မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
ရေးဖြစ်ခဲ့တဲ့သီချင်းတပုဒ်
မငယ်တို.၊ကိုသန်းထွန်းစိုးတို.ကသီချင်းအကြောင်းရေးကြတော့ကျနော်လည်းအဟောင်းတွေ၊နာကြည်းစရာတွေကိုပြန်သတိရတတ်လွန်းလို.
မေ့ဖို.ကြိုးစားပြီး
ကြိုးစားမေ့ပစ်နေတဲ့သီချင်းလေးအကြောင်းပြန်ရေးချင်လာပါတယ်။ ၅၅
ယောက်ထွက်ပြေးသွားတဲ့အမှုနဲ.ထောင်မှုး လှမျိုးအောင်နဲ.ထောင်တာဝန်ခံ
နာဂအောင်နိုင်တို. ကိုသေဒဏ်ဖတ်ပြီးကုန်းပေါ်ပြန်အတက်မှာသံချောင်းဦးဆောင်တဲ့
နိုင်အောင်အပါအဝင်နောက် လိုက် ငယ်သားများ ကျနော်တို. ရ
ယောက်ကိုစုထားတဲ့အိမ်ကိုဝင်လာပြီး "ကိုညီညီ ခင်ဗျားမန္တလေး မှာလဲ
သီချင်းတွေရေးခဲ့တာ အခုလဲABSDF(NB)ရဲ.ဝါဒဖြန်.ချီရေးတိတ်ခွေအတွက်
သီချင်းတွေရေးပေးပါ ဆိုပြီး
သံချောင်းကခိုင်းသွားလို.ရေးခဲ့ရတဲ့သီချင်းလေးပါ။ကျနော်ကစာသားရေးပါတယ်။မငယ်ကသံစဉ်ထဲ့ပါတယ်။
*နီစွေးတဲ့သွေးတွေ နွေပင်လယ်တခုမှာ
ငြိုးလို.သည်းထန်ရွာကာနေ…ယမ်းညှော်များနဲ.မီးခိုးများလည်းပေါင်းစုံလို.
…….အလောင်းကောင်များ ငိုမည်ဟစ်ကြွေးသံများ ……ငရဲပြည်တခု တို.မြေမှာ
မှားယွင်းရောက်ရှိနေတယ်လေ……..
*ညစ်ထေးတဲ့စိတ်တွေ
ရာဇာပလ္လင်တခုမှာ….ဆိုးဖို.အကြောင်းဖန်တည်ကာနေ…..အတ္တများနဲရမက်များလည်းပေါင်းဆုံလို.
……စက်ရုပ်လူသား ဟန်ဆောင်ဘဝတေးသံများ……..အမိုက်ကျွန်ဘဝ တို.တတွေမှာ
မတရားခြင်းဘဝရဲ.အဖြေပါလေ………..
*ရောင်နီတခုကြောင့် နေ.သစ်တခုမွေးဖွါးလိုက်သလို
ရှစ်လေးလုံးအမွေသစ်ရဲ.ရှင်သန်လာတဲ့ရွက်နုပျို တို.ကျောင်သားတပ်မတော်
နိမ့်ကျဘဝနဲ.ပြည်သူအတွက်ဖြစ်ရမယ်။ထာဝစဉ်အမြဲတိုးတက်ဖို.ရည်မျော်နေ…
*ရောင်နီတခုကြောင့်နေ.သစ်တခုမွေးဖွားလိုက်ပြီ…..လူအားလုံး
နေ.သစ်ကြောင့်ရှင်သန်လာတဲ့နှလုံးသားတွေ အငိုသီချင်းများ ဆုံးပြီ…
အားလုံးရဲ.ဘဝ အောင်မြင်မှုများရတော့မယ် ..ထာဝစဉ်အမြဲတိုးတက်ဖို.ရည်မျှော်နေ….
အဲဒီ
bold လုပ်ထားတဲ့နေရာ ၂ ခုမှာ နေရာမှားတာလား
စာသားကျန်နေခဲ့လားမမှတ်မိတော့ဘူး။ သီချင်းနာမည်က "သစ္စာတေး" ပါ။ဒီသီချင်းကို
ကျနော်တို.ဘယ်လိုခံစားချက်နဲ.ရေးတယ်ဆိုတာကို အဲဒီအချိန်က ABSDF
(NB)ကအရာရှိဆိုသူများနဲ.အရာခံ အကြပ်တပ်သားတွေ မသိကြပါဘူး။ကျနော်တို. ရ
ဦး(အမှန်ကစုနေကြတဲ့အထဲ မိုးကြီးနဲ.ခင်မောင်ဇော်တို.ပါလာလို. ၉
ဦးဖြစ်ပေမဲ့သူတို. ၂ ဦးကို ကျနော်တို. အနည်းဆုံးကျနော်က
ကျနော်တို.လူအဖြစ်အသိအမှတ်မပြုပါဘူး)သာသိရှိခံစားခဲ့တဲ့သီချင်းပါ။
ဒီသိချင်းကိုကျနော်စကားလုံးတလုံးချင်း
မငယ်နဲ.ဆွေးနွေးတိုင်ပင်ပြီးလတ်တလော ခံစားနေရတဲ့ခံစား ချက်တွေ
အပြည့်နဲ.ရေးခဲ့တာပါ။ သွေးမိုးတွေ-ဟစ်အော်သံတွေ-ငိုသံတွေ-အလောင်းတွေ
…..အခုတောင်ပြန် ခံစားမြင်ယောင်နေမိပါတယ်။ကျနော်တို.ရဲ.စက်ရုပ်လိုဘဝ
ဟန်ဆောင်ဘဝ ကိုယ်ကိုယ်တိုင်တော်လှန်ခဲ့ တဲ့သူတွေအဖြစ်
ကိုယ်တိုင်ဟန်ဆောင်နေရတဲ့အဖြစ် အစအဆုံးနာကြည်းစရာတွေတွေပါ။ ရ
ယောက်လွတ်မြောက်ဖို.
လမ်းစကိုမျှော်မှန်းလို.ရေးရေးလေးမြင်ရတဲ့အချိန်မှာရေးခဲ့တာပါ။
သံစဉ်ရှာတော့(ကျနော်ကဂစ်တာလုံးဝမတီးတက်ပါဘူး) မငယ်ရေ
ခင်မောင်တိုးရဲ."ပြန်မလှည့်တော့ ဘူး" သံစဉ် မျိုး လေးလုပ်ရအောင် ။ပထမ ၂
ပိုဒ်မှာ မျှော်လင့်ချက်မဲ့နေတဲ့အနိဌာရုံမြင်ကွင်းဖြစ် လို.သံစဉ်
ပါးပါးလေးပျော့ပျော့လေး ဒုတိယ ၂ ပိုဒ်မှာတင်လိုက်ရအောင်ဆိုပြီးကျနော်ဖြစ်
ချင်တဲ့ပုံစံ ကိုဥပမာ အမျိုးမျိုးပေးပြီးရှင်းပြတော့
မငယ်ကနားလည်လက်ခံပြီးကြိုးစားပေးခဲ့လို.ဒီသီချင်းဖြစ် လာတာပါ။
စော်ကားခံရမှု-စွတ်စွဲခံရမှုတွေအတွက်
ခင်ဝမ်းရဲ. "ညကောင်းကင်ရဲ.တေးသမား" သီချင်းတို. ၊ကိုရဲလွင်ရဲ.
"ပန်းစိုက်သူတို. ဝေဒနာ" ထဲက bass တလုံးတည်းနဲ.သီချင်းရဲ. tampo
ကိုတင်သွားသလိုမျိုး အထိဆွေးနွေးဖြစ်ကြ တယ်။ဘေးထွက်ရလဒ်အနေနဲ.
မငယ်နဲ.ကျနော်ဟာ အနုပညာမော င်နှမတွေဖြစ်
သွားခဲ့ကြပြီးအရင်ကထက်ပိုပြီးရင်းနှီးသွားခဲ့ကြတာပါ။အဲဒီလိုမျိုး
ထိန်လင်း(ဘောကြီး)နဲ.ကျနော် အကျဉ်း သားဘဝမှာ
စကားပြောဖြစ်တော့လဲဖြစ်ဖူးပါတယ်။အဖမ်းခံရစဉ်မှာပဲ
ကဲန်ဒင်စကီးတို.-တာနာတို.- ဟိုလ်ဒင်
တို.-ဖရန်စစ်ဘေကွန်တို.ရဲ.ပန်းချီကားတွေ
အကြောင်းပြောခဲ့ကြရင်း အနုပညာသွေးတွေ အပြန် အလှန်စီး ဆင်း မိခဲ့ဘူးကြပါတယ်။
အခုပြောချင်တာက အဲဒီသီချင်း ၊ကျနော်လည်းပြန်နားမထောင်ချင်ပါဘူး
အခုအချိန်ထိ "နတ်ရှင်နောင်" သီချင်းနားထောင်ရင်း ကိုချိုကြီး
လက်ပြတ်ကြီးနဲ.အားနည်းနေတဲ့ကြားက ထောင်မှုးတွေရဲ.အမိန်.အရ
မဆိုရင်အရိုက်ခံရမှာမို.လို. အဲဒီနတ်ရှင်နောင်
သီချင်းက်ုမောမောပန်းပန်းနဲ.သီဆိုနေတာကို မြင်ယောင်ပြီး
မျက်ရည်စို.နေတုံးပါ။ နောက်မြင်ရကြားရတဲ့
သွေးတွေ-အသံတွေ-လတ်တလောသေသွားတဲ့သူတွေ-သရော်ပြုံး ပြုံးပြတဲ့ သန်းဇော်တို.
ဇော်ဇော်မင်းတို.မျက်နာတွေ -တာဝန်အရ (KIA) အမိန်.အရ ဆေး လာကုပေးကြပေမဲ့
အထင်သေးအမြင်သေးနဲ.နိမ်.ချဆက်ဆံတဲ့ဆေးဆရာမတွေရဲ. အသံတွေ ကလီမ်
ကကျစ်ပြုံးတဲ့ အောင်နိုင်လိုကောင်ရဲ.မျက်နှာပေးတွေကို ဒီသစ္စာတေး
သီချင်းကို ပြန်စဉ်းစားမိတိုင်း ပြန်သတိ၇နေလို.ပါ။ ဒါပေမဲ့
နာကြည်းဖွယ်သမိုင်းတခုကိုအားလုံးသိသင့်ပါတယ်။ကျနော့်ခံစားမှုတွေကို
အားလုံးသိအောင် သံစဉ်တခုကိုရင်နာစရာတွေနဲ.ရင်းပြီး ရှာဖွေပေးခဲ့တဲ့
ကျနော့်တော်လှန်ရေးအတွင်း က နှမငယ် မငယ်ရဲ.အားထုတ်မှုကိုလည်း လူသိရှင်ကြား
အသိ အမှတ်ပြုရပါမယ်။ ဒီသစ္စာတေးစာသားတွေဟာသက်မဲ့ပါ။
အဲဒါကိုအသက်သွင်းပေးတာက မငယ်ပါ။
ဆက်ပြီးလုပ်ရပ်တွေအကြောင်းမဟုတ်တဲ့စိတ်ခံစားမှုတွေအကြောင်းရေးဖို.ကြိုးစားပါအုံးမယ်။
(ဆမား ) ညီညီ မြောက်ပိုင်းရဲဘော်ဟောင်း
၁၅-၅-၂၀၁၂
No comments:
Post a Comment