Saturday, May 12, 2012

ကိုဗဟိန်းရွာပြန်ကောက်စိုက်ပုံ

by Thar Swe on Sunday, May 13, 2012 at 12:12am ·
ကိုဗဟိန်းရွာပြန်ကောက်စိုက်ပုံ

ဂျပန်ခေတ်မှာ နိုင်ငံရေးမလုပ်ဘူးတဲ့ …..
သခင်ဗဟိန်း ပျောက်သွားဘူးတယ်
ဂျပန်ကှိ မယုံတာ
ဂျပန်ကို ယုံနေတဲ့လူတွေကို ရွံတာ
ဂျပန်ကိုတော်လှန်ဖို့ ပြင်ဆင်ချင်တာ
အဲဒီမှာ ကိုဗဟိန်း ရွာုပြန်သွားတာပဲ။

အချိန်ကာလကြီးက ခေတ်ပျက်ကြီးကိုး ….
အင်္ဂလိပ်အပြေး၊ ဂျပန်အ၀င်၊ ဘီအိုင်အေ အထ ဆိုတော့၊
အားလုံးက အရှေ့အာရှတိုက်သားများ သာတူညီမျှပေါ့၊
ဆိုတော့
စိန်ကြည် တွေများတယ်။

မာစတာကြီးကလည်း တိုကျိုမပြန်
ညိုထွန်းတို့ကလည်း မိဂဒါဝုန် ကိုသွားတုန်း၊
စစ်ကိုင်းတံတားမှာတော့ ခေါင်းတွေပြတ်လို့၊
ဂျပန်တော်လှန်ရေးက လှော်တက်တချောင်းနဲ့
ချောင်းကြိုချောင်းကြား မြောင်းကြိုမြောင်းကြားမှာ။

ဟုတ်လည်းဟုတ်တာပဲ …
မာစတာကြီးလည်းကြောက်ရ
စိန်ကြည်လည်းကြောက်ရ
စိန်ကြည့် ယောက်ဖလည်းကြောက်ရ
ရှိရှိသမျှ အာရှ၊ အာဖရိက၊ လက်တင်အမေရိက  
စိန်ကြည်တွေက မာစတာတွေကို ဂုဏ်ပြုနေကြတော့
ချွေးတပ်ဗိုလ်တော့ ဘယ်လုပ်တော့မလဲ၊
ရွာပြန်ကောက်စိုက်တော့ မပေါ့။

တမိုးသောက်ပြန်တော့
လယ်တဲကွန်ဂရက်လည်း ပြီးမြောက်
ညိုထွန်းတို့လည်း မိဂဒါဝုန်ရောက်တော့
ရဲခေါင် ရဲခေါင် တဲ့
ဂျပန်ကို ဖင်စလန်းလန်အောင် ချပစ်တဲ့ ပြောက်ကျား
အဲဒါ …
ဘွားခနဲပေါ်လာတဲ့ ကိုဗဟိန်းရဲ့ ပြောက်ကျား
ပြည်သူ့ရဲခေါင်ပြောက်ကျား။


(သားဆွေ)

No comments: