Wednesday, October 27, 2010

မူရင်း ဖြန့်ဝေသည့် စာ -

တရား မျှတသည့် ဒီမိုကရေစီ လိုလားသော မိဘပြည်သူများ ခင်ဗျား - စစ်ကျွန်ဘဝမှ လွတ်မြောက်စေရန်၊ဆင်းရဲတွင်းမှ ထွက်မြောက်စေရန်အတွက် ကျင်းပတော့မည်ဖြစ်သော ရွေးကောက်ပွဲအား မည်သူ့ မည်သူကို မျှ မဲမပေးဘဲ ဆန့်ကျင် သပိတ်မှောက်ရန်အတွက် မေတ္တာသက်ဝင် ချစ်ခင် တိုက်တွန်းနှိုးဆော်အပ်ပါသည်ခင်ဗျား ။

  • ထိုရွေးကောက်ပွဲသည် မတရားမှု အများအပြား ရှိနေသည့်အတွက် ဆန့်ကျင်သပိတ်မှောက်ရမည်ဖြစ်သည်။
  • မတရားသဖြင့် ရေးဆွဲထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ( စစ်ကျွန်ဖွဲ့စည်းပုံ )ကို အသက်သွင်းမည့် ရွေးကောက်ပွဲအား ဆန့်ကျင် သပိတ်မှောက်ရမည်ဖြစ်သည်။
  • ပြည်သူတို့၏ မရရှိသေးသော ရပိုင်ခွင့်များကို မည်သို့မျှ မရရှိစေရန်အတွက် ပြုလုပ်ပေးသော ( လှည့်စားသော ) ရွေးကောက်ပွဲအား ဆန့်ကျင် သပိတ်မှောက်ရမည် ဖြစ်သည်။
  • မတရားမှုများ ပြည့်နှက်နေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအား လုံးဝပြင်ဆင်ခြင်း မပြုလုပ်နိုင်စေရန်စီစဉ်တကျ ဖိနှိပ် ပြုလုပ်နေသော (လှည့်စားနေသော ) ရွေးကောက်ပွဲ အား ဆန့်ကျင် သပိတ်မှောက်ရမည် ဖြစ်သည်။
  • မိဘပြည်သူများ ၊ ချစ်ခင် ယုံကြည် လေးစားသည့် ခေါင်းဆောင်များ၊တိုင်းရင်းသား ခေါင်းဆောင်များ မပါနိုင်အောင် ထောင်သွင်း အကျဉ်းချပြီး စစ်အုပ်စု ကောင်းစားရေး အတွက်သာ ဖြစ်သော ရွေးကောက်ပွဲအား ဆန့်ကျင် သပိတ်မှောက်ရမည်ဖြစ်သည်။
  • နိုင်ငံသား တိုင်း ဥပဒေအရ မဲမပေးပဲ နေပိုင်ခွင့်ရှိသည်။
  • မိမိ ရရှိထားသည့် အထက်ပါ အခွင့်အရေး အား အပြည့် အဝ အသုံးချပါ။

    လူထုတရပ်လုံးအတွက်စတေးခံ

အကောင်းဆုံး မြေသြဇာ အဖွဲ့

No comments: