“အော်စလိုကို၊ ဇွန်လ ၁၅ ရက်နေ့ ရောက်မယ်၊ သူနဲ့ လိုက်ပါလာတဲ့ NLD အဖွဲ့ဝင် တချို့နဲ့ အတူ နော်ဝေး ပါလီမန်ကို လည်း လေ့လာမယ်၊ မြန်မာနိုင်ငံသားတွေနဲ့ လည်းတွေ့မယ်၊ ဇွန်လ ၁၇ ရက်နေ့တွင် နိုဘယ်ငြိမ်းချမ်းရေး ဆုချီးမြှင့်မည့် အခမ်းအနား ကျင်းပမည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် သီတင်းပတ်က နိုင်ငံကူး လက်မှတ် ရရှိပြီးဖြစ်သည်။ ထို့ကြောင့် သူသည် ဇွန်လ (၁၈) ရက်နေ့အိုင်ယာလန်ကို ခရီး ဆက်ပြီး၊သူ၏ (၆၇) နှစ်မြောက်မွေးနေ့ကိုလည်း အင်္ဂလန်နိုင်ငံမှာ ကျင်းပမှာ ဖြစ်မည်ဟု အန်အယ်ဒီ ပါတီ သတင်းအရ သိရပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အနှစ် (၂၀) ကျော်အတွင်း ပထမဆုံးအကြိမ် ပြည်ပ ခရီးစဉ်အဖြစ် ဇွန်လ (၁၄) ရက်နေ့တွင် မြန် မာနိုင်ငံမှ စတင် ထွက်ခွာပြီး နော်ဝေးနိုင်ငံ၌ ၄ ရက်ကြာ နေထိုင်ပြီးနောက် အိုင်ယာလန်နှင့် အင်္ဂလန်ကို ခရီး ထပ်ဆက်မည်ဟု ရန်ကုန် သံတမန် သတင်းရပ်ကွက်က ဆိုပါသည်။
No comments:
Post a Comment