ပုဇွန်တောင်မြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။ သေဆုံးသူမှာ
ပုဇွန်တောင်မြို့နယ်၊ (၇)ရပ်ကွက်၊
ဦးဝိဇ္ဖာလမ်းရှိတိုက်တစ်တိုက်မှ
(၅)လွှာတွင်နေထိုင်သူအသက်(၆၂)နှစ်အရွယ် ဒေါ်မေနှင်းဆီဟန်ဖြစ်ပြီး၊ မီးဖိုခန်းထဲတွင်
ထိုးသွင်းဒဏ်ရာ (၁၀)ချက်မျှဖြင့်သေဆုံးနေခြင်းဖြစ်သည်။
သူ၏ သမီးဖြစ်သူအပြင်မှပြန်လာစဉ် အိမ်တံခါးကိုသော့ဖြင့်ခတ်ထားသည့်အပြင် မိခင်ကိုလည်း ခေါ်မရသဖြင့် သော့ပြင်ဆရာကိုခေါ်ကာ သော့ဖွင့်ပြီး အိမ်ထဲသို့ဝင်ရာ
မီးဖိုခန်းတွင် မိခင်ဖြစ်သူသေဆုံးနေခြင်းကိုတွေ့ရခြင်းဖြစ်သည်။
ကွယ်လွန်သူသည် ရဲအရာရှိတစ်ဦး၏ ဇနီးဖြစ်ကြောင်းသိရသည်။ အမှုကို ပုဇွန်တောင်
ရဲစခန်းနှင် စီအိုင်ဒီတို့မှ ကိုင်တွယ်စုံစမ်းလျှက်ရှိကြောင်းသိရသည်။
သူရထွန်း
PopularNews

No comments:
Post a Comment