Wednesday, February 29, 2012

တိုင်းပြည်ရဲ့အကြွေး ပြည်သူတွေပေး



ဝင်ငွေဆို အိပ်ထဲကျုံး
ဘုံးချင်သလိုဘုံး သုံးချင်သလိုသုံး
ဖြုန်းလိုက်တာများ မဟာဒယား
လိုဏ်ဂူများဖေါက်
မြေအောက်လမ်းဆောက်
အကွေ့အကောက်လမ်းများ
ဝင်္ဂဘာအလား
လက်နက်တွေသိုထား
အပိုစာလားတွေလုပ်
အကြွေးထုပ်ကကြီး
ကြွေးမြီးပေါင်း
ဒေါ်လာသန်းတသောင်းကျော်
ပြည်သူအပေါ်ဖိထား
အကြွေးသန်းတသောင်းလား
သန်း၆၀ပြည်သူများနဲ့စား
တယောက်ကိုဒေါ်လာ
၂၀၀-ပင်မပြည့်ပါလား
အသေးအမွှားအကြွေး
ပြည်သူအားနဲ့ပေး
အဲဒါအာဏာရှင်တွေရဲ့အတွေး။

ပြည်သူကဤသို့မတွေး
ဂုတ်သွေးစုပ်လေသမျှ
သယံဇာတ သဘာဝဓါတ်ငွေ့က ရတဲ့ငွေ
အထွေထွေပစ္စည်း ရောင်းပြီးရလာသမျှ
တိုင်းပြည်ဘဏ္ဍာ့ထဲ မ၀င်ဘူးဗျ
ခွစားကြတဲ့ အာဏာရှင်ပိုး
ထိုးကြ ခိုးကြ ပျိုးသမျှပြောင်
အခေါင်ကစ မိုးယို
ရွှန်းစိုစိုအသား အောက်ရောက်သွားရင်
အရိုးပင်မကျန် ခံစရာရှိ
ပြည်သူသာခံပါဘိ
ဖိနိုင်သမျှဖိ ပြည်သူမှာပိပိပြား
ငါးပိ ငါးခြောက်အလား
တပြားပြားမှောက် တရားလဲပေါက်
ဖေါက်ထွက်ဖို့ကြံ ဆန္ဒပြပြန်
ကျည်ဆန်စာသာ အခါခါစားရ
သွေးဆာလှတဲ့အာဏာရှင်
ပြည်သူသွေးနဲ့ပင်
ခြေဆေးနေရော့သလားထင်
အမြင်လွဲမှား မတရားမှုခေါင်ခိုက်
အမှောင်ကြိုက်တဲ့သူတွေ
မှောင်မိုက်တဲ့လမ်း အလျှောက်များလာရင်
မသွေမလွဲ တစ္ဆေသရဲတွေနဲ့ တွေ့မှာအမှန်ပါဘဲ။

တက္ကသိုလ်ဘုန်းကြွယ်(၂-၂၅-၂၀၁၂)

No comments: