Thursday, May 17, 2012

ဒလိုင်းလားမားကြီး၏ ၀ိပဿနာခရီး

  
၂ဝဝ၅ ခုနှစ်တွင် တိဘက်ဘုန်းတော် ကြီး ဒလိုင်းလားမားသည် ဝါရှင်တန်မြို့၊ အာရုံကြောသိပ္ပံအသင်း Massachusetts Institute of Technology- MIT ၏ နှစ်ပတ်လည်အစည်းအဝေး တွင် အာရုံကြောသိပ္ပံပညာနှင့် ဗုဒ္ဓတရား တော်၏ စိတ်ပိုင်းဆိုင် ရာ ခြားနားချက်တို့ကို ဟောပြောခဲ့သည်။ ဘုန်းတော်ကြီး ဒလိုင်းလားမားက သူသည် ဗုဒ္ဓရဟန်းတော်တစ် ပါးဖြစ်သကဲ့ သို့ ခေတ်ပေါ်နည်းပညာတို့ကို လည်းစိတ်ဝင်စားကြောင်း။ သူသည် နေ့စဉ် နံနက်တိုင်း လေးနာရီကြာ တရားရှုမှတ် ကြောင်း။ တရားရှုမှတ်ရသည်မှာ ပင်ပန်းလှကြောင်း။ သို့ဖြစ်ရာ အကယ်၍ အာရုံ ကြောသိပ္ပံပညာဖြင့် တရားရှုမှတ်ပြီး ရရှိသည့် စိတ်အခြေအနေမျိုးသို့ ရောက်ရှိအောင် ဆောင်ရွက်ပေးနိုင်ပါက လက်ခံကြိုဆိုလိုပါ ကြောင်း။ မိမိသည် လိုလားစွာပါဝင် ဆောင် ရွက်လိုပါကြောင်း ပြောကြားခဲ့သည်။ ယခုအခါတွင်မူ မက်ဆာချူးဆက် နည်းပညာသိပ္ပံ Massachusetts Institute of Technology- MIT နှင့် စတန်းဖို့ဒ် တက္ကသိုလ် Stanford University တို့သည် ဒလိုင်းလားမား၏ ဆန္ဒကိုဖြည့်ဆည်းပေးနိုင် ရန် ခြေတစ်လှမ်းနီးကပ်လာခဲ့ပြီဖြစ်သည်။ အာရုံကြောသိပ္ပံပညာရှင်တို့သည် တရားရှု မှတ်သောအခါ ဖြစ်ပေါ်လာသော ဦးနှောက် လှိုင်းများကို လျှပ်စစ် ပုံရိပ်ဖမ်းစက်များဖြင့် မှတ်တမ်းတင်ခဲ့ကြသည်။ ဤဦးနှောက်လှိုင်း များ မည်သို့ဖြစ်ပေါ်လာကြသည်။အသိ ပညာကို မည်သို့တိုးတက်ဖြစ်ပေါ် ပြောင်းလဲစေသည် စသဖြင့် စူးစမ်းရှာ ဖွေခဲ့ကြသည်။ တရားရှုမှတ်ရာမှ ဦး နှောက်တွင်ရရှိသည့် အခြေအနေမျိုးသို့ရောက်ရှိစေရန် မည်သို့တုပပြုလုပ် ပေးနိုင်မည် ဆိုသည်ကို လေ့လာခဲ့ကြ သည်။ အာရုံကြောသုတေသီတို့သည် ဦးနှောက်တွင် တရားရှုမှတ်ပြီးသည့် အခါတွင် ဖြစ်ပေါ်သည့် ဦးနှောက် လှိုင်းပုံရိပ်မျိုး ဖြစ်ပေါ်စေရန် ကြိုး စားစမ်းသပ်ခဲ့ကြသည်။ ဘုန်းတော် ကြီး ဒလိုင်းလားမားသည် တရားရှု မှတ်ရရှိသည့် အခြေအနေမျိုးကို နည်းပညာအထောက်အပံ့ဖြင့် ရရှိလိုသကဲ့သို့ အာရုံကြောသိပ္ပံပညာရှင်တို့သည် လည်း တရားရှုမှတ်သူတို့၏ ခန္ဓာအပေါ် ဥာဏ်သက်ဝင်ရာမှ ရရှိသော အသိသည် ဦးနှောက်၏ အလုပ်လုပ်ပုံအတွင်းသဘောကို စူးစမ်းသိရှိ နိုင်ရန်အထောက်အကူပြုမည်လားဟု စိတ်ဝင်စားနေကြသည်။ အာရုံကြောသိပ္ပံအမြင် အရမူ တရားရှုမှတ်မှုသည် ဦးနှောက်၏ အလုပ်လုပ်မှုကို ထိန်းချုပ်နိုင်စွမ်း ပိုမိုအားကောင်းလာစေရန် စိတ်ပိုင်း ဆိုင်ရာလေ့ကျင့်ခန်း အဆင့်ဆင့်ပင်ဖြစ် သည်။ ဤလေ့ကျင့်မှု၏ အရိုးစင်းဆုံး အဆင့်သည် အသက်ရှူမှု စသော အာရုံတစ်ခုတည်းအပေါ်တွင် စိတ်ကို စူးစိုက်ထားမှုဖြစ်သည်။ ရက်ကြာစွာ တရားရှုမှတ်ထားသော ယောဂီသည် တရားရှုမှတ်စယောဂီထက် စူးစိုက် ရှုမှတ်နိုင်စွမ်းအား (သမာဓိ)ပို မိုကောင်းသည်ကို လေ့လာမှု အမျိုးမျိုးတို့က သက်သေပြခဲ့ ပြီးဖြစ်သည်။ သိမှတ်မှုဆိုင်ရာ စိတ်ပညာလက်တွေ့ စမ်းသပ်မှု များတွင် တရားရှုမှတ်မှုကောင်း စွာပြုလုပ်ထားသူများသည် တရားရှုမှတ်မှု မပြုဖူးသူများ ထက် ရလဒ်ကောင်းများ ရရှိ ခဲ့ကြသည်။ အာရုံတစ်ခုတည်း အပေါ် တွင် စူးစိုက်ရှုမှတ်ခြင်းသည် စိတ်ကိုဖွင့်၍ စောင့်ကြည့်ခြင်း ဟုဆိုအပ်သော လေးလေးနက် နက် ဆင်ခြင်ခြင်းနှင့် နှိုင်းယှဉ် ပါက အခြေခံအဆင့်ဟု ဆိုရ မည်ဖြစ်သည်။ စိတ်ကိုဖွင့်၍ စောင့်ကြည့်ရှုမှတ်ရာတွင် ယောဂီသည် အာရုံတစ်ခုတည်းအပေါ်တွင်သာ စူးစိုက်ခြင်းမပြုဘဲ စိတ်အတွေ့ အကြုံအားလုံးကို ပေါ်လာသမျှ အာရုံများကိုရှုမှတ်ရသည်။ ဝစ္စကွန်ဆင် Wisconsin ပြည်နယ်၊ မဒစ်ဆွန်-Madison မြို့ ရှိ မဒစ်ဆွန်တက္ကသိုလ်မှ စိတ္တဗေဒပညာရှင် ရစ်ချက်ဒေးဗစ်ဆန်-Richard Davidson သည် သူ၏ဓာတ်ခွဲခန်းတွင် စိတ်ကို ဖွင့်၍စောင့်ကြည့်ရှုမှတ်မှုဆိုင်ရာ စမ်းသပ်မှုများကို ပြုလုပ်ခဲ့သည်။ ဒးဗစ် ဆန်နှင့်အဖွဲ့သည် ရက်ရှည်မြင့်စွာ တရားရှုမှတ်ခဲ့သူများ၏ ဦးနှောက်လျှပ်စစ်လှိုင်းပုံရိပ်များနှင့် ယခုမှစတင်၍ ရက်သတ္တတစ် ပတ်မျှသာ တရားရှုမှတ်ပြီး သူတို့၏ ဦးနှောက်လျှပ်စစ်လှိုင်းပုံရိပ် Electronencephaloh Graphic - EEG တို့ကိုဖမ်းယူ မှတ်သား လေ့လာခဲ့ကြသည်။ လေ့လာတွေ့ရှိချက်များကို၂ဝဝ၄ခုနှစ်တွင် အမေရိကန်အမျိုးသားသိပ္ပံအကယ်ဒမီ ၏ တွေ့ရှိချက် များ Proceedings of the National Academy of Science USA အဖြစ် ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ကြေညာချက် သည် မျှော်လင့်ထားသည် များနှင့် များစွာကွဲလွဲခဲ့သည်။ ဦးနှောက်လှိုင်းပုံရိပ်များသည် Relative Harmony အရ ရိုက်ခတ်မှု တို့ကိုဖော်ပြသည်။ ဦးနှောက်လှိုင်း ပုံရိပ်များသည် မြန်နှုန်းအမျိုးမျိုးဖြင့် ဖြစ်ပေါ်နေကြသည်။ အိပ်မက်ပင် မမက်ဘဲ အိပ်ပျော်နေသူ တို့တွင် နှေး ကွေးသော ဒယ်လ်တာ Dalta လှိုင်း ပုံရိပ်များဖြစ်ပေါ်သည်။ အာရုံစူးစိုက် နေသူ၊ သိနေ၊ မှတ်သားနေသူတို့၏ ဦးနှောက်လှိုင်းပုံရိပ်များသည် မြန်ဆန် သော ဘီတာလှိုင်း Beta ပုံရိပ်တို့ ကိုပြနေသည်။ ဦးနှောက်လှိုင်းပုံရိပ်တို့ တွင် Gamma လှိုင်းပုံရိပ် တို့သည် အမြန်ဆုံးဖြစ်သည်။ ဦး နှောက်၏ဂမ်မာလှိုင်းပုံရိပ်များကို သာမန်လူတို့တွင် မျက်လုံးအမြန် လှုပ်နေသော အိပ်ခြင်းဟုဆိုနိုင်သည် Repid Eye Movement- REM အိပ် စက်မှုမှ ရုတ်ခြည်နိုးလာချိန်နှင့် ရှား ရှားပါးပါးအသိရှိနိုးကြားနေချိန်တို့ တွင်တွေ့ရတတ်သည်။ REM အိပ် စက်မှုဟူသည် ညအိပ်နေစဉ် အိပ်မက် မက်သကဲ့သို့ မကြာခဏဖြစ်ပေါ် တတ်သည့်မျက်စိမှိတ် လျက် မျက် ခွံအောက်တွင် မျက်စိလှုပ်နေခြင်းနှင့် နှလုံးသည် အိပ်စက်နေစဉ် သာမန် ခုန်နှုန်းထက်အမြန်ခုန်နေခြင်းတို့ဖြင့် အိပ်နေခြင်းဖြစ်သည်။ မျက်လုံးလှုပ် အိပ်စက်မှုဟု  ဝေါဟာရပြုလိုပါသည်။) ဒေးဗစ်ဆန်၏ လေ့လာမှုမှလူသားတွင်ယခင်က မတွေ့ရှိရသေး သော ဂမ်မာဦးနှောက်လှိုင်းများကို တွေ့ရှိခဲ့ရသည်။ ကြာမြင့်စွာ တရားရှုမှတ်ခဲ့သူ၊ တရားရှုမှတ်မှု ဝါရင့်သူတို့၏ ဦးနှောက်လှိုင်းပုံရိပ်တို့သည် တည်တံ့သောဂမ်မာလှိုင်း တို့ကို ဖြစ် ပေါ်စေကြောင်း တွေ့ရှိခဲ့ရသည်။ တည်တံ့သော ဂမ်မာလှိုင်းတို့သည် အနည်းဆုံး တရားရှုမှတ်ရောက်ရှိ သည့် အခြေအနေအချို့ကို ကိုယ်စား ပြုပြသရန် ရောက်ရှိလာသည်ဟု ဆို နိုင်ပေသည်။ ဤဂမ်မာလှိုင်း စည်းချက်များ သည် တရားရှုမှတ်မှု၏ ဝိသေသ လက္ခဏာဖြစ်ခဲ့လျှင် ဦးနှောက်အတွင်း သို့ ဂမ်မာရောင်ခြည်သက်ရောက်စေလျက်ဘုန်းတော်ကြီးဒလိုင်းလားမားအလိုရှိသည့်အခြေအနေကို ဖြစ် ပေါ်စေနိုင်ပြီလားဟု စောကြော                                         စိစစ်ရ တော့မည်ဖြစ်သည်။ သို့သော် သုတေ သီတို့သည် ဦးစွာ ဦးနှောက်အတွင်း တွင် ဂမ်မာရောင်ခြည်တို့သည် မည် သို့ဖြစ်ပေါ်လာသည်ကို စူးစမ်းကြရမည်ဖြစ်သည်။ ဤစူးစမ်းမှု၏ အဖြေသည် သုတေသန၏သတ်မှတ်ချက်၊ သုတေသန၏လုပ်ငန်းဖြစ်ပေသည်။ ၂ဝဝ၉ ခု ဇွန်လတွင် မက်ဆာ ချူးဆက်တက္ကသိုလ်က ခရစ်တိုဖာ အိုင်မိုး- Christopher I.Moore နှင့် Li-Huei Tsai တို့၏ လေ့လာ ချက်စာတမ်းတစ်စောင်၊ စတန်းဖို့မှ ကားလ်ဒိုင်ဆာရို- Karl Deisseroth က သုတေသနစာတမ်းတစ်စောင်တို့ ကို Natuire ဂျာနယ်တွင် ဖော်ပြခဲ့ သည်။ ထိုစာတမ်းတို့က လျင်မြန်စွာ စူးဝင်လာသော အင်တာညူရွန်တို့၏ လှုပ်ရှားလုပ်ဆောင်မှုကြောင့် ဂမ်မာ လှိုင်းစည်းချက် ဖြစ်ပေါ်လာသည်ဟူ သော အနုမာနအယူကို အတည်ပြု ပေးခဲ့သည်။ အင်တာညူရွန်တို့သည် သာမန်ထက်မြန်သောနှုန်းဖြင့် စိုက်ဝင် (ပစ်ခတ်)ကြသည်။ အဆင့်မြင့်သိ မှတ်မှုအတွက် အဓိကကျသောဦး နှောက်၏ အပြင်လွှာဖြစ်သည့် Cerebral Cortex နှင့် နီးသော အတွင်း ဖြတ်လမ်းရှိကြသည်။ သုတေသီတို့ သည် သက်ရှိတို့၏ ဦးနှောက်ကို စူး စမ်းရန်အတွက် အလင်းကိုအခြေခံ သော မျိုးဗီဇ Optogenetics နည်း လမ်းတို့ကို အသုံးပြုကြသည်။ သူ တို့သည် ဝင်ရောက်လာသော အာရုံ တို့ကို ဆန်းစစ်သည့် ကြွက်သားတို့ ၏ Perfirontal Cortax သို့မဟုတ် Barrel Cortex တို့၏ အင်တာညူရွန် တို့ကိုသာ စွဲကပ်သည့် ဗိုင်းရပ်တို့ကို ဖော်ထုတ်ခဲ့ကြသည်။ ဗိုင်းရပ်တို့သည် ပစ်မှတ် ကလာပ်စည်းတို့အား အလင်းကို တုံ့ ပြန်နိုင်သောသတ္တိရှိသည့် မျိုးဗီဇကို ထုတ်ပေးသည်။ ထို့နောက် သုတေ သီတို့သည် ကြွက်တို့၏ သက်ဆိုင် ရာ Cortex ဧရိယာတွင် သေးမျှင် သော အလင်းဖိုင်ဘာမျှင်တို့ကို အလင်းကိုစွဲကပ်ခံရသည့် ညူရွန်တို့ အပေါ်သာကျရောက်စေလျက်၊ အမြန်စူးဝင်တတ် သည့် အင်တာညူရွန်တို့ ကိုသာ လှုပ်ရှားလာစေရန် စီစဉ်ထည့် သွင်းသည်။ သတ်မှတ်ထားသော ကလာပ်စည်းတို့ကို အချိန်နှင့်ဒေသ အဝန်းကို တိကျသိပ်မွေ့စွာ ထိန်းချုပ် လျက်ရှိဖွင့်ရန်ပိတ်ရန်စီစဉ်ခြင်းဖြစ်သည်။ စမ်းသပ်ချက်တို့တွင် ဤညူရွန် တို့သည် ဂမ်မာလှိုင်းစည်းချက် ကို ဖြစ် ပေါ်စေသည်ဟူသော အနုမာန အယူကို အတည်ပြုနိုင်ရန်အတွက် လျင်မြန်စွာစူးဝင်တတ်သည့် အင်တာ ညူရွန်တို့အား တည်တံ့သော ဂမ်မာတုန်ခါမှုများဖြစ်ပေါ်လာစေရန် လှုံ့ ဆော်ပေးသည်။ ကြွက်များတွင် တည်တံ့သော ဂမ်မာလှိုင်း များဖြစ်ပေါ်စေခြင်းသည် စင်စစ်မူ ခက်ခဲသော နည်းဖြစ်သည့် စိတ်ကိုဖွင့်၍ ပေါ်ရာအာရုံကို တရား ရှုမှတ်နည်းဖြင့် ကာလရှည်စွာရှုမှတ် ခဲ့သော ယောဂီတို့၏ ဦးနှောက်တွင် ဖြစ်ပေါ်လာသည့် လျှပ်စစ်လှိုင်းကို အလွန်နီးကပ်စွာ တုပယူခြင်းဖြစ် သည်။ ထိုတည်တံ့သော ဂမ်မာလှိုင်း တို့သည် တရားရှုမှတ်ရာမှ ဖြစ်ပေါ် လာသော ဦးနှောက်လှိုင်းတို့နှင့် ထပ် တူညီသည်ကားမဟုတ်ပေ။ စမ်းသပ် တွေ့ရှိမှုတို့သည် ဘုန်းတော်ကြီး ဒလိုင်းလားမား၏ လိုအင်ကိုပြည့်စေ နိုင်ဦးမည်ကားမဟုတ်ပေ။ ကာလ ရှည်စွာတရားထိုင်ခြင်းဖြင့် ရရှိသည့် စိတ်အခြေအနေမျိုးသို့ သိပ္ပံနည်းဖြင့် ပို့ဆောင်ပေးနိုင်ဦးမည်ကားမဟုတ်ပေ။ သို့သော် ဤသုတေသနတို့သည် အာရုံကြောသိပ္ပံကို တံခါးတစ်ချပ်ဖွင့် ပေးနိုင်ခဲ့ပေသည်။ အာရုံကြောသိပ္ပံ ကို ရှေ့သို့တက်လှမ်းနိုင်စေခဲ့သည်။ အချိန်တို တရားရှုမှတ်ခြင်းသည် ပင် အာရုံစိုက်နိုင်စွမ်း(သတိ)ကို တိုး တက်စေနိုင်ကြောင်း စမ်းသပ်မှုများ ကသက်သေပြခဲ့ကြသည်။ ဤလက် တွေ့စမ်းသပ်မှုများသည် သိမြင်တတ် မှု တိုးတက်ရေး လေ့လာမှုနယ်ကို ကျယ်ပြန့်စေခဲ့သည်။ အကယ်၍ ဂမ်မာလှိုင်းစည်းချက်များသည် တရား ရှုမှတ်မှုကြောင့် ဦးနှောက်အပေါ် သက်ရောက်မှုများနှင့် သက်ဆိုင်မည် ဆိုပါက ဂမ်မာလှိုင်းစည်းချက်များဖြစ် ပေါ်စေခြင်းသည် ဦးနှောက်တွင်လို လားဖွယ်အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာစေနိုင်ဖွယ်ရှိပေသည်။ ဦးနှောက်အတွင်း ဖြစ်ပေါ်လာ သည့် ပုံမှန်မဟုတ်သော ဂမ်မာလှိုင်း စည်းချက်များသည် အထီးကျန်စိတ်ဝေဒနာ- Autism စိတ်ကစဥ့်ကလျား ဖြစ်မှု Schizophrenia အစရှိသော စိတ်ရောဂါတို့၏ လက္ခဏာဖြစ်နေသည်။ ဤဂမ်မာလှိုင်းစည်းချက်များသည် အခြားစိတ်ဝေဒနာရှင်တို့၏ သိမှတ်မှုကို ပြောင်းလဲစေရန် ဆောင်ရွက်နိုင်ဖွယ်ရှိနေပေသည်။ ဦးနှောက်လှိုင်းတို့၏ ဂမ်မာလှိုင်းစည်းချက်တို့ကို မှန်ကန်စေခြင်းသည် စိတ်ဝေဒနာများကုသရေးတွင် အဖိုးမဖြတ်နိုင်သောကုသနည်း တစ်ရပ် ဖြစ်လာနိုင်ပေသည်။ ဂမ်မာလှိုင်းစည်းချက် မှန်ကန်စေလျက်ကုသနည်းကို စမ်းသပ်နေဆဲ ဖြစ်သော်လည်း၊ နည်းပညာသစ်ကို ဖွံ့ဖြိုးစေလိုသူ၊ နည်းပညာသစ်ကို လို လားသူတို့သည် ဤနည်းဖြင့် စမ်းသပ်ကုသမှုခံယူရန် အသင့်ဖြစ်နေကြ ပေပြီ။ မှတ်ပုံတင်စာရင်းသွင်းနေကြပေပြီ။ သုတေသီတို့သည် မျိုးဗီဇပြု ပြင်ထားသည့် ဗိုင်းရပ်စ်များကိုဖြစ်စေ၊ အလင်းထုတ်လွှတ်သတ္တိရှိသော ပစ္စည်း ကိရိယာတစ်မျိုးမျိုးကိုဖြစ်စေ ဦးနှောက်ထဲသို့ထည့်သွင်းပေးနိုင်စွမ်း ရှိနေကြပြီ ဖြစ်သည်။ ဦးနှောက်အတွင်းထည့်သွင်းထားသော လျှပ်ငုတ်- Electrodes တို့သည် လှုပ်ရှားမှုကိုဖြစ်ပေါ်စေကာ နက်ရှိုင်းသော ဦးနှောက်အပိုင်းကို တုံ့ပြန်မှုရှိစေရမည်ဖြစ်သည်။ ဦးခေါင်းခွံကို ထိုး ဖောက်(ဖြတ်သန်း)နိုင်သည့် သံလိုက်စက်ကွင်းဖြင့် ဦးနှောက်အတွင်းပိုင်းကို လှုပ်ရှားတုံ့ပြန်စေရမည်ဖြစ် သည်။ ဦးနှောက်လုပ်ဆောင်မှုအပေါ် သက်ရောက်နိုင်သည့် သံလိုက်စက်ကွင်း ကို ဦးခွံကိုဖြတ်သန်းလျက် ဦးနှောက်အတွင်းသို့ပို့ပေးရမည်ဖြစ်သည်။ ဤ နည်းပညာတို့ကို ဓာတ်ခွဲခန်းအဆင့်မှ ကုသဆောင်သို့ လွှဲပြောင်းပေးရမည် ဖြစ်သည်။ ဤနည်းပညာတို့သည် ဦးနှောက်အား တုံ့ပြန်စေမှု၏ ပုံကြမ်း များသာ ဖြစ်ပေသည်။ အလင်းမျိုးဗီဇ-ဥစအသါနညနအငခ နယ်ပယ်သည် လျင်မြန်စွာတိုးတက်လျက် ရှိသည်။ မကြာသေးမီက Neuron ဂျာနယ်တွင်ဖော်ပြချက်အရ Optogenetic တို့၏ဦးနှောက်အတွင်းသို့ အလင်းဖိုင်ဘာမျှင်တို့ကို အောင်မြင်စွာထည့် သွင်းပေးနိုင်ခဲ့သည်။ ညူရွန်တို့အပေါ် သက်ရောက်မှုရှိစေနိုင်ကြောင်း စမ်းသပ် ပြသနိုင်ခဲ့သည်။ ယုတ်စွအဆုံး တရားရှုမှတ်နေစဉ် ဦးနှောက်၏လုပ်ဆောင်မှုကိုတုပသည့် နည်းပညာတိုးတက်မှုများသည် စိတ်ကူးယဉ်အဆင့်မှ ဓာတ်ခွဲခန်းအဆင့်သို့ မူရောက်ရှိလာ ခဲ့ပြီ ဖြစ်ပေသည်။ သိပ္ပံပညာသည် ဗုဒ္ဓ၏တရားများကို သက်သေပြနိုင်မည်လားဟု စောင့်ကြည့်ရမည်ဖြစ်ပေသည်။ လားမားကြီး ဒလိုင်းလားမား၏ တရားထိုင်ရသည်မှာ ပင်ပန်းလှသည် ဟူသောစကားသည် များစွာစဉ်းစားဖွယ်ဖြစ်သည်။ ဒလိုင်းလားမားသည် တိဘက်မဟာယာန ဗုဒ္ဓဘာသာရဟန်းတော်ဖြစ်သည်။ တိဘက်ဗုဒ္ဓဘာသာ သည် မဟာယာနဗုဒ္ဓဘာသာဖြစ်သည်။ လားမားဝါဒဟုလည်း ခေါ်ဆိုသည်။ လားမားကြီး၏ တရားထိုင်မှုတို့သည် အဘယ်ကြောင့် ပင်ပန်းကြရသနည်း ဆိုသည်မှာ မရှင်းလင်းသော်လည်း ထေရဝါဒဗုဒ္ဓဘာသာ၏ တရားထိုင်မှုမှာမူ ထိုသို့မဟုတ်ပေ။ တရားထိုင်စရက်အနည်းငယ်တွင်သာ ခန္ဓာကိုယ်တွင် ညောင်းမှု၊ ကိုက်မှု စသောဝေဒနာတို့ကို ကြုံရသော်လည်း နောက်ပိုင်းတွင် ထိုဝေဒနာတို့ကို လွန်မြောက်နိုင်ကြမြဲသာဖြစ်ပေသည်။ တစ်ဆက်တည်း နာရီရှည် တရားရှုမှတ်လေ့ရှိသော၊ တော်ကူးရိပ်သာတွင် ရက်ရှည်ကြာ နာရီကြာ ရှည်စွာ ရှုမှတ်ကြသော မြေဆင်းတောရရိပ်သာတို့တွင် တရားရှုမှတ်ရသည် မှာပင်ပန်းသည်ဟူသော မှတ်တမ်းမှတ်ရာ အရေးအသား တစ်စုံတစ်ရာ မတွေ့ခဲ့ ရပေ။ တစ်လခွဲ၊ နှစ်လ၊ သုံးလကြာ တရားထိုင်လေ့ရှိကြသော၊ မဟာစည်ရိပ် သာ အစရှိသောရိပ်သာတို့တွင်လည်း တရားရှုမှတ်ရသည်မှာ ပင်ပန်းသည်ဟူ သော မှတ်တမ်းမှတ်ရာ၊ အပြောအဆို တစ်စုံတရာမရှိခဲ့ပါချေ။ လက်တွေ့တွင်မူ နာရီကြာစွာတရားထိုင်ခဲ့သူများကိုဖြစ်စေ၊ ရက်ရှည်တရားထိုင်ခဲ့သူများကိုဖြစ် စေ၊ တရားအပေါ်တွင်အရသာတွေ့လျက် ရွှင်လန်းစွာသာတွေ့ကြုံခဲ့ရပေသည်။ ဝိပဿနာ တရားရှုမှတ်ခြင်းသည် အိုခြင်း၊ နာခြင်း၊ သေခြင်း တရား တို့ကိုပင် လွန်မြောက်နိုင်သည် ဖြစ်ရာ ခန္ဓာကိုယ်ပင်ပန်းမှုမျှကို အဘယ် မျှဆိုဖွယ်ရှိပါမည်နည်း။ ထေရဝါဒ အရ တရားရှုမှတ်ခြင်းသည် အစွန်း နှစ်ပါးကို အလွတ်ရှောင်ကာ မဇ္ဈိမ ပဋိပဒါနည်းဖြင့် ရှုမှတ်ခြင်းသာ ဖြစ် သည်။ ခန္ဓာကိုယ်ကို ညှဉ်းဆဲ၍ ကျင့် ခြင်းမဟုတ်ပေ။ မိမိနှစ်သက်ရာ ဣရိယာပထဖြင့် ရှုမှတ်ခြင်းသာဖြစ် သည်။ သို့သော် ဒုက္ခနှင့်ခန္ဓာကိုယ် ပင်ပန်းမှုကိုမူ ခွဲခြားနားလည်ရန် လို အပ်ပေသည်။ လောကီနယ်မှ မလွတ် သေးသမျှ ဒုက္ခကိုရင်ဆိုင်တွေ့ကြုံနေ ကြမည်သာဖြစ်သည်။ ရိပ်သာဝင်၍ တရားအားထုတ် ကြသူတို့သည် အကြောင်းအမျိုးမျိုး ဖြင့် ရိပ်သာသို့ရောက်လာတတ်ကြ သည်။ မတ်လစာမေးပွဲများ ပြီးဆုံး ချိန်တွင် ကျောင်းသား ကျောင်းသူ တို့သည် မိမိတို့ဖြေဆိုခဲ့သည့် စာ မေးပွဲတွင် အမှတ်ကောင်းရရေးကို အထောက်အကူပြုစေရန်အတွက် ရောက်လာတတ်ကြသည်။ နယ်တွင် ယာဉ်တိုက်မှုဖြစ် ခဲ့သော ယာဉ်မောင်း တစ်ဦးသည် ရိပ်သာသို့ဝင်ရောက်၍ ခေတ္တရှောင်နေသည်ကို တွေ့ကြုံခဲ့ ဖူးသည်။ အချို့ကလည်း လေ့လာရန် ဤမွန်မြတ်သော တရားကိုကျင့်ကြံ အားထုတ်ဖူးစေရန် ရောက်လာကြ သည်။ လားမားကြီးသည် နိုင်ငံရေး တာဝန်များ၊ လောကီအငြိအတွယ် များမှ ကင်းလွတ်ခြင်း မရှိသေးပေ။ လောကီကိစ္စများ ဝန်းရံရှုပ်ထွေးနေ ဆဲဖြစ်ပေသည်။ မဂ်ဖိုလ်ရရေးကိုသာ ဇောက်ချအားထုတ်ခြင်းမပြုနိုင်သေး ဟုပင် ဆိုရမည်ဖြစ်သည်။ မိမိသည် လားမားဝါဒ၏ခေါင်းဆောင်ဖြစ်၍ ဤမျှမူ တရားအားထုတ်ရပေမည်ဟု အများအမြင်တွင် တင့်တယ်စေရန် အတွက် အားထုတ်နေခြင်းဖြစ်ပါက တာဝန်အရ အားထုတ်နေရခြင်းဖြစ်၍ ခရီးမပေါက်နိုင်ဘဲ စိတ်ရောကိုယ်ပါ အမှန်တကယ်ပင်ပန်းရှာပေလိမ့်မည်။ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်ကို အမှန်မျက် မှောက်ပြုလို၍ အမှန်တင်းတင်းရင်း ရင်းအားထုတ်ကြပါမူ ထိုပုဂ္ဂိုလ်တို့ သည် မိမိကြိုးစားမှု အလျောက် တရား ခရီးပေါက်ကာ တရားအရသာကို ခံစားကြရမည်သာဖြစ်ပေသည်။ တရားရှုမှတ်အပြီးတွင် စိတ်၏ငြိမ်း အေးမှု၊ ရုပ်ခန္ဓာ၏ပေါ့ပါးမှုကို အမှန်ပင်ခံစားကြမည်ဖြစ်ပါသည်။ဝိပဿနာတရားအားထုတ်ခြင်းသည် ခန္ဓာကိုယ်အားပင်ပန်းစေသည်ဟူ သောအယူသည်   ထေရဝါဒသာသနာ တော်၏ ဝိပဿနာလမ်းစဉ်နှင့်မူ ကိုက်ညီခြင်းမရှိကြောင်း၊ ဝိပဿနာတရားရှုမှတ်ခြင်း သည် ခန္ဓာကိုယ် ပင်ပန်းစေသည် မဟုတ်ကြောင်း တင်ပြလိုက်ရပါသည်။ သိပ္ပံပညာရှင်တို့သည် ဦးနှောက် ကို မည်သို့စမ်းသပ်ပြုပြင်လှုံ့ဆော်နိုင် ကြသည်ဖြစ်စေ၊ စိတ်တွင် နီဝရဏ အညစ်အကြေးတို့ကင်းစင်လျက် ကြည်လင်သန့်ရှင်းစေရန်ကိုမူမည် သည့်သိပ္ပံပညာရှင်မျှ သိပ္ပံနည်းဖြင့်ဆောင်ရွက်နိုင်မည် မဟုတ်ဘဲ ရုပ်နာမ်တို့၏ဖြစ်မှု ပျက်မှုတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တလက္ခဏာရေးသုံးပါးဖြင့် ဆင် ခြင်ရှုမှတ်ခြင်းဖြင့်သာရရှိနိုင် မည် ဖြစ် ပေသည်။ အသက် ၇၅ နှစ်ရှိပြီဖြစ် သော တိဘက်လားမားကြီးဒလိုင်း လားမားသည် မဟာယာနလမ်းစဉ် (သို့မဟုတ်) လားမားလမ်းစဉ် အောက်တွင် ဝိပဿနာလမ်းပျောက် နေမည်ကို စိုးရိမ်မိပါကြောင်းဖြင့်....
ဖိုးဆွေ(သစ်လုပ်ငန်း)

No comments: