Wednesday, February 29, 2012

ညအမှောင်တွင်းက ရွှေလမင်း


ဒေါ်စုကို မကြိုဖို့ မြန်မာ့အသံ ဝန်ထမ်းများကို ညွှန်/ချုပ် သတိပေး

ညအမှောင်တွင်းက ရွှေလမင်း

ဒေါ်စုကို အကြိုမပြုရန်

အာဏာထန်တဲ့အာဏာပိုင်တွေက

ကိုင်ထားတဲ့အာဏာနဲ့

အတန်တန် ဒုက္ခပေး

ကွင်းမအားသေးဘူးပြောလိုပြော

လုံခြုံရေးမကောင်းဘူး ဆိုချင်ရာဆို

စာတို စာရှည်နဲ့

နိုင်သူတွေကို မုန်ယိုကာတားမြစ်

ညစ်နွမ်းတဲ့ပညာတွေနဲ့

စစ်စခန်းကနေ အမိန့်ပေး

ချွေးတိတ်ဆေးဆိုတာ

အရိပ်ကလေးတောင်မမြင်ရပါ

စစ်အရိပ်သာထင် ဖျားချင်ချင်

နေ၀င်ကနေ မိုးချုပ်

တကုန်းကုန်းလုပ်လည်း ၀မ်းကမဝ

လုပ်ခတိုးပေးဖို့ အသနားခံ

တောင်းပန်ဖန်များတော့

သူတောင်းစားကံ ဆိုက်ပါလေရော။

 

မြန်မာပြည်ဖွား တိုင်းရင်းသားတို့

တောင်းစားမနေနဲ့

သူတောင်းစား ဘ၀က

မူပြောင်းသွေမကွာ အသေချမှ

လူကောင်းတေဟွာ အနေလှ

သူတောင်းစားဘ၀က လွတ်မြောက်ကြလိမ့်မှာ။

 

ဘ၀အထိုထိုမှာ မနာလိုဝန်တိုသူတွေ

နဂိုရ်က မပြည့်တဲ့အိုးဗောင်ပင်ခတ်

တတ်ယောင်ကား အီးယောင်ဝါးနဲ့

ကိုယ်ကား အစွမ်းမထက်

အစွမ်းထက်သူကိုလည်း

အထက်မတက်နိုင်အောင်

အခက်ကို ချိုင်လိုချိုင်

အရွက်ကို ခြွေလိုခြွေ

အခြေနေအမျိုးမျိုး

ခြေထိုးပြီး အခက်ဖန်

ရက်စက်တဲ့အကြံနဲ့ အတန်တန်နှိပ်စက်

တွက်ချက်လို့မရ ခက်လှတဲ့သူတွေ

နက်လှတဲ့အမှောင်တွင်း ဆွဲကာသာဆင်း

အမှောင်တွင်း ဆွဲဆင်းလေလေ

အမေစုရဲ့

အရောင်အဆင်း ၀င်းလေလေပါပဲ။

 

သူများကိမြှင့်ု ကိုယ်မြင့်ရမယ့်အစား

အာဏာသားတွေက

သူများကို ဆွဲချ ကိုယ်သာကျပေတော့တယ်။

 

ဒေါ်စုကိုအံတုလို့ ခိုးလိုးခုလု လုပ်လေလေ

အမေစုကိုလူထုက ကြည်ညိုမှုနဲ့

တိုးလို့ပင် ကြိုဆိုသမှု ပြုကြလေလေပဲ

အပွဲပွဲက သက်သေပြခဲ့ပြီလေ။

 

လာအုံးတော့မယ့်မန္တလေးခရီး

ဘယ်နည်းဘယ်ပုံ အခက်ကြုံကြုံ

သက်လုံကောင်းအောင်

တောက်ပြောင်လေသောအရည်သွေး

မွေးဖွားပေးခဲ့တဲ့မေတ္တာစေတနာတွေဟာ

ပန်းပမာလိုမွှေးပြီး စမ်းပမလိုအေးခဲ့တာမို့

ဘေးမသီ ရန်မခ ပွဲတိုင်းချိုးနေကျ စံချိန်မျိုး

တိုးလို့သာ ချိုးရမှာ အမှန်ပါ။

 

အာဏာရှင်ရဲ့ ညအမှောင်အဆင်းကို

အမေစုရဲ့ လရောင်အလင်းက

ဝင်းဝင်းပပ ထွန်းလင်းပြလိုက်ပါတော့မယ်။

 

တက္ကသိုလ်ဘုန်းကြွယ(၂-၂၉-၂၀၁၂)

No comments: