Tuesday, May 15, 2012

အမေရိကန် သံအရာရှိများ ရွှေနံ့သာကျေးရွာမှ လယ်သမားများကို ခေါ်ယူတွေ့ဆုံ

၁၄.၅.၂၀၁၂ ရက်နေ့မှာ အမေရိကန်သံရုံးမှ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတာဝန်ခံ မစ္စတာ ဘော့ဘေလီနှင့် နိုင်ငံရေး သံအရာရှိ မစ္စအားရင်း အီးဝက်(ဘ်)စတာမိန်း တို့နှစ်ဦးဟာ ဦးနေမျိုးဝေအပါအ၀င် ရွှေနံ့သာ ကျေးရွာမှ လယ်သမားများ စိုက်ပျိုးရေးပညာရှင် ဒေါက်တာထွန်းဝင်းနှင့် ဥပဒေပညာရှင်များ ဖြစ်ကြသည် ဦးဖိုးဖြူ ၊ ဦးညီညီထွေးတို့ကို ခေါ်ယူတွေ့ ဆုံပြီး ယနေ့ဖြစ်ပေါ်နေတဲ့ လယ်ယာမြေသိမ်းဆည်းခြင်း ကိစ္စတွေနဲ့ လယ်ယာမြေဥပဒေအပေါ်မှာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒီတွေ့ဆုံပွဲမှာ ဥပဒေပညာရှင်တွေ အပိုင်းကတော့ ယခင်ဥပဒေအဟောင်းတွေနဲ့ ထွက်ပေါ်လာတဲ့ လယ်ယာမြေ ဥပဒေ အပေါ်မှာ ထောက်ပြစရာတွေကို ဆွေးနွေးခဲ့ကြပြီး ဦးနေမျိုးဝေကတော့ ရွှေနံ့သာလယ်သ မားအရေးနဲ့ သူလိုက်ပါ ကူညီ ဆောင်ရွက်ခဲ့တဲ့ လယ်ယာမြေကိစ္စတွေအကြောင်းကို အခြေပြုဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ထွက်ပေါ်လာတဲ့လယ်ယာမြေဥပဒေနဲ့ ပတ်သက်ပြီး ဥပဒေပညာရှင်တွေ အပိုင်းက ထောက်ပြစရာတွေရှိပေမယ့် မတူကွဲ ပြားခြင်းနှင့် ငြိမ်းချမ်ရေးပါတီအနေနဲ့ကတော့ ထွက်ပေါ်လာတဲ့ ဥပဒေအပေါ်မှာ အပေးအယူ မျှမျှတတ ဖြစ်နေပြီး သူတို့ အနေနဲ့ ထောက်ခံမှုအပြည့်ရှိတဲ့အကြောင်းလည်း ပြောဆိုခဲ့ကြပါတယ်။ ယခုဖြစ်နေတဲ့ ရွှေနံ့သာလယ်သမားတွေ အရေး နဲ့ပတ်သက်လို့တော့ ဥပဒေအဟောင်းအရပဲ ဖြစ်ဖြစ်၊ ဥပဒေအသစ်အရပဲ ဖြစ်ဖြစ် လယ်သမားတွေဘက်က သာနေ ကြောင်းလည်း ပြောဆိုခဲ့တယ်လို့ ဦးနေမျိုးဝေကပြောပါတယ်။
ဥပဒေအတိုင်း ဆောင်ရွက်ခြင်း ရှိမရှိသာ ပိုအရေးကြီးတဲ့အကြောင်းနဲ့ လယ်သမားတွေအနေနဲ့က ဇေကမ္ဘာကုမ္ပဏီက လိုက်ရွှေ့နေတဲ့လမ်းကြောင်းအတိုင်း ပထမတုန်းကတော့ ဒီမြေတွေမှာ စက်မှုဇုန်အတွက်လုပ်ကိုင်နေရာမှ ယခုအခါမှာ တော့ ဦးခင်ရွှေကလည်း ဒီမြေတွေမှာ သီးစားလုပ်ကိုင်ခွင့်လျှောက်ထားပြီး စက်မှုလယ်ယာအဖြစ် အကောင်အထည်ဖော် ဖို့ အစီအစဉ်ရှိနေကြောင်း အဆိုပါတွေ့ဆုံပွဲမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
သံအရာရှိတွေသိချင်တာက ဒီကိစ္စတွေမှာ ဘယ်လိုလူမျိုးတွေက သိမ်းဆည်းနေတယ်ဆိုတာနဲ့ ယခုမှဖြစ်တာလား ယခင် ကတည်းက ဖြစ်နေတာတွေလား ဆိုတာတွေနဲ့ ပတ်သက်ပြီးတော့လည်း ရှင်းလင်းပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ နောက် ဆုံးအနေနဲ့တော့ နိုင်ငံတကာအနေနဲ့ ဘယ်လိုအကူအညီတွေ ဆောင်ရွက်ပေးသင့်သလဲဆိုတဲ့အချက်ကို မေးမြန်းတယ် လို့ သိရပါတယ်။
လယ်သမားတွေကလည်း ဇေကမ္ဘာကုမ္ပဏီလိုမျိုးပဲ စက်မှုလယ်ယာကို အကောင်အထည်ဖော်ဖို့ စုပေါင်းပြီး ကုမ္ပဏီ ထောင်ဖို့ စီစဉ်ပြီးဖြစ်ကြောင်းနဲ့ နေပြည်တော်ကို သွားရောက်မှတ်ပုံတင်ဖို့ စီစဉ်ထားပြီးဖြစ်ကြောင်း ပြောဆိုခဲ့ပြီး စက်မှု လယ်ယာဖော်ဆောင်ရာမှ လိုအပ်မယ့် စက်ယန္တရားတွေကို ကူညီပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
Naung Taw Lay 





No comments: