Than Win
အခုလို
အချိန်ကာလမှာ ကျနော်ထိတွေ့ဖြတ်သန်းခဲ့ရတဲ့ သမိုင်းအတွေ့အကြုံတစ်ခုကို
အခုအချိန်မှာပြောရင်သင့်တော်မယ်
ဟုထင်ပါသောကြောင့်
အားလုံးသိနိုင်ရန်တင်ပြလိုက်ပါ
ရစေ...
အခ
ျိန်က
၁၉၈၈ ကုန် ၁၉၈၉ နှစ်ပါ အဲဒီအချိန်မှာ အများရဲ့ရွေးချယ်ပေးမှုကြောင့်
ကျနော်ဟာ ABSDF ရဲ့အထွေထွေအတွင်းရေးမှူး နှင့်အတူ မြန်မာနိုင်ငံ
ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် ( DAB) မှာတွဲဖက်အထွေထွေအတွင်းရေးမှူး ( ၃ )
အဖြစ် တာဝန်ထမ်းဆောင်တဲ့ကာလ ပါ ပိုပြီးထင်ရှားအောင်ပြောရရင် DAB
တပ်ပေါင်းစုမှာ ဥက္ကဌ ဗိုလ်ချုပ်မြ( KNU ဥက္ကဌ ) ၊ဒုဥက္ကဌ (၁)
ဦးဘရန်ဆိုင်း ( KIO ဥက္ကဌ)၊ ဒုဥက္ကဌ(၂) ဦးနိုင်ရွှေကျင်( MNSO ဥက္ကဌ)
ဒုဥက္ကဌ(၃) ဦးသွင်(PPP ဥက္ကဌ) ၊ အထွေထွေအတွေင်းရေးမှူး ဦးတင်မောင်ဝင်း (
CRDB ဥက္ကဌ) တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) နိုင်ဟံသာ
(MNSO)၊တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ဒေါက်တာ တူးဂျာ ( KIO)
၊တွဲဖက်အထွေထွေအတွင်းရေးမှူး(၃) သန်းဝင်း (ABSDF) ပါ ဒီတပ်ပေါင်းစုမှာ
အဖွဲ့အစည်း ၂၀ ကျော်ပါတယ် ..ထိပ်ပိုင်းတာဝန်တွေကိုပဲ
ဖေါ်ပြတာပါ..တာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေအများကြီးပါ..ဒီလို
လုပ်ဆောင်နေကြရင်း.. တနေ့မှာ ရိုဟင်ဂျာ ဥက္ကဌ ဆိုသူက DAB .ဌာနချုပ်တည်ရှိရာ
မက်နပလောသို့ရောက်လာခဲ့တယ် ..ဘာကြောင့်
ဘယ်သူတွေကြောင့်ရောက်လာတယ်ဆိုတာတော့မပြောတော့ပါ..သမိုင်းမှာအထင်ကာရရှိပါတယ်...သူလာတဲ့အကြောင်းက
DAB မှာ ရိုဟင်ဂျာအဖွဲ့ကို အဖွဲ့ဝင်ဖြစ်ရန်လာကျိုးစားတာဖြစ်တယ်
ဒီလိုဖြစ်တော့ NDFအထွေအထွေအတွင်းရေးမှူး ခိုင်စိုးနိုင်အောင် (ALPရဲ့
ဒုဥက္ကဌ) ၊ခိုင်စောထွန်း ( ALP ဗဟိုကော်မတီ )တို့ကအပြင်းအထန်ကန့်ကွက်တယ်
ထူးခြားတာကဒီအေဘီအဖွဲ့ဝင်ထဲမှာ မူဆလင် နှစ်ဖွဲ့ပါတယ်
တစ်ဖွဲ့ကိုဦးတင်မောင်သက်ကဦးဆောင်တယ်၊နောက်တစ်ဖွဲ့က
ရခိုင်ပြည်ဖွားရခိုင်မူဆလင် ဦးကျော်လှက ဦးဆောင်တယ် ဦးတင်မောင်သက်က
ကန့်ကွက်မှုမပြင်းထန်ပေမဲ့ ဦးကျော်လှကတော့ ရခိုင်ပြည်မှာ
ရိုဟင်ဂျာဆိုတာမရှိကြောင်း ကျနော်လိုပဲ ရခိုင်မူဆလင်သာ ရှိကြောင်း
ရှင်းပြပြီးပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့တယ်...ဒီအချိန်မှာ
ကျနော့်သဘောထားကိုပေးရန်လိုလာပြီ ဖြစ်သောကြောင့် ကျနော့်တစ်ဦးတည်း
သဘောထားကိုမပေးလိုသောကြောင့် ABSDF အရေးပေါ်ဗဟိုကော်မတီအစည်းအဝေးကို
ခေါ်ယူပြီး သဘောထားရယူခဲ့ပါတယ်..ဗဟိုကော်မတီဝင်အားလုံးက ကန့်ကွက်သူမရှိ
ရိုဟင်ဂျာအဖွဲ့ကို DAB အဖွဲ့ဝင်အဖြစ်လက်မခံကြောင်းတညီတညွတ်တည်း
ဆုံးဖြတ်ခဲ့ကြပါတယ် ဒီဆုံးဖြတ်ချက်ကို ကျနော် DAB မှာတရားဝင်တင်ပြခဲ့ပါတယ်
နောက် ဒီအေဘီ ဗဟိုအစည်းအဝေးမှအများသဘောထားဖြင့်
ရိုဟင်ဂျာအဖွဲ့အဖွဲ့ဝင်လျှောက်ထားခြင်းကို
ပယ်ချလိုက်ပါတယ်..ဒီအေဘီအစည်းအဝေးပြီးလို့
ကိစ္စဖြင့်ကျနော်မဲဆောက်ကိုသွားတဲ့အခါ ရိုဟင်ဂျာ ဥက္ကဌ က အတူလိုက်လာပြီး
မဲဆောက်မှာကျနော်နဲ့ဆွေးနွေးချင်ပါတယ်လို့ပြောလာတယ် ကျနော်က
လက်ခံလိုက်တယ်..ဆွေးနွေးပွဲကို Maesot Hill ဟိုတယ်မှာလုပ်ပါတယ်
သူကအသေအချာစီစဉ်ထားပါတယ်..ဆွေးနွေးမဲ့ အခန်းကိုကျနော်ရော
က်တော့
စားပွဲပေါ်မှာအိတ်တစ်လုံးတင်ထားပြီး သူထိုင်နေပါတယ် ကျနော်လည်းထိုင်ပြီး
အိတ်ထဲက ထိုင်းဘတ်ငွေအများအပြားကို စားပွဲပေါ်မှာဖြန့်ခင်းလိုက်ပါတယ်
..ပြီးတော့ကျနော့်ကိုစကားပြောပါတယ်..သူပြောတာက ရိုဟင်ဂျာအဖွဲ့ကိုဒီအေဘီ
မှာအဖွဲ့ဝင်ပြန်လည်ရရှိဖို့ ကျနော်က အေဘီအနေဖြင့် ဒီအေဘီကို
သဘောထားတင်ပေးဖို့ ဆွေးနွေးလာပါတယ်..သဘောတူခဲ့ရင်အခုစားပွဲပေါ်မှာရှိတဲ့
ဘတ်ငွေ ၈၇၀၀၀၀ ဘတ်ကိုစရံအဖြစ်ယူသွားပြီး အဖွဲ့ဝင်ဖြစ်သွားရင် နောက်
ဘတ်နှစ်သန်းထပ်ပေးပါ့မယ်လို့ပြောပါတယ် ..သူဒီလိုကျနော့်ကိုဆွေးနွေးတာက
အဲဒီအချိန်မှာ အေဘီ ဟာ ဒီအေဘီအတွက် အရေးပါတဲ့အနေအထားမှာရှိနေတာကို သူသိလို့
လုပ်တာလို့ထင်ပါတယ်...ဒါကို ကျနော်က သဘောလည်းမတူဘူး
ငွေကိုလည်းမယူဘူး..ဒီငွေကိုယူပြီး သဘောတူခဲ့ရင်
ကျနော်ဟာမိမိမွေးဖွားခဲ့တဲ့ရခိုင်ပြည်နှင့်မိမိနိုင်ငံ
လူမျိုးကိုပါရောင်းစားသလိုဖြစ်သွားမယ် ဘယ်တော့မှဒီအလုပ်ကိုမလုပ်ဖူး
ဟုကျနော်ပြောပြီး ထထွက်လာခဲ့ပါတယ်..ဒါဟာသမိုင်းတကွေ့မှာ
ကျနော်ကြုံခဲ့ရတဲ့အဖြစ်အပျက်တခုကိုတင်ပြလိုက်တာဖြစ်ပါတယ်....
အားလုံးကိုလေးစားစွာဖြင့်..
သန်းဝင်း
No comments:
Post a Comment