တရုတ်မြန်မာဆက်ဆံရေးနှင့် ရင်းနှီးမြုတ်နှံမှုသည် တနှစ်တာအတွက်
ဒေါ်လာဘီလံရာနှင့် ချီရှိပြီး တရုတ်ကုမ္ပဏီအများအပြား
မြန်မာနိုင်ငံတွင်ရှိနေသောကြောင့် မြစ်ဆုံ၏ နစ်နာကြေး
သည်တရုတ်အဖို့ ပြောပလောက်သည့်အရာမဖြစ်နိုင်ပေ။နှစ်နာမှုလျှော်ချေးတောင်းခဲ့မည်ဆိုလျှင်
ပေးစရာဆို့ လို့ လဒ်စားထားသူ သုံးလို့ မရတဲ့ ကျီးအိုကြီးနှစ်ကောင်
ထိုးကြွေးလိုက်
ဒေါင်းယောင်ဆောင်သောကျီးနှစ်ကောင်
မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ရေး ဆုံးဖြတ်ချက်ကြောင့် အံ့သြတုန်လှုပ်မိသည်ဟု
စီမံကိန်းတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားသော တရုတ်အစိုးရပိုင် China
Power Investment (CPI) ကုမ္ပဏီဥက္ကဋ္ဌက တနင်္လာနေ့တွင် ပြောဆိုလိုက်သည်။
"ဆိုင်းငံ့တယ်ဆိုတာက တည်ဆောက်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းတယ် ဆိုတာကို ပြောတာ
ဆိုရင်တော့ ဒါဟာ ဥပဒေကြောင်းအရ ဆောင်ရွက်စရာတွေ ရှိလာတော့မှာပေါ့" ဟု Mr.
Lu Qizhou က ပြောသည်။
ကျီးတွေလောက်တော့ လဒတွေလည်းလုပ်ပါတယ်။
မြန်မာနိုင်ငံကို လက်ညိုးထိုးရောင်းစားခဲ့သူများတွင် တာဝန်ရှိပါသည်။ကနဦး
စာချုပ်ချုပ်စဉ်ထဲက မြန်မာနှင့်တရုတ်အစိုးရခြား ပွဲစားလုပ်အကျိုးအမြတ်ရှာသူ
လောစစ်ဟန်၏သား စတီပင်လောအပါအ၀င် လည်းကောင်းတို့ သုံဖွဲ
့တွင်တာဝန်အရှိဆုံးဖြစ်ပါတယ်။မိမိတို့ 
သုံးဦးအကျိုးအမြတ်ရလိုမှုဖြင့် ခွဲဝေညှီနှိုင်းမှုများပြုလုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံမှ ဗိုလ်ချုပ်ကြီး
သန်းရွှေနှင့် သီဟသူရတင်အောင်မြင့်ဦးတို့ ဒေါ်လာ ၅ ဘီလီယံ အထိ ပေးအပ်ခဲ့ပြီး Asia World ကုမ္ပဏီမှ
ဒေါ်လာ ၅သန်းရှိခဲ့သည်ဟု သတင်းများထွက်ပေါ်နေကာ တရုတ် CPI
ကုမ္ပဏီနှင့်အပေးအယူလုပ်ပြီး လျှပ်စစ်ဓာတ် ၉၀ ရာနှုန်းကို တရုတ်နိုင်ငံသို့
နှစ်ပေါင်း ၅၀ ပေးပို့ မည်ဟုကတိပြုခဲ့ကြသည်။(အားလုံးသည် အကျိုးလို့ 
ညောင်ရေးလောင်းခြင်းဖြစ်သောကြောင့် ဥပဒေအရဆောင်ရွက်ရတော့မည်။)
မြစ်ဆုံဆည် ၂၀၀၆ ခုနှစ်တွင် CPI ကုမ္ပဏီ၊ မြန်မာနိုင်ငံ အမှတ် ၁
လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ Asia World ကုမ္ပဏီတို့ သဘောတူညီထားချက်အရ
မြစ်ဆုံဆည် စီမံကိန်းကို ၂၀၀၉ ခုနှစ်တွင် အစပြုခဲ့သည်။
စီမံကိန်းပြီးစီးလျှင် ထွက်ပေါ်လာမည့် လျှပ်စစ်ဓာတ် ၉၀ ရာနှုန်းကို
တရုတ်နိုင်ငံသို့ နှစ်ပေါင်း ၅၀ တိတိ ပေးပို့ရမည် ဖြစ်သည်။ ထိုကာလ
လွန်မြောက်လျှင် မြစ်ဆုံရေအားလျှပ်စစ်လုပ်ငန်းကို မြန်မာနိုင်ငံက ရရှိမည်
ဖြစ်သည်။
စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃.၆ ဘီလီယံ ရှိကြောင်းပြောခဲ့သည်။ သမ္မတဦးသိန်းစိန် ၏
မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ရေး ဆုံးဖြတ်ချက်သည် မိမိသက်တန်းတွင်
ရပ်ဆိုင်းထားမည်ဟု ပါရှိသည့်အတွက် စာချုပ်ကို
ချိုးဖေါက်ခြင်းမရှိသေးပေ။ရပ်ဆိုင်းကာလကိုသာ ဆွေးနွေးကြရမည်ဖြစ်သည်ဟု
နေပြည်တော် အသိုင်းအ၀ိုင်းတွင် ပြောနေကြသည်။ ဥပဒေအရ ချုပ်ဆိုခဲ့သည့်
စာချုပ်ကို နိုင်ငံတော်သမတက ရပ်ဆိုင်းထားမည်ဟု ပြောဆိုရာတွင် နိုင်ငံတကာ
ဥပဒေကို အကြေအလည် လေ့လာပြီးမှပြောဆိုခြင်း ဟုယူဆရသည်။
တရုတ်မြန်မာဆက်ဆံရေးနှင့် ရင်းနှီးမြုတ်နှံမှုသည် တနှစ်တာအတွက်
ဒေါ်လာဘီလံရာနှင့် ချီရှိပြီး တရုတ်ကုမ္ပဏီအများအပြား
မြန်မာနိုင်ငံတွင်ရှိနေသောကြောင့် မြစ်ဆုံ၏ နစ်နာကြေး
သည်တရုတ်အဖို့ ပြောပလောက်သည့်အရာမဖြစ်နိုင်ပေ။နှစ်နာမှုလျှော်ချေးတောင်းခဲ့မည်ဆိုလျှင်
ပေးစရာဆို့ လို့ လဒ်စားထားသူ သုံးလို့ မရတဲ့ ကျီးအိုကြီးနှစ်ကောင်
ထိုးကြွေးလိုက်တာပေါ့။ တိုင်းပြည်ကိုဒုက္ခရောက်အောင်လုပ်ခဲ့တာ။ဒီလူတွေကို
ဥပဒေကြောင်းအရ အရေးယူသင့်ပါတယ်။
စီးပွားရေးနယ်ချဲ့ တရုတ်ကွန်မြူနစ်ဟာ အိမ်နီးခြင်း မြန်မာနိုင်ငံကို
ရင်းနှီးမြုတ်နှီမှုတွေ အလုံးအရင်းနှင့်ဝင်လာနေပြီး တရုတ်လူမျိုးတွေလည်း
မြန်မာနိုင်ငံအတွင်း နည်းမျိုးစုံဖြင့် ၀င်ရောက် လာနေကြသည်။ အထက်မြန်မာပြည်
စီးပွားရေးလောကတွင် တရုတ်ကုမ္ပဏီများ တနေ့ ထက်တနေ့  များပြားလာနေသည်ဟု
နယ်ခံများက ပြောဆိုသည်။ အောက်မြန်မာနိုင်ငံသို့ လည်း ခြေဆန့် ၍ လာနေပြီး
ရန်ကုန်မြို့ တွင် တရုတ်ကုမ္ပဏီများ တိုးပွားလာနေသည်။
တရုတ်ကွန်မြူနစ်နိုင်ငံသည် ပြည်သူ့ ဆန္ဒကိုလေးစားသော လူ့ အခွင့်အရေးကိုလေးစားသော နိုင်ငံမဟုတ်
သောကြောင့် စီးပွားရေးအရင်းရှင်ကြီးဖြစ်ပြီး အာရှနိုင်ငံများထဲတွင်
စီးပွားရေးအင်းအားတောင့်တင်း လာသောကြောင့် အနီးတ၀ှိက်ရှိ
အိမ်နီးခြင်းနိုင်ငံများကို ငွေဖြင့်နယ်ချဲ့ လာနေသည်။တရုတ်နိုင်ငံက
ထိုထက်ပို၍ မြန်မာနိုင်ငံကို ပြုမှုရိုင်းစိုင်းလာပါက ပြည်သူ၏ဆန္ဒကို
ဖေါ်ထုတ်ကာ မြန်မာ့မြေမှ ရင်းနှီးမြုတ်နှံသူများကို အမြစ်ဖြုတ်
နိုင်ငံအတွင်းမှ နှင်ထုတ်ရန်သာရှိတော့သည်(သမိုင်းသာသကများမမေ့သင့်ပါ)
ဆော်ကားသူ တရုတ်၏ ကုမ္ပဏီများကို သပိတ်မှောက်ကြမည်။
No comments:
Post a Comment