
မြန်မာနိုင်ငံ အာဏာဗဟိုချက်ဖြစ်သော နေပြည်တော်အတွင်း ဘက်အာဏာစက်ဝန်း
အသိုင်းအဝန်း၌ ယခုအခါတွင် နိုင်ငံရေးအကျပ်အတည်း တစ်ခုနှင့်
ကြုံတွေ့နေရပြီဖြစ်သည်။ ယခင်စစ်တပ်အစိုးရ၏ တပ်ချုပ်ကြီး ဗိုလ်သန်းရွှေ၏
စီမံညွှန်ကြားမှုဖြင့် အာဏာခွဲဝေမှုများပြုလုပ်ခဲ့မှုတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် များ မှ အမည်စာရင်းတင်သွင်း၍ ကာကွယ်ရေးဦးစီးချုပ်ထောက်ခံမှုဖြင့် ခန့်အပ်ခြင်း ခံရသည့် ဒုတိယသမ္မတ
သူရသီဟ ဦးတင် အောင်မြင့်ဦးမှာ ယခုအခါတွင် သူ၏ ကျန်းမာရေးကြောင့် ရာထူးမှ
နုတ်ထွက်လိုက်ရန် သမ္မတရုံသို့ စာပို့ထားသည်ဟူသော အတည်မပြုနိုင်သေး သည့်
သတင်း ထွက်ပေါ်လျက်ရှိသည်။
သီဟသူရဦး တင်အောင်မြင့်ဦးမှာ ယခုနိုင်ငံရေးအပြောင်းအလဲများ ကို သဘောတင်းမာစွာထားသူ hardliner တစ်ဦးဖြစ် သည်။ နိုင်ငံ ရေးအကျဉ်းသားများလွှတ်ပေးရေးကိစ္စ တွင် လည်း ကြားဖြတ်ရွေးကောက်ပွဲပြီးမှ လွှတ်ငြိမ်းချမ်းသာ ခွင့်ပေးခြင်းကို လုပ်ဆောင်ရန် နိုင်ငံရေး ကစားခဲ့ခြင်းမျိုး လည်းရှိခဲ့သည်။
ဦးတင်အောင်မြင့်ဦးမှာ သူထံချဉ်းကပ်လာသည့် စီးပွားရေးလုပ်ငန်ရှင်းများကို လုပ်ပိုင်ခွင့်များပေး၍ ဘဏ္ဍရေး ကျောထောက်နောက်ခံ ယူခဲ့သည့် အတွက်ကြောင့် ယခုအခါတွင် အပြိုင်အဆိုင်မရှိတက်လာသည့် အမျိုးသားချန်ပီယံ စီးပွားရေးလုပ်ငန်းရှင်ကြီးများ တနည်း crony များ ထွက်ပေါ်လာခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အပါအဝင်၊အစိုးရအဖွဲ့ဝန်ကြီးတချို့နှင့်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့သည် မြန်မာနိုင်ငံမှာ အခြားဒေသတွင်း
နိုင်ငံများနှင့်ယှဉ်လျှင် ဖွံ့ဖြိုးမှုအလွန်နောက်ကျနေပြီဟု
သိသည့်အလျှောက် နိုင်ငံကို ကမ္ဘာ၏လားရာအတိုင်း စီးမျှောဖို့အတွက်
စနစ်သစ်ပြောင်းသည်နှင့် ပြုပြင် ပြောင်းလဲရေးများကို တစိုက်စိုက်
မတ်မတ်ဆောင်ရွက်လာခဲ့သည်။ ထိုအတွက်ကြောင့် ပြည်တွင်းအင်အားစုများရော၊
နိုင်ငံတကာက ပါ အသိအမှတ်ပြုသည့် အမျိုးသားစည်းလုံးညီညွတ်မှုကို ဖော်ဆောင်နိုင်ခဲ့သည်။ နိုင်ငံရေးအတိုက်အခံများအပေါ် ယခင်အစိုးရနှင့် ခြားနာစွာ ထင်ထားသလောက် မတင်းမာသည့် အတွက် ယခုလို ပြည်တွင်းအင်အားစုညီညွတ်မှု ဖြစ်ထွန်းလာရခြင်းဖြစ်သည်။
စီးပွားရေးလုပ်ငန်းရှင်ကြီးများကို မွေးစားခဲ့သည့် ဦးတင်အောင်မြင့်ဦးအနေဖြင့်
ယခုအစိုးရလက်ထက် တွင်လည်း သူ၏ ရည်မှန်းချက်ကြီးမားသော စီမံကိန်းများကို
ဒုတိယသမ္မတ၏ လုပ်ပိုင်ခွင့်ဘောင်ထဲမှ အရယူရန် ကြိုးစားခဲ့သေးသည်။
အစိုးရဌာနအသီးသီးမှ တင်ပြလာသော ဘတ်ဂျက်ရေးရာ ကိစ္စရပ် များကို
စီမံခန့်ခွဲရန် ဥပဒေအရတရားဝင်လုပ်ခွင့်ရသည့်
ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးမှာ ၂၀၁၁-၁၂ ဘတ်ဂျက်ခွဲဝေမှု
သူလိုသလို ကြိုးကိုင် ခဲ့သည်။ သို့သော် ဒီမိုကရေစီအာဏာသုံးရပ်၏ ခွဲဝေမှုအရ
ဘတ်ဂျက်ခွဲဝေမှုမှာအပေါ် လွှတ်တော်၏ အတည်ပြုချက်ရယူရာ၌ သူ ထင်ထားသလို
ကြိုးကိုင်၍ မရခဲ့ပါ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ
ကုန်ကျစရိတ်ကြီးပြီး မလိုအပ်သည့် စီမံကိန်းများကို ရပ်ဆိုင်း၊
ဖြတ်သိမ်းပြီး အစိုးရဝန်ထမ်းများအား အခြေခံ လစာတိုးမြှင့်ပေးရေးအဆိုကို ပြည်ထောင်စုလွှတ်တော်တင်သွင်းခဲ့သည့်အတွက် အဆိုပါ အထူး စီမံ ကိန်းများကို တချို့ရပ်ဆိုင်း၊ တချို့ဖြတ်သိမ်းခဲ့ရသည်။
ဦးတင်အောင်မြင့်ဦးအနေဖြင့် ဒုတိယသမ္မတအဖြစ်နှုတ်ထွက်ခြင်းအပေါ် နိုင်ငံရေးကန့်လန့်ကာနောက်ကွယ် သို့ ဝင်ရောက်သွားပြီဖြစ်သော တပ်ချုပ် ဟောင်းကြီး ဗိုလ်သန်းရွှေမှာ သဘောကျမည်တော့မဟုတ်ပါ။ ၂၀၁၀ဖွဲ့စည်းပုံအခြေခံဥပဒေအရ
ကာကွယ်ရေးဦးစီးချုပ်မှ အဆိုတင်သွင်း သည့် တပ်မတော် သားကိုယ်စားလှယ်များက
ရွေးချယ်သည့် ဒုတိယသမ္မတတစ်ဦးဖြစ်သည့် အတွက်ကြောင့် တပ်မတော်နှင့်
အကျိုးစီးပွားများ ခိုင်မာစွာ ချည်နှောင်ထားသည့်သူ လည်း ဖြစ်သွားမည့်
သဘောရှိသည်။ ထို့အပြင် ကာကွယ်ရေးဦးစီးချုပ်မှာလည်း ဒုတိယသမ္မတနေရာနှင့် ရာထူးခြင်းတူသည့် သဘောမျိုးလည်း သက်ရောက် လျက်ရှိသည်။ စီးပွားရေးမှာ လည်း လုပ်ဝါးကြီးအုပ်လုပ်ပိုင်ခွင့်ရှာသည့် စီးပွားရေး တနည်း crony စီးပွားရေး အားနည်းသွားပြီဖြစ်သောကြောင့် ယင်း ခရိုနီ များကို မွေးစားခဲ့သည့် ဦးတင်အောင်မြင့်ဦးအနေဖြင့်လည်း လုပ်ပိုင်ခွင့်များပေးဖို့ အားနည်းသွားပြီလည်းဖြစ်သည်။
ယခုအခါတွင် နေပြည်တော်အတွင်းစည်းဝိုင်းအတွင်း ခေါင်းဆောင်မှု အပြောင်းအလဲ ဖြစ်ထွန်းနိုင်ချေ ရှိသည့် သတင်းများထွက်ပေါ်လျက်ရှိသည်။ သမ္မတအကြံပေးတစ်ဦးဖြစ်သော ဦးကိုကိုလှိုင်က ပြည်ပသတင်းမီဒီယာတစ်ခုဖြစ်သော
Bloomberg မှထုတ်လွှင့်သည့်သတင်းတွင် သမ္မတမှာ ပထမ သက်တမ်း ၅နှစ်အပြီး
ပြုပြင်ပြောင်းလဲမှုများကို အောင်မြင်စွာ လုပ်ဆောင်နိုင်ပါက
အနားယူဖို့များသွားပြီ ဖြစ်ကြောင်းကို ပြောကြားသွားခဲ့သည်။ သမ္မတ
ဦးသိန်းစိန်လို ပြုပြင်ပြောင်းလဲရေးခေါင်းဆောင်တစ်ဦး
အနားယူသွားလျှင် သမ္မတဖြစ်လာ နိုင်သူမှာ ယခု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
သူရဦးရွှေမန်းဖြစ်သည်။ သူရဦးရွှေမန်းမှာ ယခင်အစိုးရလက်ထက်က နံပါတ် (၃)
နေရာမှာရှိနေသည့်အတွက် ဝန်ကြီးချုပ် ဦးသိန်းစိန်ထက် မြင့်နေရာမှ
ယခုစနစ်အပြောင်းတွင် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ အဖြစ်ရောက်ရှိသွားသော ကြောင့်
နိုင်ငံတော်သမ္မတထက် ရာထူးအားဖြင့် နိမ့်ကျသွားခဲ့သည်။ ထို့အပြင် သူသည်လည်း
ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်တစ်ဦးဖြစ်သောကြောင့် နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို
ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွား မည် သာဖြစ်သည်။ နိုင်ငံ တိုင်းတွင်း
သမ္မတတိုင်းလိုလို စိန်ခေါ်မှုများနှင့် တွေ့ကြုံနေရသည်။
ယင်းစိန်ခေါ်မှုများကို ကျော်လွှားနိုင်၊ မနိုင် ပေါ်မူတည်၍ သူတို့၏
ခေါင်းဆောင်မှုကို တိုင်းတာကြသည်။ စနစ်အပြောင်းအလဲကို ခေါင်းဆောင်နေသည့်
သမ္မတဦးသိန်းစိန်မှာလည်း စိန်ခေါ်မှုများဖြင့် ပြည့်လျက် ရှိသည်။
အတိုင်းအတာတစ်ခုထိ ကျော်လွားသွားခဲ့သည်တောင် ပြည်တွင်း၊ နိုင်ငံတကာက
ချီးကျူးခဲ့သေး လျှင် ပြီးမြောက်အောင်မြင်စွာ အပြောင်းအလဲများကို
အကောင်အထည်ဖော်နိုင်မည် ဆိုပါက သမိုင်း မှတ်တမ်းဝင်သည့်
ခေါင်းဆောင်တစ်ဦးဖြစ်မှာ မလွဲဧကန်ပင်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
မိုးမြင့်ငြိမ်း(yangonchronicle)
No comments:
Post a Comment