Wednesday, October 13, 2010

 
 

မြန်မာစစ်အစိုးရ၏ ၀ါဒဖြန့်ချိရေး ဇာတ်ကား "အရုဏ်ဦးမှာ ဖူးသည့်ကြာ" တွင်ပါဝင်သည့် ၀ိုင်းဆုခိုင်သိန်းနှင့် အနုပညာရှင် ၉ ဦးအား ပထမဆုံး အကြိမ် အမေရိကန် လူဝင်မှုကြီးကြပ်ရေးမှ ဗီဇာပြန်ရုပ်သိမ်း လိုက်ကြောင်း သိရသည်။


 

သြဂုတ်လ ၁၄ ရက်နေ့က အမေရိကန်ပြည်ထောင်စု New York တွင်ပြုလုပ်ခဲ့သည့် ဂီတဖျော်ဖြေပွဲတွင် ၀ိုင်းစုခိုင်သိန်း သီဆိုဖျော်ဖြေနေစဉ် (ဓာတ်ပုံ - myanmarmodelgirl.blogspot.com)

ဘုန်းကြီးကျောင်း ရန်ပုံငွေပွဲအတွက် အနုပညာရှင်များ ဖျော်ဖြေရန် ရောက်ရှိနေသော သြဂုတ်လမှ စတင်ကာ အမေရိကန်ရောက် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများက စတင်ဆန့်ကျင် ကန့်ကွက်မှုများ ပြုလုပ်ခဲ့သည်။

အဆိုပါဖျော်ဖြေရေး ခရီးစဉ်တွင် မင်းမော်ကွန်း၊ ရဲလေး၊ စိုးစိုး၊ မောင်မောင်လွင်၊ ပက်ထရစ်မေလာ၊ ရဲဖုန်း၊ တွတ်ကီ၊ ၀ိုင်းဆုခိုင်သိန်း၊ L ဆိုင်းဇီ၊ ရေဘက္ကာဝင်း တို့ပါဝင်သည်။

အမေရိကန်ရောက် ဒီမိုကရေစီအရေး လှုပ်ရှားနေကြသည့် မြန်မာပြည်သူများ အကြား စိတ်ဝမ်းကွဲမှုများ ဖြစ်မလာစေရန်  အနုပညာရှင်များအား ဗီဇာအာမခံပေးမှု ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်ဟု အမေရိကန်နိုင်ငံ Bamar Nippon American Buddish အသင်း ဥက္ကဋ္ဌ ဆရာတော် ဦးဣဿရိယက ပြောသည်။

"ဘုန်းကြီးကျောင်းတကျောင်း ရန်ပုံငွေအတွက် အနုပညာရှင်တွေကို ခေါ်ချင်တယ်၊ ဘုန်းဘုန်း အသင်းကနေ စပွန်ဆာလုပ်ပြီး ခေါ်ပေးပါလို့ အကြိမ်ကြိမ် အကူအညီတောင်းတာကြောင့် အသင်းက လူတွေနဲ့ တိုင်ပင်ပြီး စပွန်ဆာအတွက် လက်မှတ် ထိုးပေးခဲ့တယ်။ ဘုန်းဘုန်းတို့ အသင်းကို အလှူငွေ ဒေါ်လာ ၄၆၀၀ ထည့်ပြီးနောက် ပွဲနဲ့ပတ်သက်ပြီး ဘယ်မှာလုပ်မယ်တို့၊ ဘယ်သူ တွေပါတယ်၊ ဘယ်လောက်ရတယ်ဆိုတာ ဘာမှ မပြောသလို၊ ဘာမှလည်းမသိရခဲ့ဘူး" ဟု ဆရာတော်က မိန့်သည်။

ဆက်လက်၍ ဆရာတော်က ရောက်ရှိလာသော အနုပညာရှင်များထဲတွင် ဝါဒဖြန့်ကားထဲ၌ ပါဝင်သရုပ်ဆောင်ထားသည့် ဝိုင်းဆုခိုင်သိန်းပါဝင်သည့်အတွက် ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်လာကြောင်း၊ ပွဲစီစဉ်သူများကလည်း ဆန္ဒပြပွဲကို ဂရုမစိုက်ဘဲ ပွဲကိုသာဆက်လုပ်ရန် စီစဉ်ကြကြောင်း၊ ထို့ကြောင့် အခြေအနေမှာ တင်းမာသည်ထက် တင်းမာလာကြောင်း မိန့်ဆိုသည်။

"ဘုန်းဘုန်းက အာမခံပြီး ခေါ်ထားတော့ အနုပညာရှင်တွေ တခုခုဖြစ်သွားရင် မကောင်းဘူးဆိုပြီး ပွဲစီစဉ်တဲ့ သူတွေနဲ့ရော အနုပညာရှင်တွေနဲ့ပါ ညှိတာ မရဘူး။ အဲဒီတော့ ဘုန်းဘုန်းဘက်ကလည်း သူတို့ကို ပြောထားတဲ့အတိုင်း ဆက်လုပ်ရင် ဗီဇာအတွက် အာမခံပေးတာ မလုပ်နိုင်တော့ဘူး ဆိုပြီး ရုပ်သိမ်းလိုက်တာ" ဟု ဆရာတော်က ရှင်းပြသည်။

ဇူလိုင် ၁၂ ရက်နေ့မှ စတင်ခွင့်ပြုခဲ့သည့် ဗီဇာကို အောက်တိုဘာ ၈ ရက်နေ့ ရက်စွဲဖြင့် ရုပ်သိမ်းလိုက်သည်ဟု အမေရိကန်နိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဌာနမှ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အမေရိကန်ရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများထဲမှ တရားဥပဒေ လမ်းကြောင်းအရ အနုပညာရှင်များ၏ ဗီဇာရုပ်သိမ်းပေးရန် တောင်းဆိုခဲ့သူ ကိုညီညီအောာင်ကလည်း "အမေရိကန်မှာလည်း လွှတ်တော်က အာဏာရှင်နဲ့ သူ့အသိုင်းအဝန်း၊ ပတ်ဝန်းကျင်၊ ဒေါက်တိုင်တွေကို ဗီဇာမပေးဘူးဆိုတဲ့ ဥပဒေရှိထားတော့ ဒီအချက်ကို ထောက်ပြပြီး မြန်မာပြည်မှာရှိတဲ့ အမေရိကန်သံရုံးကို လှမ်းပြီး ဗီဇာမပေးဖို့ စာပို့လိုက်တယ်။ ဒါပေမယ့် ဗီဇာက ထုတ်ပေးလိုက်ပြီ ဆိုတော့ တားမရတော့ဘူး။ အမေရိကား ရောက်လာတယ်" ဟု ပြောသည်။

ဆက်လက်၍ ၎င်းက "ဒီမှာ ထပ်ပြောတယ်။ ဇာတ်ကားထဲမှာ ပါတဲ့ လူတွေထွက်ပေးပါ။ ကျန်တဲ့ လူတွေကတော့ သူတို့ အနုပညာ ဆက်လုပ်ပါလို့ ဆိုပြီး မေတ္တာရပ်ခံချက်တွေ၊ ဆွေးနွေးချက်တွေ လုပ်တယ်။ ဒါပေမယ့် မရဘူး။ ဒါနဲ့ ဥပဒေကြောင်းအရ ချဉ်းကပ်ပြီး တောင်းဆိုတော့ စပွန်ဆာပေးတဲ့ အဖွဲ့က ပြန်သိမ်းတာ" ဟု ဆိုသည်။

သွားရောက်ဖျော်ဖြေသည့် အနုပညာရှင်များသည် လေယာဉ်လက်မှတ် အစီအစဉ်အရ ၅ ယောက် တအုပ်စု ပြန်ရသောကြောင့် အဆိုတော် ရဲလေးမှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့က အမေရိကန်မှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

မင်းမော်ကွန်း၏ ဇနီး မသဉ္ဇာလှိုင်ကလည်း "အစ်မလည်း အင်တာနက်မှာ ဒီသတင်းတွေဖတ်ရတယ်။ အမျိုးသားနဲ့ ဖုန်းရတော့ မေးကြည့်တဲ့အခါ ဒီလို ဗီဇာတွေ ရုပ်သိမ်း ခံရတယ်ဆိုတာ မဟုတ်ဘူးလို့ ပြောတယ်။ အမျိုးသားက နောက်တသုတ် ၁၂ ရက်နေ့မှ ပြန်ဖြစ်မယ် ပြောတယ်" ဟု ဧရာဝတီသို့ ပြောသည်။

ပြည်တွင်းဂျာနယ် လောကတွင်လည်း အဆိုပါ ကိစ္စနှင့်ပတ်သက်၍  အနုပညာရှင်များအား ဆက်သွယ် မေးမြန်းကြကြောင်း  အနုပညာဂျာနယ် သတင်းထောက်တဦးက ဆိုသည်။

"နဂိုကတည်းက သူတို့ ရထားတဲ့ဗီဇာ အချိန်နဲ့ ပြန်ရမယ့်ရက်က သတ်မှတ်ပြီးသား။ ဗီဇာ ရုပ်သိမ်းလိုက်တာ အောက်တိုဘာ ၈ ရက်နေ့ဆို သူတို့က ပြန်ဖို့ ၁၁ ရက်နေ့ စီစဉ်ထားတာဆိုတော့ ဗီဇာ ရုပ်လည်းဘာမှ မဖြစ်ဘူးဆိုတဲ့ သဘောမျိုး ဖျော်ဖြေပွဲက ပြန်လာတဲ့ အဆိုတော် တယောက်က ပြောတယ်။ အမေရိကားမှာတော့ ၀ိုင်းဆုကြောင့် ပြဿနာတွေ တော်တော် ရှုပ်သွားတယ်လို့ ပြောတယ်" ဟု အဆိုပါ သတင်းထောက်က ပြောသည်။

"အရုဏ်ဦးမှာ ဖူးသည့်ကြာ" ဝါဒဖြန့်ဇာတ်ကားတွင် ဝိုင်းဆုခိုင်သိန်းအပြင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ နာမည်ကြီး သရုပ်ဆောင်များ ဖြစ်ကြသော ကျော်ရဲအောင်၊ လွင်မိုး၊ လူမင်း၊ ခန့်စည်သူ၊ နေတိုး၊ ပြေတီဦး၊ အောင်ခိုင်၊ အရိုင်း၊ ငှက်ပျောကြော်၊ ကင်းကောင်၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ အိန္ဒြာကျော်ဇင်၊ မြတ်ကေသီအောင်၊ သက်မွန်မြင့်၊ မျိုးသန္တာထွန်း၊ မယ်လိုဒီ၊ ဆုကဗျာ၊ စိုးပြည့်သဇင်၊ မိုးဟေကို၊ မေသက်ခိုင်၊ ပုလဲဝင်း၊ ပွင့်နဒီမောင်၊ ရတနာမိုင်၊ အေးမြတ်သူ အစရှိသည့် သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင် ထားသည်။

အဆိုပါ ၀ါဒဖြန့်ချိရေး ဇာတ်ကား၌ ဦးသန့်အရေးခင်းကို ဆူပူချင်သူများက အကြောင်းပြကာ ဆူပူချင်း သက်သက် ဖြစ်သည် ဟူ၍လည်းကောင်း၊ ပြည်ပအခြေစိုက် မီဒီယာများမှ ထုတ်ဝေသော စာအုပ်၊ စာတမ်းများကို တရားမဝင် စာအုပ်များဟုဆိုပြီး မီးရှို့ရန်သာ ထိုက်တန်သည် ဟူ၍ပြောကာ မီးရှို့ပြခြင်းဖြင့် လည်းကောင်း၊ ခုံဖိနပ်စီး၍ ပင်နီအင်္ကျီ ဝတ်သူများကိုလည်း ပစ္စည်းမဲ့လူတန်းစား ဟူ၍လည်းကောင်း၊ ပြည်တွင်းမှ နိုင်ငံရေးသမားများသည် အာဏာရချင်လွန်းသဖြင့် မိမိတို့၏ နှမကိုပင် လာဘ်ထိုးသည်ဟူ၍ လည်းကောင်း ရိုက်ကူး ပြသထားသည်။

ဇာတ်ကား တရားဝင်ပြသသည့်အချိန် ကတည်းက မြန်မာပရိသတ်များထံမှ သမိုင်းကို ပြင်ဆင်၍ ရိုက်ကူးသည့်အတွက် ဝေဖန်မှုများ ရှိသည့်အပြင်၊ ပြည်ပရောက် မြန်မာများထံမှ မိမိနိုင်ငံ၏ သမိုင်းကြောင်းကို မသိနားမလည်ဘဲ ငွေကြေးကြောင့် ရိုက်ကူးသည် ဆိုကာ ဝေဖန်သံများ အနုပညာအသိုင်းအ၀န်းတွင် ပျံ့နှံ့နေခဲ့ကြောင်း သိရသည်။

အဆိုပါ ဇာတ်ကားကို ဒါရိုက်တာ စာရေးဆရာ တင်သန်းဦးက ရိုက်ကူးထားခြင်းဖြစ်၍ ၎င်းက သမိုင်းကို ပြောင်းပြန်လှန် ရိုက်ကူးခြင်း မဟုတ်ကြောင်း၊ တာဝန်ယူကြောင်း The Voice ဂျာနယ်နှင့် အင်တာဗျူးတွင် ဖြေကြားထားသည်။

http://bamakyel.wordpress.com/
(ဗမာ့ကြယ်စာအုပ်စင်)ဖိုင် ၅၅၀ တင်ထားပါသည်

 http://hninyulwin.wordpress.com/books/

http://hninyulwin. wordpress. com/

http://www.livestat ion.com/channels /66-democratic_ voice_of_ burma_burmese

http://www.niknayma n-niknayman. co.cc/

http://www.myanmardaily.net/  

ကဏ္ဍစုံ
(အချိန်နှင့်တပြေးညီ)


 

 
 

Border gates reopening hinges on Burma's domestic political impasse

As Vote Nears, Moods Range from Disdain to Determination

Burmese at Thai factory hold out for pay today

Suu Kyi Says She Won' Vote in Elections

Controversial Funding Shakes Pro-Democracy Alliance

Burma Plans Ban on Stage Performances

New Zealand parliament calls on Myanmar to free prisoners

Junta Restricts Nobel News

Burmese Celebrities'US Tour Cut Short

Thai PM says Myanmar rejects help with election

Rangoon mayor says USDP"definite "winners -Joseph Allchin

Myanmar plans to free 11,000 prisoners for vote: officials

Rain, storm pounds Rohingya refugee community

South East Asian nations team up in tourism campaign -Helene Hofman

EU weighs in on vote in Myanmar

Tutu will not stop support for free Burma -Lee-Anne Sweeney

St. Stephen's human rights award for Chin activist

Chinese dissident's Peace Prize honors all such activists - Editorial

Thai-Burma port deal: great for trade, bad for reform - Tim Johnston

Thai Foreign Ministry Spokesperson refutes speculation on repatriation of Myanmar displaced persons

The election held in secrecy - ANFREL with Ba Kaung

USDP faces poll challenge despite one-horse race - Wai Moe

Pilates Reformers :Targeted Yoga Programming for Crystal's 2011 World Cruise

Rangoon Mayor's Support for Mosque Overruled

Is Thai PM's Burma visit a fruitful one

Building Up the Church in Myanmar

Myanmar unimpressed by int'l concerns conveyed by Thai PM+

Junta May Release 3,000 Prisoners before Election

Thai PM Arrives in Naypyidaw

 
 

ဗမာ့ကြယ်ကွန်ယက်စာအုပ်စင်

ကဏ္ဍစုံ (အချိန်နှင့်တပြေးညီ)

VDO messages for appeal to UN security council

၂၀၁၀ ရွေးကောက်ပွဲ နွဲလိုက်ကြစို့ ဝုန်းဒိုင်းကြဲ

နားဆင်ရန်

အဆုံးသတ်တိုက်ပွဲ နွှဲကြဖို့

နားဆင်ရန်

သတ္တိရှိရှိ ရင်ဆိုင်ကြပါ

နားဆင်ရန်

စစ်ကျွန်ဘဝ သွတ်သွင်းမယ့်ပွဲ

နားဆင်ရန်

စစ်ဘုရင်တွေ အာဏာမြဲရေးအတွက်

နားဆင်ရန်

အယ်ဒီတာတွေ ပြောတဲ့ရွေးကောက်ပွဲ – ပေါင်းချုပ်(၂၀၁၀၁၀၀၉)

၂၀၀၈ ခုနှစ် မြန်မာပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးသပ်အကဲဖြတ်ချက် – Yash Ghai

The 2008 Myanmar Constitution: Analysis and Assessment

U WIN TIN on YouTube

 
 

ပူးပေါင်းဆန့်ကျင်ဖို့ အချိန်မနှောင်းသေး

နားဆင်ရန်

စစ်အာဏာရှင်သက်ဆိုးရှည်မယ့် ရွေးကောက်ပွဲ ဆန့်ကျင်ကြစို့

နားဆင်ရန်

ချက်သမတနိုင်ငံမှာ မြန်မာ့အရေး ဆွေးနွေးပွဲ ကျင်းပ

ဒေါ်အောင်ဆန်းစုကြည် မဲပေးဖို့ ငြင်းဆို

ရွေးကောက်ပွဲမှာ မဲပေးမည်မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ဇီးကုန်း NLD မဲမပေးရေး ကမ်ပိန်း

ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲတွင် မဲမထည့်ဟု ငြင်းဆို

ကြပ်ပြေးမှာ အောင်မြေနင်းတဲ့ နအဖထိပ်သီးအမတ်လောင်းတွေ

နောက်တက်မယ့် မြန်မာအစိုးရ အပြောင်းအလဲ ဖော်ဆောင်နိုင်ဖို့ အမေရိကန် မျှော်လင့်

မိုးရွာတုန်းရေခံ ရေလျှံတုန်း မဲဆွယ်

ကြံ့ဖွံ့နှင့် ရဲနှောင့်ယှက်ဟု ပါတီများပြော

ဂျာအေးကို သူ့အမေ ရိုက်ပါလို့ မှောင်မိုက်မှာငို

"ကွဲကုန်ပြီ … ကွဲကုန်ပြီ"

မိုးကြောင့် ဆက်လက်ရေကြီး

ကန်တော်ကြီးပဲလေ့စ် ဟိုတယ် ဦးတေဇ လွှဲယူ

ဒိန်းမတ် သံရုံးသို့ တုံ့ပြန်စာ

ရွေးကောက်ပွဲ အကြိုကာလတွင် ကျေးရွာ ဥက္ကဋ္ဌတဦး အသတ်ခံရ

အယ်ဒီတာ ထောင် ၁၃ နှစ် ကျ

ကြံ့ဖွံ့ ကိုယ်စားလှယ်လောင်း ကြော်ငြာဆိုင်းဘုတ်များ စထူ

ကြံ့ဖွံ့ ကြိုတင်မဲ စုဆောင်းမှု အရှိန်မြှင့်

အရက်တိုက်ပြီးလည်း ကြံ့ဖွံ့မဲဆွယ်

ကြံ့ဖွံ့မှလွဲ၍ ကျန်ပါတီများ ကြော်ငြာဘုတ်ထောင်နိုင်ရန် ခက်ခဲ

ယုဇနကုမ္ပဏီ ဥက္ကဋ္ဌအား လယ်ယာသိမ်းအမှုမှ ပယ်ဖျက်ကြောင်း အမိန့်ချ

မြန်မာအလုပ်သမား (၂) ဦး အဖမ်းခံရ

မွန်သံဃာကို နယ်ဝေးထောင် ပြောင်း

ကျောက်မီးသွေးမိုင်းဂွင်မှ အသိမ်းခံ ဈေးပေါလယ်ဖိုး မယူလျင် စပါးမရိတ်ရဟု ခြိမ်းခြောက်

မဲဆန္ဒရှင်စာရင်း မိတ္တူရဖို့ ပါတီတွေ ငွေမတတ်နိုင်

ရွေးကောက်ပွဲ နီးကပ်လေ ဖိအားပေးမှုများလေ

တောင်ပိုင်းအရပ်သား ၀ လူထု ထောင်ချီ မဲပေးပိုင်ခွင့် စာရင်းမှ ထုတ်ပယ်ခံရ

သျှမ်းအရှေ့ မြို့နယ်အချို့ မဲဆန္ဒနယ်မှ ပယ်ထုတ်ခံရနိုင်ဟု လားဟူပါတီအား နအဖအာဏာပိုင် ခြိမ်းခြောက်

လွယ်လင်မြို့ခံများ အိမ်တံခါးပိတ် သော့ခတ်၍ USDP အား ကျောခိုင်း

ချင်းပြည်နယ်အတွင်း ရေလွှမ်းမိုးမှုကြောင့် လယ်ဧက ၂၀၀ ခန့် လယ်စပါးများ ဆုံးရှူံး

ဘုရားသုံးဆူမှအပြန် မြန်မာစစ်ကြောင်းနှစ်ကြိမ် ပြောက်ကျား အပစ်ခတ်ခံရ

ဥက္ကဌ ဦးဌေးမြင့် နာမည်တပ်၍ ယုဇနကုမ္ပဏီအား တရားစွဲဆိုခြင်း အပယ်ခံရ

ဒီရေများ မြင့်တက်နေမူကြောင့် သောင်းချီသော စပါးစိုက်ခင်းများ ပျက်စီး

မဲထည့်ရန် မှတ်ပုံတင် အတင်းလုပ်ခိုင်းပြီး ငွေတောင်း

အမေရိကန်အစိုးရက ဗီဇာရုပ်သိမ်း၍ ဝိုင်းစုခိုင်သိန်းတို့အဖွဲ့ ထွက်သွားရပြီ

ငွေကြေးကိစ္စ NDF ပါတီ ရှင်းချက်ထုတ်

ရွေးကောက်ပွဲကိစ္စ ထိုင်းဝန်ကြီးချုပ်နှင့် ဗိုလ်ချုပ်မှူးကြီးဆွေးနွေး

ချီလီ သတ္တုတွင်းလုပ်သား ကယ်ဆယ်ရေး စ

ထိုင်းအစိုးရ PTT ရေနံကုမ္ပဏီ အာဆီယံဒေသတွင်း လုပ်ငန်းတိုးချဲ့နေ

အင်ဒိုနီးရှားမြေပြို၊ ၁၀ ဦးသေ

ယူရိုခြေစစ်ပွဲတွင် လော်ရန်တေး၏ နောက်ကျဂိုးဖြင့် စပိန်နိုင်၊ ဂျာမဏီက ကာဇက်စတန်ကို ဂိုးပြတ်နိုင်


--
all the best

ဒီလိုမျိုး … ရှင်သန်ခဲ့ကြ

အမေရေ
ဝေးလွင့်ခြင်း ရဲ့ 
ခြေရာတွေထဲမှာ
တိကျတဲ့ အနာဂတ်အတွက်
အိပ်မက်တွေပါတယ် ။

အမေရေ
သွေးနဲ့ စိုက်ခဲ့တဲ့
နှင်းဆီခင်း
ရဲရင့်ခြင်းရဲ့  သင်္ကေတ
ဆူးခက်တွေနဲ့ 
လှပ မွှေးမြနေခဲ့ ။

အမေရေ
မနာလိုသူတွေ
အုံနဲ့  ကျင်းနဲ့ 
ပိတ်ဆို့ တားဆီး
အမုန်းတရားက
အလျှံ တငြီးငြီး တောက်လောင် လို့ ။

အမေရေ
ပကတိ အရှိတရား
ရေသောက်မြစ်များကတော့
ခေတ်တိုင်းရဲ့ 
မျိုးဆက်တိုင်းမှာ
ရှင်သန်ကြတယ် ။

ရဲရင့်သက်ဇွဲ
၁၃ အောက်တိုဘာ ၂၀၁၀


 


 

ဂျာအေးကို သူ့အမေ ရိုက်ပါလို့ မှောင်မိုက်မှာငို

မောင်မြတ်နိုင်

 
 

ဂျာအေး (ကြာအေး) ကို သူ့အမေရိုက်ပါလို့၊ မှောင်မိုက်မှာငို။ ကိုလူပျိုထရံပေါက်က၊ ခြေထောက်ကိုဆွဲ၊ တွဲလွဲ။ တွဲလွဲရယ်နေပါဦး၊ မိုးတောင်ကချုန်း၊ မုန့်လုံး။ မုန့်လုံးကို စက္ကူကပ်ပါလို့၊ ကြာကလပ်နဲ့ ဆွမ်းတော်တင်၊ ပလ္လင်ပေါ်ကမျောက်ကလေး၊ ဆင်းတဲ့လို့ပြေး၊ ဂျာအေး။ ဂျာအေးကို သူ့အမေရိုက်ပါလို့၊ မှောင်မိုက်မှာငို။ ကိုလူပျိုထရံပေါက်က၊ ခြေထောက်ကိုဆွဲ………….

 
 

ကဘောက်တိ၊ ကဘောက်ချာ ဘာမှန်းမသိတဲ့ ကဗျာလိုလို၊ လင်္ကာလိုလို ဟိုမကျ ဒီမကျ ပေါက်ကရ စာသားတွေကို ကျနော်တို့ ငယ်ငယ်က ရွတ်ခဲ့ကြဖူးပါတယ်။ အနက်အဓိပ္ပါယ် မယ်မယ်ရရ မရှိပဲ၊ တွေ့ကရာ ကာရန်ကောက်ချိတ်ထားတဲ့ ဒီစာသားတွေဟာ ဘယ်ကစလို့ ဘယ်မှာ ဆုံးမှန်းမသိအောင် ပတ်ချာလည်၊ လုံးလည်လိုက်နေပါတယ်။

 
 

စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို တည်ထောင်ပါမယ်ဆိုတဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေဟာလည်း ဂျာအေးကို သူ့အမေရိုက်နေတာမို့ မှောင်မိုက်မှာငိုရမယ့် ကိန်း ဆိုက်နေပါတယ်။

 
 

အကြောင်းမဲ့ အာဃာတထားပြီး ဒီစကားကို ကျွန်တော်ဆိုတာ မဟုတ်ပါ။ အကျိုးအကြောင်းပြပါမယ်။ ကြည့်ကြရအောင်ပါ။

 
 

၂၀၀၈ အခြေခံဥပဒေရဲ့ ပုဒ်မ ၄၄၁ မှာ ဒီလိုဆိုပါတယ်။

 
 

"ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူအားလုံး၏ ထက်ဝက် ကျော် မဲပေးသည့် ဆန္ဒမဲ၏ မဲအများဖြင့် အတည်ပြုပြဌာန်းလိုက်သည့် ဤဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်ထောင်စု လွှတ်တော် ပထမအကြိမ်အစည်းအဝေး စတင် ကျင်းပသည့်နေ့မှ စ၍ နိုင်ငံတော် တဝန်းလုံး၌ အာဏာတည်သည်။"

 
 

အကျဉ်းချုပ်ပြီး ပြောရရင် ပြည်ထောင်စု လွှတ်တော်ခေါ်ပြီးမှ အခြေခံဥပဒေ အာဏာတည်မယ်လို့ ဆိုတာဖြစ်ပါတယ်။

ကဲ…ဒီတော့ ပြည်ထောင်စုလွှတ်တော်က ဘယ်အချိန်မှာ ခေါ်မှာပါလဲ။ အခြေခံဥပဒေထဲမှာ ရှာကြည့်လိုက်တော့ ပုဒ်မ ၇၈ မှ အခုလို ရေးထား ပါတယ်။

 
 

"ပြည်ထောင်စုလွှတ်တော်၏ ပထမအကြိမ်ပုံမှန် အစည်းအဝေးကို ပြည်သူ့လွှတ်တော်၏ ပထမအစည်းအဝေး စတင်သည့်နေ့မှ ၁၅ ရက်အတွင်းကျင်းပ ရမည်။"

 
 

လိုရင်းကို ဆိုရရင်တော့ ပြည်သူ့လွှတ်တော်ခေါ်ပြီးမှ ပြည်ထောင်စုလွှတ်တော် ခေါ်ရမယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ကောင်းပါပြီ။ ဒါဆိုရင် ပြည်သူ့လွှတ်တော်ကိုရော ဘယ်အချိန်မှာ ခေါ်မှာပါလဲ။ အခြေခံဥပဒေမှာ ပြန်ရှာကြည့်ကြပါဦးစို့။

ဟော….တွေ့ပါပြီ။ ပုဒ်မ ၁၂၄ (က)။

 
 

" ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်ပြီးနောက် ပထမအကြိမ် ပြည်သူ့ လွှတ်တော် ပုံမှန်အစည်း အဝေးကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ခေါ်ယူကျင်းပရမည်။"

 
 

အခြေခံဥပဒေ အာဏာတည်ပြီးမှ ပြည်သူ့လွှတ်တော်ကို နအဖက ခေါ်ပေးရမယ်ဆိုပါလား။  ဒီသုံးခုမှာတင် ဝိုင်းကြီးပတ်ပတ်ဒူဝေဝေဆိုသလို ပတ်ချာလည်နေပါပြီ။

 
 

သေသေချာချာ ပြန်ဆက်စပ်ကြည့်ကြပါဦးစို့။

 
 

အခြေခံဥပဒေဟာ ပြည်ထောင်စု လွှတ်တော်ခေါ်ပြီးမှ အာဏာတည်မယ်။ ၄၄၁

ပြည်ထောင်စုလွှတ်တော်ဟာ ပြည်သူ့လွှတ်တော်ခေါ်ပြီး ၁၅ ရက်ကြာမှ ခေါ်မယ်။ ၇၈

ပြည်သူ့လွှတ်တော်ဟာ အခြေခံဥပဒေ အာဏာတည်ပြီးမှ ခေါ်လို့ရမယ်။ ၁၂၄ (က)

နောက်တခါ

အခြေခံဥပဒေဟာ ပြည်ထောင်စု လွှတ်တော်ခေါ်ပြီးမှ အာဏာတည်မယ်။ ၄၄၁

ပြည်ထောင်စုလွှတ်တော်ဟာ……..

 
 

ကျွန်တော်တို့ ငယ်ငယ်က ရွတ်ဆိုခဲ့ကြတဲ့ ဂျာအေးသူ့အမေရိုက် ဇာတ်လမ်းနဲ့ ထပ်တူထပ်မျှတူညီမနေပါလား။

 
 

ဒီနေရာမှာ အားလုံးသတိရအောင် နောက်တချက်ကို ပြန်လည် ထောက်ပြချင်ပါတယ်။ ဒီအခြေခံဥပဒေကို ရေးဆွဲတဲ့သူဟာ ဥပဒေထဲမှာ အာဏာလွှဲအပ်ရေးစာပိုဒ်မပါလို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာ မလွှဲအပ်တာပါလို့ဆိုပြီး နှစ်ပေါင်း ၂၀ ကျော်ကြာအောင် တိုင်းပြည်ကို ပြန်ပေးဆွဲခဲ့တဲ့ နဝတ၊ နအဖ အာဏာသိမ်းစစ်အစိုးရဖြစ်ပါတယ်။

 
 

ဒီတော့ ဒီဥပဒေ သုံးချက် ရှေ့နောက်မညီတာဟာ မတော်တဆ မှားတာလား။ ဒါမှမဟုတ် အကြံအစည်တခုခုနဲ့ တမင် အကွက်ချရေးဆွဲထားတာလား။ စဉ်းစားစရာ ဖြစ်လာပါပြီ။

 
 

မတော်တဆမှားတယ်ဆိုရင် တော့ ၁၄ နှစ်အချိန်ယူရေးဆွဲပြီး ဒီလောက်နမော်နမဲ့နိုင်တာဟာ လက်လွတ်စပယ်၊ ပစ်စလက်ခတ်လုပ်လွန်းတယ်လို့ ဝေဖန်ရင် လွန်မယ်မထင်ပါဘူး။

အကြံအစည်တခုခုနဲ့ တမင် အကွက်ချရေးဆွဲတာဆိုရင်ရော….၊ ဒါဆိုရင် ရွေးကောက်ပွဲ ဝင်ကြမယ့် သူတွေ အတွက် အလားအလာ မကောင်းလှဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

 
 

ရွေးကောက်ပွဲဝင်ကြမယ့် အမတ်လောင်းလျာကြီးများ အနေနဲ့ရော သည်စာပိုဒ်တွေကို သေသေချာချာ ဖတ်ကြရဲ့လားဆိုတာဟာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ ဒီဥပဒေသုံးချက် အရှုပ်တော်ပုံဟာ ရွေးကောက်ပွဲဝင်ကြမယ့်သူအားလုံးက တာဝန်ရှိသူတွေကို မေးသင့် မေးထိုက်တဲ့ အရာလို့ ထင်ပါတယ်။ မေးသင့် မေးထိုက်တဲ့ မေးခွန်းကို မမေးခဲ့ကြရင်ဖြင့် နောင်တချိန် သမိုင်းမှာ နောင်လာနောက်သား တွေရဲ့ လက်ညှိုးထိုးကဲ့ရဲ့ပြစ်တင်စရာ ဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့ မေတ္တာနဲ့ သတိပေးပါ ရစေ။

 
 

ရှေ့နောက်မညီတဲ့ ဒီအခြေခံဥပဒေကြီးကိုကိုင်ပြီး တတိုင်းတပြည်လုံးကို အုပ်ချုပ်တော့မှာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပြည်သူအများကရော ဘာများဆောင်ရွက်ကြသင့်ပါသလဲ။ ဒီအဖြေကိုတော့ ရွေးကောက်ပွဲဝင်သူ၊ မဝင်သူ ခေါင်းဆောင်အားလုံးက ကိုယ်စီကိုယ်ငှ အကြံပေးကြလိမ့်မယ်လို့ မျှော်လင့်မိကြောင်းပါ။

မောင်မြတ်နိုင်

ထိပ်တန်းသတင်း

ချီလီ သတ္တုတွင်း လုပ်သားအားလုံး လွတ်မြောက်ပြီ

မြေအောက်ထဲမှာ ၂ လကျော်ကြာ ပိတ်မိနေတဲ့ ချီလီသတ္တုတွင်းတူး အလုပ်သမား ၃၃ ယောက်ကို ကယ်ဆယ်ရေး လုပ်သားတွေက ကယ်တင်နိုင်လိုက်ပါပြီ။


စစ်တပ်နဲ့ DKBA မြ၀တီမှာ ထိပ်တိုက်တွေ့

မြ၀တီနဲ့ အနီးတ၀ိုက်မှာ တပ်စွဲထားတဲ့ DKBA ၉၀၂ တပ်ရင်းနဲ့ စစ်အစိုးရတပ်တွေ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တဲ့ အခြေအနေ ရောက်နေပါတယ်။


သတင်းဆင်ဆာ ဖျက်သိမ်းဖို့ တရုတ် အရာရှိဟောင်းများ တောင်းဆို

တရုတ်အစိုးရ အနေနဲ့ သတင်းဆင်ဆာ ဖြတ်တောက်မှုတွေကို ဖျက်သိမ်းဖို့နဲ့ အငြိမ်းစား တရုတ်အစိုးရ အရာရှိတစုက တောင်းဆိုလိုက်ပါတယ်။


နောက်တက်မယ့် မြန်မာအစိုးရ အပြောင်းအလဲ ဖော်ဆောင်နိုင်ဖို့ အမေရိကန် မျှော်လင့်

ရွေးကောက်ပွဲအပြီး တက်လာမယ့် မြန်မာအစိုးရသစ်အနေနဲ့ အပြောင်းအလဲ ဖော်ဆောင်နိုင်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။


ရွေးကောက်ပွဲ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဦးတည်ဖို့ အာဆီယံ တိုက်တွန်း

လာမယ့်ရွေးကောက်ပွဲဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဦးတည်ဖို့ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်က မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။


ဒီငြိမ်းပါတီ ဒီမိုကရက်တစ် မိတ်ဆွေအုပ်စုက နှုတ်ထွက်

ဒီမိုကရေစီ မိတ်ဆွေပါတီများအဖြစ် နိုင်ငံရေးပါတီ ၆ ခု ပေါင်းထားတဲ့ အဖွဲ့ထဲကနေ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ပါတီက ခွဲထွက်လိုက်ပါပြီ။


လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ နယူးဇီလန်လွှတ်တော် တောင်းဆို

မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေ လွတ်လပ်မျှတမှုရှိဖို့ နယူးဇီလန်လွှတ်တော်က တောင်းဆိုလိုက်ပါတယ်။


ချီလီမိုင်းလုပ်သား တ၀က်ကျော် ကယ်ထုတ်နိုင်ပြီ

ချီလီနိုင်ငံမှာ ပြိုကျခဲ့တဲ့ မိုင်းတွင်း မြေအောက်မှာ ၂ လကျော်ကြာ ပိတ်မိနေတဲ့ မိုင်းလုပ်သား ၃၃ ဦးကို တဦးချင်း စပြီး ကယ်ထုတ်နေပါပြီ။


ဒေါ်အောင်ဆန်းစုကြည် မဲပေးဖို့ ငြင်းဆို

ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲမှာ သူ မဲပေးမှာ မဟုတ်ဘူးလို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ပြောလိုက်ပါတယ်။


ချီလီ သတ္ထုတွင်းလုပ်သား ကယ်ဆယ်ရေး စ

ချီလီနိုင်ငံမှာ မြေအောက်ပိတ်မိနေတဲ့ မိုင်းလုပ်သား ၃၃ ယောက်ကို ကယ်ဆယ်ရေး စတင်တော့မှာ ဖြစ်ပါတယ်။

ဆက်ရန်


   

Khitpyaing update 13/10/2010

ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲတွင် မဲမထည့်ဟု ငြင်းဆို


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လာမည့်နိုဝင်ဘာ (၇) ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် မဲထည့်မည်မဟုတ်ကြောင်း ငြင်းဆိုလိုက်သည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ချထားမှု အယူခံတင်ထားသည့်ကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဖြစ်ကြသည့် ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်းတို့ ယမန်နေ့၌ ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ သွားရောက်ခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ခြင်းဖြစ်သည်။

"မဲစာရင်းမှာပါကြောင်းကို သတင်းတပ်ဖွဲ့က စက်တင်ဘာ (၂၄) ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို စာနဲ့အကြောင်းကြားတယ်။ အဲဒီစာနဲ့အကြောင်းကြားတဲ့အပေါ်မှာ ဒေါ်စုက ပြောတာက သူဟာ အကျဉ်းကျနေတဲ့လူ၊ နောက် ဥပဒေမှာပါတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေအရ သူဟာ မဲဆန္ဒပေးပိုင်ခွင့်မရှိသူဖြစ်တယ်ဆိုတဲ့ ဒီလိုအကျိုးအကြောင်းကို သက်ဆိုင်ရာကို ပြန်လည်တင်ပြဖို့ ကျနော့်ကို ညွှန်ကြားပါတယ်။ မဲဆန္ဒကတော့ သူပေးမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ အန်အယ်လ်ဒီပါဝင်ခြင်းမရှိတဲ့ ရွေးကောက်ပွဲမှာ သူမဲပေးစရာ ဘာမှ အကြောင်းမရှိဘူးတဲ့။ သူက အဲလိုပြောပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့် ဦးဉာဏ်ဝင်းက ခေတ်ပြိုင်သို့ပြောသည်။

အန်ဒီအက်ဖ်ပါတီမှ ကချင် (၂) ဦး စစ်ဗိုလ်ထွက်များနှင့် ပြိုင်မည်


အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (အန်ဒီအက်ဖ်) မှ ကိုယ်စားလှယ်လောင်း ကချင်တိုင်းရင်းသား (၂) ဦးသည် မြစ်ကြီးနားနှင့် ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်အမတ်နေရာများအတွက် ကချင်ပြည်နယ်တွင် တာဝန်ယူခဲ့ကြသည့် စစ်ဗိုလ်ထွက်များနှင့် ယှဉ်ပြိုင်ရန်ရှိသည်။

မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်အမတ်နေရာအတွက် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးနှင့် ယခင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၏ ကချင်ပြည်နယ်တာဝန်ခံလည်းဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း ဦးသိန်းဇော်နှင့် အဓိကယှဉ်ပြိုင်ရန်ရှိပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) မှ ဦးလနန်ဘောက်နှင့် ရှမ်းအမျိုးသားဒီမိုကရေစီ ပါတီမှ စိုင်းအောင်ကျော်ဦးတို့လည်း ဝင်ရောက်အရွေးခံမည်ဖြစ်ကြောင်း အန်ဒီအက်ဖ်မှ ကိုယ်စားလှယ်လောင်း ဦးမာခါးက ပြောသည်။

၎င်းက "ကြံ့ခိုင်ရေး၊ တစည၊ ကျားဖြူပါတီနဲ့ ကျနော်တို့ အန်ဒီအက်ဖ် အားလုံး (၄) ဦး ရှိပါတယ်။ ကျနော်တို့ပါတီက ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးအတွက် အမှန်တကယ် ဦးတည်သွားနေတဲ့အတွက်ရယ်၊ လူထုအနေနဲ့ ရွေးချယ်စရာ ပါတီ သိပ်မရှိတဲ့အတွက်ရယ်ကြောင့် ကျနော်တို့ကို လူထုက ထောက်ခံမယ်လို့ မျှော်လင့်ပါတယ်။ အခု ကျနော်တို့ ရှိလာလို့ လူထုတွေ ဝမ်းသာကြပါတယ်။ လူထုကို ပြောပြနိုင်ရင် ပြောပြနိုင်သလို လူထုတွေက ထောက်ခံမှာပါ" ဟု ပြောသည်။

ကြံ့ဖွံ့မှလွဲ၍ ကျန်ပါတီများ ကြော်ငြာဘုတ်ထောင်နိုင်ရန် ခက်ခဲ


နိုင်ငံရေးပါတီများကို ရန်ကုန်မြို့အပါအဝင် နယ်မြို့များ၏ လမ်းဆုံလမ်းခွတို့တွင် ကြော်ငြာဘုတ် ထောင်ခွင့်ပြုထားသော်လည်း လျှောက်ထားသူ မရှိသေးခြင်းကြောင့် အခက်ကြုံနေရကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အရာရှိတဦးက ပြောသည်။

၎င်းက "အထက်က ကျနော်တို့ကို ညွှန်ကြားထားတယ်။ ရွေးကောက်ပွဲ ရက်မတိုင်ခင် လမ်းဆုံ လမ်းခွတွေမှာ ကိုယ်စားလှယ်လောင်း ပုံတွေထောင်ထားပြီး နိုင်ငံတကာ ပုံစံဖြစ်ချင်တယ်တဲ့။ ရွေးကောက်ပွဲ မတိုင်ခင်နဲ့ ရွေးကောက်ပွဲကာလ နေရာတချို့ကို အာဆီယံ သံတမန်တွေ၊ တခြား နိုင်ငံခြားသားတွေကို အစိုးရက လိုက်လံပြသချင်တယ်။ ဒါကြောင့် ရန်ကုန် မန္တလေးကို ရွေးကောက်ပွဲ လုပ်နေတဲ့ မြို့တော်ဖြစ်အောင်၊ တရားမျှတမှု ရှိပါတယ်၊ စည်စည်ကားကား ရှိပါတယ် ဆိုတဲ့ ပုံစံဖြစ်အောင် ကြော်ငြာဘုတ်တွေ ထောင်ဖို့စီစဉ်ပါဆိုပြီး ခိုင်းတာ" ဟု ပြောသည်။

ထိုအစီအစဉ်အတွက် ကြော်ငြာဘုတ်များကို ချုပ်ကိုင်ထားသော မြို့တော်ဝန် ဦးအောင်သိန်းလင်း ကိုယ်တိုင်က ကြံ့ခိုင်ရေး အမတ်လောင်းဖြစ်နေသည့်အတွက် ကြံ့ခိုင်ရေးက အဆင်သင့်ဖြစ်နေသော်လည်း ကြော်ငြာဘုတ်ထောင်ရန် ဈေးနှုန်းကြီးနေသည့်အတွက် မည်သည့်နိုင်ငံရေးပါတီမှ လျှောက်ထားခြင်း မရှိသေးကြောင်း အဆိုပါအရာရှိက ပြောသည်။

ယုဇနကုမ္ပဏီ ဥက္ကဋ္ဌအား လယ်ယာသိမ်းအမှုမှ ပယ်ဖျက်ကြောင်း အမိန့်ချ


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ ဟူးကောင်းချိုင့်ဝှမ်းဒေသမှ လယ်ယာမြေများသိမ်းယူခဲ့သည့် ယုဇနကုမ္ပဏီအပေါ် တရားစွဲဆိုမှုတွင် ယုဇနကုမ္ပဏီ ဥက္ကဋ္ဌနာမည်အား ပယ်ဖျက်ကြောင်း ပြည်နယ်တရားရုံးက ယမန်နေ့က ကြားဖြတ်အမိန့် ချမှတ်လိုက်သည်။

ယုဇနကုမ္ပဏီ ဥက္ကဋ္ဌ ဦးဌေးမြင့်အမည်အား ပယ်ဖျက်ပြီး ၎င်း၏အစ်ကိုဖြစ်သူ ဦးပုကြည်က တာဝန်ခံ၍ တရားရင်ဆိုင်သွားရန် ကချင်ပြည်နယ် တရားသူကြီး ဦးတူးဂျာက ကြားဖြတ်အမိန့် ချမှတ်ခဲ့သည့်အတွက် လယ်ယာမြေသိမ်းသည့်အပေါ် တရားစွဲဆိုရန် ဆောင်ရွက်ပေးနေသည့် ဒေါ်ဘောက်ဂျာက ဆက်လက်အယူခံသွားရန်ရှိကြောင်း ပြောသည်။

၎င်းက "ဦးပုကြည်ကိုပဲ တာဝန်ခံခိုင်းဖို့ တရားရုံးက ဆုံးဖြတ်ခဲ့တာလေ။ ကျမတို့က တာဝန်ခံကို တရားစွဲထားတာ မဟုတ်ဘူးလေ။ ကုမ္ပဏီဥက္ကဋ္ဌကို တရားစွဲထားတာ။ သူက ညွှန်ကြားမှ ကုမ္ပဏီတာဝန်ခံက လိုက်လုပ်ရတာ။ ဥက္ကဋ္ဌက ရန်ကုန်မှာနေတာပေါ့၊ တာဝန်ခံနဲ့ ဖြေရှင်းလို့ရတယ်ဆိုပြီး အမိန့်ချတယ်" ဟု ပြောသည်။

မြန်မာအလုပ်သမား (၂) ဦး အဖမ်းခံရ


ဗွီဒီယိုအပြာခွေနှင့် ကာတွန်းကားခွေများ ရောင်းချမှုဖြင့် မြန်မာအလုပ်သမား (၂) ဦးအား ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆူကွန်ဗစ် လမ်းမပေါ်ရှိ ညဈေးဧရိယာတွင် ယမန်နေ့ညက ဖမ်းဆီးလိုက်ကြောင်း သိရသည်။

အဆိုပါ (၂) ဦးမှာ မြန်မာနိုင်ငံ ကျောက်မဲမြို့ဇာတိ အသက် (၂၉) နှစ်အရွယ် ဆန်နီနှင့် မြစ်ကြီးနားဇာတိ အသက် (၂၄) နှစ်အရွယ် ဘီဂျေးတို့ ဖြစ်ကြောင်း ၎င်းတို့ဆိုင်အနီး ပတ်ဝန်းကျင်တွင် အင်္ကျီရောင်းသည့် ကိုသန်းထူးက ပြောသည်။

ထိုသူ (၂) ဦးနှင့်အတူ ဗွီဒီယိုခွေရောင်းချသည့် ထိုင်းအမျိုးသမီး အလုပ်သမား (၁) ဦးလည်း အဖမ်းဆီးခံခဲ့ရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကိုသန်းထူးက "ကျနော်တို့ ညနေကတည်းက ရဲဝင်မယ်ကြားလို့ ကျနော်ကတော့ ဆိုင်ပိတ်ထားလိုက်တယ်။ သူ့ကိုတောင် သတိပေးလိုက်သေးတယ်။ ကျနော် လမ်းလျှောက်သွားနေတုန်းမှာ ဆန်နီအဖမ်းခံရတာ" ဟု ဆိုသည်။

အဖမ်းခံသူများသည် အလုပ်သမားများဖြစ်ပြီး ထိုသို့အဖမ်းခံရလျှင် ငွေပေး၍ပြဿနာကို ယခင်က ချက်ချင်းဖြေရှင်း၍ ရသော်လည်း ယခုဝင်ရောက်ဖမ်းဆီးသော ရဲများမှာ ထိုသို့လုပ်မရဘဲ အဖမ်းခံရသူများအား ယနေ့နံနက်၌ အာမခံလျှောက်ထားပြီး နေ့ခင်းတွင် တရားရုံးတင်ပြီဟု သိရကြောင်း ကိုသန်းထူးက ပြောသည်။


No comments: