Friday, May 25, 2012

ဖယောင်းတိုင် ဦးကိုကိုလှိုင်

ဖယောင်းတိုင် ဦးကိုကိုလှိုင်

င်္ဒီကနေ့ Facebook စာမျက်နှာကို သိမ်းပိုက်ထားသူကတော့ သမ္မတအကြံပေး ဦးကိုကိုလှိုင် ဖြစ်ပါတယ်။

သူ့ရဲ့ မနေ့က မီဒီယာရှင်းလင်းပွဲ စကားလုံးတွေကို Facebook မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်နေကြပါတယ်။

ဦးကိုကိုလှိုင်ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကတော့ အင်မတိ အင်မတန် ချီးကျူးပြောဆိုစရာပါပဲ။

သမ္မတဦးသိန်းစိန်ကို အကြံတွေ ပေးနေရုံမက ပြည်သူတွေ အခက်အခဲ ဘယ်လိုဖြေရှင်းသင့်၊ ရင်ဆိုင်သင့်တယ် ဆိုတာတွေကိုပါ မီဒီယာများကတဆင့် အကြီးအကျယ် အကြံပေးနေတာ တွေ့ရပါတယ်။

ဖယောင်းတိုင်ထွန်းကြပါ ဆိုတဲ့ သူ့ရဲ့ တိုက်တွန်းချက်ကိုလည်း Facebook အပါအ၀င် မီဒီယာမျိုးစုံမှာ ဖော်ပြထုတ်လွှင့်နေကြပါပြီ။ (အထက်ဖော်ပြပါ ဓာတ်ပုံလည်း Facebook ကပါပဲ)

ဦးကိုကိုလှိုင်တယောက် ဖယောင်းတိုင်စက်ရုံမှာ ရှယ်ယာတွေ ပါဝင်ထားခြင်း မရှိမရှိ ဆိုတာကိုတော့ မသိရသေးပါဘူး။

သူ့ရဲ့ ဖယောင်းတိုင်အရောင်းမြှင့်တင်ရေး နဲ့ နာဂစ်ကာလ အရေးအသားတွေအကြောင်းကတော့ Facebook မှာ ရက်အတန်ကြာ ရှိနေဦးမယ်လို့ ယူဆရပါတယ်











 



မနေ့က လူထုတွေရွံ့ရှာလောက်တဲ့စကားတွေသုံးခဲ့တဲ့ ပုဂ္ဂိုလ်ကြီးကို ဂုဏ်ပြုချင်တဲ့သူတွေအတွက် ဆွဲထားတာပါ၊လူထုတွေ ကိုယ်ကြိုက်တဲ့အသုံးအနှုန်းဖြည့်စွတ်ပြီး အားပါးတရ ဂုဏ်ပြုနိုင်ကြပါတယ်...



 
 
 "ဖားရှာစား ငါးရှာစား" ဆိုပြီး စော်ကားပြောဆိုသူကဦးသိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေး...
 
 


တို့ ဟာတို့ ပြန်ပေး ... ခိုးရောင်းခဲ့တာ
(သူခိုးတွေကိုလက်ဆုပ်လက်ကိုင်မိထားပြီ)
 
 
 

No comments: