Wednesday, October 20, 2010

နံရံကိုခေါင်းနဲ့ဆောင့်ခဲ့သူများ
Salai Mang Bawi Hmung


         ကျွန်တော် ၁၀တန်းကျောင်းသားဘ၀က အဖေ့ကို ဒီမိုကရေစီဆိုတာ
ဘယ်ကလာသလဲလို့ မေးခဲ့ဖူးတယ်။"အာဏာရှင်တွေ၊ဘု ရင်တွေကို တော်လှန်နိုင်လို့
အဲဒီကနေ ဒီမိုကရေစီဆိုတာ လာတာလို့ ဖေဖေက
ဖြေရှာပါတယ်။လွန်ခဲ့တဲ့နှစ်အနည်းငယ်ကပါ။

             ဒီနှစ် 2010 နှစ်ဦးပိုင်း Seminar တစ်ခုမှာ
ပုဂ္ဂိုလ်တစ်ယောက်က အင်ဒိုနီးရှားမှာ စစ်တပ်နဲ့ အရပ်ဘက်
ပူးတွဲဒီမိုကရေစီစနစ် အကြောင်း ဗဟုသုတ အနေနဲ့ ပြောပြပါတယ်။
အင်ဒိုနီးရှားမှာ အဆင်ပြေပါတယ် လို့ အဆိုပါ ပုဂ္ဂိုလ်က ထပ်ပြောရှာပါတယ်။
ဆွေးနွေးချိန်အရောက်မှာ"Why do we need military role??" လို့
ကျွန်တော်သူ့ကို မေးခွန်းထုတ်ခဲ့ပါတယ်။"military က strong တယ်လေလို့ပဲ
သူဖြေရှာတယ်။ ဘယ်လို Strong တယ်ဆိုတာ သူ သေချာမရှင်းပြခဲ့ဘူး။

            အခုလို ရွေးကောက်ပွဲအကြိုမှာ ကျွန်တော်တို့ ပြည်တွင်းက
ဂျာနယ်တစ်ချို့ရဲ့ အာဘော်မှာကော၊ပါတီတွေရဲ့ အင်တာဗျူးတွေမှာကော
တပ်မတော်လက်မခံသည့် အပြောင်းအလဲ လုံးဝ မဖြစ်နိုင်တဲ့အကြောင်းကို
ခဏခဏဖော်ပြ ပြောဆိုထားတာတွေကို ဖတ်ရတဲ့အခါ ကျွန်တော့ရှေ့က နံရံကို
ခေါင်းနဲ့ဆောင့်ခဲ့သူများ(၀ါ) လက်နက်မဲ့ တော်လှန်ရေးသမားများကို သတိတယ
ဖြစ်မိပါရဲ့။

             တပ်မတော်လက်မခံသည့် အပြောင်းအလဲ မဖြစ်နိုင်လို့
တပ်မတော်လက်ခံနိုင်တဲ့ အပြောင်းအလဲရှာဖွေဖို့ ကြိုးစားကြသူတွေကို
ကြည့်ရင်း ကျွန်တော်တို့ဗမာပြည်မှာ ယူနီဖောင်းမြင်ရင် ကြောက်နေတတ်တဲ့စိတ်
အများပြည်သူမှာ ရှိတယ်ဆိုတာ အရင်ဆုံးဝန်ခံကြတာပေါ့။
တပ်မတော်တင်မကပါဘူး၊အရံမီးသတ်ေ တာင် ယူနီဖောင်းအပြည့်နဲ့ဆိုရင်
အများပြည်သူကို ကြည့်တဲ့ သူတို့အကြည့်က ကျောချမ်းစရာကောင်းပါတယ်။
တပ်မတော်ကိုကြောက်ရတဲ့ ဗမာပြည်၊ တပ်မတော်ကို အမြဲတမ်း ဦးထိပ်ထားရတဲ့
ဗမာပြည်သူတွေဟာ ကြောက်ကြောက်နဲ့ပဲ ဆဲဗင်း ဇူလိုင် အရေးအခင်း၊
ဦးသန့်အရေးအခင်း၊ ရှစ်လေးလုံး အရေးအခင်း တွေကို ဖော်ဆောင်ခဲ့ပါသလား။
ကျွန်တော်တို့ ကြောက်ကြောက်နဲ့ တော်လှန်ရေးလုပ်ခဲ့တာလို့ သမိုင်းကို
ရေးကြမလားဆိုတာ ဒီမိုကရေစီအင်အားစုတွေကို အခုမေးနေကြပါပြီ။
ရွေးကောက်ပွဲဝင်၊မ၀င် ဆိုတာထက် ဘာစိတ်နဲ့ တော်လှန်ရေးလုပ်ခဲ့သလဲ ဆိုတာကို
အခုအချိန်မှာ မေးခွန်းထုတ်ခံနေရပါပြီ။

               ကျွန်တော့်ရှေ့က နံရံကို ခေါင်းနဲ့ဆောင့်ခဲ့သူများ (၀ါ)
လက်နက်မဲ့ တော်လှန်ရေးသမားတွေကို ဒီအချိန်မှာ သတိတယ ဖြစ်မိပါရဲ့......

"ဖောက်ပြန်တဲ့ အစိုးရ ရှိနေသရွေ့ တော်လှန်တဲ့ ပြည်သူတွေလဲ ရှိနေအုံးမှာပါ"

မျှော်လင့်နေတုန်းပဲ သားတို့ ရေ

 
 

အကျဉ်းသား တသောင်းကျော်

လွှတ်ပေးမယ့်အပေါ်

ဝမ်းသာရမှာလား

ဝမ်းနည်းရမှာလား

ဒီတခါ ဆိုတဲ့စကား

အမေ့နှုတ်ဖျားမှာ မရဲတရဲ

ဆွံ့ အနေဆဲလေ ။

 
 

တမိုးသောက်လို့ 

တနေ ပျောက်တော့မယ်

အိမ်ရှေ့ လမ်းကလေးရဲ့ 

ဟော့ဟို ထိပ်ဖျား

အကွေ့ နားမှာ

လူရိပ် လူယောင်

သားမောင်များလား …..

 
 

ခြောက်သွေ့ တိတ်ဆိတ်

ကြေကွဲရိပ်တွေ

အိပ်တန်းပြန်ကြ

မျှော်လင့်ခြင်း အလင်းစများ

အမေအို ရဲ့  မျက်ဝန်းမှာ ……

 
 

နှစ်ထောင်ရှစ် အခြေခံဥပဒေက

မွေးဖွားပေးလိုက်တဲ့

နှစ်ထောင်တဆယ် ရွေးကောက်ပွဲကို

သပိတ်မှောက်ရမယ်

ရွှေဂုံတိုင်ကြေငြာ စာတမ်းကို ဆုပ်ကိုင်

ယုံကြည်ချက်အလံကို မယိုင်မလဲ

ခိုင်ခိုင် မြဲမြဲ အမြင့်မားဆုံး လွှင့်ထူထားရမယ်။

မတရားတဲ့ အမိန့်  အာဏာ ဟူသမျှ

တာဝန်အရ ဖီဆန်ရမယ် ။

 
 

နောက်ဆုံးအခေါက် ထောင်ဝင်စာအရောက်မှာ

သားရဲ့  အမှာ စကား

အမေအို နားမှာ

ပြန်လည်ကြားယောင်

အိမ်ရှေ့ လမ်းကလေးရဲ့ 

ဟော့ဟို ထိပ်ဖျား

အကွေ့ နားမှာ

လူရိပ် လူယောင်

သားမောင်များလား …။

 
 

(ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသော သားများ၏လွတ်ရက်ကိုမျှော်လင့်နေသောအမေများသို့ )

 
 

ရဲရင့်သက်ဇွဲ

၂၀ အောက်တိုဘာ၂၀၁၀

၂၀၁၀ ခုနှစ် အောက်တိုဘာလ (၁၉)ရက်။

ဂျပန်နိုင်ငံ တိုကျိုမြို့ Shinagawa အရပ်ရှိ နအဖ (မြန်မာသံရုံး) စစ်အခွန်ရုံး မှပြုလုပ်သော၂၀၁၀-အတုအယောင် ရွေးကောက်ပွဲအတွက် ကြိုတင်မဲ ကောက်ခံနေခြင်းကို ယနေ့ နံနက် ၈း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီအထိ ပြုလုပ်ခဲ့ရာမှာ ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများမှ စစ်ကျွန်အဖြစ် ရောက်စေမည့် ရွေးကောက်ပွဲ ဖြစ်သည့်အတွက် သွားရောက် ဆန့်ကျင်ဆန္ဒပြ ကန့်ကွက်ခဲ့ကြပါသည်။


 

ဂျပန်မှာ မြန်မာနိုင်ငံသား တရားဝင် မဲ့ပေးနိုင်သူမှာ သောင်းနှစ်ချီ၍ ရှိသော်လည်း စစ်အုပ်စု အသိုင်း အဝိုင်း နှင့် နီးစပ်သူ ၉၀ ၀န်းကျင်ခန့်သာ  လာရောက်မဲ့ပေးခဲ့ကြကြောင်း တွေ့ရပါသည်။ ဆန္ဒပြခဲ့ကြသည့် ဒီမိုကရေစီ အင်အားစုတွေဘက်မှ ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံအား စစ်ကျွန်အဖြစ် ရောက်စေမည့် လုပ်ရပ်မျိုးကို လုပ်ဆောင်ခဲ့ခြင်းမရှိဟူသော မိမိတို့၏ သမိုင်းကို ခိုင်ခိုင်မာပြတ်ပြတ်သားသား ရေးရတော့မည့် ဖြစ်သည့်အတွက် " ဒါဖတ်ပြီးလျှင် လွတ်လပ်စွာ ဆုံးဖြတ်ပါ " လက်ကမ်းစာစောင်ကို မဲလာရောက်ထည့်ခဲ့ ကြသည့် မြန်မာနိုင်ငံသားများအား သံရုံး အ၀င်ဝမှာ ဖြန့်ဝေခဲ့ကြပါသည်။


 

http://bamakyel.wordpress.com/
(ဗမာ့ကြယ်စာအုပ်စင်)ဖိုင် ၅၅၀ တင်ထားပါသည်

 http://hninyulwin.wordpress.com/books/

http://hninyulwin. wordpress. com/

http://www.livestat ion.com/channels /66-democratic_ voice_of_ burma_burmese

http://www.niknayma n-niknayman. co.cc/

http://www.myanmardaily.net/  

ကဏ္ဍစုံ
(အချိန်နှင့်တပြေးညီ)

Recent Burmese News – 101020

 
 

Please sign up

http://www.avaaz.org/en/jail_the_generals/?cl=293661704&v=3762

http://wn.com/Oppose_Burma's_Sham_Election

 
 

China to win as Myanmar heads to the polls

Chin to cast votes for ethnic parties

Health crisis amid conflict - new report

Rights Abuse Fuels Burma's Health Crisis

Myanmar refugees get orientation

Tokyo embassy joins others in receiving absentee votes

Burma army in tense stand-off with Kachin militia

"Health emergency" in Myanmar's ethnic east: report

Myanmar's election could improve by opening to media: RI - Mustaqim Adamrah

UN, US criticize Burma over election observers

Election to offer little change: UN Rapporteur - Lalit K Jha

Act on UN Inquiry into International Crimes in Burma

Women and children bear brunt of health crisis in eastern Burma

The Kachin "Nakba" - Ko Htwe with Bauk Ja

Junta tries old tactics on new "insurgents" - Aye Nai

Opposition, minorities need voice in Myanmar poll - U.N.

Michelin Inspectors Designate 29 New "Bib Gourmand" Restaurants in San Franc

Yangon archbishop appeals to Burmese to vote for "peace and development" in the country

Increase of Burma Refugees Concerns Thai Health Workers

Fear trumps fairness on Myanmar's campaign trail

Ethnic Armed Groups Prepare for War

Former Political Prisoners Fear Repatriation

USDP Election Slogan 'People First' Sparks Anger

No Country for Journalists

China's Myanmar Strategy: Elections, Ethnic Politics and Economics

Ban to Visit Asean countries and China

 
 

ဗမာ့ကြယ်ကွန်ယက်စာအုပ်စင်

ကဏ္ဍစုံ (အချိန်နှင့်တပြေးညီ)

VDO messages for appeal to UN security council

 
 

အယ်ဒီတာတွေ ပြောတဲ့ရွေးကောက်ပွဲ – ပေါင်းချုပ်(၂၀၁၀၁၀၀၉)

၂၀၀၈ ခုနှစ် မြန်မာပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးသပ်အကဲဖြတ်ချက် – Yash Ghai

The 2008 Myanmar Constitution: Analysis and Assessment

U WIN TIN on YouTube

 
 

ပူးပေါင်းဆန့်ကျင်ဖို့ အချိန်မနှောင်းသေး

နားဆင်ရန်

စစ်အာဏာရှင်သက်ဆိုးရှည်မယ့် ရွေးကောက်ပွဲ ဆန့်ကျင်ကြစို့

နားဆင်ရန်

သိက္ခာမရှိတဲ့ပါတီနဲ့ ကင်းကင်းနေတာ ကောင်းတယ်

နားဆင်ရန်

မဲမပေးဘဲ နေခွင့် ရှိမရှိ

နားဆင်ရန်

ရွေးကောက်ပွဲကို ရာဇဝင်ထဲမှာ ထားခဲ့

နားဆင်ရန်

လုပ်စရာရှိတာကို ပြတ်ပြတ်သားသား လုပ်ကြဖို့

နားဆင်ရန်

အဖြေထွက်ပြီးသား ပုစ္ဆာကြီးမှန်းသိလို့ ခပ်ခွာခွာနေကြတာ
နားဆင်ရန်

 
 

ထိုင်နေရင်အကောင်းသား

နားဆင်ရန်

MIN KO NAING on YouTube

သစ္စာပန်းတခိုင်

 
 

ကော်မရှင်ဖွဲ့စုံစမ်းရေး ကုလအထူးကိုယ်စားလှယ် ထပ်မံတိုက်တွန်း

NLD ခေါင်းဆောင်များနှင့် သြစတြေးလျသံအရာရှိများ ဆွေးနွေး

မြန်မာနိုင်ငံ သတင်းလွတ်လပ်မှု အဆင့်လျော့ကျ

ရွေးကောက်ပွဲ သတင်းပိတ်ပင်မှု အင်ဒိုနီးရှားနှင့် မီဒီယာများက ဝေဖန်

ကလေးနှင့်အမျိုးသမီးများ ကျန်းမာရေးအဆိုးဝါးဆုံး

တိုင်းရင်းဒေသ လူထုကျန်းမာရေး အခြေအနေ ဆိုးရွား

လူ့အခွင့်အရေး ချိုးဖောက်၍ မိခင်နှင့် ကလေး သေဆုံးမှု မြင့်နေ

လုပ်ငန်းခွင်မှာ ထိခိုက်ခံရတဲ့ အလုပ်သမား ၂ ဦး ဥပေက္ခ...

အမှောင်ထဲက ရွေးကောက်ပွဲကို ကြည့်ရှုခြင်း

၂၀၁၀ ရွေးကောက်ပွဲတွင် ရွေးချယ်ခြင်း

i Vote တဲ့ဗျာ ... သဘောကတော့ မဲထည့်မယ်ပေါ့

ရဲရွာ စီမံကိန်းအနီးမှ မြို့ရွာများ သတိ

ဒေါ်အောင်ဆန်းစုကြည် လွတ်လာလျှင် ...

ရခိုင်ပြည်နယ် မုန်တိုင်း သတိ (၂)

ဆန္ဒပြပွဲတွေ ပေါ်လာမလား?

ရခိုင်ပြည်နယ် မုန်တိုင်း သတိ

မျိုးကြီးလည်း ပေါ်လစီသီချင်း ဆိုပြီ

လူတွေ မသိလေ ပိုကောင်းလေ

ဧရာဝတီ ဘလော့ဂ် စဖွင့်တာကနေ ရက် ၂၀ ဝန်းကျင်မှာ လာရေ...

မြန်မာသာမဏေနှင့်သီလရှင်ငယ် ပထမအသုတ် သိရီလင်္ကာမှ ပြန်ရောက်

ကေအိုင်အို မူးယစ်ဆေးဝါး ပပျောက်ရေး လုပ်ဆောင်မှု အပေါ် စစ်အစိုးရ တားဆီး

ကရင်နီနှင့် စစ်အစိုးရတပ် တိုက်ပွဲ စစ်တပ်မှ ၂ ဦး သေဆုံး

မဇ္ဈိမသတင်းဌာန၏ သတင်းတင်ပြချက်နှင့် ပတ်သက်၍ ရှင်းလင်းချက်

ရခိုင်ကမ်းရိုးတန်းတွင် မုန်တိုင်း သတိပေး

ပြည်သူ (၂၀၀၀) ကျော် ဆန်ပြတ်လပ်နေ

ကိုရီးယားသို့ လုပ်သားစေလွှတ်မှု အလုပ်သမားဝန်ကြီးဌာန ချုပ်ကိုင်

ရွေးကောက်ပွဲလုံခြုံရေး လှေဆိပ်များပိတ်

ရွေးကောက်ပွဲ အလိုမရှိ စာကပ်

ခေတ်ပြိုင်ထုတ်ဝေသူ ဒေါ်ခင်မျိုးအေး နှင့် ဆက်သွယ်မေးမြန်းချက်

KIO အရာရှိကို စစ်အစိုးရတပ်များဖမ်းပြီး ရုံးများကိုဝိုင်းထား

KIO ဆက်ဆံရေးရုံး အရာရှိ မြန်မာစစ်တပ် ဖမ်းဆီးခံရ

ဖမ်းထားသည့် ကချင်အရာရှိ နှစ်ဦး ထွက်ပြေးဟု မပခ ပြော

ကြံ့ဖွံ့နှင့် မွတ်စလင်ပါတီကို ခရိုင်ကော်မရှင် သတိပေး

ရေနံချောင်း ကြံ့ဖွံ့ ဓမ္မာရုံ သုံး မဲဆွယ်ရန်ကြံ၊ ဂေါပက လက်မခံ

ကြံ့ဖွံ့ပါတီ မဲဆွယ်လှုပ်ရှားမှု ဥပဒေနဲ့ မညီ

ဦးအောင်သိန်းလင်းကို မဲပေးရန် မင်္ဂလာဈေး ဆိုင်ရှင်များကိုစည်းရုံး

ခေတ်ပြိုင် ယာယီရပ်၊ သျှမ်းသံတော်ဆင့် စာစောင် ဆက်ထုတ်မည် မဟုတ်

ရေနံချောင်း ကြံ့ဖွံ့ ဓမ္မာရုံ သုံး မဲဆွယ်ရန်ကြံ၊ ဂေါပက လက်မခံ

မြန်မာနိုင်ငံ အရှေ့ပိုင်းရှိ အမျိုးသမီးနှင့် ကလေးငယ်များ ကျန်းမာရေး ဆိုးရွား

KIA နှင့် နအဖ စစ်ရေး တင်းမာ

မဲရုံ စောင့်ကြည့်ပေးမယ့်သူ နည်းပါး

ရွေးကောက်ပွဲ သတင်းယူရေး ပြည်တွင်း သတင်းသမားများ ဇဝေဇ၀ါဖြစ်

နိုင်ငံရေး အကျဉ်းသားတွေအပေါ် နှိပ်စက်ညှဉ်းပန်းမှု နိုင်ငံတကာ စုံစမ်းစစ်ဆေးဖို့ အေအေပီပီ တိုက်တွန်း

ဂျပန်မှာ ကြိုတင်မဲ ကောက်နေပြီ

အချုပ်သားများ ကြိုတင်မဲပေးရမည်ဟု ဦးသိန်းစိုး ပြော

ဗြိတိန် ကာကွယ်ရေး အသုံးစရိတ် လျှော့

ကုလယာဉ်တန်း အီရတ်တွင် အပစ်ခံရ

ချက်ရှ်နီးယား ဒေသန္တရလွှတ်တော် တိုက်ခိုက်ခံရ

ချန်ပီယံလိဂ်တွင် စီရော်နယ်လ်ဒိုနှင့် အိုဇေးလ်တို့၏ တမိနစ်ခြား သွင်းဂိုး (၂) ဂိုးဖြင့် အေစီမီလန်ကို ရီးရဲလ်မက်ဒရစ် အနိုင်ယူ


--
all the best
mmhk


 

Date: 2010/10/20
Subject: ဒေါ်အောင်းဆန်းစုကြည် ရေးသားခဲ့သော ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး
To: shwenanda <shwenanda@gmail.com>






--

__._,_.___

Attachment(s) from Shwe TSL

1 of 1 File(s)

aungsan-suu-ky-_-freedom-form-fear.pdf

ရဲရွာ ရေအားလျှပ်စစ် ဆည်ကျိုးပေါက်တော့မည် (သတင်းရင်းမြစ် - ဆည်မြောင်းဌာန)

အောက်တိုဘာလ ၂၀ ရက်နေ့  ည ၉ နာရီတွင် FNG မှ နောက်ဆုံးရရှိသည့် သတင်းများ အရ  မန္တလေးမြို့ အရှေ့ တောင်ဘက် ၃၁ မိုင်အကွာ ရဲ-ယမန်း ရွာအနီး မြစ်ငယ်မြစ်ပေါ်၌ တည်ဆောက် ထားသည့် ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း ၏ ရေလွှတ်  ပင်မဆည် မြောင်းမှာ တောင်ပေါ်မှ ကျလာသည့် ပြင်းထန်သော ရေဖိ အားများကြောင့် ကျိုးပေါက်တော့မည် အခြေအနေရှိသည်ဟု မန္တလေးမြို့ ဆည်မြောင်းဝန်ကြီးဌာနမှ အင်ဂျင်နီယာ တစ်ဦး က Freedom News Group သို့ ည ၁၀ နာရီ တွင် အတည်ပြုပြောကြားပါသည်။

ထပ်မံတိုးတက်မှု ရှိသည့် သတင်းအခြေအနေ နှင့် အပြည့်အစုံ ကို FNG မှ ထပ်မံဖော်ပြပေးပါမည်

ရဲရွာဆည်က တဖြည်ဖြည်း အိလိုက်လာပြီ ၊ ၄၈ နာရီ လောက်ထိ ခံဖို့ ဆိုတာ နောက်ဝင်လာတဲ့ ရေပေါ်မှာ မူတည် တယ်။ Spill Way တွေ ၊Fill Bucket တွေ Bottom Outlet Chamber တွေ ကို အကုန် လုံးတိုက်ပြီး ပွင့်သွား နိုင်တယ်။ အရေးကြီး ဆုံး အခြေအနေမို့  မေးနဲ့ လှမ်းပို့ လိုက်တာပါ။

မြန်မာနိုင်ငံလုံးဆိုင်ရာအထွေထွေသပိတ်ကော်မတီမှမကြာမှီအထွေထွေသပိတ်ကြီးဆင်နွဲ


လေထန်ကုန်းကိုကြောက်ကြသော ၊ နာနေကြသော ၊ လေထန်ကုန်းကိုအကြောင်းပြ၍ ပုဂ္ဂိုလ်ရေးတိုက်ခိုက်နေကြသော ရဲဘော်များ..မိတ်ဆွေများခင်ဗျား…

၁၉.၁၀.၂၀၁၀

 
 

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနဲ့ အမိမြေလွတ်မြောက်ရေး ၊ ဒီမိုကရေစီရေးအသုံးအနှုန်းများကိုသုံးစွဲနေကြသေးသော ကြောင့် ရဲဘော်များ ၊ မိတ်ဆွေများလို့ပဲသတ်မှတ်နေပါဦးမယ် ၊ ဒါပေမဲ့ ရဲဘော်များ ၊ မိတ်ဆွေများရဲ့ အပြောအဆိုအရေး အသားတွေဟာ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးထက် ကိုယ့်အချင်းချင်းပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေများပြီး တော်လှန် ရေးကိုထိခိုက်အောင်ဦးတည်နေတဲ့အတွက် ဒီလိုသာဆက်လုပ်ဆက်ပြောဆက်ရေးနေဦးမယ်ဆိုရင် 8888 People Power Group Mail ကနေ ထုတ်လိုက်ရပါလိမ့်မယ်ဆိုတဲ့အကြောင်း ဦးစွာပထမ ပြောကြားလိုပါတယ် ။

 
 

8888 People Power Group Mail ဟာ ဗမာပြည်တွင်းက ကျောင်းသားလူငယ်တွေရဲ့ Mail တွေအပါအ၀င် နိုင်ငံတကာ က Mail ပေါင်း ကိုးထောင်ကျော်ပါဝင်ပြီး စစ်အာဏာရှင်တိုက်ဖျက်ရေးနည်းလမ်းတခုအနေနဲ့ စုစည်းထားတာဖြစ်ပါတယ် ။

အဲဒီထဲမှာမှ ၈၈၈၈ပြည်သူ့သတင်းစဉ်ဟာ ဗမာပြည်နိုင်ငံရေးအပြောင်းအလဲနဲ့ ရှိနေတဲ့အခြေအနေတွေကိုနှစ်ပါတ်တစ်ကြိမ် သတင်းထုတ်ပြန်ပေးနေတာဖြစ်ပါတယ်  ။

 
 

၈၈၈၈ပြည်သူ့သတင်းစဉ်မှာပါတဲ့လေထန်ကုန်းကဏ္ဍဟာ တော်လှန်ရေးအင်အားစုတွေကို အပုတ်ချလိုစိတ် ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်လိုစိတ်တွေကြောင့်ထည့်သွင်းထားတာမဟုတ်ပါဘူး ၊ တော်လှန်ရေးကိုခုတုံးလုပ်ပြီး ပြစားတောင်းစားလိမ်စား လုပ်နေသူတွေ ၊ ကိုယ်ကျိုးစီးပွားရှာနေသူတွေ ၊ တော်လှန်ရေးတရပ်လုံးကို ပြည်သူတွေအလုပ်သမားတွေအထင်မြင်သေး စေမဲ့ အပြုမူအနေထိုင်မျိုးကျူးလွန်သူတွေ ဆင်ခြင်ပြုပြင်နိုင်အောင် ရေးသားဖေါ်ပြနေတာဖြစ်ပါတယ် ၊ တကယ်တော်လှန် ရေးစိတ်ဓါတ်ရှိကြပါသေးရင် လေထန်ကုန်းမှာပါစေမဲ့ အပြုမူအပြောဆိုအနေထိုင်မျိုးတွေရှောင်ကြပြီး စစ်မှန်တဲ့တော်လှန် ရေးအလုပ်တွေ ထိထိရောက်ရောက်လုပ်ကိုင်ကြဘို့ပဲ ပြောချင်ပါတယ် ။

 
 

လေထန်ကုန်းကရေးတာလေးလောက်ကိုနာနေတဲ့ ရဲဘော်များမိတ်ဆွေများခင်ဗျား..ဗမာပြည်သူလူထုက ခုလို စာလုံးနဲ့ထိုး နှက်ခံရတာထက်ဆိုးတဲ့ နာကျင်မှုမျိုးတွေ နေ့စဉ်ခံစားနေရပါတယ် ၊ သူတို့အတွက်နာပေးဘို့ စဉ်းစားမိကြပါရဲ့လား ၊ သူတို့ တွေအတွက် (ဗမာပြည်ပြည်သူလူထုအတွက် ) နိုင်ငံတကာမှာ ကိုယ့်စီးပွားကိုယ်ရှာပြီး ၊ ထမင်းဝမှ ကွန်ပြူတာဘေးထိုင် နာပြနေမဲ့အစား (ဘယ်လိုနည်းလမ်းနဲ့ပဲဖြစ်ဖြစ်)ထိထိရောက်ရောက်တိုက်ပွဲဝင်ပေးမယ်လို့များ ခံစားမိကြပါရဲ့လား ၊ ခင် ဗျားတို့စိတ်ဓါတ်တွေရှိသေးတယ်ဆိုရင် ကြိုဆိုပါတယ် ၊ 8888 People Power Group Mail ကနေပဲ ပြောလိုက်ပါ ၊ ငါတို့ ဘယ်လိုလုပ်မယ် ဘယ်လိုဦးဆောင်မယ်လို့ ၊ ကျွန်တော်တို့နောက်ကလိုက်ပါပေးပါ့မယ် ၊ တခုပဲ ၊ ဗမာပြည်သူတွေနဲ့ အလှမ်းဝေးတဲ့နေရာတွေကနေတော့ လေနဲ့ ၊ အင်တာနက်ပေါ်ကဦးဆောင်မှုမျိုးတော့ မဖြစ်စေနဲ့ပေါ့ ။

 
 

တော်လှန်ရေးကိုကျောခိုင်းပြီး နိုင်ငံတကာမှာ ကိုယ့်ဘာသာကိုယ်ပိုင်ဘ၀တွေနဲ့ နေနေကြပြီး ၊ ကိုယ့်ဘ၀အတွက် အထိုင် သေချာချပြီးမှ နိုင်ငံရေးလောကရဲ့နေရာတခုမှာပြန်ဝင်ထိုင်ချင်ရုံသက်သက်ဆိုရင်တော့ Sorry ပါ ၊ ခင်ဗျားတို့အတွက် ဘာနေရာမှရှိမှာမဟုတ်ဘူး ၊ ခင်ဗျားတို့အထဲက အများစုဟာ ကျောင်းသားတပ်မတော်ကိုကျောခိုင်းသွားသူတွေဖြစ်တယ် ၊ ခင်ဗျားတို့ကြောင့် ကျောင်းသားတပ်မတော်ဟာ ဒီနေ့လိုအခြေနေတွေကိုရင်ဆိုင်နေရတာဖြစ်တယ် ၊ ဗိုလ်မလုပ်ရရင် ဒီတော်လှန်ရေးငါမပါဘူးဆိုတာမျိုးနဲ့ ၂၂စာလုံးကျောင်းသားတပ်မတော်ရှိနေလျက်နဲ့ စွန့်ခွာသွားကြပြီးကာမှ ဘေးကင်းရန် ကင်းနေရာကနေ ငါက တချိန်ကကျောင်းသားတပ်မတော်က ဘာကောင်ကွဆိုတာမျိုး ကြွားလုံးထုတ်နေမဲ့အစား ခု ပြန်ပြီး ကျောင်းသားတပ်မတော်ကို ငါတို့ပြန်အားဖြည့်မယ်၊ ယိုယွင်းနေတာတွေပြန်ပြင်မယ် ၊ တော်လှန်ရေးကို အစကနေပြန် တည်ဆောက်မယ်လို့များ စိတ်ကူးမိ ခံစားမိကြပါရဲ့လား ၊ အဲလိုဆိုရင်တော့ မနက်လင်းတိုင်း ခင်ဗျားတို့ကို By Name နဲ့ အလေးပြုနေပါ့မယ် ။

 
 

ဒီနေ့အခြေနေက တိုင်းပြည်ကစုတ်ပြတ်သတ်နေပြီး ပြည်သူတွေကဖွတ်ဖွတ်ညက်ညက်ကြေနေပြီ ၊ အဲဒီအခြေနေမှန်တွေ ကို ခင်ဗျားတို့အသေးစိတ်မသိဘူး ၊ အွန်လိုင်းပေါ်ကကြားသလောက်ပဲခင်ဗျားတို့သိတယ် ၊ ဗမာပြည်သူတွေရဲ့လက်တွေ့ ဘ၀နဲ့ ခင်ဗျားတို့ကင်းကွာနေတာ နှစ်တွေကြာနေပြီ ၊ ခင်ဗျားတို့ရဲ့နာကျင်ပေးမှုက အပေါ်ယံကြောပဲရှိတော့တယ် ၊ ၀တ်ကြေတန်းကြေနာကျင်ပေးနေမှုတွေ အဆင့်ပဲရှိတယ် ၊ ကျုပ်တို့က ပြည်သူတွေကြားမှာရှိနေတယ် ၊ လှုပ်ရှားသွားလာ နေတယ် ၊ ပြည်သူတွေနဲ့ထပ်တူခံစားရတယ် ၊ ထပ်တူနာတယ် ၊ ဒါ့ကြောင့် ပြည်သူတွေအတွက် မတရားအနိုင်ကျင့်ဖိနှိပ် နေတဲ့ စစ်အာဏာရှင်တွေကို နည်းလမ်းစုံသုံးတိုက်ပွဲဝင်နေသလို တော်လှန်ရေးကိုထိခိုက်အောင်လုပ်နေတဲ့သူတွေကိုလဲ ပြင်းပြင်းထန်ထန် ဝေဘန်ပြောဆိုနေရမှာပဲဖြစ်တယ် ။

 
 

စစ်ခွေးတွေကထင်တိုင်းကြဲနေတယ် ၊ သူတို့အာဏာကိုဆွဲဆန့်မဲ့ ရွေးကောက်ပွဲကရက်ပိုင်းပဲလိုတော့တယ် ၊ အဲဒါကို ဘယ်လိုပျက်အောင်ဖျက်ကြမလဲ ၊ ပျက်အောင်မဖျက်နိုင်ဘူးဆိုရင်တောင် နိုင်ငံတကာအလယ်မှာ အသိမှတ်ပြုမခံရအောင် ဘယ်လိုလုပ်ကြမလဲ ၊ တိုင်ပင်ဆွေးနွေးနေကြရမဲ့အချိန်မှာ ကိုယ့်ချင်းချင်းဆော်ပွဲတွေကိုပဲ ဦးးတည်တည်နေတဲ့ ခင်ဗျားတို့ အရေးအသားတွေ ရပ်ကြဘို့ ထပ်ပြီးမေတ္တာရပ်ခံပါတယ် ။ ဒီအချိန်မှာ Group Mail ပါအကြောင်းအရာတွေဟာ စစ်အာဏာရှင်တွေရဲ့ ခွေးကောက်ပွဲဖျက်ရေးအစီစဉ်တွေကိုဝိုင်းစဉ်းစားတာတွေပဲဖြစ်သင့်ပါတယ် ။

 
 

ဘာလုပ်ကြမလဲ ၊ ဗမာပြည်ထဲမှာ ၊ နယ်စပ်တွေမှာ ၊ ရောက်ရာနိုင်ငံတွေမှာ ။

သံရုံးရှေ့ဆန္ဒပြတာထက် သံရုံးထဲအလံကိုင်ပြေးဝင်တာမျိုးထိလုပ်မလား ၊ ဗမာပြည်ထဲမှာ လူထုတိုက်ပွဲ လက်နက်ကိုင် တိုက်ပွဲ နည်းမျိုးစုံနဲ့ ၀င်ဆင်နွှဲကြမလား ၊ နယ်စပ်မှာ ထိုင်းအာဏာပိုင်တွေနဲ့ပါ ရဲရဲရင့်ရင့်ရင်ဆိုင်ပြီး နယ်စပ်ဂိတ်တွေကနေ ထိထိရောက်ရောက် ဆန္ဒပြမလား ၊ ရှိနေတဲ့ လက်နက်ကိုင်အဖွဲ့စည်းတွေ ဘယ်အဖွဲ့မှာမဆိုအားဝင်ဖြည့်ပြီးဖြစ်ဖြစ် ချမလား ။ ဘာလုပ်မယ် ဘယ်လိုချမယ် ဟောဒီ Group Mail ကို လှမ်းပြောလိုက်ပါ ၊ ဘယ်လိုပုံစံနဲ့ ဘယ်မှာပဲတိုက်ပွဲဝင် ၀င် တကယ်တိုက်ပွဲဝင်ရေးဆို ကျွန်တော်တို့လိုက်ပါဘို့အသင့်ရှိနေတယ် ၊ ခင်ဗျားတို့ ဦးဆောင်မယ်ဆိုရင် ကျွန်တော်တို့ နောက်ကလိုက်မယ် ၊ ဒါမှမဟုတ် ဦးမဆောင်ရဲဘူးဆိုရင် နောက်ကကောင်းကောင်းလိုက်ပါ ပါ ၊ ကျွန်တော်တို့ဦးဆောင် မယ် ၊ ဒါမှမဟုတ် ဘာမှမလုပ်ချင်တော့ဘူး မလုပ်ရဲတော့ပါဘူးဆို ကိုယ်ဘာသာနေပါ ၊ ကန့်လန့်တော့ မလုပ်နေကြပါနဲ့ ။

 
 

ကျွန်တော်တို့ရင်ထဲမှာ စစ်အာဏာရှင်ဖြုတ်ချရေးတိုက်ပွဲဝင်ဘို့ပဲရှိပါတယ် ။

တိုက်ပွဲထဲကို ရဲရဲပြန်ပါဝင်လာမဲ့သူတွေအတွက် မျှော်လင့်နေပါ့မယ် ။ တကယ်တိုက်ပွဲဝင်မဲ့သူတွေ ဒီmail ကိုလဲဆက်သွယ် နိုင်ပါတယ် ၊ နောင် ဖုန်းနံပါတ်ပါပေးပါမယ် ၊ အားလုံးကို လေးစားပါရစေ ။

 
 

khitthitnagarni@gmail.com

ထိုင်းမြန်မာနယ်စပ်။


 


 


 

No comments: