Saturday, October 16, 2010

"အာရုဏ်ဦးမှာ ဖူးသည့်ကြာ" စစ်အုပ်စု၏ ၀ါဒဖြန့် ရုပ်ရှင်ကားမှ အဓိက သရုပ်ဆောင် ခန့် စည်သူ             ပါဝင်ဖြော်ဖြေမည့် ဆဒ်ဒနီ ပွဲအပေါ် သဘောထားကြေငြာချက်


 

ရက်စွဲ၊    ၊ အောက်တိုဘာ ၁၆ ရက်၊ ၂၀၁၀ ခု


 

၁၊ တိုင်းပြည်တပြည်တိုးတက်ဖွံ့ ဖြိုးမှုအတွက် အနုပညာရှင်များ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီး ၏၊ အနုပညာရှင်များ၏ သရုပ်ဆောင်မှု၊ အပြောအဆို အပြုအမူတို့ သည် ပြည်သူများစိတ်ဓါတ်ကို အ ပြောင်းအလဲဖြစ်စေယုံသာမက အတုယူလည်း မှားစေနိုင်ပါသည်၊


 

၂၊ နအဖ သန်းရွှေတို့ ၏ ခြိမ်းခြောက်မှု၊ အဓမ္မခိုင်းစေမှုကြောင့်  မတတ်သာ၍ လုပ်ဆောင်နေရပါသည် ဆိုသော အကြောင်းပြချက်ဖြင့်  အမှားကိုအမှန်၊ သမိုင်းကိုလိမ်၍၄င်း၊ အခြေအနေအမှန်အချို့ ကို အ ပေါ်ယံသာဖေါ်ပြ၍ လုပ်ကြံဇတ်လမ်းဖြစ်အောင် ဖန်တီးထားသော "အာရုဏ်ဦးမှာဖူးသည့် ကြာ" ရုပ်ရှင် ကားမျိုးကို စစ်အာဏာရှင် အလိုကြ လက်ခံရိုက်ပေးခဲ့ ခြင်းသည် နားလည်ခွင့် လွှတ်၍ မရနိုင်သော အ မှားမျိုး၊ အနာဂတ် မြန်မာပြည်အတွက် ပြည်သူလူထုကို အသိမှားသော လမ်းမှားကိုတွန်းပို့ ပေးခြင်းပင် ဖြစ်သည်၊ ထိုဇာတ်ကားတွင် လွတ်လပ်ရေးကာလ နောင်ပိုင်းမှ ယနေ့ အထိ ဘယ်ပါတီ၊ ဘယ်တော် လှန်ရေး အဖွဲ့ အစည်း နှင့် နိုင်ငံရေးသမားများအားလုံးအသုံးမကျပဲ စစ်တပ်တခုသာလျှင် အပြစ်ကင်း

ကြောင်း ၀ါဒဖြန့် ထားသည်၊


 

၃၊ သန်းရွှေစစ်အုပ် စုသည် ၈၈ မျိုးဆက်များ နိုင်ငံတကာတွင်ရောက်ရှိနေသည့် အတွက် သူတို့ စစ်တပ် ၏ မတရားလုပ်ဆောင်မှုများ၊ ဖိနှိပ်မှုများအား နိုင်ငံတကာတွင် ဖုံးကွယ်၍ မရသည်ကတကြောင်း၊ Burma VJ documentary လို ၄င်းတို့ အားဆန့် ကျင်လှုပ်ရှားမှုများ ကမ္ဘာကသိသွားသည့် အတွက်တို့  ကြောင့် ဒီမိုကရေစီအရေးကို ၈၈ မျိုးဆက်များအပြင် နိုင်ငံတကာရောက် မြန်မာပြည် သားများပါဝင်လာ သည်ကို သဘောမကျနိုင်ဖြစ်ကာ ယခုကဲ့ သို့  အာရုဏ်ဦးမှာ ဖူးသည့်ကြာ
ရုပ်ရှင်ကားမျိုးရိုက်၍ ပြည် တွင်းမှာ သန်းရွှေစစ်အုပ်စု ဦးဆောင်သော စစ်တပ်ကောင်းကြောင်းဝါဒဖြန့် ပြီး၊ ပြည်ပသို့ လည်း ထို ဇတ်ဆောင်များအားစေလွှတ်၍ အမေရိကတွင် ရက်ကြာကြာနေစေပြီး နအဖ ခိုင်းသည့် အတိုင်း စစ်အာ ဏာရှင်အတွက် အကျိုးဆောင်၍မြန်မာပြည် ပြင်ပတွင်ရှိနေသော ဒီမိုကရေစီအင်အားစုများ အချင်းချင်း၊ မြန်မာပြည်သားများအကြား ပြဿနာများ ဖြစ်ပေါ်အောင်ဖန်တီးပေးနေခြင်းသည် အနုပညာရှင်များတွင် ထားရှိအပ်သောကျင့် ဝတ်တို့ ကို ဖေါက်ဖျက်ရာရောက်သည့်အပြင် ပြည်သူကျွှေးသော ထမင်းကိုစားပြီး ပြည်သူကိုလည်း သစ္စာဖေါက်ရာရောက်နေပါသည် ၊


 

ဥပမာ ၀ိုင်းစုခိုင်သိန်း သည် San Francisco မြို့ တွင် ဒီမိုကရေစီအင်အားစုများ ဆန္ဒပြနေသည့် ကြားမှ ပင် ၂ ခါပြန် ပွဲဖြစ်အောင် နအဖ ၏ခိုင်းစေချက်အတိုင်းလုပ်ဆောင်မှု ကို ကြည့် ခြင်းအားဖြင့် ပြဿနာ မဖြစ် ဖြစ်အောင် လုပ်ဆောင်မှန်းသိထားသင့် ပါသည်၊


 

၎၊ သန်းရွှေကိုကြောက်၍ ခိုင်းသမျှလိုက်လုပ်ပေးခြင်းသည် သန်းရွှေ အုပ်ချုပ်ဘိုကျနေသော မြန်မာပြည်

တွင်းမှာတင်ရပ်သင့် ပါသည်၊ Australia, America စသည့် နိုင်ငံတို့ သည် သန်းရွှေ အုပ်ချုပ်နေသော နိုင်ငံများမဟုတ်ဘူး ဆိုတာကိုတော့  ပြည်သူ့ သစ္စာဖေါက် အနုပညာသမားများသိထားသင့် ပါသည်၊

မြန်မာပြည် ဒီမိုကရေစီရေး အတွက် အသက်တွေ၊ မိသားစုဘ၀တွေ ပေးဆပ်ပြီး ပြည်တွင်း၌ထောင် ၆၅ နှစ်အ ကျခံလုပ်နေသူတွေသည်ဘယ်သူမှခိုင်း၍ လုပ်နေကြခြင်း မဟုတ်ပါ၊ တိုင်းပြည် စစ်အာဏာ ရှင်အုပ်ချုပ်မှုဘ၀အောက်မှ လွတ်မြောက်၍ ဒီမိုကရေစီအခွင့် အရေးရှိသော နိုင်ငံတခုဖြစ်လာစေရန် ရည်ရွယ်ချက်တခုသာရှိကြပါသည်၊


 

၅၊ တိုးတက်အောင်မြင်ကြသော လူမျိုးတို့ သည် သမိုင်းကို မလိမ်ကြ၊ မဖျောက်ဖျက်ကြ၊ သမိုင်းမှပေး သော အမှားများကို သင်ခန်းစာယူ၍ အမှန်ကိုပြင်ကြသည်၊ ယခုသန်းရွှေ စစ်အုပ်စုသည် အာဏာရှင် နေ၀င်း အုပ်စု၏အဆက်ဖြစ်၍ သမိုင်းမှပေးသော သင်ခန်းစာကို မယူပဲ အမျိုးသာသနာ ကိုဖျက်သည့် 

မိစ္ဆာစစ်အုပ်စုသာဖြစ်သည်၊


 

၆၊ ထို မိစ္ဆာ စစ်အုပ်စုသည် ပြည်တွင်း၌ မိမိတို့ ပြည်သူများကို အဓမ္မ မတရားလုပ်ဆောင်ရုံတင်မကပဲ မြန်မာပြည်ပြင်ပ ဒီမိုကရေစီအရေးဆောင်ရွက်နေသော အင်အားစုများရှိရာ နိုင်ငံများသို့ စစ်အာဏာရှင် အလိုကျ ရုပ်ရှင်သရုပ်ဆောင်များ၊ စာရေးဆရာများ၊ အဆိုတော်များ၊ ဘာသာရေးခေါင်းဆောင်များ၊

ဗုဒ္ဓဘာသာဘုန်းကြီးများစေလွှတ်၍ စစ်အာဏာရှင်ဝါဒဖြန့် လုပ်ငန်းများ လာရောက်လုပ်ဆောင်နေခြင်း အပေါ် ကျုပ်တို့ ၈၈ ဒီမိုကရေစီအင်အားစုများမှ ပြင်းပြင်းထံထံ ကန့် ကွက်သည်။


 

မှတ်ချက်။ စစ်အာဏာရှင်မှ ၄င်းတို့ သားသမီးများ ပညာသင်ကြားရေးနှင့် အထက်ပါ ၀ါဒဖြန့် လုပ်ငန်း များအတွက်လာရောက် သူများအား အမည်နောက်တမျိုးဖြင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးလေ့ ရှိသည်၊


 

၇၊ ၂၃ ရက် အောက်တိုဘာလ ဆစ်ဒနီမြို့  Marrickville Town Hall တွင် ပြုလုပ်ရန်စီစဉ်ထားသော ပွဲတွင် စစ်အာဏာရှင် ၀ါဒဖြန့် ရုပ်ရှင်ကား၏ အဓိက ဇာတ်ဆောင် ခန့် စည်သူ ( စစ်တပ်အရာရှိ အ သိုင်းအ၀ိုင်း) လာရောက်မည်ဟု သိထားရသောကြောင့်  ယခုကဲ့ သို့  သဘောထား ထုတ်ပြန်ရခြင်း ဖြစ်သည်၊


 

အမှန်တကယ်ဆိုရင် အနူပညာရှင်ဆိုသည်မှာ နအဖ စစ်အုပ်စု၏ အသုံးချခံမဖြစ်သင့်ပေ။ အကယ်၍ နအဖ၏ အသုံးချခံဖြစ်ခဲ့ လျှင် ၄င်းတို့ သည် ပြည်သူ့ အနုပညာရှင်များမဟုတ်တော့ပေ၊
တခုအသိပေး

လိုသည်မှာ သိက္ခာရှိသော လူ့ အဖွဲ့ အစည်းတွင် မိမိပြောတာကို မိမိတာဝန်ယူရမှာဖြစ်သလို အာရုဏ် ဦးမှာဖူးသည့် ကြာ ရုပ်ရှင်ကားအတွက်လည်း လုပ်ဆောင်သူတွေ တာဝန်ယူမှုရှိရမှာဖြစ်တယ်၊


 


 

ဒီမိုကရေစီရေး အတွက်ကြိုးစားနေသူအားလုံး သိထားရန်မှာ စစ်အာဏာရှင်အုပ်စုကို အပြုတ်မတိုက်နိုင် သ၍ ယခုလိုပြဿနာများ အချိန်ကုန်ခံ၍ လုပ်ဆောင်နေရဦးမည်ဖြစ်သလို၊


 

မြန်မာပြည်တွင်စစ်အာဏာရှင် စနစ်ကျဆုံးပြီး ဒီမိုကရေစီစနစ်ဖြစ်ထွန်းစေချင်လျှင် နအဖစစ်အာဏာရှင် ကို ထောက်ခံအားပေးနေသော ဒေါက်တိုင်များအား ဆန့် ကျင်ကြ ၊ တိုက်ဖျက်ကြ၊


 


 

၈၈ မျိုးဆက်ကျောင်းသားများ

ဆစ်ဒနီမြို့ 

88 Generation Students in Australia


 

Contact:     Soe Lwin    0412 387 263

        Tin Myint    0412 908 322

        Ni Tun        0414 218 129

        Lin Aung    0421 016 350

        Toe Toe    0402 438 145

        Soe Soe Oo    0416 207 825

        Nyi Nyi Soe    0430 494 928


 

Email:        soelwinsydney2010@gmail.com


 

Copy to:    Department Immigration and Citizenship (Australia)

        Department of Foreign Affairs and Trade

        Australian Federal Police

        NSW Police Force

        Embassy of the United States, Canberra, Australia

No comments: