Thursday, May 17, 2012

ဦးအောင်သိန်းလင်းက ဆန္ဒပြစက်ရုံများသို့သွားရောက် ညှိနှိုင်းနေ

ရှုမ၀အောင်(မြစ်မခ)
by Myit Makha Mediagroup on 17 May, 2012

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးအောင်သိန်းလင်းက လှိုင်သာယာစက်မှုဇုံမှ 

ဆန္ဒပြနေကြ သောစက်ရုံများအား ယနေ့မနက်(၉)နာရီတွင်သွားရောက်၍ 

အလုပ်သမားများဘက်ကလိုက်လံညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။



အဆိုပါစက်မှုဇုံမှ ဆန္ဒပြနေ ကြသောစက်ရုံများမှာ ပုလဲ၊ စံပယ်ဖြူနှင့် နေမင်းအောင်စက်ရုံတို့ဖြစ်သည်။  

 မေလ (၁၄)ရက် နေ့တွင် စံပယ်ဖြူစက်ရုံက အလုပ်သမားများက စတင် ဆန္ဒပြကာ၊ မေ(၁၅) ရက် နေ့တွင် 

ပုလဲစက်ရုံနှင့် မေ(၁၆)ရက်နေ့တွင် နေမင်းအောင်စက်ရုံမှ အလုပ်သမားများပါဝင်လာခြင်း ဖြစ်သည်။ 

အလုပ်သမားများမှာ အခြေခံလစာရလိုမှုအတွက် ဆန္ဒပြတောင်းဆိုနေကြခြင်းဖြစ်သည်

No comments: