Saturday, September 23, 2017

၁၉၉၃ နေရပ်ပြန်ပို့ရေး အတွက် ၁၉၉၂ သဘောတူညီချက် ၇ (ဃ)

"State Counsellor said all refugees can return based on 1993 'principles'; the 28.4.92 Bangladesh/Myanmar MOU included this on verification:
(Thant Myint-U)
ဒုက္ခသည် အားလုံးကို ၁၉၉၃ နည်းလမ်းအတိုင်း ပြန်ခေါ်ပါမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားပါတယ် ။ ၂၈-၄-၁၉၉၂ မြန်မာ- ဘင်္ဂလားဒေ့ရှ့် MOU မှာ ၎င်းစိစစ်ရေးအချက်များပါဝင်ပါတယ် ။ "
( သန့်မြင့်ဦး)

၁၉၉၃ နေရပ်ပြန်ပို့ရေး အတွက် ၁၉၉၂ သဘောတူညီချက် ၇ (ဃ) ကို ဘာသာပြန်ပေးထားပါတယ်။
===========================================
၇ (ဃ) ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရသည် ပူးပေါင်းဆောင်ရွက်ခြင်း စိတ်နှလုံးထားဖြင့် ဘင်္ဂလားဒေ့ရှ်တွင် အမိုးအကာယူ ခိုလှုံနေသူများ နှင့် ဘင်္ဂလားဒေ့ရှ်သို့ အဝင်တွင် ဘင်္ဂလားဒေ့ရှ်အစိုးရက ထုတ်ပေးသော ဒုက္ခသည် မှတ်ပုံတင်ကဒ်များဖြင့် ရောက်ရှိနေမှုကို မှတ်တမ်းတင် ထားပြီးသူများ၊ ထိုမှ တပါး အခြားသော မြန်မာနိုင်ငံတွင် နေထိုင်မှု အထောက်အထား ရရှိနိုင်သမျှ စာရင်းဝင်သူများ အားလုံးကို စိစစ်ပြီးနောက် လက်ခံရန် သဘောတူပါသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရက ပေးအပ်သော စာရင်းများမှ စိစစ်တွေ့ရှိမှု အခြေခံအပေါ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရသည် ထိုမှ တပါး အခြားသော နိုင်ငံသားသက်သေခံကဒ်၊ အမျိုးသားမှတ်ပုံတင်ကဒ် ကိုင်ဆောင်ထားသူများ၊ သက်ဆိုင်ရာ မြန်မာ အာဏာပိုင်များက ထုတ်ပေးသော အခြား စာရွက်စာတမ်းများ တင်ပြနိုင်သူများ၊ မြန်မာနိုင်ငံတွင် နေထိုင်ရာ သက်သေအထောက်အထား လိပ်စာသို့မဟုတ် အခြားသက်ဆိုင်ရာ စသည်ကို ဖြည့်စည်းပေးနိုင်သူများ အားလုံးကို အသုတ်လိုက် နေရပ် ပြန်ပို့ရန် သဘောတူပါသည်။
ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရသည် မြန်မာနိုင်ငံတွင် နေထိုင်မှုဆိုင်ရာ စစ်မှန်သော အထောက်အထား တည်ရှိနေသမျှ ကာလပတ်လုံး ယင်းပုဂ္ဂိုလ်များ၏ အရေအတွက်အပေါ် ကန့်သတ်ချက် မရှိကြောင်း သဘောတူပါသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရက ပေးအပ်သော ၎င်းစာရင်းများနှင့် မြန်မာ အာဏာပိုင်များက စိစစ်ပြီး ပုဂ္ဂိုလ်များသည် နီးစပ်စွာ တိုက်ဆိုင်သည်ဟု ထပ်မံ၍ သေချာစွာ အတည်ပြုပါသည်။
Translated by People's Democracy
------------------------------------------------------
အကြောင်းအရာ။ ။ မြန်မာနိုင်ငံဆိုင်ရာ ပြန်ပို့ရေး နားလည်မှု စာချွန်လွှာ
[အောက်ပါတို့ကို ၁၉၉၃ နိုဝင်ဘာလ ၅ ရက်နေ့တွင် ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR ပြန်ကြားရေးဌာနမှ ထုတ်ပြန်ခဲ့သည်။]
ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR အကြား နားလည်မှု စာချွန်လွှာကို ၁၉၉၃ နိုဝင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်မြို့၌ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်အောင်က အစိုးရကိုယ်စား နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးပြီး အာရှနှင့် သမုဒ္ဒရာဒေသများ ဆိုင်ရာဗျူရို ဒါရိုက်တာ မစ္စတာ ဒဗလျူ ဘလတ္တာက ကုလသမဂ္ဂ မဟာမင်းကြီးရုံး၏ ကိုယ်စား လက်မှတ်ရေးထိုးသည်။ အဆိုပါ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခြင်းသည် ဘင်္ဂလားဒေ့ရှ်မှ မိမိ ဆန္ဒအလျောက် နေရပ် ပြန်ပို့ရေး အစီအစဉ်၏ မှတ်တိုင်တစ်ခု ဖြစ်ပါသည်။ ယခုနှစ် ဇူလိုင်လအတွင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး မစ္စတာ ဆဒါကို အိုဂတာ မြန်မာနိုင်ငံ ခရီးစဉ်မှ သဘောတူညီချက်၏ ရလဒ် ဖြစ်ပါသည်။

နားလည်မှုစာချွန်လွှာတွင် ရခိုင်ပြည်နယ်အတွက် UNHCR ၏ ရှေ့မှောက်ရှိ လုပ်ငန်းပုံစံများနှင့် အစီအစဉ်များ သတ်မှတ်သည်။ ပြန်လာသူများကို ဝင်ရောက်ခွင့်ပေးခြင်း၊ သင့်လျော်သော မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ စာရွက်များ ထုတ်ပေးခြင်း၊ အခြားသော နိုင်ငံသားများကဲသို့ ခရီးသွားလာမှုဆိုင်ရာ လွတ်လပ်ခွင့်ကို တူညီစွာ ခံစားခွင့် ပေးခြင်းကို UNHCR ကို ပေးအပ်သည်။
ဆန္ဒအလျောက် နေရပ်ပြန်ပို့ရေး အစီအစဉ်တွင် အောက်ပါအစိတ်အပိုင်းများ ပါရှိသည်။
၁။ ရွေ့ပြောင်းကာလအတွင်း အရေအတွက် များပြားသော ပြန်လာသူများကို လက်ခံရေး အဆင်ပြေ ချောမွေ့စေရန် လိုအပ်သော အခြေခံ အဆောက်အဦများကို နေရာချထားမည်။
၂။ မူလနေထိုင်ရာ ကျေးရွာတွင် ကနဦး အကူအညီများ ပေးအပ်မည် ။ ပြန်လာသူများသည် အိမ်သုံးကုန်နှင့် ဆောက် လုပ်ရေးပစ္စည်းများ (ဝါး) ကဲ့သို့သော ကယ်ဆယ်ရေးဝတ္ထုများ အပြင် WFP မှ ထောက်ပံ့သော နှစ်လစာ စားနပ်ရိက္ခာကိုလည်း ရရှိမည်။
၃။ ပြန်လည်ပေါင်းစည်းရေး အဆင့်တွင် စီးပွားရေးနှင့် လူမှုရေး တည်ငြိမ်မှုကို မြှင့်တင်ရန်နှင့် စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ရေရရှိရေး၊ သန့်ရှင်းရေးနှင့် ပညာရေး အသိုင်းအဝိုင်း စီမံကိန်းများကို သက်ဆိုင်ရာ နည်းပညာပိုင်း ဌာနများနှင့်အတူ အကောင်အထည်ဖော်မည်။ ကယ်ဆယ်ရေးမှ ဖွံ့ဖြိုးတိုးတက်ရေးသို့ အစဉ်အဆက် သေချာစေရန်နှင့် အကူအညီများ ရောထပ်ခြင်းကို ရှောင်ရှားရန်အလို့ငှါ UNDP၊ UNICEF၊ WHO ကဲ့သို့သော အခြားကုလသမဂ္ဂအေဂျင်စီများနှင့်အတူ အနီးကပ် ညှိနှိုင်းဆောင်ရွက်မည်။
ဤ အရေးကြီးသော ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသို့ ဆန္ဒအလျောက် နေရပ် ပြန်ပို့ရေး အစီအစဉ်ကို အကောင်အထည်ဖော်ရန် UNHCR က ရှေ့လာမည့် သီတင်းပတ်ထဲမှာ နိုင်ငံတကာအသိုက်အဝန်းမှ ဘဏ္ဍာရေးထောက်ပံ့မှုကို ရှာပေးမည်။
Translated by People''s Democracy
------------------------------------------------------
http://www.burmalibrary.org/reg.burma/…/199401/msg00058.html
Subject: BURMA: memorandum on repatriation
/* Written 4:12 pm Nov 11, 1993 by wrts@xxxxxxxxxxx in igc:reg.seasia */
/* ---------- "BURMA: memorandum on repatriation" ---------- */
[the following was issued by the Information Section of the UNHCR on 5 November 1993.]
A Memorandum of Understanding between the Government of the Union of Myanmar and UNHCR was signed on 5 November 1993, in Yangon. The Director General of the Department of Immigration and Manpower, U Maung Aung singed the MOU on behalf of the Government and Mr. W. Blatter, Director, Regional Bureau for Asia and Oceania, UNHCR, Geneva, on behalf of the United Nations High Commissioner for Refugees. The signing of the MOU marks a milestone in the voluntary repatriation programme from Bangladesh. It is the result of an agreement reached during the visit to Myanmar of Mrs. Sadako Ogata, the United Nations High Commissioner for Refugees, in July of this year.
The MOU stipulates the modalities of UNHCR's presence and programmes in the Rakhine State. It states, interalia, that UNHCR will be given access to all returnees; that the returnees will be issued with the appropriate identification apers and that the returnees will enjoy the same freedom of movement as all other nationals.
The voluntary repatriation programme has the following components:
1. The movement phase, during which the necessary infrastructure will be put into place to facilitate the reception of a larger number of returnees.
2. Initial assistance in the villages of origin. In addition in relief items such as household goods and construction materials (bamboo), the returnees will also receive food assistance for two months, provided by WFP.
3. The Reintegration phase: to enhance the economic and social stability of the returnees, community level projects in the fields of agriculture, health, water and sanitation and education will be implemented with the respective technical departments which will also benefit the surrounding population. Close coordination will be maintained with UNDP and other UN agencies such as UNICEF and WHO; this is in order to avoid any overlapping and to assure the continuum from relief to development.
UNHCR will in the coming weeks seek the financial support of the International Community to implement this important voluntary repatriation programme from Bangladesh to Myanmar.

No comments: