Monday, May 7, 2012

တိုက်ပွဲကြားမှာ သူရဲကောင်းတွေ ရှိတယ်---


9:13pm May 6


[By Wai Maw ]


- ဖိုးသောကြာ


4, 5 , 2012




မြန်မာ နိုင်ငံရေးသည် -"ပြည်ထဲအရေး ပေါက်နှင့်ကျေး _တိမ်တောင်သဖွယ် ၊ မင်းရေးကျယ်" ဆိုသော စကားနှင့်အညီ မြန်မာ့နိုင်ငံရေးသည် အကောင်း ဘက်သို့ ဦးတည် နေသည် ဆိုသော်ငြားလည်း အချိန်မရွေး နောက်ပြန် လှည့်သွား နိုင်သည် ဆိုသော ကုလသမဂ္ဂ အတွေင်းရေးမှုးချုပ် ဘန်ကီမွန်း နှင့် ၊အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကယ်လင်တန်တို့၏ သတိပေး ပြောကြားကြသည် ကို ကြားနေရသည်။




"စစ်အစိုးရ၏ ၂၀၀၈ အခြေခံဥပဒေကို ပြင်မည် " ဟု လူထုကို ဟောပြော စည်းရုံး၍ မဲနိုင်လာသော ဒေါ်အောင်ဆန်း စုကြည်သည် ၂၀၀၈ အခြေခံ ဥပဒေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပါမည်ဟု ဂတိ သစ္စာ ခံယူလိုက်သာကြောင့် နိုင်ငံရေး သမားတို့ အကြားတွင်လည်း ၀ိဝါဒ ကွဲပြားနေသည်ကို လေလှိုင်းတွင် ကြားရ ၊ အင်တာနက် စာမျက်နှာ များတွင် ဖတ်ရသည်။




ပြည်တွင်းတွင် လွှတ်တော်တွင်းသို့ ဒေါ်အောင်ဆန်းစုကြည် ၀င်ရာက်သည်ကို မြင်လိုသော အုပ်စုများက အကောင်းမြင်ကြ သော်လည်း ပြည်ပ ကျည်လွတ်မြေ တွင်ရောက်နေသော (လွတ်မြောက် နယ်မြေရောက်) ရဲရဲ တောက်များကမူ ပြင်းပြင်းထန်ထန် ဝေဖန်သည်ကို ဖတ်ရသည်။






ထိုအခါ သတင်းစာ ဆရာကြီး လူထု ဦးစိန်ဝင်းပြောသော စကားကို ပြေး သတိရမိသည်။


အကြောင်းကြောင်း ကြောင့် ပြည်ပကိုရောက်နေတဲ့ သူတွေက" ပြည်တွင်းမှာ အဖမ်းခံ၊ အနှိပ်စက်ခံ၊ ထောင်ကျခံပြီး နိုင်ငံရေး လုပ်နေတဲ့ သူတွေကို မစော်ကားမိ ကြစေချင်ဘူးတဲ့။"




အခုပြည်ပမှာ ရဲရဲနီနေသူတွေ ထဲမှာ


-- ဘယ်သူကဖြင့် စစ်အစိုးရက မဖမ်းခင်က ပြေးကြတာတွေ၊


-- ဘယ်သူကဖြင့် ခွင်တည့်မှာ မြင်ပြီး ပြည်ပ ထွက်ကြတာတွေ၊


-- ဘယ်သူက တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်း မယားနှစ်ယောက်ကြား ကူးလူး ဗျာများ နေတာတွေ၊


-- ဘယ်သူကဖြင့် ပြည်တွင်းက ထွက်လာကတည်းက စမောလေးပါ ကယ်ရီချိတ် လာတာတွေ၊


-- ဘယ်သူကဖြင့် တဆွေလုံး တမျိုးလုံး ဒီမိုကရေစီ အရေး ဘန်းပြ ပြည်ပ အခြေချခွင့် ရအောင်လုပ်တာတွေ၊


-- ဘယ်သူကဖြင့် ဒီမိုကရေစီထောက်ပန့် ကြေး ခွအုပ်-ဘတုတ် လုပ်တာတွေ


ဆရာကြီး လူထု ဦးစိန်ဝင်းက ထုတ်မပြောတာပဲ ရင်ထဲမှာ မနည်းသိမ်းထားပုံ ရပါတယ်။






ပြည်ပရောက် ရဲရဲတောက်တွေက သူတို့ လုပ်တာ ပြည်တွင်းက လူတွေ မသိနိုင်ဘူး ထင်ပြီး၊ မကောင်းတာ မှန်သမျှ နည်းမျိုးစုံသုံး ဖုံးမိကြ၊ ကိုယ်ကောင်းတာ လုပ်တာကြတော့ ဘီဘီစီ၊ ဗွီအိုအေ၊ အာအက်ဖ်အေ၊ ဒီဗွီဘီတို့နဲ့ ပေါင်း၊ လူထုကြားအောင် ခွင်ရိုက်၊ ချိတ်ဆက်၊ သတင်းတွေထုတ်ကြ၊ သတင်းဌာန တွေကလည်း တောကြက်ဝိုင်း သာသာ လူတစ်စု စည်းဝေးပွဲကို ကမ္ဘာ့ အရေးအခင်းကြီး တစ်ခု ဖြစ်တော့ မယောင် ပုံကြီးချဲ့ ထုတ်လွှင့်ကြနဲ့ (သတင်းအခလည်းရ၊ ထုတ်လွှင့်ချိန်လည်းပြည့်) ဘုန်းကြီးရူးနဲ့ လှေလူးတို့ ခွင်တည့်တည့် လုပ်ကိုင် စားသောက်ခဲ့တဲ့ နှစ်-၂၀ ကျော် ဇာတ်လမ်းကို၊ တိုးတက်လာတဲ့ အင်တာနက် စွမ်းအားကြောင့် ပြည်တွင်း ကလူတွေ မသိချင် အဆုံး ဖြစ်နေကြပါပြီ။






တလောက ဥရောပရောက် မိတ်ဆွေ တစ်ဦးနှင့် စကားပြောရရာတွင် မှတ်သားဖွယ် စကားတစ်ခု သိကြားလိုက်ရသည်။ ထိုအရာမှာ -ကရင်ခေါင်းဆောင် ဗိုလ်မှူး ထူးထူးလေး ဟောပြော ရှင်းလင်ပွဲကို သူ တက်နားထောင် ရကြောင်း၊ သူ ရှင်းလင်း ပြောကြားသည့် အထဲတွင် -


-- မိမိတို့သည် နိုင်ငံရေး ရှေ့ သို့ ရွေ့ မည်ကို လိုလားကြောင်း၊


-- စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုလားကြောင်း၊


-- နောက်ပြန် ပြန်မလှည့်စေလိုကြောင်း၊


-- ၂၃ နှစ်ကျော်ကြာ ဂျာအေး သူ့အမေရိုက် ၊နိုင်ငံရေး ဇာတ်မြောတွင် ဆင်းရဲတွင်းနစ်လျှက် မနေလိုကြသူတွေ ရှိနေကြကြောင်း၊


-- နအဖ စစ်တပ်ထဲတွင်ရော၊ ပြည်တွင်းပြည်ပ နိုင်ငံရေး အဖွဲ့ အစည်းများ ထဲတွင်ရော၊ တိုင်းရင်းသား လက်နက်ကိုင်များ အကြားတွင်ရော၊ ကုန်ကုန်ပြောရလျှင် မိမိတို့ ကရင်လက်နက်ကိုင် များထဲတွင်ပါ အရွေ့ ကို မလိုလားသူများ ရှိနေကြောင်း၊


-- တချို့က မိမိရရှိထားသော အခြေ အနေတွင် ပျော်မွေ့ လိုသူများ ရှိကြကြောင်း၊


-- အချို့ကမူ ဘာပဲ ဖြစ်နေ ဖြစ်နေ စစ်ကို တိုက်ချင်နေတဲ့ လူတွေလည်း ရှိကြောင်း၊


-- မိမိတို့ အဖွဲ့ အနေနှင့်မူ နိုင်ငံရေး ရှေ့ သို့ ရွေ့ စေမည့် အလုပ်ဖြစ်မည့်သူများနှင့်သာ ပူးပေါင်း လုပ်ကိုင်လိုကြောင်း ပြောသွားပါသတဲ့။




ခက်သည်က "ကျား-ကျား မီးယပ် " ဆိုသော စကား လက်ကိုင်ထားသည့် နလပိန်းတုံး တတ်ယောင်ကား၊ ကြောင်တောင်တောင် စားဖား ကပ်တီး နိုင်ငံရေး ဂုရု ယောင်များသည် ဖြစ်သင့်သည်ထက်၊ မိမိတို့ ၀ါဒ အစွဲကို ရှေ့ တန်းတင်ကာ ကျည်လွတ်မြေမှ အရူးချေးပန်း ပြောဆိုနေကြသည်ကို အရှက်ကမ်းကုန်စွာ မြင်ရသည်။






ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်း မ၀င်ဘဲ နေမည်၊ လမ်းမပေါ် လူထု နိုင်ငံရေး ပြန်လည်ထွန်းကာလာပြီး စစ်တပ် တဘက်သတ် နှိမ်းနင်း၊ ဗိုလ်ကျလျှက်၊ စားပေါက်ချောင် ( ပရိုပိုဇယ်တောင်း) နိုင်ငံရေး ပြန်လည် ထွန်းလာလာမှ သူတို့ ဘ၀ စိုပြေမည်ကို တမ်းတနေကြသည်။


(ဓားပြ၊ သူခိုး၊ လူလိမ် )နအဖ စစ်ဗိုလ် တို့နှင့် ပြိုင်လျှက် နိုင်ငံတကာနှင့် ဒေါ်အောင်ဆန်းစုကြည် ပူးပေါင်းဆောင်ရွက်မည်၊ တိုင်ပြည်အရေး ဖြစ်သင့်သည်ကို ဦးစာေးပး လုပ်ဆောင်နေသည်ကို ကန့်လန့်တိုက်ပြောဆို လုပ်နေကြသည်မှာ အခွက်ပြောင်လှသည်။






ယနေ့ ကမ္ဘာ့ အရေးအခင်းသည် ဘယ်ဘက်ကို ပြောင်းနေသည်၊ ဘယ်သို့ ဦးတည်နေသည်၊ မည်သူနှင့် ပေါင်းလျှင် ကိုယ့်တိုင်းပြည် ကြီးပွါးနိုင်မည်၊ မည်သူနှင့်ပေါင်းလျှင် နစ်နာမည်ဆိုသည်ကို မျက်လုံးဖွင့် ကြည့်ရန်လိုသည်။


တလောကအသက်(၂၅) အရွယ် မူဆလင် ဘာသာဝင် နိုင်ငံခြားသား တစ်ဦးနှင့် စကားလက်ဆုံကြရာတွင် ထိုလူငယ်ထံမှ မထင်မှတ်သော စကားကြားရသည်။ သူပြောသည်မှာ-


အမေရိကန်နဲ့ နေတိုးအုပ်စုက အီရတ် ပြဿနာရှင်းပြီး သွားပြီ၊ လစ်ဗျား ကိစ္စလည်း ရှင်းပြီးသွားပြီ။ အာဖ၈န်နစ္စတန် ကိစ္စလည်း တော်တော် ထိရောက်အောင် လုပ်နိုင်ထားတယ်။ အီရန် ကို အစ္စရေးနဲ့ ထိန်းထားမယ်၊ ဆီးရီယား ကိစ္စ ပြီးရင် အာရှဘက် လှည့်လိမ့်မယ်၊ ခင်ဗျားတို့ မြန်မာပြည်ကိုတော့ တရုတ်ကိုထိန်းရင်း၊ မြောက်ကိုးရီးယားကို ထိန်းရင်း ၀င်ရှင်းဖို့ များတယ်တဲ့။






ဒီအခြေအနေတွေကို စစ်အစိုးရ ဘက်က သိလိုက်သမှ ပါးပါးကိုလှစ်လို့။ တရုတ်ကို တဖက်သတ် တွယ်ဖက်ထားရင် သူတို့ ဘာဖြစ်မယ်ဆိုတာ မသိပဲနေပါ့မလား။




ဒေါ်အောင်ဆန်းစုကြည် ထံကို အနောက်ကမ္ဘာ၊ ဥရောပ နိုင်ငံများ၊ အာရှက ဒီမိုကရေစီ မဟာမိတ် နိုင်ငံတွေက ခေါင်းဆောင်တွေ ၀င်ထွက်နေတာ ကြည့်ပြီး သူတို့ ဘက်က လျှော့သင့်တာလျှော့၊ ဟန်ဆောင်ကာ မူပို ဆိုသလို ဟန်လေးနဲ့ ငြင်းသင့်တာငြင်း၊ တင်းသင့်တာ တင်း လုပ်ပြီး၊ ခိုးထုပ်ခိုးထည်လေးတွေပိုက်လို့ နိုင်ငံခြား လုပ်ငန်းရှင်တွေနဲ့ ရှယ်ယာ ဖက်စပ် လုပ်ပြီး ၊စီးပွါးရေး လက်ဝါးကြီး အုပ်ချင်နေတာ၊ ဆက်ခိုးခွင့် ရနိုင်သမျှ ရဖို့၊ နိုင်ငံရေး ကစားနေတာ ကြည့်တတ်ရင် ရှင်းရှင်း မြင်နိုင်ပါတယ်။




သူရဲကောင်းဆိုတာ တိုက်ပွဲကြားမှ ထွက်ပေါ်တယ် ဆိုတာ မမေ့သင့်ကြပါဘူး။


တိုက်ပွဲ တစ်ခု ကောင်းကျိုး ဆိုးပြစ်တွေကို တိုက်ပွဲကြားမှာ လက်ရှိ ဆင်နွှဲနေတဲ့ သူတွေက ဘေးထိုင် ဘိုင်ကျ ဘုပြောနေသူတွေထက် ပိုသိကြပါတယ်။




ဘုဂလန့် တိုက် နေတဲ့သူတွေဘက်က ဒေါ်အောင်ဆန်းစုကြည် လမ်းစဉ် မကြိုက်ကြဘူးဆိုရင် သူမ လုပ်နေတာထက် ပိုကောင်းမယ့် လမ်းစဉ် ရှိရင် တိုင်းပြည်ကောင်းစားဖို့ အတွက် ထုတ်ပြ သင့်ကြပါပြီ။




ဒါကြောင့်ပြည်ပ ကျည်လွတ်မြေကနေ တောင်အော် မြောက်အော် ၊ ဟော်ဟစ်နေကြတဲ့ မိမနိုင် ဖမနိုင် တတ်ယောင်ကား ဆရာ လုပ်ချင်နေသူများကို အပြောအဆို ဆင်ခြင်သင့်ကြပါပြီ။






သတိမူသင့်တာကို လက်တို့ရရင် -တရုတ်နယ်စပ်က အန်ကယ်ဖိုးသံချောင်း၊ အမေရိကန်က ဘာညာ ရာထူးပေါင်းစုံနဲ့ လေလှိုင်းမှာ ပြောခဲ့ဖူးတဲ့ ဒေါက်တာ သောင်းထွန်း၊ ဦးဘိုလှတင့်၊ အက်ဖ်တီယူဘီ- ကိုမောင်မောင်၊ မဲဆောက်က ဦးမြင့်သိန်း၊ ဥရောပက နယ်စားကြီး ဟန်ညောင်ရွှေတို့ ၊ အမ်ပီယူက အဖွဲ့တို့ ၊ အာလူးတွေ ရပ်ပြီး၊ ငြိမ်နေတာ အကြောင်းမဲ့ မဟုတ်ဘူးနော် ကွယ်ရို့။




ဖိုးသောကြာ- ထောင်ထွက်။ နိုင်ငံရေး ဒုက္ခသည်

No comments: