by Hawdeka Aethae on Wednesday, February 22, 2012 at 3:22pm ·

ဆိုက်ဝါးတွေ စသုံးနေကြပြီ သတိရှိကြပါ
ကြားဖြတ်ရွေးကောက်ပွဲ တစ်ရက် တစ်ရက် နဲ့ နီးလာပြီ
ခေါက်ရိုးကျိုးနေတဲ့ ဒေသဆိုင်ရာ အစိုးရ အရာရှိတွေဆီကို တိတ်တဆိတ် ညွှန်ကြားချက်တွေ ရောက်နေကြလေပြီ
ည ၁၁ နာရီကျော်ရင် အင်တာနက်ဆိုင်တွေ ပိတ်ရမယ်တဲ့
ညဘက်ဆို ဧည့်စာရင်းတွေ လိုက်စစ်နေတယ် တဲ့
ခိုးကူးခွေတွေလိုက်ဖမ်းနေပြီတဲ့
ဆိုင်ကယ်တွေ ကားတွေကို လိုင်စင်တွေ စစ်နေတယ်တဲ့
အဲ ဒီနေ့ပဲ နေပြည်တော် ပျဉ်းမနားနဲ့ လယ်ဝေးမှာ ကားနဲ့ လှည့်အော်သွားတယ်လို့ သတင်းရတယ် ၊ မြို့ထဲမှာ လမ်းဘေးဓါတ်ဆီဆိုင်လေးတွေ မရောင်းရတော့ဘူးတဲ့
ဒါတွေက ရိုးရိုးလေးကြည့်ရင် ဘာမှ မဟုတ်သလိုထင်ရပေမယ့် ၊ လူထုကို အထူးသဖြင့် နယ်က ရွာက လူထုကို ခြောက်လှန့်နေသလိုပါပဲ
ညွှန်ကြားချက်များကို တိကျစွာမလိုက်နာပါက တည်ဆဲဥပဒေများအရ ထိရောက်စွာ အပြစ်ပေး အရေးယူမည်ဖြစ်ကြောင်း ကြေငြာအပ်ပါသည် တဲ့
အဲဒါကြီးကို အော်လံကြီးနဲ့ ရွာရိုးကိုးပေါက် လျှောက်အော်နေတာ ဘာသဘောလဲ ပြည်သူလူထုကို ခြောက်လှန့်နေတာတွေပဲပေါ့
ဒါ တစ်ဖက်လှည့် ထိုးနှက်ချက်တွေပါပဲ
ဗမာပြည်က လူထုအကြောင်း နောကြေနေသူတွေရဲ့ သွေးတိုးစမ်းတဲ့ ခြေလှမ်းအစတွေပါပဲ
လူတွေကို မလုံခြုံတော့ဘူးထင်လာအောင် ၊ အားငယ်လာအောင် ၊ စိုးရိမ်လာအောင် ၊ နီးရာဓါးကို ကြောက်လာအောင် ၊ နောက်ဆုံး စက်ရုပ်သဖွယ် ခိုင်းတာလုပ်ဘ၀ရောက်သွားစေပါတယ်
ဒါ ကလေးကွက် တွေလို့ ထင်ရပေမယ့် တကယ်အလုပ်ဖြစ်ခဲ့တဲ့ နည်းလမ်းတွေပါ
Psychological warfare တွေပေါ့ ၊ ဆိုက်ဝါးလို့ ခေါ်ကြပါတယ် ၊
ဒါနဲ့ မြန်မာ့လေကြောင်းကို ခြိမ်းခြောက်စာရောက်လို့ လုံခြုံရေး အဆင့်မြှင့်ထားရတယ်တဲ့
ဒါလည်း ဆိုက်ဝါးတစ်ခုပါပဲ
လမ်းဘေးမှာ ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရ ဆိုတဲ့ ဆိုင်းဘုတ်တွေ လိုက်ကပ်ကြအုန်းမယ်
ဆိုက်ဝါးပဲပေါ့
ကဲ အားလုံးသတိရှိကြပါ ဆိုက်ဝါးတွေ စသုံးနေကြပါပြီ

No comments:
Post a Comment