Friday, August 18, 2017

“ယာယီတော်လှန်ကော်မတီ”

သန်းဝင်းရေ....
ဒေါက်တာနိုင်အောင်ဒုဥက္ကဌအဖြစ်ကနေနှုတ်ထွက်
သွားရတဲ့အကြောင်းကိုသူရဲ့နောက်ဆုံးပါချောင်
ရှင်းလင်းချက်ထဲမှာအခုလိုတွေ့လိုက်ရတယ်၊
တအံ့တသြဖြစ်ရတယ်၊ သူကိုထုတ်ပယ်သူတွေကပဲ
စစ်သွေးကြွလိုလို စေ့စပ်ငြိမ်းချမ်းရေးကိုမလိုလားသူ
သယောင်ယောင်ရေးထားတာကိုမင်းတွေ့ရမှာပါ၊
အသေးစိတ်ကိုမင်းရှာဖတ်ကြည့်လေ၊
လက်ခံစရာတွေရှိသလိုလက်မခံနိုင်စရာတွေလည်း
မင်းတွေ့ရမှာပါ၊ အခုအပိုဒ်ကမင်းနဲ့တိုက်ရိုက်ပတ်သက်နေလို့
မင်းရှင်းပေးစေချင်တယ်၊ မကဒတရဲဘော်အများပင်မသိသေးပါ၊
--------------------
နိုင်အောင်စာတန်းအထဲမှ....

တချိန်တည်းမှာပင် `မကဒတ´အတွင်းတွင်လည်း အတွေးအခေါ်တိုက်ပွဲသဏ္ဍန်ဖြင့် ပုံဖေါ်လာသော ခေါင်း ဆောင်မှုတိုက်ပွဲများလည်း ထင်ရှားလာခဲ့ပါသည်။ မကဒတ ဗဟိုကော်မတီ ဌာနချုပ်ကို “ယာယီတော်လှန်ကော်မတီ” ဟူသော ဂိုဏ်းကွဲအုပ်စုမှ လက်နက်နှင့်ဝိုင်းခဲ့သည့်ဖြစ်ရပ်မျိုးအထိ ပေါ်ပေါက်ခဲ့ရပါသည်။ ဤညီလာခံ သက်တမ်းကာလအတွင်း မိမိမှ ၁၉၉၀ ရွေး ကောက်ပွဲကာလ စစ်ရေးလှုပ်ရှားမှုများတွင် မဲရုံများအား စစ်ရေးအရ မတိုက်ခိုက်ရဟု ပြောဆိုခဲ့ သည်.အပေါ် မိမိအား စေ့စပ်ကြေအေးရေးအတွေးအခေါ်ရှိသူဟု အုပ်စုဖွဲ.စွပ်စွဲတိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့ပါသည်။ မိမိအနေဖြင့် ဗဟိုကော်မတီအကွဲအပြဲ မဖြစ်စေလို၍ တာဝန်မှ နှုတ်ထွက်ပေးခဲ့ပြီး မိခင်တပ်ရင်းအခြေပြုရာ ဘုရားသုံးဆူစခန်းသို့ ပြန်ခဲ့ပါသည်။
---------------------------------
သူပြောတာဟုတ်တယ်မဟုတ်ဘူးဆိုတာကို
အသိဆုံးလူနှစ်ယောက်ရှိပါတယ်၊
ဦးမျိုးချစ်နဲ့ကိုနိုင်အောင်နှုတ်ထွက်ပေးပါလို့အဆိုကို
တင်ခဲ့တဲ့ဗဟိုကော်မီတီဝင်ကိုသန်းဝင်းပဲလေ၊
ဦးမျိုးချစ်ကတော့ဆုံးရှာပြီ၊
ဒါကြောင့်ကျန်နေသေးတဲ့ကိုသန်းဝင်းကိုမသိသေးတဲ့
ပရိသတ်ကိုရှင်းပြပေးဖို့tag လုပ်ပေးလိုက်တယ်၊
ကျန်တဲ့ဗဟိုကော်မီတွေကလည်း Shy Politicians
တွေဖြစ်ကုန်ကြပြီလေ၊
သန်းဝင်းရေး မင်းဦးမျိုးချစ်ပုံကိုတွေ့ရင်
မင်းအကုန်သတိပြန်ရမယ်လို့ထင်ပါတယ်၊
 Image may contain: one or more people, people standing, tree and outdoor
 
 
 
Than Win

သူငယ်ချင်း ကိုကိုဦး မှ Tag လုပ်လာလို့ နိုင်အောင်ရေးထားတာကို ဖတ်လိုက်ရတယ် သူရေးထားသလို မှန်ကန်တဲ့ဖြစ်ရပ် သမိုင်းမဟုတ်တဲ့အတွက် အများသိနိုင်အောင် မှန်ကန်တဲ့ ဖြစ်ရပ် တချို့ကိုတင်ပြလိုက်ပါတယ်..
၁၉၉၀ နှစ်စလောက်မှာ ကျနော်ဟာ အေဘီ အတွင်းရေးမှူးမဟုတ်တော့ဘဲ အေဘီ ဗဟိုကော်မတီဝင် နှင့် ဒီအေဘီ လို့ခေါ်တဲ့ တပ်ပေါင်းစုမှာ အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်နေစဉ်ကာလမှာ အေဘီ မှာ မိုးသီး က ဥက္ကဌ နိုင်အောင် က ဒုဥက္ကဌ အချိန်ပေါ့..
အဲဒီအချိန်မှာ ဒီအေဘီ အစည်းက နယ်မြေအနှံ့ ဒီအေဘီစစ်ကြောင်းတွေကို လူမျိုးစု တပ်တွေနဲ့ကျောင်းသားတပ် ပေါင်းပြီး ဖွဲ့ရန် သဘောတူ ဆုံးဖြတ်ခဲ့ကြတယ်
အဲဒီမှာ ဒီအေဘီိဗဟို က တပ်မဟာ ၆ နယ်မြေ မှာ ဒီအေဘီစစ်ကြောင်းတွေဖွဲ့ရန် ကျနော်ကို တာဝန်ပေးခံရတယ် တပ်မဟာ ၆ မှာစစ်ကြောင်း ၂ ကြောင်း ဖွဲ့ခွင့်ရတယ် ဒီအေဘီ ၈ နှင့် ဒီအေဘီ ၉ ဖြစ်တယ် ဒါကြောင့်ကျနော်လည်း တာဝန်အရ တပ်မဟာ ၆ နယ်မြေကိုစစ်ကြောင်းဖွဲ့ရန်ဆင်းသွားခဲ့တယ် အေဘီ ဗဟိုမှာ အဲဒီအချိန်က မိုးသီး နှင့် နိုင်အောင် ပါဝါ လုနေကြတဲ့အချိန်ပေါ့ ဘယ်သူ့ကို ဘယ်သူမှသြဇာ အလွှမ်းအမိုးမခံဘူး ကိုယ့်အုပ်စုနဲ့ကိုယ် လုပ်ချင်တာကို လုပ်နေကြတယ် ကျနော်က အေဘီထက် တပ်ပေါင်းစုတာဝန်ကို အဓိက လုပ်နေရတယ် အေဘီမှာ လည်းသိပ်တာဝန်ကြီးတဲ့အချိန်မဟုတ်ဖူးလေ..ရာထူးတာဝန်ကအဓိက မဟုတ်ဘူး ကိုယ်ပိုင်ရာနယ်မြေတွေကို ဖဲ့ထုထ် စည်းရုံးနေကြတဲ့အချိန်ပေါ့..ဒါနဲ့ ကျနော် တပ်မဟာ ၆နယ်မြေသို့ စစ်ကြောင်းဖွဲ့ဖို့ ဆင်းသွားခဲ့တယ်တပ်မဟာ၆ နယ်မြေကိုရောက်တော့ မှ နိုင်အောင်တို့ တပ်မဟာ ၆ နယ်မြေမှာ ကျောင်းသားတပ်ရင်းတွေကို သွေးခွဲလုပ်ဆောင်ထားတာတွေကို တွေ့ရတော့တယ်.,
ကိုရင်ကြည် ဦဆောင်တဲ့ ၂၀၅ တပ်ရင်း ၊အောင်ခိုင် အောင်လင်းဦဆောင်တဲ့ ၂၀၄ တပ်ရင်း ၊မျိုးချစ် ၊သန်းနိုင်ဦးဆောင်တဲ့ ၂၀၆ တပ်ရင်းတွေကို တပ်ရင်းအတွင်းမှာ မတည့်ကြတာကိုအခွင့်ကောင်းယူပြီး မိမိသြဇာလွှမ်းမိုးသူတွေကို ရင်မှာပိုက် မတူသူတွေကို ဘေးကိုပို့ထားတာကိုတွေ့လိုက်ရတယ် တပ်ရင်းတွေအားလုံး ၂ခြမ်းကွဲနေတာကိုတွေ့လိုက်ရတယ် အဲဒီမှာ နိုင်အောင် အုပ်စု လုပ်နေတာက သူတို့ သြဇာအောက်မှာရှိရင် အေဘီမှာ နေလို့ရမယ် မနာခံရင် အေဘီကနေထုတ်ပစ်မယ် လို့ ခြိမ်းချောက်ခံနေရတယ်
ဒီလို ခြိမ်းချောက်တာကို လက်မခံတာက အောင်ခိုင် အောင်လင်း ဦးဆောင်တဲ့ တပ်ရင်း ၂၀၄ နှင့် မျိုးချစ် သန်းနိုင်ဦးဆောင်တဲ့ ၂၀၆ တပ်ရင်းတို့ဖြစ်တယ် ဒါကို သူတို့ ဆုံးဖြတ်ချက်ကို လက်မခံတဲ့ အောင်ခိုင် အောင်လင်းဦးဆောင်တဲ့ တပ်ရင်း ၂၀၄ မှ ရဲဘော်များကို အေဘီမှ ထုတ်ပစ်လိုက်တယ် တပ်ရင်း ၂၀၆ ကိုတော့ သူတို့က တပ်ရင်း အသစ် ၂၁၆ ကို ဖွဲ့ပြီး ၂၀၆ ကို ဖျက်သိမ်းမယ် ၂၁၆ ကို မဝင်တဲ့သူတွေ ကို အေဘီ ကထုတ်မယ် လို့ အမိန့်ထုတ်ပြန်တယ် ဒါကို မျိုးချစ်ဦဆောင်တဲ့၂၀၆ တပ်ရင်းက လက်မခံတဲ့အတွက် မျိုးချစ်အပါအဝင် ရဲဘော် ၆၀ကျော် အေဘီကအထုတ်ခံလိုက်ရတယ် တပ်မဟာ ၆ မှူး ကလည်း မင်းတို့နေစရာမရှိရင် ငါတို့တပ်ထဲမှာ ဝင်ပါလို့ပြောတယ်ဒီအခြေအနေကို တပ်မဟာ ၆ မှူးနဲ့ကျနော်ဆွေးနွေးပြီး အေဘီ ရဲဘော်တွေ ပဲ့ထွက်မသွားအောင်အကောင်းဆုံး ဆုံးဖြတ်ချက်ရခဲ့တယ် ဒါက အေဘီကထုတ်လိုက်တဲ့တပ်ရင်းတွေကို ဒီအေဘီ စစ်ကြောင်း ၉ မှာ နကိုတပ်ရင်းအနေဖြင့် ဆက်လက်ရပ်တည်ဖို့ ကို အောင်သန်ရွှေ နှင့် ကို ယဉ်ကြည် ဦးဆောင်တဲ့ တပ်ရင်းတွေကို ဒီအေဘီ စစ်ကြောင်း ၈ အဖြစ် လှုပ်းရှားဖို့ သဘောတူညီချက်ရခဲ့တယ် ဒါကြောင့် ကျနော်က အေဘီမှာ ဖွဲ့စည်းပုံနဲ့မညီစွာအထုတ်ခံထားရတဲ့ တပ်ရင်း၂၀၄၊၂၀၆ ကို ဒီအေဘီ ၉ မှာ ထည့်ပြီး လှုပ်ရှားစေခဲ့ပြီး ကျနော်က ဒီစစ်ကြောင်း ၉ ကို ဦးဆောင် လုပ်ခဲ့တာဖြစ်ပါတယ် မကြာခင်မှာ ကျနော့်ကို ဗဟိုက လာဆွေးနွေးပါတယ် က်ုသန်းဝင်းကအေဘီက ထုတ်ထားတဲ့သူတွေကို ရပ်တည်ပေးတာမမှန်ဘူး ကိုသန်းဝင်း ကဗဟိုကော်မတီဝင်ပဲ လို့ပြောပါတယ်ဒါကို ကျနော်က အေဘီဦးဆောင်သူတွေရဲ့ အလုပ်က အေဘီ ကို ညီညွတ်သထက်ညီညွတ်အောင် အတွေးအခေါ် မညီတာကို ညီအောင်လုပ်မဲ့တာဝန်ဘဲမဟုတ်လား..တပ်ရင်းရဲဘော်တွေကိုဖဲ့ထုတ်ပြီးကွဲသထက်ကွဲအောင်လုပ်တာ ဗဟိုကော်မတီရဲ့အလုပ်လား ဆိုတာမေးခဲ့တယ် ..ဒါကိုသူတို့မကျေနပ်ပြီး ဒါဆိုရင်ကိုသန်းဝင်း ကိုပါ အေဘီကထုတ်ရလိမ့်မယ်တဲ့ ဒါဆိုရင်ထုတ်စမ်းကွာ ငါကတော့ မင်းတို့ မတရားအာဏာနဲ့ ထုတ်ပယ်ထားတဲ့ အေဘီရဲဘော်တွေနဲ့တသားတည်းပဲရပ်တည်မယ်လို့ပြောခဲ့တယ် မကြာခင်မှာဘဲ ကျနော့်ကိုပါ အေဘီကထုတ်တဲ့အကြောင်း စာထွက်လာတယ်မကြာခင်မှာ ကျနော်အပါအဝင် ရဲဘော်များအားလုံးကို ရိက္ခာဖြတ်တယ် သူတို့လုပ်ပိုင်ခွင့်ရှိသလောက်အကုန်လုပ်တာကိုခံခဲ့ရတယ် ဒါကို ဗိုလ်ချုပ်မြ တပ်မဟာ ၆မှူး ဦးရွှေဆိုင်းတို့က စာနာပြီး ဖေးမထောက်ပံ့လို့ ရပ်တည်လို့ရခဲ့တာပါ..အခုချိန်ထိ ကျေးဇူးတင်ပါတယ်..သူတို့လုပ်ရပ်ဟာ ဖွဲ့စည်းပုံ နှင့်လည်းမညီသလို ဗဟိုကော်မတီတာဝန်နဲ့လည်း မကိုက်ညီတဲ့အတွက် ကျနော်က မက်နပလော ဌာနချုပ်ကို တက်ပြီး ဗဟိုကော်မဝင်များကို ရှင်းပြပြီး ဗဟိုကော်မတီမှ ဖွဲ့စည်းပုံနဲ့မညီသောလုပ်ရပ် ဗဟိုကော်မတီတာဝန်နဲ့မညီသောလုပ်ရပ်ဟုဆုံးဖြတ်ပြီး ဗဟိုကော်မတီဆုံးဖြတ်ချက်ဖြင့် နိုင်အောင်အပါအဝင် တာဝန်ရှိသူ အားလုံးကို ဖြုတ်ချလိုက်တာသာဖြစ်တယ် တော်လှန်ကောမတီဖြစ်ခဲ့တာလည်း မှန်တယ် ဒီပြဿနာမှာ မိုးသီးမှာ တစုံတရာတာဝန်ရှိတယ် နောက်မှသေးစိပ်ရေးပါမယ် ကျနော်အခုရေးတဲ့အဖြစ်အပျက်တွေဟာ တာဝန်ယူ မှန်ကန်ကြောင်း အားလုံးကို ကျမ်းသစ္စာပြုပါတယ်..
ရဲဘော်ရဲဘက်များ အားလုံးလေးစားစွာဖြင့်
သန်းဝင်း
ABSDF
8/18/2017

No comments: