Saturday, September 9, 2017

ဘင်္ဂလီအားပေး အမျိုးသားသစ္စာဖောက် လန်ဒန်မှာနေတဲ့ဇာနည် အကြောင်းပြောပြမယ်။

ဘင်္ဂလီအားပေး အမျိုးသားသစ္စာဖောက် လန်ဒန်မှာနေတဲ့ဇာနည် အကြောင်းပြောပြမယ်။
-------------------------------------------
ဒီကောင်ဟာတချို့ ပြောသလို ၈၈ အရေးအခင်းက ကျောင်းသားမဟုတ်ပါဘူး။ ၈၈ မတိုင်ခင်ရော ၈၈ ဖြစ်ပြီးပြီးချင်းရော မန္တလေးဘက် ပုဂံဘက်မှာ ဧည့်လှမ်းညွှန်လုပ်ခဲ့တဲ့ကောင်ပါ။ မန်းလေးဘက်ကလို့ ထင်ပါတယ်။
၈၈ အရေးအခင်းအပြီး မြန်မာပြည်ကို တိုးရစ်တွေ စပြီးပြန်ဝင်လာတော့၊ ဒီကောင်နဲ့  အမေရိကားက နယူးမက္ကဆီကိုပြည်နယ်က မီမီဖောဆိုက် (Mie Mie Forsythe) ဆိုတဲ့မိန်းမကြီး မန်းလေးဘက်မှာ တွေ့ ကြပြီး ဒီကောင်က အမေရိကားကိုထွက်ဘို့ လမ်းကိုရှာနေတာဆိုတော့ မီမီဖောဆိုက် ကိုအသေကပ်တော့တယ်။ မီမီဖောဆိုက် က အိမ်ထောင်ရှိတဲ့မိန်းမကြီး။ အသက်က အဲ့ဒီတုံးကတောင် ၅၀ နီးနေပြီ။ သူတို့  ဇာတ်လမ်းဖြစ်ပြီး ဒီမိန်းမကြီးက ဇာနည်ဆိုတဲ့ကောင်ကို အမေရိကားကို စပွန်ဆာပေးပြီး ခေါ်လိုက်တယ်။
အဲ့ဒီအချိန်မှာ ကျနော်က Beyond Rangoon ရုပ်ရှင်ရိုက်တာပြီးသွားလို့  နိုင်ငံရေးသိပ္ပံနဲ့  ပါရဂူတန်း (Ph.D.) မတက်ခင် ဘယ်တက္ကသိုလ်တက်ရမယ်ဆိုတာ ရွေးနေစဉ်ဖြစ်တယ်။ ရုပ်ရှင်မှာ အတူတူအလုပ်လုပ်ခဲ့ကြတဲ့ ဟောလီးဝုဒ်က သူငယ်ချင်းများရှိတဲ့ လော့စ်အိမ်ဂျယ်လိစ်မှာ တနှစ်နီးပါး နေရင်း၊ အဲ့ဒီတုံး မြန်မာပြည်ကို နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ မ၀င်အောင် ကန်ပိန်းလုပ်နေတာမှာ တဖက်ကလည်း ၀ိုင်းလုပ်နေတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အိမ်အကျယ်ချုပ်ချပြီး တပြည်လုံးကို မတရားဖိနှိပ်နေတဲ့ န၀တ၊ နအဖ လက်အောက်ကိုသွားပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေလုပ်ရင် ဗိုလ်ချုပ်တွေအိပ်ထောင်ထဲဘဲ ပိုက်ဆံတွေရောက်သွားမယ်ဆိုတာကို အမေရိကန် နိုင်ငံခြားကုမ္မဏီတွေ ကိုစာပို့ ပြီးရှင်းပြကြတယ်။ မြန်မာပြည်ကို စပြီး သွားလုပ်တဲ့ ယူနိုကယ် လို အမေရိကန် ကုမ္မဏီတွေရဲ့  ဗဟိုရုံးကြီးတွေ ရှေ့ မှာ ဆန္ဒတွေ ပြကြတယ်။
အဲ့ဒီကာလမှာ ဇာနည်ဆိုတဲ့ကောင်ကို နယူးမက္ကဆီကိုကနေ အဖွားကြီး မီမီဖောဆိုက်က ခေါ်လာပြီး လော့စ်အိမ်ဂျယ်လိစ်မြို့ က လှုပ်ရှားတက်ကြွတဲ့  မြန်မာအသိုင်းအ၀ိုင်းတွေထဲခေါ်လာခဲ့တာဘဲ။
ဇာနည်ဟာ ယာယီ ကျောင်းတက်ခွင့်ဗီဇာလေးနဲ့  ဆိုတော့ အမေရိကားမှာ အမြဲတမ်းနေထိုင်ခွင့်ကဒ် (Green Card) သိပ်လိုချင်နေခဲ့တယ်။ ဒါနဲ့  ကျနော်တို့  လော့စ်အိမ်ဂျယ်လိစ်မြို့ က Orange Coast College ဆိုတဲ့ ကောလိပ်ကလေးမှာ လုပ်တဲ့ မြန်မာစစ်အစိုးရကို ရှု့ံချတဲ့အစည်းအဝေးမှာ ဒီကောင်က ကချင်ပုဆိုးနဲ့  ပင်နီတိုက်ပုံဝတ်ပြီးစရောက်လာတာဘဲ။ မြန်မာလှုပ်ရှားသူများထဲက မိသားစုတစုကို အတင်းကပ်ရောပြီး သူလဲ နောက်ကို အတူတူလှုပ်ရှားပါ့မယ်ပြောလာတယ်။ အမှန်တော့ ဆန္ဒပြတဲ့ ဓါတ်ပုံတွေရိုက် အစည်းအဝေးတွေတက်တဲ့ ဓါတ်ပုံတွေရိုက်ပြီး အဲဒါတွေကို အမြဲတမ်းနေထိုင်ခွင့်ကဒ် (Green Card) လျောက်တဲ့အခါမှာသုံးဘို့ ဘဲ။ ဒါနဲ့  ဇာနည်ဟာ မြန်မာဒီမိုကရေစီလှုပ်ရှားသူတွေကြားထဲ စ ရောက်လာခဲ့တယ်။
အဲ့ဒီအချိန်မှာ အမေရိကားမှာ အမေစု အကိုဝမ်းကွဲ ဒေါက်တာစိန်ဝင်းဦးဆောင်တဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး မြန်မာပြည်ကလွတ်အောင်ထွက်ပြေးနိုင်လာခဲ့တဲ့ အမတ်တွေစုပြီး အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ကိုဖွဲ့ ပြီး ပြည်ပမှာ ပြည်တွင်းက န၀တ/နအဖ နဲ့  စင်ပြိုင် စလုပ်ခဲ့တယ်။
အဲ့ဒီအမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ကဦးစီးပြီး အမေရိကားက တက္ကသိုလ်ကောလိပ်တွေမှာ မြန်မာစစ်အစိုးရကို ကန့်ကွက်တဲ့လှုပ်ရှားမှုတွေ တတိုင်းပြည်လုံးဖြစ်လာအောင် လုပ်ဖို့  စီစဉ်တယ်။ အဲ့ဒီမှာ အဲ့ဒီလှုပ်ရှားမှုကို ဦးစီးဖို့  မြန်မာကျောင်းသားတယောက် ကိုရွေးဘို့ လုပ်တယ်။
ရွေးတော့ NCGUB ကလူတွေက သူတို့ ကို ပြန်မပြောရဲတဲ့၊ ခို်င်းသမျှလုပ်မဲ့ သူတယောက်ကို ရွေးဘို့  စီစဉ်တယ်။ ဘာကြောင့်လဲ ဆိုတော့၊ မြန်မာပြည်ကနေ အမေရိကားကို ၈၈ အရေးနဲ့ ရောက်လာတဲ့ ကျောင်းသားတွေဟာ ခိုင်းသမျှ ခံမပြောဘဲလုပ်မဲ့သူတွေ မဟုတ်ဘူး။ ၁၉၉၀ ရွေးကောက်ပွဲမှာ နိုင်လာခဲ့တဲ့ အမတ်တွေလိုဘဲ၊ ၈၈ အရေးအခင်းက ထွက်လာတဲ့ ကျောင်းသားတွေဟာ နိုင်ငံရေးရေချိန်မြင့်လို့ဘဲ။ ၁၉၉၀ ရွေးကောက်ပွဲနိုင်လာတယ်လို့  အဲ့ဒီအမတ်တွေက ပြောနိုင်သလို၊ ၈၈ ကျောင်းသားတွေကလဲ ၈၈ အရေးအခင်းကြီးတခုလုံးကို ဦးဆောင်လှုပ်ရှားခဲ့တာလို့ ပြောနိုင်တယ်။
ဒီတော့ NCGUB ကလူတွေက ၈၈ အရေးအခင်းမှာ ထင်ရှားခဲ့ပြီး အမေရိကားကို ရောက်လာတဲ့ ကျောင်းသားတွေကို ကြောက်ကြတယ်။ ဒါနဲ့ သူတို့ ပြောတာနားထောင်ပြီး ခံမပြောဘဲ ခိုင်းသမျှလုပ်ပါတယ်မယ်လို့  ပြောလာတဲ့ ဇာနည် ကို အမေရိကားက တက္ကသိုလ်ကောလိပ်တွေမှာ မြန်မာစစ်အစိုးရကို ကန့်ကွက်တဲ့လှုပ်ရှားမှုတွေဦးဆောင်ဘို့ တာဝန်ပေးပြီး ဘတ်ဂျက်လည်း ချပေးလိုက်တယ်။ ဒါနဲ့ U.S. Campaign for Burma ဆိုတာဖြစ်လာတယ်။ NCGUB နဲ့  ဇာနည် တို့က ဦးဆောင်ပေါ့။ အဲ့ဒီအချိန်မှာ အမေရိကားကို ရောက်တာ မကြာသေးတဲ့ မင်းဇော်ဦး (အောင်မင်းဘောမတဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက ကောင်) ကလည်း ဇာနည်ဘောကိုမပြီး U.S.Campaign for Burma မှာ လက်ထောက်လိုလို ဘာလိုလို နဲ့  ထောက်ပံ့ကြေးယူခဲ့တယ်။
ဒီလိုလုပ်နေရင်းနဲ့  ၂၀၀၄ လောက်မှာ ဇာနည်က မြန်မာပြည်က ခင်ညွန့် တို့ နဲ့  လှမ်းဆက်သွယ်ပြီး (ဘိုဘိုကျော်ငြိမ်း ညီအကိုက နောက်က အားပေး) မြန်မာပြည်ကိုလာပြီး ဆွေးနွေးချင်တယ်လို့  တိတ်တိတ်လုပ်ခဲ့တယ်။ ဒါပေမဲ့ သတင်းမကြာခင်ပေါက်သွားပြီး အားလုံးက NCGUB ရော ဇာနည်နဲ့  ရော စာရင်းရှင်းကြဘို့လုပ်ကြတယ်။
ဇာနည်ဟာ မြန်မာပြည်ကို ခင်ညွန့် တို့  ထောက်လှမ်းတွေ အစီအစဉ်နဲ့  တိတ်တဆိတ်ပြန်ဝင်သွားပြီး ခင်ညွန့် တို့ ကို၊ အခုပြည်ပမှာလုပ်နေတဲ့ န၀တ/နအဖ ဆန့် ကျင်ရေးလှုပ်ရှားမှုတွေကို ရပ်အောင်လုပ်ပေးမယ်၊ န၀တ/နအဖ ကို အပြည်ပြည်ဆိုင်ရာက အသိမှတ်ပြုအောင် ကူညီပေးမယ်။ သူ့ ကို နေရာကောင်းကောင်းပေးရမယ် လို့ တောင်းဆိုတယ်။ ဒါပေမဲ့ ခင်ညွန့် တို့ က သူ့ စကားကို မယုံဘူး။ ဒီကောင်တကောင် က ဘယ်လိုလုပ် နိုင်ငံခြားက ဒီမိုကရေစီလှုပ်ရှားမှုတွေကို ရပ်အောင်လုပ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုဘယ်လို ခေါ်လာနိုင်မှာလဲ၊ ဒီကောင်ကိုယ်တိုင်တောင် NCGUB ရဲ့  ထောက်ပံ့ကြေးနဲ့  ရပ်တည်နေရတယ်ဆိုတာ သိထားတယ်။ ဒီတော့ ဇာနည်ရဲ့  သစ္စာဖောက်လုပ်ရပ်ကြီး မအောင်မြင်ခဲ့ဘူး။
ဒီကိစ္စဟာ အပြင်မှာလည်း လူအများသိသွားပြီး မြန်မာဒီမိုကရေစီလှုပ်ရှားသူတွေအားလုံး အစည်းအဝေးခေါ်ပြီး ရှံ့ ချမှုလုပ်တာ ခံခဲ့ရတယ်။ ၀ါရှင်တန်ဒီစီ နားက မေရီလင့်ဒ် မှာလုပ်တဲ့ အစည်းအဝေးမှာ ဦးတင်မောင်သော် (CRDB) ဦးဆောင် ကန့် ကွက်တဲ့ပွဲမှာ ကျနော်ရှိခဲ့တယ်။ ဒါနဲ့  သစ္စာဖာက်ဇာနည်ကို NCGUB က လက်တွဲဖြုတ်လိုက်တယ်။ ဇာနည်ကို အမေရိကန်ကျောင်းသားတွေ အများစုပါဝင်တဲ့ U.S. Campaign for Burma ကလည်း အယုံအကြည်မရှိတော့ဘူး။ အဲ့ဒီအချိန်မှာ သစ္စာဖောက်ဇာနည်ဟာ အမေရိကန်မတယောက်နဲ့ ငြားပြီး ကလေးတယောက် ရှိနေပါပြီ။
အမေရိကားမှာ ဇာနည်နယ်ကျဉ်းသွားပြီး နောက်ဆုံး U.S. Campaign for Burma ကလည်းသူ့ ကိုကန်ထုတ်လိုက်ပါတယ်။ အောင်ဒင်က ဒီကိစ္စ့ပိုသိမယ်။ ဒါနဲ့ ဇာနည် အင်္ဂလန်ကိုပြောင်းပြီး London School of Economics မှာထင်တယ် ကျောင်းတက်တယ်။
လန်ဒန်မှာ မူလကတည်းက U.S. Campaign for Burma နဲ့  သိပ်အစေးမကပ်ဘဲ အခု kaler လော်ဘီသက်သက်ဖြစ်နေတဲ့ U.K. Campaign for Burma မှာ ဇာနည်က ၀င်လုပ်တယ်။ U.K. Campaign for Burma ကို OIC က အာရဗ်တွေ ငွေလုံးငွေရင်းနဲ့  ထောက်ပံ့တဲ့ အထဲက ဇာနည်လည်း လစဉ်ပုံမှန် ထောက်ပံ့ကြေးအများကြီးရတယ်။
ဒါကြောင့် တချိန်က အမေရိကားမှာ အမြဲတမ်းနေထိုင်ခွင့်ကဒ်ကလေး (Green Card) ရဘို့  အမေစုကျန်းမာပါစေ၊ အမေစုသာတို့ ရဲ့  ခေါင်းဆောင် စသည်ဖြင့် ဖင်ပြဲအောင် အော်ခဲ့တဲ့ ဇာနည်ဟာ အခု လန်ဒန်မှာ ရိုဟိန်ညာတွေကို လူမျိုးပြုတ်သတ်နေပါပြီ၊ ဒေါ်စုအစိုးက သုတ်သင်ရှင်းလင်းနေပါပြီလို့  သူ့ ကို ကျွေးမွေးထားတဲ့ အာရဗ် kaler တွေကြိုက်အောင် အမျိုးမျိုးအော်ပေးနေတာကို နားမဆန့် အောင် ကြားနေရတော့တာဘဲ။ .... တော်ပြီ.. လက်ငြောင်းတယ်၊ ဒီလို လူ့ တန်ဘိုးမရှိတဲံကောင်အကြောင်း.. လူတွေ မသိကြလို့  သိအောင် ရေးပြရတာ တော်တော့ကို ကြက်သရေတုံးသွားပြီ..။ လက်သန သွားပြီ။ ..... #DYM

No comments: