Saturday, October 23, 2010



  မုန်တိုင်းပြီးစ ကျောက်ဖြူမြို့ အခြေအနေ

မုန်တိုင်းပြီးခါစ ကျောက်ဖြူမြို့ အပျက်အစီး တော်တော်များများ ရှိကြောင်း လက်ရှိ ဖုန်းသတင်းများအရ သိရှိရသည်။ မုန်တိုင်း မိုင်နှုန်းရာကျော် ဖြင့်တိုက်ခတ်ခဲ့သောကြောင့် သစ်ပင်များ ပြိုလဲပျက်စီးခြင်း ၊ နေအိမ် အဆောက်အဦးများ အမိုးလန် ခြင်းဖြစ်ပေါ် ခဲ့ကြောင်း သိရှိရသည်။ အဓိက ပျက်စီးဆုံးရှုံးမှု ဖြစ်သည့် နေရာများမှာ စေတီယျရွာ ၊ ပြင်ဖြူမော် ၊ ကညင်တော ၊ ငလပွေ့ ရွာများဖြစ်ကြောင်း သိရှိရသည်။ ၄င်းနေရာများသည် မူလကတည်း က မြေနိမ့်ပိုင်း ဒေသများ ဖြစ်သောကြောင့် နေအိမ် အဆောက်အဦးများ ရေမြုပ်ခြင်း ဒဏ်ကို ခံစားရကြောင်း သိရှိရသည်။ အထူးသဖြင့် ရေစပ်နားတွင် ဆောက်လုပ်ထားသော အိမ်များမှာ လုံးဝ ပျက်စီးသွားကြောင်း သိရှိရသည်။


မုန်တိုင်းဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ရသူများသည် ယခုအခါ ကျောက်ဖြူမြို့ ရှိ သာသနာ့ ဗိမာန် ကျောင်းနဲ့ အခြား ဘုန်းကြီးကျောင်းများတွင် ပြောင်းရွှေ့ နေထိုင်လျက်ရှိကြပြီး ၄င်းသူတို့၏ စားဝတ်နေရေးအတွက် ကျောက်ဖြူမြို့ ပေါ်ရှိ လူများက ၀ိုင်းဝန်းကျွေးမွေးကာ အခက်အခဲကို တတ်နိုင်သမျှ အင်တိုက်အားတိုက် ဖြေရှင်းနေကြ ကြောင်းသိရှိရသည်။
ယခု ည (၁၀)နာရီ ၂၃ ၊ အောက်တိုဘာ ၊ ၂၀၁၀ ကျောက်ဖြူမှ ဖုန်းသတင်းအရ ကျောက်ဖြူမြို့ အနီးရှိ ရပ်ကွက်ကျေးရွာ များမှ ရေဘေး ဒုက္ခသည် စာရင်းမှာ-
  • ကျောက်ဖြူ ပိုက်ဆိပ်ကျောင်း(အထက(၂) )တွင် ဒုက္ခသယ်၁၃၇၅ ဦး
  • သံဖြူဘုန်ကြီးကျောင်းတွင် ၈၀၀ ကျော်
  • မူလာဒွါ ဘုန်းကြီးကျောင်းတွင်၁၀၀နီးပါး
  • သန်ပန်ချောင်းကျောင်း(အထက(၄)) တွင်၁၀၀ ကျော်
  • စိန်ပန်းဘုန်းကြီးကျောင်တွင် ၂၀၀


စုစုပေါင်း ၂၈၀၀ ကျော် အခက်အခဲရှိနေကြောင်း သိရှိရသည်။ ဆန် များမှာလဲ ၀ယ်ယူမရပါသဖြင့် မုန်းတိုင်း အခံရနည်းသော ရမ်းဗြဲ မှ မနက်ဖြန် တွင် ဆန် ကျောက်ဖြူ ကိုေ၇ာက်ရှိရန်အတွက် ဆန်စက်မှ စပါးများကြိုက်ခွဲ နေကြောင်းသိရပါသည်။ ရန်ကုန် ရခိုင်သဟာယ အသင်းမှလည်း ဆန်ရရှိ နိုင်ရန်အတွက် ပေါက်တောမြို့နယ်မှ ဆန်များ အမြန်ေ၇ာက်ရှိ နိုင်ရေအတွက် ကြိုးပမ်း လျှက်ရှိကြောင်းသိရပါသည်။ ကျောက်ဖြူတွင် လူ၂၈၀၀ ကျော်အတွက် ကျန်းမာရေး ကာကွယ် အတွက်လည်း မြို့ပေါ်နေ ပြည်သူများက ကယ်ဆယ်ရေး စခန်းများတွင် အိမ်သာများ မနက်ဖြန်တွင် အပြီး ဆောက်လုပ်ပြီးစီးရန် ဆောင်ရွက်နေကြောင်း သိရှိရသည်။ သောက်သုံးရေ များကိုလည်း ရောဂါ ကာကွယ်ရေးဆေးများ ထည့်ပြီးမှ သောက်သုံးနိုင်ရန် အတွက်လည်း မြို့ပေါ် ပြည်သူများက ဆောင်ရွက်နေကြပါ ကြောင်း သိရှိရသည်။ ကျောက်ဖြူ အနီးရွာများမှ သတင်းရရှိသော သတင်းမှာ မြို့ပြင်ဝန်းကျေးရွာတွင် လူ၅ဦးခန့် သေဆုံးကြောင်း နေအိမ်များမှာ တရွာလုံးနီးပါးပျက်စီးသွားကြောင်း ၊ ကျွန်းသာယာ ကျေးရွာ တွင် အဆိုးရွားဆုံးဖြစ်ပြီး လူအသေအပျောက်စာရင်းမရရှိနိုင်သေးကြောင်း သိရှိရသည်။ ကျောက်ဖြူ ရေတပ်ဗျူဟာမှ ကျွန်းသာယာတွင် စခန်းချထားကြောင်း နှင့် ရေတပ်ဗျူဟာမှ စားနပ်ရိက္ခာ အပြည့်နှင့် စက်လှေများ ကျွန်းသာယာကျေးရွာလို့ ယနေ့ ထွက်သွားကြောင်းသိရှိရသည်။


င/ပသုန်ကျေးရွာ ကိုတော့ ဆက်သွယ်မေးမြန် မရသေးပါ။ ရရှိပါက ဆက်လက် ဖေါ်ပြပေးပါမည်။


နောက်ဆက်တွဲ သတင်းများအရ ဆန်များ အရေးပေါ် လိုအပ်နေကြောင်း သိရှိရသည်။ ကျောက်ဖြူမြို့သို့ ရောက်ရှိနေသော ငါးဖမ်းသဘောင်္များမှ ဒုက္ခသည် များအတွက် ငါးများလှုဒါန်းခဲ့ကြောင်း ၊ သို့သော်လည်း ငါးများကို ထိန်းသိမ်းထားရန် အအေးခန်း များလိုအပ်ကြောင်း ၊ လက်ရှိ မည်သည့်အအေးခန်းကမှ စကားကမ်းလှမ်းမှု မရှိသေးကြောင်း သိရှိရသည်။
__._,_.___မြန်မာသူငယ်ချင်းများနေ့ အဖွဲ့ဝင်များအားလုံးသို့စာ
ကျွန်တော်တို့ မြန်မာသူငယ်ချင်းများနေ့ social ဆိုက်ကလေးကနေ ပထမအကြိမ် အလှူအဖြစ် "စစ်ကိုင်း ကွန်ပျူတာအခမဲ့သင်တန်း လိုအပ်သည်များကို လှူဒါန်းခြင်း" ၊ ဒုတိယအကြိမ်အလှူအဖြစ် "မန္တလေး အောင်တော်မူ စာကြည့်တိုက်သို့ စာအုပ်နှင့် multimedia ပစ္စည်းများ လှူဒါန်းခြင်း"၊ ကြားထဲ၌ မန္တလေး အောင်တော်မူ နာယကဆရာတော်ကြီးများအား "ဝါဆိုသင်္ကန်းကပ်လှူခြင်း" ၊ တတိယအကြိမ်အဖြစ် "ရန်ကုန် ဆည်းဆာရိပ် ဘိုးဘွားရိပ်သာသို့ အလှူငွေ လှူဒါန်းခြင်း" များ ပြုလုပ်ခဲ့သည်။

ယခုတစ်ဖန် ၂၄၊ ၁၀၊ ၂၀၁၀ (၁၃၇၂- ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁ - ရက်)
တနင်္ဂနွေနေ့တွင် "စတုတ္ထ အကြိမ်" အဖြစ် အလှူတစ်ခု ထပ်မံ ပြုလုပ်ပါမည်။ ယခု
အကြိမ် အလှူတွင် ရန်ကုန်၌ တစ်နေရာ၊ မန္တလေး၌ တစ်နေရာ နှစ်နေရာ ခွဲ၍
ပြုလုပ်ပါမည်။ ရန်ကုန်တွင် ယခင် တတိယအကြိမ် အလှူပြုလုပ်ခဲ့သော "ဆည်းဆာရိပ်"
ဘိုးဘွားရိပ်သာသို့ ထပ်မံ လှူဒါန်းခြင်းဖြစ်သည်။ ယခု လှူဒါန်းရာတွင်ကား
ရန်ကုန်မြို့ရှိ အဖွဲ့ဝင်များမှ မိမိတတ်စွမ်းသမျှ ဆေးဖြစ်စေ၊ လုံချည်စသည့်
အဝတ်အထည်ဖြစ်စေနှင့် အခြားအသုံး အဆောင်ဖြစ်စေ သွားရောက် လှူဒါန်းခြင်းမျိုး
ဖြစ်သည်။ အကယ်၍ ငွေသားများ ပါလာခဲ့ပါကလည်း လိုအပ်နေသော ဆောက်လက်စ
အဆောက်အဦ အတွက် လှူဒါန်းသွားမည်ဖြစ်သည်။

မန္တလေးတွင် လှူသော အလှူကား ဘုရားရှင် လက်ထက်က ဗိမ္ဗိသာရမင်း ပြုလုပ်ခဲ့သော ဆွေတော်မျိုးတော်
အတွက် ရေစက်ချ အမျှအတန်းပေးဝေသော ကျေးဇူးဆပ်ပွဲမျိုး ဖြစ်ပါသည်။
အကျွတ်အလွတ်ပွဲ ပုံစံမျိုးလည်း မဟုတ်ပါ။ ကျွန်တော်တို့သည် အစမထင် သံသရာမှ
စ၍ ကျင်လည်လာခဲ့ရာ မတော်စပ်ခဲ့ဖူးသော အမျိုးအဆွေ ဟူ၍ မရှိတော့သကဲ့သို့
ကျင်လည်ခဲ့ပါသည်။ ထိုသို့ ကျင်လည်ခဲ့ရာ အချို့က ကုသိုလ်ကံအလျောက်
ကောင်းရာဘုံများတွင် ဖြစ်နေပြီး အချို့က အကုသိုလ်ကံအလျှောက် မကောင်းသော
ဘုံသို့ ရောက်ရှိနေခြင်းမျိုးလည်း ရှိတတ်ပါသည်။ ဘုရားရှင်လက်ထက်က
ဗိမ္ဗိသာရမင်းသည် ကုသိုလ်ကောင်းမှုများ ပြုနေသော်လည်း သံသရာတစ်လျောက်
တော်စပ်ခဲ့ဖူးသော ဆွေမျိုးများအား အမျှအတန်း မပေးဝေမိဘဲ ရှိခဲ့သည်။ ထိုအခါ
ဆွေမျိုးများက "ငါတို့ အမျိုး ကုသိုလ်လုပ်နေတယ်" အားကိုးတကြီး
ကုသိုလ်ပြုရာသို့ လာခဲ့သော်လည်း တစ်ခါမှ အမျှဝေခံရခြင်း မရှိခဲ့။ ထိုအခါ
အဆင်းမျိုးစုံ အနံ့မျိုးစုံဖြင့် မင်းကြီးအား ခြောက်လှန့်လေရာ မင်းကြီးက
အကြောင်းစုံကို သိလို၍ ဘုရားရှင်ကို လျှောက်ထားခဲ့သည်။ ဘုရားရှင်က
သင့်ဆွေမျိုးများက သင်၏ အမျှဝေခြင်းကို ခံယူလိုခြင်းကြောင့်သာ
ခြောက်လှန့်နေကြခြင်းဖြစ်ကြောင်း ဖြေကြားပေးတော်မူရာ ဗိမ္ဗိသာရမှ
ဆွေတော်မျိုးတော်အတွက် အမျှအတန်းပေးဝေသော ကျေးဇူးဆပ် အလှူဒါနပွဲ
ပြုလုပ်ပေးခဲ့သည်။ ယခု ကျွန်တော်တို့ မန္တလေးတွင် ပြုလုပ်သော အလှူဒါနမှာ
ထိုဗိမ္ဗိသာရပြုသော ပွဲပုံစံမျိုး ဖြစ်ပါသည်။

ရန်ကုန်မှ အဖွဲ့ဝင်များက ပင်မစာမျက်နှာတွင် ကျွန်တော်တို့ ကြေငြာထားသော "ဘိုဘိုမင်း"
အအေးဆိုင်သို့ စုရပ်အဖြစ် သွားရောက်ကာ "ဆည်းဆာရိပ်" သို့ သွားပါမည်။
မန္တလေးမှ အဖွဲ့ဝင်များက စုရပ်သီးသန့် မထားဘဲ တိုက်ရိုက်သာ အောင်တော်မူ
ဘုရားသို့ ကြွခဲ့ပါရန် ဖိတ်မန္တကပြုအပ်ပါသည်။ ပြုလုပ်မည့် အစီအစဉ်မှာ
အောက်ပါအတိုင်း ဖြစ်ပါသည်။



ရန်ကုန် ဆည်းဆာရိပ်သို့ အစီအစဉ်

နံနက် ၉း၀၀ နာရီ ဘိုဘိုမင်းတွင် အစုံရောက်ရမည်
နံနက် ၉း၃၀ နာရိ ဘိုဘိုမင်းမှ ဆည်းဆာရိပ်သို့ ထွက်ခွာမည်
နံနက် ၁၀း၀၀ နာရီ အစီအစဉ်စတင်မည်


မန္တလေး အောင်တော်မူတွင် ပြုလုပ်မည့်အစီအစဉ်

နံနက် ၉း၃၀ နာရီ အဖွဲ့များ အားလုံးအရောက်
နံနက် ၉း၄၅ နာရီ ဆရာတော်အား ဆွမ်းကပ်
နံနက် ၁၀း၀၀ နာရီ တရားနာ ရေစက်ချ
နံနက် ၁၁း၀၀ နာရီ ဧည့်ခံကျွေးမွေးပါမည်။


မြန်မာသူငယ်ချင်းများနေ့အဖွဲ့




 

No comments: