"စစ် နှင့် ငြိမ်းချမ်းရေး"

"စစ် နှင့် ငြိမ်းချမ်းရေး"
ညဆိုအမြဲ ကြောက်ရွံ့ဆဲ အိပ်မပျော် တုန်လှုပ်ခြင်းများထဲ
ဗုံးတွေကွဲ သေနပ်သံထဲ အနားမှာ အဖေအမေလဲ မရှိခဲ့
ကလေးလေးတွေရယ် ကြောက်လန့်နေတယ်
ညညဆို ကျိတ်ပြီးတော့ မျက်ရေဝဲ
နိုးလာခဲ့ မနက်တွေလဲ ညအချိန်အိမ်ပြန်ရောက်ဖို့ရယ်
မသိပေမယ့် အပြုံးတွေနဲ့ ဖုံးကွယ် ဟန်ဆောင်နှုတ်ဆက်ခဲ့
သိနှင့်နေတယ် ပြောမထွက်နိုင်တယ်
နှလုံးသားတွေ ကြေကွဲရင်း ကျွမ်းလောင်ဆဲ
CHO: စစ်တစ်ခုဖြစ်တာနဲ့ အရင်ဆုံးပေးဆပ်ရတာ အပြစ်မဲ့တဲ့ ကလေးတွေ ဆိုတာ
ပြန်စဉ်းစားသင့်တယ်
မရက်စက်ကြပါနဲ့ ရှင်းသန့်တဲ့ အိပ်မက်တွေ လှပတဲ့
ဖူးပွင့်ခွင့်လေးတော့ ပေးသင့်ပါတယ် ...
အလင်းရောင်မဲ့ အနာဂါတ်တွေထဲ ဖေးကူဘယ်သူလမ်းပြမလဲ
မသိနိုင်ခဲ့ အားအင်မဲ့ နေ့တွေ ကျော်ဖြတ်ရင်းနဲ့ဘဲ
မွန်းကျပ်နေတယ် ဆို့နင့်နေတယ်
တို့ဘဝတွေ ဘယ်လိုရှေ့ဆက်ရပါ့မလဲ ...
CHO:
SOLO:
နိုးလာခဲ့ မနက်တွေလဲ ညအချိန်အိမ်ပြန်ရောက်ဖို့ရယ်
မသိပေမယ့် အပြုံးတွေနဲ့ ဖုံးကွယ်ဟန်ဆောင်နှုတ်ဆက်ခဲ့
ကလေးလေးတွေရယ် ကြောက်လန့်နေတယ်
ညညဆို ကျိတ်ပြီးတော့ မျက်ရေဝဲ
CHO:
CHO:
FADE OUT:
(ကလေးငယ် တစ်ဦး) -
မေမေ ... မေမေရော .... မေမေ .....
(စကားပြော)
စစ် ဆိုတဲ့ အရာတိုင်းဟာ ...
လူကြီးတွေ ရဲ့ မိုက်မဲမှု ကနေ စတင်ပြီးတော့ ...
ကလေးတွေရဲ့ ပေးဆပ်ရခြင်းနဲ့ အမြဲ အဆုံး သပ်ခဲ့ပါတယ် ...
ကျွန်တော်တို့ စစ်မဖြစ်လို့မရဘူးလားဗျာ ...
စစ်မဖြစ်လို့မရဘူးလား ...........
ခုလို နားဆင်ပေးတာ ကျေးဇူးပါနော်။
ကျွန်တော် တစ်ပါတ် နီးပါး ကျိုးစားဖန်တီးခဲ့ရတဲ့ သီချင်းလေးဖြစ်ပါတယ်။
လတ်တလော ကချင်ပြည်ရဲ့ နယ်စပ်ဒေသတွေ မှာ ပြင်းထန်စွာ ဖြစ်ပွားနေတဲ့ မြန်မာနဲ့ ကချင် စစ်ပွဲတွေကြားထဲ သိန်းနဲ့ချီပြီး ခိုကိုးရာမဲ့နေရှာတဲ့ တိုင်းရင်းသားကလေးလေးတွေ အတွက် ထိခိုက်ကြေကွဲမှုတွေရဲ့ တွန်းအားကြောင့် လျှံကျလာတဲ့ သံစဉ်လှိုင်းတွေကို ပုံဖေါ်ထားတာပါ။
ကျွန်တော့် ရင်ထဲက မျက်ရေ နဲ့ ရေးထားတဲ့ သံစဉ် ပန်းချီကားလေးကို ဝိုင်းဝန်း ပုံဖေါ်ပေးခဲ့ကြတဲ့ တိုင်းရင်းသား ညီအကို မောင် နှမ အားလုံးကို ကြီးမြတ်သော ဘုရားသခင်အားလုံးက ကလေးတွေ ရဲ့ ကိုယ်စားကောင်းချီးပေးကြပါစေလို့ ကျေးဇူးတင်စွာ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
လူသားချင်း စာနာ နိုင်ကြပါစေ။
အမိမြေ ထာဝရ ငြိမ်းချမ်းပါစေ။
ကလေးတွေတိုင်း ပျော်ရွှင်စွာ ကြီးပြင်းခွင့် ရရှိနိုင်ကြပါစေ။
ထာဝရ မေတ္တာဖြင့်
မျိုးချစ်မြန်မာ
" WAR & PEACE "
Lyrics, Music, Instruments, Main Vocals & Harmonies -
Myo Chit Myanmar (Myanmar + Mon + Shan + Rakhine)
Sound Engineer & Producer - Myo Chit Myanmar
Assistant Producer - Sawng Hnin Pwint (Myanmar + Shan + Karen)
Music Consultant - Daniel Saw (Myanmar + Shan + Karen)
Technical Consultant - Moe Kyaw Pyi Soe (Myanmar + Mon + Karen)
Back Up Vocalists
Maureen Seng Mai (Ka Chin)
Grace Hla (Myanmar + Mon)
Joshua Andrews (Myanmar + Mon)
Moe Kyaw Pyi Soe (Myanmar + Mon + Karen)
Girl's Voice
Yun Nadi Maung (Myanmar)
Recorded @ Myo Chit Myanmar HD Media Production.
California, USA.
I dedicated this song to all children around the world who are
suffering from WARS.
LET'S STOP THE WARS!
LET'S BUILD THE PEACE!
Help me help those innocent children who are victims of adults' foolishness.
Together, we can make the world a better place for all children.
ALL WARS NEEDS TO BE STOPPED NOW.
Please share if you love children.
Click HERE to DOWNLOAD.
http://soundcloud.com/myochitmyanmar/war-peace-1/download
Notice to all professional medias and journalists,
Feel free to use my song on your media for PEACE AWARENESS ONLY.
Un-Authorized & Improper users, re-selling and charging for any cause can and will be persecuted under INTERNATIONAL LAWS OF COPYRIGHTED WEB MEDIA CONTENTS.
No comments:
Post a Comment