(၁)
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ နောက်ဆုံးဥက္ကဋ္ဌဖြစ်ခဲ့သူ ဒေါက်တာမောင်မောင် ပြောခဲ့ဘူးတဲ့စကားကို မှတ်မိကြပါလိမ့်မယ်။
" ဒီ အခြေခံ ဥပဒေကြီးကို ချက်ချင်းဖျက်ပစ်လို့ မရပါဘူး။ အနုပညာရှင်တေ၊ွ တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ ပြည်သူတွေ နဲ့
ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ပြီး ရေးဆွဲခဲ့တာပါ" လို့ ဆိုတယ်။ တကယ်တော့ သူက နိုင်ငံရေးသမားအားလုံးကို လေသံအေးအေးနဲ့
ခပ်ထေ့ထေ့ ရိ နေတာဖြစ်တယ်။ ဒေါက်တာမောင်မောင်ပြောချင်တာက
" ၁၉၇၄ အခြေခံဥပဒေဆိုတာ ကျနော်တို့ မဆလ တွေချည်းဆွဲခဲ့တာမဟုတ်ဘူး။ အနုပညာရှင်တွေနဲ့ တိုင်းရင်းသားတွေလည်း
သဘောတူထောက်ခံပါဝင်ခဲ့တယ် မဟုတ်လား " လို့ ပြောနေခြင်းဖြစ်တယ်။
ဒီကနေ့ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မဲ့သူတွေ သတိထားမိဖို့အတွက် ပြန်ပြောပြတာပါ။
ပါလီမန်တွင်းမှာ ဝင်ရောက်စကားပြောမယ်။ စစ်အုပ်စုက ခုံ (၁၀၀) ယူထားရာ ကနေ (၇၅) ခုံ ကို ဖွင့်ပေးလိုက်တယ်။
၂၀ ရာခိုင်နှုန်းလောက် အနိုင်ရရင် မဆိုးဘူး--- စသော စသော အဆိုပြုခဲ့သူများ ကိုယ်မျှော်လင့်ခဲ့သလို မလုပ်နိုင်ဘူးဆိုရင်တော့
၂၀၀၈ အခြေခံဥပဒေကို ထောက်ခံခဲ့သူတွေအဖြစ် သမိုင်းတရားခံဖြစ်မှာအမှန်ပါပဲ။
ပြည်တွင်းပြည်ပ အတိုက်အခံအများစုက ဒီအခြေခံဥပဒေကိုလက်မခံသလို စစ်အုပ်စုကလည်း နယ်စပ်ဒေသတွေမှာ ပြည်တွင်းစစ်ကိုမြှင့်မဲ့
အရိပ်အယောင်တွေ၊ လှုပ်ရှားမှုတွေ ပြောင်ပြောင်တင်းတင်း လုပ်ပြနေတယ်။ ဒါပေမဲ့ တိုင်းရင်းသားခေါင်းဆောင်တချို့ ဦးဆောင်ပါဝင်တဲ့
အဖွဲ့တွေကလည်း " ဒုတိယပင်လုံညီလာခံခေါ်မယ်၊ ပြည်တွင်းစစ်မီးတောက်လောင်မှုကို တားဆီးရမယ်" ဆိုတဲ့ ဆုံးဖြတ်ချက်တွေကို
ချမှတ်ပြင်ဆင်လှုပ်ရှားနေကြတယ်။ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် ကို မြင်ချင်ပါတယ်ဆိုတဲ့သူတွေ မကောင်းဆိုးဝါးစစ်အစိုးရဆီမှာ
ကိုယ်ရဲ့ကံကြမ္မာကို အောက်ကြေးနဲ့ထိုးကြမှာလား။ ကိုယ်လို ဖိနှိပ်ခံနေရတဲ့ဘဝတူ တိုင်းရင်းသားတွေနဲ့အတူသွေးစည်းညီညွတ်ကြမလား။
လေးလေးနက်နက်စဉ်းစားစေလိုပါတယ်။
(၂)
ရှင်သန်တက်ကြွနေသော အင်အားစုများ ( Active Forces ) လို့ခေါ်တဲ့ ညွှန့်ပေါင်းအင်အားစုတရပ်ကို "မက်ဒက်ဂက်စကာ" နိုင်ငံမှာ
ဖွဲ့စည်းခဲ့ကြဘူးတယ်။ ဆိုရှယ်လစ်အစိုးရရဲ့ ဖိနှိပ်မှုကို ပြန်လည်အန်တုဖို့အတွက် အမျိုးသားရေးဆွေးနွေးပွဲ ( National Forum) မှာ
ဆုံဆည်းကြတယ်။ ဆိုရှယ်လစ်အစိုးရရေးဆွဲထားတဲ့ အခြေခံဥပဒေကို ဥပေက္ခာပြု ငြင်းဆိုလိုက်ပြီး အခြေခံဥပဒေသစ်ကို
ကိုယ်တိုင်ရေးဆွဲလိုက်ကြတယ်။ မက်ဒက်ဂက်စကာ အစိုးရ အတွက် ဖိအားတွေက တရစပ်ရောက်လာခဲ့တယ်။
လူထုဆန္ဒခံယူပွဲတွေပြန်လုပ်ရတယ်။ အခြေခံဥပဒေသစ် ကို ပြန်ရေးဆွဲပေးရတယ်။ ရွေးကောက်ပွဲအသစ်ကျင်းပပေးခဲ့ရတယ်။
(၃)
စစ်အေးတိုက်ပွဲ ရဲ့ နောက်ဆုံးနှစ်များ ( ၁၉၈၉-၉၁) မှာ ဖြစ်ပွားခ့တဲ့ဲ အခြေအနေတွေ၊ အနေအထားတွေအတိုင်းဖြစ်ပျက်ဖို့ ဆိုတာကတော့
လုံးဝမလွယ်ပါဘူး။ ၂၀၁၀ ဆိုတာ စစ်အေးတိုက်ပွဲအသစ်တခုအတွက် ပြန်လည်ပြင်ဆင်နေကြချိန်၊ သမိုင်းဘီးက တပတ်လည်နေချိန်
ဖြစ်တယ်။ ဒါပေမဲ့ မက်ဂါဒက်စကာလှုပ်ရှားမှုမှာ စိတ်ဝင်စားစရာကောင်းတဲ့ လှုပ်ရှားမှုတွေရှိတယ်။
ရှင်သန်တက်ကြွနေသော အဖွဲ့အစည်းများ ( Active Forces ) လို့ခေါ်တဲ့ အတိုက်အခံ ညွှန့်ပေါင်းအဖွဲ့ နဲ့ ပြည်သူတွေ
ဆုံဆည်းခဲ့ကြတဲ့ အမျိုးသားရေးဆွေးနွေးပွဲ ဖိုရမ် တွေ ရဲ့ အရှိန်မြင့်သွားတဲ့ ကြံစည်မှုတွေဖြစ်တယ်။
" လူထုဆန္ဒကို ထုတ်ဖေါ်ပြသတဲ့အခါတိုင်း စစ်အာဏာရှင်တွေဟာ အကြမ်းဖက်ဖြိုခွေဲ လ့ရှိတယ်။
သွေးထွက်သံယိုမှုတွေကို ရင်ဆိုင်ရမယ်ဆိုတာ ကျနော်တို့သိပါတယ်။ ဒါပေမဲ့ ကျနော်တို့မှာ ပြန်လှန်တိုက်ခိုက်နိုင်မဲ့ တခြားနည်းလမ်းမရှိဘူး။
ဒီအချိန်ဟာ ကျနော်တို့အတွက် အခွင့်ကောင်းပဲ။ လူထုအားနဲ့ပဲ ပြန်လည်ရင်ဆိုင်ရမယ်။" လို့
မက်ဒက်ဂက်စကာ အမျိုးသားရေး လှုပ်ရှားသူတွေက ယုံကြည်ခဲ့ကြတယ်။
ဒီတပတ် လွတ်လပ်တဲ့အသံ အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ " မက်ဂက်ဒက်စကာ ဆိုရှယ်လစ်အာဏာရှင်ကို ပြုတ်ကျစေတဲ့
လူထုလှုပ်ရှားမှုအကြောင်း" ကို ဆွေးနွေးတင်ပြထားပါတယ်။
ကျနော်တို့မှာ ရွေးချယ်စရာမရှိ ပါ
အာဖရိကတိုက်ရဲ့အရှေ့တောင်ဘက် အင်ဒီယန်းပင်လယ်ထဲမှာ တည်ရှိတဲ့ မက်ဒက်ဂက်စ်စကာနိုင်ငံဟာ အာရှ၊ အာဖရိက နွယ်ဖွားတွေ
နေထိုင်ရာကျွန်းနိုင်ငံတခုဖြစ်ပြီး၊ လောကတခုကိုထွက်ပြေးမဲ့ နိဗ္ဗာန်ဘုံအဖြစ်ခေါ်ဆိုလေ့ရှိကြပါတယ်။
ဒါပေမဲ့ လက်တွေ့ဘဝတွေကတော့ ဆိုသလိုမဟုတ်ခဲ့ပါဘူး။
"၁၉၆၀ ခုနှစ် မှာ ပြင်သစ်နိုင်ငံဆီက လွတ်လပ်ရေးရခဲ့တယ် လို့ ဆိုပေမဲ့ တချို့လူမျိုးစုတွေက ပြင်သစ်နဲ့ နီးနီးကပ်ကပ်
နေခဲ့ကြပါတယ်။ စီးပွားရေးအရ လုံးဝလွတ်လပ်မှုမရှိပဲ ပြင်သစ်ကုမ္မဏီတွေသာ အကျိုးအမြတ်ဆက်လက်ခံစားပိုင်ခွင့်ရှိနေတာကြောင့်
မက်လာဂက်ဆီ အများစုကမကျေနပ်ခဲ့ကြပါဘူး။ ဆယ်စုနှစ်တခုလုံး လူမှုရေးမငြိမ်သက်မှုတွေကြောင့် တိုင်းပြည်စီးပွားရေး
လည်ပတ်မှုတွေဟာလည်း ခက်ခဲသထက်ခက်ခဲလာခဲ့ပါတော့တယ်။ ၁၉၇၂ ခုနှစ်မှာ ကျောင်းသားတွေဦးဆောင်တဲ့
အထွေထွေသပိတ် ပေါ်ပေါက်လာခဲ့ပြီး အစိုးရယန္ဒရားတခုလုံးကို ရပ်ဆိုင်းပစ်လိုက်တယ်။
အစိုးရကလည်း ပစ်ခပ်ဖြိုခွဲခဲ့တာကြောင့် ကျောင်းသား တဒါဇင်ကျော်သေဆုးံခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်။
နိုင်ငံရဲ့သမ္မတဟာ အရေးပေါ်အုပ်ချုပ်ရေးကို ကြေငြာလိုက်ပြီး ပါလီမန်ကို ဖျက်သိမ်းပစ်လိုက်တော့တယ်"
တိုင်းပြည်တွင်းမှာ မကျေနပ်မှုကြောင့်ပေါက်ကွဲတောက်လောင်နေတဲ့ လူထုအုံကြမွှုတွေကို တားဆီးနိုင်စွမ်းမရှိတော့ပါဘူး။ မက်ဒက်ကက်စတာ
သမ္မတဟာ စစ်ဗိုလ်ချုပ် "ဂရေဘယ် ရမ်မန်နန့်ဆိုရာ" ဆီကို အာဏာလွှဲအပ်လိုက်ပါတယ်။
ဒါပေမဲ့ သူကလည်း စီးပွားရေးအကြပ်အတည်းတွေကို မဖြေရှင်းနိုင်ခဲ့သလို၊ လူထုရဲ့မကျေနပ်မှုတွေကလည်း ဒေါသတကြီးစီးဆင်း
နေခဲ့ပါတယ်။ လုပ်ကြံသတ်ဖြတ်မှုတွေ၊ စစ်အာဏာသိမ်းမှုတွေ၊ အငြင်းပွားဘယ်ွရွေးကောက်ပွဲတွေနဲ့ တိုင်းပြည်တခုလုံး ဖရိုဖရဲဖြစ်နေခဲ့ပါတယ်။
" ၁၉၇၂-၇၅ တလျှောက်လုံးမှာ လူထုဟာ စစ်မှန် တဲ့ တော်လှန်ရေးအတွက် ကြိုးစားခဲ့ကြပေမဲ့၊ ပြင်သစ် နဲ့ ရုရှားမှာ ပေါ်ပေါက်ခဲ့တဲ့
လူမှုစံနစ်ပြောင်းလဲတည်ဆောက်ရေး တော်လှန်ရေးတွေလိုမျိုး ဖြစ်မလာခဲ့ဘူး။ လက်ရွေးစင် စစ်ခေါင်းဆောင်တွေကသာ
အာဏာလွှဲပြောင်းသိမ်းယူနေတဲ့ အနေအထားမှာပဲရှိနေခဲ့တယ်"
၁၉၇၅ မှာတော့ အခြေခံနိုင်ငံရေး၊စီးပွားရေးအဆောက်အဦ အားနည်းတဲ့ မက်ဒက်ဂက်စကာ နိုင်ငံကို Didier Ratsiraka က
စစ်အာဏာသိမ်းယူခဲ့ပြီး သိပ္ပံနည်းကျတဲ့ဆိုရှယ်လစ်စံနစ် ကို ကျင့်သုံးမယ် လို့ကြွေးကြော်ခဲ့ပါတယ်။
သူ့ရဲ့ အနီရောင်စာအုပ်ညွှန်ကြားချက်အရ၊ ဆင်းရဲသားတွေအတွက်အကျိုးကျေးဇူးတကယ်ရနိုင်မဲ့ ကုန်ထုတ်လုပ်မှုတွေကို စီစဉ်ညွှန်ကြား
ခဲ့ပါတယ်။ "ဆင်ဖြူ" စက်မှုလုပ်ငန်းတွေကို ပြည်နယ်အသီးသီးမှာ တည်ဆောက်တယ်။ ပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်းတွေကိုပြည်သူပိုင်
သိမ်းတယ်။ ဒါပေမဲ့ အခြေခံစားသုံးကုန်တွေ ပြတ်တောက်မှုတွေ စတင်ရင်ဆိုင်လာခဲ့ရပါပြီ။
" စစ်အာဏာရှင်အသီးသီးလက်အောက်မှာ ပစ်ခပ်ချေမှုန်းမှုကို မြင်ခဲ့ဘူးတဲ့လူထုဟာ သူတို့ရဲ့မကျေနပ်မှုတွေကို ဝုန်းကနဲပေါက်ကွဲပစ်ဖို့အထိ
ကိုတော့ တွန့်ဆုတ်နေခဲ့ကြသေးတယ်။ဒါပေမဲ့ တခုခုလုပ်မှရတော့မယ် ဆိုတာ အစိုးရအဖွဲ့ဝင်တွေရော၊ နိုင်ငံရေးစိတ်ဝင်စားတဲ့သူတွေရော
နှစ်ဘက်လုံးကသိနေကြတယ်။ ၁၉၇၉ မှာ တိုင်းပြည်က ချွတ်ခြုံကျလာပြီလေ။ စစ်ခေါင်းဆောင် "ရက်စီရက်ကာ" ကလည်း
ဒီအခြေအနေတိုင်းဆက်သွားရင် သူကိုယ်တိုင် အန္တရာယ်ဆိုးတွေနဲ့ရင်ဆိုင်နိုင်တယ် ဆိုတာကို သဘောပေါက်နေခဲ့တယ်။
အိုင်အမ်အက်ဖ်၊ ကမ္ဘာ့ဘဏ် အပါအဝင် အမေရိကန်ပြည်ထောင်စု နဲ့ ဥရောပ နိုင်ငံတွေဆီက ငွေကြေးထောက်ပံ့မှုရအောင် ကြိုးစားခဲ့တယ်"
၁၄ နှစ်လုံးလုံး အာဏာကို ထိန်းချုပ်ထားနိုင်ခဲ့တဲ့ မက်ဒက်ဂက်စကာ စစ်ခေါင်းဆောင်အတွက်စီးပွားရေးဆုတ်ပြတ်မှုတွေ
ရင်ဆိုင်နေရစဉ်မှာ သူ့ရဲ့အဓိက လက်တွဲဖေါ် ဆိုဗီယက်ပြည်ထောင်စုဟာပြိုကျလုဆဆဲအခြေအနေကိုရောက်ရှိနေခဲ့ပါတယ်။
ကြွေးမှီပြဿနာကို ဆွဲထုတ်နိုင်ဖို့အတွက် အစိုးရလက်ဝါးကြီးအုပ်ထားတဲ့ ဆိုရှယ်လစ်စံနစ်ကို စွန့်လွှတ်ဖို့ကိုလည်း အနောက်နိုင်ငံတွေက
ဖိအားလာခဲ့ပါတယ်။ " လူထုဆန္ဒကို ထုတ်ဖေါ်ပြသတဲ့အခါတိုင်း စစ်အာဏာရှင်တွေဟာ အကြမ်းဖက်ဖြိုခွဲေ လ့ရှိတယ်။
သွေးထွက်သံယိုမှုတွေကို ရင်ဆိုင်ရမယ်ဆိုတာ ကျနော်တို့သိပါတယ်။ ဒါပေမဲ့ ကျနော်တို့မှာ ပြန်လှန်တိုက်ခိုက်နိုင်မဲ့
တခြားနည်းလမ်းမရှိဘူး။ ဒီအချိန်ဟာ ကျနော်တို့အတွက် အခွင့်ကောင်းပဲ။ လူထုအားနဲ့ပဲ ပြန်လည်ရင်ဆိုင်ရမယ်။"
ဒါကြောင့်လည်း ၁၉၉၁ မှာ "အန်တာနာနာရီဗိုမြို့"မှာ အတိုက်အခံခေါင်းဆောင် "အယ်လ်ဘတ် ဇက်ဖီ" က အစိုးရဝန်ထမ်း ရှစ်သောင်းကျော်ကို
ဦးဆောင်ပြီး စတင်သပိတ်မှောက်လိုက်ကြပါတယ်။ သြဂတ်စ်လမှာတော့ ပြည်သူ လေးသိန်းကျော်ဟာ မြို့တော်ရဲ့ဗဟိုဆီကို ချီတက်လိုက်ကြပါပြီး
မက်ဒက်ဂက်စကာရဲ့ ဘဏ်လုပ်ငန်း၊ ကုန်သွယ်မှု နဲ့ အစိုးရယန္ဒရားတွေဟာ ရုတ်တရက်ရပ်ဆိုင်းအောင် ဖိအားပေးလိုက်ကြပါတော့တယ်။
" မျှော်လင့်ထားသလိုပဲ ဆိုရှယ်လစ်အစိုးရက ပစ်ခပ်ဖြိုခွဲခဲ့တာပေါ့ဗျာ။ ဆန္ဒပြသူ အယောက်(၃၀)ကျော်သွေးမြေကျ
သေဆုံးခဲ့ရတယ်။ ဒီလို ပစ်ခပ်ဖြိုခွဲမှုတွေကြုံလာရင် ကျနော်တို့လှုပ်ရှားမှု မသေဆုံးသွားအောင် အတိုက်အခံခေါင်းဆောင်တွေက
ကြိုတင်စီစဉ်ခဲ့ကြတယ်။အတိုက်အခံအဖွဲ့ (၁၆) ဖွဲ့ ပူးပေါင်းပါဝင်ထားတဲ့ " ရှင်သန်နေတဲ့အင်အားစုများ" ညွှန့်ပေါင်းအဖွဲ့ကို
ဖွဲ့စည်းလိုက်ပြီး ပြည်သူ့လွှတ်တော်ခေါ်တယ်။ "အယ်ဘတ်ဇက်ဖီ" က ဝန်ကြီးချုပ်အဖြစ်ကြေငြာ လိုက်တယ်။
အာဏာရှင် "ရက်စီရက်ကာ" က သူ့ရဲ့ဝန်ကြီးချုပ်ကိုအပြောင်းအလဲလုပ်ပြီး လူထုကိုချွေးသိပ်ဖို့ကြိုးစားသေးတယ်။ မရတော့ဘူး။ ကျနော်တို့ကလည်း
မက်ဒက်ဂက်စကာရဲ့အစိုးရအဖွဲ့ဖြစ်တယ် ဆိုပြီး နိုင်ငံတကာသံရုံးတွေကို စာပို့လိုက်တယ်။ ပြင်သစ်သံရုံးနဲ့အမေရိကန်သံရုံးကလည်း
အစိုးရနှစ်ရပ်လုံးကို ညှိနှိုင်းဆွေးနွေးကြဖို့အကြောင်းပြန်ခဲ့တယ်"
သောတရှင်များခင်ဗျား
အတိုက်အခံတွေရဲ့ မြန်ဆန်အရှိန်ပြင်းတဲ့ဖိအားတွေကြောင့် "ရက်စီရက်ကာ" အစိုးရဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်
တွေ့ဆုံဆွေးနွေးခဲ့ရပြီး ပါနိုရားမားသဘောတူညီမှုကိုလက်မှတ်ရေးထိုးခဲ့ရပါတယ်။ ဒီသဘောတူညီချက်အရ "ရက်စီရက်ကာ" ကို
သမ္မတအဖြစ်ဆက်လက် ထားရှိပေမဲ့ သမ္မတပါဝါအားလုံးကို ရုတ်သိမ်းခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှာတော့ နိုင်ငံလုံးဆိုင်ရာညီလာခံမှ
အခြေခံဥပဒေသစ် ကို ရေးဆွဲခဲ့ပြီး နောက်တနှစ်မှာတော့ ပါတီစုံရွေးကောက်ပွဲကိုကျင်းပခဲ့ပါတယ်။
"ရက်စီရက်ကာ" ရဲ့ လက်ကိုင်ဒုတ်တွေနဲ့ ဒီမိုကရက်တစ်အင်အားစုတွေကြားမှာ ရုန်းရင်းဆန်ခပ်တချို့ဖြစ်ပွားခဲ့ပေမဲ့
ဒီမိုကရက်တစ်အင်အားစုခေါင်းဆောင် "အယ်ဘတ် ဇက်ဖီ" ဟာရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။
သောတရှင်တို့လည်း အာဏာရှင်တွေကို တွေ့ဆုံဆွေးနွေးရေးစကားဝိုင်းဆီရောက်ရှိစေမဲ့ လူထုအင်အားတွေဖန်တီးနိုင်ကြပါစေ။
မှတ်ချက် ။ ။ မက်ဒက်ဂက်စကာနိုင်ငံအကြောင်းကို " လစ်ဘရယ်ဒီမိုကရေစီလှိုင်းများ ပြီးသည့်နောက်" စီးရီးမှာ ဆက်လက်
ရေးသားသွားပါမယ်။ ၁၉၉၃ မှာ ဆိုရှစ်လစ်အစိုးရပြုတ်ကျသွားပေမဲ့ အသွင်ကူးပြောင်းမှုကာလတေမွှာ အခက်အခဲမျိုးစုံတွေ
ကိုရင်ဆိုင်ခဲ့ကြရပါတယ်။__
နိုင်ငံရေးမုန်တိုင်းကြီးလာတော့မည်
တိုင်းပြည်ကိုကယ်တင်မဲ့ ဒုတိယပင်လုံညီလာခံကြီးလာတော့မည်။
ပထမပင်လုံညီလာခံသည် နယ်ချဲ့ လက်အောက်မှလွတ်မြောက်စေခဲ့သည်။
ယခုလာမည့် ဒုတိယပင်လုံညီလာခံကြီးသည် စစ်အာဏာရှင်အောက်မှလွတ်မြောက်စေတော့မည်။
NLD ခေါင်းဆောင်များနှင့်တိုင်းရင်းသားခေါင်းဆောင်များ တိုင်းပြည်ကိုအမြှော်အမြင်ကြီးမားစွာဦးဆောင်လိုက်ပြီ ။
ခေါင်းဆောင်ကြီးများရဲ့ အမြှော်အမြင်ကြီးမှု ၊ ရဲရင့်ပြတ်သားမှု ၊
မှန်ကန်သောဦးဆောင်မှုကိုရိုသေလေးစားစွဖြင့်အလေးပြုလိုက်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သောပထမ ပင်လုံညီလာခံ၏ ရလဒ်မှာ အမျိုးသားများပြန်လည်သင့်မြတ်ခဲ့ကြပြီး ဒီစုစည်းမှုအင်အားနဲ့
နယ်ချဲ့လက်အောက်မှလွတ်မြောက်စေခဲ့တယ်။ယခုလာမဲ့ဒုတိယပင်လုံညီလာခံကြီးအောင်မြင်စွာကျင်းပနိုင်ခဲ့မယ်ဆိုယင်
အမျိုးသားပြန်လည်သင့်မြတ်ရေးကိုရရှိစေပြီး တိုင်းပြည်ရဲ့အဓိကပြဿနာများကိုလဲအောင်မြင်စွာဖြေရှင်းပေးနိုင်မှာမလွဲပါ။
ဒါ့အပြင်ဒီညီလာခံကြီးမှပေါ်ထွက်လာသောစုစည်းမှုအင်အားကြောင့် ပြည်သူများစစ်အာဏာရှင်လက်အောက်မှလွတ်မြောက်ကြတော့မှာ
ဧကန်အမှန်မလွဲပါ ။ ထို့ကြောင့် ယခုအချိန်မှာ ခေါင်းဆောင်ကြီးများရဲ့အမြှော်အမြင်ကြီမားပြီး မှန်ကန်တိကျစွာဦိးဆောင်မှုအောက်မှာ
တသွေမတိမ်းလိုက်နာစုစည်းကြဖို့အထူးလိုအပ်နေပြီဖြစ်ကြောင်းကျနော်တိုက်တွန်းအပ်ပါတယ်။
ဒီဒုတိယပင်လုံညီလာခံကြီးဟာ တချို့ပုဂ္ဂိုလ်များတောင်းဆိုနေကြသော စင်ပြိုင်အစိုးရ ၊ ကြားဖြတ်အစိုးရ ထက်အဆပေါင်းများစွာ
အင်အားကြီးလှပါတယ်။ သမိုင်းစဉ်အရလဲမှန်ကန်တိကျပါတယ်။ တိုင်းပြည်မှာနှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့ ၊ဖြစ်ပွားဆဲ ဖြစ်သော
ပြည်တွင်းစစ် နှင့် တခြားခက်ခဲနက်နဲသောပြဿနာများကိုဖြေရှင်းနိုင်တဲ့ တခုတည်းသောအဖြေဘဲဖြစ်ပါတယ်။ အခုအချိန်မှာ
လူတော်တော်များများတွေဝေ ဒွိဟဖြစ်နေကြတဲ့ ရွေးကောက်ပွဲပြီးယင် ဘယ်လိုဆက်လုပ်ကြမလဲ ဆိုတဲ့ မေးခွန်းကို
အမြှော်အမြင်ကြီးမားသောခေါင်းဆောင်များက ဘာဆက်လုပ်ရမလဲဆိုတာကို ဖြေကြားမီးမောင်းထိုးပြလိုက်ပြီး
ဖြစ်ပါတယ်။ ဒါကြောင့် ဒီဒုတိယ ပင်လုံညီလာခံကြီးအောင်မြင်ဖြစ်မြောက်ဖို့အတကွ် ပြည်သူအားလုံး ပြည်တွင်း ပြည်ပ မကျန်
ဝိုင်းဝန်းပါဝင်လုပ်ဆောင်ကြရမှာကလွဲလို့တခြားနည်းလမ်းမရှိတော့ပါ ။
NLD ခေါင်းဆောင်များနှင့် တိုင်းရင်းသားခေါင်းဆောင်များဟာ ဒုတိယပင်လုံညီလာခံအဆင့်ကို ကြုံသလို ၊
ထင်သလို အလွယ်တကူ စဉ်းစားပြီး လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပါ ။ စနစ်တကျ စီစဉ်လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပါတယ်။
နိုင်ငံရေးကို တဆင့်ချင်း အဆင့်ဆင့် သွားခဲ့ကြခြင်းဖြစ်ပါတယ် ။
၁၉၈၈ နောက်ပိုင်း သူတို့ရဲ့အဆင့်ဆင့်လုပ်ဆောင်လာမှုကို ပြန်ကြည့်ယင်ထင်ရှားစွာတွေ့မြင်ပါလိမ့်မယ် ။
နိဂိဂုံုးံး
ဒီဒုတိယပင်လုံညီလာခံ သည်သာ စစ်အာဏာရှင် ကိုထိုးနှက်နိုင်သော တခုတည်းသော လက်နက် ဖြစ်တယ်။
စစ်အာဏာရှင်ကို တုန်လှုပ်စေသော တခုတည်းသော အဖြေဖြစ်တယ်။
မကြာခင်မှာ နံပါတ် ၅ အဆင့် ရှိသော နိုင်ငံရေးမုန်တိုင်းကြီးသည် နေပြည်တော်သို့ ရွေ့ရွေ့ နဲ့ ရွေ့လျှားတိုက်ခတ်တော့မည်ဖြစ်ကြောင်း
အသိပေးအကြောင်းကြားလိုက်ပါတယ်။
ဒုတုတုတိယိယိယပင်လ်လ်လုံညုံညုံညီလီလီလာခြံြံကြီးီးးမုခုခုချအောင်ြ်ြ်မြင်ရ်ရ်ရမည်
ခေါင်းဆောင်ကြီးများကိုရိုသေလေးစားစွာဖြင့်
သန်းဝင်း
( ၈၈ မျိုးဆက်ကျောင်းသား )
China campaigning against international probe of possible war crimes in Burma
By Colum Lynch
Washington Post Staff Writer
Monday, October 25, 2010; 6:28 PM
Monday, October 25, 2010; 6:28 PM
The Chinese government has launched a high-octane diplomatic campaign during the past two months aimed at thwarting the Obama administration's plan to back an international probe into possible war crimes by Burma's military rulers.
The Chinese effort - which includes high-level lobbying of top U.N. officials and European and Asian governments - has taken the steam out of the U.S. initiative, which was designed to raise the political costs to Burma's military junta for failing to open its Nov. 7 elections to the country's political opposition.
A senior U.S. official was pessimistic about the current prospects for securing international support for a war crimes probe and made it clear that Washington had no immediate plans to introduce a proposal to establish one. "We have been and continue to consult with others," said the official, who requested anonymity because the source was not authorized to speak publicly on the matter. "It's on the list of things that are good ideas that we want to discuss and explore."
Liu Yutong, a spokesman for the Chinese mission at the United Nations, did not respond to a request for comment.
"There is a pattern of gross and systematic violation of human rights which has been in place for many years and still continues," the U.N. special rapporteur for human rights in Burma, Tomas Ojea Quintana, wrote in a March report, saying such crimes could amount to war crimes or crimes against humanity. "There is an indication that those human rights violations are the result of a state policy."
The United States outlined its plan to support Quintana's appeal for a war crimes inquiry against senior Burmese officials, including Burma's top military ruler Than Shwe, in August interviews with Foreign Policy magazine and The Washington Post. The decision reflected frustration that U.S. officials' effort to engage the regime had failed to produce democratic reforms or the release of political prisoners, including Nobel laureate Aung San Suu Kyi, who serves under house detention.
At the time, a senior U.S. official said the United States anticipated the effort could take years, comparing it to the decades-long struggle to hold Khmer Rouge leaders accountable for mass killings in Cambodia in the 1970s. The most likely method for pursuing the creation of a commission of inquiry is through the passage of resolutions at the U.N. General Assembly's human rights committee, which is now in session, or the U.N. Human Rights Council, which will convene early next year.
Washington could also appeal to U.N. Secretary General Ban Ki-moon to do it under his own authority - although Ban, who is seeking reelection, is unlikely to pursue the proposal without broader support for it in the Security Council.
But the United States has pursued a highly cautious diplomatic strategy, merely sounding out top U.N. officials and potential allies about their willingness to support the prosecution of top Burmese officials, but not offering a clear plan on how to do it, these officials said. So far, Washington has garnered little public support for the initiative from Asian and European governments or the U.N. leadership.
China, meanwhile, has forcefully urged European and Asian countries and the U.N. leadership to oppose the measure on the grounds that it could undermine Burma's fragile political transition, according to diplomats and human rights advocates. Just days after the United States signaled support for the war crimes commission, China's U.N. ambassador, Li Baodong, paid a confidential visit to Ban's chief of staff, Vijay Nambiar, to make his opposition clear: The U.S. proposal, he said, was dangerous and counterproductive, and should not be allowed to proceed, three U.N.-based sources familiar with the exchange told The Post.
"What we are seeing is the Chinese practicing American-style diplomacy and the Americans practicing Asian-style diplomacy," said Tom Malinowski, the Washington-based director of advocacy for Human Rights Watch. "The Chinese are making it clear what they want, and they are using all the leverage at their disposal to get what they want. And the Americans are operating in this hyper-consensual, subtle, indirect way that we associate with Chinese diplomacy."
Malinowski said the problem is less about Chinese or Russian opposition, which was to be expected, so much as a failure of U.S. leadership. "One should recognize why the Chinese are against this: They recognize it would be a consequential measure," he said. "If you allow Chinese opposition to deter you, then what you are saying is that you are only going to take steps on Burma that are inconsequential."
In the first major test of the U.S. strategy, the annual debate on human rights at the General Assembly, the Obama administration was the only country that explicitly called for consideration of a commission of inquiry - although Britain, the Czech Republic and Slovakia signaled support for holding human rights violators accountable for crimes.
"After carefully considering the issues, the U.S. believes that a properly structured international commission of inquiry that would examine allegations of serious violations of international law could provide an opportunity for achieving our shared objectives of advancing human rights there," said Rick Barton, the U.S. ambassador to the U.N. Economic and Social Council, told members of the General Assembly's Third Committee, which deals with human rights.
In contrast, China, Russia, Singapore and other members of the Association of Southeast Asian Nations voiced firm opposition to the proposal. A report by Ban to the General Assembly on Burma's human rights record made no reference to the controversial proposal.
The senior U.S. official said it was unlikely that the General Assembly's human rights committee would address war crimes in a resolution drafted by the European Union that will be considered next month. "We don't run the resolution in the General Assembly. So that's not our call. My sense is there is not much momentum right now in the General Assembly to add this new element to the resolution. But the dynamics could change over time."
No comments:
Post a Comment