Saturday, September 10, 2011

ဦးနှောက်ကို တရားခွင်တင်ခြင်း အပိုင်း(၁)

ဦးနှောက်ကို တရားခွင်တင်ခြင်း အပိုင်း(၁)  
၁၉၆၆ ခု သြဂုတ်လ၏ ပူပြင်းသော နေ့တစ်နေ့။ အသက် ၂၅ နှစ် အရွယ်ရှိ ချားလ်စ်ဝှစ်တမန်-Charles Whitman သည် တက္ကဆပ်တက္ကသိုလ် မျှော်စင်အပေါ်ဆုံးထပ် သို့ ဓာတ်လှေကားဖြင့် တက်လာခဲ့သည်။ ထိပ်ဆုံးထပ်ရှိ ရှုခင်းဆောင် Obser-vation Deck သို့ လှေကားဖြင့် ထပ်တက်ပြန်သည်။ သူ့လက်တွင်ဆွဲလာသည့် ခရီးဆောင် သေတ္တာထဲ၌ သေနတ်နှင့် လက်နက်ခဲယမ်း များအပြည့်ပါလာသည်။ ရှုခင်းဆောင်တွင်ရှိ နေသော ဧည့်ကြိုစာရေးမကို သေနတ် ပြောင်းဖြင့် ရိုက်ကာ သတ်ပစ်လိုက်သည်။ လှေကားမှ တက်လာသော အပျော်ခရီး သွား မိသားစု နှစ်စုလုံးကိုလည်း အနီးကပ် ပစ်သတ်သည်။ သူသည် ရှုခင်းဆောင်မှနေ၍ အောက်မြေပြင်ပေါ်မှ မြင်မြင်သမျှ လူများကို စ ပစ်တော့သည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးထိ မှန်သွားသဖြင့် သူ၏အဖော်ယောက်ျားက နံဘေးတွင် ဒူးထောက်လျက် ပြုစုနေသည်ကို လည်းပစ်ချလိုက်သည်။ လမ်းလျှောက်နေသူ အားလုံးကို လိုက်ပစ်သည်။ ကူညီရန် ရောက်လာသည့် သူနာပြုယာဉ်မောင်းလည်း ကျည်သင့်သွားသည်။ ရဲက ဝှစ်တမန်ကို ပစ်ချလိုက်သည့် အချိန်တွင် သူ့လက်ချက်ကြောင့် လူ ၁၃ ဦး သေဆုံးကာ ၃၂ ဦး ဒဏ်ရာရပြီး ဖြစ်နေ သည်။ နောက်တစ်နေ့တွင် သူ့သတင်းသည် မီဒီယာများ၏ထိပ်စည်းသတင်း ဖြစ်လာ သည်။ ရဲက သူ့အိမ်သို့သွားရောက်ရှာဖွေ သည်။ ထိုအခါ ပိုမိုနားမလည်နိုင်စရာများ တွေ့လာသည်။ အိမ်တွင် သူ့အမေနှင့် ဇနီး သည်ကိုလည်း သတ်ဖြတ်ထားသည်ကိုတွေ့ ရသည်။ သတ်ဖြတ်မှုများကို မကျူးလွန်မီ ထိုနေ့ နံနက်က သူ၏နောက်ဆုံးမှာတမ်းကို လက် နှိပ်စက်ဖြင့် ရေးခဲ့သည်။ ''အခုတလော ကျွန် တော် ဘာဖြစ်နေသလဲဆိုတာ ကျွန်တော့် ကိုယ်ကျွန်တော် နားမလည်နိုင်တော့ဘူး။ ကျွန်တော်ဟာ ဆင်ခြင်တုံတရားရှိတဲ့ သာမန် လူတစ်ယောက်ပါပဲ။ ဘယ်တုန်းက စမှန်း မသိပဲ ကျွန်တော့်စိတ်တွေ အရမ်းရှုပ်ထွေး နောက်ကျိလာတယ်'' သူ၏ နောက်ဆုံးမှာတမ်းတွင် ''ကျွန် တော့်ဇနီး ကေသီဟာ ကျွန်တော့်အပေါ် အင် မတန်ကောင်းရှာပါတယ်။ ကျွန်တော်ဘာ ကြောင့် သူ့ကိုသတ်လိုက်မိတယ်ဆိုတာ တိ ကျတဲ့အဖြေ ကျွန်တော် စဉ်းစားလို့မရဘူး။ ဒါကြောင့် ကျွန်တော်သေဆုံးပြီးတဲ့အခါ ကျွန် တော့်ဦးနှောက်ကိုခွဲစိတ်ပြီး အထဲမှာဘာဖြစ်နေသလဲ ဆိုတာ လေ့လာစေချင်ပါတယ်။ ကျွန်တော် ဆရာဝန်နဲ့သွားတွေ့ခဲ့ပါသေးတယ်။ နှစ်နာရီတောင်ကြာပါတယ်။ ကျွန်တော့်ရဲ့ မုန်ယိုချင် နေတဲ့ စိတ်ရိုင်းတွေအကြောင်း ဆရာဝန်ကိုပြောပြခဲ့ တယ်။ အဲဒီတစ်ခါပဲ ဆရာဝန်ဆီကို သွားခဲ့တယ်။ နောက်ပိုင်းမှာတော့ မုန်ယိုနေတဲ့ စိတ်ဆင်ရိုင်းကို ကျွန် တော့်ဘာသာ ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင် ခဲ့ဘူး''ဟု သူ၏မှာတမ်းတွင် ဖော်ပြထားသည်။ ဝှစ်တမန်သည် သာမန်လူတစ်ယောက်သာဖြစ် သည်။ တက္ကဆပ်တက္ကသိုလ်တွင် ဗိသုကာအင်ဂျင်နီယာ ပညာရပ်ကိုသင်ယူခဲ့သည်။ မရင်းတပ်ဖွဲ့တွင် တာဝန် ထမ်းဆောင်ဖူးသည်။ ဘဏ်ငွေကိုင်စာရေးအဖြစ် ခဏလုပ်ကိုင်ခဲ့သည်။ ကင်းထောက် လူငယ်ဆရာအဖြစ် လည်း စေတနာ့ဝန်ထမ်းဆောင်ရွက်ခဲ့သည်။ သူသည် ဥာဏ်ရည်နိမ့်သူလည်းမဟုတ်။ ဆေးရုံတွင် မှုခင်းဆရာဝန်ကြီးက သူ၏ဦးနှောက် ကိုထုတ်ယူလေ့လာသည်။ သူ့ဦးနှောက်တွင် ပြားစေ့ အရွယ်ရှိ အကျိတ်တစ်လုံးကိုတွေ့ရသည်။ Gliobla-stoma ဟုခေါ်သော အဆိုပါ အကျိတ်သည် ဦးနှောက် ထဲရှိ အမစ်ဒလာ- Amygdala ၏ တစ်စိတ်တစ်ပိုင်းကို ဖိထားသလိုဖြစ်သည်။ အမစ်ဒလာသည် လူ၏စိတ်လှုပ် ရှားမှု၊ ခံစားမှု၊ စေ့ဆော်မှုကိုထိန်းကွပ်သော ဦးနှောက် အတွင်းပိုင်းရှိ အစိတ်အပိုင်းဖြစ်သည်။ အထူးသဖြင့် ကြောက်ရွံ့မှုနှင့် ရန်လိုမှုကို ထိန်းကျောင်းသောအပိုင်း ဖြစ်သည်။ ကြောက်တတ်သူများ၏ အမစ်ဒလာသည် မကြောက်တတ်သူများ၏ အမစ်ဒလာထက် ပိုမိုလှုပ် ရှားနေတတ်သည်။ ၁၈ ရာစုနှောင်းပိုင်းမှစ၍ အမစ်ဒလာအကြောင်းကို သုတေသီများက အတော်အတန် သိလာကြသည်။ အမစ်ဒလာအပိုင်းကို ထိခိုက်မိသူများသည် လူမှုရေးနှင့် စိတ်ခံစားမှု ကသောင်းကနင်း ဖြစ်တတ်သည်ကို သိလာ သည်။ ၁၉၃ဝ ပြည့်လွန်နှစ်များတွင် သုတေသီ ဟိန်း ရစ်ခ်ျ ကလူဗာ - Heinrich Klüver နှင့် Paul Bucy ပေါလ်ဘူစီတို့က မျောက်ဦးနှောက်များကို ခွဲစိတ်လေ့လာ ခဲ့သည်။ အမစ်ဒလာကိုခွဲထုတ်ခံထားရသည့် မျောက် များသည် ကြောက်ရွံ့မှုမရှိ၊ စိတ်ခံစားမှုမရှိတော့ဘဲ ရန်လို စိတ်ကြီးလာသည်ကိုတွေ့ရသည်။ အမစ်ဒလာ ခွဲထုတ်ခံ ထားရသော မျောက်မများသည် သူမ၏ကလေးများအား ရက်ရက်စက်စက်ပြုမူသည်ကိုတွေ့ရသည်။ ထိတ်လန့်ဖွယ်အခြေအနေနှင့် ကြုံတွေ့ရသည့်အခါ တွင်လည်းကောင်း၊ ကြောက်မက်ဖွယ် မျက်နှာကြီးများ (တစ္ဆေ၊ သူရဲကဲ့သို့)ကို မြင်တွေ့ရသည့် အခါတွင်လည်း ကောင်း လူတို့၏ အမစ်ဒလာ အစိတ်အပိုင်းသည် တက်ြ<ွကလှုပ်ရှားနေသည်ကိုတွေ့ရသည်။ ချားလ်စ်ဝတ် မန်သည် သူ့ဦးနှောက်အတွင်း တစ်စုံတစ်ခုဖြစ်ပျက်နေ သည်ကို ရိပ်မိခဲ့သည်။ ထို့ကြောင့်ပင် သူသေဆုံးသည့် အခါ ဦးနှောက်ကို စစ်ဆေးရန် မှာကြားခဲ့ခြင်း ဖြစ်သည်။ ဝှစ်တမန်၏ အဖြစ်မျိုးသည် ရှားရှားပါးပါးဖြစ် သည်။ ဦးနှောက်၏ရုပ်ပိုင်းဖောက်ပြန်မှုကြောင့် ဖြစ်ပွား သော ရာဇဝတ်မှုများသည် တစ်နေ့တခြား တိုးပွား လျက်ရှိသည်။ နည်းပညာနှင့်အတူ ဆေးရုံသုံးကိရိယာ များလည်းအစွမ်းထက်လာသဖြင့် ဦးနှောက်အတွင်း ဖြစ်ပျက်နေသည်များနှင့် ပုံမှန်မဟုတ်သော အမူအရာ တို့ ဆက်စပ်နေပုံများကို သိပံ္ပပညာရှင်များ ပိုမိုသိရှိ လာကြသည်။ ၂ဝဝဝ ပြည့်နှစ်တွင် ဖြစ်ပွားခဲ့ သော အဖြစ်အပျက် တစ်ခု။ အသက် လေးဆယ်ပြည့်ပြီးသည့်အချိန်မှစ၍ အဲလက်စ်(အမည်လွှဲ)၏ လိင်ဆန္ဒ သည် ဖောက်ပြန်ပြောင်းလဲလာသည်။ သူသည် ကလေးသူငယ်များ အပေါ် တွင် လိင်မှုကျူးလွန်ရန် ဆန္ဒပြင်းပြ လာသည်။ ထိုစိတ်ဆန္ဒသည် ထိန်းမနိုင် သိမ်းမရ ဖြစ်လာသည်။ ထိုအချိန်မှစ၍ ကလေးသူငယ်များ အပေါ် လိင်မှုကျူးလွန်သည့် Child Pornography အင်တာနက် စာမျက် နှာများတွင် အဲလက်စ်က ကျက်စား နေတော့သည်။ ယင်းနှင့်ပတ်သက် သော စာအုပ်စာတမ်းများကို ဝယ်ယူ စုဆောင်းသည်။ အနှိပ်ခန်းသွားကာ အနှိပ်သမလေးများကို ငွေကြေးဖြင့် ဖြားယောင်းသည်။ ထိုအပြုအမူမျိုးကို ယခင်က တစ်ခါမျှ မပြုလုပ်ဖူးခဲ့ပါဟု အဲလက်စ်က ဆိုသည်။ ယင်းသို့ စံလွဲနေသော အပြုအမူ သည် မမှန်ကန်။ ကြီးလေးသော ပြစ် မှုထိုက်သည်ကို သူကောင်းကောင်း သိသည်။ သူ့ကိုယ်သူ ထိန်းချုပ်လိုပါသော်လည်း သူ့စိတ်တွင် ဖြစ်ပေါ်နေ သည့် အာသာပြေပျောက် ဆန္ဒပြည့်ဝ မှုက အလေးသာလွန်းမကသာသည့် အတွက် သူမည်သို့မျှ မတတ်နိုင်ဖြစ် ရသည်။ ယင်းသို့နှင့် ဇနီးဘက်မှပါ လာသော အရွယ်မရောက်သေးသည့် သမီးကိုချဉ်းကပ်ရန် ကြိုးစားမိသည်။ သူ့ဇနီးသည် ထိတ်လန့်တကြားဖြစ် ကာ အိမ်အတွင်း မွှေနှောက်ရှာဖွေသော အခါ သူ စုဆောင်းသိုဝှက်ထားသော စာအုပ်များကိုတွေ့သည်။ သူ့အား အိမ်မှ နှင်ထုတ်လိုက်သည်။ ကလေး သူငယ်အပေါ် လိင်မှုကျူးလွန်ရန် ကြိုးစားမှုဖြင့် ပြုပြင်ရေးစခန်းသို့ ပို့ခံရသည်။ ထိုမျှနှင့်မရပ်သေး။ သူသည် စိတ်ကို မထိန်းနိုင်သဖြင့် ပြု ပြင်ရေးစခန်း ဝန်ထမ်းများအား မဖွယ်မရာပြုမူမိသဖြင့် ထောင်နန်း စံရတော့သည်။ ထောင်ထဲတွင်ရှိနေစဉ် တစ်ချိန် ၌ အဲလက်စ်သည် ပြင်းထန်သော ခေါင်းကိုက်ဝေဒနာကို ခံစားနေရ သည်။ ဝေဒနာကို မခံမရပ်နိုင်တော့ သည့်အဆုံး ဆေးရုံ အရေးပေါ်ဌာန သို့ပြေးရသည်။ ဦးခေါင်းကို ဓာတ် မှန်ရိုက်ကြည့်ရာ ဦးနှောက်အတွင်းအကျိတ်တည်နေသည်ကိုတွေ့ရသည်။ ထိုအကျိတ်ကိုခွဲထုတ်လိုက်သောအခါ အဲလက်စ်၏ လိင်ဆန္ဒသည် ပုံမှန်အနေ အထားသို့ ပြန်ရောက်သွားသည်။ တစ်နှစ်ခန့် ကြာသောအခါ ကလေးသူငယ်များအပေါ် လိင်မှု တိမ်းညွှတ်သော ဆန္ဒပြန်ပေါ်လာ သဖြင့် ဆရာဝန်ထံသွားရပြန်သည်။ ဦးနှောက်ကို စစ်ဆေးသောအခါပထမခွဲစိတ်စဉ်က ကျန်ခဲ့သော အကျိတ် အစအနက ကြီးထွားစ ပြုနေသည်ကိုတွေ့ရသည်။ အကျိတ် ကို ခွဲထုတ်လိုက်သောအခါ အဲလက်စ် ၏ လိင်ဆန္ဒ ပုံမှန် ပြန်ဖြစ်သွားသည်။ လူတစ်ယောက်၏ ဆုံးဖြတ်လုပ် ကိုင်မှုနှင့် ကာမဆန္ဒတို့အပေါ် ခန္ဓာ ကိုယ်အတွင်း ဖြစ်ပျက်ပြောင်းလဲမှု များက တိုက်ရိုက်သြဇာသက်ရောက် လျက်ရှိသည်ကို ပညာရှင်များက သိ လာကြသည်။ လူတို့၏ မလျော်ကန်သော စိတ်ဆန္ဒတို့သည် အာရုံကြော စနစ်အောက်တွင် ပုန်းအောင်းလျက် ရှိနေသည်ဟုဆိုသည်။ တစ်ခါတစ်ရံ ထိုးထွက်လာတတ်သော ထိုစိတ်ရိုင်း များကို လူမှုရေးစည်းကမ်းများဖြင့် ထိန်းချုပ်ထားရသည်။ သာမန်ဦး နှောက်အနေအထား ရှိသူတစ်ဦးအနေ ဖြင့် ထိုဆန္ဒဆိုးများကို ထိန်းချုပ်နိုင် သော်လည်း ဦးနှောက်အတွင်း ဇီဝ ကမ္မစနစ် ဖောက်ပြန်နေသူအဖို့ကား မထိန်းနိုင် မသိမ်းနိုင်ဖြစ်ရသည်။ ဦးနှောက်တွင်း ဓာတုနှင့် ရုပ် ပိုင်းပြောင်းလဲမှုများဖြစ်လာသည့်အခါ စိတ်ရိုင်းများသည် ထိန်းမနိုင် သိမ်း မရဖြစ်လာတတ်သည်။ ကိုယ်ကျင့် အမူအရာများကို ထိန်းချုပ်သည့် ဦးနှောက်၏ အစိတ်အပိုင်း Frontal lobe ဖောက်ပြန်သည့်အခါ အတား အဆီးမဲ့သော ကြောက်မက်ဖွယ် အပြု အမူများကိုပြုလုပ်တတ်သည်။ အရက်သေစာကြောင့် ရမ်းကားခြင်း သည် ထိန်းချုပ်သည့် အစိတ်အပိုင်း၌ ဓာတုပြောင်းလဲခြင်းကြောင့်ဖြစ်သည်။ ထိုအစိတ်အပိုင်း ယိုယွင်းသည့်ရောဂါ Frontotemporal Dementia ရနေသူ များသည် အမူအရာ ရိုင်းစိုင်းပက် စက်ကြသည်။ ထိုအစိတ်အပိုင်း ယိုယွင်းလာသည့်အခါ မသိစိတ် အတွင်း ခိုအောင်းနေသော ဆန္ဒရိုင်း များကို ထိန်းကွပ် နိုင်စွမ်းမရှိတော့။ ဆိုင်ပိုင်ရှင်ရှေ့တွင်ပင် ပစ္စည်းခိုး ခြင်း။ လူပုံအလယ်တွင် အဝတ်အစား များ ချွတ်ပစ်ခြင်း။ မလုပ်ရဆိုသည် များကိုလုပ်ခြင်း (မီးနီ ဖြတ်မောင်းခြင်း ကဲ့သို့)၊ အမှိုက်ပုံးထဲမှ စာြး<ွကင်းစာ ကျန်များ ကောက်စားခြင်း။ လိင်စိတ် ဖောက်ပြန်ခြင်း။ သွေးထွက်သံယို ကျူးလွန်ခြင်း စသည်တို့သည် အမစ် ဒလာအပိုင်း ပုံမှန် မဟုတ်သည်ကို ညွှန်နေခြင်းဖြစ်သည်။ သို့သော် လက်ရှိတရားဥပဒေ များအရ ထိုသူများသည် တရားရုံးသို့ ရောက်လာရတော့သည်။ Frontotem-poral Dementia ရောဂါသည်များ ၏ ၅၇ ရာနှုန်းသည် လူမှုရေးစည်း မျဉ်းများအား ချိုးဖောက်သည်ကို တွေ့ရသည်။ အယ်လ်ဇိုင်းမား ရောဂါ သည် ၂၇ ရာနှုန်းသည်လည်း လူမှု ရေးစည်းကမ်းများ ချိုးဖောက်တတ် ကြသည်ကိုတွေ့ရသည်။ဦးနှောက်အတွင်းရှိ ဓာတုအချိုး အစား အနည်းငယ်ပြောင်းလဲရုံမျှဖြင့် ကိုယ်နှုတ် အမူအရာများ အကြီး အကျယ် ပြောင်းလဲသွားသည်ကို တွေ့ ရသည်။ ၂ဝဝ၁ ခုနှစ်တွင် ပါကင်ဆန် ရောဂါသည်များ၏အမူအကျင့်ပြောင်း လဲလာသည်ကို သူတို့၏ ဆွေမျိုးသား ချင်းများက သတိပြုမိကြသည်။ ပရင် မီပက်ဆိုးလ် Pramipexole ဆေးကို လူနာများသောက်သည့်အခါ လူနာ များသည် လောင်းကစားသမားများ ဖြစ်လာကြသည်။ အလောင်းအစား မလုပ်ရလျှင် မနေနိုင်ဖြစ်လာသည်။ ယခင်က တစ်ခါတစ်ရံသာ လောင်း ကစားမှုကို ပြုသူများသည် လောင်း ကစားမြို့တော် လားဗီးဂတ်စ်ကို လေ ယာဉ်ဖြင့် ခေါက်တုံ့ခေါက်ပြန် သွားကာ လောင်းကစားသည်။ လောင်းကစားမှုကို အရိုးစွဲနေသူများ ကဲ့သို့ ပြုမူလာသည်။ လူနာတစ်ဦး ဆိုလျှင် ခြောက်လအတွင်း ဒေါ်လာ နှစ်သိန်းရှုံးသည်။ အင်တာနက်ပေါ် တွင် ပိုကာကစားခြင်းဖြင့် အြေ<ွကးနွံ နစ်ကုန်သည်။ အချို့ဆိုလျှင် အစား အသောက် အလွန်အကျွံစားသည်။ အရက် အလွန်အကျွံသောက်သည်။ လိင်စိတ်လည်း ထိန်းမနိုင်သိမ်းမရ အောင်ဖြစ်လာသည်။ ပါကင်ဆန် ရောဂါသည်များ၏ ဦးနှောက်တွင်းရှိ ဒိုဖာမိုင်း Dopamine ဟိုမုန်း ထုတ်လုပ်ပေးသည့် ဆဲလ် များ ယုတ်လျော့ပျက်စီးနေသည်။ ပရင်မီပတ်ဆိုးလ်သည် ဒိုဖာမိုင်းကို အစားထိုးပေးခြင်းဖြစ်သည်။ ဒိုဖာမိုင်း သည် ခန္မာဗေဒ တာဝန်နှစ်ခုကို ထမ်း ဆောင်ပေးသည်။ ခန္မာကိုယ်၏ ပြုမြဲ လှုပ်ရှားသွားလာမှုကို ထိန်းကျောင်း ပေးသည်။ အသက်ရှင်ရပ်တည်ရန် လိုအပ်သော အစာရေစာ စားသောက် ခြင်း၊ မျိုးပွားခြင်းတို့ကိုလည်း ထိန်း ကျောင်းပေးသည်။ အကျိုးအပြစ် ချင့်ချိန်လျက် ဆုံးဖြတ်ချက်ချရာ၌ လည်း ဒိုဖာမိုင်းက အထောက်အကူ ပေးသည်။ ဒိုဖာမိုင်း လျော့နည်းလာ သည့် (မလုံလောက်သည့်) အတွက် အကျိုးအပြစ်ဆင်ခြင်မှုကို မလုပ်နိုင် တော့။ ထိုအခါ အကျိုးအပြစ် မဆင်ခြင်နိုင်တော့ဘဲ လောင်းကစား ခြင်း၊ အပျော်ကျူးခြင်း၊ မူးယစ်ဆေး သုံးစွဲခြင်းတို့ ဖြစ်လာသည်။ ဆင်ခြင် တုံကို ထိန်းမတ်ပေးနေသည့် ဒိုဖာမိုင်း ချို့ယွင်းမှုကြောင့် ဖြစ်သည်။ ပရင်မီပက်ဆိုးလ် ဆေး၏ အာနိ သင်သက်ရောက်မှုကို ဆေးသုတေသီ တို့က စောင့်ကြည့်လေ့လာကြသည်။ ဆေးဒဏ်ပြန်မှု အကျိုးဆက်ကို ဆရာဝန်များက အလွယ်တကူ တား ဆီးလိုက်နိုင်သည်။ ဆေးပမာဏကို လျှော့ပေးခြင်းဖြင့် လူနာများတွင် လောင်းကစားလိုစိတ်မရှိတော့သည် ကို တွေ့ရသည်။ လူတို့၏ အမူအကျင့်သည် ခန္မာ ကိုယ်အတွင်း ဖြစ်ပျက်နေသော ဇီဝ ကမ္မဖြစ်စဉ်များနှင့် တိုက်ရိုက်ဆက် စပ်လျက်ရှိသည်။ လူသည် မိမိကိုယ် ကို ထင်တစ်လုံးနှင့်နေသူ ဖြစ်သည်။ 'ငါလုပ်နိုင်တယ်။ ငါကတော်တယ်။ ငါ့စိတ်က သံမဏိလိုခိုင်မာတယ်။ လောင်းကစားမလုပ်ဘဲ စိတ်ဖြတ်နိုင် တယ်'ဟုြေ<ွကးကြော်နေသူသည် ဒို ဖာမိုင်း ကမောက်ကမ မဖြစ်သေးသ ရွေ့သြာေ<ွကးကြော်နိုင်ခြင်းဖြစ်သည်။ သူသည်လည်း ဇီဝကမ္မဖြစ်စဉ်ကို လွန် ဆန်နိုင်သူမဟုတ်သည်မှာ သေချာ သည်။ ယင်းသို့ဆိုလျှင် ဦးနှောက် အတွင်း ဖောက်ပြန်ပြောင်းလဲမှုကြောင့် အပြစ် ကျူးလွန်သူတို့အား အပြစ်ပေး နေခြင်းသည် လျော်ကန်ပါ၏လော ဆိုသော မေးခွန်းထွက်လာသည်။ ဥပဒေပညာရှင်၊ လူမှုရေးပညာရှင်၊ ဦးနှောက်နှင့် အာရုံကြောပါရဂူ၊ စိတ် ပညာရှင်၊ အတွေးအခေါ် ပညာရှင် တို့ ခေါင်းခဲရသော မေးခွန်းဖြစ်သည်။ ချားလ်ဝှစ်မန်သည် အကြောင်းမဲ့ လူများကို သတ်ဖြတ်ခဲ့သည်။ သူ့ဦး နှောက်အတွင်းအကျိတ်ဖြစ်နေခြင်း ကြောင့် စိတ်ထွေပြားကာ သတ်ဖြတ် မိခြင်းဖြစ်သည်။ ယင်းသို့ဆိုလျှင် သူ့ အားအပြစ်မရှိဟု သတ်မှတ်မည် လော။ ဦးနှောက်အတွင်းအကျိတ် ကြောင့် ပြစ်မှုကျူးလွန်သူမှန်သမျှ ကို ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့် ပြုရမည်လော။ ဆေးသိပ္ပံ တိုးတက်လာသည်နှင့် အမျှ ဦးနှောက်အကြောင်း ပိုမိုသိရှိ နားလည်လာကြသည်။ တရားသူကြီး များအား အထက်ပါမေးခွန်းများက စိန်ခေါ်လာကြသည်။ တရားခံတစ် ယောက် တရားခွင်သို့ရောက်လာ သည့်အခါ တရားခံ၏ အပြစ်လော၊ သူ၏ ခန္မာဗေဒ ဖြစ်စဉ်၏ မှားယွင်းမှု လော သိရှိရန် လိုအပ်လာသည်။ ခန္မာ ဗေဒ ဖြစ်စဉ်များအပေါ် သိနားလည်မှု မြင့်မားလာသည်နှင့်အမျှ အပြစ်ပေး ထိုက် မပေးထိုက် ဆိုသည့်မေးခွန်း သည် ပိုမိုကျယ်လောင်စွာ မြည်ဟည်းလာသည်။ ထိုမေးခွန်းကို တိတိ ကျကျ အဖြေပေးရန်လည်း ခက်ခဲ လာသည်။ အရွယ်ရောက်ပြီး သူတိုင်းသည် ကျိုးကြောင်းခိုင်လုံသောဆုံးဖြတ်ချက် ကို ချနိုင်ကြသည်ဟု ဥပဒေက မှတ် ယူထားသည်။ ထိုယူဆချက်သည် အခါခပ်သိမ်း မမှန်ကန်နိုင်။ လူတစ် ဦးချင်း၏ဦးနှောက်သည် များစွာကွဲ ပြားခြားနားသည်ကိုတွေ့ရသည်။ ထို့ပြင် သန္ဓေပါ ဗီဇသည်လည်း လူသားများကို ချုပ်ကိုင် လွှမ်းမိုးထား သည်။ အချို့မွေးရာပါ မျိုးရိုးဗီဇသည် ရာဇဝတ်မှု ကျူးလွန်ရန် အားပေး သည်။ ထိုကဲ့သို့ မျိုးရိုးဗီဇပါလာသူ သည် ဗီဇမပါသူများထက် ရက်စက် ကြမ်းကြုတ်သော ရာဇဝတ်မှု ကျူး လွန်ရန် ဖြစ်နိုင်ခြေ လေးဆပိုများသည် ဟုဆိုသည်။ ထိုဗီဇပါလာသူများသည် လုယက်မှုကျူးလွန်ရန် ဖြစ်နိုင်ခြေ သုံးဆ၊ သူတစ်ပါးအား ပြင်းထန်စွာ နာကျင်စေရန် ဖြစ်နိုင်ခြေ ငါးဆ၊ လူ သတ်မှုဖြင့် ထောင်ကျရန် ဖြစ်နိုင်ခြေ ရှစ်ဆ၊ မုဒိန်းမှုကျူးလွန်ရန် ဖြစ်နိုင် ခြေ ၁၃ ဆ ရှိသည်ဟု သုတေသနစစ် တမ်းများကဆိုသည်။ သေဒဏ်အပြစ် ကျခံရသူများ၏ ၉၈.၁ ရာနှုန်းတွင် အဆိုပါ မျိုးရိုးဗီဇကို တွေ့ရသည်။ ထိုတွေ့ရှိချက်ကို ကြည့်လျှင် လူသားအားလုံးသည် ခန္မာဗေဒအရ တူညီစွာမွေးဖွားလာခြင်း မဟုတ်သည် ကိုတွေ့ရသည်။ လူတစ်ဦးချင်း အပြင် ပန်းရုပ်ရည် မတူကြသလို အတွင်း သဘောလည်း များစွာကွဲပြားကြ သည်။ လူသားများသည် သူတို့အလို ရှိရာ ဘဝလမ်းကြောင်း ကိုယ်ပိုင်ဆုံး ဖြတ်ချက်ဖြင့် လျှောက်လှမ်းနိုင်ကြ သည်မဟုတ်။ လူသား၏ ဆုံးဖြတ် ချက်ကို တိမ်းပါး ဝေဝါးစေနိုင်သော ခန္မာဗေဒအစီအမံရှိနေသည် ဆိုသည် မှာ ထင်ရှားသည်။ ထိုအစီအမံသည် ကံ ကံ၏အကျိုးဟုဆိုကြသလို၊ တန် ခိုးတော်ရှင်၏ အလိုတော်အတိုင်းဟု ဆိုကြသည်လည်းရှိသည်။ မျိုးရိုးဗီဇသည် လူတစ်ယောက် ၏အမူအကျင့်ကို အဆုံးအဖြတ်ပေး နိုင်သည်မှန်သော်လည်း ကြီးပြင်းလာ ရသည့် ပတ်ဝန်းကျင်သည်လည်း တစ်စိတ်တစ်ပိုင်း အရေးကြီးသည်။ ငယ်စဉ်က ပေယျာလကံပစ်ထားခံ ရခြင်း၊ ရိုက်နှက်ခံရခြင်း၊ ဦးခေါင်း ကို ထိခိုက်မိခြင်းတို့သည် ဥာဏ် ရည်တိုးတက်မှုကို အဟန့်အတား ဖြစ်စေနိုင်သည်။ မသန့်ရှင်းသောရေ (ခဲပါဝင်ခြင်း)စသည့်အစားအသောက် များကြောင့်လည်း ဦးနှောက်ဖွံ့ဖြိုး မှုကိုထိခိုက်စေသည်။ ဘဝလမ်း ကြောင်းတစ်လျှောက်တွေ့ရသော အဖြစ်အပျက်များသည် မျိုးရိုးဗီဇ ပြဋ္ဌာန်းမှုကို အတော်အသင့်ပြုပြင် ပေးနိုင်သည်။ ထိုအတွေ့အကြုံများ သည် အချို့သောဗီဇကို မှေးမှိန်စေပြီး၊ အချို့သောဗီဇကို အားကောင်းလာစေ သည်။ ထိုနည်းဖြင့် အမူအကျင့် ပြောင်းလဲခြင်းကို ဖြစ်စေသည်။ ဗီဇ နှင့် ပတ်ဝန်းကျင်သည် အပြန်အလှန် မှီတွယ် ချိတ်ဆက်နေသည်။ ဆက်လက်ဖော်ပြပါမည်။ အေးထွန်းမင်း Ref:The Brain on Trial
အေးမင်းထွန်း
 

No comments: