ဘင်ဂျမင် ဒစ္စရေလီ Benjamin
Digraeli ဟာ ပင်ကိုစရိုက်အား ဖြင့် စာရေးဆရာဖြစ်ပါတယ်။ ဝတ္ထု
ရှည်အများအပြားရေးသားခဲ့တယ်။ ဒါပေမယ့် ၁၉ ရာစုနှောင်းပိုင်းကာလ မှာ သူဟာ
ဗြိတိသျှဝန်ကြီးချုပ်ဖြစ် လာခဲ့တယ်။ အတွေးအမြင်ရှိသူဖြစ် တဲ့အလျောက် သူဟာ
၁၉ ရာစု အင်္ဂလန်နိုင်ငံရဲ့ လူမှုဘဝအခြေအနေ ကို အခုလိုခြယ်မှုန်းလှစ်ဟပြခဲ့တယ်။
''နှစ်နိုင်ငံ...။
သူတို့အကြားမှာ အဆက်အဆံလဲ မရှိကြသလို စာနာ ထောက်ထားမှုလဲမရှိကြဘူး။ တစ်ဦး
ရဲ့အလေ့အထ အတွေးအခေါ်နဲ့ ခံစား မှုတွေကို အခြားတစ်ဦးက မသိဘူး။
ကြီးပြင်းလာကြတဲ့ ပုံစံကလဲ ကွာ ခြားတယ်။ စားသောက်မှုကလဲ ကွဲ ပြားတယ်။
အမူအကျင့်တွေကလဲ မတူကြဘူး။ သူတို့ကို အုပ်ချုပ်တဲ့ ဥပဒေတွေကလဲ
အတူတူမဟုတ်ဘူး။ ဒီနှစ်နိုင်ငံကတော့ သူဋ္ဌေးနဲ့ငမွဲ''
အင်္ဂလန်နိုင်ငံမှာ နေထိုင်ကြသူ
တွေဖြစ်ပါလျက်နဲ့ အချို့က သိပ်ချမ်း သာပြီး အချို့က သိပ်ပြီးဆင်းရဲမွဲတေ
နေကြတာကို နှစ်နိုင်ငံပမာ တင်စား ပြီး ဒစ္စရေလီက ဖော်ညွှန်းခဲ့ခြင်းဖြစ် တယ်။
ဒါပေမယ့် ၁၉ ရာစုနှောင်း ပိုင်း အင်္ဂလန်နိုင်ငံရဲ့ ဖြစ်ရပ်မျိုး၊ လော
လောဆယ် အမေရိကန်ပြည်ထောင်စု မှာလဲ ဖြစ်ပေါ်နေတယ်လို့ အချို့က ထောက်ပြကြတယ်။
ဝေါစထရိ သိမ်းပိုက်ကြ- Occupy Wall Street - OWS လှုပ်ရှားမှု ထွက်ပေါ်လာပြီးနောက် အမေရိကန် နိုင်ငံမှာ လက်ဝဲ-Left အုပ်စုတွေကပဲ တရားမျှတမှု မရှိဘူး-ှု Inequality လို့
ထင်မြင်ယူဆပြောဆိုနေကြတယ်လို့ အချို့ကသတ်မှတ်တယ်။ OWS လှုပ် ရှားသူတွေက
အမေရိကန်နိုင်ငံကို နှစ် ခြမ်းခွဲပြီး ရှုမြင်ကြတယ်။ ငါတို့က ၉၉
ရာခိုင်နှုန်း- We are 99.percent သူတို့က တစ်ရာခိုင်နှုန်း They are one percent လို့ ထောက်ပြကြ တယ်။ တစ်နည်းပြောရင် သူဋ္ဌေးက တစ်ရာခိုင်နှုန်း၊ ငမွဲက ၉၉ ရာခိုင်နှုန်း လို့ ဆိုလိုတာဖြစ်တယ်။
ထူးခြားချကိတစ်ခုကတော့ ရီ
ပတ်ဘလီကင်ပါတီတွင်းမှာ သမ္မတ လောင်းဖြစ်ရေးအတွက် မဲဆွယ်စည်း
ရုံးရေးဆင်းနေကြသူတွေဟာ ဆင်းရဲ ချမ်းသာကွာဟမှု ပြဿနာကို တစ်စွန်းတစ်စကလေးမျှ
ထုတ်ဖော်ပြော ကြားကြခြင်းမရှိတဲ့ကိစ္စဖြစ်တယ်။ တရားမျှတမှုမရှိတဲ့ ကိစ္စကို
မသိကျိုးကျွန်လုပ်နေကြရုံသာမက ဒီကိစ္စကို တင်ပြလာသူတွေကိုလဲ ထိုးနှက်တိုက်
ခိုက်နေကြတယ်။
သမ္မတ ဘားရက်အိုဘားမားဟာ
အမေရိကန်နိုင်ငံထဲမှာ ဖြစ်ပျက်နေတဲ့ ဆင်းရဲချမ်းသာကွာဟမှုကို မီးမောင်း
ထိုးပြတယ်။ ရီပတ်ဘလီကန်တွေက အိုဘားမားကို လူတန်းစားတိုက်ပွဲ
တစ်ရပ်ဖော်ဆောင်ဖို့ ကြိုးပမ်းနေတယ်လို့ စွပ်စွဲပြောဆိုခဲ့ကြတယ်။
ကွန်ဆာဗေးတစ်တွေဖြစ်ကြတဲ့ ရီပတ်ဘလီကန်တွေဟာ တရားမျှတမျှမရှိဘူးလို့
ပြောတာကို သိပ်ပြီးသဘော ကျပုံမရဘူး။
တကယ်တော့ ရီပတ်ဘလီကန်တွေဟာ
အမေရိကန်ပြည်တွင်းမှာ မမျှတမှုဖြစ်နေတာကို လျစ်လျူမရှုသင့်ဘူး။ ဘာကြောင့်လဲ။
တကယ်လို့ စီးပွားရေးတိုးတက်မှုရဲ့ အကျိုးအမြတ် အသီးအပွင့်တွေဟာ
လက်တစ်ဆုပ်စာတောင်မရှိတဲ့ လူနည်းစု အတွက်ပဲဖြစ်နေမယ်ဆိုရင်
အရင်းရှင်စီးပွားရေးစနစ်ဟာ မကြာမီကာလအတွင်းမှာ တရားဝင်ဖြစ်မှု
ဆုံးရှုံးသွားနိုင်တယ်။ ရွေးကောက်ပွဲဆိုတာလဲ အဓိပ္ပာယ်မရှိတော့ဘူးပေါ့။
အရှိကိုအရှိအတိုင်း ဖော်ညွှန်း လျက်ရှိတဲ့ အချက်အလက်တွေကို ကြည့်ပါဦး။ အမေရိကန်နိုင်ငံမှာ ဘာတွေဖြစ်နေသလဲဆိုတာ။
သန်းခေါင်စာရင်းဗျူရို- Census
Bureau ရဲ့ စာရင်းအရ ပျမ်းမျှအမေရိကန်ယောက်ျားတစ်ယောက်ဝင်ငွေ ဟာ ၁၉၇ဝ
နှစ်များကစပြီး မတိုးတက်ဘဲ တန့်နေခဲ့တယ်။ အမေရိကန်မိသားစုများရဲ့
အောက်ခြေလေးပုံတစ် ပုံဝင်ငွေဟာ လက်တွေ့အားဖြင့် ကျဆင်းသွားခဲ့တယ်။
ဒါပေမယ့် ချမ်းသာကြသူတွေရဲ့
ဇာတ်လမ်းကတစ်မျိုး။ အောက်ခြေလူတန်းစားတွေနဲ့ ကွာခြားတယ်။ ဘောဂဗေဒပညာရှင်
Emmanuel Saez ရဲ့ အဆိုအရ စုစုပေါင်းဝင်ငွေ ထဲက မိသားစုများရဲ့
ထိပ်ပိုင်းတစ် ရာခိုင်နှုန်းဝင်ငွေဟာ ၁၉၇၉ ခုနှစ်မှ စပြီး နှစ်ဆတိုးသွားတယ်။
သူတို့ရဲ့ ဝင်ငွေဟာ ၁ဝ ရာခိုင်နှုန်းအောက်ရှိ နေရာက ၂ဝဝ၇ ခုနှစ်မှာ ၂၄
ရာခိုင် နှုန်းအထိ ထောင်တက်သွားတယ်။ ဒီအထဲမှာ ထိပ်ပိုင်းရဲ့ ထိပ်ဆုံးက ဝ.ဝ၁
ရာခိုင်နှုန်းသာရှိတဲ့ စူပါသူဋ္ဌေး ကြီး Super-rich တွေရဲ့ ဝင်ငွေက
ခုနစ်ရာခိုင်နှုန်း ခုန်တက်သွားတယ်။ ထိပ်ပိုင်းက လူချမ်းသာတွေကတော့
ချမ်းသာပြီးရင်း ချမ်းသာနေကြတယ်။
တစ်ချိန်တစ်ခါက
အမေရိကန်နိုင်ငံသားတွေက လူလူချင်း အခွင့်အရေး တန်းတူညီမျှရှိတယ်။ ဘယ်သူမဆို
အရည်အသွေးထက်မြက်ရင် ထိပ်တန်း ရောက်နိုင်တယ်ဆိုပြီး
ဂုဏ်ယူဝင့်ကြွားခဲ့ကြတယ်။ ဒါပေမယ့် ဒီ ကနေ့ခေတ်မှာတော့ ဒီလိုမဟုတ် တော့ဘူး။
လူမှုရွေ့လျားနိုင်စွမ်း Social Mobility ဟာ အမေရိကန် နိုင်ငံမှာ
တောင်ပေါ်ကနေတောင် အောက်ဆင်းလာတယ်။ လှပတဲ့ အိပ်မက်တွေပြိုပျက်သွားတယ်။
အိပ်မက်ဆိုးတွေ မြင်မက် လာကြရတော့တယ်။ ဒီဖြစ်ရပ်တွေနဲ့
ပတ်သက်ပြီး ဗဟိုလက်ဝဲယိမ်းဘောဂဗေဒပညာရှင် များဖြစ်ကြတဲ့ Paul Krugman နဲ့ Jeffrey Sachs တို့က အခုလို ထောက်ပြကြတယ်။ ရော်နယ်ရေဂင် Ronald Reagan က
ပုံဖော်ဖန်ဆင်း ခဲ့တဲ့ ဘဏ္ဍာရေးစည်းကမ်းစည်း မျဉ်းလျှော့ချမှုဟာ ဘဏ္ဍာရေးနယ်
ပယ်မှာ အတောမသတ်နိုင်တဲ့ ဝိသမ လောဘခေတ်ကြီးကို တံခါးဖွင့်ပေး လိုက်သလို
ဖြစ်သွားစေခဲ့တယ်။ တစ် ချိန်တည်းမှာပဲ ရီပတ်ဘလီကန်တွေ ဟာ ဝေါစထရိက
သူတို့ရဲ့ အပေါင်း အသင်းတွေအတွက် လိုအပ်တဲ့ ငွေ ကြေးကို
ထောက်ပံ့ပေးကမ်းနိုင် အောင်လို့ ရှိပြီးဖြစ်တဲ့ လူမှုရေးအစီ အမံတွေ၊
ပမာအားဖြင့် New Deal wdkU? Great Society တို့ကို ရက်ရက် စက်စက် ခုတ်ထစ်ပိုင်းဖြတ်ပစ်ခဲ့ ကြတယ်။
အခြားတစ်ဘက်မှာလဲ လစ်ဘ
ရယ်ဆိုသူတွေက ဒိန်းမတ်၊ ဆွီဒင်နဲ့ နယ်သာလန်နိုင်ငံတွေကို လှမ်းမျှော်
ကြည့်ပြီး အဲဒီနိုင်ငံတွေမှာလို လုပ် ချင်ကိုင်ချင်ကြတယ်။ အဲဒီနိုင်ငံတွေ
မှာက ချမ်းသာသူတွေ ပိုပြီးချမ်းသာ မလာကြတဲ့အပြင် လူမှုရွေ့လျားနိုင်
စွမ်းကလဲမြင့်မားတယ်။ အဲဒီနိုင်ငံတွေ မှာ အစိုးရအနေနဲ့ တိုင်းသူပြည်သား
တွေရဲ့ လူမှုဘဝကို ကူညီစောင့်ရှောက် ပေးကြတယ်။ အမေရိကန်နိုင်ငံက
လစ်ဘရယ်သမားတွေက အဲသလို လုပ်ချင်ကြတယ်။ ဥရောပစတိုင် မူ ဝါဒတွေ
ကျင့်သုံးချင်ကြတယ်။
Krugman က
''ဝင်ငွေနည်းတဲ့ မိခင်လောင်းတွေနဲ့ ကလေးတွေကို အာဟာရကြွယ်ဝအောင် အထောက်
အကူပေးမယ်၊ အစိုးရကျောင်းတွေကို တိုးတက်အောင်လုပ်မယ်၊ ဝင်ငွေနည်း
ကောလိပ်ကျောင်းသားတွေကို ထောက်ကူမယ်၊ လူတိုင်းစေ့ ကျန်း
မာရေးစောင့်ရှောက်မှုပေးတဲ့ စနစ်ကျင့် သုံးမယ်' ဆိုတဲ့ ဥရောပလူမှုဖူလုံရေး
ပုံစံကိုချပြတယ်။ ဒီအတွက် ငွေဘယ် ကရမလဲ။ သူဋ္ဌေးကြီးတွေကို အခွန်
ပိုကောက်မယ်။
ဒီသဘောတရားကို အိုဘားမား က
သဘောကျပေမယ့် ရီပတ်ဘလီ ကန်တွေက လုံးဝသဘောမကျကြ ဘူး။ ဒါကြောင့်
ဒီနှစ်သမ္မတရွေး ကောက်ပွဲမှာ အိုဘားမားနဲ့ ရီပတ်ဘ လီကန်သမ္မတလောင်းတို့ အကြီး
အကျယ်ထိပ်တိုက်တွေ့ကြရနိုင်တယ်။ ရီပတ်ဘလီကန်တွေက စူပါသူဋ္ဌေး ကြီး ဝ.ဝ၁
ရာခိုင်နှုန်းကို ကိုယ်စား ပြုပြီး အခွန်တိုးကောက်တာကိုလဲ လက်မခံကြဘူး။
အိုဘားမားက ဆင်းရဲမွဲတေနေကြသူ ၉၉ ရာခိုင်နှုန်း ကို ကိုယ်စားပြုပြီး
သူဋ္ဌေးကြီးတွေ ကိုအခွန်ပိုကောက်ချင်သူဖြစ်တယ်။
ဒီတော့ ရီပတ်ဘလီကန်တွေက ဘယ်လိုတုံ့ပြန်ကြမလဲ။ ဒီနေရာမှ American Enterprise Institute က ကွန်ဆာဗေးတစ် သမိုင်းပညာရှင် Charles Murray ရဲ့ Coming Apart
စာအုပ်သစ် ပေါ်ထွက်လာတယ်။ သူက ခေတ်သစ်အမေရိကန်နိုင်ငံရဲ့ မမျှတမှုကို
စိစစ်သုံးသပ်တင်ပြပြီး အမေရိကန်တွေအနေနဲ့ ဥရောပလို ဖြစ်ချင်မှုကိုလဲ
မလိုအပ်ဘူးလို့ သူက ဆိုတယ်။
Murray ရဲ့ အတွေးအမြင်အချို့
ကို OWN လှုပ်ရှားသူတွေက သဘောတူ လက်ခံနိုင်ပေမယ့် ကျယ်ပြန့်လာ တဲ့
မမျှတမှုနဲ့ စပ်လျဉ်းပြီး သူ့ရဲ့ ရှင်းလင်းတင်ပြချက်တွေဟာ လစ်ဘ ရယ်တွေရဲ့
အမြင်နဲ့ မိုးနဲ့မြေလို ကွာ ခြားတယ်။ ကြမမပေ က ကော်ပိုရေး ရှင်းတွေအနေနဲ့
သူတို့ရဲ့ စီအီးအိုတွေ ကို နစ်နာကြေး အမြောက်အမြား ပေးမှုအပေါ် ဝေဖန်တယ်။
ကော်ပိုရိတ်အမေရိက၊ အမြတ် ကို
မရည်ရွယ်တဲ့ အမေရိက၊ ဖောင်ဒေးရှင်းအမေရိကရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်တွေဟာ
ဇိမ်ခံတဲ့တိုးချဲ့မိသားစုတွေ ဖြစ်လာကြတယ်။ တစ်ယောက်နဲ့တစ်ယောက် အမြီး
စားဖက်ခေါင်းစားဖက် အပေး၊ အယူ လုပ်ကြတယ်။ (အင်္ဂလိပ်လိုကတော့ Scratching
Each Others' Backs လို့ဆိုတယ်) သူတို့အားလုံးအတွက်
အကျိုးဖြစ်ထွန်းတဲ့ ဈေးကွက်တွေမှာ မြူးတူးပျော်ရွှင်နေကြတယ်။
အခွင့်အရေးတွေ ရသမျှ အကုန်ယူတယ်။ ဥပဒေအတွင်းမှာ လက်တစ်လုံးခြား အကွက်ဆင်
ကုလားဖန်ထိုးကြတယ် လို့ Murray သတ္တုချတယ်။ ဒီ အမြင်ကို OWN လှုပ်ရှားရေးသမား
တွေက ကန့်ကွက်စရာ ရှိမယ်မထင် ပါဘူး။
အမေရိကန်ပြည်ထောင်စုကို
ကြည့်ရင် ဒစ္စရေလီလိုပဲ Murray ကလဲ နှစ်နိုင်ငံလို့ မြင်တယ်။ လူ့ မလိုင်
အထက်လွှာလူတန်းစား - Upper Class နဲ့ အောက်ခြေလူတန်း စား Lowser Class
နှစ်ခြမ်းကွဲနေ တယ်။ အထက်လွှာဟာ ထိပ်ပိုင်း ငါးရာခိုင်နှုန်းထဲမှာပါဝင်တယ်။
Murray က အထက်လွှာကို Cognitive Elite လို့ အမည်ပေးတယ်။ အသိ အမြင်များတဲ့
လူ့မလိုင်လွှာ လူတန်း စားလို့ဆိုလိုတယ်။ ၁၉၆ဝ နှစ်များ လောက်ကစပြီး
ဦးနှောက်ရဲ့ စွမ်းပ ကားအပေါ် ဘဏ္ဍာရေး ပြန်ပေါ်နှုန်း Financial Returns က
အင်မတန် များလွန်းတဲ့အတွက် ဒီလူတန်းစား ဟာ ချမ်းသာပြီးရင်း ချမ်းသာလာ
ခဲ့ကြတယ်လို့ Murray က ထောက် ပြတယ်။ သားသမီးတွေကို ဟားဗတ် Harvard လို
အထက်တန်းကျတဲ့ တက္ကသိုလ်တွေမှာ ပညာသင်ကြား စေတယ်။ အထက်တန်းလွှာ စမတှ်ာမေအ
မိဘများက မွေးတဲ့ စမတ် ကလေးတွေဟာ အထက်တန်းလွှာ ကျောင်းတွေမှာ ပညာသင်ကြားကြ
ပြီး သူတို့ရဲ့ ကလေးတွေကို အခြား သော စမတ်လူတွေရဲ့ စမတ်ကလေး တွေနဲ့
အိမ်ထောင်ချပေးကြတယ်။ သူတို့ကမွေးတဲ့ ကလေးတွေလဲ စမတ်တွေဖြစ်လာပြန်တယ်လို့
ကြမမပေ က ထောက်ပြတယ်။
ဒါနဲ့ပြီးသလားဆိုတော့ မပြီးသေးဘူး။
စမတ်တွေဟာ အလုပ်လုပ်တော့လဲ အတူတူ အလုပ်လုပ်ကြတယ်။ နေထိုင်ကြတဲ့အခါမှာလဲ
ကိုယ့်အသိုင်းအဝိုင်းနဲ့ကိုယ်နေထိုင် ကြတယ်။ ဒီတော့ သူတို့တစ်တွေ ဟာ
ပညာအလွန်အမင်းတတ်ကြပြီး လူ့မလိုင် ဘဝင်ကိုင်လူတန်းစား ဖြစ် လာကြတယ်။
သူတို့ဟာ သာမန် အမေရိကန်ပြည်သူတွေရဲ့ ဘဝနဲ့ တိုက်ရိုက်တွေ့ထိမှု မရှိသလောက်
ဖြစ်သွားကြတယ်လို့ ကြမမပေ က ရှင်းလင်းတင်ပြတယ်။
အမေရိကန် လူ့ဘောင် အဖွဲ့ အစည်း
အတွင်းမှာ သူတို့နဲ့ ဆန့် ကျင်ဘက်ကတော့ အောက်ခြေလူ တန်းစား ဖြစ်တယ်။
ငွေကြေး မပြည့် စုံတော့ သားသမီးတွေကို ပညာဆုံး ခန်းတိုင်အောင်
မသင်ပေးနိုင်ရှာဘူး။ သူတို့ သားသမီးတွေရဲ့ ပညာရေး အဆင့်က အများဆုံးရှိရင်
အထက် တန်းပညာရေး အောင်ရုံလောက်ပဲ ရှိ တယ်။ ပညာနည်းတော့
အလုပ်အကိုင်ရရှိမှုကလဲနည်းတယ်။ အလုပ် လက်မဲ့များတယ်။ အများအားဖြင့်
အိမ်ထောင်မပြုကြဘူး။ အိမ်ထောင် ပြုကြပြန်ရင်လဲ အိမ်ထောင်ပြိုကွဲ
တာများတယ်။ ဒီတော့ ကလေးတွေ ဟာ အဖေနဲ့အတူနေရင် နေ၊ မနေရင် အမေနဲ့
အတူနေကြတယ်။ ဒီအထဲမှာ ဘယ်တော့မှ လက်မထပ်ဖြစ်တဲ့ မိခင် တွေလဲ
တစ်ပုံတစ်ခေါင်း။
လူ့မလိုင်အတန်းအစားထဲက
စမတ်ကလေးတွေဟာ လုပ်ငန်း လုပ်ကိုင်ရာမှာ ဝီရိယရှိရှိနဲ့ ကြိုးစား
ပမ်းစားလုပ်ကိုင်ကြတယ်။ ဒါပေမယ့် အောက်ခြေလွှာက လူဖြူ ယောက်ျား တွေဟာ
နေထိုင်မကောင်းလို့ လုပ် ဆောင်နိုင်စွမ်း မရှိလို့ ဒါမှမဟုတ်
အခြားအကြောင်းပြချက်အမျိုးမျိုးနဲ့ အလုပ်မလုပ်ကြဘူး။ အလုပ်လုပ်ချင်
စိတ်ပျောက်ကွယ်သွားပြီး နေ့လယ် နေ့ခင်းတောင် ရုပ်သံထိုင်ကြည့်နေကြ တယ်လို့
ကြမမပေ ကဆိုတယ်။
လူတန်းစားနှစ်ရပ်စလုံးမှာ
ပြစ်မှု ကျူးလွန်သူတွေ တိုးပွားလာတယ်။ အောက်ခြေမှာ ပိုများလာတယ်။ ကြောက်စရာ
လန့်စရာကောင်း လောက်အောင် လူဖြူယောက်ျားက လေးအတော်များများ ထောင်ထဲ
ရောက်နေကြတယ်။
ဘာသာရေးကိုင်းရှိုင်းမှုဟာ လူ
တန်းစား နှစ်ရပ်စလုံးမှာ လျော့ နည်းကျဆင်းလာတယ်။ အချို့က
အောက်ခြေလူတန်းစားဟာ ခရစ် ယာန်ဘုရားရှိခိုးကျောင်းတက်တာ ပို များတယ်လို့
ထင်မြင်ကြပေမယ့် လက်တွေ့မှာ အဲသလို မဟုတ်ဘူး လို့ ကြမမပေ က ထောက်ပြတယ်။
ဒီဖြစ်ရပ်တွေရဲ့ အကျိုးဆက်
ကတော့ အောက်ခြေ လူမှုအဖွဲ့အစည်း ကို အစဉ်အလာအားဖြင့် ပေါင်းပေး ထားတဲ့
သံယောဇဉ် အနှောင်အဖွဲ့ တွေသိမ်သွားတယ်။ ချည့်သွားတယ်။
အိမ်နားနီးချင်းကောင်း စိတ်ဓာတ် လျော့ပါးလာတယ်။ တစ်ယောက် နဲ့တစ်ယောက်
အယုံအကြည်မဲ့လာ တယ်။ နိုင်ငံရေးအသိ မရှိသလောက် ဖြစ်လာတယ်။ တစ်နည်းပြောရရင်
လူမှုအရင်းအနှီး Scial Capital လျော့နည်းကျဆင်းသွားတယ်။
ဆင်းရဲတဲ့ အမေရိကန်နိုင်ငံ
သားတွေရဲ့ဘဝမှာ ပျော်ရွှင်မှုမရှိကြ ဘူးလို့ ဆိုကြတယ်။ လူဆိုတာက လူမှုရေး
သတ္တဝါ Social Animal ဖြစ်တယ်။ လူမှုရေး နယ်ပယ်လေးခု မှာပဲ
ပျော်ရွှင်မှုကိုရှာဖွေတွေ့ရှိနိုင် တယ်။ ဒါတွေက မိသားစု၊ လုပ်ငန်း ခွင်၊
သက်ဆိုင်ရာလူ့ပေါင်းသင်းစုနဲ့ ဘာသာရေးယုံကြည်မှုတို့ဖြစ်တယ်။ ဒီကနေ့
ဆင်းရဲတဲ့ အမေရိကမှာ ဒီ လေးချက်လုံး ပြိုလဲပျက်စီးလျက်ရှိ တယ်။
ဒီတော့ သူဌေးအမေရိကနဲ့ ငမွဲ အမေရိကတို့အကြား ကွာဟလာမှု ကို ဘယ်လိုကုစားကြမလဲ။
လစ်ဘရယ်ဝါဒီတွေက သူဌေး
ကြီးတွေကို အခွန်ပိုကောက်ပြီး အများ ပြည်သူ ကောင်းကျိုးအတွက် ငွေကြေးကို
တိုးမြှင့်သုံးစွဲသင့်တယ်လို့ မြင်ကြတယ်။ ကြမမပေ ကတော့ ဒီ အမြင်ဟာ
လွဲချော်နေတယ်လို့ ယူဆတယ်။ Great Society ခေတ်ကာ လက
ပြုလုပ်ခဲ့ကြတဲ့ လူမှုဖူလုံရေး အစီအစဉ်တွေဟာ အလုပ်သမား လူ တန်းစား
အမေရိကရဲ့ လူမှုရေးစနစ် ကျိုးပဲ့သွားရခြင်းရဲ့ အကြောင်းရင်း ဖြစ်တယ်လို့
ထောက်ပြတယ်။
လူတိုင်းရဲ့ လူမှုဖူလုံရေး ဘဝ
လုံခြုံရေးအတွက် နိုင်ငံတော်အစိုးရ က တာဝန်ယူစောင့်ရှောက်ပေးတဲ့
ဥရောပနိုင်ငံများရဲ့စနစ်ကို လစ်ဘ ရယ်တွေက ပုံတူကူးတင်သွင်းချင်ကြ မှုကိုလဲ
ကြမမပေ က ထောက်ပြဝေ ဖန်ခဲ့တယ်။ ဥရောပနိုင်ငံတွေမှာတောင် ဒီစနစ်ကြောင့်
ဘဏ္ဍာရေးပြိုလဲတော့ မလို ဖြစ်နေတာကို မမြင်မတွေ့ကြ ဘူးလားလို့ ကြငမမပေ က
လစ်ဘရယ် တွေအပေါ် ပြစ်တင်ဝေဖန်တယ်။
ဒါကြောင့် ကြမမပေ က အမေရိ ကန်
လူ့ဘောင်အဖွဲ့အစည်းအနေနဲ့ ဥရောပ လူမှုဖူလုံရေး ပုံစံကို ပုံတူ ကူးချခြင်း
မပြုလုပ်သင့်တဲ့အပြင် အမေရိကန်နိုင်ငံမှာ လောလောလတ် လတ် ကျင့်သုံးနေတဲ့ New
Deal နဲ့ Great Society လူမှုဖူလုံရေး အစီအမံ တွေကိုလဲ
ဖျက်သိမ်းပစ်သင့်တယ်လို့ အကြံပြုတယ်။
ကြမမပေ ရဲ့အမြင်မှာ အမေရိကန်
ပြည်သူတွေဟာ ဇာစ်မြစ်ဆီ ပြန်သွား သင့်တယ်လို့ ယူဆတယ်။ လူမှုဖူလုံ ရေး
စနစ်တွေကို အခြေခံ ဝင်ငွေ အတွက် အာမခံမှုရှိတဲ့ စနစ်နဲ့ အစား ထိုးသင့်တယ်။
အမေရိကန် ဘဝ နေနည်းရဲ့ မဏ္ဍိုင်ကြီး လေးရပ်ဖြစ် တဲ့ မိသားစု၊ လုပ်ငန်းခွင်၊
ရပ်ရွာ လူမှုပေါင်းသင်းစုနဲ့ ဘာသာရေး ယုံ ကြည်မှုတွေအပေါ် အားထားပြီး
အမေရိကန်တွေရဲ့ ဘဝကို ပြန်လည် မြှင့်တင် သင့်တယ်လို့ ကြမမပေ က တင်ပြတယ်။
ဒီနည်းဟာ သမ္မတ ဂျော့ဝါရှင်တန်ကစပြီး သမ္မတ ဂျွန် ကနေဒီ အထိ သမ္မတ အဆက်ဆက်
ဆောင်ကြဉ်းခဲ့တဲ့ နည်းစနစ်ပဲလို့ သူ က ထောက်ပြခဲ့တယ်။
ပြဿနာက အမေရိကန်နိုင်ငံ ဟာ
အစဉ်အလာဇာစ်မြစ်ဆီ ပြန်လှည့် သွားနိုင်ပါ့မလား။ ကြမမပေ ရဲ့ တင်ပြ ချက်တွေဟာ
ကွန်ဆာဗေးတစ် နည်း လမ်းနဲ့ အဖြေရှာခြင်းဖြစ်တယ်လို့ ဆိုကြတယ်။
ဒီဖြေရှင်းနည်းက လော လောဆယ်ပြဿနာကို ဖြေရှင်းဖို့ အင်မတန်
အလှမ်းဝေးလွန်းတယ်။ ဒီကနေ့ အကောင်းဆုံး ဖြေရှင်းနည်း က မမျှတမှုပြဿနာကို
ထိပ်တိုက် ဖြေရှင်းသင့်တယ်လို့ အချို့က မြင် တယ်။
ဒီနှစ် နိုဝင်ဘာလမှာ အမေရိ ကန်
သမ္မတ ရွေးကောက်ပွဲရှိတယ်။ အမေရိကန်နိုင်ငံရဲ့ သူဌေးနဲ့ငမွဲတို့ အကြား
မမျှတမှုပြဿနာကို ရီပတ် ဘလီကန်နဲ့ ဒီမိုကရက်တစ်ပါတီကြီး နှစ်ခု
ထိပ်တိုက်ဆွေးနွေးကြရင် မကောင်းဘူးလားလို့ အချို့က အကြံ ပြုကြတယ်။
သူဌေးတွေကို ကိုယ် စားပြုတဲ့ ရီပတ်ဘလီကန် ပါတီ သမ္မတလောင်းဖြစ်ဖို့ အလားအလာ
ရှိတဲ့ သူဌေးကြီး Mitt Romney နဲ့ ငမွဲကိုယ်စားပြု သမ္မတ Barack Obama တို့ရဲ့ စကားစစ်ထိုးပွဲကို ကြားချင်ကြတယ်ထင်ပါရဲ့။
မင်းရွှေမောင်
Ref: Niall Ferguson : " Rich America,
Poor Ameria. Newsweek,
Jan 29, 2012.
|
Thursday, May 17, 2012
အမေရိကမြေပေါ်က သူကြွယ်နဲ့ ငမွဲဇာတ်လမ်း
Labels:အတိတ်က မြိတ်သမိုင်း
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment