Saturday, August 19, 2017

"လူသတ်သမားများက ဒီမိုကရေစီသူရဲကောင်းဖြစ်ကြသောအခါ"

( ဒီပိုစ်မှာပါတဲ့ တချို့အကြောင်းအရာတွေ ဟာ မှန်တာလဲပါနေသလို၊ မမှန်တာတွေ လည်း ပါနေ ပါတယ်။ အဖွဲ့ စည်းနှင့် (ဦးဆောင်တဲ့) လူ တွေ ကို ခွဲမြင်ဘို့၊ လူနှင့် မူ တွေ ကွဲမြင်ဘို့လိုပါလိမ့်မယ်။ သက်ဆိုင်ရာကာယကံရှင် တွေ က သူတို့လုပ့်ခဲ့သမျှ တွေကို သူတို့ တရားဥပဒေ အရ တနေ့ပြန်လည်ပြီးတာဝန်ယူ ဖြေရှင်းရပါလိမ့်မယ်။ တဦး တယောက် ကြောင့် အဖွဲ့အစည်း တခု့လုံးကို ၊ပါဝင်ခဲ့ကြသူအားလုံးကို သိမ်းကြုံး အပြစ် တင်လို့ မဖြစ်နိုင်ပါ။
အောက် ဖေါ်ပြပါ အချက်တွေ ကို မှတ်တမ်း တခု့အဖြစ် တင်ပြပေးလိုက်ပါတယ်။
ကိုယ်ပိုင်ဥာဏ်ဖြင့် ဆင်ချင်သုံးသပ့် နိုင်ကြပါစေ။
မိုးသီဟအောင်)
"လူသတ်သမားများက ဒီမိုကရေစီသူရဲကောင်းဖြစ်ကြသောအခါ"
===========================================
(သို့)
" မိုးသီးဇွန်၏ ရက်စက်ယုတ်မာမှုများ"
===============================
၁၉၈၈ ဒီမိုကရေစီ အရေးအခင်းကြီး အပြီး ကျောင်း
သားတွေ နယ်စပ်ဒေသများကို ထွက်ခဲ့စဉ်က အများ
စုဟာ အသက် ၁၉ ၂၀ ပတ်ဝန်းကျင်တွေများပါတယ်။
တချို့ ၁၄ ၁၅ နှစ် အရွယ် ငယ်ရွယ်သူတွေ ပါသလို၊
မိုးသီးနှင့် နိုင်အောင်တို့ လို ၂၆ ၂၇ နှစ် အရွယ်ရောက်
ပြီးသူများလဲ ပါခဲ့ကြပါတယ်။
စစ်တပ်ကို လက်နှက်ကိုင်ပြန်တိုက်မယ်ဆိုပြီး ထွက်ခဲ့
ကြတာပါ။ အဓိကကတော့ ယုံကြည်ချက် နဲ့ အပေါင်း
အသင်းတွေကြောင့်ဆို မမှားပါဘူး။ စာသင်ခန်းတွေ၊
မိသားစုတွေ၊ မိဘရင်ခွင် တွေကို စွန့်ပြီး ထွက်ခွာခဲ့ကြ
တဲ့ သူတွေပါ။
စဉ်းစားကြည့်ပါ၊ တရားဥပဒေ စိုးမိုးမူ မရှိတဲ့ နယ်စပ်
လက်နက်ကိုင်ဒေသမှာ မိဘရင်ခွင်ထဲမှ ရုတ်တရက်ခွဲ
ထွက်လာခဲ့တဲ့ ငယ်ရွယ်သူများအတွက် အဓိက မှီခို
အားထားစရာ အဖြစ် သူတို့မိသားစု နေရာမှာ ဘယ်
သူ့ကို အစားထိုးမလဲ။ သူတို့ရဲ့ တော်လှန်ရေး အဖွဲ့အ
စည်း၊ သူတို့ရဲ့ ခေါင်းဆောင်ဆိုသူများနဲ့ သူတို့ရဲ့ အ
ပေါင်းအသင်း အချင်းချင်းတွေဟာ သူတို့ရဲ့ မိသားစု
ပဲပေါ့။
နယ်စပ်မှာ ကျောင်းသားအချို့ ရန်သူ့လူဟု စွပ်စွဲ ခံရ
ပြီး လူမျိုးစု အဖွဲ့အစည်းများ၏ သတ်ဖြတ်ချင်းကို ခံခဲ့
ရပါတယ်။ အကျည်းတန်းဆုံး နဲ့ ရင်နာစရာ အကောင်း
ဆုံးက "ကျောင်းသား" ဆိုတဲ့ အမည်ခံထား တဲ့ ခေါင်း
ဆောင်ဆိုသူအချို့က အုပ်စုဖွဲပြီး ကျောင်းသားတွေကို
ရန်သူလူအဖြစ် စွတ်စွဲပြီး ညှင်းပန်းနိုပ်စက် သတ်ဖြတ်
ခဲ့ခြင်းပါဘဲ။
မိမိ ကိုယ်ကျိုး အတွက်တခုမှမပါဘဲ တိုင်းပြည်အတွက်
ဆိုပြီး မိဘတွေကိုစွန့်ပြီးထွက်လာ ကြတဲ့ ကျောင်းသား
လူငယ်တွေဟာ လပေါင်းများစွာ လူမဆန်စွာ ညှင်းပန်း
နှိပ်စက်ခံပြီးမှ သတ်ဖြတ်ခံခဲ့ကြရတာပါ။ တစ်ရက် မ
ဟုတ်ဘူး၊ တစ်ပတ် မဟုတ်ဘူး၊ တစ်လ မဟုတ်ဘူး၊
လပေါင်းများစွာ ရက်ရက်စက် ညှင်းဆဲ ပြီးမှ တရိစ္ဆာန်
တွေလို သတ်ခဲ့ကြတာပါ။
မိုးသီးဇွန်က ကိုဌေးနိုင် (၁၉၈၈ တွင် သင်္ချာ နောက်ဆုံး
နှစ်ကျောင်းသား၊ လက်ရွေးစဉ် ဘောလီဘော သမား၊
ရန်ကုန် တက္ကသိုလ်) ကို စစ်တပ်သူသျှို အဖြစ် စွပ်စွဲပြီး
ဖမ်းဆီးခဲ့ပါတယ်။ နည်းပေါင်းစုံနဲ့ တရိစ္ဆာန်တကောင်
လို ရက်ရက်စက်စက် စစ်ဆေးခဲ့တယ်။ ထိုင်လို့ ထလို့
မရတဲ့ မြေကြီးကျွင်းထဲ မှာ လပေါင်းများစွာ ထားခဲ့ တဲ့
အတွက် ကိုဌေးနိုင်တကိုယ်လုံး ခေါင်းမှအစ ခြေထောက်
ထိ ပွေးများဆွဲ ပြီး တကိုယ်လုံးနူခဲ့ရပါတယ်။
ကိုဌေးနိုင်ကို ထည့်ထားတဲ့ အချုပ်ကျွင်း ကိုဆောင့်ရတဲ့
ABSDF ကျောင်းသားလေးက "ကိုဌေးနိုင်က မျက်ရည်
တွေကျပြီး သူကို သတ်ပြစ်ပေးဘို့ သူ့ကိုတောင်းပန်ခဲ့
တယ်" လို့ ပြန်ပြောပြခဲ့ဘူးပါတယ်။
မိုးသီးဇွန်က ဌေးနိုင်ကို လွယ်လွယ်ဖြင့် သေခွင့် မပေးခဲ့
ပါဘူး။ အချိန်ကြာမြင့်စွာ အားရအောင်ညှင်းဆဲပြီး နောက်
ဆုံး စခန်းပြောင်းရသည့် အချိန်ကျမှ သတ်ပစ်ခဲ့ပါတယ်။
ဌေးနိုင်ကိုသိကြတဲ့သူများအားလုံး ဌေးနိုင်ဟာတော်တော်
သတ္တိကောင်း ပြီး စိတ်ခိုင်မာတဲ့ သူ ဖြစ်တယ်ဆို တာ ကို
သိကြပါတယ်။ ကိုဌေးနိုင်ရဲ့ ညီအကို မောင်နှမ အားလုံး
ဟာ ၁၉၈၈ အရေးအခင်းကြီးမှာ တက်ကြွစွာပါဝင်ခဲ့ ကြ
သူတွေပါ။
နိုင်အောင် (ယခု မြန်မာပြည်ရောက်နေသူ) နှင့် အောင်နိုင်
(ထိုင်းနိုင်ငံ) တို့ ခေါင်းဆောင်ပြီး ကျောင်းသားကျောင်းသူ
၁၀၀ ခန့် ကို အစိုးရသူသျှို များအဖြစ် စွတ်စွဲပြီး ဖမ်းဆီးခဲ့
ပါတယ်။
လပေါင်းများစွာ တော်ရုံလူမကြားဝံ့ရဲလောက်အောင် ယုတ်
မာရက်စက်သော နည်းလမ်း များဖြင့် ညှင်းပန်းနှိပ်စက်ပြီး
၃၈ ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။ အများစုဟာခေါင်း
ဖြတ်သတ်ခြင်းခံရပါတယ်။ အသက် ၁၉နှစ် အရွယ်တွင်
တောခိုခဲ့သော ကျောင်းသူ မခင်ချိုဦးအား မသတ်ခင်
ညှင်းပန်းသော ကာလများအတွင်း သတ်ဖြတ်ခံရသော
ကျောင်းသားတဦး၏ ရုပ်လောင်းအား လူအများရှေ့တွင်
ကာမစပ်ယှက်ခိုင်းခြင်း၊ မခင်ချိုဦး၏ မိန်းမ အင်္ဂါံအတွင်း
ဒုတ်ဖြင့်ထိုးကာ ရှာဖွေခြင်း၊ ပါးစပ်အတွင်း ဒါးမြောင် ဖြင့်
ထိုးမြွှေကာ စစ်ဆေး ခဲ့ပါတယ်။
ဖမ်းဆီးခံ ကျောင်းသားများ၏ ခြေ လက်များတွင် မိုင်းဗုံး
များချီနှောင်၍ ပြေးခိုင်းခြင်း လက်ချောင်းများဖြတ်၍လည်
ပင်းတွင် ပြန်ဆွဲခိုင်းထားခြင်း၊ လက်ကိုခုတ်ဖြတ်၍ ပါး
စပ်တွင် ပြန်ကိုက်ခိုင်းခြင်း . ခေါင်းဖြတ်၍သတ်ခံရသည့်
သူ၏ လည်ပင်းပြတ်မှထွက်သော သွေးကို တခြားဖမ်းဆီး
ခံ ကျောင်းသား တစ်ယောက်အား သောက်ခိုင်းခြင်း တို့အ
ပြင် အခြားနည်းလမ်းပေါင်းဆုံဖြင့် မသတ်ခင် လပေါင်းများ
စွာညှင်းဆဲခဲ့ပါတယ်။
မိဘအရွယ်ရောက်လာကြပြီတဲ့၊ ကိုယ်ကိုယ်တိုင် မိဘဖြစ်
လာပြီ ဖြစ်တဲ့ ကျနော်တို့တတွေ မိဘမေတ္တာ နှင့် သံယော
ဇဉ် ကို ပိုနားလည်လာကြပါပြီ။ ခုလိုအချိန်မှာ အပြောင်းအ
လဲတွေဖြစ်ပြီး ကျောင်းသားတွေ မြန်မာပြည် ပြန်လာကြပြီ
ဆိုတော့ သက်ရှိထင်ရှားရှိသေးတဲ့ မိဘတိုင်း သူတို့ရဲ့ သား
သမီးတွေ ကိုမျှော်ကြမှာပါ။
ညီတွေ ညီမတွေက အကိုတွေ အမတွေကို မျှော်ကြမှာပါ
နိုင်အောင် နှင့် မိုးသီးဇွန် တို့ သတ်ဖြတ်ခဲ့တဲ့ ကျောင်းသား
လေးတွေရဲ့ မိဘတွေ ညီအကိုမောင်နှမတွေ နေရာမှာ
ကိုယ်ချင်းစာကြည့်ကြပါ။ သူတို့လဲ အခြားမိသားစုတွေလို
မျော်ချင်ကြမှာပါ။ အခြားမိသားစုတွေ ပြန်လည် ဆုံစည်း
လို့ ပျော်ရွှင်နေချိန်မှာ သူတို့ သားသမီးတွေ ဘယ် တော့
မှ ပြန်မလာတော့ဘူးဆိုတဲ့အသိက သူတို့ကိုဘယ်လောက်
ကြေကွဲစေမယ်ဆိုတာ စဉ်းစားစရာ မလိုပါဘူး။
အဆိုးဆုံးက သူတို့ သားသမီးတွေကို ရက်ရက်စက်စက်
သတ်ဖြတ်ခဲ့တဲ့ မိုးသီးဇွန် နှင့် နိုင်အောင်တို့က သူရဲကောင်းေ
တွေလို မြန်မာပြည် ပြန်ရောက်လာကာ ဒီမိုကရေစီ နှင့် လူ့
အခွင့်ရေး အကြောင်းတွေ ပြောနေကြပြီး အစိုးရကိုယ်တိုင်
အပြင် မီဒီယာတွေ နဲ့ ဒီမိုကရေစီသမား ဆိုသူတွေ ကချီး
မြောက် ဆက်ဆံနေတာကို တွေတဲ့အခါမှာ သူတို့ ဘယ်
လောက် အားငယ်မလဲ။ ဒီမိုကရေစီ အတွက်ဆိုပြီး သူတို့
ရင်ခွင်က ထွက်သွားခဲ့တဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ သူတို့သား
သမီးတွေအတွက် ဘယ်လောက် ယူကြုံးမရ ဖြစ်ကြမလဲ၊
ဘယ်လောက် ခံစားကြရမလဲ။
အဲဒီတော့ ပြည်တွင်းမှာ ရှိတဲ့ ၈၈မျိုးဆက် ကျောင်းသား
ခေါင်းဆောင်များအားလုံး အနေဖြင့် သတ်ခံခဲ့ရတဲ့ကျောင်း
သား ကျောင်းသူ အားလုံး၊ သူတို့မိဘများ၊ မိသားစုများ၊ နှင့်
ကျနော်တို့အားလုံး အဖြူစင်ဆုံး ပါဝင်ခဲ့ကြတဲ့ ၈၈၈၈ အရေး
တော်ပုံကြီး မျက်နှာထောက်ပြီး ဒီ နိုင်အောင် နှင့် မိုးသီးဇွန်
ဆိုတဲ့ လူသတ် သမားများကိုအသိအမှတ်ပြုပြီး မဆက်ဆံ
ဘို့ တိုက်တွန်းချင်ပါတယ်။
အဲဒီနေရာမှာ ဒါတွေဟာတောထဲမှာ ဖြစ်ခဲ့တာ၊ ပြီးခဲ့တာ ပြီး
ခဲ့ပြီ၊ ငါတို့နဲ့ဘာမှ မဆိုင်ဘူး၊ ငါတို့ဟာ နာမည်ကြီး တွေပဲ
ဆင်သွားရင်လမ်းဖြစ်တယ်၊ မိုးသီးဇွန်ဟာ ငါတို့ ဗကသ က
လူ၊ နိုင်အောင်ဟာ ခင်ဥမ္မာယောင်္ကျား၊ ငါတို့ မကသ ကလူ၊
ငါတို့ကို အများကြီးထောက်ပံ့ခဲ့တဲ့သူ၊ ဆိုတဲ့ အတွေး မျိုးတွေ
နဲ့ အသိအမှတ်ပြု ဆက်ဆံခဲ့မယ် ဆိုလျှင် အသတ်ခံခဲ့ရတဲ့
ကျောင်းသားကျောင်းသူ များနှင့် သူတို့ရဲ့ မိသားစုများသာမ
က၊ခင်များတို့အားလုံး ကို လူအခွင့်အရေး နှင့် တရားမျှတမူ
တိုက်ပွဲရဲ့ ခေါင်းဆောင် များအဖြစ် အသိအမှတ်ပြု ထားတဲ့
သူအားလုံး နှင့်တကွ ဒီမိုကရေစီရေးတခုလုံး ကို စော်ကား
လိုက်တာဖြစ်ပါတယ်။
ဒါပေမဲ့ ဒီသတ်ဖြတ်မူတွေဟာ ငါတို့ တပ်မတော်ကို တိုက်ခိုက်
တော်လှန်နေခဲ့တဲ့ အချိန်မှာ သူတို့အချင်းချင်း ဖြစ်ခဲ့တာ၊ ငါတို့
အုပ်ချုပ်မူ မရှိတဲ့ ဒေသမှာဖြစ်ခဲ့တာ ငါတို့နှင့်မဆိုင်ဘူး ဆိုပြီး
မိုးသီးဇွန် နှင့် နိုင်အောင်တို့ကို အသိအမှတ် ပြု ဆက်ဆံ မည်
ဆိုလျှင် ခင်ဗျားတို့ ကြိုးစားခဲ့တဲ့၊ စေတနာထားခဲ့တဲ အမျိုးသား
ညီညွတ်ရေး လုပ်ငန်းစဉ်ကိုများ ကို ထိခိုက် ရုံသာမက ဒီမိုက
ရေစီ နှင့် လူအခွင့်အရေး ချစ်မြတ်နိုးသူ အားလုံးကိုစော်ကား
မထီမဲ့မြင် ပြုလိုက်ခြင်း ဖြစ်ပါလိမ့်မယ်။
သမ္မတကြီး တို့အနေဖြင့် မြန်မာသမိုင်းမှာ ဒီလို အရုပ်ဆိုး အ
ကျည်း တန်လှတဲ့ ရက်စက်ကြမ်း ကြုတ်လှတဲ့ သတ်ဖြတ်မူ
ကြီးမှာ ဘယ်လိုရပ်တည်ခဲ့တယ်၊ ဘယ်လိုတာဝန်ယူ ဖြေရှင်း
ပေးခဲ့တယ်၊ ကျန်ရစ်သူ မိသားစုတွေကို ဘယ်လိုနှစ်သိပ်မူမျိုး
ပေးနိုင်ခဲ့ တယ်ဆိုတာ သမိုင်းမှာ မှတ်တမ်းတင် ကျန်ရစ် ခဲ့မှာ
ပါ။ အဓိကတော့ သမ္မတကြီး တို့အနေနဲ့ မိဘချင်း ကိုယ်ချင်း
စာနိုင် မယ်လို့ ယုံကြည်ပါတယ်။
ပြည်းတွင်းမှာရှိတဲ့ ကျောင်းသားအားလုံး နှင့် တကွ လူ့အခွင့်
အရေး မြတ်နိုးသူ အားလုံး အနေဖြင့် ကျောင်းသား သတ်သ
မား မိုးသီးဇွန် နှင့် နိုင်အောင် နှစ်ယောက်စလုံး အား သူတို့
ကျုးလွန်ခဲသော လူမဆန်သည့်ရာဇဝတ်မူ များ အတွက် ပြန်
လည်ပေးဆပ်ရမယ်ဆိုတာကို သူတို့သဘောပေါက်ရန် ဝိုင်း
ဝန်း ဆောင် ရွက်ကြဘို့ တိုက်တွန်း လိုက်ပါတယ်။ နောက်
ဆုံးအနေနဲ့ ကျနော်တို့ အားလုံး ကိုယ်ချင်းစာ နိုင်ကြပါစေလို့
ဆန္ဒပြုပါတယ် ......... ။ ။
CR ပြည်ပရောက် ၈၈မျိုဆက်ကျောင်းသားများ
Credit to Ashin Panna Vara via Thet Lin Tun

No comments: