Sunday, September 4, 2011

လူတဦး၊ တလ၊ ငွေ ၁ထောင် အလှူ



Date: Tuesday, August 30, 2011, 1:52 PM

  လူတဦး၊ တလ၊ ငွေ ၁ထောင် အလှူ - One More အလှူလုပ်ငန်း မြန်မာပြည်မှာစပြီ
ဖေ့စ်ဘွတ်မှာ
တက်လာတဲ့ စေတနာ့ဝန်ထမ်းမြန်မာများရဲ့ တယောက်တလက်လှုပ်ရှားမှု ဖြစ်ပါတယ်။
စေတနာရှင်တဦးက တလကို ငွေ ၁ထောင်ထည့်ဝင်မှုတွေ စုစည်းပြီးတော့ မြန်မာပြည်ရဲ့
လိုအပ်တဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆောင်ရွက်နေတဲ့
ပရဟိတကျောင်းများနဲ့ အဖွဲ့အစည်းများကို ရွေးချယ်လှူဒါန်းသွားမယ်လို့
ရေးထားပါတယ်။ထူးခြားတာကတော့ မြန်မာစာပေလုပ်ငန်းက လုပ်ငန်းရှင်တွေ၊ ပညာရှင်တွေ၊ အနုပညာရှင်တွေက ကမကထပြုတဲ့ လှုပ်ရှားမှုဖြစ်တာပါပဲ။
တာဝန်ခံသူတွေကတော့
ပြည်သွေးနိုင်၊ မောင်သာချို၊ အော်ပီကျယ်တို့ဖြစ်ပြီး
ဆက်သွယ်ရန်လိပ်စာကတော့ - Onemorethousand@gmail.com ဖြစ်ပါတယ်။
လက်တို့လိုက်ကြပါဦး။http://www.onemore1000.net/ onemore1000.net

[Non-text portions of this message have been removed]

No comments: