Tuesday, May 15, 2012

dassk ဒေါ်အောင်ဆန်းစုကြည်နှင့်တောင်ကိုးရီးယား သမ္မတလီမြောင်ဘတ်


ဒေါ်အောင်ဆန်းစုကြည်နှင့်တောင်ကိုးရီးယား သမ္မတလီမြောင်ဘတ်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟာ မြန်မာနိုင်ငံကို ရောက်ရှိလာ တဲ့ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်နဲ့ မေလ ၁၅ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့မှာရှိတဲ့ ဆီဒိုနား ဟို တယ်မှာ တွေ့ဆုံပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုကို ပြုလုပ်ခဲ့တယ်။
မြောက်ကိုရီးယားနဲ့ ဆက်ဆံမှုတွေဟာ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်နေတယ် ဆိုတာကို မြန်မာအစိုးရအနေနဲ့ နားလည်မယ်လို့ မျှော်လင့်ကြောင်းနဲ့ မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင် ရွက်သွားဖို့ ပြင်ဆင်နေပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် နှစ်ဆတိုး ထောက် ခံသွားမှာဖြစ်တယ်လို့ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်က ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို လိုချင်သလို ငြိမ်းချမ်းမှုနဲ့ တရားမျှတမှုတို့ကိုပါ လိုအပ်ကြောင်း ပြည်သတွေရဲ့ လုပ်ပိုင်ခွင့်ရရှိမှုဟာ် စစ်မှန်တဲ့ဒီမိုကရေစီအတွက် အရေးကြီးကြောင်း၊ ပြည်သတွေအနေနဲ့ အနာဂတ်ဟာ ပြည်သူတွေရဲ့ လက်ထဲမှာသာရှိနေတယ်ဆိုတာကိုနားလည်ဖို့ အခုချိန်မှာ အရေးကြီးကြောင်း    ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

No comments: