Wednesday, May 9, 2012

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ် အောင်ဆန်းစုကြည်ဇွန်လ ဒုတိယ ပတ်တွင် ပြည်ပ ခရီးစဉ်စတင်မည်

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံကူးလက်မှတ် ပတ်စပို့ရပြီ ပြည်ပကိုခရီးသွားဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံကူးလက်မှတ် ပတ်စပို့ရပြီလို့ NLD ပါတီကပြောဆို ကြောင်း AFP သတင်းမှာ ရေးထားပါတယ်။  ဒေါ်အောင်ဆန်းစုကြည်အတွက် ပတ်စပို့ရပြီလို့ သောကြာနေ့က အကြောင်းကြားလာပါတယ်-အခုတော့ ပတ်စပို့က ဒေါ်စုလက်ထဲရောက်နေပါပြီလို့ NLD ပါတီ ပြောခွင့်ရ ဦးဥာဏ်ဝင်းက AFP သတင်းဌာနကို ပြောခဲ့ပါတယ်။  ဒေါ်အောင်ဆန်းစုကြည်ဟာ လာမဲ့ဇွန်လမှာ နော်ဝေးနဲ့ ဘရစ်တိန်နိုင်ငံတွေကို ခရီးသွားဖို့ရှိပြီး ဒီနှစ်ကုန်ပိုင်းမှာတော့ ဂျပန်ကိုသွားရောက်ဖို့ စီစဉ်ထားပါတယ်။

ဒီဗွီဘီ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ် အောင်ဆန်းစုကြည် သည် နှစ်ပေါင်း ၂၄ နှစ် အတွင်း ပထမ ဆုံး
ကို ဇွန်လ ဒုတိယ ပတ်တွင် စတင်မည်ဖြစ်ကြောင်း အဆိုပါ ပါတီ ၏ ပြောရေး ဆိုခွင့်ရှိသူ ဦး အုန်းကြိုင်က The Voice Weekly သို့ ပြောကြားသည်။ အဆိုပါ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ထိုင်ခုံအမှတ် G 22 ပိုင်ရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ဒုတိယ ပတ်တွင် နော်ဝေ နိုင်ငံသို့ စတင်သွားရောက်မည် ဖြစ်ပြီး ထိုမှ တစ်ဆင့် ဗြိတိန်နိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း အဆိုပါ ပုဂ္ဂိုလ်မှ ဆက်လက်ပြောကြားသည်။
 “ ပြည်ပ ခရီးစဉ်ကို ဇွန်လမှာစမယ် ဂျပန်သွားဖို့တော့မပါသေးဘူး။” ဟု ဦးအုန်းကြိုင်က ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် ပြည်ပ ခရီးစဉ် ထွက်ခွာရန် နိုင်ငံကူး လက်မှတ် ပတ်စ်ပို့စ် ကို ယခု လ ၇ ရက်နေ့တွင် ပြည်ထဲရေး ၀န်ကြီး ဌာန မြန်မာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး အဖွဲ့မှ ထုတ်ပေးလိုက်ပြီ ဖြစ်ကြောင်း နိုင်ငံတကာ မီဒီယာများနှင့် NLD အသိုင်းအ၀ိုင်းက ပြောဆိုသည်။

 ကမ္ဘာကုလသမ္မဂ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကလည်း ဒေါ်အောင်ဆန်းစုကြည်အား ကမ္ဘာကုလသမ္မဂ္ဂ အဖွဲ့ရုံးချုပ်ကို လာရောက် လာပတ်ရန်နှင့် မိန့်ခွန်းပြောကြားရန် ဖိတ်ကြား ထားကြောင်း မေလ ၁ ရက်နေ့တွင် ကျင်းပ ပြုလုပ်သည့် ၄င်းတို့ နှစ်ဦး ၏ သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ကြေငြာသည်။ ၁၉၉၇ ခုနှစ်တွင် ခင်ပွန်းဖြစ်သူ ဒေါက်တာမိုက်ကယ်အဲရစ် နာရေးသို့ပင် သွားရောက်ခဲ့ခြင်း မရှိပေ။ ဒေါ်အောင်ဆန်းစုကြည် သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ ကာလတွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာပြီး ယခု ၂၀၁၂ မှသာ နှစ်ပေါင်း ၂၄ နှစ်အတွင်း ပြည်ပ ခရီးစဉ်များ ပြန်လည် ထွက်ခွာ နိုင်ခြင်းဖြစ်သည်။ 

သတင်း...... The Voice

No comments: