ဒု သမ္မတ နှုတ်ထွက် သည့် သတင်း အစိုးရ အတည်ပြု
သဘောထား တင်းမား သည့် မြန်မာ ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်စာ တင်သည် ဆိုသည့် သတင်း ကို မြန်မာ အစိုးရ တာဝန် ရှိသူ များ က အတည်ပြုပြောကြားခဲ့
ပြီး မည်သည့် အကြောင်း ကြောင့် နှုတ်ထွက် သည် ကို မူရှင်း လင်း စွာ ပြောကြား ခြင်း မရှိ ဟု
FNG မှ သတင်း ရရှိ သည်။လည်ချောင်း ကင်ဆာ ရောဂါ ကြောင့် နှုတ် ထွက် သည် ဟု သတင်း ဖြစ်ပေါ်ခဲ့ သော် လည်း
နေ ပြည် တော် မှ လာသည့် သတင်း ရင်း မြစ် များ တွင် မူ လက်ရှိ သမ္မတ ဦးသိန်းစိန် ၊ ကာ
ကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင် တို့  နှင့် တင်းမာမှု များ ရှိသည် ဟု သိရသည်။
ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး သည် နှုတ်ထွက် စာ မတင် ခင်က စင်္ကာပူ တွင် သွားရောက်
ဆေးကုသခံ ယူပြီး နောက်ပိုင်း တွင် ရန်ကုန် မြို့  မြောက် ဘက် တစ်နေရာ တွင် ရဟန်း ဘဝ
ဖြင့် ခေတ္တ သီတင်း သုံး နေသည် ဟု သိရသည်။
ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး အမှန်တကယ် နှုတ်ထွက်ပြီလော
ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ သမ္မတ ဦးသိန်းစိန်“ဒုတိယ ရှုထောင့်အနေနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ စစ်တက္ကသိုလ် အမှတ်စဉ် (၅၄) ဗိုလ်လောင်းသင်တန်း ကျောင်းဆင်းပွဲနဲ့ ၂၀၁၂ ခုနှစ် မတ်လ (၂၇) ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ တပ်မတော်နေ့ အခမ်းအနား မိန့်ခွန်းတွေအရ တပ်မတော်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လုံးဝထိပါးမခံဘဲ ကာကွယ်သွားမယ့် အခြေအနေ ရှိတယ်ဗျ။ တဖက်မှာလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ လွှတ်တော်ထဲကို ဝင်ရောက်လာချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ရေးလုပ်လိုတဲ့ အုပ်စု၊ ကာကွယ်စောင့်ရှောက်မယ့် တပ်မတော်နဲ့ လွှတ်တော်တွင်း ပြုပြင်ပြောင်းလဲရေးအတွက် သဘောထားတင်းမာတဲ့အုပ်စု အဲဒီအုပ်စု နှစ်စုတို့အကြားမှာ ထိပ်တိုက်တွေ့နိုင်မယ့် အနေအထားမှာ ရှိပါတယ်။ ဒီနေရာမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ စဉ်းစားစရာ ရှိလာနိုင်ပါတယ်။ တပ်မတော်ရဲ့ နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ အဓိက အချက်တွေဖြစ်တဲ့ (၁) တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ အတည်ပြုချက်နဲ့ ဒုသမ္မတတစ်ဦး၊ (၂) လွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်ခွင့် (၃) တပ်မတော်အနေနဲ့ တိုင်းပြည်အန္တရာယ်ရှိတယ်လို့ ယူဆတာနဲ့ အချိန်မရွေး အာဏာသိမ်းခွင့်ဆိုတဲ့ အချက်သုံးချက် ဖြစ်နေတယ်။ ဒါမှ တပ်မတော်က နိုင်ငံရေးမှာ ပါဝါကစားသွားနိုင်ဖို့ လွယ်ကူပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အနေနဲ့ ပြုပြင်ပြောင်းလဲရေးကို မတတ်သာလို့ လိုက်လျောမယ် ဆိုရင်တောင် ပါဝါတချို့ကို စွန့်မယ်ဆိုရင် ဘယ်ပါဝါကို စွန့်မှာလဲ။ အဲဒီ အဓိက ပါဝါကြီးသုံးခုကို ကိုင်စွဲထားတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အနေနဲ့ အသေးဆုံးပါဝါဖြစ်တဲ့ ဒုသမ္မတ တစ်ဦး အဆိုတင်သွင်းခွင့်ဆိုတဲ့ ပါဝါကိုသာ စွန့်မှာဘဲ။ ဘာကြောင့် ဒီလိုသုံးသပ်ရသလဲဆိုရင် ဒုသမ္မတနေရာ လစ်လပ်သွားလို့ ဒေါ်အောင်ဆန်းစုကြည်ကိုသာ အဲဒီနေရာပေးလိုက်ရင် ဒါဟာ တစ်ကောင်ကျွေးပြီး နှစ်ကောင်စားတဲ့ အကွက်ဖြစ်နေတယ်။ အပေါ်မှာ ပြောခဲ့သလို လွှတ်တော်တွင်း ပြုပြင်ပြောင်းလဲရေး လုပ်လိုသူတွေနဲ့ တပ်မတော် ခေါင်းဆောင်တချို့ကြားမှာ ပိုမိုတင်းမာမှု ဖြစ်နေကြတဲ့အထဲက အဲဒီကိစ္စကြောင့် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်း ပိုမို ခက်ခဲသွားစေမယ်။ နောက်တစ်ခု စားကွက်ကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခွဲထုတ်လိုက်နိုင်တဲ့အတွက် နိုင်ငံရေးကစားကွက် သာသွားနိုင်ချေ ရှိနေလို့ပါပဲ” ဟု သူ့ရဲ့အမြင်ကို ပေးပို့လာပါတယ်။
ဆက်လက်ပြီး စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်က စစ်ရုံးရှိ အရာရှိတစ်ဦးအား သဘောထားမှတ်ချက် တောင်းခံခဲ့ပါတယ်။ သူက “တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အနေနဲ့ ယခုအချိန်မှာ တပ်တွင်း အာဏာတည်ဆောက်ဆဲ ကာလဖြစ်နေတယ်။ ဒါကြောင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အနေနဲ့ တပ်တွင်းမှာ သူနဲ့ပါဝါတူ အာဏာလွှမ်း နိုင်သောသူများကို တပ်တွင်းမှ ဖယ်ရှားဖို့ လိုနေတာဗျ။ သူ့အနေနဲ့ ပါဝါတူ များကို ဖယ်ရှားမယ်ဆိုရင် ကစထမှူး (ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဆင်ရေး အထူးအဖွဲ့မှူး) သုံးဦးနဲ့ တပ်မတော် (ကြည်း၊ ရေ၊ လေ) ညှိနှိုင်းကွပ်ကဲရေးမှူးနှင့် လေ့ကျင့်ရေးအရာရှိချုပ်တို့ လေးဦးထဲက တစ်ဦးဦးအား ဒုတိယသမ္မတ အနေနဲ့ လွှတ်တော်ထဲကို ပို့နိုင်တယ်။ အဲဒီအခါ ကာကွယ်ရေးဦးစီးချုပ် အနေနဲ့ တပ်တွင်း အာဏာတည်ဆောက်မှုမှာ ကြီးမားတဲ့ အောင်မြင်မှုရလဒ် ရရှိသွားမှာ ဖြစ်တယ်။ ဒါပေမယ့် ဒုတိယသမ္မတ နှုတ်ထွက်စာ တင်တဲ့ကိစ္စမှာ အခြားဝှက်ဖဲတွေ ရှိနေနိုင်တယ်ဗျ” ဟု ပြောဆိုသွားပါတယ်။
နေပြည်တော်ရှိ လွှတ်တော်အတွင်း တာဝန်ထမ်းဆောင်သူများက သုံးသပ်သည်မှာ ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ကိစ္စအပေါ် ချက်ခြင်းလက်ငင်း ဆောင်ရွက်မှာ မဟုတ်ဘဲ အစိုးရက နိုင်ငံရေး အခြေအနေကို စောင့်ကြည့်ဦးမှာဖြစ်ပြီး နောက်ကွယ်မှာ ကြိုးကိုင်ခဲ့တဲ့ ဦးသန်းရွှေနဲ့ဦးမောင်အေးတို့ရဲ့ သဘောထားကို တောင်းခံနိုင်ကြောင်း ပြောကြားလာပါတယ်။
စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ် အနေဖြင့် အထက်ပါ ပြောကြားချက်များအား သုံးသပ်ရာမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အနေနဲ့ မည်သို့ပင်ဖြစ်စေ အားသာချက်များ ရရှိသွားမှာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်အဖို့ ထိပ်တိုက်ရင်ဆိုင်မှုများ အပါအဝင် အကြပ်အတည်းများနဲ့ ကြုံတွေ့ရနိုင်ကြောင်း သုံးသပ်တင်ပြ လိုက်ရပါတယ်။
No comments:
Post a Comment