏီမှ MD ဒေါ် စန်းစန်းဝင်းက''ဒီနေ့ဆန္ဒထုတ်ဖော်တာကို ကုမ္ပဏီအနေနဲ့ ဘာမှပြော စရာမရှိပါဘူး။အန်တီတို့အနေနဲ့က စက်မှုဇုန် အပိုင်း (၁) အပိုင်း(၂)ရယ် လို့မဟုတ်ဘူး။ခြံစည်းရိုးကာရံထားခြင်းမရှိသေးသောမြေကွက်များကို အန်တီတို့က ညှိနှိုင်းပါတယ်။နဂိုကတည်းက သူတို့မှ မပိုင်တာ။သူတို့ ပိုင်တဲ့ဟာလည်းမဟုတ်တော့ဘူး။ပိုင်ရှင်တွေအကုန်လုံး သူဟာနဲ့သူရှိပြီးသား။ရှိပြီးသားဖြစ်တဲ့အတွက် အန်တီတို့က ညှိနှိုင်းစရာမလိုဘူး။နဂိုကတည်းက ခြံစည်းရိုးကာရံထားခြင်း မရှိသေးသောမြေကွက်များမှာ အခင်းဖြစ်တာပါ''ဟုပြောပြခဲ့ပါသည်။ ၀ါဝါ၀င်းကုမ္ပဏီအနေဖြင့် ခြံစည်းရိုးကာရံထားခြင်းမရှိသော မြေကွက်များကို တစ်ဧက ငွေကျပ် သိန်း ၃၀နှင့် သဘောတူညီမှုပြုလုပ်ထားကြောင်း ဒေါ်စန်းစန်းဝင်းက ပြောပြပါသည်။ အဆိုပါဆန္ဒထုတ်ဖော်သူများမှ ခွင့်ပြုချိန်ထက်ပိုမို၍ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လျက်ရှိသောကြောင့် သက်ဆိုင်ရာရဲတပ်ဖွဲ့မှ လူစုခွဲမှုများ ပြုလုပ်ရန်သတိပေးမှုများပြုလုပ်ထားပြီး လိုက်နာမှုမရှိပါက ဖမ်းဆီးအရေးယူဆောင်ရွက်မှုများပြုလုပ်သွား မည်ဖြစ်ကြောင်းလည်း သိရသည်။Eleven Media Group

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး - မကဒတ (ကျောင်းသားတပ်မတော်)


 
 
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး - မကဒတ (ကျောင်းသားတပ်မတော်)
အဖွဲ့အစည်းတည်ထောင်ခြင်း (၂၄)နှစ်မြောက် ထုတ်ပြန်ကြေငြာချက်
(၁)        ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးက မွေးဖွားပေးခဲ့သော မကဒတ (ကျောင်းသားတပ်မတော်)သည် -
- တိုင်းရင်းသား လူမျိုးပေါင်စုံ ပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး
- ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရေး
- ပြည်တွင်းငြိမ်းချမ်းရေး
- ဖက်ဒရယ် ပြည်ထောင်စုစနစ် ပေါ်ထွန်းရေး
ဟူသော နိုင်ငံရေး ဦးတည်ချက်လေးရပ်ကို အခိုင်အမာ ကိုင်စွဲလျက် ၂၄ နှစ် တိုင်တိုင် တိုက်ပွဲဝင်ခဲ့ပြီးဖြစ်သည်။
(၂)        ဤ ၂၄ နှစ်တာ တော်လှန်ရေး ခရီးကြမ်းအတွင်း မကဒတ (ကျောင်းသားတပ်မတော်)မှ ကျဆုံး ရဲဘော် ၆၂၇ ဦး၊ ထိခိုက်ဒဏ်ရာရ ရဲဘော် ၃၉၉ ဦး ပေးဆပ်ခဲ့မှုအား အလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ ထို့အတူ အခက်အခဲ အကျပ်အတည်းများမှ ယနေ့တိုင် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး တိုက်ပွဲများနှင့်အတူ ယုံကြည်ချက်ခိုင်မာစွာဖြင့် ဆက်လက် တိုက်ပွဲဝင်လျက်ရှိသည့် မကဒတ ကျောင်းသားတပ်မတော် ရဲဘော်များ အားလုံးကို ဦးညွတ်အလေးပြု လိုက်ပါသည်။
(၃)        ယနေ့ကာလသည် မြန်မာ့နိုင်ငံရေးအခင်းအကျင်းသစ်များ ဖြစ်ထွန်းနေသည်ဟု ရှုမြင်သည်။ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လွှတ်တော်တွင်း နိုင်ငံရေးထဲပါဝင်နေခြင်း၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ ကိုယ်တိုင် လူထုကြားတွင် နိုင်ငံရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းများ လုပ်ဆောင်လာခြင်း၊ နိုင်ငံတကာ အင်အားစုများက မြန်မာနိုင်ငံအပေါ် ယခင်ထက် ပိုမိုနီးကပ်စွာ လက်တွဲ ဆောင်ရွက်လာခြင်း၊ လွှတ်တော်နှင့် အစိုးရ ကိုယ်တိုင်က ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြုပြင်ပြောင်းလဲရေးဆိုသည့် ဝေါဟာရများအား တရားဝင်ထုတ်ဖော် ပြောဆို လာနေသည့်  ကာလဖြစ်သည်။
သို့သော် ပြည်သူလူထု၏ မြေယာပိုင်ဆိုင်ခွင့် အပါအ၀င် အခြေခံ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး ရပိုင်ခွင့် များ၊ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား အခွင့်အရေးများအတွက် ဆက်လက် တိုက်ပွဲဝင်နေရဆဲဖြစ်သည်။ ထို့ပြင် ယနေ့ နိုင်ငံရေးဖြစ်စဉ်မှာ အင်အားစုအားလုံး အတူတကွ အလုံးစုံ ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေ မရောက်ရှိ သေးပေ။ သတိရှိရှိဖြင့် အကန့်အသတ်များကြားမှ ထိတွေ့ ဆက်ဆံနေရသည့် ကာလဟု မှတ်ယူသည်။ 
(၄)        တဆက်တည်းတွင် ၂၀၀၈ ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေ ကျောရိုးပေါ်မှ ပေါ်ထွက်လာသည့် လွှတ်တော်နှင့် အစိုးရ ကိုယ်တိုင် ငြိမ်းချမ်းရေးကော်မတီများ ဖွဲ့စည်း၍ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံစကားပြောနေခြင်း၊ အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးနေခြင်းများကို  အပြုသဘောအနေဖြင့် ကြိုဆိုသည်။ သို့သော် နိုင်ငံရေး ပြဿနာများကို မှန်ကန်စွာ ဆွေးနွေးအဖြေရှာခွင့်မရှိသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ သမိုင်း သင်ခန်းစာကို မိမိတို့အားလုံး ကောင်းစွာထုတ်ယူကြရန် လိုသည်။ ထို့ကြောင့်
(က)      ယနေ့ကာလဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများကို အမြန်ဆုံး ရပ်စဲသွားရန်အတွက် လက်ရှိ အစိုးရ အနေဖြင့် တတိုင်းပြည်လုံး အတိုင်းအတာဆောင်သော အပစ်အခတ်ရပ်စဲရေးကို တာဝန်ယူမှု၊ တာဝန်ခံ မှုရှိရှိဖြင့် ဆောင်ရွက်ရေး၊
(ခ)        ​တရားမျှတမှု (Justice)၊ တန်းတူရည်တူမှုရှိ (Equality)နှင့် နိုင်ငံရေးအရ ဆုံးဖြတ်ပိုင်ခွင့် (Political Rights) တို့ကို ဂုဏ်သိက္ခာရှိစွာ ရှာဖွေဖော်ထုတ်နိုင်မည့် နိုင်ငံရေး အင်အားစုအားလုံး ကိုယ်စားပြု ပါဝင်နိုင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများ လုပ်ဆောင်ရေး၊
(ဂ)        ထိုမှတဆင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံ သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး အပါအဝင် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တရပ် ပေါ်ထွန်းရေး တို့အတွက် ကြိုးစား ဆောင်ရွက်ကြရမည်ဟု အလေးအနက်ယုံကြည်သည်။ 
သို့မှသာ ရည်ရှည် တည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုသည့် ရလဒ် ကောင်းများကို ရရှိမည်ဖြစ်သည်။
(၅)        ဤပကတိ နိုင်ငံရေးအခြေအနေအောက်တွင် မိမိတို့ မကဒတ (ကျောင်းသားတပ်မတော်) အနေဖြင့် ဦးသိန်းစိန် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တွေ့ဆုံစကားပြောမှုများ ရှိနေသလို တဖက် တွင်လည်း ပြည်တွင်း/ပြည်ပ ဒီမိုကရေစီအင်အားစုများ၊ အမျိုးသားတန်းတူရေးအတွက် တိုက်ပွဲဝင်နေကြသော တိုင်းရင်း သား လက်နက်ကိုင် အင်အားစုများနှင့်အတူ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ကာ တတိုင်းပြည်လုံး လက္ခဏာဆောင်သည့် နိုင်ငံရေး လုပ်ငန်း စဉ်များတွင် အခိုင်အမာ လက်တွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယခုကျရောက်သည့် ၂၄ နှစ်မြောက် မကဒတ (ကျောင်းသား တပ်မတော်) ဖွဲ့စည်းတည်ထောင်ခြင်းနေ့ တွင် ထုတ်ပြန်အပ်ပါသည်။
 
ဒီမိုကရေစီ အရေးတော်ပုံ မုချအောင်ရမည်။
ဗဟိုကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ ကျောင်းသား တပ်မတော်)
ရက်စွဲ။  ။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်

__._,_.___
Attachment(s) from M.THIHA MYAT
1 of 1 File(s)
Re

United Nationalities Alliance UNA STATEMENT

မျက်ကန်းမျိုးချစ် တဲ့

Ko Win Maung
Please see below for what Lt-Gen Hla Min said.
Regards, 


Everyone has a same wish to enjoy peace and stability in future in spite of holding different views
Nay Pyi Taw, 30 Oct- Lt-Gen Hla Min of the Office of Commander-in- Chief (Army) and Union Minister for Border Affairs Lt-Gen Thein Htay together with Rakhine State Chief Minister U Hla Maung Tin, Commander of Western Command Brig-Gen Ko Ko Naing and departmental heads made an inspection tour of Pauktaw Township this morning in order to observe the real situations on recent incidents in Rakhine State.
In meeting with townselder s , Hluttaw representatives, personnel of political organizations, departmental officials and local people at the meeting hall of Pauktaw Township General Administration Department, Lt-Gen Hla Min said that the past incidents would be solved by using the way of taking actions against them. But unacceptable incidents occurred again due to revenge triggered by emotions; that he was here to listen to the voices of the people and frank suggestions of those present.
Among those present, Advocate U Saw Tun Sein, U San Shwe Khine, a local, Chairman of National Unity Party U Tun Myint, U Oo Hla Saw of Bawunchaungwaisu ward, retired township education officer Daw Tin Nyunt of Alepaing ward of Pauktaw, U Tha Tun Aye of Rakhine Nationals Progressive Party, Secretary of Union Solidarity and Development Party U Khin Maung Thein, Acting Pauktaw Township Administrator U Kyan Aye, township education officer U San Myint and Rakhine State Hluttaw Representative CEC member of Rakhine Nationals Progressive Party U Tet Tun Aung expressed their views, outlooks and attitudes and reported on evidences and facts of incidents and suggestions. In response to the reports, Union Minister Lt-Gen Thein Htay said that everyone has a same wish to enjoy peace and stability in future in spite of holding different views.
The government is making s t renuous effor ts for ensuring the rule of law. The rule of law means that each and every person enjoys equal rights under the same law. Anxieties, discontents and revenge are illegal.
Only when the country sees peace and stability, should the focus be on socioeconomic development.
Although a person has different political point of view, he or she can not avoid his or her daily livelihood. In an attempt to foster economic development, the country would have to make effort for keeping abreast with regional countries as well as the globe. He said if he was a local, he would like to pay attention on infrastructural development with the aim of passing development on to future generation. They should not pay the attention only to the emotion, but to the development. The world countries have to face similar incidents. Now collective efforts are being made for it by all countries. He said they no needed to disregard national cause. They should carry out national cause by mean of promoting the standards of culture and traditions. They needed to walk out the history for the country’s development he said. Although Rakhine State which is a role model for patriotic spirit is rich in natural resources, people should not live below the poverty line. The conflicts should come to an end by solving them in the legal framework. Authorities concerned are to solve it by legal and peaceful means by finding the root cause of the conflict.
It is time to call for legal requirement step by step.
Protection of national races is the cause of the State. All are urged to solve the problem in cooperation with the State and people by holding clear and tolerant view.
Rakhine State Chief Minister U Hla Maung Tin said, in his speech, that combined forces were formed for ensuring stability of the region, they are duty bound to keep making efforts for rehabilitation tasks for the victims of both sides after the recent riots, it needs to form State/District/ Township/Ward/Village level combined forces with the aim of not allowing further such incidents.
He continued that those cases might create less progress of development of the state; especially the youth generations; and it must flourish stability in the state where mushrooming industry zones is required for job opportunities, as well as lending a hand to the victims. At the meeting, Lt- Gen Hla Min from the Commander - in-Chief (Army)’s Office said that the meeting intends to really know public wishes.
The Government is going to carefully work out the scrutinizing process on citizens, should-be-guess citizens and should-not-be citizens in a peaceful way.
He urged those present to join hands with the government to restore stability and development of the state without following any instigations.
Afterwards, they met with the displaced persons at Donywa Village in Pauktaw
---------- Forwarded message ----------
From: Win Maung <wmaung4@yahoo.com>
Date: 2012/10/30
Subject: [8888peoplepower] မျက်ကန်းမျိုးချစ် တဲ့
To: 8888 <8888peoplepower@yahoogroups.com>, sycb <sycburma@yahoogroups.com>, "Women-Group-Burma@yahoogroups.com" <Women-Group-Burma@yahoogroups.com>
 


မျက်ကန်းမျိုးချစ်များဟု ဒု-ဗိုလ်ချုပ်ကြီး လှမင်းက ရခိုင်များအား ရည်ညွှန်း ပြော

October 30, 2012    ·

ရခိုင်ပြည်နယ်ရှိ မငြိမ်မသက်မှု ဖြစ်ပွားခဲ့သည့် မြို့များသို့ သွားရောက်လျှက်ရှိသည့်  ဒု-ဗိုလ်ချုပ်ကြီး လှမင်း ယနေ့ညနေပိုင်း သံတွဲမြို့တွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်၊ မြို့မိမြို့ဖ၊ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံရာတွင် မျိုးချစ်စိတ်ရှိဖို့ လိုအပ်သည်မှာ မှန်သော်လည်း ရခိုင်အမျိုးသားများ အနေဖြင့် အရှိ လွန်နေသည်ဟု ပြောဆိုခဲ့ကြောင်း တွေ့ဆုံရှင်းလင်းပွဲတက်ရောက်သူ
တဦးက ပြောကြားသည်။

၎င်းက “အခုတခေါက် ရမ်းဗြဲကိုသူရောက်တော့ ရခိုင်အမျိုးသား အိမ်တွေမှာ ဘင်္ဂလီတွေ ထွက်သွားဆိုတာတွေ ရေးထားတာ ထူးထူးခြားခြား တွေ့ရတယ်လို့ ပြောတယ်၊ အဲဒါနဲ့ ပတ်သက်ပြီးလည်း မျက်ကန်းမျိုးချစ်ဆိုတဲ့ စကားလုံးလည်း သုံးသွားတယ်” ဟု ပြောသည်။


ထို့ပြင် ဂီရိ မုန်တိုင်း ဖြစ်ပြီးနောက် မြေပုံ၊ မင်းပြားမြို့များသို့ ၎င်းရောက်ရှိခဲ့စဉ်က ရခိုင်လူထု၏ မျက်နှာတွင် မျှော်လင့်ချက်ကင်းမဲ့သည့် လက္ခဏာများ တွေ့ခဲ့ရကြောင်း ယခုတကြိမ်တွင်လည်း ယင်းကဲ့သို့ မျှော်လင့်ချက်ကင်းမဲ့သည့် မျက်နှာများ ထပ်မံတွေ့ရသော်လည်း အတွင်း ခံစားချက်မှာ ကွာခြားကြောင်းလည်း ပြောဆိုသွားသည်ဟု ဆိုသည်။


ကိုယ့်အိမ် ကိုယ်မီးရှို့သည်ဟု ပြောဆိုချက်များနှင့် ပတ်သက်၍လည်း ဒု-ဗိုလ်ချုပ်ကြီးလှမင်းက ယခင်က ဟုတ်သည်ဟု ထင်ခဲ့ကြောင်း၊ ထွက်ပြေးသည့် အခါလမ်းကြောင်းရှင်းသည့် အနေဖြင့် လုပ်ဆောင်ခြင်းဖြစ်မည်ဟု ယူဆခဲ့ကြောင်း၊ သို့ရာတွင် ယင်းသို့အားလုံး ဖြစ်နိုင်မည်လားဟု စဉ်းစားမိလာကြောင်းလည်း ပြောဆိုသွားခဲ့သည်။


အဖြစ်အပျက်များ ဖြစ်ပွားစဉ် မတားဆီးနိုင်ခဲ့ခြင်းမှာ လုံခြုံရေး အင်အား အလုံအလောက်မရှိသည့်အချိန်တွင် တဖက်မှ လူအုပ်က အင်အားနှင့်လာသည့်အခါ မနိုင်ခဲ့ရခြင်းဖြစ်ကြောင်းနှင်
့ ယခုအခါ လုံခြုံရေး အင်အားအလုံအလောက် ချထားနိုင်ပြီဖြစ်ကြောင်း သို့ရာတွင် ၎င်းတို့အား အဓိကရုဏ်း နှိမ်နှင်းရေး လက်နက်သာတပ်ဆင်ထားပေးပြီး တိုက်ပွဲဝင်လက်နက်များ မဟုတ်ကြောင်းလည်း ရှင်းလင်းပြောဆိုသွားသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်ကမူ ဒု-ဗိုလ်ချုပ်ကြီးလှမင်း၏ သုံးသပ်ချက်နှင့် ပတ်သက်၍ တုံ့ပြန်ပြောဆိုခြင်း မရှိပဲ ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသည့် အခြေအနေများကိုသာ ရှင်းလင်းတင်ပြခဲ့သည်ဟု တက်ရောက်ခဲ့သူကဆိုသည်။ ဒု-ဗိုလ်ချုပ်ကြီး လှမင်းသည် ရခိုင်အရေးအခင်း စတင်ဖြစ်ပွားသည့် ဇွန်လကလည်း ဘူးသီးတောင် မောင်တောမြို့နယ်များသို့ သွားရောက်ခဲ့သည်။


ထိုစဉ်က ၎င်းသည် ကာကွယ်ရေး ၀န်ကြီးတာဝန်ကို ယူထားသူဖြစ်ကာ ယခင်လပိုင်း ၀န်ကြီးနေရာ အပြောင်းအလဲ လုပ်ဆောင်ရာတွင် ကာကွယ်ရေး ၀န်ကြီးအား ဒု-ဗိုလ်ချုပ်ကြီး ဝေလွင်အား ခန့်အပ်ကာ ၎င်းအား ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) တွင် တာဝန်ပြန်လည် ထမ်းဆောင်စေခဲ့သည်။


အောက်တိုဘာ ၂၁ ရက်နေ့မှ စတင်သည့် မင်းပြား၊ မြောက်ဦး၊ ကျောက်ဖြူ၊ မြေပုံ၊ ရမ်းဗြဲ၊ စသည့်မြို့နှင့် အနီးအနား ကျေးရွာများတွင် ဖြစ်ပွားသည့် အကြမ်းဖက်မှုများကြောင့် လူ ၈၄ ဦးသေဆုံးကာ ၁၂၄ ဦးဒဏ်ရာရရှိခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာများတွင် ဖေါ်ပြထားသည်။

စန္ဒီမုန်တိုင်း နောက်ဆက်တွဲသတင်း



စန္ဒီမုန်တိုင်း နောက်ဆက်တွဲသတင်း

အမေရိကန် အရှေ့ဘက်ခြမ်းဒေသစံတော်ချိန် အောက်တိုဘာ ၃၀ ရက်နေ့ ည ၁၀နာရီခွဲမှာ စန္ဒီမုန်တိုင်းကြောင့် သေဆုံးသူ စုစုပေါင်း ၅၀ ရှိသွားပြီလို့ အေပီ သတင်းက ဆိုပါတယ်။ သတင်းဌာနတွေမှာ ကွဲလွဲချက်တွေတော့ ရှိနေပါတယ်။ မကြာခင်တော့ အစိုးရက တရားဝင် ကြေငြာနိုင်ပါတယ်။ အခုထိတော့ နေရာအနှံ့မှာ ကယ်ဆယ်ရေးတွေ ဆက်လုပ်နေစဲမို့
သေဆုံးသူအရေအတွက် အများကြီးတိုးလာနိုင်တယ်လို့ ယူဆကြပါတယ်။

...အများစုကကျိုးကျလာတဲ့ သစ်ပင်တွေ ပိပြီး သေဆုံးခဲ့ကြတာပါ။ ပျက်စီးမှုတွေအတွက် ဆုံးရှုံးမှုကိုတော့ ဘီလီယံများစွာလို့ တွက်ဆနေပြီး ဒီအရေအတွက်တွေဟာလည်း ဆက်ပြီးမြှင့်တက်နေပါတယ်။

လတ်တလော မုန်တိုင်းရိုက်ခတ်တဲ့ဒေသက လူသန်းပေါင်း ၈.၂ သန်းကျော် လျှပ်စစ်မီးမရဘဲ မြို့အတော်များများမှာလည်း ရေလွှမ်းနေစဲ ဖြစ်ပါတယ်။

ရာသီဥတုကြောင့် နယူးယောက် စတော့ဈေးကွက် ၂ ရက်ဆက်တိုက် ပိတ်တယ်ဆိုတာက လွန်ခဲ့တဲ့ နှစ်တရာကျော် ၁၈၈၈ ခုနှစ်က နောက်ဆုံး ဖြစ်ခဲ့ဖူးပါတယ်။ မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာတော့ ပုံမှန်အတိုင်း မနက် ၉ နာရီခွဲမှာ ပြန်ဖွင့်မယ်လို့ ကြေငြာထားပါတယ်။

လူဦးရေ ၅ သန်းကျော် အသုံးပြုနေတဲ့ နယူးယောက်မြို့ရဲ့ရထားခရီးစဉ်တွေ
လုံးဝရပ်တန့်သွားပါတယ်။ ဒါကလည်း ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးတဲ့ အခြေအနေတရပ်ပါ။ ဘယ်လောက်ကြာမှ ပုံမှန်အတိုင်းပြန်လည် ပြေးဆွဲနိုင်မယ် ဆိုတာ ဘယ်သူမှ မပြောနိုင်သေးပါဘူး။ နယူးယောက်မြို့နဲ့ ၀န်းကျင်မှာ လျှပ်စစ်မီးပြန်ရဖို့ တပတ်လောက် အချိန်ယူရမယ်လို့ လျှပ်စစ်ကုမ္မဏီက ပြောပါတယ်။

မုန်တိုင်းကြောင့် နေအိမ်အဆောက်အဦ ပျက်စီးမှုတန်ဖိုး ဒေါ်လာ ၂၀ ဘီလီယံ၊ စီးပွားရေး လုပ်ငန်းတွေမှာ ပျက်စီးဆုံးရှုံးမှု တန်ဖိုး ဒေါ်လာ ၁၀ ကနေ ၃၀ ဘီလီယံ လို့ ခန့်မှန်းပါတယ်။ အမေရိကန်သမိုင်းမှာ သဘာဝဘေးဒဏ်ကြောင့် တန်ဖိုးအကြီးဆုံး ပျက်စီးဆုံးရှုံးမှုလို့ ပြောနိုင်ပါတယ်။

အခုအချိန်အထိတော့ နယူးယောက်နဲ့ နယူးဂျာစီပြည်နယ်တွေက အထိအနာဆုံးပြည်နယ်တွေ ဖြစ်ပါတယ်။ သမ္မတအိုဘားမားက မနက်ဖြန် နယူးဂျာစီကို သွားရောက်ကြည့်ရှုမယ်လို့ သိရပါတယ်။

အေးချမ်းမွန်မှ Burma-Newselite တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Burma-Newselite

အသေကောင်တွေ ... ထလာကုန်ပြီ ...

အောက်တိုဘာလ 31 ရက်နေ့ တိုင်းသည် အနောက်နိုင်ငံအယူအဆများအရထိုနေ့ သည် Halloween ပွဲတော်နေ့ ဟုသတ်မှတ်ကာထိုနေ့ သည် ကွယ်လွန်သူတို့ ၏ ဝိညာဉ်များ ယင်းတို့၏ သင်္ချိုင်းဂူများမှ နိုးထကြသည်ဟု အဆိုရှိသည် ဟုသတ်မှတ်ကာ ထို နေ့ တွင် သရဲ ၊ တစ္ဆေ ၊ ၀ိညာဉ်များ ၊ မကောင်းဆိုးဝါး ပုံသဏ္ဍန်များကိုပြုလုပ်ကာ Halloween ပွဲတော်နေ့ တွင် လမ်းများပေါ်တွင် ကလေးသူငယ် လူကြီးများပါမကျန် ပါဝင်ဆင်နွဲကြပါသည်.။ထို သို့ ပြုလုပ်ခြင်းကို ၄င်းတို့ အစိုးရအနေနှင့် ဓလေ့ရိုးရာ ထုံးတမ်းတစ်ခု အနေဖြင့် လွပ်လပ်စွာ ပြုလုပ်ခွင့်ပြုထားပါသည်။ စိတ်လှုပ်ရှားစရာ ၊ စိတ်ချောက်ခြားစရာလဲ ကောင်းသလို ပျော်စရာလဲ အင်မတန်ကောင်းလှပါသည်.။ ထိုပွဲတော်ကို ယခုနှစ်တွင်လဲ အနောက်နိုင်ငံမြို့ တော်ကြီးများနှင့် မြို့ ပေါင်းများစွာတွင် အစဉ်အလာမပျက် စည်ကားသိုက် မြိုက်စွာကျင်းပခဲ့ပါသည်။ မြို့တော်များရဲ့ လမ်းမတွေပေါ်မှာ လူများအုပ်စုလိုက် လမ်းမတွေပေါ်စီတန်း ပြီးထွက်လာတာဟာဖြင့် စစ်ရေးပြခြင်းတစ်ခုအလားပါပဲ အရမ်းကိုစည်းကားသိုက်မြိုက်ပါသည်။လူကြီး၊လူငယ် ၊ ကလေးအို ဆိုဒ်စုံပါပဲ အားလုံးရဲ့မျက်နှာ တွေကိုကြည့်လိုက်ရင်လဲ တကယ့်ကိုထိတ် လန့် စရာပါပဲ။ ထိုပွဲရောက်ပြီဆိုလျှင် ထိုပွဲနေ့ တွင်ဝတ်ဆင်ရန်အတွက် မိမိဝတ်စုံကိုလဲ အများသူများတွေ့ မြင်လျှင် လန့် သွားစေ၇န်အတွက် အလန်းစားများနှင့် ဒီဇိုင်းများထွင်တတ်ကြပါသည်.။မျက်နှာကိုလဲ တကယ့်ကို ဇာတ်လမ်းတွေထဲက သရဲတွေအတိုင်းပါပဲ အင်မတန်ကိုထိတ်လန့် စရာကောင်းနေပါသည်.။ညဘက်တွေဆိုလျှင် ဖရုံသီးများထဲတွင် မီးများထွန်းကာ ထားတတ်ကြပါသည် သရဲမျက်နှာများဖြင့်ပုံဖော်ထားတတ်ပါသည်။ကဲအားလုံးပဲ ကျွှန်တော်၏လေ့လာသိရှိချက် တစ်ချို့ အရ Halloween ပွဲအကြောင်းကိုသိသင့်သလောက်တော့သိကြပြီလို့ ထင်ပါသည်.။ကျွှန်တော်လဲ ထိုပွဲတော် နဲ့ မကြုံဖူးသေးပါဘူး ဖတ်ဖူးသမျှသိသမျှ မှတ်မိ ကြားဖူးဖတ်ဖူးတာလေးတွေကိုပြောပြတာပါ အားလုံးကို ဗဟုသုတအသိတွေတိုးပွားနိုင်ကြပါစေ။ဓါတ်ပုံလေးတွေကို အပြည့်အစုံတင်ချင်ပေမယ့် အဓိကကျမယ့် မျက်နှာပြင်ဆင်မှုပုံလေးတွေနဲ့ သူတို့ ရဲ့ တကယ်မိုက်တဲ့ပုံစံလေးတွေကိုပဲတင်လိုက်ပါသည်နော်။ Google ကနေ Image မှာဝင်ပြီး Halloween လို့ ၇ိုက်ပြီး ဓါတ်ပုံတွေအများကြီးကိုကြည့်နိုင်ပါသေးတယ်လို့ သတင်းပေးလိုက်ပါသည်။credit: Mc w@i y@n !