Monday, May 7, 2012

ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်ပြီ -Hardline Myanmar vice president resigns

ပြုပြင်ပြောင်းလဲရေး အငြင်းပွားမှု ကြောင့် ဒုသမ္မတနုတ်ထွက်
လက်ရှိအစိုးရအဖွဲ့ထဲမှာ သဘောထားတင်းမာသူလို့ နံမယ်ကြီးတဲ့ ဒုသမ္မတ ဦးတင်အောင်မြင့်ဦး ရာထူးကနေ နှုတ်ထွက်သွားကြောင်း မေလ (၇) ရက်နေ့ ရန်ကုန်ကပေးပို့တဲ့ Asian News International သတင်းမှာ ရေး သားထားပါတယ်။ အသက် ၆၁ နှစ်အရွယ်ရှိ ဥိးတင်အောင်မြင့်ဥိးဟာ သမ္မတဥိးသိန်းစိန် ခေါင်းဆောင်တဲ့ လက်ရှိ အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေးလုပ်လိုသူတွေနဲ့ သဘောထားတင်းမာသူတွေအကြား အငြင်းပွားမှု ကြောင့် အခုလို နှုတ်ထွက်သွားတာလို့ သတင်းမှာ ရေးထားပါတယ်။ 

ဦးတင်အောင်မြင့်ဥိးဟာ စင်္ကာပူက ပြန် လာပြီးနောက် ကျန်းမာရေးမကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ မေလ (၃) ရက်နေ့ကတည်းက နှုတ်ထွက် စာတင်ခဲ့တာဖြစ်ကြောင်း ပြည်တွင်းသတင်းမီဒီယာတွေကို ကိုးကားပြိး Asian News International သတင်းမှာ ရေးသားထားပါတယ်။

 ဒီဗွီဘီ 



ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးနုတ်ထွက်ကြောင်း သတင်းများ ထွက်ပေါ်

ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးကို မတ်လ ၁၃ ရက်၊ ၂၀၁၂ ခုနှစ်က တွေ့ရစဉ်။
မြန်မာနိုင်ငံရဲ့  ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးဟာ ရာထူးကနေ နုတ်ထွက်ဖို့ စာတင်ထားတဲ့ သတင်းကို ဗွီအိုအေ မြန်မာပိုင်းက မနေ့က ထုတ်လွင့်ခဲ့ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး နောက်ထပ် ဗွီအိုအေက စုံစမ်း သိရှိရသမျှတွေကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

မကြာခင်ရက်ပိုင်းကမှ စင်ကာပူနိုင်ငံမှာ ဆေးကုသမှုခံယူပြီး မြန်မာပြည်ကို ပြန်ရောက်လာတဲ့ ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦးဟာ လက်ရှိရာထူးကနေ နုတ်ထွက်ဖို့ စာကို မေလ ၃ ရက်နေ့မှာ သမ္မတဆီ စာတင်ခဲ့တာ ဖြစ်တယ်လို့ အစိုးရနဲ့ နီးစပ်သူတွေက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ ဒီသတင်းကိုလည်း ဗွီအိုအေ မြန်မာပိုင်းက စနေနေ့ညပိုင်း အစီအစဉ်မှာ ထုတ်လွင့်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီကနေ့ ထပ်မံ စုံစမ်းသိရသလောက်ကတော့ နုတ်ထွက်စာထဲမှာ ကျန်းမာရေးကြောင့် မပါဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ လက်ရှိမှာ ကျန်းမာရေးလည်း သိပ်မကောင်းသလို့ လည်ချောင်းမှာ ကင်ဆာလို၊ အဖုအကြိတ်မျိုး စစ်ဆေး တွေ့ရှိခဲ့တာကြောင့် ရာထူးကနေ အနားယူဖို့ နုတ်ထွက်စာ တင်ထားတာ ဖြစ်တယ်လို့ အမည် မဖော်လိုသူ အစိုးရအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။ သူရဲ့ နှုတ်ထွက်စာကို လက်ခံမယ် လက်မခံဘူး ဆိုတာကတော့ သမ္မတ ဦးသိန်းစိန်အပေါ်မှာ မူတည်တယ် လို့လည်း ပြောပါတယ်။ ဦးတင်အောင်မြင့်ဦးဟာ အခု မှော်ဘီက ဘုန်းကြီးကျောင်းတကျောင်းမှာ ရဟန်းခံထားတယ်လို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။

တခါ ဒီသတင်းနဲ့ ပတ်သက်လို့ သမ္မတ အကြံပေး တဦးဖြစ်တဲ့ ဦးကိုကိုလှိုင်ကိုလည်း ကျမ ဆက်သွယ် မေးကြည့်တော့ လက်ရှိ ဒီကနေ့ထိတော့ ဦးတင်အောင်မြင့်ဦး ရာထူးကနေ နုတ်ထွက်မယ် ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ ဘာမှမသိရသေးဘူးလို့ ဖြေပါတယ်။

"ကျနော်တို့တော့ ဘာမှ မသိသေးပါဘူးခင်ဗျ။ ကျနော်တို့လည်း နေပြည်တော်က မေလ ၁ ရက်နေ့က ပြန်လာတာပေါ့လေ။ အဲဒီအချိန်ထိတော့ ဘာမှ မကြားခဲ့ပါဘူး။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်းပဲ ဘာမှတော့ ပြောသံ ဆိုသံ မကြားမိပါဘူး။ ဒီလိုပဲ ၀က်ဘ်ဆိုက်တွေမှာရော၊ တခြား နေရာတွေမှာရော သတင်းတွေကတော့ ပြန့်နေတာပါပဲ။ ဒါမျိုး သတင်းတွေလည်း ပေါ်ပေါ်လာတတ်တာ ရှိတယ်။ ဟို . . . အတည်ပြုလို့လည်း မရဘူးပေါ့နော်။ ဒါပေမဲ့လည်း ကျနော်တို့ ဘာမှတော့ ရေရေရာရာ မသိပါဘူး။"

တကယ်တော့ မြန်မာနိုင်ငံမှာ ဒီလို သတင်းမျိုးတွေကို အတည်ပြုချက်ရဖို့ အတော် ခက်ခဲပါတယ်။ နိုင်ငံတော်သမ္မတရုံးတွေ၊ အစိုးရအဖွဲ့ရုံးက တာဝန်ရှိသူတွေဆီ ဆက်သွယ်ပေမဲ့လည်း အတည်ပြုချက် မရသလို ဘာမှ မသိရသေးဘူးလို့သာ ဖြေကြပါတယ်၊။ ဒီလို သတင်းမျိုးတွေကိုလည်း အုပ်ချုပ်သူ အစိုးရဘက်က ကြိုတင်အသိပေး ထုတ်ပြန်တဲ့ အစဉ်အလာလည်း
မရှိခဲ့ပါဘူး။

ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးဟာ အခု အစိုးရအဖွဲ့ထဲမှာ သဘောထား တင်းမာသူ တဦး ဖြစ်တယ်လို့ အများသုံးသပ်ထားတာမို့  ဒီသတင်းကို အတော်များများက စိတ်ဝင်စားနေကြတာလည်း ဖြစ်ပါတယ်။ ဦးတင်အောင်မြင့်ဦးနဲ့ တပ်မမှူး၊ တိုင်းမှူးဘ၀မှာ ဆုံခဲ့ဖူးသူ တဦးဖြစ်တဲ့ အမေရိကန်နိုင်ငံမှာနေတဲ့ စစ်သံမှူးဟောင်း ဦးအောင်လင်းထွဋ်ကတော့ သူသိတဲ့ ဦးတင်အောင်မြင့်ဦးရဲ့ စိတ်နေ သဘောထားတွေကို အခုလို ပြောပြပါတယ်။


"သီဟသူရ ဦးတင်အောင်မြင့်ဦး အနေနဲ့ ဒီအစိုးရထဲမှာတော့ နံပါတ်တစ် သဘောထား တင်းမာဆုံးလို့ ပြောရပါမယ်။ သူဟာစစ်တပ်ထဲမှာ နေစဉ်တုန်းကလည်း အင်မတန်မှ သဘောထား တင်းမာတဲ့သူ။ ကျနော်တို့ စစ်တပ်ထဲမှာတော့ အပြောအဆိုလည်း ကြမ်းတယ်။ အခုလည်း ကင်ဆာဖြစ်တယ်လို့ ကြားတာပဲ။ အခု ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ၀င်ဖို့ မ၀င်ဖို့ ကိစ္စတွေ၊ နောက် ၂၀၀၉ ခုနှစ်က ဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ မလွှတ်ဖို့ကိစ္စ၊ နောက် မစ္စတာယက်တောနဲ့ ပြန်ဖမ်းတဲ့ ကိစ္စတွေ ရှိတယ်ဗျာ၊ နောက် ၂၀၁၀ ရွေးကောက်ပွဲအပြီး တပတ်အကြာမှ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးတာ ဒါတွေဟာ သူတို့ပယောဂတွေ မကင်းပါဘူး ခင်ဗျ။
၂၀၁၁ ခုနှစ်လောက်က ကျနော် သိရသလောက်ပေါ့လေ အခု လက်ရှိသမ္မတကြီး ဦးသိန်းစိန် ကိုယ်တိုင် တော်တော်လေး စိတ်ခံစားပြီးတော့မှ အစည်းအဝေး ခန်းကနေပြီးတော့မှ ဆွဲခေါ် ထုတ်သွားခဲ့ရတဲ့ အနေအထားမျိုးတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းမျိုးတွေ ကြားခဲ့ရပါတယ်။ အဲဒီချိန်ခါတုန်းကတော့  ဦးတင်အောင်မြင့်ဦးအနေနဲ့ ကျန်းမာရေး ကောင်းပြီးတော့မှ aggressive ဖြစ်တဲ့အချိန်ပေါ့လေ။ အထူးသဖြင့်တော့ မြစ်ဆုံ Dam (ဆည်) ကိစ္စတွေ ဖြစ်တဲ့အခါမှာ ဖြစ်ပါတယ်။"


ဒါကတော့ အမေရိကားမှာ နေတဲ့ စစ်သံမှူးဟောင်း ဦးအောင်လင်းထွဋ် ပြောပြခဲ့တာပါ။ ဦးတင်အောင်မြင့်ဦးဟာ DSA စစ်တက္ကသိုလ် အပတ်စဉ် (၁၂) ကျောင်းဆင်း တဦးဖြစ်ပြီး အရင်စစ်အစိုးရ လက်ထက်မှာတော့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ်နဲ့ တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ အခု အရပ်သားအစိုးရ တရပ် ဖွဲ့စည်းခဲ့တဲ့ အထဲမှာတော့ စစ်တပ်ရဲ့ ထောက်ခံမှု အပြည့်နဲ့ ဒုတိသမ္မတ ဖြစ်လာတာလို့လည်း ပြောဆိုကြတာတွေ ရှိပါတယ်။
By မသင်းသီရိ (ဗွီအိုအေ-မြန်မာပိုင်း) 



ဒုတိယ သမ္မတ တစ်ဦးဦး နှုတ်ထွက်ခြင်းနှင့် ပတ်သက်၍ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်
နှုတ်ထွက်စာတင်ထားသည်ဟု သတင်းထွက်ပေါ်နေသည့် ဒုသမ္မတဦးတင်အောင်မြင့်ဦး
ပုဒ်မ ၇၃(စ) ။ ။ ဒုတိယသမ္မတ တစ်ဦးဦးသည် ရာထူးသက်တမ်း မကုန်ဆုံးမီ နှုတ်ထွက်သောကြောင့် ဖြစ်စေ၊ ကွယ်လွန်သောကြောင့် ဖြစ်စေ၊ ထာဝစဉ် မစွမ်းဆောင်နိုင်သောကြောင့် ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့် ဖြစ်စေ ဒုတိယသမ္မတ ရာထူးနေရာ လစ်လပ်လျှင် ပြည်ထောင်စု အစည်းအဝေး ကျင်းပချိန် ဖြစ်ပါက ယင်းဒုတိယ သမ္မတကို ရွေးချယ်တင်မြှောက် ပေးခဲ့သော လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ခုနှစ်ရက် အတွင်း ဒုတိယသမ္မတ တစ်ဦး ရွေးချယ် တင်မြှောက်ပေးရေး အတွက် နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော် အကြီးအမှူးထံ ဆောလျင်စွာ အကြောင်းကြားရမည်။

ပုဒ်မ ၇၃ (ဆ) ။ ။ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပချိန် မဟုတ်လျှင် ပြည်ထောင်စု လွှတ်တော် အကြီးအမှူးသည် နိုင်ငံတော် သမ္မတ၏ အကြောင်းကြားစာ ရရှိသည့်နေ့မှစ၍ ၂၁ ရက်အတွင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို ခေါ်ယူပြီး သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယ သမ္မတ တစ်ဦးကို ရွေးချယ် တင်မြှောက်ပေးရေး အတွက် သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း ဆောင်ရွက်ရမည်။
 The Voice Weekly
 
ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်ပြီ -Hardline Myanmar vice president resigns, says report ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး ကျန်းမာရေးကြောင့် ရာထူးမှ နှုတ်ထွက်သွားပြီပာု Reuters သတင်းဌာန၏ သတင်းအရ သိရှိရသည်။  စင်္ကာပူ နိုင်ငံမှ ဆေးကုသခံယူပြီးအပြန် ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရာထူးမှ အနားယူလို ကြောင်း မေလ ( ၃ ) ရက်နေ့ကထဲက..သက်ဆိုင်ရာသို့တင်ထားကြောင်းလည်း သိရပါသည်။
Myanmar's Vice President Tin Aung Myint Oo sprinkles fragrant water at a plaque during the opening ceremony of a children's hospital in Yangon March 13, 2011.

Credit: Reuters/Soe Zeya Tun
 YANGON (Reuters) - A former top general close to Myanmar's retired dictator Than Shwe has resigned as vice-president, Burmese media reported, ending the hardliner's role in the reformist government.
Tin Aung Myint Oo, 61, submitted his resignation on May 3 for health reasons after returning from Singapore for medical treatment, the Myanmar language service of Voice of America reported on Sunday.
The report could not be immediately confirmed.
Tin Aung Myint Oo, a former four-star general, was one of two vice-presidents and considered a leader among hardliners in the year-old military-backed government that replaced the often-brutal junta who ruled for half a century.
Tin Aung Myint Oo graduated from the Defense Services Academy in 1970, becoming northeastern military commander near the Chinese border late 1990s.
He was promoted to Secretary-1 of the former junta in 1997, a year when the army rounded up hundreds of pro-democracy activists in Aung San Suu Kyi's National League for Democracy to prevent them from attending a party congress.
Suu Kyi and 42 other members of her party took their seats in parliament last week following a historic by-election in a year of dramatic reforms in the former British colony also known as Burma.
In 2009, Tin Aung Myint Oo was appointed military advisor to then-Senior General Than Shwe. He was elected to the lower house a year later as a candidate for the army-backed Union Solidarity and Development Party, and was quickly nominated as vice president by military delegates.
(Reporting by Aung Hla Tun; Writing by Jason Szep; Editing by Jeremy Laurence)
 
 

No comments: