Sunday, October 31, 2010
Saturday, October 30, 2010
8888peoplepower@yahoogroups.com |
မတရားသည့်၂၀၁၀ရွေးကောက်ပွဲဥပဒေကန့်ကွက်ခြင်းနှင့်၊မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၈၉)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနား(ဂျပန်) ရုပ်သံမှတ်တမ်း
Thursday, October 28, 2010
Wednesday, October 27, 2010
မူရင်း ဖြန့်ဝေသည့် စာ -
တရား မျှတသည့် ဒီမိုကရေစီ လိုလားသော မိဘပြည်သူများ ခင်ဗျား - စစ်ကျွန်ဘဝမှ လွတ်မြောက်စေရန်၊ဆင်းရဲတွင်းမှ ထွက်မြောက်စေရန်အတွက် ကျင်းပတော့မည်ဖြစ်သော ရွေးကောက်ပွဲအား မည်သူ့ မည်သူကို မျှ မဲမပေးဘဲ ဆန့်ကျင် သပိတ်မှောက်ရန်အတွက် မေတ္တာသက်ဝင် ချစ်ခင် တိုက်တွန်းနှိုးဆော်အပ်ပါသည်ခင်ဗျား ။
- ထိုရွေးကောက်ပွဲသည် မတရားမှု အများအပြား ရှိနေသည့်အတွက် ဆန့်ကျင်သပိတ်မှောက်ရမည်ဖြစ်သည်။
- မတရားသဖြင့် ရေးဆွဲထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ( စစ်ကျွန်ဖွဲ့စည်းပုံ )ကို အသက်သွင်းမည့် ရွေးကောက်ပွဲအား ဆန့်ကျင် သပိတ်မှောက်ရမည်ဖြစ်သည်။
- ပြည်သူတို့၏ မရရှိသေးသော ရပိုင်ခွင့်များကို မည်သို့မျှ မရရှိစေရန်အတွက် ပြုလုပ်ပေးသော ( လှည့်စားသော ) ရွေးကောက်ပွဲအား ဆန့်ကျင် သပိတ်မှောက်ရမည် ဖြစ်သည်။
- မတရားမှုများ ပြည့်နှက်နေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအား လုံးဝပြင်ဆင်ခြင်း မပြုလုပ်နိုင်စေရန်စီစဉ်တကျ ဖိနှိပ် ပြုလုပ်နေသော (လှည့်စားနေသော ) ရွေးကောက်ပွဲ အား ဆန့်ကျင် သပိတ်မှောက်ရမည် ဖြစ်သည်။
- မိဘပြည်သူများ ၊ ချစ်ခင် ယုံကြည် လေးစားသည့် ခေါင်းဆောင်များ၊တိုင်းရင်းသား ခေါင်းဆောင်များ မပါနိုင်အောင် ထောင်သွင်း အကျဉ်းချပြီး စစ်အုပ်စု ကောင်းစားရေး အတွက်သာ ဖြစ်သော ရွေးကောက်ပွဲအား ဆန့်ကျင် သပိတ်မှောက်ရမည်ဖြစ်သည်။
- နိုင်ငံသား တိုင်း ဥပဒေအရ မဲမပေးပဲ နေပိုင်ခွင့်ရှိသည်။
- မိမိ ရရှိထားသည့် အထက်ပါ အခွင့်အရေး အား အပြည့် အဝ အသုံးချပါ။
လူထုတရပ်လုံးအတွက်စတေးခံ
အကောင်းဆုံး မြေသြဇာ အဖွဲ့
တန်ခိုး
ယမထာ / ၂၇ အောက်တိုဘာ ၂၀၁၀
အစွမ်းတို့ တန်ခိုးတို့ဆိုတာ အလိုလိုရောက်လာ ရလာတာမျိုးမှမဟုတ်ဘဲ။ သင့်တော်တဲ့ စနစ်ကျတဲ့ နည်းနာတွေ၊ ထောက်ကူပစ္စည်းတွေ၊ နေရာဒေသတွေ၊ အချိန်ကာလတွေ၊ ဂါထာမန္တာန်တွေ၊ ဆေးဝါး အင်းအိုင်တွေ၊ ဟိုဟာ ဒီဟာတွေ မျိုးပေါင်းစုံနဲ့ မနေမနား ဇွဲကြီးကြီးအားထုတ်ကြိုးစားပါမှ ရနိုင်တာမျိုး။ လွယ်မှတ်လို့။
သင်္ချိုင်း ကိုးသင်္ချိုင်း၊ (၁၈) သင်္ချိုင်း၊ (၂၇) သင်္ချိုင်းမှာ ညပေါင်း (၉၉) ညတိတိ တညမပျက် ဆက်တိုက်ကြိုးစားအားထုတ်ရတာ ရှိတယ်။
အုန်းပွဲ၊ ငှက်ပျောပွဲ၊ လက်ဖက်ပွဲ၊ ထန်းလျက်ပွဲ၊ ဆေးဖယောင်းတိုင်၊ အင်း-စမ ဖယောင်းတိုင်တွေ သက်စေ့ထွန်းပြီး လူသူမနီးတဲ့ ကွင်းခေါင်ခေါင်ကြီးမှာ စည်းတွေတား၊ ဆန်မန်းပေါက်ပေါက်တွေကြဲ၊ ဇွဲနပဲနဲ့ လုံးပန်းလုပ်ကိုင်ရတာမျိုးလည်းရှိတယ်။
လပြည့်လကွယ် ညတွေရဲ့ သန်းခေါင်ယံအချိန်ရောက်ရင် ထမီစောက်ထိုးခြုံ၊ ဆံပင်ဖားလျားချ၊ ခွေးတိုးပေါက်ကနေ ဦးခေါင်းချည်းပြေးထွက်သွားပြီး လမ်းဘေးအမှိုက်ပုံ၊ ချေးအမှိုက်ပုံ၊ သားသတ်ရုံအမှိုက်ပုံတွေကအစ ယင်မလုံအိမ်သာတွေအဆုံး အနှံ့အပြားခြေဆန့် (အဲ…ခေါင်းဆန့်) ရင်း အယုတ်အပတ်၊ အပုပ်အစပ်၊ အနံအဟောင်တွေကို တ၀တပြဲ ပလုပ်ပလောင်းဝါးပြီး တန်ခိုးအစွမ်းတွေ ရရှိတိုးများအောင် လုပ်ရတာတွေလည်း ရှိပြန်တယ်။
တချို့ကျတော့ ကြက်သွေး၊ ၀က်သွေး၊ ဘဲသွေး၊ ဆိတ်သွေး၊ ခွေးလေခွေးလွင့်သွေးကအစ လူသွေးအဆုံး မျှော့တွေကျွတ်တွေလို မတရားသဖြင့် စုပ်ယူသောက်မျိုတဲ့အပြင် သွေးနဲ့မျက်နှာသစ်၊ သွေးနဲ့ခြေလက်ဆေးကြော၊ သွေးကို ခြေဆုံးခေါင်းဆုံးလိမ်းကျံပြီး ဧရာမတန်ခိုးအစွမ်းတွေရအောင် လုပ်ကြပါသတဲ့။ အသုံးပြုတဲ့ သွေးက လတ်ဆတ်လေ အောင်မြင်လေဆိုပဲ။
"အတုမြင်-အတတ်သင်"ဆိုတဲ့ စကားအတိုင်းပေါ့။ ရှေးရှေးသွားလေသူ အောက်လမ်းက အယုတ်တမာတန်ခိုးရှင်ကြီးတွေလို အံ့မခန်းတန်ခိုးဣိဒ္ဓိပတ်တွေ ငမ်းငမ်းတက်လိုချင်နေတဲ့ ဠင်းတအိုကြီးတကောင်ရှိတယ်။ အရပ်အခေါ်နဲ့တော့ "လဒအိုကြီး" ပေါ့လေ။
အဲဒီလဒအိုကြီးမှာ နောက်လိုက်ကောင်းတွေလည်း ရှိတာမို့ တပည့်မိုက်တွေ အားကိုးပြီး ဘယ်သတ္တ၀ါမှ လိုက်မမီနိုင်တဲ့ မဟာအစွမ်းတန်ခိုးတွေရအောင် မနေမနား ကျင့်ကြံအားထုတ်ပါတော့တယ်။
ဒီလဒအိုကြီး အသုံးပြုတဲ့နည်းက နှစ်နည်းပါ။ ပထမနည်းက လပြည့်လကွယ် ညသန်းခေါင်တွေမှာ စံရာနန်းကနေ ဦးခေါင်းချည်းပဲ ပျံထွက်ပြီး အပုပ်အစပ်-အယုတ်အပတ်တွေကို တ၀တပြဲစားသောက်တဲ့နည်း။
ဒုတိယနည်းက အရှင်လတ်လတ်တိရစ္ဆာန်တွေရဲ့ သွေးပေါင်းစုံအပါအ၀င် လူသားသွေး၊ ကျောင်းသားသွေး၊ တိုင်းရင်းသားသွေး၊ သံဃာသွေးတွေကို အားရပါးရသောက်မျို၊ ခြေအစ ခေါင်းအဆုံး တဗွမ်းဗွမ်းလောင်းချိုးတဲ့ နည်းပဲဖြစ်ပါတယ်။
ဟုတ်ကဲ့၊ ဒီလိုနဲ့ နောက်ဆုံးမှာ သာမန်လဒအိုကြီးဟာ ပြိုင်ဘက်ကင်းတဲ့ အစွမ်းတန်ခိုးတွေကို လက်ဝယ်ပိုင်ပိုင် ရရှိသွားပါတော့တယ်။
မဟာတန်ခိုးရှင်ဖြစ်လာချိန်ကစလို့ နောက်လိုက်လဒတသိုက်ဟာ လဒအိုကြီးကို အရင်ကခေါ်သလို "ဘလဒ"လို့ မခေါ်ကြတော့ဘဲ အထွတ်အမြတ်ပြုပြီး "လဒမှူးကြီး" လို့ ဂုဏ်တင်ခေါ်ဝေါ်ခဲ့ကြပါရောလား။
တန်ခိုးရှင်စစ်စစ်ဖြစ်လာတဲ့ "လဒမှူးကြီး" ရဲ့ တန်ခိုးအစွမ်းကလည်း တကယ့်အံ့မခန်းပါဘဲ။ စောစောလေးတင် ခွေးသေကောင်ပုပ်ပေါ်ခွထိုင်ပြီး ပွဲတော်တည်နေတဲ့ "လဒမှူးကြီး"ဟာ ချက်ချင်းလက်ငင်း ဖြုန်းခနဲပျောက်သွားပြီး အနံ့အသက်တောင်မကျန်ခဲ့ဘူး။ နောက်မြီးဆွဲ လဒတသိုက်ခမျာ ဘယ်လိုက်ရှာလို့ ရှာရမှန်းမသိဖြစ်ကုန်ကြတာပေါ့။ ဒီတော့…
"လဒမှူးကြီးခင်ဗျာ… သားတော်တို့ကို မကျီစားပါနဲ့၊ ကိုယ်ထင်ပြတော်မူပါ။"
ဒီမှာတင် မလှမ်းမကမ်း လယ်ပြင်ပတ်ကြားအက်ဆီက အသံလေးတသံ ကြားလိုက်ကြရပါတယ်။
"ငါ ဒီမှာဟေ့… အခုနွားချေးပိုးဖြစ်နေပြီကွ…" တဲ့။ ဟုတ်လိုက်လေ။ အပေါ်ရေတင်းနေတဲ့ နွားချေးပုံပေါ်မှာ မဲမဲလုံးလုံး နွားချေးပိုးတကောင် ပါးစပ်အဖြဲသားနဲ့။
တပည့်တသိုက်က အားရ၀မ်းသာဝိုင်းအော်လိုက်ကြတယ်။
"ဟေး… ဒို့ နွားချေးပိုးမှူးကြီးကွ…"
အော်သံတောင် မဆုံးလိုက်ဘူး။ နွားချေးပုံပေါ်မှာ ဟာလာဟင်းလင်း။
မောင်မင်းကြီးသားက ထပ်ပြီးတန်ခိုးအစွမ်းပြလိုက်ပြန်ပြီလေ။
အကြောင်းသိသွားတဲ့ တပည့်တွေက ပြုံးပြုံး ပြုံးပြုံးနဲ့ ထပ်အော်လိုက်ကြပြန်တယ်။
"နွားချေးပိုးမှူးကြီးခင်ဗျာ… အသွင်သစ်ယူထားတဲ့ ဘ၀ကနေ အသံပေးတော်မူပါဦး"
"ဟား ဟား ငါအခု ခွေးသေကောင်ပုပ်ရဲ့ စအိုဝမှာ ဖြူဖြူဖွေးဖွေးလောက်ပဂေးကြီးဖြစ်နေပြီဟေ့"
တကယ့်ကို စွမ်းတဲ့ "လဒမှူးကြီး" ပါပဲလားလို့ ရင်သပ်ရှုမောအံ့သြ၀မ်းမြောက်စွာ ကောင်းချီးပေးလိုက်ကြတာက…
"လောက်မှူးကြီး သက်တော်ရာကျော်ရှည်ပါစေ…"
တန်ခိုးအစွမ်းတွေ တပုံတပင်ရထားပြီဖြစ်တဲ့ လဒမှူးကြီးခေါ် နွားချေးပိုးမှူးကြီးခေါ် လောက်မှူးကြီးဟာ အခါအခွင့်သင့်တိုင်း ဘ၀မျိုးစုံကို အသွင်ယူဖန်ဆင်းရင်း ပျော်မဆုံးမော်မဆုံး။
တမနက်မှာတော့ လဒမှူးကြီးခေါ်….လောက်မှူးကြီးဟာ ထုံးစံအတိုင်း ပျောက်သွားခဲ့ပြန်လေပြီ။ ထုံးစံအတိုင်းပျောက်သွားတော့ တပည့်တွေကလည်း ထုံးစံအတိုင်း အော်ကြပြန်တာပေါ့။
"တန်ခိုးရှင်ကြီးခင်ဗျား…ရောက်ရာဘ၀ကနေ အသံပြုတော်မူပါ" လို့ သုံးကြိမ်သုံးလီ လက်အုပ်ချီအသနားခံကြတဲ့အခါ
ဟိုး… မြေကြီးအောက်ဘက် အတော်နက်နက် ဝေးဝေးလံလံဆီက ပဲ့တင်ထပ်လာတဲ့ အသံညှင်းညှင်းတသံကို ကြားရပါတယ်။
"ဟေး… ငါအခု အ၀ီစိက ငရဲအိုးကြီးအောက်ခြေမှာ ငရဲချိုးကပ်ကောင်ဖြစ်နေပြီ… အောင်မယ်လေး…ကယ်တော်မူကြပါဗျို့။"
“ ငါ ရဲ့သေဆုံးသွားမဲ့ ခန္ဓာကိုယ် ကို မြှုပ်နှံမဲ့နေရာဟာ ငါ့နိုင်တော်ပဲဖြစ်ရမယ်” လို့ “ “ရူးသွပ်မြန်ဆန်နေသော မြင်းတကောင်” က ဆိုခဲ့ဘူးတယ်လေ။ ဖိုင်ကိုသာဖွင့်လိုက်ပါခင်ဗျာ ခင်မင်စွာဖြင့် အောင်မိုးဝင်း |
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လူငယ်များ၏ မဲမပေးရေးလှုပ်ရှားမှု သတင်း ဓာတ်ပုံ
တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ တောင်ဒဂုံမြို့နယ်များသို့ တစ်ဖွဲ့နှင့် ဒလ၊ ကော့မှုးမြို့နယ်သို့ တစ်ဖွဲ့ သွားရောက်ခဲ့ကြပါသည်။ သင်္ဃန်းကျွန်းဈေး၊ တောင်ဥက္ကလာပ ၁၀ရပ်ကွက်ဈေး၊ မြင်သာဈေး စသည့် လူစည်ကားရာ နေရာများသို့ သွားရောက် ဝေငှခဲ့ကြောင်း သိရှိရပါသည်..။ ရောက်ရှိ ဝေငှရရာနေရာတိုင်း ၌ပြည်သူလူထုမှ လိုက်လံ တောင်းယူကြကြောင်း အဆိုပါ .. မဲမပေးရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် အဖွဲ့ချုပ်လူငယ် အဖွဲ့ဝင်တစ်ဦးမှ ပြောဆိုပါသည်..။
ကော့မှုးမြို့ဈေးအတွင်း စာရွက်ဝေငှရာ၌ ဈေးအာဏာပိုင်များ၏ တားမြစ်ခြင်းကို ခံရပြီး ကော့မှုးမှာ လက်ခံရယူခဲ့တဲ့ ပြည်သူများထံမှ မဲမပေးရေး စာရွက်များအား အာဏာပိုင်များမှ တရားမ၀င် စာရွက်တွေယူထား ပုံနှိပ်ဥပဒေနဲ့အဖမ်းခံရမည်ဟ ခြိမ်းခြောက် ပြောဆိုပြီး နေအိမ်များအထိ လိုက်လံတောင်းယူ ခဲ့တယ်လို့ သိရှိရပါသည်..။ အချို့မှာ ခြိမ်းခြောက်မှုအား ကြောက်ရွံ၍ ပြန်ပေးခဲသော်လည်း အများစုမှာ မိမိတို့အိမ်အား လာရောက်ဝေငှခြင်း မရှိဟု ငြင်းဆိုခဲ့ကြောင်း သိရှိရပါသည်။
မနေ့က ထုတ်ပြန်ခဲ့တဲ့ အဖွဲ့ချုပ်ရဲ့ ကြေငြာချက်မှာ တိုင်းပြည်နှင့် ပြည်သူလူထု၏ ပစ္စုပ္ပန်နှင့် အနာဂတ် အကျိုးစီးပွားကို ရှေ့ရှု၍ ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝဥသုံ သပိတ်မှောက်ကြောင်း အတိအလင်း ကြေငြာခဲ့သလို
နိုင်ငံသားတွေ အနေနဲ့မဲပေးဖို့ အခွင့်အရေးရှိသလို
ဆန္ဒမရှိရင်လည်း မဲမပေးတာလည်း ဥပဒေအရ အခွင့်အရေးပဲဖြစ်ကြောင်း
အတင်းဓမ္မမဲပေးခိုင်းခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း
NLD မပါလို့ ဘယ်သူ့ကို မဲထည့်ရမလဲ ဆိုရင်
ကိုယ်ကြိုက်တဲ့ ပါတီမပါရင် မဲမထည့်ပဲ နေပါဟု ပြောဆိုထားပါတယ်..။
သတင်း၊ ဓာတ်ပုံများအတွက် ပေးပို့သူညီမအား ကျေးဇူးတင်ပါသည်..။
ဒီမိုဝေယံ
၂၇ရက်နေ့က ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် လူကြီးများအား ကန်တော့ပွဲအခမ်းအနား ဓာတ်ပုံမှတ်တမ်း..
တိုင်းရင်းသား ပအိုဝ်းများနေထိုင်ရာ ပင်းပက်တောင် သံသတ္တုရိုင်းဒေသမှ လူ့အခွင့်ရေးချိုးဖောက်မှုများနှင့် ချင်းမိုင်သတင်းစာရှင်းလင်းပွဲ...
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လူငယ်များ၏ မဲမပေးရေးလှုပ်ရှားမှု သတင်း ဓာတ်ပုံ
ဂျပန်နိုင်ငံမှာ ပြုလုပ်တဲ့ (၂၀၁၀) ရွေးကောက်ပွဲအား ဆန့်ကျင်ချီတက် ဆန္ဒပြပွဲ အခမ်းအနား (ဓာတ်ပုံ၊ မှတ်တမ်း)
မြန်မာပြည်က လတ်တလောစာ...
“ဒေါ်အောင်ဆန်းစုကြည် လွတ်လာရင် ဘာလုပ်မလဲ
နိုင်ငံရေးသုခမိန်ဂိုက်ဖမ်းနေသူ
ရွေးကောက်ပွဲပြီး ပြောင်းလာမဲ့ နိုင်ငံရေးအခင်းအကျင်းက
နိုင်ငံရေးပါတီတရပ် တရားဝင်မှု မဝင်မှုက လိုင်စင်ရမှု မရမှုနဲ့မဆိုင်။ နိုင်ငံရေးပါတီဆိုတာ အမိန့်ရ ထန်းရည်ဆိုင်မဟုတ်။
နိုင်ငံရေးပါတီတရပ် တရားဝင်မှု တရားမဝင်မှုက လူထုအကျိုးပြုမှု ၊ ပြည်သူလူထု လက္ခံမှု လက်မခံမှုပေါ်မှာတည်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒီ/ချုပ် NLD ဆိုတာ -
စစ်အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်းမယ်။ ဒီမိုကရေစီစနစ် အခြေချ ၊ အခိုင်အမာတည်ဆောက် ထားတဲ့
ပါတီကြီးပါ။ ဒီတာဝန် ပြီးဆုံးတဲ့အထိ တည်ရှိလိမ့်မယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ -
လူထုအကြား ထင်ထင်ရှားရှားမသိကြသေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်ပီသတဲ့ မြင့်မြတ်တဲ့ အရည်အချင်းတရပ်ကို တင်ပြချင်ပါတယ်။
ဒီအရည်အချင်းက ဒီခေတ်မှာ မြန်မာနိုင်ငံအတွင်း ဒေါ်အောင်ဆန်းစုကြည်တဦးထဲမှာသာ ထူးထူးကဲကဲ ရှိတာပါ။ ဒါ ဘုန်းတော်ဘွဲ့မဟုတ်ဘူး ။
ဒီပဲယင်းအရေးအခင်းကနေ ဖူးပွင့်ဝေဖြာ ပေါ်ထွက်လာတဲ့ အရည်အချင်း
ဒါဟာ မိမိတို့ကို ဝိုင်းဝန်းသတ်ဖြတ်နေကြတဲ့ မိုက်မဲတဲ့လူသတ်သမားများကိုပင် ရန်သူလိုသဘော မထား ၊ အမျိုးသားပြန်လည်ပေါင်းစည်းရေး
ဒီမိုကရေစီ အမှန်တကယ် လိုချင်ကြတာမှန်ရင် -
အားလုံး - အားလုံး - တလုံးတစည်းတည်း ၊ စည်းရုံးလှုပ်ရှားကြမှ ၊ အောင်မှာပါ ၊ အောင်ကြမှာပါ ၊ အောင်ပွဲခံမှာပါ ။ ဂျပန်ဖက်ဆစ်တွေကို ညီညွတ်ရေးနဲ့ မောင်းထုတ်ခဲ့တာဘဲ။ စစ်အာဏာရှင်ကြီး စစ်ဗိုလ်ချုပ်ကြီး ဗိုလ်နေဝင်း မ.ဆ.လ. တပါတီအာဏာရှင်စနစ် ခေတ်ကိုလည်း (၈.၈.၈.၈.) ရှစ်လေးလုံး ညီညွတ်ရေးအားနဲ့ ဖြိုချခဲ့တာဘဲ ။
၂၀၁၀ ဟိုဒင်း - ဘာ - မျှော်မနေကြပါနဲ့ -
ဒီမိုကရေစီအင်အားစု တရပ်လုံး ဒေါ်အောင်ဆန်းစုကြည် ဗဟိုပြုဝန်းရံ အောင်ပွဲခံ စံကြပါစို့ ……
မင်းမနိုင် - မိအေး ။
၂၆- ၁၀ - ၂၀၁၀ ။
အညာနွေတမာမြေ
ပြည် တွင်းပြည်ပရှိ မြန်မာ့မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များ၊ ခွတ်ဒေါင်းမျိုးဆက်များ ခင်ဗျား၊
ကျနော့အနေနဲ ပြည်တွင်းက NLD ခေါင်းဆောင်ကြီးတွေ၊ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေရဲ့ မကြောက်တရားနဲ့ လေးစားလောက်တဲ့၊
ကြီးမြတ်တဲ့အမြော်အမြင်နဲ့ ဒုတိယပင်လုံညီလာခံခေါ်မဲ့ကိစ္စကို ကျနော်အနေနဲ လုံဝထောက်ခံတယ်၊၎င်းကိစ္စကို ကျနော်
၁၉၈၈ တုံးကလူမျိုးစုခေါင်းဆောင်အချို့ကို ဆွေးနွေးပြောပြခဲ့ဘူးပါတယ် ဒါပေမဲ့အချိန် မကျသေးတော့ ကျနော့ရဲ့တင်ပြချက်ဟာ
မထိရောက်ဘူး။ ယ္ခုအချိန်ဟာမြန်မာနိုင်ငံအနေနဲ့ ဖယ်ဒရယ် ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် ဒုတိယပင်လုံညီလာခံကို
ရအောင်ခေါ်ယူရမယ်။
ဥပဒေအရကြည့်ရင် လွတ်လပ်ရေးရပြီး ရေးဆွဲခဲ့တဲ့ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူပြည်သားတို့ရဲ့ ခွင့်ပြုချက်မပါပဲ
စစ်အာဏာရှင်အုပ်စုက ၎င်းတို့ဆန္ဒဖြင့်ဖျက်သိမ်းခဲ့ပေမဲ့ ပင်လုံစာချုပ်ကို စစ်အုပ်စုက ၎င်းတို့ဆန္ဒဖြင့်ဖျက်သိမ်းလိုရပါဘူး
အယ်ဒီပင်လုံစာချုပ်ကို ယ္ခုစစ်အုပ်စုက ဖြောက်ဖျက်ပြစ်ရန်ဖြစ်စေ၊ ဖျက်သိမ်းပြစ်ရန်ဖြစ်စေ လုပ်ဆောင်ခဲ့သော် မြန်မာနိုင်ငံဆိုသည်မှာလဲ
ကမ္ဘာမြေပုံပေါ်မှပြောက်ဆုံးသွားမည် ဖြစ်ပါသည်။
NLD ခေါင်းဆောင်ကြီးတွေ၊ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေက လုပ်သင့်တဲ့ကိစ္စ၊ ဖြစ်သင့်တဲ့ကိစ္စအဖြစ် ပြည်သူလူထုတရပ်လုံးကို
လှုံ့ဆော်လိုက်တဲ့ ဒုတိယပင်လုံညီလာခံခေါ်မဲ့ကိစ္စကို ပြည်တွင်းက လူထုတရပ်လုံးက ပြည်တွင်းငြိမ်းချမ်းရေး၊
တမ်းတူညီမျှမူရရှိရေး၊ တိုးတက်ခိုင်မာမူ့ရှိတဲ့ ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး၊ လူသားချင်းစာနာမူ့ကင်းမဲ့တဲ့
မတရားပြုကျင့်မူ့ဆိုင်ရာ လုပ်ရပ်များ ရပ်တန့်စေရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီရေးတို့အတွက် NLD ခေါင်းဆောင်ကြီးတွေ၊
တိုင်းရင်းသားခေါင်းဆောင်ကြီးတွေနဲ့ မဖြစ်မနေပူးပေါင်းပါဝင်ဆောင်ရွက်ရမယ်လို့ ကျနော်တိုက်တွန်းလိုက် ပါသည်။
ယ္ခု၂၀၁၀ ရွှေးကောက်ပွဲသည် လက်ရှိပြည်သူတို့တွေ့ကြုံနေသည့် ပြဿနာများ၏ ထွက်ပေါက်မဟုတ်၊ ပြည်တွင်းငြိမ်းချမ်းရေးရှိမှ
တိုင်းပြည်ဖွင့်ဖြိုးတိုးတက်လာမည်၊ တရားမျှတမူ့ရှိမှ ဒီမိုကရေစီတည်ဆောက် နိုင်မည်ဖြစ်သည်။ ထိုသိုသောကြောင့် ယ္ခုပြည်တွင်းက NLD
ခေါင်းဆောင်ကြီးတွေ၊ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေရဲ့ မကြောက်တရားနဲ့ လေးစားလောက်တဲ့၊ ကြီးမြတ်တဲ့အမြော်အမြင်နဲ့ ဒုတိယ
ပင်လုံညီလာခံခေါ်မဲ့ကိစ္စကို
ကျနော်တို့ပြည်ပက အင်အားစုတွေကရော ပြည်တွင်းက လူထုတရပ်လုံးကပါ
ပြည်ပကအင်အားစုတွေလဲ ညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်းထောက်ခံဖို့ကို တိုက်တွန်းလိုက်ပါသည်။
အထူးသဖြင့် လက်နက်ကိုင်ဆောင်ထားသော တိုင်းရင်းသားညီအကိုတို့အားလုံး အာမခံမရှိတဲ့ နအဖနဲ့
သဘောတူညီမှူ့ ယူထားတာကို ဖျက်သိမ်းပြီး တိုင်းရင်းသားလူမျိုးစုများအားလုံးအတွက် အာမခံမူရှိတဲ့
ဒုတိယပင်လုံစာချုပ် ချူပ်ဆိုနိုင်ရန် ပါဝင်ပူးပေါင်းလုပ်ဆောင်ဖို့ လေးနက်စွာတိုက်တွန်း လိုက်ရပါသည်။
ရွှေးထီး(၈၈၈၈)
ကိုတေဇသူရသို့
ကျနော်ဒီမေးလ် group ထဲမှာ ခင်ဗျားတင်တဲ့ ပို့စ်တွေကို ဖတ်ဖြစ်ပါတယ်၊ ကျနော်တခုသိချင်တာက စစ်အာဏာရှင်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှုကော်မတီရဲ့ ဆက်သွယ်ရန်မှာပါတဲ့ ကိုတေဇသူရနဲ့ ဒီပို့စ်တင်တဲ့ကိုတေဇသူရ တယောက်ထဲလားဆိုတာ သံသယဖြစ်မိတယ်၊ ဆိုလိုတာက ခင်ဗျားတို့ လူထုလှုပ်ရှားမှုကော်မတီက ဒုတိယပင်လုံညီလာခံခေါ်မဲ့ကိစ္စကို ထုတ်ပြန်ချက်ထုတ်ပြီးအတိအလင်းထောက်ခံထားတယ်၊ အခုတခါကျောင်းသားခေါင်းဆောင် ကိုသန်းဝင်းရဲ့စာကိုတင်တဲ့အခါကျတော့ ခင်ဗျားက လမ်းလွှဲတယ်၊ ကြားဖြတ်အစိုးရမခေါ်ရဲဘူးနဲ့ဆိုပြီးဖြစ်လာပြန်ပြီ။ ပြည်တွင်းက NLD ခေါင်းဆောင်ကြီးတွေ၊ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေက အမြော်အမြင်နဲ့ လက်ရှိအခြေအနေတွေမှာ လုပ်သင့်တဲ့ကိစ္စ၊ဖြစ်သင့်တဲ့ကိစ္စကို မကြောက်တရားနဲ့နအဖကိုရဲရဲရင့်ရင့်ရင်ဆိုင်ပြီး ပြည်သူလူထုတရပ်လုံးကို လှုံ့ဆော်လိုက်တဲ့ ဒီဒုတိယပင်လုံညီလာခံခေါ်မဲ့အရေးကို ကျနော်တို့ပြည်ပက အင်အားစုတွေကရော ပြည်တွင်းက လူထုတရပ်လုံးကပါ အသေအချာစဉ်းစားပြီး ၀ိုင်းရံရမဲ့အချိန်မှာ ခင်ဗျားက ကြားဖြတ်အစိုးရမခေါ်လို့အပြစ်တင်နေတာတော့ ပြန်သုံးသပ်သင့်တယ်လို့ထင်တယ်ဗျာ။ အရေးကြီးတာက နောက်ကလိုက်ရမဲ့ ပြည်သူလူထုတွေမတွေဝေစေဖို့က အဓိကကျတယ်လို့ထင်တယ်။ ပြည်ပက အင်အားစုတွေလဲညီညွတ်ကြဖို့တော့လိုလိမ့်မယ်။ ဒီလောက်ဆိုကျနော်ဘာကိုဆိုလိုတယ်ဆိုတာ သဘောပေါက်မှာပါ။ ခင်ဗျားတပ်ထားတဲ့ခေါင်းစဉ်လေးက တိုတိုလေးပါ၊ဒါပေမဲ့အဓိပ္ပါယ်ကိုတော့ ခင်ဗျားတာဝန်ယူရလိမ့်မယ်။
ဝင်းထွန်းသန်း
Wednesday, October 27, 2010
၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်သည့် ချီ တက်ဆန္ဒပြပွဲ(တိုကျို)http://www.pnsjapan.org/
Tuesday, October 26, 2010
(၁)
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ နောက်ဆုံးဥက္ကဋ္ဌဖြစ်ခဲ့သူ ဒေါက်တာမောင်မောင် ပြောခဲ့ဘူးတဲ့စကားကို မှတ်မိကြပါလိမ့်မယ်။
" ဒီ အခြေခံ ဥပဒေကြီးကို ချက်ချင်းဖျက်ပစ်လို့ မရပါဘူး။ အနုပညာရှင်တေ၊ွ တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ ပြည်သူတွေ နဲ့
ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ပြီး ရေးဆွဲခဲ့တာပါ" လို့ ဆိုတယ်။ တကယ်တော့ သူက နိုင်ငံရေးသမားအားလုံးကို လေသံအေးအေးနဲ့
ခပ်ထေ့ထေ့ ရိ နေတာဖြစ်တယ်။ ဒေါက်တာမောင်မောင်ပြောချင်တာက
" ၁၉၇၄ အခြေခံဥပဒေဆိုတာ ကျနော်တို့ မဆလ တွေချည်းဆွဲခဲ့တာမဟုတ်ဘူး။ အနုပညာရှင်တွေနဲ့ တိုင်းရင်းသားတွေလည်း
သဘောတူထောက်ခံပါဝင်ခဲ့တယ် မဟုတ်လား " လို့ ပြောနေခြင်းဖြစ်တယ်။
ဒီကနေ့ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မဲ့သူတွေ သတိထားမိဖို့အတွက် ပြန်ပြောပြတာပါ။
ပါလီမန်တွင်းမှာ ဝင်ရောက်စကားပြောမယ်။ စစ်အုပ်စုက ခုံ (၁၀၀) ယူထားရာ ကနေ (၇၅) ခုံ ကို ဖွင့်ပေးလိုက်တယ်။
၂၀ ရာခိုင်နှုန်းလောက် အနိုင်ရရင် မဆိုးဘူး--- စသော စသော အဆိုပြုခဲ့သူများ ကိုယ်မျှော်လင့်ခဲ့သလို မလုပ်နိုင်ဘူးဆိုရင်တော့
၂၀၀၈ အခြေခံဥပဒေကို ထောက်ခံခဲ့သူတွေအဖြစ် သမိုင်းတရားခံဖြစ်မှာအမှန်ပါပဲ။
ပြည်တွင်းပြည်ပ အတိုက်အခံအများစုက ဒီအခြေခံဥပဒေကိုလက်မခံသလို စစ်အုပ်စုကလည်း နယ်စပ်ဒေသတွေမှာ ပြည်တွင်းစစ်ကိုမြှင့်မဲ့
အရိပ်အယောင်တွေ၊ လှုပ်ရှားမှုတွေ ပြောင်ပြောင်တင်းတင်း လုပ်ပြနေတယ်။ ဒါပေမဲ့ တိုင်းရင်းသားခေါင်းဆောင်တချို့ ဦးဆောင်ပါဝင်တဲ့
အဖွဲ့တွေကလည်း " ဒုတိယပင်လုံညီလာခံခေါ်မယ်၊ ပြည်တွင်းစစ်မီးတောက်လောင်မှုကို တားဆီးရမယ်" ဆိုတဲ့ ဆုံးဖြတ်ချက်တွေကို
ချမှတ်ပြင်ဆင်လှုပ်ရှားနေကြတယ်။ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် ကို မြင်ချင်ပါတယ်ဆိုတဲ့သူတွေ မကောင်းဆိုးဝါးစစ်အစိုးရဆီမှာ
ကိုယ်ရဲ့ကံကြမ္မာကို အောက်ကြေးနဲ့ထိုးကြမှာလား။ ကိုယ်လို ဖိနှိပ်ခံနေရတဲ့ဘဝတူ တိုင်းရင်းသားတွေနဲ့အတူသွေးစည်းညီညွတ်ကြမလား။
လေးလေးနက်နက်စဉ်းစားစေလိုပါတယ်။
(၂)
ရှင်သန်တက်ကြွနေသော အင်အားစုများ ( Active Forces ) လို့ခေါ်တဲ့ ညွှန့်ပေါင်းအင်အားစုတရပ်ကို "မက်ဒက်ဂက်စကာ" နိုင်ငံမှာ
ဖွဲ့စည်းခဲ့ကြဘူးတယ်။ ဆိုရှယ်လစ်အစိုးရရဲ့ ဖိနှိပ်မှုကို ပြန်လည်အန်တုဖို့အတွက် အမျိုးသားရေးဆွေးနွေးပွဲ ( National Forum) မှာ
ဆုံဆည်းကြတယ်။ ဆိုရှယ်လစ်အစိုးရရေးဆွဲထားတဲ့ အခြေခံဥပဒေကို ဥပေက္ခာပြု ငြင်းဆိုလိုက်ပြီး အခြေခံဥပဒေသစ်ကို
ကိုယ်တိုင်ရေးဆွဲလိုက်ကြတယ်။ မက်ဒက်ဂက်စကာ အစိုးရ အတွက် ဖိအားတွေက တရစပ်ရောက်လာခဲ့တယ်။
လူထုဆန္ဒခံယူပွဲတွေပြန်လုပ်ရတယ်။ အခြေခံဥပဒေသစ် ကို ပြန်ရေးဆွဲပေးရတယ်။ ရွေးကောက်ပွဲအသစ်ကျင်းပပေးခဲ့ရတယ်။
(၃)
စစ်အေးတိုက်ပွဲ ရဲ့ နောက်ဆုံးနှစ်များ ( ၁၉၈၉-၉၁) မှာ ဖြစ်ပွားခ့တဲ့ဲ အခြေအနေတွေ၊ အနေအထားတွေအတိုင်းဖြစ်ပျက်ဖို့ ဆိုတာကတော့
လုံးဝမလွယ်ပါဘူး။ ၂၀၁၀ ဆိုတာ စစ်အေးတိုက်ပွဲအသစ်တခုအတွက် ပြန်လည်ပြင်ဆင်နေကြချိန်၊ သမိုင်းဘီးက တပတ်လည်နေချိန်
ဖြစ်တယ်။ ဒါပေမဲ့ မက်ဂါဒက်စကာလှုပ်ရှားမှုမှာ စိတ်ဝင်စားစရာကောင်းတဲ့ လှုပ်ရှားမှုတွေရှိတယ်။
ရှင်သန်တက်ကြွနေသော အဖွဲ့အစည်းများ ( Active Forces ) လို့ခေါ်တဲ့ အတိုက်အခံ ညွှန့်ပေါင်းအဖွဲ့ နဲ့ ပြည်သူတွေ
ဆုံဆည်းခဲ့ကြတဲ့ အမျိုးသားရေးဆွေးနွေးပွဲ ဖိုရမ် တွေ ရဲ့ အရှိန်မြင့်သွားတဲ့ ကြံစည်မှုတွေဖြစ်တယ်။
" လူထုဆန္ဒကို ထုတ်ဖေါ်ပြသတဲ့အခါတိုင်း စစ်အာဏာရှင်တွေဟာ အကြမ်းဖက်ဖြိုခွေဲ လ့ရှိတယ်။
သွေးထွက်သံယိုမှုတွေကို ရင်ဆိုင်ရမယ်ဆိုတာ ကျနော်တို့သိပါတယ်။ ဒါပေမဲ့ ကျနော်တို့မှာ ပြန်လှန်တိုက်ခိုက်နိုင်မဲ့ တခြားနည်းလမ်းမရှိဘူး။
ဒီအချိန်ဟာ ကျနော်တို့အတွက် အခွင့်ကောင်းပဲ။ လူထုအားနဲ့ပဲ ပြန်လည်ရင်ဆိုင်ရမယ်။" လို့
မက်ဒက်ဂက်စကာ အမျိုးသားရေး လှုပ်ရှားသူတွေက ယုံကြည်ခဲ့ကြတယ်။
ဒီတပတ် လွတ်လပ်တဲ့အသံ အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ " မက်ဂက်ဒက်စကာ ဆိုရှယ်လစ်အာဏာရှင်ကို ပြုတ်ကျစေတဲ့
လူထုလှုပ်ရှားမှုအကြောင်း" ကို ဆွေးနွေးတင်ပြထားပါတယ်။
ကျနော်တို့မှာ ရွေးချယ်စရာမရှိ ပါ
အာဖရိကတိုက်ရဲ့အရှေ့တောင်ဘက် အင်ဒီယန်းပင်လယ်ထဲမှာ တည်ရှိတဲ့ မက်ဒက်ဂက်စ်စကာနိုင်ငံဟာ အာရှ၊ အာဖရိက နွယ်ဖွားတွေ
နေထိုင်ရာကျွန်းနိုင်ငံတခုဖြစ်ပြီး၊ လောကတခုကိုထွက်ပြေးမဲ့ နိဗ္ဗာန်ဘုံအဖြစ်ခေါ်ဆိုလေ့ရှိကြပါတယ်။
ဒါပေမဲ့ လက်တွေ့ဘဝတွေကတော့ ဆိုသလိုမဟုတ်ခဲ့ပါဘူး။
"၁၉၆၀ ခုနှစ် မှာ ပြင်သစ်နိုင်ငံဆီက လွတ်လပ်ရေးရခဲ့တယ် လို့ ဆိုပေမဲ့ တချို့လူမျိုးစုတွေက ပြင်သစ်နဲ့ နီးနီးကပ်ကပ်
နေခဲ့ကြပါတယ်။ စီးပွားရေးအရ လုံးဝလွတ်လပ်မှုမရှိပဲ ပြင်သစ်ကုမ္မဏီတွေသာ အကျိုးအမြတ်ဆက်လက်ခံစားပိုင်ခွင့်ရှိနေတာကြောင့်
မက်လာဂက်ဆီ အများစုကမကျေနပ်ခဲ့ကြပါဘူး။ ဆယ်စုနှစ်တခုလုံး လူမှုရေးမငြိမ်သက်မှုတွေကြောင့် တိုင်းပြည်စီးပွားရေး
လည်ပတ်မှုတွေဟာလည်း ခက်ခဲသထက်ခက်ခဲလာခဲ့ပါတော့တယ်။ ၁၉၇၂ ခုနှစ်မှာ ကျောင်းသားတွေဦးဆောင်တဲ့
အထွေထွေသပိတ် ပေါ်ပေါက်လာခဲ့ပြီး အစိုးရယန္ဒရားတခုလုံးကို ရပ်ဆိုင်းပစ်လိုက်တယ်။
အစိုးရကလည်း ပစ်ခပ်ဖြိုခွဲခဲ့တာကြောင့် ကျောင်းသား တဒါဇင်ကျော်သေဆုးံခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်။
နိုင်ငံရဲ့သမ္မတဟာ အရေးပေါ်အုပ်ချုပ်ရေးကို ကြေငြာလိုက်ပြီး ပါလီမန်ကို ဖျက်သိမ်းပစ်လိုက်တော့တယ်"
တိုင်းပြည်တွင်းမှာ မကျေနပ်မှုကြောင့်ပေါက်ကွဲတောက်လောင်နေတဲ့ လူထုအုံကြမွှုတွေကို တားဆီးနိုင်စွမ်းမရှိတော့ပါဘူး။ မက်ဒက်ကက်စတာ
သမ္မတဟာ စစ်ဗိုလ်ချုပ် "ဂရေဘယ် ရမ်မန်နန့်ဆိုရာ" ဆီကို အာဏာလွှဲအပ်လိုက်ပါတယ်။
ဒါပေမဲ့ သူကလည်း စီးပွားရေးအကြပ်အတည်းတွေကို မဖြေရှင်းနိုင်ခဲ့သလို၊ လူထုရဲ့မကျေနပ်မှုတွေကလည်း ဒေါသတကြီးစီးဆင်း
နေခဲ့ပါတယ်။ လုပ်ကြံသတ်ဖြတ်မှုတွေ၊ စစ်အာဏာသိမ်းမှုတွေ၊ အငြင်းပွားဘယ်ွရွေးကောက်ပွဲတွေနဲ့ တိုင်းပြည်တခုလုံး ဖရိုဖရဲဖြစ်နေခဲ့ပါတယ်။
" ၁၉၇၂-၇၅ တလျှောက်လုံးမှာ လူထုဟာ စစ်မှန် တဲ့ တော်လှန်ရေးအတွက် ကြိုးစားခဲ့ကြပေမဲ့၊ ပြင်သစ် နဲ့ ရုရှားမှာ ပေါ်ပေါက်ခဲ့တဲ့
လူမှုစံနစ်ပြောင်းလဲတည်ဆောက်ရေး တော်လှန်ရေးတွေလိုမျိုး ဖြစ်မလာခဲ့ဘူး။ လက်ရွေးစင် စစ်ခေါင်းဆောင်တွေကသာ
အာဏာလွှဲပြောင်းသိမ်းယူနေတဲ့ အနေအထားမှာပဲရှိနေခဲ့တယ်"
၁၉၇၅ မှာတော့ အခြေခံနိုင်ငံရေး၊စီးပွားရေးအဆောက်အဦ အားနည်းတဲ့ မက်ဒက်ဂက်စကာ နိုင်ငံကို Didier Ratsiraka က
စစ်အာဏာသိမ်းယူခဲ့ပြီး သိပ္ပံနည်းကျတဲ့ဆိုရှယ်လစ်စံနစ် ကို ကျင့်သုံးမယ် လို့ကြွေးကြော်ခဲ့ပါတယ်။
သူ့ရဲ့ အနီရောင်စာအုပ်ညွှန်ကြားချက်အရ၊ ဆင်းရဲသားတွေအတွက်အကျိုးကျေးဇူးတကယ်ရနိုင်မဲ့ ကုန်ထုတ်လုပ်မှုတွေကို စီစဉ်ညွှန်ကြား
ခဲ့ပါတယ်။ "ဆင်ဖြူ" စက်မှုလုပ်ငန်းတွေကို ပြည်နယ်အသီးသီးမှာ တည်ဆောက်တယ်။ ပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်းတွေကိုပြည်သူပိုင်
သိမ်းတယ်။ ဒါပေမဲ့ အခြေခံစားသုံးကုန်တွေ ပြတ်တောက်မှုတွေ စတင်ရင်ဆိုင်လာခဲ့ရပါပြီ။
" စစ်အာဏာရှင်အသီးသီးလက်အောက်မှာ ပစ်ခပ်ချေမှုန်းမှုကို မြင်ခဲ့ဘူးတဲ့လူထုဟာ သူတို့ရဲ့မကျေနပ်မှုတွေကို ဝုန်းကနဲပေါက်ကွဲပစ်ဖို့အထိ
ကိုတော့ တွန့်ဆုတ်နေခဲ့ကြသေးတယ်။ဒါပေမဲ့ တခုခုလုပ်မှရတော့မယ် ဆိုတာ အစိုးရအဖွဲ့ဝင်တွေရော၊ နိုင်ငံရေးစိတ်ဝင်စားတဲ့သူတွေရော
နှစ်ဘက်လုံးကသိနေကြတယ်။ ၁၉၇၉ မှာ တိုင်းပြည်က ချွတ်ခြုံကျလာပြီလေ။ စစ်ခေါင်းဆောင် "ရက်စီရက်ကာ" ကလည်း
ဒီအခြေအနေတိုင်းဆက်သွားရင် သူကိုယ်တိုင် အန္တရာယ်ဆိုးတွေနဲ့ရင်ဆိုင်နိုင်တယ် ဆိုတာကို သဘောပေါက်နေခဲ့တယ်။
အိုင်အမ်အက်ဖ်၊ ကမ္ဘာ့ဘဏ် အပါအဝင် အမေရိကန်ပြည်ထောင်စု နဲ့ ဥရောပ နိုင်ငံတွေဆီက ငွေကြေးထောက်ပံ့မှုရအောင် ကြိုးစားခဲ့တယ်"
၁၄ နှစ်လုံးလုံး အာဏာကို ထိန်းချုပ်ထားနိုင်ခဲ့တဲ့ မက်ဒက်ဂက်စကာ စစ်ခေါင်းဆောင်အတွက်စီးပွားရေးဆုတ်ပြတ်မှုတွေ
ရင်ဆိုင်နေရစဉ်မှာ သူ့ရဲ့အဓိက လက်တွဲဖေါ် ဆိုဗီယက်ပြည်ထောင်စုဟာပြိုကျလုဆဆဲအခြေအနေကိုရောက်ရှိနေခဲ့ပါတယ်။
ကြွေးမှီပြဿနာကို ဆွဲထုတ်နိုင်ဖို့အတွက် အစိုးရလက်ဝါးကြီးအုပ်ထားတဲ့ ဆိုရှယ်လစ်စံနစ်ကို စွန့်လွှတ်ဖို့ကိုလည်း အနောက်နိုင်ငံတွေက
ဖိအားလာခဲ့ပါတယ်။ " လူထုဆန္ဒကို ထုတ်ဖေါ်ပြသတဲ့အခါတိုင်း စစ်အာဏာရှင်တွေဟာ အကြမ်းဖက်ဖြိုခွဲေ လ့ရှိတယ်။
သွေးထွက်သံယိုမှုတွေကို ရင်ဆိုင်ရမယ်ဆိုတာ ကျနော်တို့သိပါတယ်။ ဒါပေမဲ့ ကျနော်တို့မှာ ပြန်လှန်တိုက်ခိုက်နိုင်မဲ့
တခြားနည်းလမ်းမရှိဘူး။ ဒီအချိန်ဟာ ကျနော်တို့အတွက် အခွင့်ကောင်းပဲ။ လူထုအားနဲ့ပဲ ပြန်လည်ရင်ဆိုင်ရမယ်။"
ဒါကြောင့်လည်း ၁၉၉၁ မှာ "အန်တာနာနာရီဗိုမြို့"မှာ အတိုက်အခံခေါင်းဆောင် "အယ်လ်ဘတ် ဇက်ဖီ" က အစိုးရဝန်ထမ်း ရှစ်သောင်းကျော်ကို
ဦးဆောင်ပြီး စတင်သပိတ်မှောက်လိုက်ကြပါတယ်။ သြဂတ်စ်လမှာတော့ ပြည်သူ လေးသိန်းကျော်ဟာ မြို့တော်ရဲ့ဗဟိုဆီကို ချီတက်လိုက်ကြပါပြီး
မက်ဒက်ဂက်စကာရဲ့ ဘဏ်လုပ်ငန်း၊ ကုန်သွယ်မှု နဲ့ အစိုးရယန္ဒရားတွေဟာ ရုတ်တရက်ရပ်ဆိုင်းအောင် ဖိအားပေးလိုက်ကြပါတော့တယ်။
" မျှော်လင့်ထားသလိုပဲ ဆိုရှယ်လစ်အစိုးရက ပစ်ခပ်ဖြိုခွဲခဲ့တာပေါ့ဗျာ။ ဆန္ဒပြသူ အယောက်(၃၀)ကျော်သွေးမြေကျ
သေဆုံးခဲ့ရတယ်။ ဒီလို ပစ်ခပ်ဖြိုခွဲမှုတွေကြုံလာရင် ကျနော်တို့လှုပ်ရှားမှု မသေဆုံးသွားအောင် အတိုက်အခံခေါင်းဆောင်တွေက
ကြိုတင်စီစဉ်ခဲ့ကြတယ်။အတိုက်အခံအဖွဲ့ (၁၆) ဖွဲ့ ပူးပေါင်းပါဝင်ထားတဲ့ " ရှင်သန်နေတဲ့အင်အားစုများ" ညွှန့်ပေါင်းအဖွဲ့ကို
ဖွဲ့စည်းလိုက်ပြီး ပြည်သူ့လွှတ်တော်ခေါ်တယ်။ "အယ်ဘတ်ဇက်ဖီ" က ဝန်ကြီးချုပ်အဖြစ်ကြေငြာ လိုက်တယ်။
အာဏာရှင် "ရက်စီရက်ကာ" က သူ့ရဲ့ဝန်ကြီးချုပ်ကိုအပြောင်းအလဲလုပ်ပြီး လူထုကိုချွေးသိပ်ဖို့ကြိုးစားသေးတယ်။ မရတော့ဘူး။ ကျနော်တို့ကလည်း
မက်ဒက်ဂက်စကာရဲ့အစိုးရအဖွဲ့ဖြစ်တယ် ဆိုပြီး နိုင်ငံတကာသံရုံးတွေကို စာပို့လိုက်တယ်။ ပြင်သစ်သံရုံးနဲ့အမေရိကန်သံရုံးကလည်း
အစိုးရနှစ်ရပ်လုံးကို ညှိနှိုင်းဆွေးနွေးကြဖို့အကြောင်းပြန်ခဲ့တယ်"
သောတရှင်များခင်ဗျား
အတိုက်အခံတွေရဲ့ မြန်ဆန်အရှိန်ပြင်းတဲ့ဖိအားတွေကြောင့် "ရက်စီရက်ကာ" အစိုးရဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်
တွေ့ဆုံဆွေးနွေးခဲ့ရပြီး ပါနိုရားမားသဘောတူညီမှုကိုလက်မှတ်ရေးထိုးခဲ့ရပါတယ်။ ဒီသဘောတူညီချက်အရ "ရက်စီရက်ကာ" ကို
သမ္မတအဖြစ်ဆက်လက် ထားရှိပေမဲ့ သမ္မတပါဝါအားလုံးကို ရုတ်သိမ်းခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှာတော့ နိုင်ငံလုံးဆိုင်ရာညီလာခံမှ
အခြေခံဥပဒေသစ် ကို ရေးဆွဲခဲ့ပြီး နောက်တနှစ်မှာတော့ ပါတီစုံရွေးကောက်ပွဲကိုကျင်းပခဲ့ပါတယ်။
"ရက်စီရက်ကာ" ရဲ့ လက်ကိုင်ဒုတ်တွေနဲ့ ဒီမိုကရက်တစ်အင်အားစုတွေကြားမှာ ရုန်းရင်းဆန်ခပ်တချို့ဖြစ်ပွားခဲ့ပေမဲ့
ဒီမိုကရက်တစ်အင်အားစုခေါင်းဆောင် "အယ်ဘတ် ဇက်ဖီ" ဟာရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။
သောတရှင်တို့လည်း အာဏာရှင်တွေကို တွေ့ဆုံဆွေးနွေးရေးစကားဝိုင်းဆီရောက်ရှိစေမဲ့ လူထုအင်အားတွေဖန်တီးနိုင်ကြပါစေ။
မှတ်ချက် ။ ။ မက်ဒက်ဂက်စကာနိုင်ငံအကြောင်းကို " လစ်ဘရယ်ဒီမိုကရေစီလှိုင်းများ ပြီးသည့်နောက်" စီးရီးမှာ ဆက်လက်
ရေးသားသွားပါမယ်။ ၁၉၉၃ မှာ ဆိုရှစ်လစ်အစိုးရပြုတ်ကျသွားပေမဲ့ အသွင်ကူးပြောင်းမှုကာလတေမွှာ အခက်အခဲမျိုးစုံတွေ
ကိုရင်ဆိုင်ခဲ့ကြရပါတယ်။__
နိုင်ငံရေးမုန်တိုင်းကြီးလာတော့မည်
တိုင်းပြည်ကိုကယ်တင်မဲ့ ဒုတိယပင်လုံညီလာခံကြီးလာတော့မည်။
ပထမပင်လုံညီလာခံသည် နယ်ချဲ့ လက်အောက်မှလွတ်မြောက်စေခဲ့သည်။
ယခုလာမည့် ဒုတိယပင်လုံညီလာခံကြီးသည် စစ်အာဏာရှင်အောက်မှလွတ်မြောက်စေတော့မည်။
NLD ခေါင်းဆောင်များနှင့်တိုင်းရင်းသားခေါင်းဆောင်များ တိုင်းပြည်ကိုအမြှော်အမြင်ကြီးမားစွာဦးဆောင်လိုက်ပြီ ။
ခေါင်းဆောင်ကြီးများရဲ့ အမြှော်အမြင်ကြီးမှု ၊ ရဲရင့်ပြတ်သားမှု ၊
မှန်ကန်သောဦးဆောင်မှုကိုရိုသေလေးစားစွဖြင့်အလေးပြုလိုက်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သောပထမ ပင်လုံညီလာခံ၏ ရလဒ်မှာ အမျိုးသားများပြန်လည်သင့်မြတ်ခဲ့ကြပြီး ဒီစုစည်းမှုအင်အားနဲ့
နယ်ချဲ့လက်အောက်မှလွတ်မြောက်စေခဲ့တယ်။ယခုလာမဲ့ဒုတိယပင်လုံညီလာခံကြီးအောင်မြင်စွာကျင်းပနိုင်ခဲ့မယ်ဆိုယင်
အမျိုးသားပြန်လည်သင့်မြတ်ရေးကိုရရှိစေပြီး တိုင်းပြည်ရဲ့အဓိကပြဿနာများကိုလဲအောင်မြင်စွာဖြေရှင်းပေးနိုင်မှာမလွဲပါ။
ဒါ့အပြင်ဒီညီလာခံကြီးမှပေါ်ထွက်လာသောစုစည်းမှုအင်အားကြောင့် ပြည်သူများစစ်အာဏာရှင်လက်အောက်မှလွတ်မြောက်ကြတော့မှာ
ဧကန်အမှန်မလွဲပါ ။ ထို့ကြောင့် ယခုအချိန်မှာ ခေါင်းဆောင်ကြီးများရဲ့အမြှော်အမြင်ကြီမားပြီး မှန်ကန်တိကျစွာဦိးဆောင်မှုအောက်မှာ
တသွေမတိမ်းလိုက်နာစုစည်းကြဖို့အထူးလိုအပ်နေပြီဖြစ်ကြောင်းကျနော်တိုက်တွန်းအပ်ပါတယ်။
ဒီဒုတိယပင်လုံညီလာခံကြီးဟာ တချို့ပုဂ္ဂိုလ်များတောင်းဆိုနေကြသော စင်ပြိုင်အစိုးရ ၊ ကြားဖြတ်အစိုးရ ထက်အဆပေါင်းများစွာ
အင်အားကြီးလှပါတယ်။ သမိုင်းစဉ်အရလဲမှန်ကန်တိကျပါတယ်။ တိုင်းပြည်မှာနှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့ ၊ဖြစ်ပွားဆဲ ဖြစ်သော
ပြည်တွင်းစစ် နှင့် တခြားခက်ခဲနက်နဲသောပြဿနာများကိုဖြေရှင်းနိုင်တဲ့ တခုတည်းသောအဖြေဘဲဖြစ်ပါတယ်။ အခုအချိန်မှာ
လူတော်တော်များများတွေဝေ ဒွိဟဖြစ်နေကြတဲ့ ရွေးကောက်ပွဲပြီးယင် ဘယ်လိုဆက်လုပ်ကြမလဲ ဆိုတဲ့ မေးခွန်းကို
အမြှော်အမြင်ကြီးမားသောခေါင်းဆောင်များက ဘာဆက်လုပ်ရမလဲဆိုတာကို ဖြေကြားမီးမောင်းထိုးပြလိုက်ပြီး
ဖြစ်ပါတယ်။ ဒါကြောင့် ဒီဒုတိယ ပင်လုံညီလာခံကြီးအောင်မြင်ဖြစ်မြောက်ဖို့အတကွ် ပြည်သူအားလုံး ပြည်တွင်း ပြည်ပ မကျန်
ဝိုင်းဝန်းပါဝင်လုပ်ဆောင်ကြရမှာကလွဲလို့တခြားနည်းလမ်းမရှိတော့ပါ ။
NLD ခေါင်းဆောင်များနှင့် တိုင်းရင်းသားခေါင်းဆောင်များဟာ ဒုတိယပင်လုံညီလာခံအဆင့်ကို ကြုံသလို ၊
ထင်သလို အလွယ်တကူ စဉ်းစားပြီး လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပါ ။ စနစ်တကျ စီစဉ်လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပါတယ်။
နိုင်ငံရေးကို တဆင့်ချင်း အဆင့်ဆင့် သွားခဲ့ကြခြင်းဖြစ်ပါတယ် ။
၁၉၈၈ နောက်ပိုင်း သူတို့ရဲ့အဆင့်ဆင့်လုပ်ဆောင်လာမှုကို ပြန်ကြည့်ယင်ထင်ရှားစွာတွေ့မြင်ပါလိမ့်မယ် ။
နိဂိဂုံုးံး
ဒီဒုတိယပင်လုံညီလာခံ သည်သာ စစ်အာဏာရှင် ကိုထိုးနှက်နိုင်သော တခုတည်းသော လက်နက် ဖြစ်တယ်။
စစ်အာဏာရှင်ကို တုန်လှုပ်စေသော တခုတည်းသော အဖြေဖြစ်တယ်။
မကြာခင်မှာ နံပါတ် ၅ အဆင့် ရှိသော နိုင်ငံရေးမုန်တိုင်းကြီးသည် နေပြည်တော်သို့ ရွေ့ရွေ့ နဲ့ ရွေ့လျှားတိုက်ခတ်တော့မည်ဖြစ်ကြောင်း
အသိပေးအကြောင်းကြားလိုက်ပါတယ်။
ဒုတုတုတိယိယိယပင်လ်လ်လုံညုံညုံညီလီလီလာခြံြံကြီးီးးမုခုခုချအောင်ြ်ြ်မြင်ရ်ရ်ရမည်
ခေါင်းဆောင်ကြီးများကိုရိုသေလေးစားစွာဖြင့်
သန်းဝင်း
( ၈၈ မျိုးဆက်ကျောင်းသား )
Monday, October 25, 2010; 6:28 PM