Thursday, September 6, 2012

မဏ္ဍပ်ဝင်သူများ




ယခုတလော ပြည်တော်ပြန်သွားသူများက ပြောဆိုနေသော စကားတလုံးကို သတိထားမိလာသည် ။


မေသင်္ကြန်ဟိန်း၏ ဆောင်းပါးတွင် မေးမြန်းရာ၌ တွေ့ နေရ၍ မဏ္ဍပ်ဝင်သူများအကြောင်းကို စဉ်းစားမိဖြစ်သည် ။ တနေ့ က

စကားစမြည်ပြောယင်း ဤအကြောင်းကို ပြောဖြစ်ကြခြင်းဖြစ်သည် ။ ကိုယ်ကမဆုံးဖြတ်ဝံ့က စေခိုင်းသူ၏ ဆုံးဖြတ်ချက်များကို

လိုက်နာရသော အခြေအနေကို တင်စားထားသော ပုံပြင်ကလေးတပုဒ်အကြောင်းဖြစ်သည်။

        တခါက မဏ္ဍပ်နှစ်ခု ဆောက်ထားသည် ။ တခုသောမဏ္ဍပ်မှာ မိန်းမကြောက်သူများအတွက်သာ ဆိုသည့်  စာတမ်းကပ်ထားပြီး

နောက်မဏ္ဍပ်တခုမှာ မိန်းမ-မကြောက်သူများအတွက်သာ ဆိုသော စာတမ်းကပ်ထားသည် ။ သက်ဦးဆံပိုင် ဘုရင်ကြီးက သူ၏

တိုင်းသူပြည်သားများကို မည်သည့်မဏ္ဍပ်ဝင်ကြမည်နည်း ဆိုသော သဘောဖြင့် စစ်တမ်းကောက်ယူခြင်းဟု သိရသည် ။

      အချိန်စေ့၍ ဘုရင်ကြီးက မဏ္ဍပ်များကို လှည့်လည်စစ်ဆေးကြည့်သောအခါ မဏ္ဍပ်တခုတွင် လူတဦးကို တွေ့ ရသည် ။

ထို့ ကြောင့် မဏ္ဍပ်တွင် ကပ်ထားသောစာတမ်းကို ကြည့်သောအခါမှာကား မိန်းမ-မကြောက်သောသူများအတွက်သာ ဆိုသော

စာတမ်းကပ်ထားသည့် မဏ္ဍပ်ဖြစ်နေသည်ကို မြင်ရသည် ။ ထို့ ကြောင့် ဘုရင်ကြီးက မိန်းမ-မကြောက်သော သူအား မေးမြန်းစစ်ကြောရန်


အတွက်နန်းတော်ထဲသို့ ခေါ်ယူလေသည် ။

      မိန်းမ-မကြောက်သူ၏ မဏ္ဍပ်အတွက်သာ၌ ၀င်ခဲ့ သော သူမှာ သာမန်အားဖြင့် ကိုယ်လိုသူလို ဖြစ်နေသည်ကို ဘုရင်ကြီးကမြင်သည် ။

သို့ သော် အခြားသော သူများနှင့် မတူဘဲ သူတဦးတည်းသာ အာဂသတ္တိရှင်ကဲ့ သို့ ဖြစ်နေသော သူကို ဘုရင်ကြီးမှာ မချီးကြူးဘဲ

မနေနိုင်ဖြစ်နေရာ သူ့ လိုပင် စိတ်ဓါတ်ခွန်အားတွေ ရရှိလို၍ ၀မ်းသာအားရ မေးမြန်းလေတော့သည် ။ထိုအခါ မိန်းမ-မကြောက်သူ

မဏ္ဍပ်တွင်းဝင်သူ၏ ဖြေကြားသည်ကို ကြားရပြန်သောအခါ  ဘုရင်ကြီးမှာ သတ္တိရှင်ကြီးကို ပို၍ပင် မျက်စေ့ပြူးမျက်ဆန်ပြူး

ကြည့်မိဖြစ်သည်ဟု ဆိုသည် ။ သူဖြေလိုက်သောအဖြေကား မိန်းမကခိုင်းလိုက်၍ မိန်းမ-မကြောက်သော  မဏ္ဍပ်သို့ ဝင်ခဲ့ ရပါကြောင်းဟု

ဘုရင်ကြီးအားသံတော်ဦးတင်လိုက်ရသည်ဆိုသော ပုံပြင်ဖြစ်ပါသည် ။

       ခုတော့လည်း ပြည်တော်ပြန်သူများက မဏ္ဍပ်ဝင်သူများလို ဖြစ်နေသလား မသိတော့ ။ သို့ သော် တခုတော့ သေသေချာချာ

ရှင်းမှဖြစ်ပါလိမ့်မည် ။

ပြည်ပမှာနေစဉ်က ပါဝင်ဖွဲ့ စည်းခဲ့ သော အဖွဲ့ အစည်းများတွင် သူတို့ တွေသည် ဒါရိုက်တာများ ၊ ဥက္ကဋ္ဌများနေရာယူခဲ့ ကြသည် ။

၎င်းအဖွဲ့ များသည် ယခုထက်ထိ ဆက်လက် လှုပ်ရှားနေဆဲ ဖြစ်သည် ။ တိကျစွာပြောရလျှင် ယခုအချိန်ထိ -၂၀၀၈- ဖွဲ့ စည်းအုပ်ချုပ်ပုံ

အခြေခံဥပဒေကို လက်မခံသော ဦးသိန်းစိန်ဦးဆောင်သော အစိုးရကို လက်မခံသော အဖွဲ့ အစည်းဖြစ်သည် ။ ၄င်းအဖွဲ့ များမှ

ကြေညာချက်များ ထုတ်ပြန်ထားသည် ။ ယခင်ကလည်း ထုတ်ပြန်ထားသလို မနေ့ တနေ့ က လည်း ထုတ်ပြန်ထားသည် ။

ပြည်တော်ပြန်သွားသူများက အမေရိကနိုင်ငံသား ခံယူထားခြင်းများကို စွန့် လွှတ်ရန် အပြီးလာခဲ့ ကြသူများဟု

ပြောဆိုထားသည်ကို တွေ့ ရသည် ။

ဆိုရလျှင် သူတို့ ၏ သတ္တိရှိရှိ ပြောဆိုလိုက်သော စကားကို ကြားရ၍ မြန်မာနိုင်ငံကို ဖွံ့ ဖြိုးတိုးတက်စေလိုသော ဆန္ဒရှိနေသည်ကို

မည်သူမျှ ငြင်း၍မရ ။ သို့ သော် သူတို့ တွေသည် အမေရိကပြည်ထောင်စုတွင် သူတို့ ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး သူတို့ ကိုယ်တိုင်

ဥက္ကဋ္ဌလုပ်ပြီး ဖွဲ့ စည်းခဲ့ သော အဖွဲ များထဲမှာ နုတ်ထွက်ခြင်းမရှိသေးသည်ကို စဉ်းစားစရာဖြစ်သည် ။

စင်စစ်အားဖြင့် သူတို့ သည် ဦးသိန်းစိန်အစိုးရနှင့် လက်တွဲလိုလျှင် သူတို့ ၏ မိခင်အဖွဲ့ အစည်းများနှင့် သေခန်းရှင်ခန်း ပြတ်စဲကြောင်း

ပြုလုပ်သင့်သည်ဟု ထင်သည် ။ သို့ မှသာ ပြတ်သားသော နိုင်ငံရေးသမားများအဖြစ် ပြည်သူကမြင်တွေ့ မည်ဖြစ်သည် ။

      ပြည်တော်ပြန်သွားသူများမှာ သူတို့ ၏ မိခင်အဖွဲ့ အစည်းနှင့် မည်သို့ မျှ နုတ်ထွက်ခြင်းမရှိပါဘဲနှင့် ယခုကဲ့ သို့  ဦးသိန်းစိန်အစိုးရနှင့်

အတူတကွ လက်တွဲ လုပ်ဆောင်မည်ဟု ဆိုထားသောကြောင့် အမေရိကပြည်ထောင်စုရှိ ၄င်းသူတို့  ပါဝင်ဖွဲ့ စည်းထားသော

အဖွဲ့ အစည်းမှာလည်း ပြောစရာဖြစ်နေသည် ။


ထို့ ကြောင့် မဏ္ဍပ်ဝင်သူများအဖြစ် စာတမ်းထိုးထားသည်ကို စေခိုင်းသူများရှိ၍ ၀င်သွားလေခြင်းလား သို့ မှမဟုတ် ဦးသိန်းစိန်အစိုးရကို

နှပ်ပျစ်ရလောက်အောင် ကြံစည်ပြောဆိုထားလေသလားဆိုသည်ကို မည်သူမျှ ပြော၍မရတော့ ။

ထင်ထင်ရှားရှား ဖြစ်နေ မြင်နေသည်မှာတော့ မဏ္ဍပ်ထဲကို ၀င်သွားခြင်းကိုတော့ ပြည်သူအများက မြင်တွေ့ နေကြရပြီဖြစ်ပါကြောင်း ၊၊



ကျော်ခဏ်းနွယ်
ဓါတ်ပုံ- ပြည်တော်ပြန်အုပ်စု

No comments: