သူတို့က
ပြောပြကြတယ်။ “အမရယ်၊ အမတို့ ၅ နှစ် ထောင်ကျတာကို ကျမတို့နဲ့ လဲပေး ဖို့
ထောင်မှူးမ ဆီမှာ ပြောပေးပါလား။ ကျမတို့နဲ့အမတို့နဲ့ လဲကြရအောင်။
ထောင်ထဲမှာ က ကောင်းကောင်း အိပ်ရတယ်။ လုံခြုံမှုလည်း ရှိတယ်။ မကောင်းပေမယ့်
အချိန်မှန် စားရတယ်” တဲ့။
သူတို့စကားလုံးတွေက
ကျမရင်ကို စူးရှပြီး ချွန်ထက်တဲ့ အရာတခုနဲ့ ထိုးဆွလိုက်သလို
ခံစားလိုက်ရပါတယ်။ သူတို့တွေမှာ အနာတွေ လည်း ပေါက်တယ်။ အပြင်မှာ
ရေမှန်မှန် မချိုးရတာရယ်၊ အနားမယူရတာရယ်၊ လူပေါင်းစုံနဲ့ ဆက်ဆံရ
တာတွေကြောင့် အိတ်ခ်ျအိုင်ဗီ (HIV) ပိုးဝင်လို့ အေအိုင်ဒီအက်စ် (AIDS)
ဝေဒနာ ခံစားနေကြ ရ ပါပြီ။ ထောင်ထဲမှာလည်း သူနာပြုဆရာမ ဒေါ်စိန်မှီက ဒီ
ကလေးမလေးတွေကို HIV/AIDS ကာကွယ် နည်းတွေနဲ့ ဆင်ခြင်ပုံတွေ
ကွန်ဒုံးအသုံးပြုပုံတွေကို သင်ပေးပေမယ့် မြန်မာပြည်ရဲ့မဖွံ့ဖြိုးမှု
ဆင်းရဲမွဲတေ မှုကြောင့် ဒါတွေကို မလိုက်လာနိုင်ကြပါဘူး။ ကွန်ဒုံးကို
မ၀ယ်နိုင်ကြပါဘူး။
ထောင်ထဲမှာတော့
ဒီ ကလေး မလေးတွေ ရေချိုးပြီးရင် လျှော်ထားတဲ့ အ၀တ်တွေကို သံဆူးကြိုးမှာ
လှမ်း ထားပြီး ကိုယ်တုံး လုံးလေးတွေ နဲ့ နေရတယ်။ ဘာကြောင့်လဲဆိုတော့
တထည်စိုရင် တထည်လဲစရာ မရှိ
ရှာကြဘူး။သူတို့က၁၅ရက်၊တလစသည်ဖြင့်ထောင်ကျတာဆိုတော့ပါလာတဲ့ အ၀တ်
အစားကောင်းလေးတွေ ကို တန်းစီးတွေက ဆေးလိပ် ၂၀၀ လောက်ပေးပြီး အ၀တ်ဟောင်းနဲ့
လဲယူကြတယ်။ သူတို့ကလည်း ပုံစံနဲ့ မစားနိုင်ကြတော့ ရောင်းပြီး
အ၀တ်ဟောင်းလေးတွေ ၀တ်ထားကြတယ်။ တချို့ကျတော့လည်း ထမင်းတန်း စီ ပေး၊
ပန်းကန်ဆေး ပေး၊ အ၀တ်လျှော် ပေးနဲ့ ဖြေရှင်းကြရှာပါတယ်။ တချို့လည်း
အိမ်သာအိုးဆေး၊ အိမ်သာ ဆေးနဲ့ ဖြေရှင်းကြတယ်။ ဒါကတော့ အောက်ခြေက ဆင်းရဲတဲ့
ပြည့်တန်ဆာမလေးတွေ ပါ။ အလယ် အလတ်တန်းစား မိန်းကလေးတွေ ကတော့ (ကန်တော့နော်)
ခေါင်းတွေက လက်ခံပြီး အိမ်တွေ တိုက်တွေ
မှာခေါ်ထားပြီးခိုင်းစားခံရတာတွေပါ။လှလှပပ၀တ်စားပြီးလုံခြုံကြပါတယ်။ဒါပေမယ့်ကျန်းမာရေးစောင့်ရှောက်
မှုတော့ မရကြပါဘူး။ သူတို့ ထဲ့ပေးလိုက်တဲ့လူတွေနဲ့လဲ ငြင်းဆိုခွင့်
မရှိပါဘူး။ ဘယ်နှစ်ယောက်ပဲဖြစ်ဖြစ် လက်ခံရတယ် တဲ့။ သူတို့
အဖမ်းအဆီးခံရရင်လဲ ခေါင်းတွေက လာ ထုတ်ပေးကြပါ တယ်။ ထောင် ကျသွား ခဲ့ရင်
လွတ်တဲ့ရက်မှာ လာစောင့်ပြီး ခေါ်သွားကြပါတယ်။ ထွက်ပြေးဖို့လည်း
မလွယ်ကူလှပါဘူး။ ရပ်ကွက် အလိုက် ထိန်းချုပ် ထားကြတာအဆင့်ဆင့်ရှိကြပါတယ်။
တတိယအမျိုးအစားကတော့
အနှိပ်ခန်းတွေ ပေါ် လာတော့ တိုင်းရင်းသူ အမျိုးသမီးလေးကို လူလယ်ကျတဲ့
သူတွေက ခေါ်လာပြီး လာ ရောင်းစားတာတွေ ပါ။ ရပ်ကွက်ကောင်းတွေ မှာ တိုက်တွေနဲ့
အာဏာပိုင်တွေ ရဲ့အကူအညီနဲ့ ဖွင့်ထားတာပါ။ (မာဆတ်) လို့ လူသိများလာတာတွေ
ပါ။ တက္ကသိုလ်ကျောင်းသူ အချို့နဲ့ အထက်တန်းစားပိုင်းက မိန်းကလေးတွေလဲ
အများကြီးပါ ပဲ။ သူတို့ကိုတော့ ထိန်းချုပ်ထားတာ မဟုတ်ပါဘူး။
သူတို့သဘောနဲ့သူတို့ ငွေရလွယ်လို့ ငွေလိုလို့ လာ လုပ်ကြတာပါ။
ရုပ်ရှင်ရုံတွေမှာ အချိန်ပိုင်းနဲ့ တပွဲစာ ဘယ်လောက်ဆိုပြီး လုပ်ကိုင်
စားသောက်တာတွေလည်း ရှိပါတယ်။ ရုပ်ရှင်ရုံဝန်ထမ်းတွေကို ပေါင်းပြီး ကော်
မရှင် ပေးထားရတယ်လို့ မိဇာတို့၊ မော်ကြီးတို့ ပြောပြပါတယ်။ သူတို့က
ရုပ်ရည်သန့်သန့်လေးတွေ ပါ။ ထိုင်းနိုင်ငံနေပြီး ဖမ်းမိလို့ ပြန်ပို့တာပါ။
အားလုံး ၆၈ ယောက် ပါ။ ကျမတို့က ၅ ညတွေ မှတ်လို့ ဗူးဝမှာ သွားကြိုသေးတယ်။
နောက်မှ ၃၀ ဒီတွေ ဖြစ်နေကြတယ်။ ထောင်ထဲမှာ ပုံစံလည်း တလလောက် စားလိုက်
ရတော့ တောင်ဝှေးလေးတွေနဲ့ လမ်းလျှောက်နေရတော့တယ်။ သူတို့မှာ HIV
ပိုးကြောင့် AIDS ဝေဒနာ ရနေပါပြီ။ ဒါကြောင့်အားလုံးဝိုင်းပြီး သနားလို့
ကျွေးမွေးကြတော့ ပြန်ပြီး ၀လာပါတယ်။ ဒီရောဂါက အလွန်ပဲ ကြောက်စရာ
ကောင်းလှပါတယ်။
စန္ဒာနဲ့
နီလာမြင့်တင်ဆိုရင် တက္ကသိုလ်ကျောင်းသူလေးတွေ ပါ။ သူတို့က
မူးယစ်ဆေးထိုးသွင်းခဲ့ကြ လို့ ရောဂါ ကူးစက်တာပါ။ ချော လိုက်ကြတာ လဲ
အရမ်းပါပဲ။ နှမြောလိုက်တာ။ နုနုဝင်းတို့၊ ကြီုးမော်တို့က
ဇာဇာတို့အုပ်စုကို ခင်မင်ကြပြီး ကျမတို့ ၅ ည တွေက အားလုံးတယောက်စီခွဲပြီး
တာဝန်ယူ ကျွေးမွေး လိုက်ကြပါတော့တယ်။ သူတို့က တရားရှင်နဲ့ တနှစ်စီ
ကျနေရှာတာပါ။ မအေးသီတာဆိုတဲ့ ကောင်မလေးက အသက် ၂၅ နှစ်လောက်တော့ ရှိ ပါပြီ။
သူက ခဏခဏ ထောင်ထဲကို ရောက်တဲ့ ၃၀ ဒီ မလေး ပါ။ သူ့ကို ၀ါဒါ အမျိုးသမီးတွေ၊
ထောင်မှူး အမျိုးသမီးတွေက အရမ်း ရိုက်နှက်ပါတယ်။ သူကလည်း ပြန် ဆဲပါတယ်။
ဒါကြောင့်တိုင်မှာ ကြိုးနဲ့တုတ်၊သံကြိုးးနဲ့ခတ်ထားတာ ခံနေရပါတယ်။
တိရစ္ဆာန်တကောင် လို ပါပဲ။ ဒီကြားထဲ မှာ ထောင်ပိုင်တန်းစီတဲ့
အင်္ဂါနေ့နဲ့ဆုံတော့ ထောင်ပိုင်က စစ်တပ်ကလာတဲ့ ဗိုလ်ကြီးသာဦး တဲ့။ သူ လာတဲ့
အချိန်နဲ့ကြုံတော့ သူ့တပည့်ဝါဒါတွေကို ရော်ဘာနံပတ်ဒုတ်နဲ့
ဝင်ရိုက်ခိုင်းတော့ အေးသီတာက နံမည် ကိုခေါ်ပြီး ထောင်ပိုင်ကို
ဆဲတော့တာပေါ့။ ထောင်ပိုင်ကလဲ ပြန်ဆဲနဲ့ လင်မယားရန်ဖြစ်တာ ကျနေတော့တာပါ ပဲ။
ကျမလည်း အလွန် အံ့သြမိပါတယ်။ ထောင်ပိုင်လုပ်နေပြီး ဒီ ကလေးမနဲ့
ဖက်ပြီးရန်ဖြစ်တော့ အံ့ရော၊ သူတို့ တွေရဲ့ဘ၀တွေကို အခုချိန်မှာ
ကာကွယ်ပေးမယ့် ဥပဒေနဲ့ စောင့်ရှောက်ပြီး လုံခြုံမှု ပေးမယ့်နေရာ၊
အဖွဲ့အစည်း လိုအပ်ပါတယ်။ အခုဆိုရင် တိုင်းပြည်မှာ အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် ပါတီကလည်း လွှတ်တော်တွင်း ရောက်နေပြီမို့ မဖြူဖြူသင်းအနေနဲ့
ဒီကိစ္စကို မှတ်သားပြီး ဥပဒေပြုခွင့် တောင်းစေ ချင်ပါတယ်။ ဒါဟာ AIDS
ဝေဒနာကို ဟန့်တားရာလဲရောက်တဲ့အပြင် အမျိုးသမီးလေးတွေရဲ့အခွင့်အရေးကို
ကာကွယ် စောင့်ရှောက်ရာလဲရောက်မှာ အသေအချာ ပါ။ တချို့မိန်းခလေးတွေဟာ
ပတ်ဝန်းကျင်ကြောင့် ပျက်စီးရတာ ပို များပါတယ်။ ဗီဇကြောင့်ကတော့
အနည်းအကျဉ်းမျှသာ ဖြစ်ပါတယ်။ အကာအကွယ်မဲ့လှတဲ့ ကျမတို့ရဲ့ ညီမ
သမီးငယ်များကို စောင့်ရှောက်ကာကွယ်ဖို့မှာ အမျိုးသားတွေကိုလဲ ပညာပေးအစီ
အစဉ်လေးတွေ ပို့ချပေးတဲ့ သင်တန်းလေးတွေ လုပ်ပေးနိုင်ရင် အင်မတန်
ကောင်းမယ်လို့ အကြံပေးချင် ပါတယ်။ မဲခေါင်စီမံကိန်းက ထိုင်းနိုင်ငံ
ချင်းမိုင်မြို့မှာ HIV/AIDS Workshop တွေ ဖွင့်ကြောင်းနဲ့ ဒီကိစPကိုလည်း
ဆောင်ရွက်နေကြောင်း ကြားသိရတယ်။ ဒေါက်တာမြတ်ထူးရာဇတ်နဲ့ ကိုစိုးစိုး
(မမြင့်မြင့်စန်း၏ခင်ပွန်း) တို့ကို ကျေးဇူးတင်တဲ့အပြင်
ဂုဏ်ယူမိပါတယ်ရှင်။ အဲဒီ စီမံကိန်းကို ဆောင်ရွက်နေ တဲ့ တာဝန်ရှိသူတွေနဲ့လဲ
မဖြူဖြူသင်း အနေနဲ့ ဆက်သွယ် ဆောင်ရွက်နိုင်ပါတယ်။ နောက်တခါ ပြောပြရရင်
ကျမထောင်ထဲမှာ အလွန်မုန်းတဲ့ပုဒ်မ ရှိပါတယ်။ ဒါကတော့ ပုဒ်မ ၃၆၆ ပါ။
အဓိပ္ပါယ်ကတော့ လူ ရောင်းစား တာ ပါ၊ ခေတ်သစ်စကားနဲ့ဆိုရင်တော့
လူကုန်ကူးတာပေါ့ လေ။ အဲဒီအမှုနဲ့ ၀င်လာတဲ့ မိန်းကလေးတွေဆို ရင် ကျမ
ဘယ်တော့မှ စကားမပြောပါဘူး။ မိန်းခလေးချင်း ကိုယ်ချင်းမစာဘဲ ဘ၀ ကို
ဖျက်ဆီးလိုက်တာ ပါ။ သူတို့တွေဟာ အများအားဖြင့် ရပ်ကွက်ထဲက
အမျိုးသမီးလေးတွေကို တဖက်နိုင်ငံမှာ သွား ရောင်းစားကြ တာပါ။ ဒီအထဲက
မိတဲ့သူတွေသာ အဖမ်းဆီးခံကြရတာ ဖြစ်တယ်။ မမိတဲ့သူတွေ ကျမတို့
မြန်မာနိုင်ငံမှာ အများကြီးရှိနေဆဲ ပါ။ ဒါကြောင့် တဖက်နိုင်ငံမှာ
ဒုက္ခရောက်နေကြတဲ့ မြန်မာအမျိုးလေးတွေ ရှိနေတာပေါ့။
၁၉၈၉
ခုနှစ်ထဲမှာ ပို ဆိုးလာခဲ့တာ အခုချိန်မှာတော့ အဆိုးဝါးဆုံးလို့
ပြောနိုင်ပါ တယ်။ မြန်မာ အမျိုးသမီး ငယ်တွေဟာ နိုင်ငံအနှံ့အပြားမှာ
ရောက်နေကြပြီး မလေးရှား၊ တရုတ်ပြည်၊ ဆော်ဒီအာရေဗျ တို့မှာ မြန်မာ
အမျိုးသမီးလေးတွေ ရောင်းကုန် ဖြစ်နေကြတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံမှာတော့ အများဆုံး ပေါ့။ ကြာရင် မြန်မာလူမျိုးဆက်
လျော့နည်းဆိတ်သုဉ်းမှာကို စိုးရိမ်နေရပါပြီ။ ဒါကြောင့် အမျိုးသားရေးတာဝန်
တရပ်အနေနဲ့ မျိုးဆက်သစ်တွေကို မွေးဖွားပေးနိုင်တဲ့ မြန်မာမလေးတွေကို
ဝိုင်းဝန်း စောင့်ရှောက် ကာကွယ်ပေးကြစေလိုပါတယ်။
source : Burma Today
No comments:
Post a Comment