မေလ ၁၁ ရက်နေ့က
နိုင်ငံဖွံ့ဖြိုးရေး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်
သမ္မတဦးသိန်းစိန်ပြောကြားသည့် မိန့်ခွန်းမူရင်းအတိုင်း ယခုရက်ပိုင်းတွင်
စတင်လွှင့်တင်သည့် နိုင်ငံတော် သမ္မတရုံးဝက်ဆိုက်တွင် ဖေါ်ပြထားရာ ယနေ့ထုတ်
မြန်မာ့အလင်းသတင်းစာပါ ယင်းမိန့်ခွန်း နှင့်သိသာစွာ
ကွာခြားလျှက်ရှိသည်ကိုတွေ့ရသည်။
ဝက်ဆိုက်တွင်ေ
ဖ်ါပြထားသည့် မိန့်ခွန်းတွင် “ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ
အတွေ့အကြုံအရ မြန်မာနိုင်ငြံ ပည်သူတွေရဲ့ ဆန္ဒက အပြောင်းအလဲကို လိုချင်နေပြီ
” ဆိုသည့် အချက်ကို သမ္မတ ဦးသိန်းစိန်က ၀န်ခံသွားပြီး
ပြုပြင်ပြောင်းလဲရေး ကို ထိထိရောက်ရောက် လုပ်ရမယ့် သဘောဟု ၀န်ခံသွားသည်ကို
တွေ့ရသည်။ အထက်ပါ စာပိုဒ် တပိုဒ်လုံး ပြန်ကြားရေး ၀န်ကြီးဋ္ဌာနထုတ်
သတင်းစာတွင် မပါရှိပေ။
ဦးသိန်းစိန်အနေဖြင့်
ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်နှင့်ပတ်သက်၍ လက်ရှိအစိုးရအဖွဲ့အပေါ် လူထုက
မကျေနပ်ခြင်း ၊ အပြောင်းအလဲ လိုလားခြင်းအချက်ကို ပထမဆုံးအကြိမ် တရားဝင်
ဝန်ခံလိုက်ခြင်းလည်း ဖြစ်သည်။
အစည်းအဝေး
ပထမနေ့ဖြစ်သည့် မေလ ၁၁ ရက်နေ့ မိန့်ခွန်းထဲတွင် တိုင်းပြည်၏ စီးပွားရေး
အခြေအနေ အခက်အခဲများ ဖွံ့ဖြိုးရေး အတွက် အရင်းအနှီးလိုအပ်ချက်များကို
ကိန်းဂဏန်းများဖြင့် ဖေါ်ပြပြောဆိုသွားကာ ပြည်ပအကူအညီများဖြင့်
မည်သို့မည်ပုံ တိုးတက်အောင် ဆောင်ရွက်ရန် ကိုလည်း ဆွေးနွေးသွားခဲ့သည်။
နိုင်ငံတကာမှ
ဖွံ့ဖြိုးရေး ၊ ပညာရေး ကျန်းမာရေးဆိုင်ရာ အကူအညီများကို အန်ဂျီအိုများမှ
တဆင့်ကူညီရာတွင် ၃၀ /၄၀ ရာခိုင်နှုန်းမှာ အဖွဲ့အစည်း အသုံးစရိတ်ဖြစ်သွားသည့်
အချက်ကိုလည်း ရည်ညွှန်းပြောဆိုကာ အစိုးရ အဖွဲ့အစည်းများမှ တိုက်ရိုက်
လူထုထံပေးနိုင်ရန် အုပ်ချုပ်ရေးပိုင်း ဋ္ဌာနဆိုင်ရာ
အားနည်းချက်များပြုပြင်ရမည်ဟု လည်းပြောဆိုသွားသည်။

No comments:
Post a Comment