ယမင်း (မြစ်မခ)
by Myit Makha Mediagroup on 17 May, 2012
by Myit Makha Mediagroup on 17 May, 2012
လှိုင်သာယာမြို့နယ်၊
ရွှေလင်ပန်းကျေးရွာက ပလပ်မြေပေါ်ရှိ ကျူးကျော်နေအိမ်များအား
ဖျက်သိမ်းခိုင်းမှုနှင့် ပတ်သတ်၍ နိုင်ငံတော်သမ္မထံသို့ နေထိုင်မူအတွက်
စီစဉ်ပေးပါရန် အသနားခံစာဖြင့် တင်ပြတောင်းဆို ထားကြောင်း သိရသည်။
နာဂစ်မိ၍
ဧရာဝတီတိုင်းဒေသကြီးဘက်က ပြောင်းရွှေ့လာသူများက ကျူးကျော်နေအိမ်ဆောက်လုပ်
နေထိုင်သော အိမ်ထောင် (၇၀)ကျော်က
နေထိုင်စရာနေရာပြောင်းရွှေ့ခိုင်းသည့်အပေါ်တွင် ယခုကဲ့သို့ မေလ(၁၄)ရက်နေ့က
အသနားခံစာတင်သွင်းခြင်း ဖြစ်သည်။
“ကျွန်တော်တို့က
မော်ကျွန်းကပြောင်းလာတာပါ။ နေစရာထိုင်စာရာအခက်ခဲဖြစ်လို့ ဒီမှာ တစ်လ
(၃၀၀၀)လောက်ပေးပြီးတော့ အိမ်ဆောက်ပြီး နေရတာပါ။ ကျူးကျော်နေတာတော့
ဟုတ်ပါတယ်။ ဒါပေမယ့် မတက်နိုင်တဲ့အတွက် ကျွန်တော်တို့ကို ဒီလို
မြေရိုင်းကွက်တွေမှာ သင့်သင့်တဲ့ တန်ဖိုးနဲ့ နေရာစီစဉ်ပေးစေဖို့
အသနားခံတာပါ” ဟု ရလပ-၂၃ ပလပ်မြေတွင်နေထိုင်သူ ဦးကြည်အောင်က ပြောသည်။
အဆိုပါ
ကျေးရွာတွင် နေထိုင်သော အိမ်ထောင်စု နှစ်ရာကျော်အား ၂၀၁၂ခုနှစ် မေလ ၁၂
ရက်နေ့ နောက်ဆုံး ပြောင်းရွေ့ပေးရန် လှိုင်သာယာမြို့နယ်အုပ်ချုပ်ရေးမှူးက
အမိန့်ပေးခဲ့ကြောင်း၊ ပျက်ကွက်ခဲ့ပါက မြို့ရွာနှင့် ကျေးရွာ အက်ဥပဒေ ပုဒ်မ
၂၁(၁) အရ ဖျက်သိမ်းရှင်းလင်းမည်ဖြစ်ကြောင်း အကြောင်းကြားစာများ ပို့ခဲ့
ကြောင်း သိရသည်။
“ကျွန်တော်တို့
အလုပ်တောင် မဆင်းရဘူး။ ဘယ်နေ့ လာဖျက်မယ်ဆိုတာ ရင်တထိတ်ထိတ်နဲ့
ကျွန်တော်တို့ နေရာတွေ နာဂစ်ပါပြီးကတည်းက ငှားနေ ၀ယ်နေဖို့က
ပိုက်ဆံမရှိလို့ နေထိုင်စရာ နေရာလဲမရှိလို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို
မြေခပေးပြီးနေနေတာပါ” ဟု ဖျာပုံမှ နာဂစ်မိ၍ ပြောင်းရွှေ့နေထိုင်လာသော
ဦးကြည်မြင့်က ပြောသည်။
ရလပ-၂၃
ပလပ်မြေတွင် အိမ်ခြေ (၂၇၀) ၀န်းကျင်ရှိပြီး လူဦးရေ
(၁၀၀၀)ကျော်နေထိုင်ကြောင်း၊ အိမ်ထောင် စုဝင် အများစုမှာ
စက်ရုံအလုပ်သမားများ၊ ဆိုက်က္ကားသမား၊ ပန်းရံသမား၊
ပျံကျဈေးရောင်းသူများဖြစ်ပြီး၊ နေထိုင်စဉ်ကာလ၌
ရပ်ကွက်အုပ်ချုပ်ရေးရုံးသို့ တစ်အိမ်ထောင်လျှင် ငွေကျပ် သုံးသောင်း
ပေးသွင်း ရပြီး နောက်ပိုင်း တစ်လလျှင် မြေငှားရမ်းခ (၃၀၀၀)ကျပ်ပေး ရကြောင်း
ဒေသခံများက ဆိုသည်။
ပလပ်မြေပေါ်ရှိ
အိမ်ထောင်စုများ၌ ကျောင်နေအရွယ် ကလေး (၄၀၀)ကျော်ရှိပြီး အများစုမှ
ပညာရေးအတွက် နီးစပ်ရာ အခမဲ့ဘုန်းတော်ကြီးသင်ကျောင်းများကို
အားကိုးနေရကြောင်း သိရသည်။
“ကျွန်မတို့က
ပိုက်ဆံမတက်နိုင်လို့ အခုလိုငှားနေတာ။ ကလေးတွေအတွက်လည်း ဒီနားက အခမဲ့
ဘုန်းတော် ကြီးသင် ကျောင်းမှာ ထားရတယ်။ ကျွန်မတို့မိသားစုအနေနဲ့လည်း
စက်ရုံမှာလုပ်ပြီး ညနေပိုင်းဆို ပျံကျ ရောင်းရတယ်။ အမိန့်နဲ့ဆိုတော့လည်း
ပြောင်းရ မှာပဲလေ”ဟု ကျိုက်လတ်မှ ပြောင်းရွေ့နေထိုင်သူ မအေးက ပြောသည်။


No comments:
Post a Comment