Friday, October 15, 2010

Khitpyaing update 15/10/2010

အန်အယ်လ်ဒီ တရားဝင် ရပ်တည်လျက်ရှိကြောင်း ကြေညာချက် ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီသည် တရားဝင် နိုင်ငံရေးပါတီတရပ်အဖြစ် ဆက်လက် ရပ်တည်နေဆဲဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ကာ ပြည်နယ်နှင့် တိုင်းအသီးသီးရှိ ပါတီဝင်များအား ယမန်နေ့၌ အသိပေးအကြောင်းကြားလိုက်သည်။

အန်အယ်လ်ဒီကို မတရားအသင်း ကြေညာလိုက်သည့်အပေါ် အန်အယ်လ်ဒီက စစ်အစိုးရအား တရားစွဲဆိုခဲ့ရာတွင် ဗဟိုတရားရုံးချုပ်က လက်ခံခဲ့ပြီး မှတ်ပုံတင်ခွင့် ပေးခဲ့ခြင်းကြောင့် ဥပဒေကြောင်းအရ ၎င်းတို့ပါတီ ပျက်ပြယ်သွားခြင်း မရှိသေးကြောင်း အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားသည်။

"အန်အယ်လ်ဒီဟာ ဥပဒေအရ ပျက်ပြယ်ခြင်း မရှိဘူး၊ ဆက်လက် ရပ်တည်နေတယ်ဆိုတာ ဥပဒေအချက်အလက်များပေါ်မှာ အခြေခံပြီး တရားစွဲတင်ထားတာပါ။ စစ်အစိုးရကို ကျနော်တို့ပါတီ အဲဒီလို တရားစွဲတာကို ဗဟိုတရားရုံးက လက်ခံတယ်။ မှတ်ပုံတင်ခွင့် ပေးခဲ့တယ်။ ဒါဟာ တရားစီရင်ရေးလမ်းကြောင်းအရ ရှေ့ဆက်သွားနေတာ ဖြစ်တယ်။ ဒါကြောင့် တရားစွဲဆိုထားတဲ့ ကာလတလျှောက်မှာ အန်အယ်လ်ဒီပါတီ တရားဝင် ရပ်တည်နေဆဲ ဆိုတဲ့ သဘောကို ပါတီဝင်တွေ သိအောင် အကြောင်းကြားတာ ဖြစ်တယ်" ဟု ဦးဉာဏ်ဝင်းက ခေတ်ပြိုင်သို့ ပြောသည်။

အနာဂတ် ပြည်နယ်/တိုင်း ဝန်ကြီးချုပ်များ ရွေးချယ်ပြီး

ယနေ့အချိန်ထိ ရွေးကောက်ပွဲ မကျင်းပရသေးသော်လည်း စစ်အစိုးရက လာမည့် အနာဂတ် အစိုးရအဖွဲ့အတွက် သက်ဆိုင်ရာ ပြည်နယ်/တိုင်း ဝန်ကြီးချုပ်လောင်းများ ရွေးချယ်ပြီးဖြစ်ကြောင်း နေပြည်တော် စစ်ဌာနချုပ်မှ စစ်အရာရှိတဦးက ပြောသည်။

"နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲအတွက် မဲဆွယ်ကြ၊ အငြင်းတွေ ပွားကြနဲ့ ကျနော်တို့ ခေါင်းဆောင်တွေကတော့ လာမယ့် အစိုးရအဖွဲ့အတွက် အရေးကြီးရာထူးတွေ ရွေးချယ်ပြီးနေပြီ။ ပြည်နယ်/တိုင်း ဝန်ကြီးချုပ်တွေအဖြစ် ရန်ကုန်တိုင်းမှာ ဒု-ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေ၊ မန္တလေးတိုင်းအတွက် ဒု-ဗိုလ်ချုပ်ကြီးဟောင်း ရဲမြင့်၊ စစ်ကိုင်းတိုင်းအတွက် ဒု-ဗိုလ်ချုပ်ကြီးသာအေး၊ တနင်္သာရီတိုင်းအတွက် ဒု-ဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်၊ မွန်ပြည်နယ်အတွက် ကာကွယ်ရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်ဟောင်းအေးမြင့် အပါအဝင် အားလုံး ရွေးပြီးနေပြီ" ဟု တိုင်းဝန်ကြီးချုပ်လောင်းတဦး၏ ကိုယ်ရေးအရာရှိဖြစ်သူ အဆိုပါ စစ်အရာရှိက ပြောသည်။

ရွေးကောက်ပွဲအပြီးလွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ်များနှင့် ကြံ့ဖွံ့ကိုယ်စားလှယ်များသာ နေရာအများစု ယူထားမှာဖြစ်ပြီး ၎င်းတို့တင်သည့် သမ္မတလောင်းသာလျှင် သမ္မတ ဖြစ်မှာ သေချာနေကြောင်းလည်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတဦးက ပြောသည်။

ရွှေ့ပြောင်း အလုပ်သမားများထံမှ ငွေထပ်မံ ကောက်ဦးမည်

၂၀၁၀ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့စွဲဖြင့် ထိုင်းအလုပ်သမားဝန်ကြီး ချလာမ်ချား စီအော်န် လက်မှတ်ရေးထိုးထားသော ပြန်တမ်းထုတ်ပြန်ချက်အရ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများထံမှ "နိုင်ငံခြားသား ပြန်လည်ပို့ဆောင်ရေး ရန်ပုံငွေ" ဟုဆိုကာ ရန်ပုံငွေ ထပ်မံကောက်ခံဦးမည်ဟု သိရသည်။

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ (၁၃) ရက်တွင် တရားဝင်ထုတ်ပြန်ခဲ့သော "နိုင်ငံခြားသား အလုပ်သမားဥပဒေ" ၏ အခန်း(၂) အပိုဒ် (၂၉ မှ ၄၀) အရ အစိုးရပြန်တမ်း ထုတ်ပြန်ရေးဌာနမှ ထုတ်ပြန်မှုကို အလုပ်သမားဝန်ကြီးက လက်မှတ်ရေးထိုးခြင်းဖြစ်သည်။

သို့အတွက် ရွှေ့ပြောင်း အလုပ်သမားများသည် မှတ်ပုံတင်ကြေး၊ ဆေးစစ်ခ၊ ကျန်းမာရေးဝန်ဆောင်ခ၊ ယခုပြုလုပ်နေသော ယာယီနိုင်ငံကူးလက်မှတ်ခ၊ ပြည်ဝင်ခွင့်ဗီဇာကြေး၊ အလုပ်လုပ်ခွင့်ပါမစ်ကြေးတို့အပြင် ယခုရန်ပုံငွေကိုလည်း ပေးဆောင်ရတော့မည်ဖြစ်သည်။



Read more..
http://www.khitpyaing.org


 


 

၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကာတွန်းကမ်ပိန်း

Posted: 14 Oct 2010 09:10 AM PDT

ရန်ကုန်တိုင်းအတွင်း ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားနေသော ကျောင်းသားလူငယ်များအင်အားစုမှ ယနေ့ညဦးပိုင်းက ရန်ကုန်တောင်ပိုင်ခရိုင်အတွင်းမှာရှိတဲ့ ကျေးရွာတွေမှာ ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုတွေပြုလုပ်ခဲ့ကြပါတယ်။



ဒီနေ့သူတို့ ဖြန့်ဝေခဲ့တဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေး ကာတွန်းတွေကို ရန်ကုန်တောင်ပိုင်းခရိုင်က ကျေးရွာတွေဖြစ်တဲ့ ဘုရားကုန်း၊ကညင်ပင်၊ ဘုရားကုန်း၊ ကွမ်းခြံကုန်း၊ လက်ယက်စမ်း၊ တားမလုံ၊ အောင်ချမ်းသာ၊ အေးသာယာ၊ အေးမေတ္တာ၊ ရုံးသပြေကန် နှင့် မင်းဂလွန်းစသော ကျေးရွာများတွင် ဖြန့်ဝေခဲ့ကြောင်းသိရသည်။



အဆိုပါ လှုပ်ရှားမှုကို ဦးဆောင်ပါဝင်ခဲ့တဲ့ ကိုရန်နိုင်က ကျေးရွာတွေမှာသူတို့လုပ်ရတဲ့ ရည်ရွယ်ချက်ကိုပြောပြသည်။

"ကျနော်တို့အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကမ်ပိန်းအမျိုးမျိုးကို ရန်ကုန်တိုင်းအတွင်းမှာ ပုံစံအမျိုးမျိုးနဲ့လုပ်ခဲ့ပြီးဘီလေ။ ဒါပေမဲ့ ကျေးလက်နေပြည်သူတွေကို ပစ်မှတ်ထားပြီး ဆောင်ရွက်တဲ့ လှုပ်ရှားမှုမျိုးက မလုပ်ရသေးဘူးဗျ။ သူတို့အနေနဲ့ စားဝတ်နေရေး အခက်အခဲကရှိနေတာကတကြောင်း လယ်ယာလုပ်ငန်းခွင်မှာ အချိန်ကုန်နေရတာကတကြောင်းကြောင့် ရွေးကောက်ပွဲဆိုတာ စိတ်ဝင်စားမှုမရှိကြဘူး ဒါ့ကြောင့် သူတို့ စိတ်ဝင်စားမဲ့ ကာတွန်းဟန်လေးရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ရုပ်ပြောင်ကာတွန်းတွေကို ဖြန့်ဝေရတာပါ " ဟုဆိုသည်။



ဒီလှုပ်ရှားမှုတွေကို နယ်မြေခံ အန်အယ်လ်ဒီရပ်ကျေးအဖွဲ့ဝင်တွေက ပူးပေါင်းပါဝင်ကူညီပြီး တက်ကြွကျောင်းသားလူငယ်တွေက ရွာထိပ် လျှပ်စစ်ဓါတ်အားပေးတိုင်တွေ၊ ရေအိုးစင်တွေ၊ ဗီဒီယိုရုံတွေနဲ့ လူသွားလူလာများတဲ့ နေရာတွေမှာ ဖြန့်ဝေခဲ့ကြောင်းပြောပြသည်။



သူတို့အနေနဲ့ ကျန်ရှိတဲ့ ကျေးရွာတွေကို ကွင်းဆင်းပြီး ရွေးကောက်ပွဲ မဲမပေးရေးနဲ့ ဆန့်ကျင်သပိတ်မှောက်ရေးတွေကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရပါသည်။



Rest of your postအညာနွေတမာမြေ



သာယာဝတီမှာ ကြံ့ဖွတ်တွေကို ဆန့်ကျင်

Posted: 14 Oct 2010 02:04 AM PDT

ပဲခူးတိုင်း သာယာဝတီနယ်မှာ ကြံ့ဖွတ်ပါတီက အကျီင်္တွေဝေပြီး ပါတီစည်းရုံးရေးဆင်းတာတွေ ဘုန်းကြီးကျောင်းတွေမှာ စည်းရုံးဟောပြောခွင့်ကို ပိတ်ပင်ထားလျှက်နဲ့ ၀င်ရောက်ဟောပြောနေတာတွေနဲ့ နယ်ခံလူမိုက်တွေကို ပါတီဝင်အဖြစ်စည်းရုံးပြီး ခြင်္သေ့ကိုပဲ မဲထည့်ရမယ်လို့ ဖိအားပေးပြောဆိုတာကြောင့် နယ်မြေခံလူငယ်တွေဟာ မကျေမနပ်ဖြစ်ပြီး စစ်အစိုးရ ဆိုင်းဘုတ်တွေနဲ့ ကြံ့ဖွတ်ဆိုင်းဘုတ်တွေမှာ ဆန့်ကျင်ရေးစာသားတွေကို မှုတ်ဆေးအနီနဲ့ ဒီကနေ့မနက်မှာ ရေးခဲ့ကြပါတယ်။

ပဲခူးတိုင်း သုံးဆယ်မြို့နယ်နဲ့ သာယာဝတီမြို့ အလယ်ဘုတ်ကွင်း ၊ခယကရုံး ၊ သာယာဝတီအ၀ိုင်းကွေ့နဲ့ ဖိုးခေါင်သွားလမ်းခွဲတွေက အစိုးရဆိုင်းဘုတ်တွေမှာ ကြံ့ဖွတ်ကို ဆဲရေးတိုင်းထွာထားတဲ့ ခပ်ကြမ်းကြမ်းစကားလုံးတွေနဲ့ ဆေးနီတွေရေးကြတယ်။

နယ်မြေခံအာဏာပိုင်တွေက လိုက်လံဖျက်နေပေမဲ့ ရေးထားတဲ့အရာတွေကတော့ အထင်းသားကျန်နေသေးတယ်လို့ မြို့ခံတွေကပြောပြပါတယ်။ သာယာဝတီပန်းကန်စက်ထဲက ၀န်ထမ်းတွေကိုလည်း ကြိုတင်မဲတွေ ရယူနေတယ်လို့သိရပါတယ်။

ရှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့က ရယက ဥက္ကဌတဦးဟာ ကြံ့ဖွတ်အတွက် စည်းရုံးရေးဆင်းတယ်ဆိုပြီး အမည်မသိ သေနတ်သမား ၂ဦးက ပစ်ခတ်သွားတဲ့အတွက် ဥက္ကဌသေဆုံးသွားတယ်လို့ ဧရာဝတီသတင်းမှာ တွေ့ရပါတယ်။ ရန်ကုန်တိုင်း သန်လျှင်မြို့မှာလည်း ကြံ့ဖွတ်ပါတီကိုယ်စားလှယ် တယောက် အရိုက်ခံခဲ့ရပါတယ်။

ရွေးကောက်ပွဲ မကြိုက်တာနဲ့ ကြံ့ဖွတ်တွေဘ၀ မချောင်လှပါလား။ ဒါ့ထက်ဆိုးရွားမလာဘူးလို့ ဘယ်သူပြောနိုင်လဲ။ နအဖ သက်ဆိုးရှည်အောင် ကူညီအားပေးနေတဲ့ ဒေါက်တိုင်တွေအားလုံးကိုတော့ ရိုက်ချိုးသင့်ပါတယ်။ အဓိက ခေါင်းဆောင် ဘောင်းဘီချွတ်ကြီးတွေကို ထိရောက်အောင် ပညာပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ



အညာနွေတမာမြေ


 

ထိပ်တန်းသတင်း

ချီလီ သတ္တုတွင်းလုပ်သားများ ထင်ရှားကျော်ကြားလာ


မြေအောက်မှာ ၂ လကျော် ပိတ်မိပြီး လွတ်မြောက်လာကြတဲ့ ချီလီ သတ္တုတွင်း လုပ်သားတွေဟာ ဘ၀သစ်စတင်ဖို့ အဆင်သင့် ဖြစ်နေကြပါပြီ။


ပြင်သစ် အငြိမ်းစားစီမံကိန်း ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်နေရ


အငြိမ်းစားယူရမယ့် အသက်အရွယ်ကို ၆၀ ကနေ ၆၂ နှစ်အထိ တိုးမြှင့်လိုက်တဲ့အတွက် ပြင်သစ်နိုင်ငံမှာ ဆန္ဒပြနေကြပါတယ်။


အိန္ဒိယဆင်ရိုင်းများ သေဆုံးမှု စုံစမ်းစစ်ဆေးမည်


အိန္ဒိယနိုင်ငံမှာ မကြာသေးခင်က ဆင်ရိုင်းတွေ သေဆုံးမှုကို စုံစမ်းစစ်ဆေးဖို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးက ညွှန်ကြားလိုက်ပါတယ်။


သတ္တုတွင်း လုပ်သားတွေရဲ့ စိတ်ဓာတ်ခိုင်မာမှု ချီလီသမ္မတ ချီးကျူး


ချီလီနိုင်ငံက အရေးပေါ် ကယ်ဆယ်ရေး အလုပ်သမားတွေဟာ မိုင်းလုပ်သား ၃၃ ယောက်စလုံးကို ကယ်တင်လိုက်နိုင်ပါပြီ။


တရားစွဲဆိုထားသည့် ကာလ NLD ပါတီ ရပ်တည်မှု ပျက်ပြယ်ခြင်းမရှိ


NLD ပါတီဟာ ဥပဒေကြောင်းအရ တရားဝင် ဒီကနေ့အထိ ဆက်ပြီး ရပ်တည်နေတုန်းပဲ ဆိုတဲ့အကြောင်း ပါတီအတွင်း ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။


တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်မှု အခက်အခဲမျိုးစုံ ရင်ဆိုင်ရ


ရွေးကောက်ပွဲဝင်မယ့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေဟာ တခြားပါတီတွေလိုပဲ အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။


ထိုင်း ငါးဖမ်းပိုက်စက်ရုံ မြန်မာအလုပ်သမားတွေနဲ့ အလုပ်ရှင်တို့ အခြေအနေတင်းမာ


ဒေချာဖန်းနစ် ငါးဖမ်းပိုက်ကွန်စက်ရုံက မြန်မာအလုပ်သမားတွေကို အလုပ်သမား လက်မှတ်တွေ ပယ်ဖျက်လိုက်ကြောင်း ပြောဆိုပြီး မောင်းထုတ်ခဲ့ပါတယ်။


ချီလီ သတ္တုတွင်း လုပ်သားအားလုံး လွတ်မြောက်ပြီ


မြေအောက်ထဲမှာ ၂ လကျော်ကြာ ပိတ်မိနေတဲ့ ချီလီသတ္တုတွင်းတူး အလုပ်သမား ၃၃ ယောက်ကို ကယ်ဆယ်ရေး လုပ်သားတွေက ကယ်တင်နိုင်လိုက်ပါပြီ။


စစ်တပ်နဲ့ DKBA မြ၀တီမှာ ထိပ်တိုက်တွေ့


မြ၀တီနဲ့ အနီးတ၀ိုက်မှာ တပ်စွဲထားတဲ့ DKBA ၉၀၂ တပ်ရင်းနဲ့ စစ်အစိုးရတပ်တွေ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တဲ့ အခြေအနေ ရောက်နေပါတယ်။


သတင်းဆင်ဆာ ဖျက်သိမ်းဖို့ တရုတ် အရာရှိဟောင်းများ တောင်းဆို


တရုတ်အစိုးရ အနေနဲ့ သတင်းဆင်ဆာ ဖြတ်တောက်မှုတွေကို ဖျက်သိမ်းဖို့နဲ့ အငြိမ်းစား တရုတ်အစိုးရ အရာရှိတစုက တောင်းဆိုလိုက်ပါတယ်။

ဆက်ရန်


 

 
 

http://bamakyel.wordpress.com/
(ဗမာ့ကြယ်စာအုပ်စင်)ဖိုင် ၅၅၀ တင်ထားပါသည်

 http://hninyulwin.wordpress.com/books/

http://hninyulwin. wordpress. com/

http://www.livestat ion.com/channels /66-democratic_ voice_of_ burma_burmese

http://www.niknayma n-niknayman. co.cc/

http://www.myanmardaily.net/  

ကဏ္ဍစုံ
(အချိန်နှင့်တပြေးညီ)

Recent Burmese News – 101015

 
 

Please sign up

http://www.avaaz.org/en/jail_the_generals/?cl=293661704&v=3762


http://wn.com/Oppose_Burma's_Sham_Election


 
 

Photo Slide Show of rescue of 33 trapped miners in Chile


Myanmar junta blames ethnic Kachins for blast


Reportlinker Adds Oil and Gas Pipelines Industry Outlook in Asia Pacific to 2014 - Details of Operat


Editor faces 13 years behind bars


Malaria stalks Myanmar's poor as healthcare crumbles


Suspect in violent robbery of writer's widow charged


DPP leaves alliance after NDF takes crony funds


Palaung women's group marks decade of service


Burmese Tycoon Buys the Kandawgyi Palace Hotel


Zarganar in Good Health, Says Rangoon Journal


Myanmar democracy fight polls apart - Clifford McCoy

.

Business associations ease way for members to enter parliament - Kyaw Hsu Mon


The general versus the teenage prisoner - Wai Moe


Mandalay dam water leaves 2,500 homeless, cuts roads - Salai Han Thar San


Economic expertise needed in Hluttaws: analysts, politicians


F&R Minister attends IMF, WB meetings


How to keep the flame of democracy burning


As vote nears, moods range from disdain to determination - Yan Paing


Kachin court clears Yuzana tycoon - Nang Kham Kaew


THAILAND - MYANMAR Victims of exploitation and abuse, Burmese immigrants are essential for Thailand's economy


Bay of Bengal generates fresh storm, bureaus say


Mr. Surin Pitsuwan’s dream of Burma will not come true


 
 

ဗမာ့ကြယ်ကွန်ယက်စာအုပ်စင်

ကဏ္ဍစုံ (အချိန်နှင့်တပြေးညီ)

VDO messages for appeal to UN security council


၂၀၁၀ ရွေးကောက်ပွဲ နွဲလိုက်ကြစို့ ဝုန်းဒိုင်းကြဲ


နားဆင်ရန်


အဆုံးသတ်တိုက်ပွဲ နွှဲကြဖို့


နားဆင်ရန်


သတ္တိရှိရှိ ရင်ဆိုင်ကြပါ

နားဆင်ရန်

စစ်ကျွန်ဘဝ သွတ်သွင်းမယ့်ပွဲ

နားဆင်ရန်

စစ်ဘုရင်တွေ အာဏာမြဲရေးအတွက်

နားဆင်ရန်

အယ်ဒီတာတွေ ပြောတဲ့ရွေးကောက်ပွဲ – ပေါင်းချုပ်(၂၀၁၀၁၀၀၉)

၂၀၀၈ ခုနှစ် မြန်မာပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးသပ်အကဲဖြတ်ချက် – Yash Ghai

The 2008 Myanmar Constitution: Analysis and Assessment

U WIN TIN on YouTube


 
 

ပူးပေါင်းဆန့်ကျင်ဖို့ အချိန်မနှောင်းသေး

နားဆင်ရန်

စစ်အာဏာရှင်သက်ဆိုးရှည်မယ့် ရွေးကောက်ပွဲ ဆန့်ကျင်ကြစို့


နားဆင်ရန်


သိက္ခာမရှိတဲ့ပါတီနဲ့ ကင်းကင်းနေတာ ကောင်းတယ်


နားဆင်ရန်


 
 

တရားစွဲဆိုထားသည့် ကာလ NLD ပါတီ ရပ်တည်မှု ပျက်ပြယ်ခြင်းမရှိ


အန်အယ်လ်ဒီ တရားဝင် ရပ်တည်လျက်ရှိကြောင်း ကြေညာချက် ထုတ်ပြန်

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ်များ ဆေးနီပက်ခံရ


NLD တရားဝင်ရပ်တည်နေကြောင်း ပါတီဝင်များကို အကြောင်းကြား


NLD နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ရွေးကောက်ပွဲ သဘောထား ဆွေးနွေး


ရွေးကောက်ပွဲ အသိအမှတ်မပြုရေး နယူးဇီလန်အမတ်များကို မြန်မာဆရာတော် တိုက်တွန်း


မြန်မာ့အရေး နယူးဇီလန်ပါလီမန်မှာ ကြားနာ


ကြံ့ခိုင်ရေးပါတီဝင်များ မိုးကြိုးပစ်ခံရ


ဝေဖန်သူ တပ်သားကို တပ်ရင်းမှူးက အသေပစ်သတ်ပြီး ကိုယ်ဝန်ဖြင့် ကျန်ခဲ့သူ ဇနီးကို တပ်ရင်းမှ နှင်ထုတ်


မေတ္တာနဲ့ ခတ်ထားတဲ့ သော့ခလောက်


ဂုဏ်ယူတယ်


ချင်းမိုင်က မြန်မာခေတ်ပြိုင် ပန်းချီပြပွဲ


"အမှိုက်ထဲက ရွှေမြန်မာများ"


မူးယစ်ဆေးဝါးအား အဓိကရန်သူထား ချေမှုန်းသွားရန် KIO ကြေငြာချက် ထုတ်ပြန်


ရွှေ့ပြောင်း အလုပ်သမားများထံမှ ငွေထပ်မံ ကောက်ဦးမည်

တဖက်သတ်အချစ်ဟာ ဆိုးပါသည်

KIA ကို သောင်းကျန်းသူဟု ပြန်ခေါ်


စီစဉ်သူ မသေချာမှုကြောင့် အနုပညာရှင်များ ပွဲဖျက်


လူ့အခွင့်အရေး ညီလာခံတွင် နိုင်ငံရေး အကျဉ်းသားအရေး အဓိက ဆွေးနွေး


မြေသိမ်းအမှုတွင် ယုဇန ဦးဌေးမြင့်ကို ချန်လှပ်


ကမ္ဘာ့ရွှေဈေးကြောင့် မြန်မာ့ရွှေဈေးလည်း စံချိန်တင်ထိုးတက်


ဧရာဝတီ ရွေးကောက်ပွဲ ကာတွန်းများ ကျေးရွာများတွင် ဖြန့်


မြို့တော်ဝန်ကို လူငယ် နိုင်ငံရေး အကျဉ်းသားဟောင်း စိန်ခေါ်


အစာအဆိပ်သင့်စေသည့် ကြိတ်ခွဲမှုန့်များ ပြည်တွင်း၌ ရောင်းချနေ

ဆန္ဒပြ မြန်မာအလုပ်သမားများ ထိုင်းစက်ရုံမှ ထွက်ခွာ


လူ့ဘောင်သစ် ပါတီ ၂၂ နှစ်မြောက် အခမ်းအနား ကျင်းပ


ထိုင်း ငါးဖမ်းပိုက်စက်ရုံ မြန်မာအလုပ်သမားတွေနဲ့ အလုပ်ရှင်တို့ အခြေအနေတင်းမာ


ကန္တာရဝတီ အယ်ဒီတာကို ထောင်ဒဏ် ၁၃ နှစ်ချ


ပြည်သူ့စစ် ငှားရန်အတွက် စစ်တပ်က ဒေသခံထံ ငွေတောင်း


ဘတ်စ်ကားမှောက် ချင်းလူငယ် ၃ ဦး သေဆုံး


ကိုးကန့်လူထုအား KDUP ပါတီက မဲစာရွက်နမူနာဖြင့် မဲခြစ်နည်း သင်ပေး


အနာဂတ် ပြည်နယ်/တိုင်း ဝန်ကြီးချုပ်များ ရွေးချယ်ပြီး

တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်မှု အခက်အခဲမျိုးစုံ ရင်ဆိုင်ရ


သတ္တုတွင်း လုပ်သားတွေရဲ့ စိတ်ဓာတ်ခိုင်မာမှု ချီလီသမ္မတ ချီးကျူး


မဲဆန္ဒရှင်များ လွတ်လပ်စွာ မဲပေးခွင့်ရှိဟု ကရင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ပြော


ထိုင်းက ပြန်ပို့မည်ကို မြန်မာ အတိုက်အခံများ ဝေဖန်


အိန္ဒိယဆင်ရိုင်းများ သေဆုံးမှု စုံစမ်းစစ်ဆေးမည်


ပြင်သစ် အငြိမ်းစားစီမံကိန်း ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်နေရ


ချီလီ သတ္တုတွင်းလုပ်သားများ ထင်ရှားကျော်ကြားလာ


လွတ်မြောက်လာသည့် ချီလီမိုင်းလုပ်သားများကို ဘောလုံးလောကမှ ဖိတ်ခေါ်မှုများ ပြည့်နှက်နေ


--
all the best
mmhk


 

အားလုံးသို့

ယနေနံနက် ၁၁ နာရိ ၅၀ မိနစ် (အနောက်ဖက် သြစတျေးလျအချိန်) တွင် Perth မြို့ ရဲ့ နယ်ပိုင် ထောက်လှမ်းရေးမှုး Mr Glenn Lammonby (Detective Snr Constable) မှ ဖုန်းဆက်အကြောင်းကြားပါတယ်။ ခန့်စည်သူတစ်ယောက် သူကိုယ်တိုင် Perth ကို မလာချင်တဲ့အတွက် မလာတော့ပါကြောင်းပြောပါတယ်။

ဒါ့ကြောင့်...ကျနော်တို့ရဲ့ ဆန္ဒပြဖို့ကိစ္စကိုလည်း တရားဝင် နောက်ဆုတ်ကြောင်း အကြောင်းပြန်ကြားပါတယ်။ ဒီကိစ္စနဲ့ပက်သက်ပြီး တဦးနှင့်တဦး အထင်အမြင်လွဲမှုများ၊ စိတ်ဝမ်းကွဲမှုများမဖြစ်ကြပါနဲ့လို့ ကြိုတင်တောင်းပန်အပ်ပါသည်။ ကူညီသူအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။

ကျနော်တို့အားလုံး အမိမြန်မာပြည်အတွက် အလုပ်လုပ်ကြတာဖြစ်တဲ့အတွက် အားလုံးနားလည်မှာပါ။ ကိုခန့်စည်သူအနေနဲ့ နောက်နောင် မိမိတက်ကျွမ်းတဲ့ပညာနဲ့ ပြည်သူကိုလမ်းလွဲအောင်မလုပ်ပါနဲ့လို အသိပေးပါရစေ။

ကျေးဇူးတင်ပါတယ်
ဘုန်းကျော်
၀၄၃၀၄၂၉၆၆၇

တပ်မတော်သား အားလုံး အမှန်တရားကို သိမြင်လာစေရန် အတွက်

Posted: 13 Oct 2010 10:19 PM PDT

        တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို လူတိုင်း ချစ်ခင် လေးစားကြသည်။ ထိုသို့ ဆိုလိုက်၍ ကျွန်တော်ကို အတွေးအခေါ် ဖောက်ပြန် သွားပြီလို့လည်း မထင်ကြပါနဲ့အုံး။ ကျွန်တော် တကယ်တမ်း ဆိုလိုတာက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ပြောတာပါ။ စစ်အာဏာရှင် စနစ်ဆိုး ကြီးကို မွေးမြူပြီး မိုက်လုံးကြီး နေတဲ့ ကာကွယ်ရေး ဦးစီးချုပ်ကို ပြောတာ မဟုတ်ပါဘူး။ ဘာကြောင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို လူတိုင်း ချစ်ခင် လေးစားကြတယ်လို့ ပြောတာလည်း။ အဖြေကို သက်သေ ပြရရင်တော့ ဗိုလ်ချုပ် အောင်ဆန်းကို ပထမဆုံး ဥပမာ ပေးမိတာ အမှန်ပါဘဲ။ ဒီနေ့ ထိတိုင် မြန်မာ နိုင်ငံသားတွေ ချစ်ခင် လေးစားကြတာကို တွေ့မြင် ကြားသိ နေရတုန်းပါဘဲ။ ဗိုလ်ချုပ် အောင်ဆန်းရဲ့ ဓါတ်ပုံ လေးတွေ၊ သူပြောဆို ဆုံးမခဲ့တဲ့ စာသားလေးတွေကို မြန်မာ နိုင်ငံသားတွေ ချစ်ခင်လေးစား နေကြတုန်းဘဲ ဆိုတာကိုတော့ နေရာ အနှံ့အပြားမှာ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။


 

        နောက် တစ်ယောက်က မကြာခင်က စကာင်္ပူကို လာပြီး ဆေးကုသမှု ခံယူသွားတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ် သူရ တင်ဦး။ ဘဘ ဦးတင်ဦး စင်္ကာပူကို ဆေး လာကုမယ် ဆိုတော့ စင်္ကာပူကို မရောက်ခင် ကတည်းက ၀ိုင်းပြီး သတင်း မေးကြတဲ့ လူတွေ မနည်းပါဘူး။ ထို့အတူ ခွဲစိတ် ကုသမှု မလုပ်ခင်မှာလည်း ၀ိုင်းဝန်း ဆုတောင်း ပေးကြတဲ့ လူတွေ၊ ဆေးကုသမှု အောင်မြင်ကြောင်း သတင်းကို တင်ပေးလိုက်တဲ့ အခါ ကမ္ဘာ တ၀ှမ်းမှာ ရောက်နေတဲ့ မြန်မာ လူမျိုးတွေနဲ့ မြန်မာ ပြည်တွင်းက လူတွေ ၀မ်းသာကြောင်း လာပြောကြတာလည်း မနည်းပါဘူး။ မြန်မာ နိုင်ငံသား တွေတင် မကပါဘူး စင်္ကာပူ လူမျိုး တွေကလည်း လေးစား ကြတာပါဘဲ။ မြန်မာ နိုင်ငံသားတွေဟာ သူရဲကောင်းတွေကို ဘယ်လောက် မြတ်နိုး တန်ဖိုး ထားလိုက် သလဲ ဆိုတာ၊ တိုင်းပြည် အကျိုးအတွက် အရင်ကလည်း ဆောင်ရွက် ခဲ့သလို အခု ချိန်မှာလည်း ဆောင်ရွက် နေဆဲ ဖြစ်တဲ့ ဘဘ ဦးတင်ဦးကို စင်္ကာပူရောက် မြန်မာ နိုင်ငံသား တွေက ဂါဝရ ပြုခဲ့ကြတဲ့ အခမ်းအနား မှာလည်း အားလုံး တွေ့မြင်တဲ့ အတိုင်း ပါဘဲ။ ဒါတွေဟာ ဘယ်သူမှ ခိုင်းလို့ လုပ်ကြတာ မဟုတ်ပါဘူး၊ မလာ မနေရ စနစ်ကိုလည်း မသုံးပါဘူး၊ လေးစားလွန်းလို့ ရိုသေစွာ ရှစ်ခိုး ကန်တော့ပြီး ဆုမွန်ကောင်းတွေ ၀ိုင်းတောင်း ပေးကြတာ မြင်တဲ့ လူတိုင်း မျက်ရည်ဝဲ လောက်အောင် ၀မ်းသာ အားရ ဖြစ်မိကြပါတယ်။

        ကျွန်တော် မှတ်မိ သလောက် ဆိုရင် ယခု စစ်အာဏာရှင် ခေါင်းဆောင်ပိုင်း တော်တော်များများ စကာင်္ပူကို ဆေးလာကုဘူး ပါတယ်။ သူတို့တွေ လာတုန်းက ဘယ်လို ၀ိုင်းပြီး ဆုတောင်း ပေးကြလဲ။ ခင်ဗျားတို့ အမှတ်ရကြအုံးမှာပါ။ ဒီပဲယင်း အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အသေသတ်ဖို့ ကြံစည်ရာက ဦးသန်းရွှေ သဘောကျလို့ ရာထူးတွေ တဆင့်ပြီး တဆင့် တက်လာတဲ့ ဗိုလ်ချုပ် စိုးဝင်းလည်း စကာင်္ပူမှာ ဆေးလာကုတာ သေပြီလည်း သတင်း ကြားရော ပြည်သူ တွေမှာ ၀မ်းသာ အားရ ဖြစ်လိုက်ကြတာကို ပြန်ပြီးတောင် မြင်ယောင် လာမိတယ်ဗျာ။ ထို့အတူဘဲ စစ်အာဏာရှင် ဗိုလ်ချုပ် သန်းရွှေ လာတုန်း ကလည်း အလားတူ ပါဘဲ။ ပြည်သူ တွေက ဘယ်အချိန်များ သူ ကွယ်လွန်ပြီ ဆိုတဲ့ သတင်းကို ကြားရမလဲ ဆိုပြီး မျှော်လင့်စွာ စောင့်စားခဲ့ဘူး ကြပါတယ်။ သူတို့တွေ လာရင်လည်း သံရုံး ၀န်ထမ်း တွေက လွဲရင် ဘယ်ပြည်သူ လူထု မှ သွားတွေ့တယ်လို့ မကြားမိပါဘူး။ မတတ်သာလို့ သွားတွေ့ရတဲ့ လူတွေရဲ့ ရင်ထဲမှာလည်း စေတနာ ဆိုတာ ပါနိုင်ပါ့မလား။ စိတ်မပါဘဲ လုပ်ခိုင်းတဲ့ အလုပ်ကို ဘယ်သူမှ စေတနာ မပါဘူး ဆိုတာ ကိုယ်တွေ့ အဖြစ်အပျက်လေးတွေနဲ့ နှိုင်းယှဉ် ကြည့်စမ်းပါ။

        ဦးတင်ဦး ဆိုတာက ပြည်သူ လူထု အားလုံး သိပြီးကြတဲ့ အတိုင်း တိုင်းပြည်နဲ့ လူမျိုး အကျိုးကို စွမ်းစွမ်း တမံ ဆောင်ရွက်ခဲ့တဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ အာဏာရှင် စနစ်ဆိုးကြီးက တိုင်းပြည်ကို အကျိုး ယုတ်စေမယ်၊ ဒီမိုကရေစီ စနစ်ကသာ ပြည်သူ လူထုတွေ အတွက် လွတ်လပ်ပြီး တရားမျှတတဲ့ အုပ်ချုပ်ရေး စနစ်ဆိုတာကို ကျွန်တော်တို့ တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ပြောကြား ခဲ့တာကို လေးစားစွာ လိုက်နာကျင့်ကြံ နေတဲ့ ပုဂ္ဂိုလ်လေ ။

        ဒီနေ့ စစ်အာဏာရှင် စနစ်ဆိုးကို မွေးထုတ် နေတဲ့ ဗိုလ်ချုပ် တွေက သူတို့ ကောင်းစားရေးကို ဦးထိပ်ထား သလောက် ပြည်သူတွေ ဒုက္ခရောက် နေတာ သိသိကြီးနဲ့ လှည့်ကြည့် ကြတာ မဟုတ်ပါဘူး။ အာဏာ တည်မြဲရေး အတွက်ဆို သံဃာတောင် ချမ်းသာ မပေးဘူး ဆိုတဲ့ ၀ါဒကို ကိုင်စွဲထားသူတွေ၊ ဖြစ်ချင်တာဖြစ် ပစ်သာ ပစ်ကွာ ဆိုတဲ့ အမိန့် စကားကို လက်ကိုင် ထားပြီး သူတို့ ကိုယ်ကြိုး ရှာဖို့ တပ်မတော်နဲ့ ပြည်သူ လူထုကို ရန်တိုက် ပေးနေတဲ့ လူတွေ၊ ဒို့မြေကို တစ်လက်မမှ အထိ မခံ ရအောင် ကာကွယ်ကြဖို့ ဖွဲ့စည်း ထားတဲ့ စစ်တပ်က၊ အခုတော့ သူတို့ အာဏာ တည်မြဲရေး အတွက်ဆို ကျွန်တော်တို့ တိုင်းပြည်ကို တိုင်းတပါး လက်ထိုး အပ်ဖို့တောင် ၀န်မလေးတဲ့ သူတွေ၊ အောက်ခြေပိုင်း ရဲဘော်တွေ ၀မ်းရေး အတွက် မနည်း ရုန်းကန် လှုပ်ရှား နေကြရတဲ့ အချိန်မှာ သူတို့ တတွေက တိုင်းပြည် ဘဏ္ဍာတွေနဲ့ နောက်ဆုံးပေါ် ဇိမ်ခံ ပစ္စည်းတွေ အမျိုးမျိုး ၀ယ်သုံးပြီး အာဏာ ယစ်မူးနေကြတဲ့ လူတွေ၊ ပြောလို့တောင် ကုန်စရာ မရှိပါဘူးဗျာ။ ဒီနေ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ စစ် အာဏာရှင် တွေဟာ လူမိုက် တွေထက်လည်း ပိုမိုက်သလို လူယုတ်မာ တွေထက်လည်း ယုတ်မာ နေကြတာ အားလုံး အသိပါ ။

        တပ်မတော်သား ဗိုလ်ချုပ် ချင်း တူပါလျှက်နဲ့ တိုင်းပြည် အပေါ်ကို ထားရှိတဲ့ စေတနာနဲ့ ခံယူချက်ချင်း မတူကြတော့ ပြည်သူလူထု ကလည်း သူတို့ အပေါ်ကို ထားရှိတဲ့ စေတနာတွေက ကွဲပြား နေတာ သဘာဝ အမှန်တရား ပါဘဲ။

        ဒီနေ့ တပ်မတော်သား အဖြစ် ခံယူထားတဲ့ မိတ်ဆွေ အပေါင်းကို ကျွန်တော် လေးနက်စွာ အသိပေးချင် ပါတယ်။ တစ်ချိန်က မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိဖို့ ကြိုးစားစဉ် ဗိုလ်ချုပ် အောင်ဆန်း လက်အောက်က တပ်မတော်သား တွေကို ပြည်သူလူထု ထားရှိတဲ့ သဘောထား လေးကို ဒီသီချင်းလေးကို လိုက်ရွတ်ကြည့်စမ်းပါ။ ပြည်သူတွေဟာ တပ်မတော် သားတွေကို ဘယ်လောက် ကြည်ညို လိုက်သလဲ၊ ဘယ်လောက် လေးစား လိုက်သလဲ။

ချွေးနဲ့ သာရယ် သွေးနဲ့ သာရယ်
စစ်တိုက်တဲ့ နေရာဝယ် အသက်စွန့် ကြလေတော့တယ်
သနား လောက်စရာ တကယ် စားသောက် ရှာတယ်
အဆင်းရဲလည်း ခံရှာတယ် ....... ဇွဲ သတ္တိ ထုံးနဲ့ရယ်
ဗမာ့ တပ်မတော်ကြီးကိုသာ ၀င်တယ်
စွန့်စားတဲ့ လူတွေရယ် ကျေးဇူးကို မျှော်တွေးလို့
ဗမာ့သွေး ကို
နှမ ပေးချင်ပါတယ် ။

ရန်သူတွေကို အသေနှံတယ် .. စေတနာ ရှိလွန်းလို့ ပါကွယ် ....
သြော်... ရန်သူတွေကို အသေနှံတယ် .. စေတနာရှိ လွန်းလို့ပါကွယ် ...
ပိုပြီး ပျော်ဖို့ရယ် ဟေ့ ဒို့ ကြီးတော်ကြီး ကိုပါ ငါ ပေးမယ် ။

ယူမယ် ယူမယ် ဗမာတိုင်း ဗမာတိုင်း မှတ်သားကြကွယ်
ခေတ်ပေါ် တိုင်းပြည်မှာကွယ် စစ်သည် အပေါင်းကို ကောင်းမွန်စွာရယ်
ကြိုက်တာ လိုရာ ပေးလို့ အင်မတန် အရေးယူတယ်
အဲဒီလို ဗမာ တပ်မတော်ကိုမှ တတ်နိုင်သလို ကူပါကြဖို့
နမူနာ ပြလို့ ကျွန်တော်များ ဆိုပါတယ်.... ။

        ဖက်ဆစ် ဂျပန်ကို တော်လှန်ဖို့ တိုက်ပွဲဝင်ကြမယ့် ရဲဘော်တွေကို ပြည်သူ လူထု ကိုယ်စား ဂီတာ သိန်းမောင်က ဂျူဗလီဟောမှာ ဖျော်ဖြေခဲ့တဲ့ သီးချင်းလေးပါ။ အဲဒီ သီချင်းလေးကို နားဆင်ရတဲ့ ရဲဘော်တွေ မျက်ရည် ကျတယ်တဲ့။ ဘယ်လောက် လွမ်းစရာ ကောင်းလိုက်တဲ့ သီချင်းလေးလဲဗျာ။

        ယခင်က တပ်မတော်သားတွေကို ပြည်သူလူထုက လေးစား ချစ်ခင်ခဲ့တာကို အခွင့်ကောင်း ယူပြီး စစ်အာဏာရှင် တွေက သူတို့ ကိုယ်ကျိုးအတွက် တပ်မတော်သား တွေကို အသုံးချခြင်းကို ခံခဲ့ရလို့ အခု ချိန်မှာ တပ်မတော်သား တွေကို ပြည်သူ လူထုက နာကြည်း မုန်းတီး နေကြပါပြီ။ စစ်အာဏာရှင်တွေ အလိုကျ ပြည်သူ လူထုကို အရက်စက်ဆုံး နှိမ်နှင်းခဲ့ကြတဲ့ တပ်မတော်သား တွေကို နာကြည်း လာတာ မုန်းတီး လာတာ ပြည်သူတွေ ကို အပြစ် ဆိုလို့လည်း မရပါဘူး။ ဒီနေ့ ပြည်သူ လူထု ကိုယ်စား ကျွန်တော် ပြောကြား ချင်တာက ကျွန်တော်တို့ တပ်မတော်သား တွေကို မမုန်းပါဘူး။ စစ်အာဏာရှင်တွေ အလိုကျ ပြည်သူ လူထုကို ဒုက္ခပေးတဲ့ စစ်သားတွေ ကိုသာ မုန်းတာပါ။ ကျွန်တော် တို့တတွေ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို မမုန်းပါဘူး။ စစ်အာဏာရှင် စနစ်ကြီးကို မွေးဖွား ပေးတဲ့ ယုတ်မာ လွန်းလှတဲ့ ဗိုလ်ချုပ်တွေ ကိုသာ မုန်းတာပါ။

        စစ်အာဏာရှင် တွေဟာ သူတို့ အာဏာ တည်မြဲရေး အတွက် တပ်မတော်သား တွေကို မြှောက်ပေးပြီး တိုင်းရင်းသား ညီအစ်ကို မောင်နှမများကို ရန်သူ သဖွယ် သတ်ဖြတ် ခိုင်းခဲ့သလို၊ ပြည်သူ လူထုကို လည်း အကြမ်းဖက် နှိမ်နှင်းခဲ့တာ တွေဟာ အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး တိုက်ခိုင်း သလိုပါဘဲ။ အဲဒီလို မှားယွင်းတဲ့ လုပ်ရပ် တွေကိုသာ ရပ်ပြီး ပြည်သူ လူထုနဲ့ လက်တွဲ ကြမယ် ဆိုရင် မကြာခင် အချိန်အတွင်းမှာ ပြည်သူ လူထု ကလည်း တပ်မတော်သားတွေ အပေါ်ကို သဘောထား ပြောင်းလာ ကြမှာ သေချာ ပါတယ်။ တချိန်က တပ်မတော်နဲ့ ပြည်သူ လူထု ချစ်ခင် စည်းလုံး ခဲ့ကြလို့ လွတ်လပ်ရေးကို ရရှိခဲ့ကြတယ် ဆိုတာကို မမေ့ စေချင်ပါဘူး။ ပြည်သူ ချစ်သော စည်းကမ်း ပြည့်ဝတဲ့ အရည်အချင်းနဲ့ ပြည့်စုံတဲ့ တပ်မတော်ကြီးကို ပြန်လည် မွေးဖွားဖို့ အတွက် ဒီနေ့ တပ်မတော် သားတိုင်းမှာ တာဝန် ရှိပါတယ်။ ယခု အချိန်ဟာ တပ်မတော်သားတွေ အမြင်မှန် ရကာ ဒီမိုကရေစီ နိုင်ငံတော်ကြီး ဆီကို ချီတက်ဖို့ ကြိုးစားနေတဲ့ ပြည်သူ လူထုနဲ့ ပူးပေါင်းပြီး မြန်မာ တမျိုးသားလုံးက လေးစား ချစ်ခင်ရတဲ့ တပ်မတော်ကြီးကို ပြန်လည် တည်ဆောက်ဖို့ အတွက် ကမ္ဗည်း မော်ကွန်း ရေးထိုးရမည့် အချိန်ကို ရောက်လာ ပါပြီလို့ လေးစားစွာ အသိပေး နိုးဆော် လိုက်ပါတယ်။

        ပြည်သူ လူထု အနေနဲ့လည်း လွတ်လပ်၍ တရားမျှတကာ အေးချမ်း သာယာ၍ ခေတ်မှီ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီး ဆီသို့ ချီတက်ရန် အတွက် ကျရာ အခန်း ကဏ္ဍကနေ ပါဝင်ပြီး တိုက်ပွဲကို ၀င်ရောက် ဆင်နွှဲ ပေးကြပါလို့ လေးစားစွာ မေတ္တာရပ်ခံ အပ်ပါသည် ။

ခင်မင် လေးစားလျှက်
ဗမာ့သွေး

လက်ရှိ တပ်မတော် တွင် တာဝန် ထမ်းဆောင် နေသော တပ်မတော်သား အားလုံး အမှန်တရားကို သိမြင်လာ စေရန် ကူညီ၍ ဖြန့်ဝေ ပေးကြပါ။

http://www.humanright-myanmar.com/


မန္တလေး ရေဘေးကြောင့် အရေးပေါ် အကူအညီများ လိုအပ်နေ

Posted: 13 Oct 2010 10:22 AM PDT


ရေထဲ ရင်ခေါင်းရောက်အောင် ဆင်းပြီး ထမင်းထုပ်ဝေနေရတဲ့ သံဃာများ


 

ဆည်တော်ကြီး ရေလှောင်တမံက ရေလွှတ်လိုက်တဲ့အတွက် မန္တလေးက မြရည်နန္ဒာ၊ အောင်ပင်လယ်၊ သမန်းကုန်း စတဲ့ ရပ်ကွက်တွေမှာ ရေကြီးပြီး လူပေါင်းများစွာ ရေဘေးဒုက္ခ ကြုံနေရပါတယ်။ ထမင်းထုပ်တွေ အရေးပေါ် လှူဒါန်းနေရပြီး ထမင်းထုပ်ပေါင်းများစွာ နေ့စဉ် လိုအပ်နေဆဲပါ။

ဆည်ရေကျိုးပြီဆိုပြီး ကြေညာလိုက်ချိန်မှာ လူတွေ အထုပ်တွေ သေတ္တာတွေ ခေါင်းပေါ်ရွက်ပြီး ပြေးကြလွှားကြပါတယ်။ အလောင်း ၁၁ လောင်း တွေ့ထားပါပြီ။ နာရေးအသင်းတွေကို အကြောင်းကြားလိုက်ရပါတယ်။ ဆည်ကျိုးကြောင်း ကြေညာတဲ့ အောက်တိုဘာ ၁၁ ရက် ညက လူတွေ စိုးရိမ်ထိတ်လန့်နေကြလို့ လိုက်ဝေတဲ့ ထမင်းထုပ်တွေကိုတောင် ကောင်းကောင်း မစားနိုင်ကြပါဘူး။

မေတ္တာရှင် ဆရာတော် ၃ သိန်းကျပ်ဝင်းဝင်း သနပ်ခါး၊ ဖယောင်းတိုင် လုပ်ငန်း - ၅ သိန်းကျပ်

မတည် လှူဒါန်းထားပါတယ်။ ဒီငွေနဲ့ ဆန်တွေဝယ်၊ ထမင်းဟင်းချက်ပြီး ဝေငှလှူဒါန်းနေပါတယ်။ ထမင်းထုပ်က တစ်နေ့ကို လူ ၅၀၀ ကျော်ခန့် ဝေရပါတယ်။ အောက်တိုဘာ ၁၂ ရက်နေ့က လူ ၇၀၀ ကျော်စာ ဝေခဲ့ရပါတယ်။ လှူဒါန်းပို့ဆောင်ရေးအတွက် ဒါယကာ ကိုထွေးက ဟိုင်းလတ်ကားတစ်စီး ကူညီပေးထားပါတယ်။

မန္တလေး မြို့ထဲက စေတနာ၇ှင်တွေလဲ ရေဘေးသင့် မြို့နယ်တွေကို ကားတွေနဲ့ စုရုံးရောက်လာပြီး လိုက်ဝေနေတာ ရှိပါတယ်။

၁၂-၁၀-၂၀၁၀ နေ့က ဆမ်းလောင်းအသင်း ဆွမ်းဒကာ ကိုထက်ရဲ့မိတ်ဆွေ ကိုကျော်ကျော်က ထမင်းထုပ် ၂၀၀ နဲ့ ငါးပိဘူး၊ ကြက်ဥပြုတ်များ လှူဒါန်းပါတယ်။ ၁၂ ရက်နေ့အတွက် ကျန်ထမင်းထုပ်အားလုံးက ဝင်းဝင်းဖယောင်းတိုင်လုပ်ငန်းရဲ့ဒါန ဖြစ်ပါတယ်။

ယနေ့ (၁၃-၁၀-၂၀၁၀) နေ့လယ်စာအတွက် လပ်ကီးသောက်ရေသန့်က ထမင်းထုပ် ၇၀၀ နဲ့ အခြားအလှူရှင်များလဲ ရှိပါတယ်။ ဆွမ်းလောင်းအသင်းက ညနေစာ ဝေပါမယ်။

အရေးကြီး လိုအပ်နေတာက ဝမ်းပိတ်ဆေး၊ ဓာတ်ဆားထုပ်၊ ဖယောင်းတိုင်၊ ဆန်နဲ့ ဟင်းချက်စရာများ ဖြစ်ပါတယ်။ ကလေးတွေ ဝမ်းလျှောနေလို့ ဝမ်းပိတ်ဆေး လိုနေကြောင်း ဆေးမှူးတွေက ပြောပါတယ်။

နောက်ပိုင်း အဝတ်အစားတွေပါ လိုပါမယ်။ ဂျပန်နိုင်ငံ ဘူမိဗေဒ ကျောင်းသားများမှ လှူဒါန်းတဲ့ အဝတ်အစားအိတ်ကြီး ၈ အိတ် မေတ္တာရှင်ဆရာတော်မှတစ်ဆင့် ဦးဇင်း ဦးကောဝိဒထံ ရောက်နေပါပြီ။

လူအား ပစ္စည်းအား အရေးပေါ် လိုအပ်နေပြီမို့ ရေဘေးသင့် ပြည်သူများအတွက် တတ်နိုင်သရွေ့ ဝိုင်းဝန်းကူညီကြစေလိုပါတယ်။


ထမင်းထုပ်ဝေဖို့အတွက် ကိုထွေး ကုသိုလ်ပြုထားတဲ့ ဟိုင်းလပ်ကား


 



 


ပုဆိုးခါးတောင်းကျိုက်နှင့် သွားကြလာကြ


ထမင်းထုပ်တွေ ပြိုက်ခနဲကုန်ပြီ



 


မြန်မာပြည်က စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးသမားတွေ


 


ထမင်းထုပ်တွေ လက်ခံနေတဲ့ ကလေးမလေး


ဒီလို ဝေရ လှူရပါတယ်

အရှင်ထာဝရ ဘလော့ဂ်မှ ကူးယူမျှဝေသည်။

http://www.humanright-myanmar.com/


"တည့်တည့်ပြောမှ ရိပ်မိတော့မယ်" ............................................

Posted: 13 Oct 2010 10:09 AM PDT


ကိုယ့်ကိုယ်ကို ဒီမိုကရေစီအင်အားစုပါလို့ ကင်ပွန်းတပ်ပြီး စစ်အာဏာရှင်တည်မြဲရေးအတွက် သိဒ္ဓိတင်ပေး နေကြသူတွေကို ရည်ရွယ်ပါတယ်။

အတ္တနှင့်မာနကို ခ၀ါချပြီး တကယ့်ပြည်သူ့အရေး၊ ပြည်ထောင်စုအရေးအတွက် ပြည်သူ့ရင်ခွင်ကို အချိန်မီ ပြန်လာစေဖို့လဲ မျှော်လင့်ပါတယ်။

အတွေးအခေါ် ဘေးချော်ပြီး မသူတော်နဲ့ပေါင်းလို့ လူကောင်းကိုရန်ရှာ မှားတော့မဲ့ အဖြစ်အတွက်လည်း အထူး စိုးရိမ်မိတယ်ဗျာ။

ဝင်ပြိုင်မယ်တကဲကဲလုပ်နေတဲ့ ရွေးကောက်ပွဲဆိုတဲ့ ရက်ကြီးက နီးလာပြီမဟုတ်လား။

နေမြင့်လေ အရူးရင့်လေ ဖြစ်နေမယ်ဆိုရင် လူကြီးမင်းတို့ကြောင့် သံဃာစင်ပါမှောက်တော့မယ်။ တကယ်ပဲ ပြည်သူ့အတွက်၊ ဒီမိုကရေစီရေးအတွက်လို့ ရိုးရိုးသားသား ယုံကြည်တာမှန်ရင် ကိုယ်လျှောက်နေတဲ့ လမ်းကို ပြန်ပြီ သုံးသပ်ဆင်ခြင်ဝေဖန်ပါဦး။ ဒီအလုပ်ဟာ လူသာမန်တွေအတွက် ခက်ခဲတဲ့ အလုပ်ပါ။ ဒါပေမယ့် လူကြီးမင်းတို့ဟာ ခေါင်းဆောင်နေရာမှာ ခေါင်းဆောင်နဲ့ ထိုက်တန်အောင် ကျင့်သုံးဖို့ဆိုရင်တော့ ဒီစိန်ခေါ်မှုကို ကျော်လွှားနိုင်ရပါမယ်။

လာမယ့်ရွေးကောက်ပွဲဆိုတာ ဘယ်လိုနိုင်ငံရေး အခင်းအကျင်းတွေရဲ့အောက်မှာ လုပ်နေတယ်ဆိုတာ လူကြီးမင်းတို့ သိဖို့ကောင်းပြီ။ ပြည်သူလူထုတွေ သာမန်လူတွေတောင် သိနေကြပါပြီ။ နိုင်ငံတကာ လူ့အဖွဲ့အစည်း အသိုင်းအ၀ိုင်းကရော၊ ပြည်သူ့အတွက်သာ မျက်နှာမူပြီး ကိုယ့်ရဲ့ လုံခြုံဘေးကင်းရေးကို စွန့်စားရပ်တည်နေတဲ့ သူတွေရော ဒီမိုကရေစီတိုက်ပွဲကို ဆက်လက်ဆင်နွှဲနေကြတာ တွေ့ရပါတယ်ဗျာ။

2010 ရွေးကောက်ပွဲဆိုတာရဲ့ အခင်းအကျင်းကို စိစစ်ကြည့်ပါ…

စစ်အာဏာရှင် သက်ဆိုးရှည်ရေး အာမခံမဲ့ 2008 ဖွဲ့စည်းပုံဆိုတာကို တဖက်သတ် စိတ်ကြိုက်ရေးဆွဲခဲ့တယ်။ ဥပဒေပါ အချက်အလက်တွေကို ပြည်သူကို ချမပြပဲ နာဂစ်ကာလမှာ "မဲပေးကြ- မဲပေးကြ" ဆိုတာနဲ့ မဟားတရားလုပ်ခဲ့တယ်။ ဒီဖွဲ့စည်းပုံ ဥပဒေအရ ပြည်သူ့တပ်မတော်ကြီးတစ်ခုလုံးကို ပြည်သူ့ဆီက ခွဲထုတ်ပြီး "ကာကွယ်ရေးဦးစီးချုပ်" ဆိုတဲ့ ရာထူးရထားတဲ့ သူတစ်ဦးတည်းက ပုဂ္ဂလိက ပိုင် သိမ်းထားခွင့်ကို ယူတယ်။ ပြည်သူ့လွှတ်တော်ကတောင် တို့လို့ ထိလို့ မရတဲ့ နေရာမှာ နေတယ်။ ကိုယ့်ဟာကိုယ် အဓိပ္ပါယ် သတ်မှတ်ဖွင့်ဆိုနိုင်တဲ့ အကြောင်းပြချက် တွေနဲ့ နိုင်ငံတော်အာဏာကို သိမ်းပိုင်ခွင့်ကိုလဲ ယူထားတယ်။ ကျားကုတ်ကျားခဲ ရွေးကောက်တင်မြှောက် ဖွဲ့စည်းထားတဲ့ လွှတ်တော် ကို တချက်လွှတ်အာဏာနဲ့ အလွယ်ကလေး ဖျက်သိမ်းခွင့်တွေလဲ ယူထားလိုက်သေးတယ်။ အုပ်ချုပ်ရေးအဖွဲ့ ကက်ဘိနက် ကို အရွေးချယ်ခံမဟုတ်ပဲ စစ်တပ်က တက်လာသူ ဖြစ်ခွင့်ရှိတဲ့ သမ္မတဆီမှာဘဲရှိတယ်။ ရှိစုမဲ့စုနဲ့ ငါးသိန်းပေးပြီး ၀င်အရွေးခံကြမယ့် ကိုယ်စားလှယ်တော် အမတ်မင်းများ လက်မှာ မရှိပါဘူး။

ရွေးကောက်ပွဲအတွက် သူတို့ ထုတ်ပြန်လိုက်တဲ့ ပါတီမှတ်ပုံတင် ဥပဒေဆိုတာကရော ဘာအခင်းအကျင်းလဲ။ လွှတ်တော်ထဲမှာ တမတ်သား ခွဲတမ်းယူထားပြီးတဲ့အပြင် လွန်ခဲ့တဲ့ (၁၇)နှစ် ကတည်းက လူမှုရေးအဖွဲ့ပါဆိုပြီး အခွင့်အရေး၊ ဓနဥစ္စာနဲ့ အကြမ်းဖက် နှိပ်ကွပ်ရာမှာ ကောင်းကောင်းအသုံးချခဲ့တဲ့ ကြံ့ဖွံ့ ကို အခုတော့ ပါတီပါလို့ပြောင်းပြီး အာဏာကို လက်ကိုင်ယူထားတဲ့ ဘောင်းဘီဝတ်တွေက ဘောင်းဘီတွေ ချွတ်တဲ့ပြီး ၀င်ပြိုင်မဲ့ ကြံ့ဖွံ့ပါတီကို အလဲထိုးယှဉ်ပြိုင်နိုင်မယ်လို့ ထင်ရတဲ့ ပြည်သူလိုလား အင်အားကောင်း အရည်အချင်းရှိတဲ့ ခေါင်းဆောင်တွေကို လုံးဝ တွန်းဖယ်လမ်းရှင်းပေးလိုက်တယ်။

ရွေးကောက်ပွဲဥပဒေဆိုတာနဲ့ ၀င်ရောက်ယှဉ်ပြိုင်ချင်တယ်ဆိုရင် 2008 ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက် ပါမယ်ဆိုတဲ့ ၀န်ခံကတိကို ကြိုတင်လက်မှတ်ထိုးခိုင်းပြီး ချည်နှောင်ထားလိုက်တယ်။

ကော်မရှင်ဥပဒေနဲ့ ပါတီတွေကို အမြဲတမ်း စောင့်ကြပ်နှိပ်ကွပ်ဖို့ ပါတီပုလိပ် ရာထူးအဖြစ် ကော်မရှင်ကို ခန့်တယ်။ အမှုအခင်းစီရင်ခွင့် အမြင့်ဆုံးအာဏာတွေကို ပေးလိုက်တယ်။ အဲဒီကော်မရှင်ဆိုသူတွေကိုတော့ နအဖက သူ့စိတ်ကြိုက် ရွေးချယ်ထားခဲ့တယ်။ သူလုပ်ချင်တာ လုပ်ခွင့်ပြုပြီး တခြားဒီမိုကရေစီအင်အားစုတွေကို နှိပ်ကွပ်ဟန့်တားရာမှာ စိတ်ကြိုက် သုံးမယ့် ယန္တယားပဲ။ ဒါကြောင့်လဲ ၀န်ကြီးချုပ်က ပါတီထောင်သူ ဖြစ်လို့ရလာတယ်။ ဒီကော်မရှင်က နည်းဥပဒေ အမျိုးမျိုးနဲ့ ကြံ့ဖွံ့ကလွဲလို့ ဒီမိုကရေစီအဖွဲ့လို့ အမည်တပ်တဲ့ အတိုက်အခံ မှန်သမျှကို ကန့်သတ်တယ်၊ ပိတ်ပင်တယ်။ ၁၅ မိနစ်စာ လူထုကို ချပြခွင့်မှာတောင် ဆင်ဆာဖြတ်ပြီး မှ ရတယ်။ တိုတောင်းတဲ့ မဲဆွယ်ရေးကာလအတွင်းမှာ ဆွေးနွေးဟောပြောဖို့ ကိုတောင် (၇)ရက် ကြိုတင်ပြရတယ်။ ကန့်သတ် တားမြစ်ချက်တွေလဲ အစုံပဲ။

ကဲ… ဒီတော့…

2008 ဖွဲ့စည်းပုံနဲ့ စစ်အာဏာရှင် တည်မြဲရေးကို အခိုင်အမာတည်ဆောက်တယ်။

ရွေးကောက်ပွဲဥပဒေနဲ့ 2008 ကို အတည်ပြုဖို့ ကာကွယ်စောင့်ရှောက်ဖို့ လုပ်တယ်။

မှတ်ပုံတင် ဥပဒေနဲ့ အားကောင်းတဲ့ ယှဉ်ပြိုင်ဘက်တွေကို ပ ထုတ်တယ်။

ပြည်သူလိုလားတဲ့ ဒီမိုကရေစီအင်အားစုတွေ၊ ခေါင်းဆောင်တွေကို ဖယ်ထုတ်တယ်။

ကော်မရှင် ဥပဒေနဲ့ ၀င်ပြိုင်မဲ့ ယှဉ်ပြိုင်ဘက်တွေကို ချည့်နဲ့အောင်၊ ပါတီတွေကို အချိန်မရွေး ပယ်ဖျက်ခွင့်ရစေမဲ့

ကော်မရှင်ကို ပါတီပုလိပ်အဖြစ်ခန့်တယ်၊ ရွေးကောက်ပွဲအတွက် ဒိုင်လုပ်ခိုင်းတယ်။

ကော်မရှင်အဖွဲ့ဆိုတာကြတော့ နအဖ စိတ်ကြိုက် ဘောင်းတော်ငြိမ့် စိတ်တော်သိမဲ့ လူတွေကို ခန့်ထား လိုက်ပြန်တယ်။

ဒီလိုအခင်းအကျင်းအောက်က ရွေးကောက်ပွဲဟာ ပါတီစုံရွေးကောက်ပွဲမဟုတ်တော့ဘူး။ သေသေချာချာ စိစစ်ကြည့် ပါ။ အားလုံးဟာ 2008 ကို အတည်ပြုပေး ကာကွယ်ပေးရမယ့် အလုပ်သာ အဓိကပဲ။ ပါတီစုံ (Multi Party System) မဟုတ်ဘူး တပုံစံတည်းသော ကိန်းများ ပါတီစနစ် (Single type Plurality System) ပါပဲ။ ၀င်ပြိုင်မယ့် အဖွဲ့တွေဟာ "ဆင်တူရောင်ကွဲမျှသာပါပဲ" ဘယ်လိုမှ ဒီမိုကရေစီကို ဦးတည်လို့ မရနိုင်ပါဘူး။

ကိန်းဂဏန်းတွေနဲ့ တွက်ကြည့်ရင် ပိုရှင်းပါတယ်။

အခုရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ် (၃၃၀)၊ အမျိုးသားလွှတ်တော်အတွက် (၁၆၈)၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအတွက် (၆၆၀)၊ စုစုပေါင်း ကိုယ်စားလှယ် (၁၁၅၈)ဦး ပြိုင်ရမယ်လို့ အစီရင်ခံစာ တစ်စောင်က ဆိုပါတယ်။ ( နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းကတော့ စုစုပေါင်း ၁၁၇၁ နေရာလို့ UN မှာ ပြောပါတယ်။) အဲဒီမှာ နအဖရဲ့ ကြံ့ဖွံ့က အကုန်ဝင်တယ်။ မဆလ တဖြစ်လဲ တစည ဆိုတဲ့ ၁၉၉၀ ပြည့်တုန်းက ပြည်သူလူထုက ပယ်ချခံခဲ့ရတဲ့ "အပယ်ခံ"ပါတီက (၉၀၀)ကျော်ဝင်တယ်။

ကျုပ်တို့ကတော့ ဒီမိုကရေစီပါပဲလို့ ကြွေးကြော်တဲ့ ပါတီတွေနဲ့ တသီးပုဂ္ဂလတွေ ၀င်ပြိုင်နိုင်မယ့် အင်အား အားလုံး ပေါင်းရင်တောင် ကြံ့ဖွံ့ရဲ့ တ၀က်မရှိဘူး။

အစီရင်ခံစာ တစ်ခုရဲ့ ဖော်ပြချက်အရဆိုရင် ၀င်ပြိုင်တဲ့ ပါတီ (၃၂)ခုက တ၀က်ကျော်ကျော်ဟာ အမတ် (၁၁)ဦးနဲ့ (၁၁)ဦးရဲ့အောက်သာ စာရင်းသွင်းနိုင်ခဲ့တယ်။ ရာခိုင်နှုန်းအရဆိုရင် (၁%)ထက် နည်းသေးတယ်။ (၁၀%)ကျော် ၀င်ပြိုင်နိုင်တာ ပါတီ (၄)ခုပဲရှိတယ်လို့ ဆိုပါတယ်။ ကြံ့ဖွံ့ကတော့ အပြည့်ပေါ့။ စုစုပေါင်း(၃၇)ပါတီဟာကိုး..။

အဖြေက ထွက်နေပြီးသားပါ။ ရှင်းနေပါတယ်။

လွှတ်တော်ထဲဝင်ပြီး ဖွဲ့စည်းပုံ ဥပဒေကို တဖြည်းဖြည်းပြင်ယူမယ်လို့ စိတ်ကူးယဉ်နေတာတွေ နိုးထဖို့ကောင်းပြီ။

လွှတ်တော်ထဲက ကိုယ်စားလှယ်တွေအားလုံးရဲ့ (၂၀%)ရှိမှ ဖွဲ့စည်းပုံ ပြင်ဖို့ အဆိုတင်သွင်းခွင့်ရှိတာပါ။ ဒါတောင် ပြင်မယ်/မပြင်ဘူး အဆင့်မဟုတ်ဘူး။ "တင်သွင်းရုံ" အဆင့်ပဲရှိတာပါ။

အခုဝင်ပြိုင်ကြမယ့် အတိုက်အခံပါဆိုသူတွေ အားလုံး နိုင်ခဲ့ရင်တောင် (၂၀%) မပြည့်ပါဘူး။

ဒီကြားထဲက – ပြည်သူကို ပြောပြီးဖြစ်လို့်ဆိုပြီး လွှတ်တော်ထဲ မှာ မကောင်းတတ်လို့ ပြင်ဆင်ဖို့ ပြောရင်တောင် အဲဒိလို ပြောပြီးတာနဲ့ ပြောတဲ့ပါတီကို ပယ်ဖျက်နိုင်ဖို့ ကော်မရှင်က အသင့်စောင့်နေလေရဲ့..။ ၀န်ခံကတိ ဖောက်ဖျက် လို့လေ။.

ဒါနဲ့တောင် -

တကယ်လဲ လုပ်နိုင်ခြေမရှိဘဲနဲ့ "ကျုပ်တို့က ပြည်သူ့အတွက် ဒီမိုကရေစီတိုက်ပွဲ ၀င်နေတာပါ" လို့ ဆက်ပြော နေရင်တော့ ပြည်သူကို လိမ်တာပဲ။

ဒီမိုကရေစီတိုက်ပွဲဟာ နအဖရဲ့ "ရွေးကောက်ပွဲ" ထဲမှာ မရှိပါဘူး။

အောက်တိုဘာ ၂ ရက်နေ့က ရွေးကောက်ပွဲဝင်မယ့် ပါတီ (၆)ခုက "ဒီမိုကရေစီ မိတ်ဆွေပါတီများ" ဆိုတာဖွဲ့ပြီး -

"ဒီမိုကရေစီ မိတ်ဆွေပါတီတွေကို မဲပေးခြင်းအားဖြင့်သာ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်" လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့ (၆) ပါတီလုံး ၀င်ပြိုင်နိုင်မယ့် ကိုယ်စားလှယ်အရေအတွက်က (၄၀၀) တောင် မပြည့်ရှာဘူးလို့ သိရတယ်။

ပြန်လဲ တွက်ကြည့်ကြပါဦး ။ ဘာကို ဘယ်လိုပြောင်းအောင်လုပ်မှာပါလဲ။

နအဖ လိုချင်တာနဲ့တော့ ကွက်တိပဲ။

သူတို့ ထူထောင်ထားတဲ့ ကြံ့ဖွံ့ကသာ သေချာပေါက်နိုင်ရမယ်။ ဒါပေမယ့် ရွေးကောက်ပွဲအတည်ဖြစ်ပါတယ်လို့ ပြောဖို့အတွက်တော့ အဲဒီလို မိုက်မိုက်မဲမဲဝင်ပြီး အရှုံးခံပေးမယ့် လူတွေတော့ လိုတယ်။ ဒီလိုလူတွေအတွက် တဖက်လှည့်နဲ့ ထောက်ပံ့ကြေး ဆုကြေးတွေတောင် ပေးပါလိမ့်ဦးမယ်။ ဘယ်လောက်ရပြီးကြပြီလဲလို့တောင် မေးလိုက်ချင်ပါရဲ့။

အခုပဲကြည့်လေ-

နအဖရဲ့ နိုင်ငံခြားရေးဝန်ကြီးက UN မှာ လေသံတောင် လွှင့်ထုတ်လိုက်နိုင်တယ်။

"ရွေးကောက်ပွဲမှာ တိုင်းရင်းသား ကိုယ်စားပြုထားသည့် ပါတီများအပြင် ပါတီ(၃၇)ခုမှ ကိုယ်စားလှယ်လောင်း (၃၀၀၀)ကျော် ၀င်ပြိုင်ကြမယ်၊ မဲဆွယ်စည်းရုံးရေးတွေ စတင်လုပ်နေပြီ၊ ရွေးကောက်ပွဲမှာ အားလုံးပါဝင်သည်မှာ ထင်ရှားနေကြောင်း …. " တဲ့ ။

ကောင်းရော..။ အဲဒါ လူကြီးမင်းတို့ရဲ့ကျေးဇူးပေါ့ ။ လူကြီးမင်းတို့က သိဒ္ဓိတင်ပေးလိုက်တာကိုး။

ဒီရွေးကောက်ပွဲ အခင်းအကျင်းက ဘာနဲ့တူနေသလဲဆိုရင် -

ဒိုင်လုပ်တဲ့လူက သူ ဆုပေးချင်တဲ့လက်ဝှေ့သမားကို ကြိုတင်သတ်မှတ်ထားပြီး လက်ဝှေ့ပွဲမှာ သူ့လူက အနိုင် ထိုးသတ်နိုင်မယ့် ဘက်မညီတဲ့ "လက်သင်ထိုး" တွေနဲ့ ပွဲစပ်ပေးပြီး ပြိုင်ဘက်ကို ကိုယ့်လူက မလဲမချင်း ထိုးခိုင်း သတ်ခိုင်း နေတဲ့ ပွဲကြီး ဖြစ်နေတယ်။

ဒါကို သိမြင်နားလည်တဲ့သူက – ဒီပွဲဟာ မတရားဘူး။ တဖက်သတ်အနိုင်ကျင့်နေတဲ့ "လုပ်ပွဲကြီး " ဖြစ်တယ်။ "သပိတ်မှောက်ကြ" ဆိုပြီး ပွဲမဖြစ်အောင်လုပ်တယ်။ ဘာကြောင့်လဲ?။ ဒီလို တဖက်သတ် အနိုင်ကျင့်ခံနေရမယ့်အဖြစ်ကို မကြည့်ရက်လို့၊ စာနာလို့၊ ၀င်ပြီး ယှဉ်ပြိုင်တဲ့သူတွေ နစ်နာလို့။

ကျွန်တော်နားလည်သလောက်တော့ ဒီနေ့ NLD က ရွေးကောက်ပွဲကို သပိတ်မှောက်တယ်ဆိုတာ ဒီသဘောပဲ။ ဒါကြောင့်လဲ မျိုးဆက်သစ် လူငယ်အင်အားစုတွေပါ ၀န်းရံလာကြပြီး နိုင်ငံတကာကလည်း အလေးအနက် ထားလာတာ ပဲဖြစ်တယ်။

တကယ်ပဲ ရိုးသားစွာနဲ့ ဒီမိုကရေစီရေးကို ဆောင်ရွက်မယ်ဆိုရင် အဖြေမဟုတ်တဲ့ ရွေးကောက်ပွဲကို သိဒ္ဓိတင်ပေးဖို့ မဟုတ်ဘူး။

ရွေးကောက်ပွဲလမ်းကြောင်းဟာ စစ်အာဏာရှင် တည်မြဲရေးပဲ။ ဒီမိုကရေစီအတွက်၊ ပြည်ထောင်စုအတွက် အဖြေမဟုတ်ဘူး။

တကယ့်အဖြေက ညှိနှိုင်းဆွေးနွေးအဖြေရှာဖို့၊ အမျိုးသား ရင်ကြားစေ့ရေး စကားဝိုင်း ပေါ်ထွန်းဖို့ ။

ရွေးကောက်ပွဲကို သိဒ္ဓိတင်ပေးလိုက်ရင် လူကြီးမင်းတို့ ရှုံးပြီး ။ တိုင်းပြည်လဲ နွံနစ်ပြီ။ စစ်အာဏာရှင်အောက်ကို ပြည်သူလူထုကို တွန်းပို့ပေးလိုက်သလို ဖြစ်တော့ မယ်။

လူကြီးမင်းတို့ ရွေးကောက်ပွဲက ထွက်လိုက်ပါ။ ပြည်သူလူထုနဲ့ အတူ ရပ်လိုက်ပါ။ ဒီလိုသာ ညီညွတ်လိုက်ရင် အဓိပ္ပါယ်ရှိတဲ့ အခင်းအကျင်းတွေ ပေါ်ပေါက်လာမှာ မလွဲပါဘူး။ အခုထိတော့ အချိန်မနှောင်းသေးပါဘူး ။

အရပ်ထဲမှာ- လူထုကြားထဲမှာ- အခုတလော စကားတစ်ခွန်းပေါ်နေတယ် ဗျား..

အဲဒါကတော့ ရင်းနှီးတဲ့ လူတစ်ယောက်ယောက်ကို တွေ့ရင် …………….

"အရွေးခံမှာလား?.. "

အရွေးခံရင်တော့ ..

"အရံခွေး" ပဲဖြစ်မယ်.. တဲ့..။

အောင်သန်းကျော်

http://allburmamonksalliance.com/


 


 

 
 

***********************************************************

BURMA RELATED NEWS - OCTOBER 14, 2010

***********************************************************

Asia Times Online - Going through the motions in Myanmar

Asia Times Online - Myanmar democracy fight polls apart

Asian Correspondent - Mr. Surin Pitsuwan's dream of Burma will not come true

Asian Correspondent - Border gates reopening hinges on Burma's domestic political impasse

People's Daily Online - Myanmar takes part in Chinese film festival with one movie

Thailandnews.net - Stolen Phuket bikes 'bound for Burma'

AsiaNews.it - Victims of exploitation and abuse, Burmese immigrants are essential for Thailand's economy

AllAfrica.com - South Africa: Govt Urged to 'Think Through' Its Security Council Votes

Deutsche Welle - Asia - Religious minorities face persecution in Myanmar

ReliefWeb - Letter to Australian Foreign Minister Stephen Smith on a Burma Policy Review

People's Daily Online - Myanmar exposes some counterfeit banknotes from bank savers

The New Nation - Int'l drug syndicates use Bangladesh as alternative route

The Pacifican - International Students Share Features of Kazakhstan, Malawi, & Myanmar

The Irrawaddy - The General Versus The Teenage Prisoner

The Irrawaddy - Zarganar in Good Health, Says Rangoon Journal

The Irrawaddy - Activists Vow to Take on First Dam on Lower Mekong

Mizzima News - Bay of Bengal generates fresh storm, bureaus say

DVB News - Concern greets new Security Council arrivals

***********************************************************

Oct 15, 2010
Asia Times Online - Going through the motions in Myanmar


By Yan Paing


 


 

No comments: