Saturday, September 23, 2017

ကျနော် ဖြတ်သန်းတွေ့ကြုံခဲ့သော အဖြစ်အပျက် များစွာထဲမှ ရိုဟင်ဂျာ ဥက္ကဌ ဆိုသူရဲ့ မက်လုံးပေးစည်းရုံးခဲ့တဲ့ သမိုင်းကို ရေးသားတင်ပြခဲ့ပြီးပါပြီ..အခု စစ်အဏာရှင်လက်ထက် ထောက်လှမ်းရေး အာဏာရှိတန်ခိုးထွားစဉ်ကာလ ကကျနော်တို့ရဲ့ အချစ်တော်ဗိုလ်ချုပ်ခင်ညွှန့်က ကျနော့်ကို မက်လုံးပေးစည်းရုံးခဲ့တဲ့အတွေ့အကြုံတစ်ခုကို အားလုံးသိနိုင်အောင် ရေးသားတင်ပြလိုက်ပါတယ်..
အချိန်က ၁၉၉၄ နှစ်ဝက်လောက်မှာ ရက်အတိအကျကိုတော့မမှတ်မိတော့ပါ ကျနော်ဟာ အေဘီမှာရော ဒီအေဘီ မှာပါ တာဝန်ထမ်းဆောင်ခြင်း မရှိတော့ပါ ..မိသားစုနှင့်အတူ ဘန်ကောက် မှာနေထိုင်နေတဲ့အချိန်မှာ ရပ်တည်ရေးအတွက်အတော် ဒုက္ခရောက်နေတဲ့ ကာလပါ ..ဘာကြာင့်လဲဆိုရင် ထိုင်းရဲက ကျနော်တို့ မိသားစုကို တရားမဝင်နေထိုင်မှုနဲ့ ဖမ်းပြီး IDC လို့ခေါ်တဲ့ လူဝင်မှုကြီးကြပ်ရေးထောင်မှာ ၃ လ ကျော်နေထိုင်ခဲ့ရပြီး..ပြန်ထွက်လာပြီးနောက် သားက နှစ်နှစ်ကျော် သမီးက ကိုယ်ဝန်ငါးလကျော် နဲ့ ရပ်တည်နေထိုင်ရေးအတွက် အခက်အခဲများစွာ တွေ့ကြုံနေတဲကာလမှာ ဘန်ကောက်မှာရှိတဲ့ ကျနော့်ရဲ့ ရဲဘော် ရဲဘက်များက တတ်နိုင်သလောက် ဖေးမ ကူညီလို့ မပြည့်စုံသော်ငြား ရပ်တည်နိုင်ပါတယ် ဒီအတွက် ရဲဘော်ရဲဘက်များကို အမြဲထာဝရကျေးဇူးတင် လျှက်ပါ..
ဒီလိုနေထိုင်နေရင်း တနေ့မှာ UN ကဖွင့်ထားတဲ့ စူထီးစန် ရုံးလေးမှာ ကျနော်လာတဲ့အချိန်မှာ ကျနော်မသိတဲ့ လူစိမ်းတစ်ယောက်က ကိုသန်းဝင်း ဟုတ်ပါလား ဟုမေးပါတယ် ကျနော်က ဟုတ်ပါတယ်လို့ဖြေပြီး သူက စာရွက်တခုထုတ်ပေးပြီး မြန်မာစစ်သံရုံးက တွေ့ချင်ပါတယ် ကျနော့်ကို ဒီစာကို ပေးခိုင်းလိုက်ပါတယ် ..လို့ပြောပါတယ် ဒီစာကိုဖတ်ကြည့်တော့ ကိုသန်းဝင်းကို ကျနော်တို့ နိုင်ငံတော် အစိုးရ တာဝန် ရှိသူမှ ဆွေးနွေးချင်ပါတယ် စိတ်ဝင်စားခဲ့ရင် Regency ဟိုတယ် လိပ်စာကိုရေးထားပြီ နေ့လည် ၂နာရီမှာတွေ့မယ် ဆိုပြီး ဟိုတယ်လိပ်စာကို ရေးထားပြီး ဆက်သွယ်ရမဲ့ cellphone နံပါတ်ကိုပါရေးထားပြီ..အောက် မှာ ဗိုလ်မှူးလှမင်း ဒုစစ်သံမှူး လို့ရေးထားပါတယ်..ဒီစာကိုဖတ်ပြီး သူတို့ဘာကိုဆွေးနွေးချင်သလဲဆိုတာ ကျနော်စိတ်ဝင်စားသွားပါတယ်..ဒါပေမဲ့ ကျနော်စဉ်းစားတယ် သွားရင်တော့ ကျနော်တစ်ယောက်တည်းသွားလို့ မသင့်တော်ဘူး သက်သေရှိမှဖြစ်မယ်လို့ စဉ်းစားမိပြီးအဲဒီအချိန်က ကျနော်နဲ့ အတူနေတဲ့ ဦးအောင်ခင် ABSDF ဗဟိုကော်မတီဝင်ဟောင်း..နှင့် ခိုင်သော်ကောင်း ABSDF ရခိုင်ဒေသ .ခိုင်စောထွန်း (NUFA)ဗဟိုကော်မတီဝင်ဟောင်းကိုတိုင်ပင်ပြီး..အားလုံးဆွေးနွေး
န်သဘောတူသောကြောင့် ကျနော်က သူတို့ ကိုဖုန်းဆ က်ပြီး ..တွေ့ဆုံဆွေးနွေးမှုကိုသဘောတူကြောင်း အကြောင်းပြန်လိုက်ပါတယ် ..ကျနော်တို့သွားမဲ့အချိန်မှာ ခိုင်စောထွန်းက နေမကောင်းသောကြောင့် ကျန်ခဲ့ပြီး ကျနော်နဲ့အတူ ဦးအောင်ခင်၊ခိုင်သော်ကောင်းပဲ ပါခဲ့ပါတယ်..ကျနော်တို့ ချိန်းထားတဲ့အချိန် ဟိုတယ်ရောက်တော့ ဟိုတယ်ရဲ့ Special Room မှာ ဆုံကြပါတယ် အဲဒီရောက်မှ ကျနော်တို့ကို အဓိက ဆွေးနွေးမှာ ဗိုလ်မှူးကြီးကျော်သိန်း စစ်သံမှူး ဖြစ်ကြောင်း ဗိုလ်မှူးလှမင်းက မိတ်ဆက်ပေးပါတယ်..ဆွေးနွေးပွဲစတဲ့အခါ ဗိုလ်မှူးကြီးကျော်သိန်း က ကျနော့်ကို ဒီလိုပြောပါတယ်..ကိုသန်းဝင်း ဟာ ပြည်တွင်း ရကသ ၊ABSDF ၊DAB တွေမှာ တာဝန်ကြီးကြီး ထမ်းဆောင်ခဲ့တာကို ကျနော်တို့သိပါကြောင်း၊ အခု ကိုသန်းဝင်းတို့ မိသားစု ဒုက္ခရောက်နေတာကိုလည်း ကျနော်တို့ သိပါကြောင်း ဒါကြောင့် ဒီလိုဖြစ်နေတာကို တပ်မတော်အစိုးရက စိတ်မကောင်းပါကြောင်း အထူသဖြင့် တပ်မတော်အစိုးရရဲ့ အတွင်းရေးမှူး ( ၁) ဗိုလ်ချုပ်ခင်ညွန့် ကပို စိတ်မကောင်းပါကြောင်း ဒါကြောင့် ဗိုလ်ချုပ်ခင်ညွန့် မှ ကိုသန်းဝင်း ကို စေတနာထားစွာဖြင့် တိုင်းပြည်အနာဂါတ်အတွက် ကျနော်တို့ တပ်မတော်အစိုးရနဲ့ လက်တွဲလုပ်ဆောင်စေလိုကြောင်း ဗိုလ်ချုပ်ခင်ညွန့်မှ တာဝန်ပေးသောကြောင့် သူ့ကိုယ်စား ..ကျနော်ဆွေးနွေးရတာဖြစ်ကြောင်း ကျနော်တို့ Offer ကိုလက်ခံရင် ကိုသန်းဝင်းကို လေဆိပ်မှဗိုလ်ချုပ်ခင်ညွန်ကိုယ်တိုင် လာကြိုမှာဖြစ်ကြောင်း၊ ကိုသန်းဝင်း မိသားစု နေထိုင်ရန် တိုက်တစ်လုံး ကားတစ်စီး နှင့် နိုင်ငံရေးလုပ်နိုင်ရန် ကိုသန်းဝင်းလိုချင်တဲ့နေရာ အကွက်တွေကို ပါမစ်ချပေးရန် တာဝန်ယူကြောင်း ကျနော့်ကို ဆွေးနွေးပါတယ်..
ဒါကို ကျနော်ကကျနော်ဟာ ဒီတိုင်းပြည်ကို ဒီမိုကရေစီတိုင်းပြည်ဖြစ်အောင် ကျိုးစားတိုက်ပွဲဝင်နေသူဖြစ်ကြောင်း ဒါကို ခင်ဗျားတို့ တပ်မတော်အာဏာရှင်အစိုးရက ဘယ်လို ကျနော်တို့ ရည်မှန်းတဲ့ ပန်းတိုင်ကို ရောက်အောင်လုပ်ပေးမလဲဆိုတာသိလိုကြောင်း ..တကယ်လို့ ပြည်တွင်းကိုရောက်ရင် ဘယ်လောက်လွတ်လွပ်စွာလုပ်ခွင့်ရှိမလဲဆိုတာ သိချင်ပါကြောင်း ဆွေးနွေးတဲ့အခါ သူက တပ်မတော်အစိုးရ မှာ ရေရှည် Plans ရှိပါကြောင်း အခုတိုင်းပြည်တည်ငြိမ်မှုမရှိသေးသောကြောင့် ငြိမ်အောင်ထိမ်းနေရကြောင်း ပြီးရင် ကိုသန်းဝင်းလိုချင်တဲ့ပန်းတိုင်ကို သွားမှာဖြစ်ကြောင်း..ဒါကြောင့် လက်တွဲလိုကြောင်း ဆွေးနွေးပါတယ်..ဒါကိုကျနော်က အခုအချိန်မှာ ဆုံးဖြတ်လို့မရနိုင်သေးကြောင်း နောက်တစ်ခါတွေ့ရင်စဉ်းစားပြီးဆုံးဖြတ်ပေးမှာဖြစ်ကြောင်း ပြောပြီး သူတို့က သဘောတူသောကြောင့် ဆွေးနွေးပွဲပြီးသွားခဲ့ပါတယ် ..ကျနော့်အိမ်ကိုရောက်တော့ အချင်းချင်း သူတို့ပြောတာကို ဆွေးနွေး သုံးသပ်ကြပါတယ်..ကျနော့်မိန်းမ လည်းပါပါတယ် ..ဦးအောင်ခင်၊ ခိုင်စောထွန်း၊ခိုင်သော်ကောင်းတို့က ဒီထောက်လှမ်းရေးတွေကို ယုံလို့မရကြောင်း ဘာမှလုပ်လို့ရမှာမဟုတ်ကြောင်း..ဆွေးနွေးကြပါတယ်..ဒီအချိန်မှာ ကျနော့်ဘဝအတွက် မှတ်တမ်းတင်ရမှာက ကျနော့်ဘဝအဖေါ်မွန် ကျနော့်မိန်းမ မဟေသီရဲ့ ဆွေးနွေးဆုံးဖြတ်ချက်ပါ..သူကကျနော်ကိုဘာပြောသလဲဆိုတော့ အခုသူတို့ကို သဘောတူပြီးပြည်တွင်းကို ဝင်သွားရင် ငွေကြေး အရဘဝအတွက် လိုလေးသေးမရှိ အားလုံး အဆင်ပြေမယ်ဆိုတာ သူသိပါကြောင်း ဒါပေမဲ့ ရှင်ဖြတ်သန်းလာခဲ့တဲ့ သမိုင်းကတော့ မြောင်းထဲရောက်သွားမှာသေချာကြောင်း ကျမကတော့ ကျမခင်ပွန်းကို ဒီလိုမဖြစ်ခံနိုင်ကြောင်း..ဒါကြောင့်..ဖြစ်နေတဲ့ဒုက္ခကိုခါးစည်းခံပြီး အမေရိကန်ကိုပဲသွားမှာဖြစ်ကြောင်း သူ့ဆုံးဖြတ်ချက် ကို ပေးပါတယ်..သူတို့နဲ့ဆွေးနွေးပြီး ကျနော်တစ်ယောက်တည်း ထိုင်စဉ်းစားတယ် သူတို့က အခုလိုဘာကြောင့်လုပ်သလဲပေါ့..အကြိမ်ကြိမ်စဉ်းစားကြည့်ပါတယ် ..ကျနော်နောက်သူတို့ဘာကြောင့်လုပ်တယ်ဆိုတာကို အဖြေရတယ် အဲဒီအချိန်က KIO နှင့် တစ်ချို့ အဖွဲ့အစည်းတွေက စစ်အစိုးရနဲ့ သဘောတူ ငြိမ်းချမ်းရေးယူထားကြပြီး ဗိုလ်ချုပ်မြက ငြိမ်းချမ်းရေးကို လက်မခံပဲ တင်းခံနေတဲ့အချိန် မှာ ဒီအေဘီမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ ကျနော့်ကို အခွင့်အရေးတွေ၊မက်လုံးတွေပေပြီး ဒီအေဘီမကောင်းကြောင်း ကို သူတို့ဖက်ကရပ်ပြီး ပြောဖို့ ကျနော့်ကို တည်ကစားမယ်ဆိုတာကို သဘောပေါက် အဖြေရခဲ့တယ်..ဒါကြောင့် နောက်တစ်ခါ သူတို့ကိုချိန်းပြီး ကျနော်က Offer လုပ်တာကို ကျေးဇူးတင်ပါကြောင်း ..ခင်ဗျားတို့ စစ်အစိုးရ သွားမဲ့ လမ်းနဲ့ ကျနော်သွားမယ့်လမ်းက တူနိုင်မယ် မထင်သောကြောင့် ကျနော်လက်မခံနိုင်ကြောင်း အမေရိကန်ကိုပဲသွားတော့မယ်ဟုဆုံးဖြတ်ချက် ပေးခဲ့ပြီး ..ဆွေးနွေးပွဲမှာ တိုက်ခဲ့တဲ့ ဘီယာအတွက် တစ်သက်မမေ့ပါကြောင်းကျနော် နောက်ပြောင်ပြောခဲ့ပြီး လမ်းခွဲထွက်လာခဲ့ပါတယ် ..အခု ကျနော်တို့မိသားစု ဆုံးဖြတ်တဲ့အတိုင်း အမေရိကန်မှာ နှစ် ၂၀ ကျော်ခဲ့ပါပြီ..ကျနော်ချစ်တဲ့တိုင်းပြည်ကို ကျနော့်တို့မိသားစုက တစ်ခါမှပြန်မရောက်သေးပါဘူး ..ဒါဟာ ကျနော့်သမိုင်းမှာတွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုပါ...
အားလုံးကို လေးစားစွာဖြင့်
သန်းဝင်း
အမေရိကန် ပြည်ထောင်စု
9/22/2017

No comments: