Saturday, May 12, 2012

M.W.D.C Factories' Workers Strike for Better Working Condition.

MWDC အရက်စက်ရုံ နဲ့ နိုင်ငံတကာစံချိန်



အက်ဆစ်နဲ့ ပုလင်းဆေးရာမှာ လက်တွေ ဘယ်လိုထိခိုက်သလဲ ဆိုတာကို ရှင်းပြနေတဲ့ မချောစုထွေး (ဓာတ်ပုံများ - ဧရာဝတီ)

MWDC အရက်စက်ရုံက ထုတ်လိုက်တဲ့ အရက်တွေက နိုင်ငံတကာ အဆင့် မီမမီ မသိရပါဘူး၊ စက်ရုံအလုပ်သမားတွေရဲ့ ပြောကြားချက်အရ ဆိုရင် လုပ်ငန်းခွင် အခြေအနေတွေကတော့ နိုင်ငံတကာအဆင့်နဲ့ နီးစပ်ဖို့ အလှမ်းဝေးနေပါသေးတယ်။

ရန်ကုန် ရွှေပြည်သာမြို့နယ်မှာ ရှိတဲ့ ဒီစက်ရုံက အလုပ်သမားတွေက သောက်သုံးရေ၊ ကြိုပို့ကား၊ လုပ်ငန်းခွင်သုံးပစ္စည်း စတဲ့ လုပ်ငန်းခွင်အခြေအနေများ၊ ရပိုင်ခွင့်များ နဲ့ လစာတိုးရေးအတွက် ဆန္ဒဖော်ထုတ်နေပုံကို ဧရာဝတီရုပ်သံမှာ တင်ဆက်ထားပါတယ်။

၂၅ ရက် အလုပ်ဆင်းမယ်ဆိုရင် လစာ ကျပ် ငါးသောင်းကျော် ရတယ်လို့ ရှင်းပြနေသူ ကိုဟိန်းမင်းဇော်
ပြီးခဲ့တဲ့လမှာတော့ လစာ လေးသောင်း မကျော်ပါဘူး တဲ့။

လုပ်ငန်းခွင်နေပူကျဲတဲကြီးမှာ ပင်ပန်းကြီးစွာ လုပ်ရပေမယ့် သောက်ရေ မရှိဘူး လို့ ရှင်းပြတဲ့ ကိုသောင်းထိုက်

ဖယ်ရီကားအကြောင်း ပြောပြသူ ကိုသက်နိုင်ဝင်း

ပုလင်းဆေး အလုပ်သမားတယောက်ရဲ့ အက်ဆစ်စားနေတဲ့ ခြေထောက်။

ပုလင်းဆေးရာမှာ အက်ဆစ်သုံးပြီး ဆေးကြောရတဲ့အတွက် အရေပြား ထိခိုက် ပျက်စီးနေကြပါတယ် တဲ့။
လိုအပ်တဲ့ အကာအကွယ်ပစ္စည်းတွေ စက်ရုံက မစီစဉ်ပေးဘူးလို့ ဆိုကြပါတယ်။
ဆန္ဒပြ တောင်းမှုတွေထဲမှာ လုပ်ငန်းခွင်သုံး အကာအကွယ်ပစ္စည်း အသုံးပြုလိုတဲ့ အချက်လည်း ပါဝင်ပါတယ်။


လုပ်ငန်းကြီးကြပ်သူများကို အခက်အခဲ ပြောပြပေမယ့် ဖြေရှင်းပေးခြင်း မရှိဘူး တဲ့။

အလုပ်ချိန်အကြောင်း ရှင်းပြနေတဲ့ မမြတ်မြတ်မွန်

No comments: