Friday, October 15, 2010


 

မစူးမစမ်း၊ မောင်စူးစမ်း

 
 

"အိုင်တီခေတ်မှာ၊ အင်တာနက် သုံးမိလို့  အင်းစိန်ထောင်ကို အောင်းသွားလေသတည်း"
   ဆိုတဲ့

ကိုဇာဂနာ့ပျက်လုံးက နအဖ စစ်အုပ်စုအကြောက်ဆုံးဟာ အိုင်တီခေတ်ရဲ့ မီဒီယာစနစ်ကို ရည်ညွှန်းနေပါတယ်။


 

အရင့်အရင်က မြန်မာပြည်က ပုံနှိပ်မီဒီယာ စာမျက်နှာတွေပေါ်မှာ ဘာတွေမဟုတ်တာပါနေပစေ၊

အယ်ဒီတာရဲ့သဘောဘဲ ဆင်ကလောင်ရှင်(သို့ ) နာမည်ရစာရေးဆရာတွေကလွဲလို့ 

သာမန်လူတွေအနေနဲ့ပြန်လည်ချေပခွင့် လုံးဝမရခဲ့ပါဘူး။

 
 

ဒီကနေ့ တော့ ဆရာ့ဆရာကြီး မောင်စူးစမ်း၏ " ပွဲဆူသောခေတ်၏နိဂုံး" ဆောင်းပါးကို

NLD နဲ့ တကွ လူလုတရပ်လုံးကို စော်ကားလွန်းတာကြောင့် မေးခွန်းတချို့ ပြန်လည်မေးမြန်း တုန့် ပြန်လိုက်ပါရစေခင်ဗျာ။

 
 

ကိုယ့်ကိုယ်တိုင်ကိုက NLD စီအီးစီ အဖြစ်နေရာယူခဲ့ဘူးပြီး၊

မော်လမြိုင်မြို့ နယ် အမတ်အရွေးခံ ခဲ့ပါရက်နဲ့ အဘယ့်အတွက်ကြောင့် . . .

 
 

ပကတိအစစ်အမှန်ဖြစ်သော စစ်တပ်ကကြိုးကိုင်မည့် အနာဂါတ်နိုင်ငံရေး(၀ါ) ပါတီစုံဒီမိုကရေစီ နိုင်ငံရေးကို

မစူးမစမ်းဘဲ၊ ရှုမြင်သုံးးသပ်ကာ ဟိုပေါင်ကူး ဒီပေါင်ကူး လုပ်နေပါသနည်း။

 
 

၁၉၉၀ ရွေးကောက်ပွဲအပြီး ကောက်ကျစ်လိမ်လည်သော စစ်အုပ်စု၏နိုင်ငံရေးညစ်ပတ်မှုများကို

ကိုယ်တွေ့ ခံလာခဲ့ဘူးပါရက်နဲ့ အဘယ်အတွက်ကြောင့် ရွေးကောက်ပွဲ ရှုမြင်ပုံ (၅)မျိုးကို

လော်လီရေးသားကာ မျက်ပြောင်တိုက် ဖော်လံဖား နေရပါသနည်း။

 
 

ပါတီဝင်များနှင့် ရွေးကောက်ပွဲ ၀င်မည့်ကိုယ်စားလှယ်လောင်းများသည် နိုင်ငံ့ဝန်ထမ်းများမဖြစ်စေရ၊

ဟုရွေးကောက်ပွဲဥပဒေတွင်ပါရှိနေပါလျက်၊ ဦးသိန်းစိန်နဲ့ တကွစစ်အုပ်စုဘောင်းဘီကျွတ်များကတော့

ထိုဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာ ဆရာ့ဆရာကြီးမောင်စူးစမ်းနဲ့ တကွရွေးကောက့်ပွဲ

ဝင်ကြမည့် အဘယ်ပါတီများကမှ ပကတိဖြစ်တည်မှုအမှန်တရားအတိုင်း ရှုမြင်သုံးသပ်ကာ

ရဲရဲတင်းတင်း ထိရောက်စွာ ကန့် ကွက်ခြင်းမရှိကြပါသနည်း။  ဒီမှာတင် စမှားနေကြပါပြီ


 

ဦးသုဝေ တယောက်ကတော့ ဒီကိစွုကို တမြန်မနေ့ က ဧရာဝတီအင်တာဗျူးမှာ  အတိအလင်းဝန်ခံသွားရှာပါတယ်။

ဒါက ၂၀၁၀ ရွေးကောက်ပွဲရဲ့  မတရားမမျှတတဲ့ တဘက်စောင်းနင်း ဥပဒေမဲ့ လုပ်ရပ်တွေအများကြီးထဲက တခုပေါ။့

 
 

၂၀၁၀ ရွေးကောက်ပွဲကို တခြားတခြားသော နိုင်ငံများ၏ ရွေးကောက်ပွဲအကြိမ်ကြိမ်လုပ်ခဲ့ဘူးသော

အာဏာရှင်များကို လေ့လာသုံးသပ်နေစရာမလိုဘဲ၊ ဗိုလ်နေ၀င်းနဲ ဗိုလ်သန်းရွှေတို့ ပေးတဲ့

နည်းပေါင်းစုံကလိမ်ကျစ် အာဏာတည်မြဲရေး သင်ခန်းစာများနဲ့တင် လုံလောက်စွာ သုံးသပ်နိုင်ပါတယ်။

 
 

ထောက်ပြစရာ ချေပစရာအချက်အလက်အများအပြားတွေ့ ရှိနေသော်လည်းကို အကျဉ်းချုပ် လိုရင်းကိုသာ တင်ပြလိုက်ပါတယ်။

တိုတိုပြောရရင်တော့ NLD သည်လူထုအပေါ် ကတိသစွုာတည်၏။

ထို့ ကြောင့် ရွှေဂုံတိုင်မူဝါဒကို ဆုပ်ကိုင်ကာ လူထုဆနွုနှင့်အညီ သိကွုာရှိစွာ ရပ်တည်၏


 

မစူးမစမ်း မောင်စူးစမ်းကား ဗိုလ်သန်းရွှေ တို့ အကြိုက် ဖော်လံဖားစိတ်ထားဖြင့် အဆင့်အတန်းမရှိ

ဘရန်းဘတာ ၀ါဒသမားဖြစ်လေ၏ ။

အသက်ကြီးကာမှ သီလကြောင်ကာ လေလုံးထွားနေခြင်းသာဖြစ်ပြီး၊


 

ဒီအသက်အရွယ်ကြီးရောက်နေကာမှ ထမင်းတလုပ်(၀ါ) စည်းစိမ်တရစ်အတွက် မိမိတသက်လုံး ထိမ်းလာသော

လူထုအတွက် ရပ်တည်ချက်အား အဘယ်သို့သောအကြောင်းများကြောင့် ရောင်းစားနေပါသနည်း။    


 

မောင်မောင်စိုး

အောက်တိုဘာ(၁၅)ရက်၊၂၀၁၀။


 


 


 

 
 


 

ဒီမိုကရေစီလှုပ်ရှားမှု

 ပွဲဆူသော ခေတ်၏ နိဂုံး --မောင်စူးစမ်း
-08,Oct 2010

ပွဲဆူလျှင်

နိုင်ငံရေးတွင် ရေပန်းစားသော ဝေါဟာရ ၂ ပါးရှိသည်။
လေလုံး အာဝဇ္ဇန်း Rhetoric နှင့် သီလကြောင်ခြင်း hypocrisy တို့ ဟူ၍ ဖြစ်သည်။

လာမည့် နိုဝင်ဘာလ ၇-ရက်နေ့ တွင် မြန်မာ နိုင်ငံ၌ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပ ပြုလုပ်တော့မည်။
ရွေးကောက်ပွဲကို ဆန့် ကျင်သူတို့က ရွေးကောက်ပွဲ သပိတ်မှောက်ရန် လှုံ့ ဆော်လျှက်ရှိရာ သူတို့၌ အစားထိုးပြသော (အော်လ်ထားနေတစ်) မရှိပေ။
ရွေးကောက်ပွဲ နည်းလမ်းကို ဆန့် ကျင်ခြင်းလော၊ သို့တည်းမဟုတ်-လက်ရှိအစိုးရက ကျင်းပ ပေးသည့် ရွေးကောက်ပွဲကို ဆန် ကျင်ခြင်းလော မသဲကွဲပေ။
မည်သို့ပင် ဖြစ်စေ အခြား အစားထိုးပြ စရာ နည်းလမ်းတွေ မရှိဘဲ ရွေးကောက်ပွဲ ဆန့် ကျင်ခြင်းသည် လေလုံးထွားခြင်းသာ ဖြစ်သည်။

သင်္ကြန်အမြောက်ပစ်ပြီး လေနှင့် မီးရှူး မီးပန်း ပစ်ကြခြင်း Rhetoric သာ ဖြစ်၍ အခြေခံ ၀ါဒီ ဆန်သည်။ မီးရှူး မီးပန်း ပစ်ကြခြင်းသည် ပွဲဆူလိုသော သဘောကို ပြသည်ဖြစ်၍ ခေတ်ပျက်လျှင် ကြိုက်သော အခြေအနေမဲ့တို့၏ စိတ်ထားမျိုး ဖြစ်သည်။
နတ္တိဝါဒသည် ၂၁ ရာစုတွင် ပွဲမတိုးတော့ပေ။ ပွဲဆူလျှင် ကြိုက်သော စိတ်ထားနှင့် အမြင်တို့သည် အဆင့်အတန်း မရှိပေ ။




အန္တိမ

ရွေေးကာက်ပွဲ ဆန့် ကျင်သူတို့ကား တရားမျှတသော ရွေးကောက်ပွဲ မဟုတ်ဆိုပြီး အကြောင်းပြသည်။ တရားမျှတမှုကို မိမိတို့ ကိုယ်တိုင်ကလည်း ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါဘဲလျှက် ဤအချက်ကို လက်ကိုင်ပြုသည်မှာ သီလကြောင်ရာ ပြသည်။ နိုင်ငံရေး ဆိုသည်မှာ အစွန်း မရောက်သင့်ပေ။ တော်ရုံသင့်ရုံ အလယ်အလတ် ဖြစ်ထိုက်သည်။ အစွန်းရောက်ခြင်းသည် နိဂုံး မကောင်းကြောင်း မြန်မာ့ နိုင်ငံရေးက သင်ခန်းစာ ပေးခဲ့ပြီး ဖြစ်ရာ- ၂၁ ရာစု၌ အစွန်းရောက်ခြင်း သြဇာ ကျဆင်းနေသည်။
ရွေးကောက်ပွဲကို ရှုမြင်ခြင်း ငါးနည်း ရှိသည်။

ပထမနည်းသည် Normative နည်းဟုခေါ်၍ စံအဖြစ်၊ စည်းမျဉ်းအဖြစ် ရှုမြင်သည်။

ဒီမိုကရက်စံသည် ရွေးကောက်ပွဲဟု သတ်မှတ်ပုံမျိုး ဖြစ်သည်။
တနည်းပြောလျှင် ဒီမိုကရေစီ ရွေးကောက်ပွဲသည် အန္တိမ နည်းဖြစ်သည်။
အပြောင်းအလဲ အရပ်ရပ်ကို ရွေေးကာက်ပွဲတို့မှ တစ်ဆင့် ဖြစ်ထွန်း စေရမည်။

ဒုတိယ နည်းသည် ရွေးကောက်ပွဲသည် မဟာဗျူဟာမြောက် ရှုထောင့်မှ ကြည့်သော ဖြစ်ရပ် ဖြစ်သည်။
နိုင်ငံရေး လုပ်ငန်းတို့သည် အမျိုးမျိုး ရှိရာ ဤလုပ်ငန်း စဉ်က မဟာဗျူဟာမြောက် သက်ရောက်မှု တို့ကို မွေးထုတ်သည်။

တတိယ နည်းသည် ရွေးကောက်ပွဲကို မူဝါဒ ပေါ်လစီများ မွေးထုတ် အကောင်အထည်ဖော်ရန် မီဒီယန် အမြင်ဖြစ်သည်။


ပါရာဒိုင်းအသစ်

စတုတ္တနည်း၌ ရွေးကောက်ပွဲသည် ပါဝါ အာဏာ အပြောင်းအလဲ ရည်ညွှန်းသည်။
တစ်နည်းပြောရရလျှင် ရွေးကောက်ပွဲသည် သက်ဆိုင်ရာ ပလေယာတို့၏ အားစမ်းပွဲ ဖြစ်သည် နှင့်အညီ အင်အား နှိုင်းယှဉ်ချက်နှင့် ချိန်ခွင်လျှာတို့ကို အစစ်အမှန် အတိုင်း ပေါ်လွင်စေသည်။



ပဉ္စမနည်းတွင် ရွေးကောက်ပွဲသည် အဓိက စိုးမိုးသော ပါရာဒိုင်းကို မွေးထုတ်မည်ဖြစ်၍ ပလေယာတို့သည် ဂိမ်းသစ် ရှိ စည်းမျဉ်း အသစ်တို့ဖြင့် ကစားရနိုင်စေသည်။

နိုဝင်ဘာ ၇-ရက်န့ အပြီး ပေါ်ပေါက်မည့် ပါရာ ဒိုင်း အသစ်သည် လွှတ်တော် ၃-ရပ် နိုင်ငံရေး ဖြစ်သည်။

ဤ နိုင်ငံရေး၏ ကံကြမ္မာကို စောင့်ကြည့်ရမည်။

ဖွဲ့စည်းပုံ အခြေခံ ဥပေဒေနှင့်အညီ ပေါ်ပေါက်သော ပါရာဒိုင်း အသစ်တွင် ပလေယာတို့ ကစားကြရမည်။
ဤနေရာတွင် ပလေယာတို့သည် အတွေ့ အကြုံနှင့်ကစားမလား။ သီအိုရီသစ် ဖော်ထုတ်၍ ကစားမလား။ စောင့်ကြည့်ရမည်။
အဓိက အားဖြင့် မျိုးဆက်သစ်တို့က ပါရာဒိုင်း သစ်ဖြင့် နိုင်ငံရေး ကစား ကြရမည် ဖြစ်သည်။
ထို့သို့ မကစားခင် မျိုးဆက်သစ်တို့သည် ပါရာဒိုင်းသစ် အကြောင်းကို ဓမ္မဓိဌာန် ကျကျ ၊ယထာဘူတ ကျကျ ၊ လက်တွေ့ ကျကျ ကြည့်ရမည်။ မဟာ နိုင်ငံရေး သီအိုရီ၊ မဟာ တန်ဘိုး တို့သည် အံဝင်ကြလိမ့်မည် မဟုတ်ပေ။ စိတ်ခံစားမှု ဖြင့် သရုပ်ဖော် မကြည့်အပ်။

ပကတိ အစစ်အမှန်သည် စစ်ဘက်မှ ကြိုးကိုင်သော ဒီမိုကရေစီ ဖြစ်သည်။ ဤ အစစ်အမှန်ကို အသိအမှတ်ပြု၍ ဗဟုဗျူဟာ ရှုထောင့်ဖြင့် အနာဂတ် နိုင်ငံရေး ( ၀ါ) ပါတီစုံ နိုင်ငံရေးကို ရှုမြင်သုံးသပ်ရန် ဖြစ်သည်။

စိတ်ကူးယဉ် ယူနီဗာဆယ် စံကြီးတို့က အနာဂတ် မြန်မာ့ နိုင်ငံရေးကို ပုံလောင်းမည် မဟုတ်။
ထိုအစား လွှတ်တော်နိုင်ငံရေးနှင့် စစ်ဘက်ပါဝင်မှုက ပိုပြီး သြဇာ ညောင်းလာ ပါလိမ့်မည်။

မောင်စူးစမ်း။


 


 

၂၀၁၀ ရွေးကောက်ပွဲ မှတ်စုများ (၁)


 


 

ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ မဲပေးခွင့် ပေးလိုက်ပါတယ်။


 

နအဖက မိမိသဘောထား ပျော့ပြောင်းကြောင်း ကမ္ဘာကို ပြသ လှည့်ဖျားဖို့သာ ဖြစ်သည်ဟု ထင်မြင်ကြသူများ ရှိပါတယ်။ အကျဉ်းသားတစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခွင့်ပေးခြင်းဖြင့် အကျဉ်းသားမှန်သမျှ၏ မဲပေးခွင့်ကို ပိတ်ပင်ထားသော နအဖက မိမိဥပဒေကို မိမိကိုယ်တိုင် ချိုးဖေါက်လိုက်ခြင်းဖြစ်တယ်လို့ တခုတ် တရ ထောက်ပြတာမျိုးလည်း ရှိပါတယ်။


 

တစ်သောင်လုံး ဘီလူးခေါင်းဆောင်း ဘီလူးဆိုင်းတီး ဘီလူးက ကနေတဲ့ နအဖက မိမိ မျှတ ပျော့ပြောင်းကြောင်းကို ပြခွင့်ရတိုင်း ပြချင်ရှာမှာတော့ အသေအချာပါ။ သို့သော် အပြော တစ်မျိုး အလုပ် တစ်မျိုး လုပ်နေကြမို့ ဘယ်သူကမှ ထူးပြီး ယုံကြည်လာစရာ အကြောင်း သိပ်မရှိလှပါဘူးဆိုတာ သူတို့ကိုယ်တိုင်တောင် သိကြမှာပါ။ တစ်ဖန် ကိုယ်ထုတ်တဲ့ ဥပဒေကို ကိုယ်ပြန်ချိုးဖေါက်တာမျိုးက နအဖအတွက် ပျင်းစရာကောင်းလောက်အောင် ရိုးအီလို့ပင် နေပါပြီ။ ကိုယ့်တံတွေး ကိုယ်ပြန်မျိုနေကျ ဗိုလ်ချုပ်တွေအဖို့ ခတောင်း(ခါးတောင်း) တခြား ဖင် တခြားဆိုသလို ဥပဒေတခြား လုပ်နေတာ တခြား လုပ်မြဲ လုပ်ဆဲပါ။


 

နိုင်ငံရေးပြစ်မှု တစ်ခုဖြစ်တဲ့ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ အန္တရာယ်မှ ကာကွယ်စောင့်ရှောက်မှု ဥပဒေအရ အကျယ်ချုပ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၀ ရွေးကောက်ပွဲကာလမှာ မဲပေးခွင့် ပြုခဲ့တယ်။ အဲဒီတုန်းက အမတ်အဖြစ် ဝင်ရောက် အရွေးချယ်ခံခွင့်ကိုပင် မြို့နယ်အဆင့်ရုံးက ခွင့်ပြုခဲ့ပြီး ခရိုင်ကျမှ ပိတ်ပင်ခံခဲ့ရတာပါ။ အခုနောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားတဲ့ ပုဒ်မက ကိုမင်းကိုနိုင် ကိုကိုကိုကြီးတို့လို ပြစ်မှုမျိုးနှင့်သာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး၏ ရုတ်တရက် ထူးဆန်း အံ့သြဖွယ်ရာ ပေါ်ပေါက်လာသော မေတ္တာ စေတနာနှင့် နိုင်ငံရေး ပြန်လည်သင့်မြတ်မှုကို ရှေ့ရှုသည်ဆို၍ အကျဉ်းထောင်မှာ မထားဘဲ နေအိမ်မှာ အချုပ်အနှောင်ဖြင့် ထားရခြင်းသာ ကွာခြားမှုဖြစ်ပါတယ်။


 

ပြစ်မှုအမျိုးအစားချင်း အတူတူ ထောင်ပေါင်းများစွာရှိတဲ့ နိုင်ငံရေးအကျဉ်းသား တစ်ယောက်မှ မဲပေးခွင့် မပြုဘဲ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းကိုမှ ထူးပြီး မဲပေးခွင့် ပြုလိုက်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်ကို သာမန် ရာဇဝတ်ပြစ်မှုနှင့် ပြစ်ဒါဏ်ကျခံနေသူ ဖြစ်တယ်လို့ နအဖက မသတ်မှတ်ဘူးဆိုတာကို အထင်အရှား ကြိုတင် အချက်ပြလိုက်ခြင်းသာ ဖြစ်ပါတယ်။


 

မဲမပေးဖို့ လူသိရှင်ကြား သဘောထားပေးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးလိမ့်မည် မဟုတ်မှန်း သိသိကြီးနှင့် ထုတ်ပြန်ပြီးသား မဲဆန္ဒရှင် စာရင်းကို တမင် ပြန်ပြင်ပြီး ဘာကြောင့် နိုင်ငံတကာ သတင်းတွေမှာ ပြူးတူး ပြဲတဲ ပါလာအောင် မဲပေးခွင့် ပြုလိုက်ပါသလဲ။


 

သာမန်အားဖြင့် ပြစ်ဒါဏ်စေ့လျှင် လွှတ်ကို လွှတ်ရမဲ့ အမျိုးအစားထဲမှာ ဒေါ်အောင်ဆန်းစုကြည် မပါဘူးဆိုတာကို ပြည်တွင်း ပြည်ပကို ရည်ရွယ်ချက်ရှိရှိ ကြိုပြထားလိုက်ခြင်းသာ ဖြစ်ပါတယ်။


 

အကယ်၍များ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခြင်းအားဖြင့် နအဖအတွက် နိုင်ငံရေး အကြပ်အတည်းတွေ ရှိနေဦးမည်လို့ ဗိုလ်ချုပ်မှူးကြီးက ယူဆလျှင် ၂၀၁၀ခု နိုဝင်္ဘာ ၁၃မှာ ဒေါ်အောင်ဆန်းစုကြည်ကို ထုံးစံအတိုင်း ညာဏ်နီ ညာဏ်နက်မျိုးစုံနှင့် အကွက်ဆင်ပြီး မျက်နှာပြောင်တိုက် မတရား အကြောင်းပြ ဆက်လက်ချုပ်နှောင်ထားမည်ဟု ယူဆမိပါကြောင်း။


 


 

အောင်ထီ


 

အောက်တိုဘာ ၁၅၊ ၂၀၁၀

http://bamakyel.wordpress.com/
(ဗမာ့ကြယ်စာအုပ်စင်)ဖိုင် ၅၅၀ တင်ထားပါသည်

 http://hninyulwin.wordpress.com/books/

http://hninyulwin. wordpress. com/

http://www.livestat ion.com/channels /66-democratic_ voice_of_ burma_burmese

http://www.niknayma n-niknayman. co.cc/

http://www.myanmardaily.net/  

ကဏ္ဍစုံ
(အချိန်နှင့်တပြေးညီ)

Recent Burmese News – 101015

 
 

Please sign up

http://www.avaaz.org/en/jail_the_generals/?cl=293661704&v=3762

http://wn.com/Oppose_Burma's_Sham_Election

 
 

Photo Slide Show of rescue of 33 trapped miners in Chile

Myanmar junta blames ethnic Kachins for blast

Reportlinker Adds Oil and Gas Pipelines Industry Outlook in Asia Pacific to 2014 - Details of Operat

Editor faces 13 years behind bars

Malaria stalks Myanmar's poor as healthcare crumbles

Suspect in violent robbery of writer's widow charged

DPP leaves alliance after NDF takes crony funds

Palaung women's group marks decade of service

Burmese Tycoon Buys the Kandawgyi Palace Hotel

Zarganar in Good Health, Says Rangoon Journal

Myanmar democracy fight polls apart - Clifford McCoy.

Business associations ease way for members to enter parliament - Kyaw Hsu Mon

The general versus the teenage prisoner - Wai Moe

Mandalay dam water leaves 2,500 homeless, cuts roads - Salai Han Thar San

Economic expertise needed in Hluttaws: analysts, politicians

F&R Minister attends IMF, WB meetings

How to keep the flame of democracy burning

As vote nears, moods range from disdain to determination - Yan Paing

Kachin court clears Yuzana tycoon - Nang Kham Kaew

THAILAND - MYANMAR Victims of exploitation and abuse, Burmese immigrants are essential for Thailand's economy

Bay of Bengal generates fresh storm, bureaus say

Mr. Surin Pitsuwan’s dream of Burma will not come true

 
 

ဗမာ့ကြယ်ကွန်ယက်စာအုပ်စင်

ကဏ္ဍစုံ (အချိန်နှင့်တပြေးညီ)

VDO messages for appeal to UN security council

၂၀၁၀ ရွေးကောက်ပွဲ နွဲလိုက်ကြစို့ ဝုန်းဒိုင်းကြဲ

နားဆင်ရန်

အဆုံးသတ်တိုက်ပွဲ နွှဲကြဖို့

နားဆင်ရန်

သတ္တိရှိရှိ ရင်ဆိုင်ကြပါ

နားဆင်ရန်

စစ်ကျွန်ဘဝ သွတ်သွင်းမယ့်ပွဲ

နားဆင်ရန်

စစ်ဘုရင်တွေ အာဏာမြဲရေးအတွက်

နားဆင်ရန်

အယ်ဒီတာတွေ ပြောတဲ့ရွေးကောက်ပွဲ – ပေါင်းချုပ်(၂၀၁၀၁၀၀၉)

၂၀၀၈ ခုနှစ် မြန်မာပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးသပ်အကဲဖြတ်ချက် – Yash Ghai

The 2008 Myanmar Constitution: Analysis and Assessment

U WIN TIN on YouTube

 
 

ပူးပေါင်းဆန့်ကျင်ဖို့ အချိန်မနှောင်းသေး

နားဆင်ရန်

စစ်အာဏာရှင်သက်ဆိုးရှည်မယ့် ရွေးကောက်ပွဲ ဆန့်ကျင်ကြစို့

နားဆင်ရန်

သိက္ခာမရှိတဲ့ပါတီနဲ့ ကင်းကင်းနေတာ ကောင်းတယ်

နားဆင်ရန်

 
 

တရားစွဲဆိုထားသည့် ကာလ NLD ပါတီ ရပ်တည်မှု ပျက်ပြယ်ခြင်းမရှိ

အန်အယ်လ်ဒီ တရားဝင် ရပ်တည်လျက်ရှိကြောင်း ကြေညာချက် ထုတ်ပြန်

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ်များ ဆေးနီပက်ခံရ

NLD တရားဝင်ရပ်တည်နေကြောင်း ပါတီဝင်များကို အကြောင်းကြား

NLD နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ရွေးကောက်ပွဲ သဘောထား ဆွေးနွေး

ရွေးကောက်ပွဲ အသိအမှတ်မပြုရေး နယူးဇီလန်အမတ်များကို မြန်မာဆရာတော် တိုက်တွန်း

မြန်မာ့အရေး နယူးဇီလန်ပါလီမန်မှာ ကြားနာ

ကြံ့ခိုင်ရေးပါတီဝင်များ မိုးကြိုးပစ်ခံရ

ဝေဖန်သူ တပ်သားကို တပ်ရင်းမှူးက အသေပစ်သတ်ပြီး ကိုယ်ဝန်ဖြင့် ကျန်ခဲ့သူ ဇနီးကို တပ်ရင်းမှ နှင်ထုတ်

မေတ္တာနဲ့ ခတ်ထားတဲ့ သော့ခလောက်

ဂုဏ်ယူတယ်

ချင်းမိုင်က မြန်မာခေတ်ပြိုင် ပန်းချီပြပွဲ

"အမှိုက်ထဲက ရွှေမြန်မာများ"

မူးယစ်ဆေးဝါးအား အဓိကရန်သူထား ချေမှုန်းသွားရန် KIO ကြေငြာချက် ထုတ်ပြန်

ရွှေ့ပြောင်း အလုပ်သမားများထံမှ ငွေထပ်မံ ကောက်ဦးမည်

တဖက်သတ်အချစ်ဟာ ဆိုးပါသည်

KIA ကို သောင်းကျန်းသူဟု ပြန်ခေါ်

စီစဉ်သူ မသေချာမှုကြောင့် အနုပညာရှင်များ ပွဲဖျက်

လူ့အခွင့်အရေး ညီလာခံတွင် နိုင်ငံရေး အကျဉ်းသားအရေး အဓိက ဆွေးနွေး

မြေသိမ်းအမှုတွင် ယုဇန ဦးဌေးမြင့်ကို ချန်လှပ်

ကမ္ဘာ့ရွှေဈေးကြောင့် မြန်မာ့ရွှေဈေးလည်း စံချိန်တင်ထိုးတက်

ဧရာဝတီ ရွေးကောက်ပွဲ ကာတွန်းများ ကျေးရွာများတွင် ဖြန့်

မြို့တော်ဝန်ကို လူငယ် နိုင်ငံရေး အကျဉ်းသားဟောင်း စိန်ခေါ်

အစာအဆိပ်သင့်စေသည့် ကြိတ်ခွဲမှုန့်များ ပြည်တွင်း၌ ရောင်းချနေ

ဆန္ဒပြ မြန်မာအလုပ်သမားများ ထိုင်းစက်ရုံမှ ထွက်ခွာ

လူ့ဘောင်သစ် ပါတီ ၂၂ နှစ်မြောက် အခမ်းအနား ကျင်းပ

ထိုင်း ငါးဖမ်းပိုက်စက်ရုံ မြန်မာအလုပ်သမားတွေနဲ့ အလုပ်ရှင်တို့ အခြေအနေတင်းမာ

ကန္တာရဝတီ အယ်ဒီတာကို ထောင်ဒဏ် ၁၃ နှစ်ချ

ပြည်သူ့စစ် ငှားရန်အတွက် စစ်တပ်က ဒေသခံထံ ငွေတောင်း

ဘတ်စ်ကားမှောက် ချင်းလူငယ် ၃ ဦး သေဆုံး

ကိုးကန့်လူထုအား KDUP ပါတီက မဲစာရွက်နမူနာဖြင့် မဲခြစ်နည်း သင်ပေး

အနာဂတ် ပြည်နယ်/တိုင်း ဝန်ကြီးချုပ်များ ရွေးချယ်ပြီး

တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်မှု အခက်အခဲမျိုးစုံ ရင်ဆိုင်ရ

သတ္တုတွင်း လုပ်သားတွေရဲ့ စိတ်ဓာတ်ခိုင်မာမှု ချီလီသမ္မတ ချီးကျူး

မဲဆန္ဒရှင်များ လွတ်လပ်စွာ မဲပေးခွင့်ရှိဟု ကရင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ပြော

ထိုင်းက ပြန်ပို့မည်ကို မြန်မာ အတိုက်အခံများ ဝေဖန်

အိန္ဒိယဆင်ရိုင်းများ သေဆုံးမှု စုံစမ်းစစ်ဆေးမည်

ပြင်သစ် အငြိမ်းစားစီမံကိန်း ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်နေရ

ချီလီ သတ္တုတွင်းလုပ်သားများ ထင်ရှားကျော်ကြားလာ



 

No comments: