Tuesday, August 29, 2017

ARSA အစွန်းရောက် အကြမ်းဖက်သမားများ လှုပ်ရှားလျက်ရှိသည့် နယ်မြေ၌ နိုင်ငံတကာအဖွဲ့အစည်း များက ထောက်ပံ့ထားသည့် ပစ္စည်းများအပါအဝင် မိုင်းများ တွေ့ရှိ၊

ARSA အစွန်းရောက် အကြမ်းဖက်သမားများ လှုပ်ရှားလျက်ရှိသည့် နယ်မြေ၌ နိုင်ငံတကာအဖွဲ့အစည်း များက ထောက်ပံ့ထားသည့် ပစ္စည်းများအပါအဝင် မိုင်းများ တွေ့ရှိ၊
သြဂုတ် ၂၉ ၊ ၂၀၁၇
လုံခြံရေးတပ်ဖွဲ့ဝင်များသည် သြဂုတ် ၂၈ ရက် နံနက် ၃ နာရီခန့်တွင် ကျီးကျွန်းကင်းစခန်း၏ တောင်ဘက် ၂ မိုင်ခန့်အကွာ၌ ဓာတ်မီးရောင်များ တွေ့ရှိပြီး ARSA အစွန်းရောက် အကြမ်းဖက်သမား များ၏ အော်ဟစ်သံများ ကြားရသဖြင့် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာ စခန်းမြောက်ဘက် မီတာ ၁၅၀၀ ခန့်အကွာရှိ ပုစွန်ကန်စောင့်အလုပ်သမားများ နေထိုင်ခဲ့သည့် တဲငယ် ၆ လုံးကို တွေ့ရှိရပြီး ၎င်းတဲများတွင် ARSA အစွန်းရောက် အကြမ်းဖက်သမားများ ၀င်ရောက်နေထိုင်ခဲ့သည့် အနေအထား များ၊ WFP မှ ထောက်ပံ့ပေးသည့် စွမ်းအားပြည့် ဘီစကစ်မုန့်ခွံနှင့် မုန့်ဖာခွံများ၊ အချိုရည်ဘူးခွံများ တွေ့ရှိရကြောင်း၊ ပုစွန်ကန်ဘေး ခြုံအတွင်းမှ လောင်းလှေငယ်နှစ်စီးအား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နံနက် ၁၁ နာရီတွင် ရသေ့တောင်မြို့နယ် ၊ ကိုးတန်ကောက် ကျေးရွာ အုပ်စု ၊ ကိုးတန်ကောက်ကျေးရွာ အပြင်ဘက် တောင်ခြေအနီး မသင်္ကာ၍ နယ်မြေရှင်းလင်းခဲ့ရာ ချုံပုတ်များ အတွင်း၌ ARSA အစွန်းရောက် အကြမ်းဖက်သမားများ ဝှက်ထားသော ဆာလာအိတ်ထုပ်များအား တွေ့ရှိခဲ့သည်။
တွေ့ရှိသည့် ပစ္စည်းများမှာ ဆေးဝါးမျိုးစုံ ၇ အိတ်၊ USAID တံဆိပ်ပါ ဆန် ၁ အိတ်၊ WFP တံဆိပ်ပါ ဆန်အိတ် ၁ အိတ်၊ အလျား ၁၂ လက်မ အချင်း ၄ လက်မခန့်ရှိ သံပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၃ ခု၊ မိုင်း၌ တပ်ဆင်ထားရှိသော ရီမု ဆင်ဆာ ၃ ခု၊ ပေ ၁၀၀ ခန့် ဝါယာကြိုးပါကင်ထုပ် ၃ ထုပ်၊ အဝေးထိန်း ရီမု ၆ ခု၊ Panasonic တံဆိပ်ပါ ၉ ဗို့ ဓာတ်ခဲ ၃ လုံး၊ ပွိုင့် ၃၀၃ ရိုင်ဖယ်ကျည် ၇ တောင့်တို့အား သိမ်းဆည်းရမိခဲ့သည်။
(သတင်းထုတ်ပြန်ရေးကော်မတီ)

No comments: