Than Soe Hlaing - Some are more equal than others ?
လူတဦးချင်းအခွင့်အရေး၊
သတင်းသမားအခွင့်အရေး၊ လုံခြုံရေးသမားအခွင့်အရေး၊
သန်းစိုးလှိုင်
(မိုးမခ ) ။ ရန်ကုန်။ မေ ၁၄၊ ၂၀၁၂
၂၀၀၉ ခုနှစ်တုန်းက ထိုင်းနိုင်ငံ ဖူကက်တွင် ကျင်းပသည့်
အာဆီယံထိပ်သီးဆွေးနွေးပွဲ အဖြစ်ကိုအမှတ်ရသည်။ြေ
မာက်ကိုးရီးယားကိုယ်စားလှယ်အဖွဲ့ သတင်းစာရှင်းလင်းပွဲလုပ်သည်နှင့်
သတင်းထောက် အရေအတွက်
ရာကျော်မှာ လှုပ်လှုပ်ရွရွဖြစ်နေကြသည်။ သူ့ထက်ငါ အရှေ့ရောက်အောင်
မေးခွင့်ရအောင် တိုးဝှေ့ကာ ကိုးရီးယား ကိုယ်စားလှယ် အဖွဲ့ဖြတ်လာမည့်
လျှောက်လမ်းမှာစောင့်နေကြသည်။
ထို့အထဲမှာေ တာင်ကိုးရီးယားနိင်ငံမှ သတင်းထောက်တွေကအတက်ကြွဆုံး၊
နှစ်နိုင်ငံကွဲနေသည့် အနက် မြောက်ကိုးရီးယားနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့
ဖြတ်လာလျှင် အနားကပ်ကာမေးဖို့ ပြင်ဆင်ကာ လှုပ်လှုပ်ရှားရှားဖြစ်
နေခြင်းဖြစ်သည်။ သတင်းထောက်များကိုလည်း ပွဲကျင်းပသည့် ဟိုတယ်နှင့်
ကွန်ဖရင့် ၀န်ထမ်းတွေက စည်းကျော်ပြီး ရုတ်ရုတ်သဲသဲ မဖြစ်အောင်
စောင့်ကြည့်နေကြသည်။
ခဏအကြာေ မာက်ကိုးရီးယားကိုယ်စားလှယ်အဖွဲ့လာသည်နှင့်
တောင်ကိုးရီးယားသတင်းဋ္ဌာနက သတင်းထောက်တွေ အတင်းရှေ့တိုးကာ
မေးခွန်းတွေမေးကြသည်။ ၃ ပေသာသာအကျယ်ရှိသည့် လျှောက်လမ်းစည်းပေါ်ကျော်လာသည့်
သတင်းထောက်တွေကို ကွန်ဖရင့် ၀န်ထမ်းတွေက ကိုယ်နှင့်ကာပြီးတားဆီးဖို့
ကြိုးစားကြသည်။ေ လျှာက်လမ်းပေါ်ကျော်ထွက်လာသည့် သတင်းထောက်ကို
ထိုင်းဝန်ထမ်းက လက်နှစ်ဖက်ဖြင့် ကာထားသည်။ ကာ၍ မရသည့် သတင်းထောက် တဦးကို
ထိုင်းဝန်ထမ်း တဦးကဖက်ကာ ချုပ်ထားသည်။ တောင်ကိုးရီးယားသတင်းထောက်ခမျာ
ကွန်ဖရင့် ၀န်ထမ်းနှင့် တဦးချင်းမျက်နှာချင်းဆိုင် ဖက်လက်နှစ်ဘက်ဖြင့်
ပွေ့ပြီး ချုပ်ထား၍ေ ရှ့သို့ တိုးမရနိုင်တော့။ သတင်းထောက်က အင်အားဖြင့်
ရုန်းကာခုန်သည့် တောင်ကိုးရီးယားသတင်းထောက်တဦးမှာတော့ သူရော
ထိုင်းဝန်ထမ်းပါ ခုန်ဆွခုန်ဆွဖြစ်ကာရှေ့သို့ ပါသွားသည်ကိုတွေ့ရသည်။
ဤအဖြစ်ကိုမြင်တွေ့ပြီး သူတို့နိုင်ငံမှာ နိုင်ငံတကာထိပ်သီးညီလာခံတွေ၊
စည်းဝေးပွဲတွေမှာ သတင်းမီဒီယာကို ဘယ်လိုကိုင်တွယ် ကြသလဲဆိုတာ
မှတ်သားခဲ့ရသည်။
ယခင်တပတ်ကတော့ရွှေမင်းသားဖောင်ဒေးရှင်းပွဲမှာသတင်းထောက်
တယောက်ကဓါတ်ပုံရိုက်ဖို့ ကြိုးစားရင်းလုံခြုံရေးနှ င့် ပြဿနာဖြစ်ကြသည်။
“လုံခြုံရေး”က ဓါတ်ပုံမရိုက်ရန် ပြောသည်ကို နားမထောင်၍ ဆိုကာ
လက်ကိုပုတ်ပြီး ပြောဆိုရာမှ နောက်ပိုင်းအိမ်သာထဲထိခေါ်ဆောင်သွားကာဆဲဆိုသည့်
အထိ ဖြစ်ပွားခဲ့သည်။
အဲသည့်နောက် “လုံခြုံရေး” က “မင်းတို့က ပိုက်ဆံရလို့ လုပ်တာ၊ ငါတို့က ထောင်ကျခံပြီး
လုပ်တာ …” ဆိုတဲ့ စကားတြွေေ ပာတော့ ပြဿနာက ပိုကြီးလာသည်။ ယခုပြဿနာကြောင့်
ဂျာနယ်တိုက်က အန်အယ်လ်ဒီရုံးသို့ စုံစမ်းစစ်ဆေးပေးဖို့ စာပို့ခဲ့သည်။
ဒီအဖြစ်အပျက်ဖြစ်ကြပြီဆိုရင် အမှန်ကတော့
ဖြေရှင်းစရာကိစ္စတခုဖြစ်လာပြီဖြစ်သည်။ ဘယ်လိုဖြစ်သလဲ။ ဘယ်သူကဘာလုပ်လို့၊
လုံခြုံရေးကဘာလုပ်လိုက်တယ်။ ဘယ်လိုပြောလိုက်တယ် ဆိုတာမေးမြန်းရမယ့် ကိစ္စ
တခုဖြစ်လာပြီလို့ ထင်ပါသည်။
ဖြေရှင်းရမည့် ကိစ္စတရပ်
ဘယ်သူမှန်တယ် ဘယ်သူမှားတယ်လို့ ဆုံးဖြတ်ချက် မချနိုင်သေးတော့ အဖြစ်အပျက်ကို
တာဝန်ရှိသူ လူကြီးတွေ အနေနဲ့ မေးမြန်းပြီးဖြေရှင်းပြောဆိုရမယ့်
အခြေအနေလို့ မြင်မိသည်။ ကားလမ်းမမှာ ခြံရှေ့မှာ အ၀င်အထွက် လူအုပ်ကြီးနဲ့
တရုန်းရုန်းဖြစ်နေတဲ့ အနေအထားမျိုးမှာ ထိမိတိုက်မိတာ ဆိုလျင် ကိစ္စမရှိပါ၊
တစုံတရာ အန္တရာယ်ပြုမယ်ထင်လို့ လှမ်းဆွဲတာ ၊ လှမ်းချုပ်တာမျိုးကိုလုံခြုံရေး
တာဝန်ယူသူက လုပ်လျှင်လည်း အပြစ်မဆိုသာပါ။ ယခုအခြေအနေက ခန်းမထဲတွင်
ငြိမ်သက်နေသည့် ပတ်ဝန်းကျင်မျိုး ဒေါ်အောင်ဆန်းစုကြည်လည်း ခုံမှာ
ထိုင်နေသည့် အချိန် သတင်းဓါတ်ပုံရိုက်ရင်း ဖြစ်သည့် အတွက် အခြေအနေမှာ
အန္တရာယ်ရှိသည်ဟု
မဆိုနိုင်ပါ။
ဖြစ်သင့်သည်မှာ အဖြစ်အပျက်ကို နှစ်ဖက်စလုံး မေးမြန်းပြီး ဖြေရှင်းမှု
တခုထုတ်ဖို့ကောင်းသည်ဟု မြင်သည်။ေ လာလောဆယ် သတင်းထောက်မှာ အိမ်သာထဲ
ဆွဲခေါ်ခံရပြီး ထိုးမယ်ကြိတ်မယ့် အခြေအနေရောက်ခဲ့သည်ကို
ခံရသူနှင့် မျက်မြင်သက်သေအချို့က ပြောဆိုထားပြီးဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အရေးကြီးသည်၊ အသက်တမျှ အရေးကြီးသည်ဆိုသည့်
အဆိုပြုချက်ဖြင့် အဖြစ်အပျက်တိုင်းမှာ လုံခြုံရေးအမြဲမှန်သည် ဟု
ကောက်ချက်ချလျှင် မမှန်ပေ။ အသက်တမျှအရေးကြီးသည်ဆိုသည့် အချက်ကို လက်ခံသည်။
ထိုနေ့က အခြေအနေသည် လုံခြုံရေး ခြိမ်းခြောက်သည့် အနေအထားမဟုတ်သည်ကို
ပွဲတွင်ရှိသူတိုင်း လက်ခံကြမည်ဖြစ်သည်။
တစုံတရာ ခြိမ်းခြောက်မှု မရှိပါပဲနှင့် သတင်းသမားဖြစ်ဖြစ် အရပ်သား တဦးတယောက်
ဖြစ်ဖြစ် ကြိမ်းလားမောင်းလား၊ ပိုက်ဆံရသည့် အလုပ်၊ ထောင်ကျခံ၍
လုပ်သည့်အလုပ်ဟု ခွဲခြားနှိမ်ချပြောဆိုစရာ အကြောင်းမရှိဟု ထင်သည်။
လူတိုင်းလူတိုင်းတွင် တဦးချင်း အခွင့်အရေး ရှိကြသည်။ တစုံတရာ
အမှားအယွင်းလုပ်မိလျှင် သူ့ကို ကောင်းကောင်းမွန်မွန်ြေ ပာဆိုဆုံးမနိုင်သည်။
ဆုံးမသည်ကို လက်မခံလျှင် သူ့အလုပ်မှ ရာထူးကြီးသူ တာဝန်ခံကို
ဆက်သွယ်တိုင်ကြားနိုင်သည်။ သူ့အသက်မွေး ၀မ်းကျောင်း အလုပ် ကိုစော်ကားသည့်
အသုံးအနှုန်းမျိုြးေ ပာဆိုဖို့ အကြောင်းမရှိပေ။
အာဏာရှင် ခေတ်ရဲ့အမွေ
အာဏာရှင် လက်အောက် နှစ် ၅၀ နီးပါး နေလာသည့်တလျှောက် မြန်မာနိုင်ငံမှာ တရား
ဥပဒေစိုးမိုးမှု မရှိခဲ့ပေ။ စစ်ဗိုလ်ချုပ်များ ကားတန်းလာသည့် အခါ လမ်းတွင်
သွားလာနေသည့် ယာဉ်အားလုံး ရပ်ပေး၊ လမ်းဘေးချပေး
ကြရသည်။ လမ်းဘေး မြန်မြန်မချပေးသည့် ကားသမား၊ ဆိုက်ကားသမားတို့မှာ စစ်ကား
ရဲကားမှ အရိုက်ခံရ၊ အခြိမ်းခြောက်ခံကြရသည်။
စစ်အာဏာရှင် စနစ်ဖြစ်၍ အုပ်ချုပ်သူ တို့ရဲ့ အသက်သာအရေးကြီးပြီး သူတို့ရဲ့
အချိန်သည်လည်း အဖိုးတန်ကာ ခရီးသွားသူ ကား၊ ဆိုက်ကား မောင်းနှင်
ဝမ်းစာရှာနေသူတို့ရဲ့ အသက် အချိန်မှာ တန်ဖိုးမရှိဟု
ယူဆခဲ့ကြသည်။
အာဏာရှင်ခေတ်၊ တပါတီစနစ် ခေတ်အောက်တွင် ဗီအိုင်ပီတို့သည်
တိုင်းသူပြည်သားတို့၏ အထက်တွင်ရှိသည်။ သူတို့၏ အရေးကိစ္စသည်
အားလုံးထက်အရေးကြီးသည်။ ထိုဗီအိုင်ပီတို့ကို ထိခိုက်ခြင်း၊
နှောက်ယှက်ခြင်းသည် နိုင်ငံတော်ကို ထိခိုက်ခြင်း၊ အချုပ်အချာကို
ထိခိုက်ခြင်း၊ ယုတ်စွအဆုံး ပြည်သူလူထုကိုပါ ထိခိုက်ခြင်းဖြစ်သည်ဟု
ဗီအိုင်ပီတို့နှင့် လက်ဝေခံတို့က အမြဲတန်း ၀ါဒဖြန့် ချိန်းခြောက်ခြင်း
အနိုင်ထက်ပြုမူခြင်းကို ပြည်သူတို့က ခံစားခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ။
ထို့အတူ အာဏာရှင်တို့၏ လက်အောက်တွင် အဆိုပါ လက်တဆုပ်စာ လူတစုကလွဲ၍
မည်သည့် လူထု၊ လူတန်းစား၊ တသီးပုဂ္ဂလတို့တွင်မဆို တဦးချင်း၊
လူတန်းစားတခုချင်းစီ၏ ရပ်တည်ချက်၊ ခံစားခွင့်၊ တာဝန်ဝတ္တရားတို့၏
အခမ်းကဏ္ဍတို့မှာလည်း တန်းတူညီမျှ လေးစားတန်ဖိုးထားမှုတို့
မခံစားခဲ့ရသည်မှာလည်း ခေတ်စနစ်၏ ဆိုးမွေဟု ဆိုရပေမည်။
ယခုတော့ ဒီမိုကရေစီဆီသို့ ချီတက်နေပြီ ပွင့်လင်းလာသည့်ခေတ်၊
“လူတဦးချင်းစီရဲ့ အခွင့်အရေး တန်ဖိုးထားလာသည့်ေ ခတ်” တွင် Rule of Law
ဟုဆိုသည့် “တရားဥပဒေ
စိုးမိုးရေး” ဖြင့် တန်ဖိုးထားသည့် အရာများကို ကာကွယ်ကြရမည်သာ ဖြစ်သည်။
ပါမောက္ခဖြစ်ဖြစ် စစ်ဗိုလ်ချုပ်ဖြစ်ဖြစ် ဆိုက်ကားသမား ဖြစ်ဖြစ်
လူ့အခွင့်အရေးက ညီတူမျှတူရှိရမှာ ဖြစ်သည်။ ပါမောက္ခ၊ လွှတ်တော်အမတ်အတွက်
ဆိုက်ကားသမားက သူ့အခွင့်အရေး ကို စတေးပေးရမည့် ခေတ်မဟုတ်တော့ ဟုထင်ပါသည်။
လူတဦးချင်းစီ၏ ဂုဏ်သိက္ခာ သူ့တန်ဖိုးကို စော်ကားခြင်းသည် ဒီမိုကရေစီတန်ဖိုးများအား အလေးမထားခြင်း ပင်ဖြစ်ပေမည်
မိမိတို့အနေနှင့် အထက်ပါဖြစ်ရပ်ကို အားလုံးသော ပြည်သူ၊ လူတန်းစားနှင့်
တဦးချင်းစီက ကောင်းကျိုးကို ဦးတည်သော ဆင်ခြင်နှလုံးသွင်းမှု၊
သင်ခန်းစာယူမှုတို့ဖြင့် အမြတ်ထုတ်ပြီး ဆက်လက် ချီတက်ကြရန်ဖြစ်သည်။
။
No comments:
Post a Comment