Saturday, September 8, 2012

မိုးသီးဇွန်အောင်ဝေးနှင့် ပျောက်ဆုံးသွားသော အလှကမ္ဘာ (၂)


၈၈၈၈ အရေးတော်ပုံအကြောင်းကို ပြောမယ်ဆိုရင် မိုးသီးဇွန် ကို ဖယ်ထားလို့တော့ မရဘူး။ ၈၈၈၈ အရေးတော်ပုံနဲ့ မိုးသီးဇွန်ဟာ ခေါင်းနဲ့ပန်းပဲ။ မိုးသီးဇွန် ကြောင့် ၈၈၈၈ မဖြစ်ခဲ့ပေမယ့် ၈၈၈၈ အရေးတော်ပုံအတွက်တော့ မိုးသီးဇွန် တာ ၀န်ကျေခဲ့တာကို အားလုံးက ရိုးသားစွာ ၀န်ခံရလိမ့်မယ်။ ကျနော် အခုရေးနေတာက မိုးသီးဇွန် ဘုန်းတော်ဘွဲ့မဟုတ်ဘူး။ ၈၈၈၈ သမိုင်းကို မမီလိုက်တဲ့ နောင်လာနောက်သားတွေ အမှတ်မမှားရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရိုးသားစွာ ဖြစ် တယ်။ http://www.naytthit.net/wp-content/uploads/2012/09/Min-Ko-Naing-Moe-Thee-Zun.jpeg၈၈၈၈ အရေးတော်ပုံမှာ မိုးသီးဇွန်ဟာ ကျောင်းသားခေါင်းဆောင်၊ ဒါကိုဘယ်သူငြင်းရဲသလဲ …။ ဒီသမိုင်းကို ဘာ ပိတ်ကားနဲ့ဖုံးလွှမ်းပြစ်လို့ရသလဲ…။ ကျနော်ပြောနေတာ မိုးသီးဇွန်ကို သူရဲကောင်းလို့ ပြောနေ တာမဟုတ်ဘူး။ ၈၈၈၈ အရေးတော်ပုံရဲ့ ကျောင်းသားခေါင်းဆောင်တယောက်လို့ ပြောနေတာ။

ထားပါတော့။ ဒီလိုနဲ့ ၁၉၈၈ ခုနှစ်စက်တင်ဘာ ၁၈ ရက်မှာ စစ်တပ်ကအာဏာသိမ်းခဲ့ပြီး ကျနော်တို့လဲ တတ်နိုင်သ လောက် မြေပေါ်တော်လှန်ရေးတွေလုပ်ခဲ့တယ်။ အနည်းဆုံးအဆင့် ရတဲ့နေရာ မှာ ကြေငြာ ချက် ကပ်တဲ့အဆင့်တော့ လုပ် ကြတာပဲ။ အဲဒီကနေမှ ကျနော်တို့ အခြေခံကျောင်းသားတွေ ပြန် လည် အဆက်အသွယ်ရခဲ့ကြပြီး လှည်းတန်းက ကျောင်း သားများအရေးတော်ပုံပါတီမှာ အခြေခံကျောင်း သားများသမဂ္ဂ (အကသ) ကို ၁-၁-၈၉ ခုနှစ်မှာ လျှို့ဝှက်စွာ ဖွဲ့စည်းနိုင်ခဲ့ ကြတယ်။ ဒါဟာ အကသရဲ့ သမိုင်းအစပဲ။ တချို့က တရားဝင်နာမည်တွေ မရေးပါနဲ့ဆိုလို့ မရေးတော့ပါဘူး။ သေချာ တာက မြောက် ပိုင်း မှာအသတ်ခံလိုက်ရတဲ့ မောင်မောင်ကြွယ်လဲပါတယ်။ အဲဒီနေ့က။
အဲဒီအချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြီးရင် မြန်မာပြည်မှာ အင်အားအကောင်းဆုံးနဲ့ ကျောင်းသားတွေအ များဆုံးပါတီကတော့ မိုးးသီးဇွန် ရဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီပဲ။ အကသ ကို ဖွဲ့စည်းပြီး ကျနော်တို့ အကသ တွေ ကို ဘယ်သူကမှ အသိအမှတ်ပြုပြီး ဆက်ဆံတာမျိုးမရှိခဲ့ဘူး။ ပိုဆိုးတာက တချို့ပါတီတွေဆို ကျနော်တို့ကို မတရားအ သင်းတဲ့။ ကျနော်တို့ကို လက်ခံရင်ပဲ သူတို့ပါတီ ဖျက်သိမ်းရတော့မလိုလို။ အဲဒီတော့ ကျနော်တို့ အခြေခံကျောင်းသား တွေဟာ လစ်ရင်လစ်သလို လဖက်ရည်ဆိုင်တွေ အင်းလျားကန်ဘောင်တွေမှာ အစည်းအဝေးတွေလုပ် လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့ရတယ်။
ဒီမှာ ပြောစရာရှိတာက ကျနော်တို့ အကသတွေကို နေရာပေးပြီး ရဲဘော်ရဲဘက်လို့ ညီအကိုအရင်းလို ထမင်းပါကျွေး အ စည်းအဝေးလုပ်ဖို့နေရပေး တခါတလေပြန်စရာအချိန်မရှိရင် ညပါပေးအိပ်တာကတော့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီနဲ့ အရင် မောင်ထော်လေးလမ်းက ဘွဲ့ရကျောင်းသားများ (GOSDA) ပဲ။ ကျနော်တို့အကသတွေဟာ ဒီပါတီ ၂ ခုရဲ့ နွေးထွေးမှုကြောင့် အလုပ်တွေအများကြီး လုပ်နိုင်ခဲ့ကြတယ်။ ဒီပါတီ ၂ ခုဟာ ကျနော်တို့ရဲ့ အိမ်ယာ၊ ကျနော်တို့ရဲ့ ဌာန ချုပ်ပဲ။ ကျနော်ပြောနေတာတွေကို ပြည်တွင်းကရော ပြည်ပကပါ ရောက်ရှိနေကြတဲ့ အကသ အဖွဲ့ဝင်ဟောင်းတွေ မှတ် မိကြမှာပါ။
အကသတွေဟာ အခြေခံကျောင်းသားတွေ။ ဘာဝင်ငွေမှ မရှိဘူး။ အိမ်ကပေးတဲ့မုန့်ဖိုးနဲ့ စုပြီး ရန်ပုံငွေလုပ်ပြီး ကိုယ့်ကြေ ငြာချက်ကို ကိုယ့်ဖာသာ ထုတ်ခဲ့ကြရတယ်။ ရန်ကုန်မြို့ပေါ်မှာ ခွေးနေရာမရသလို အစည်းအဝေး လုပ်ခဲ့ကြရဖူးပါတယ်။ လူ့ဘောင်သစ် ဒီမိုကရက် တစ်ပါ တီနဲ့ ဘွဲ့ရကျောင်းသားများ (GOSDA) ကြောင့် ကျနော်တို့ဟာ တိုင်းနဲ့ ပြည်နယ်အသီး သီးမှာ အကသ ပေါင်းများစွာကို လျှို့ဝှက်ဖွဲ့စည်းနိုင်ခဲ့ကြတယ်။ ဒါဟာသမိုင်းပဲ။ ဒါကိုဘယ်သူငြင်းမလဲ။
အပိုင်း (၃) ကို ဆက်လက်ရေးသားပါဦးမည်။
လေးစားစွာဖြင့်
ထက်ရာဇာ

No comments: