Monday, September 11, 2017

မြန်မာပြည် ရဲ့ အမှန်တရား အတွက် တန်ပြန် ဆန္တ ပြ နိုင် ရန် အတွက် တိုက်တွန်းနိုး ဆော်ခြင်း

မြန်မာပြည် ရဲ့ အမှန်တရား အတွက် တန်ပြန် ဆန္တ ပြ နိုင် ရန် အတွက် တိုက်တွန်းနိုး ဆော်ခြင်း
အမိမြန်မာပြည်ကို အကြမ်းဖက်အားပေးလူလိမ်တွေရဲ့ မတရားစွပ်စွဲတိုက်ခိုက်နေမှုများကနေ ကာကွယ်ရန် အတွက် သင့် ကို အလိုရှိ နေပါပြီ။
တဖက်ကနေ တင်ထားတဲ့ သူတို့ ရဲ့ ဒီပို့စ်(ဓါတ်ပုံတွင်ကြည့်ပါ)



နှင့် ပတ်သက်လို့ တခုပြောစရာ ရှိလာ လို့ ပါ။ လူလိမ်၊ လူညာတွေ ဘက် ကတော့ သူ တို့ လုပ်စရာ ရှိတာတွေကို လုပ်နေကြပါပြီ။ ကျနော်တို့ဘက်ကလည်း ကိုယ့် အမှန်တရား အတွက် မြန်မာပြည်နဲ့ အကြမ်ဖက်ဘေးသင့်တိုင်းရင်းသားများ ငါးဖယ်ကပြောင်းပြန် ထပ်မံစော်ကားခံရနေတာတွေ အတွက်ကို ကျနော်တို့  ကနေဒါ လမ်းမတွေပေါ် သမိုင်းပေး တာဝန် တရပ်အဖြစ် တက်ဘို့  လိုနေပါပြီ။ အခု့  ဒီပို့စ် ထဲမှာ တဘက် လူလိမ် လူညာတွေက ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မြန်မာနိုင်ငံကို သိက္ခာချမယ့် အရေးကို ကျနော်တို့  တတ်နိုင်တဲ့ ဘက်တွေကနေတန်ပြန်ကြဘို့လို နေပါပြီ။ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ဘို့  ကြိုးစားနေတဲ့ သူတွေရဲ့ရန်က ကာကွယ် ကြဘို့  လိုနေပါပြီ။ မြန်မာပြည်ရဲ့ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် အရာရာမှာ နောက်မကျခင် ကျနော်တို့  လုပ်သင့်တာတွေ လုပ်ဆောင်နိုင်ကြဘို့  နှိုးဆော်ပါရစေ။
အမှန်တရားကို ကနေဒီယန်တွေသိအောင် စွမ်းဆောင်နိုင်ဘို့အတွက် ကျနော်တို့  တတ်နိုင်တဲ့ ဘက်တွေကနေ အားလုံးပါဝင်ကြဘို့  လိုနေပါပြီ။
သူတို့  ကြေငြာထားတဲ့ အဲဒီရက်မှာ ကျနော်တို့ ဘက်ကနေ ဆန့် ကျင် ဆန္ဒပြဘို့  လိုနေပါပြီ။
အချက်လက် ခိုင်လုံစွာနှင့် ပြောနိုင်ဘို့ အတွက် ကျနော်တို့  ပြင်ဆင်ထားဘို့  လိုပါမယ်။
ဒီအတွက် အဲဒီနေ့မှာ တန်ပြန် ဆန္ဒပြဘို့အတွက် ကျနော်တို့ နှင့် ပါဝင်ပူးပေါင်း ကြပါရန် တိုက်တွန်းဖိတ်ခေါ် လိုပါတယ်။
အကြံပြုချက်များ ကိုကြိုဆိုပါတယ်။
ဒီ အီးမေးလ် ကို လက်ဆက်ကမ်း ဖြန့်  ပေးကြပါ။ ကျနော် တို့  မှာ လိုအပ့်တာ များ ကို စီစဉ် ဘို့ အချိန်မရှိတော့ လို့ ပါ။
အောင် မိုး(ကနေဒါ)

No comments: