Monday, October 11, 2010

မဟာတဘောင်တော်ကြီး



ဝလေးလုံးဆုံ ပြောင်းဖို့ကြုံ

နိမ့်သူမြင့်ဖို့ ဖြစ်လတ္တံ့



ငါးကောင်ဆင်ဖြူ တိုင်းပြည်ဆူ

ရှေ့လူ နောက်တတ် နင်းလတ္တံ့



သီတင်းကျွတ်ရေတတ် တိုင်းပြည်ပျက်

ကောင်းအောင်ညီဖို့ လိုလတ္တံ့။



မြန်မာပြည်ထဲမှာ လွန်ခဲ့တဲ့ ၃ လလောက်ထဲက ထွက်ပေါ်နေတဲ့ တဘောင်ပါ။ မြန်မာပြည်မှာ ရေတွေကြီးလာတော့ အံ့သြပြီး တဘောင်အတိုင်း ဖြစ်နေပါ လားဟ ဆိုပြီး သိမ်းထားတာလေးပြန်လည်မျှဝေပေးလိုက်ပါတယ်။ အတိတ်တဘောင်တွေဆိုတာ ရံဖန်ရံခါပေါ်ထွက်တတ် သလို တိုင်းရေးပြည်ရာ အဖြာဖြာအထိ ဆိုးကောင်းတွေကို ကြိုကြိုတင်တင် နိမိတ်ထင်တဲ့သဘောလို့ မြန်မာတွေက ယုံကြည်ယူဆကြပါတယ်။



၁၀ ရက် ၁၀ လ ၂၀၁၀ ဟာ ၀လေးလုံး ဆုံတဲ့ ကာလဖြစ်ပါတယ်တဲ့။ အိမ်နိမ့်စံ ဖြစ်နေရသူတွေ အမြင့်စံ ဖြစ်တော့မယ့် အခါသမယလို့ ဆိုပါတယ်။



ဆင်ဖြူတော်ကလည်း ငါးကောင်တိတိ ဆုံညီသွားပြီမို့ တိုင်းပြည်တကယ်ကောင်းဖို့ ဆင်ပြောင်ငါးစီး အားမာန်တွေ စုစည်းလိုက်သလို ရှေ့မှာ အနိုင်ကျင့် စိုးမိုးထားသူတွေကို နောက်တတ် လူကောင်း လူမှန် တွေက ချေမှုန်းအနိုင်ပြန်ယူတော့မယ်နိမိတ်လို့ အဓိပ္မါလ်ဖွင့်ကြပါတယ်။



သီတင်းကျွတ်ကာလဆိုတာ ခြေခင်းလက်ခင်းသာပြီး ဆန်စပါးထွက်ပေါ်ပြီး ပထ၀ီမြေထုထံက ရွှေစု စပါးနှံတွေ သီးပွင့်ပေးတဲ့အချိန်ပါ။ ဒီအချိန်မျိုးမှာ (မတော်တဆ ဖြစ်တတ်တဲ့ တနေရာရာလောက်မှာ မဟုတ်ပဲ) တတိုင်းပြည်လုံး နေရာအတော်များများမှာ ရေလွှမ်းမိုးတာမျိုးဟာ တိုင်းပြည်ပျက်တဲ့ အတိတ် နိမိတ်လို့ ဆိုထားပါတယ်။ ကောင်းတဲ့ဖက်ကို ပြောင်းချင်တယ်ဆိုရင်တော့ အားလုံးညီညွတ်ဖို့လိုပါလိမ့် မတဲ့ဗျား..။


အရှင်သုမန



နိုင်ငံရေးသီလ

လူမှုဆက်ဆံရေးနယ်ပယ်တွင် စောင့်စည်းရမည့်လူ့ စည်းကမ်းများရှိသည်။ လူအချင်းချင်း

ဆက်ဆံရာတွင် အသိပညာဖလှယ်ခြင်း၊ အပြန်အလှန်အကူအညီပေးခြင်း၊ အပြန်အလှန်စောင့်ရှောက်

ခြင်းတို့ သည် လိုလားဖွယ်ဖြစ်သည်။ ရန်လိုခြင်း၊ အမုန်းစကားဆိုခြင်း၊ ဝင့်ဝါခြင်း၊ မောက်မာခြင်း၊ ချိုးနှိမ်

ခြင်း၊ ပျက်စီးရာပျက်စီးကြောင်း ကြံစည်ခြင်းတို့ သည် မလိုလားအပ်သောအပြုအမူများဖြစ်သည်။

လူသည် အတ္တဗဟိုပြု သတ္တဝါဖြစ်သည်ဟု နားလည်ထားပြီးဖြစ်သည်။ သို့ သော် အတ္တကို

ချဉ်းကြည့်ကာ ကိုယ်ကျိုးကိုသာ ကြည့်သူသည် သာမန်လူသားဖြစ်သည်။ ကိုယ်ကျိုးကို ကြည့်ရုံနှင့်

မပြီးသေး။ မိမိကိုယ်ကျိုးဖြစ်ထွန်းရေးနှင့် မိမိမြင့်မားရေးအတွက် အခြား သူတစ်ပါးကို နင်းခြေခြင်း၊

အခြားသူတစ်ပါး၏ အကျိုးစီးပွားကို ပျက်စီးစေခြင်းသည် သာမန်လူအောက်နိမ့် ကျသော ယုတ်ညံ့သူ

ဖြစ်လေသည်။

နိုင်ငံရေးဆောင်ရွက်ခြင်းသည် အတ္တဟိတမဟုတ်၊ အများအကျိုးဆောင်သော ပရဟိတဖြစ်

သည်။ ထို့ ကြောင့် နိုင်ငံရေးဆောင်ရွက်ခြင်းသည် မွန်မြတ်သောအလုပ်ဖြစ်သည်။ နိုင်ငံရေးဆောင်ရွက်

သူများအား နိုင်ငံရေးသမားဟု ခေါ်ဝေါ်ခြင်းသည် တွင်ကျယ်နေသော အများသိဝေါဟာရ ဖြစ်လျက်

ရှိသည်။

သို့ ဖြစ်ရာ

'ပညတ်သွားရာ ဓာတ်သက်ပါ' ဆိုဘိသကဲ့သို့  နိုင်ငံရေးသမားဟုဆိုလျှင် သတိထားဆက်ဆံရမည့်

သူ ဟူ၍ နားလည်မှုလွဲနေသူများစွာ ရှိနေသည်။ နိုင်ငံရေးသမားနှင့် ဆက်ဆံရသည့်အခါများတွင်

ကြောက်သလိုလို၊ စိတ်မချသလိုလို၊ မိမိအပေါ်တစ်စုံတစ်ရာ အမြတ်ထုတ်သွားတော့မလိုလို မသိုး

မသန့် ဖြစ်တတ်ကြသည်။ ထိုသို့ ဖြစ်နေအောင်လည်း နိုင်ငံရေးသမားဆန့် ကျင်သူတို့ က 'အဆင်း

ဘီးတပ်ပေး' ခဲ့ကြသည်။ ရေနစ်သူကို ဝါးလုံးဖြင့် ထိုး၍ပင် နှစ်ခဲ့ကြသေးသည်။ နိုင်ငံရေးသမားဆို

တာ ကိုယ်ကျိုးရှာသမားတွေဟု အများပြည်သူထင်မြင်ချက် ဖြစ်ပေါ်လာအောင် နည်းမျိုးစုံသုံးကာ

နာမည်ဖျက်ခဲ့ကြသည်။

သို့ ဆိုလျှင် နိုင်ငံရေးသမားဟူသော အသုံးအနှုန်း အခေါ်အဝေါ်ကို "နိင်ငံရေးအကျိုး

ဆောင်" ဟု ပညတ်ပါ ပြောင်းလဲပြီး တွင်ကျယ်စွာလည်း သုံးနှုန်းခေါ်ဝေါ်ကြပါက ဆက်ဆံရန်

စိုးကြောက်မှုများ လျော့နည်း သွားလေမည်လားဟု ယူဆမိပေသည်။

နိုင်ငံရေးအကျိုးဆောင်များကလည်း ကိုယ်ကျိုးစီးပွားကို အဓိကမထားဘဲ နာမည်နှင့်

လိုက်ဖက်အောင် နိုင်ငံ၏ အရေးအရာများကို အကျိုးဆောင်ပေးရန် အဓိက ဦးတည်သင့်ကြ

သည်။ သို့ ဖြင့် လူအများ၏ထင်မြင်ချက်သည် ပြောင်းလဲသွားဖွယ်ရှိသည်။

နိုင်ငံရေးဆောင်ရွက်သူများသည် တစ်ဦးနှင့် တစ်ဦး အယူအဆ မူဝါဒ အားလုံး

တူမျှနိုင်မည်မဟုတ်ချေ။ တူညီချက်များရှိသလို ကွဲလွဲချက်များလည်း ရှိနေမည်သာ ဖြစ်သည်။

အယူအဆမတူတိုင်း ရန်သူများ မဖြစ်သင့်ပေ။ မတူသည်ကို ခွဲလုပ်၊ တူသည်များကို တွဲလုပ်ခြင်း

ဖြင့် အများပြည်သူအကျိုးကို ဆောင်နိုင်ကြပေသည်။

နိုင်ငံရေးဆောင်ရွက်သူများသည် မိမိ၏မူဝါဒနှင့် လုပ်ငန်းစဉ်ကောင်းကြောင်းကို လူထုထံ

တင်ပြခြင်းနှင့် တစ်ချိန်တည်းတွင် မိမိပြိုင်ဘက်များ၏ မူဝါဒနှင့် လုပ်ငန်းစဉ်များ လွဲမှား ချွတ်ချော်

နေကြောင်းကိုလည်း တင်ပြကြမည်သာဖြစ်သည်။ ထိုသို့ တင်ပြရာတွင် ရန်စွယ်ငေါငေါ အမျက်

စောင်မာန်ကြီးစွာဖြင့် မိမိ၏ပြိုင်ဘက်ကိုတိုက်ခိုက်နှိပ်ကွပ်ခြင်းသည် မလိုလားအပ်သော အပြုအမူ

ဖြစ်၍ နိုင်ငံရေးအကျိုးဆောင်များ ရှောင်ရှားအပ်ပေသည်။ အတိတ်ကာလတွင် ယင်းသို့ 

အပြန်အလှန် လက်ညှိုးထိုး အပုပ်ချမှုများကြောင့် နိုင်ငံရေးသမားများ နာမည်ပျက်ခဲ့ခြင်း

ဟု ဆိုနိုင်ပေသည်။ တစ်ဦးနှင့် တစ်ဦး ငယ်ကျိုးငယ်နာများ ဖော်ထုတ်တိုက်ခိုက်ခြင်းကို

အဓိကထားခဲ့ကြရာ ယင်းတို့ ၏ ကောင်းကွက်များကို လူထုက လုံးဝမသိရဘဲ မကောင်း

ကွက်များကိုချည်း ထပ်ဖံတလဲလဲ ကြားသိနေရသည်ဖြစ်၍ နိုင်ငံရေးသမားများသည် လူထု

အမြင်တွင် အထင်သေးစရာ ဖြစ်ခဲ့ရပေသည်။

သို့ ဖြစ်ရာ နိုင်ငံရေးအကျိုးဆောင်လိုသူများသည် အပြန်အလှန်လက်ညှိုးထိုး အပုပ်

ချမှုများကို မပြုမိအောင် စောင့်စည်းခြင်းနှင့် ပြိုင်ဘက်ကိုလေးစားခြင်းတည်းဟူသော နိုင်ငံရေး

သီလမြဲစေရန် ကြိုးစားသင့်ကြသည်။ နိုင်ငံရေးသီလမြဲခြင်းဖြင့် ငြိမ်းချမ်းစွာ ယှဉ်ပြိုင်မှုဖြစ်ထွန်း

ကာ တိုင်းပြည်နှင့် လူမျိုးအတွက် ကောင်းသောရလာဒ်များ ပေါ်ထွက်လာမည်ဖြစ်ပေသည်။



စာရေးသူ-မြန်မာစာပေပညာရှင်များ

ပြန်လည်ကူးယူတင်ပြသူ-ဘုန်းလှိုင်-FWUBC

အခုလောလောဆယ်(မဲမထဲ့ရေး) သပိတ်မှောက်ရေး ကန်ပိန်းတွေကိုမကြာခဏ ကြားနေရပါတယ် ကဲဘယ်သူမှမဲမထည့်ဆိုပါတော့ ၁၉၉၀ ခုနှစ်မှာ အပြတ်အသတ်အနိုင် ရခဲ့တဲ့ အန်အဲလ်ဒီ အနေနှင် ကြားဖြတ်အစိုးရဖွဲ့ရဲမှာလား။ အဲဒီလိုလုပ်ဖို့ကော ရည်ရွယ်ချက်တွေရှိပါသလားခင်း ဗျားဖြေနှိုင်တဲ့လူတွေဖြေပေးပါဗျာ။

မြန်မာ့တပ်မတော်မှ အတွေးအခေါ်

ပြည်သူများမှ တိုင်းပြည်၏လိုအပ်ချက်များအ၇ မွေးဖွားလာခဲ့သည် ။
ဖက်ဆစ် ဂျပန်စစ်တပ်များကို မြန်မာပြည်မှ ဦးဆောင်ပြီး တိုက်ထုတ်ခဲ့သည် ။
နယ်ချဲ့ အဂ်လိပ်ထံမှ လွတ်လပ်ရေး ရရှိရေးအတွက် စွမ်းစွမ်းတမံ ကြိုးစားခဲ့ သည် ။
လွတ်လပ်ရေး ရကာစ ကွဲပြားနေသော အတွေး အခေါ်များ အဖွဲ့ အစည်းများ အားလုံးကို
လက်နက်ကိုင်ဖြင့် အုပ်ချုပ်သူများ င်ြမ်းချမ်းအောင် ကာကွယ် ဆောင်ရွတ်ခဲ့သည် ။
တိုင်းနှင့် ပြည်နယ်များ အုပ်ချုပ်ရေး အာဏာခွဲဝေရေး အစည်းအဝေးများ အပြီးမသတ်နိုင်ဘဲ
လိပ်ခဲတင်းတင်းဖြစ်နေစဉ်
ပြည်ထောင်စု မပြိုကွဲရေး ခေါင်းစဉ်ဖြင့် တိုင်းပြည်ကို အာဏာသိမ်းခဲ့ရသည် ။
နယ်မြေခေါင်းဆောင်များ လူထု ကိုယ်စားလှယ်များ အများစုကို
နယ်မြေတည်တန့် ခိုင်မြဲရေး အတွက် စိတ်မကောင်းစွာ စတေးခဲ့ရသည် ။
သာယာသော ဆိုရှယ်လစ် လူ့ ဘောင်သစ်အတုကြီး ကို တပ်မတော်မှ ဦးဆောင်တည်ဆောက်ခဲ့သည် ။
တိုးတက်လာသော အပြည်ပြည် နိုင်ငံများ ကဲ့သို့ 
မြန်မာပြည်ကြီး ဒီမိုကရေစီ စနစ်ကျင့်သုံးပြီး တိုးတက်နိုင်ရန်
၁၉၈၈ စက်တင်ဘာလ ၁၈ ရက်နေ့ တွင် အာဏာသိမ်းခဲ့သည် ။
တပ်မတော် အစိုးရ ဖွဲ့ စည်းပြီး
ကွဲပြားနေသော လူမျိုးစု လက်နက်ကိုင်အဖွဲ့ အစည်များ အားလုံးကို
လှို့ ဝှက် စီမံချက်များဖြင့် စစ်တပ်နှင့် တရားဝင် အုပ်ချုပ်ရေးအတုပေးပြီး
ယာယီ မြန်မာပြည် ငြိမ်းချမ်းရေး ပေးခဲ့သည်။
မြန်မာ့တပ်မတော်သားများသည်
၁၉၄၈ မတိုင် ခင်မှစတင်ပြီး
၂၀၁၀ ရောက်သည်အထိ မြန်မာပြည်ငြိမ်းချမ်းရေးအတွက်
လက်နက်ကိုင်ပြီး နည်းပေါင်းစုံဖြင့် ကြိုးစားတည်ဆောက်ခဲ့ရသည် ။
နိုဝင်ဘာလ ရွေးကောက်ပွဲသည်လည်း
အပြည်ပြည်ဆိုင်ရာ တောင်းဆိုချက် များအရ
စစ်အစိုးရကို တရားဝင်ရပ်တည်ရန် အောင်မြင်ရန်ဆောင်ရွတ်ရမည်ဖြစ်သည် ။
သမိုင်းအစဉ်အလာကြီးများသော တပ်မတော်သားများ သာလျှင်
တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်နိုင်စွမ်း ရှိသည်ဟု ယုံကြည်သည် ။
ထို ယုံကြည်ချက်များကို အကောင်အထည်ဖေါ်ရန်
ရွေးကောက်ပွဲ ဆန့် ကျင်သူမှန်သမျှ ထောင်ချ ။
ပြည်သူ့ အင်အားမှန်သမျှ တပ်မတော် ရန်သူဟု သတ်မှတ်ကြ ။
ပြည်သူ့ ပါတီ မှန်သမျှ ဝါးစိမ်းတုန်နဲ့  ရိုက်ဖျက်ကြ ။
ပြည်သူတွေကို ရွေးချယ်ခွင့်ပေးသူ တပ်မတော်ရန်သူ
ထားရာနေ စေရာသွား ဆိုတာ
အတိတ်ဘဝက မြန်မာတွေ မကောင်းတာလုပ်ခဲ့လို့ 
စစ်ဗိုလ်တွေ ဒေါ်လာမှိုတက်အောင်ချမ်းသာပြီး
တိုင်းပြည်မှာ လူသတ်ခွင့် ကြာခိုခွင့် အပျိုစဉ်ကို မုဒိန်းကျင့်ခွင့်တွေက
အယင်ဘဝက ကောင်းမှုတွေလုပ်ခဲ့လို့ ။
တပ်မတော်သား မပါရှိသော အဖွဲ့ အစည်းများ အားလုံး
မြန်မာပြည်တွင် တရားဝင် မရှိစေရ ။

လက်ရှိ တပ်မတော်သားများ အချို့ ထံမှ ကြားရသော ယုံကြည်ချက်များတချို့ 

ဌေးတင့်
နယ်သာလန်











No comments: