Friday, May 25, 2012

''မနာလိုစိတ်''


‎''မနာလိုစိတ်''

သူတော်မှန်းတော့ သိပါရဲ့
ဒါပေမယ့် လက်သင့်မခံနိုင်ဘူး

သူ့လုပ်ရပ်တွေ ကောင်းမှန်းတော့ သိပါရဲ့
ဒါပေမယ့် မထောက်ခံချင်ပြန်ဘူး

သူ့အရည်အချင်းတွေက ထက်မြက်သာလွန်နေမှန်း သိတော့ သိပါရဲ့
ဒါပေမယ့် သူ့ကို အားကျအတုယူရကောင်းမှန်း မသိပြန်ဘူး

သူ့အောင်မြင်မှုကို တစ်ခြားသူတွေ အသိမှတ်ပြုနေမှန်း သိပါရဲ့
ဒါပေမယ့် အားပေးချီးကျူးခြင်း မပြုနိုင်ဘူး

နောက်ဆုံး အဲဒီလိုစိတ်တွေဟာ
သူ့ကိုမနာလိုဖြစ်နေမှန်း ကိုယ့်ကိုကိုယ်လည်း သိလာပါရဲ့
ဒါပေမယ့် သူက ကိုယ့်ထက်တော်တယ်လို့ ၀န်မခံချင်ပြန်ဘူး

-----------xxxxxx------------


*သူတစ်ပါးပေါ်မနာလိုစိတ်ဖြစ်ခြင်းဟာ
ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိတာပါ
သူ့ထက် ကိုယ့်ညံ့တယ်ဆိုတာ ထုတ်မပြောပဲ ၀န်ခံလိုက်တာပါ...

မနာလိုစိတ်ဟာ
သင့်ကိုပဲ ပူလောင်စေတာပါ
သင့်စိတ်ထားကိုပဲ ယုတ်ညံ့စေတာပါ
သင့်တိုးတက်မှုကိုပဲ ဆုတ်ယုတ်စေတာပါ*









မြတ်ဘုန်းရည်မွန်

No comments: